November 30, 2012

ပအိုဝ်းလူမျိုးနှင့်ဘာသာစကား



»

မျိုးနွယ်စု
           
   မြန်မာစွယ်စုံကျမ်းအတွဲ ၆၊ စာမျက်နှာ ၂၇၈ တွင် မေဂျာအင်းရစ်က ရှမ်းပြည်၊ သထုံနယ်တွင်ပအိုဝ်းတို့သည် နမ့်ခေ၊ တတောက်၊ ကွန်လုံကျဉ်စမ်းနှင့် ခိုင်ဟူ၍လူမျိုးစုငါးစုကွဲသည်ဟုရေးသားဖော်ပြထားလေသည်။ ပအိုဝ်းတိုင်းရင်းသားအနွယ်စုတစ်ခုလုံး အဓိကပြောဆို သောစကားမှာ ကွန်လုံစကားဖြစ်သည်။ ပအိုဝ်းမျိုးနွယ်စုကိုကွန်လုံ၊ ခရိုင်း၊ တတောက်ဟူ၍မျိုးနွယ်စုကြီးသုံးစုခွဲထားသည်။ ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်ဒေသနှင့် ပင်လုံမြို့နယ်ကျန်းစန်းတောင်ဒေသတွင်နေထိုင်ကြသည်။ ကွန်လုံမျိုးနွယ်စုသည်စီးပွားရေတွင် အခြားမျိုးနွယ်စုထက်ပို မိုဖွံ့ဖြိုးကြလေသည်။
            “ခရိုင်း” ခေါ် အနွယ်စုမှာ ကွန်လုံအနွယ်စုနှင့်ရောနှောနေထိုင်လျက်ရှိကြပြီး ဒုတိယလူဦးရေအများဆုံးမျိုးနွယ်စုဖြစ်၏။ ဤမျိုးနွယ်စု သည် တောင်ကြီးမြို့၏တောင်ဘက်နောက်ပစ်၊ ထီရီး၊ နာရီ၊ ဟမ်စု၊ ၀င်ယနှင့်ပင်လောင်းဒေသတို့တွင်အများဆုံးနေထိုင်ကြသည်။ ဤအနွယ် စုသည်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသဖြင့် စီးပွားရေးအသင့်အတင့်ဖွံ့ဖြိုးလေသည်။
            “တတောက်” အနွယ်စုမှာ ဓနု၊ တောင်ရိုးတိုင်းရင်းသားများနှင့်ရောနှောနေထိုင်ကြသည်ကိုတွေ့ရသည်။ ဤအနွယ်စုသည် အောင်ပန်း၊ ဟဲဟိုး၊ တီကျစ်ဒေသတွင် အများဆုံးနေထိုင်ကြပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးတွင် ၀ါသနာထုံကြလေသည်။
            ဦးမင်းနိုင်ပြုစုသည့် “တို့သွေး တို့သား တိုင်းရင်းသား” စာအုပ်၊ စာမျက်နှာ ၅၅ တွင်ပအိုဝ်းလူမျိုးတို့တွင် အနွယ် ၁၀ မျိုးခန့်ရှိသည် ဟုဖော်ပြထားသော်လည်း ကျွန်တော်လေ့လာမိသမျှတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ မျိုးနွယ်စုများနှင့်ပျံ့နှံ့နေထိုင်ရာဒေသများကို အောက်ပါ အတိုင်းခွဲခြားလေ့လာနိုင်ပေသည်။

အမှတ်စဉ်
မျိုးနွယ်စု
ပျံ့နှံ့နေထိုင်ရာဒေသ
ပအိုဝ်းကွန်လုံ
ဟိုးပုံမြို့နယ်ရှိ မဲနယ်တောင်ဒေသ ပင်လုံမြို့နယ် ကျန်းစန်းတောင်ဒေသ။
ပအိုဝ်း ခရိုင်း
တောင်ကြီးမြို့နယ်ရှိ နောင်ပစ်၊ ထီရီး၊ နာရီ၊ ၀င်လ၊ ဟမ်စု၊ နောင်ပစ်နှင့် ပင်လောင်းဒေသ။
ပအိုဝ်းတတောက်
ဟဲဟိုးမြို့နယ်၊ ပင်လောင်းမြို့နယ်။
ပအိုဝ်းဝါးဖရဲ
ဟိုဝမ်၊ မိုးနဲ။
ပအိုဝ်းလွယ်အိုင်း
ဟွေးလုံ၊ ကျောက်တန်းအနောက်ဘက် (ဟိုပုံးမြို့နယ်)။
ပအိုဝ်းကျန်းစန်း
မိုင်းပွန်ချောင်းအရှေ့ဘက်၊ ပင်လုံအနောက်ဘက်။
အမှတ်စဉ်
မျိုးနွယ်စု
ပျံ့နှံ့နေထိုင်ရာဒေသ
ပအိုဝ်းတယန်
လွယ်လုံ၊ ပင်လောင်းမြို့နယ်။
ပအိုဝ်းဓနု
ရွာငံ၊ ရပ်စောက်မြို့နယ်။
ပအိုဝ်းပန်နင်
အင်းယားရွာ၊ ညောင်ရွှေမြို့နယ်၊ နောင်မွန်အနောက်ဘက်။
၁၀
ပအိုဝ်း ပတောင်
လွိုင်ကော်အနောက်ဘက်၊ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်။
၁၁
ပအိုဝ်းတရိုင်
ပင်လောင်းမြို့နယ်။
၁၂
ပအိုဝ်း တောင်ရိုး
ယိုးဒယားနယ်စပ်နှင့်ကရင်ပြည်နယ်ကြားဒေသ။
၁၃
ပအိုဝ်း ပထုံ
ကယားပြည်နယ်။
၁၄
ပအိုဝ်း တကွာ
မိုင်းပန်မြို့နယ်။
၁၅
ပအိုဝ်း ကွန်စံ
နမ့်ဟတ်၊ နမ့်ပိုဟွန်၊ ဟိုပန်မြို့နယ်။

            ပင်းတယမြို့နယ်အနီးတွင် ငသောက်ရင်းအနွယ်စုနှင့် မိုင်းကိုင်မြို့နယ်တွင်ငွေတောင်သူ အနွယ်ရှိသေးသည်ဟု သိရသည်။ ပင်းတယမြို့အနီးရှိ ငသောက်ရင်းမျိုးနွယ်စုပြောဆိုသောစကားမှာ ပအိုဝ်းကြီး (ကွန်လုံ၊ ခရိုင်း၊ တတောက်) မျိုးနွယ်စုတို့ ရုတ်တရက်နားမ လည်ပေ။ သို့သော်တစ်လုံးချင်းလေ့လာပါက ပအိုဝ်းစကားများပင်ဖြစ်ကြောင်းသိရပေသည်။

ဘာသာစကား
            ပအိုဝ်းတိုင်းရင်းသားတို့သည် ကရင်ဘာသာစကားနှင့် နီးစပ်သောဘာသာစကားကိုပြောဆိုကြသည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့ဘာသာစကားတွင် ပါဠိစကားများ၊ ပေါရာဏာစကားများပါဝင်နေသည်ကိုတွေ့ရ၏။ ထို့ပြင် မြန်မာစကားနှင့်ဆင်တူအသံကွဲသောစကား များလည်းပါဝင်နေကြောင်းတွေ့ရှိပေသည်။ စကားပြောရာတွင်ဖြစ်စေ၊ စာဖတ်ရာတွင်ဖြစ်စေ “ ရ ” ကို (Ra) သံပါအောင်ပြောကြ၊ ဖတ်ကြ သည်။ ဂဏန်းအခေါ်အဝေါ်ကိုကြည့်လျှင် မြန်မာ “ တစ် ” နေရာတွင် (တ)၊ “ နှစ် ” နေရာတွင် (နီ)၊ “ သုံး ” နေရာတွင် (စုံ)၊ “ လေး ” နေရာ တွင် (လစ်)၊ “ ငါး ” နေရာတွင် (ငတ်) စသည်ဖြင့် အလေးအပေါ့လောက်သာကွာခြား၏။



ဂဏန်းအခေါ်အဝေါ်များ
ပအိုဝ်းအခေါ်အဝေါ်
မြန်မာအခေါ်အဝေါ်
၁                    တဗာ
၂                    နီဗာ
၃                    စုံဗာ
၎                    လစ်ဗာ
၅                    ငတ်ဗာ
၆                    စူဗာ
၇                    နွတ်ဗာ
၈                    စွတ်ဗာ
၉                    ကွတ်ဗာ
၁၀                  တရှီ
၁၀၀                တြာ
၁၀၀၀              တြိန်
၁၀၀၀၀            တသောင်
၁၀၀၀၀၀          တသိန်
၁၀၀၀၀၀၀        တသန်
                        တစ်
                        နှစ်
                        သုံး
                        လေး
                        ငါး
                        ခြောက်
                        ခုနစ်
                        ရှစ်
                        ကိုး
                        တစ်ဆယ်
                        တစ်ရာ
                        တစ်ထောင်
                        တစ်သောင်း
                        တစ်သိန်း
                        တစ်သန်း

            အောက်ဖော်ပြပါအခြားအခေါ်အဝေါ်များကို လေ့လာကြည့်ပါကလည်း မြန်မာဘာသာစကားနှင့်ဆင်နေကြောင်းတွေ့ရပေသည်။
ပအိုဝ်းအခေါ်
မြန်မာအခေါ်
ထီ
ဟန်အို
လို
ဖ၀ါ
သတ်သာ
တံခါ
မိုဖာ
လာ
ကွိုက်
ဝါဆုံ
နားရီ
ဗုံ
ရွေယ်
ဆေ
ယိုခါ
ထိန်သိမ်
စာက်
ပွယ်
ကျောင်
ထီး
ဟင်း
လူ
ပ၀ါ
သက်သာ
တံခါး
မိဘ
ကိုက်
ဝါးရုံ
နာရီ
ပုံး
ရည်ရွယ်
ဈေး
ယခုအခါ
ထိန်းသိမ်း
စက်
ပွဲ
ကျောင်း
                        အခြားတူညီသောစကားများလည်းရှိသည်။
            ပအိုဝ်းစကားတွင် မြန်မာပေါရာဏာနှင့် ပါဠိစကားလုံးများလည်းများစွာပါဝင်နေကြကြောင်းတွေ့ရသည်။ ပြောသောစကားများတွင် ကျေးဇူး၊ မေတ္တာ၊ သစ္စာ၊ ကရုဏာ၊ ဒုက္ခ၊ သုခ၊ အနိစ္စ၊ အကျိုးအကြောင်း၊ ကံကြမ္မာ၊ ကုသိုလ် စသည့်စကားများကိုအများဆုံးထည့်သွင်းပြော ဆိုကြသည်ကိုလေ့လာတွေ့ရှိနိုင်ပေသည်။
            မြန်မာစကားများကိုလည်းပြောဆိုကြသည်ကိုတွေ့ရ၏။ ဥပမာအားဖြင့် ကန်တော့သည်၊ လှူသည်၊ ရိုသေ၊ ဘေးရန်ကင်းရှင်း၊ အစိုးရ၊ ဘာသာ၊ သာသနာ၊ အစည်းအဝေး၊ ရေနံ၊ ဆိုင်အစရှိသည့် ဝေါဟာရများပင်ဖြစ်၏။

ရုပ်သွင်ပြင်
            ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် တစ်ဦးနှင့်တစ်ဦး ရုပ်သွင်ပြင်တူညီကြသည်ကိုတွေ့ရသည်။ ပအိုဝ်းတိုင်းရင်းသားတို့ သည် မြေယာကို အရင်းပြု၍လုပ်အားနှင့်ပေါင်းစပ်ကာကုန်ထုတ်လုပ်သောလူမျိုးများဖြစ်ကြသည်။ နေထွက်မှနေ၀င် အလုပ်ခွင်တွင်လုပ်အား ကို အချိန်ပြည့်အသုံးပြုရသဖြင့် ကိုယ်ခန္ဓာကြီးထွားသန်မာသည်။ ကြွက်သားဖွံ့ဖြိုးသန်မာသည်။ အရပ်အမောင်းမှာ အနေတော်ရှိပြီးအမျိုး သားများမှာ ပျမ်းမျှခြင်းအားဖြင့် ၅ ပေ၊ ၂ လက်မခန့်ရှိကြသည်။ ချင်း၊ ကချင်လူမျိုးတို့နှင့်တူသယောင်ယောင်ရှိ၏။ ပအိုဝ်းတိုင်းရင်းသားတို့၏ မျက်နှာကျပုံမှာလေးထောင့်ခပ်ကျကျပုံရှိ၏။ အများအားဖြင့် နှာတံပေါ်လွင်ကြသည်။ နှုတ်ခမ်းအနည်းငယ်ထူသည်။ အသားလတ်သည်။ မျက်လုံး၊ မျက်ခုံး၊ ဆံပင်နက်၍ဖြောင့်သည်။ ဆံပင်ကောင်းကြသည်။ မျက်လုံးမှာ မကျဉ်းမကျယ်အနေတော်ရှိ၏။ မျက်စိပြူးသူအလွန်နည်း၏။ မျက်ရစ်ပေါ်လွင်ပြီးမျက်စိမှာ အညိုရောင်ဖြစ်သည်။ မျက်စိအားကောင်းကြပြီး မျက်မှန်တပ်ရသူနည်းသည်။

ကျန်းမာရေး
            ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် ကျန်းမာရေးကောင်းကြသည်။ ကျန်းမာရေးကောင်းကြခြင်းမှာလည်း သဘာဝအခြေ အနေများ၏ စွမ်းဆောင်ဖန်တီးမှုကြောင့်ဟုဆိုနိုင်သည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အလုပ်လုပ်နိုင်သဖြင့် ပို၍ကျန်းမာကြ သည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရွာများကိုတောင်ပေါ်တောင်ထပ်တွင်တည်ထားသဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် အမြဲစိမ်းလန်းစိုပြည် လျက်ရှိသော သဘာဝအခြေအနေများကို အမြဲတမ်းထိတွေ့နေရ၏။ စိမ်းလန်းသောသဘာဝအခြေအနေသည် စိတ်ချမ်းသာစေသည်။ ရွှင်လန်းစေသည်။ စိတ်ပျိုလျှင်ကိုယ်နုရသည်သာဖြစ်သည်။
            ရှမ်းပြည်နယ်ရှိ ပအိုဝ်းကျေးရွာတို့၏ ပတ်ဝန်းကျင်အခြေအနေသည် ကောင်းမွန်လှ၏။ ခြင်ကောင်ပေါက်ဖွားမှုနည်းပါးသော တောင် ပေါ်ဒေသအမြင့်တွင်ရှိခြင်း၊ မိုးရွာသွန်းပြီးချိန်တွင်ရေ၀ပ်မှုမရှိခြင်းတို့ကြောင့် ခြင်ကြောင့်ဖြစ်ပေါ်သောရောဂါတို့မှ ကင်းဝေလေသည်။ မိုးရွာ သောအခါတွင်လည်း အမှိုက်သရိုက်များသည်တောင်စောင်းအတိုင်းမျောပါသွားကြသဖြင့် ကျေးရွာသန့်ရှင်းမှုကိုအားပေးသဲ့သို့ရှိ၏။ ထို့ ကြောင့် ယင်ကောင်မှပေါက်ဖွားသောရောဂါတို့မှလည်းကင်းဝေးစေသည်။
            ခြင်ကိုက်ရာမှဖြစ်သော ငှက်ဖျားရောဂါမှာလည်း ပအိုဝ်းကျေးရွာများတွင် မရှိသလောက်နည်းပါးသည်။ သို့သော်မိုးရာသီအချိန်တွင် မြေပြန့်ဒေသသို့ဆင်း၍ လယ်ယာလုပ်ကိုင်စားသောက်သူတို့သည် ထိုဒေသမှငှက်ဖျားရရှိလာတတ်၏။ နေရပ်ဒေသသို့ပြန်ရောက်သော အခါတွင် ကိုယ်ခံအားနည်းပြီး အအေးဒဏ်ကိုမခံနိုင်သဖြင့် နမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါဖြစ်တတ်ကြသည်။ ဤသို့ငှက်ဖျားရောဂါအခံ ရှိပြီး နမိုးနီးယားဖြစ်၍သေဆုံးရသူများလည်းရှိလေသည်။
            ကျေးရွာသန့်ရှင်းမှုကောင်းမွန်သဖြင့် ယင်ကောင်ပေါက်ဖွားမှုမရှိခြင်း၊ ရေနွေးကြမ်းကိုစွဲစွဲမြဲမြဲသောက်သုံးခြင်းတို့ကြောင့် ၀မ်းရောဂါ ဖြစ်ပွားမှုမရှိပေ။ ပအိုဝ်းကျေးရွာတို့တွင် ကပ်ရောဂါအဖြစ်ဆိုက်ရောက်လေ့ရှိသော ရောဂါမှာ ပလိပ်ရောဂါဖြစ်သည်။ စိုက်ခင်းဧကပေါများခြင်း အိမ်ဆောက်လုပ်ရာတွင် ကြွက်ခိုအောင်းနိုင်မည့်နေရာများမရှိအောင်တွေးဆကြံစည်မှုမရှိခြင်းတို့ကြောင့်ကြွက်ပေါများလှသည်။ ကြွက် ကြောင့်လူတို့၏ ကျန်းမာရေးကိုသာမက စိုက်ခင်းများ၊ အ၀တ်အထည်များ၊ အိမ်ထောင်ပရိဘောဂများ၊ ကိုက်ဖြတ်ခြင်းဖြင့်၊ စီးပွားရေးနိမ့်ကျမှု ကိုဖြစ်စေသဖြင့်ကြွက်သုတ်သင်ရေးကိုပြုလုပ်သင့်သည်။
            အသေအပျောက်များသောရောဂါတစ်ခုမှာ တီဘီဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်ကိုသက်ကယ်၊ ၀ါးထရံတို့ဖြင့်ဆောက် လုပ်ထားသည်ကများသည်။ လေ၀င်ပေါက်များရှိသော်လည်း ပြတင်းပေါက်များမရှိခြင်းကြောင့် လေကောင်းလေသန့်နှင့် နေရောင်ကိုမရရှိ ပေ။ အိမ်ထဲတွင် မီးလှုံရန်မီးဖိုထားသဖြင့်၊ မီးခိုများဖြင့်မွှန်လေ့ရှိသည်။ ထို့ကြောင့်တီဘီရောဂါများဖြစ်ပွားလွယ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့ ၏အိမ်ကိုပြတင်းပေါက်ဖောက်လုပ်ရန်စည်းရုံးဖို့လိုပေသည်။

တန်ဆောင်တိုင်ပွဲတော်သို့ ပြည်တွင်းဧည့်သည် တစ်သိန်းနှင့် နိုင်ငံခြားဧည့်သည် ထောင်ချီလာရောက်


b33_02
၂၀၁၁ ခုနှစ် တောင်ကြီးမြို့ မဟာဘုံကထိန် တန်ဆောင်တိုင်မီး ပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၃ ရက် နေ့မှ ၁၁ ရက်နေ့အထိ ကိုးရက်တိုင် တိုင်ကျင်းပပြီးစီးခဲ့ကြောင်းနှင့် ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ညနေ ၆ နာရီက တောင်ကြီးမြို့ အဝေယျာ မီးပုံးပျံကွင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပွဲတော်သို့ ပြည်တွင်းရပ်ဝေးရပ်နီး ဧည့်သည်ဦးရေ တစ်သိန်းခန့် လာရောက်ခဲ့ပြီး နိုင်ငံခြားသားဧည့်သည် ထောင်ချီလာရောက်ခဲ့ကြောင်း၊ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း ဌာနဆိုင်ရာ ဧည့်ရိပ်သာများ၊ လူမှုရေးခန်းမ များ ပြည့်လျှံရုံသာမက၊ ဘုန်းတော်ကြီးကျောင်းများတွင်ပါ ဧည့်သည်ပြည့်လျံခဲ့ပြီး ဧည့်သည်အချို့မှာ မိမိတို့စီးနင်းလာသည့် ကားပေါ်တွင်ပါအိပ်စက်ရသည်အထိ ဖြစ်ခဲ့ကြောင်း ဒေသခံအချို့ကပြောပြ သည်။
b33_02_1
ပွဲတော်ကိုးရက်တွင် တစ်ရက် နှစ်ရက်ခန့်သာ မိုးဖွဲဖွဲရွာသွန်း၍ လေအနည်းငယ်တိုက်ခတ်ခဲ့ပြီး ကျန်ရက်များတွင် နေ့ည ရာသီဥတုသာယာခဲ့သဖြင့် နေ့လွှတ်၊ ညလွှတ်မီးပုံးပျံများကို အောင်မြင်စွာ လွှတ်တင်ပြိုင်ပွဲ ၀င်နိုင်ခဲ့ ကြောင်း၊ မြို့လုံးကျွတ် ဘုံကထိန်လှည့်လည်ပွဲလည်း မိုးလွတ်ခဲ့ကြောင်း သိရသည်။
မြို့လုံးကျွတ်ဘုံကထိန်ကို နို ၀င်ဘာလ ၉ ရက်အဖိတ်နေ့ နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအထိကျင်းပခဲ့ပြီး ပဒေသာပင်စုစုပေါင်း ၂၀၇ ပင်ကို အိုးစည်ဗုံမောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့် ဗိုလ်ချုပ်အောင် ဆန်းလမ်းမ တစ်လျှောက်လှည့်လည်ခဲ့ပြီး မြို့လယ်ဓမ္မာရုံသို့ ပို့ဆောင် လှူဒါန်းခဲ့ကြောင်း၊ ပဒေသာပင်နှင့် အလှူငွေ စုစုပေါင်း ကျပ် ၄၇၄ ၄၄၆၆၀ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
နေ့လွှတ်၊ ညလွှတ်မီးပုံးပျံပြိုင် ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှ ၁၀ ရက် နေ့အထိ ကျင်းပခဲ့ပြီး ညမီးကျည်ပြိုင်ပွဲ ပထမ နဂါးမီး၊ ဒုတိယ ပုတုမီး၊ တတိယ ဂရင်းရွိုင်ရယ်မီး၊ စိန်နားပန်ပြိုင်ပွဲ ပထမ တောင်ကြီး တက္ကသိုလ်မီး၊ ဒုတိယ ရွှေဓနုမီး၊ တတိယ ချယ်ရီအက်ဖ်အန်မီး၊ နေ့လွှတ်အရုပ် ပြိုင်ပွဲခြေနှစ်ချောင်း ပထမ မာစတာမီး၊  ဒုတိယ ကောင်တာမီး၊ တတိယ မြူနှင်းမီး၊ ခြေလေးချောင်း ပထမ  ပုညမီး၊ ဒုတိယ ပြိုင်ဖက်မီး၊တတိယ ကိုယ်ပွားမီး၊ အုပ်စု ပထမ ဖိုးသားမီး ဒုတိယ နတ်သူငယ်မီး၊ တတိယ အာမိုမီးတို့ ဆုအသီးသီးရရှိသွားကြပြီး လပြည့်ညတွင် ကျင်းပသော မီးပဒေသာပြိုင်ပွဲတွင် ပထမချမ်းမြ(မြို့မ၊ ကန်အောက်အဖွဲ့၊ ဒုတိယရွှေတောင်၊ စိန်ပန်း၊ကန်ရှေ့အဖွဲ့၊ တတိယ ကန်ကြီး၊ ကျောင်းကြီးစု အဖွဲ့တို့ ရရှိ သွားကြောင်း သိရသည်။
ဆုရရှိသော အဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိများက ငွေသားဆုနှင့် ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်၊ ကောလိပ်၊သင်တန်း ကျောင်းမှ ကျောင်းသူများ၊ အထက၊ အလက ကျောင်းသားသူများ စုစုပေါင်း ငါးထောင်ကျော်က စုပေါင်း အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး မီးပုံးပျံ အလုံးတစ်ထောင်၊ ဆုရမီးအဖွဲ့များ ၏ မီးပုံးပျံအကြီးများ လွှတ်တင်၍ မီးကျည်၊ မီးရှုး၊မီးပန်းများပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ENG

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း နအဖကို ဖျက်သိမ်း


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ကြေညာချက်အမှတ် ၇/၂ဝ၁၁
တပေါင်းလပြည့်ကျော် ၁၁ ရက် (၂ဝ၁၁ - မတ်ခ်ျလ ၃ဝ ရက်)

၁) ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် အာဏာတည်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အောက်ပါအတိုင်း သတ်မှတ်ထားရှိပါသည်။

က) စစ်ကိုင်းတိုင်း ဒေသကြီးရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယိမ်းမြို့နယ်တို့ပါဝင်သော နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
ခ) ရှမ်းပြည်နယ်ရှိ ရွာငန်မြို့နယ်နှင့် ပင်းတယ မြို့နယ်တို့ပါဝင်သော ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ် ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ပါဝင်သော ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
ဃ) ရှမ်းပြည်နယ်ရှိ နမ့်စမ် မြို့နယ်နှင့် မာန်တုန် မြို့နယ်တို့ပါဝင်သော ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
င) ရှမ်းပြည်နယ်ရှိ လောက်ကိုင်ခရိုင် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့ ပါဝင်သော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
စ) ရှမ်းပြည်နယ်ရှိ ဟိုပန်ခရိုင် ဟိုပန် မြို့နယ် မိုင်းပွန်းမြို့နယ် ပန်ဝိုင်မြို့နယ် ပန်စန်း ပန်ခန်းမြို့နယ်တို့ ပါဝင်သော ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း

၂) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေနှင့်အညီ အထက်ဖေါ်ပြပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်ပြီးဖြစ်ပါသည်။

၃) သို့ပါ၍ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ဒေသဦးစီးအဖွဲ့ဝင်များအား ၂ဝ၁၁ ခုနှစ် မတ်ခ်ျလ ၃ဝ ရက်နေ့ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးများတွင် ကတိသစ္စာပြုပြီးချိန်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အာဏာများကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း ကြေညာလိုက်သည်။

၎) အထက်အပိုဒ် ၃ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ဒေသဦးစီးအဖွဲ့ဝင်များ ကတိသစ္စာပြုပြီးချိန်မှစ၍ အထက် အပိုဒ် ၁ ပါ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီများကို ဖျက်သိမ်းလိုက်သည်။


ပုံ
သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

တိုင်းရင်းသား ၁၃၅မျိုး ( ၂ )



မွန်ဂိုမျိုးနွယ်မှပေါက်ဖွားလာကြသော ပြည်ထောင်စုဖွားတိုင်းရင်းသားတို့သည် ပင်ရင်းဒေသဖြစ် သော မွန်ဂိုကုန်းပြင်မြင့်မှ မွန်ခမာ အုပ်စု၊ တိဗက်မြန်မာ အုပ်စုနှင့် ထိုင်းတရုတ်အုပ်စုဟူ၍ (၃) စုခွဲပြီး လျှင် မြန်မာပြည်သို့ ဝင်ရောက်လာခဲ့ကြသော လူမျိုးကြီးများဖြစ်သည်။
  • ၁။ ဗမာ        -        ၉မျိုး
  • ၂။ ကချင်      -        ၁၂မျိုး
  • ၃။ ကယား     -        ၉မျိုး
  • ၄။ ကရင်       -        ၁၁မျိုး
  • ၅၊ ချင်း         -        ၅၃မျိုး
  • ၆။ မွန်          -        ၁မျိုး
  • ၇။ ရခိုင်         -        ၇မျိုး
  • ၈။ ရှမ်း           -        ၃၃မျိုး

စုစုပေါင်း    -       ၁၃၅မျိုး

ဗမာ        -        ၉မျိုး
  • ၁။ ဗမာစု  - ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်း၊ ကဒူး (ခုံးကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)။

ကချင်      -        ၁၂မျိုး
  • ၂။ ကချင်စု -  လူမျိုး(၁၂) မျိုးမှာ ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော၊ဂေါ်ရစ်၊ခခု၊ဒုရင်၊မရု(လော်ဂေါ်)၊ ရဝမ်၊ လရှီ(လာချစ်)၊ အဇီး၊ လီဆူးတို့မှာ အဓိကယါးမျိုးဖြစ်သည်။ ထို့ပြင်ဖခင်ကြီးဝချက်ဝဆိုသူ၏ညီ အငယ်(၇) ဦးမှ ဆင်းသက်ပေါက်ဖွားလာသူများလည်းရှိသည်။

ကယား     -        ၉မျိုး
  • ၃။ ကယားစု  - ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ဂေခို၊ ဂေဘား၊ပရဲ(ကယော)၊မနူမနော်၊ ယင်းတလဲ၊ ယင်းတော်။

ကရင်       -        ၁၁မျိုး
  • ၄။ ကရင်စု   - ကရင်၊ ကရင်ဖြူ၊ ပလေကီး (ပလေချီ) ၊ မွန်ကရင်၊ စကော(ကရင်)၊တလှေပွာ၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်)။

ချင်း         -        ၅၃မျိုး
  • ၅။ ချင်းစု   - ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊အောဝခမီ၊ခေါနှိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်းမ်၊ ခွန်လီ (ခေဧ) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်ထန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်(ဇန်နိယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇန်၊တိုင်ချွန်း၊တာ့ ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊  မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊  ဟွာလ်ငို၊လေးမြို၊ လင်တဲ့၊ လောက်ထူ၊ လိုင်၊လိုင်ဇို၊ ပါကင်းမ်(ခေါ်)မရို၊ အနူး၊ အနန်၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု။

မွန်          -        ၁မျိုး
  • ၆။ မွန်စု  - မွန်။

ရခိုင်         -        ၇မျိုး
  • ၇။ ရခိုင်စု  - ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်။

ရှမ်း           -        ၃၃မျိုး
  • ၈။ ရှမ်း  - ရှမ်း၊ ယွန်း (လအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊  ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအိ
  • ကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊  မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်း
  • ကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ့် (တောင်သူ)၊ တိုင်းလွယ်၊တိုင်း
  • လျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း။

တင်သန်းယု (မြန်မာခရီးသွား) ဧည့်လမ်းညွှန်နှင့် ၀န်ဆောင်မှုလုပ်ငန်း (အခြေခံ) စာအုပ်မှ ကောက်နုတ် တင်ပြသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုး ၁၃၅



မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း


နိဒါန်း
၁ ။ “ကျုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်မျိုးရှိပါသလဲ ” လို့ လူကြီးမင်း အမေးခံရမည် ဆိုလျင် “ ၁၃၅ မျိုးရှိပါသည် ” လို့ ဖြေမှာ သေခြာ သလောက် ဖြစ်ပါတယ် ။ လူကြီးမင်းက စာတတ်ပေတတ် စာဖတ်ပေဖတ် ဖြစ်လို့ ဤကဲ့သို့

ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ အဖြေမှန်မဟုတ်သေးပါ ။ လူကြီးမင်း အရွှီးအဖြန်း ခံထားရသဖြင့်သာ ထိုကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ နောင်တွင် အဖြေမှန် ဖြေဆိုနိုင်ကြစေရေး အတွက် ဤ ဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြ အပ်ပါတယ် ။

အမေ ဒေါ်နုနုအေး ရဲ့ (၄)နှစ်ပြည့် အမှတ်တရ....။


"အမေ ဒေါ်နုနုအေး၏ ကိုယ်ရေးရာဇ၀င် အကျဉ်း"

ဒေါ်နုနုအေးကို ပအို့ ဝ် တိုင်းရင်းသား မိဘနှစ်ပါးဖြစ်သော အဖဦးစံရွှေ၊ အမိဒေါ်ငြိမ်းသွယ် တို့  မှ ၁၉၃၈ ခုနှစ်တွင် သထုံခရိုင် နောင်ကုလားကျေးရွာတွင် မွေးဖွားခဲ့သည်။

သထုံမြို့ အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်း ပညာအောင်မြင်ပြီး ကာကွယ်ရေးဝန်ကြီးချူပ်ရုံး (လေ)တွင် ကိုယ်ပိုင်အမှတ် (လေ/ ၁၁၁၄၃)ဖြင့် ၂၆နှစ် ကြာအောင် တပ်ကြပ်ကြီး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော် အရာရှိတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သမီးလေးဦး ထွန်းကားခဲ့သည်။

၁၉၈၈ခုနှစ် မတ်လမှ သြဂုတ်လအတွင်း လူထုအရေးတော်ပုံကြီးမှာ စစ်တပ်မှ မတရား ရက်စက်
သတ်ဖြတ်မှု များကို မျက်ဝါးထင်ထင်တွေ့မြင်ရကာ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း တပ်မတော်
လေတပ်မှ ရဲဘော်အချို့ နဲ့အတူ ပြည်သူ့ ဘက်သို့ ကူးပြောင်း၍ ပူးပေါင်းခဲ့တဲ့ မျိုးချစ် စိတ်ဓါတ် ပြင်းထန်သူ
တစ်ဦး ဖြစ်ပါသည်။၁၉၈၈ ကာလ တပ်မှူးကြီးဟောင်းများ ညီလာခံတွင် ဆက်စပ်ဆောင် ရွက်ခဲ့ သူဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ရာ ဒေါ်နုနုအေးသည် တက်ကြွသော ကျောင်းသားများ၊ တပ်မတော်သားများအား ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ် ကရင့်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

သံလွင်စခန်းရှိ စခန်း (၁)(၂)(၃) တို့ ၏ ကိုယ်စားလှယ် သုံးဦးအနက်မှ တစ်ဦးဖြစ်ပြီး သေဘောဘိုး စခန်း ၊ကော့မူးရာ စခန်းတို့ ၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို စတင်ဖွဲ့စည်း ရာတွင်လည်း ပါဝင်ခဲ့သည်။ သံလွင်စခန်းရှိ ကျောင်းသားနှင့် ပြည်သူ ၁၄၀၀ ရောက်ရှိ သည့်အနက် စခန်းကော်မတီဝင် သုံးဦးရွေးချယ်ကြရာ ဒေါ်နုနုအေးသည် တစ်ဦး အပါအ၀င်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော်လည်း သူမဘ၀၏ အချိန်တော်တော်များများကို တော်လှန်ရေးတာဝန်များတွင် အသုံးပြုခဲ့ပါသည်။

၂၀၀၁ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်း များနှင့် တွေ့ဆုံကာ တော်လှန်ရေးလမ်းကြောင်းကို ဖောက်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် မယ့်စရီယန်း ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်း များနှင့် ပြန်လည် ဆက်သွယ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာ၌ ယာယီရုံးဖွင့် လှစ်ကာ မြန်မာနိုင်ငံ မျိုးချစ် စစ်သည် ဟောင်းများ အဖွဲ့ (PWVB) ကိုဖွဲ့ စည်းလှုပ်ရှားခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ခရီးရှည် ချီတက်ပွဲနှင့် အခြားလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်မေလတွင် ကျောင်းသားတပ်မတော် တပ်ရင်း(၃)၌ တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်ထမ်း ဆောင်ရန် လာခဲ့ပြီး ကျန်းမာရေး အခြေအနေအရ မဲဆောက်သို့ တက်ရောက်အနားယူကာ ဒီမိုကရက်တစ် ရဲဘော်ဟောင်း များ အဖွဲ့ တွင် နာယကအဖြစ် ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်နုနုအေးသည် ဒီမိုကရေစီတော်လှန်ရေးဘက်သို့ ကူးပြောင်းလာသော ရဲဘော်များ၊ ကလေးစစ်သားများ ကို အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ကာ ပြန်လည်ပြုစုပျိုးထောင်ရေး စခန်းကို ကြီးကြပ်စောင့်ရှောက် ခဲ့သည်။ ထို့ နောက် (ဘုရားသား၊ ကျောင်းသား၊ တပ်မတော်သား) တည်းဟူသော သားသုံးသား ပူးပေါင်းလှုပ်ရှားမှု ကော်မတီကို ဖွဲ့စည်းကာ ဥက္ကဌအဖြစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ထို့ အပြင်၂၀၀၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သားသုံးသားနှင့်ပြည်သူညီ၊ အာဏာရှင်တွေ ဘာလဲ ဘယ်လဲ အမည်ရှိ စစ်အစိုးရကို ထိုးနှက် တိုက်ခိုက်သည့် သံချပ်ခွေကို ဦးဆောင်တင်ဆက်ခဲ့သူလည်း ဖြစ်သည်။

ဒေါ်နုနုအေးဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် (ညနေ ၅ နာရီ ၅၀ မိနစ်)တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကွယ်လွန် အနိစ္စရောက်သွားပါတယ်။



ရွှေတောင်တန်းပရဟိတကျောင်းတိုင်တောင်ကြီးမြို့

မ ၂၁ ရက်နေ့ က မွေးနေ့ အလှူ လုပ်ဖို့ ဘာလှူရင်ကောင်းမလဲစဉ်းစားတော့  ...

ကျောင်းဖွင့် ချိန်လဲ နီးနေပြီဖြစ်တဲ့ အတွက်ကြောင့်  ကလေးတွေ အတွက် လိုအပ်မယ့် စာအုပ်တွေ..

စာရေးကိရိယာတွေ ကို  တကယ် ကိုလိုအပ်တဲ့ မိဘမဲ့ ဂေဟာ တစ်ခု ကို သွားလှူဖို့ ဆုံးဖြတ်လိုက်တယ် ... 

အဲ့တာနဲ့  ပဲ မိဘမဲ့ ကလေးတွေ ကို ပညာသင်ကြားပေးနေတဲ့  ဘုန်းတော်ကြီးပရဟိတပညာသင်ကျောင်း

တစ်ခု ကို ရောက်သွားပါတယ်..

ကျောင်းနာမည် က "ရွှေတောင်တန်း လူငယ်ဖွံ့ ဖြိုးရေးပရဟိတကျောင်း" ပါ....

  တောင်ကြီးမြို့  နဲ့  သိပ်မဝေးတဲ့ အေးသာယာမြို့ သစ်၊ နောင်အင်ရွာ ထဲမှာ ရှိတာပါ....။
 


ကျောင်းကိုရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ဆွမ်းကပ်ဖို့  လာပင့် သွားလို့ ဆရာတော် ကို 

စောင့် ရင်း ကျောင်းထဲ ကို လေ့ လာကြည့်မိတယ်..

ပထမဆုံးတွေ့ ရတာကတော့  အမျိုးသမီးတွေ ကို ထားတဲ့ အဆောင်လေးပါ ...

၂၅ x ၄၀ ပေ အခန်းကျဉ်းလေးထဲမှာ ပြည့်သိပ်နေတဲ့  နှစ်ထပ်ကုတင်တွေ မှာ အရွယ်စုံ 

ကလေးမလေးတွေ ကို တွေ့ ရပါတယ်... ရှမ်း၊ ပအို့ ဝ်၊ ဗမာ၊ ဂေါ်ရခါး၊ အင်း၊ ဓနု လူမျိုးစုံ ပါပဲ...

                             

ကျွန်မတို့ ဝင်သွားတော့  ပတ်ဝန်းကျင်နဲ့  စိမ်းနေတဲ့  မျက်လုံးလေးတွေနဲ့  ဧည့် သည် ကို အထူးအဆန်း

လိုက်ကြည့်နေပါတယ်...


အဲ့တာနဲ့ ပါလာတဲ့ ချိုချဉ်ထုတ်ကို နဲနဲလေး ကြီး တဲ့ ကလေးမလေး တစ်ယောက်နဲ့ ဝေပေးခိုင်းတော့ 

ပျော်ရွှင်တဲ့  မျက်နှာလေးတွေ နဲ့  ၀ိုင်းလာကြတယ်...

 

သူတို့ လေးတွေ အတွက် ဒီလို ချိုချဉ်လေးစားရဖို့ တောင် မလွယ်ပါလားနော်...

သံချောင်းခေါက်သံကြားတော့  ကိုရင်တွေ ကို ဆွမ်းကပ်ချိန်တဲ့  ...

အဲ့တာနဲ့  ဆွမ်းစားတဲ့ အဆောင် ကို ကူးသွားတော့  အပေါက်ဝမှာ ကလေးမလေးတစ်ယောက်က 

ချိုချဉ်လေးတွေ ဆက်ဝေပေးတယ်...

အလှူရှင်တွေ ကို မေတ္တာပို့ ပြီးဆွမ်းစားနေတဲ့ ကိုရင်လေးတွေ ကို သွားကြည့်တော့ ရင်ထဲမှာစို့ သွားပဲရှင်...

ကြည့်ပါဦး သူတို့  စားတဲ့ ဆွမ်းပန်းကန်ကို ... ခရမ်းချဉ်သီးချက်တစ်ဇွန်းတည်းပဲပါတာပါ....

                               
ဒီလောက်ပဲလားမေးတော့ ဒီလောက်ပဲတဲ့ ... တစ်ခြား ဘာဟင်းမှလဲ မပါတော့ ဘူး....

အဲ့ တာ ကို မြိန်ရည်ရှက်ရည် စားနေကြတဲ့  ကိုရင်လေးတွေ ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ်....


ကိုရင်လေးတွေ ဆွမ်းစားပြီးတော့  သံချောင်းခေါက်သံ ထပ်ကြားရပါတယ်..

အဲ့ဒီအချိန်မှာ အပြေးရောက်လာကြတဲ့ ကလေးတွေ အများကြီး ကိုတွေ့ ရပါတယ်...

လက်ဆေးဇလုံနှစ်ခုမှာ လက်ဆေးပြီး....

ထမင်းစားဆောင် ကိုဝင်ဖို့  တန်းစီကြတယ်...

မိန်းကလေးတွေ က တစ်တန်း၊ ယောက်ျားလေးတွေ က တစ်တန်း...


  ပြီးတော့  ထမင်းစားဆောင်မှာ ကိုရင်လေးတွေ လို ပဲ အလှူရှင်တွေ ကို မေတ္တာပို့ လို့  ...


ထမင်းစားတော့ ခုနက လို ပဲ ခရမ်းချဉ်သီးချက်တစ်ဇွန်းနဲ့  ထမင်းကိုမြိန်ရည်ရှက်ရည် စားနေကြတယ်...

စားနိုင်သောက်နိုင်တဲ့ အရွယ်လေးတွေမို့ ခရမ်းချဉ်သီးချက်တစ်ဇွန်းနဲ့ စားရပေမယ့် လဲ

သူတို့ အတွက်ကတော့ ထမင်းကိုနှစ်ပန်းကန်သုံးပန်ကန် စားနိုင်နေကြတာပါပဲ ....



သူတို့ လေးတွေ အတွက် ဒီလို စားနိုင်တာတောင် အလှူရှင်ရှိလို့ ပါတဲ့  ...

အရင်ကဆို မနက် စာ ကို ဆန်ပြုတ်ပဲကျွေးနိုင် တယ်... 

အခုမှ အလှူရှင်တွေ က တောင်းဆိုလို့  ထမင်းသုံးနပ်ကျွေးနိုင်တဲ့ ကျောင်းမှာ 

တစ်ရက် ကို ဆန်နှစ်အိတ်ကျော် ကုန်ပါတယ် ....

ကျောင်းမှာ ဘ၀ပေါင်းစုံ ရောက်လာကြတဲ့ ကလေးပေါင်း ၂၅၀ ကျော်ရှိပါပြီ...

သူတို့ လေးတွေရဲ့ ဘ၀အကြောင်းတွေကိုကြားရတာ အရမ်းကိုဝမ်းနဲစရာကောင်းပါတယ်..


မိဘမဲ့ မဟုတ်ပေမယ့် လည်း အကြောင်းအမျိုးမျိုးကြောင့်  ခိုကိုးရာ မဲ့ နေတဲ့ ကလေးငယ်လေးတွေ ကို

ဆရာတော် က ဂရုဏာကြီးစွာနဲ့ လက်ခံထားတာ ... လသားအရွယ် ကနေ အရွယ်စုံ ပါပဲ...

သူတို့ လေးတွေ ထဲ က တစ်ချို့ ကလည်း သာသနာ့ ဘောင်ဝင်ပြီး ကိုရင် ၀တ်နေကြတယ်...

ကိုရင်လေးတွေ အတွက်လဲ စာပေသင်ကြားနိုင်ရေးအတွက် တစ်ခြားမြို့ က သာသနာ နဲ့ ပက်သက်တဲ့ 

ပရဟိတဂေဟာတွေ နဲ့ အဆက်အသွယ် လုပ်ထားပါတယ်... 

အခု ဆရာတော် ရဲ့ ပရဟိတကျောင်းမှာ မူလတန်းကနေ အလယ်တန်းထိ ဆရာတော် ဦးစီးပြီး

ပတ်ဝန်းကျင်မှလုပ်အားပေးစေတနာ ဆရာမ တွေ နဲ့  သင်ကြားပေးနေပါတယ်...



အလယ်တန်းအောင်မြင်ပြီး ထူးချွန်တဲ့  ကလေးတွေကိုတော့ အေးသာယာမြို့  အထက်တန်းကျောင်းမှာ 

ပညာဆက်သင်စေပါတယ်....

ဆရာတော်ရဲ့ ကျောင်းမှာ ကျောင်းမှာရှိတဲ့ ကလေးတွေတင်မကဘဲ ...ပတ်ဝန်းကျင်က တကယ် ချို့ တဲ့ လို့  

ကျောင်းမတက်နိုင်ရှာ ပဲ ပညာလိုချင်တဲ့ ကလေးတွေ ပါ လက်ခံပြီး အခမဲ့  ပညာသင်ကြားပေးနေပါတယ်...

စုစုပေါင်း ကျောင်းသားပေါင်း ၅၀၀ ကျော် ၆၀၀ ကျော် နှစ်စဉ်ရှိပါတယ်....

ဆရာတော် ရဲ့ လက်ထဲ ကို ဒီကျောင်းကြီးရောက်လာတော့  ကျောင်းမှာရှိနေတဲ့  ကလေးတွေအတွက်

သင်္ကန်းကိုတောင်ရောင်းပြီး ပြုစုစောင့် ရှောက်ခဲ့ တဲ့ ဂရုဏာကြီးမားတဲ့ ဆရာတော်ပါ...

ဆရာတော်ရဲ့ ဘွဲ့ တော်က ဆရာတော် ဘဒ္ဒန္တသူရိယ(သဒ္ဓမ္မဇောတိကဓဇ) ဖြစ်ပါတယ်..

                                       
ဆရာတော်နဲ့ တွေ့ ပြီး ဘာတွေလိုအပ်လဲလို့ လျှောက်ထားတော့ ဆရာတော် က 

ကျောင်းမှာ မူကြိုကျောင်းအရွယ်ကလေးငယ်တွေ များပြားကြောင်းနဲ့  ... အဲ့ဒီကလေးငယ်တွေအတွက်

အခြေခံပညာသင်ကြားဖို့ နေရာမရှိသေးကြောင်းနဲ့ ... မူကြိုကျောင်းလေး တစ်ခု လောက်

ဆောက်ချင်တယ်လို့  မိန့် တော်မူပါတယ်... မူကြိုအရွယ်ကလေးငယ်လေးတွေကိုလည်း အများအပြား

တွေ့ ခဲ့ ရပါတယ်...။





 

























မိဘထိန်းချုပ်မှုအောက်မှာ ရှိနေရမယ့် မူကြိုအရွယ် မိဘမဲ့ ကလေးငယ်လေးတွေအတွက် ..

ကျောင်းမရှိလို့  ဒီအတိုင်းအချိန်ကုန်သွားမယ့် အစား... မူကြိုကျောင်းလေးမှာ ပညာသင်ရင်း

ကျောင်းတက်ဖို့ စောင့် နေရတာ ပိုမကောင်းဘူးလားရှင်....

ကျွန်မတို့ တွေသာ သူတို့ လေးတွေနေရာမှာဆိုရင် ဆိုတဲ့ အတွေးနဲ့  စဉ်းစားကြည့်ကြပါ...


အဲ့ တာကြောင့်  ခိုကိုးရာမဲ့ မိဘမဲ့ ကလေးငယ်လေးတွေအတွက် မူကြိုကျောင်းလေးဆောက်လုပ်လှူဒါန်းရေး

မှာ နဲများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ဖို့  ပညာပါရမီဖြည့် နိုင်ဖို့  ဒီပို့ စ်လေးကိုရေးလိုက်ရတာပါရှင်...


အခု တောင်ကြီးမိသားစု က ဦးစီးပြီး အဲ့ ဒီမူကြိုကျောင်းလေးဖြစ်မြောက်ရေးအတွက် 

စီစဉ်ဆောင်ရွက်နေပါပြီ.... ကုသိုလ်ပါဝင်လှူဒါန်းလိုသူများအနေနဲ့  အောက်ပါဖုန်းနံပါတ်များသို့ 

ဆက်သွယ်လှူဒါန်းနိုင်ပြီဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်....

ကိုကျော်စွာ ၊ ရန်ကုန်မြို့ ၊ ဖုန်း 01 518195
ကိုအောင်မိန်း ၊ MTG1 ၊ ဖုန်း 081 23613
ကိုတေဇာ ၊ MTG2 ၊ ဖုန်း 081 21074
အရိုးခေါင်း ၊ email – skinhead.mm@gmail.com
မစိန်လဲ့လဲ့ဝင်း ၊ စင်ကာပူ ၊ ဖုန်း +65 91898642

မလေးရှားတွင်၁၀.၆.၂၀၁၂ နေ့က အသတ်ခံလိုက်ရသော ခွန်ထွန်မင်းလတ်ကိုမလေးရှားမှ သူငယ်ချင်များက ရက်လည်ဆွမ်းကျွေးပြုလုပ်ပေး



 ၁၀.၆.၂၀၁၂(တနင်္ဂနွေ) နေ့ တွင် မလေးရှာနိုင်ငံ အတွင် အသတ်ခံလိုက်ရသော မောင်ထွန်းမင်လတ်အား မလေးရှားနိုင်ငံမှ လူငယ်များမှ
၁၇.၆.၂၀၁၂ (တနင်္ဂနွေ)နေ့  တွင် သံဃာတော်များပင့်ဖိတ်ပြီး ရက်လည်ဆွမ်းကျွေးတရား
တော်နာပြုလုပ်ပေးမယ်လို့ သိရပါတယ် ။



 မောင်ထွန်းမင်းလတ်(အသက် ၂၇ နှစ်)မှာ ပအို ၀့် တိုင်းရင်းသာတစ်ယောက်ဖြစ်ပြီး  ပီနန်းမြို့  ပလပ်စတတ် ပစ္စည်းများထုတ်လုပ်သော စက်ရုံတစ်ခုမှာ အလုပ်လုပ်နေသော အလုပ်သမားတစ်ယောက်ဖြစ်ပါတယ် ။မောင်ထွန်းမင်းလတ်သေဆုံးရပုံကို သူငယ်ချင်ကအောက်ပါအတိုင်း
ပြောပြပေးပို့ ခဲ့ ပါတယ် ။



၁၀.၆.၂၀၁၂ (တနင်္ဂနွေ)နေ့ ည ကိုးနာရီ ခန့်အချိန်တွင် ပါဆမ်မာလမ်ဟုခေါ်သောတစ်ပတ်ဈေးနားတွင်ဈေးဝယ်စားပြီး (ထိုအချိန်ဈေးဆိုင်ခန်းများအချို့ တစ်ဆိုင်တစ်လေသာကျန်တော့ ပြီး သန့်ရှင်းေ၇းလုပ်နေချိန်)သူငယ်ချင်းတစ်ယောက်နှုင့်အတူထိုင်နေစဉ် လူစိမ်းလေးဦး ဆိုင်ကယ်များဖြင့်ေ၇ာက်လာပြီး သူတို့ သည်ရဲဖြစ်ကြောင်း စခန်းသို့  လိုက်ခဲ့ရမည်ဟုခေါ်ကြပါတယ် ။ထိုအခါ အလုပ်ရှင် သူဋ္ဌေးကို ဖုန်းဆက်အကြောင်းကြားပြီး သူတို့ နှင့်စကားပေးပြောခဲ့ ရာ သူတို့ က ရဲဖြစ်ကြောင်း သူဋ္ဌေးကို ဘယ်မှာနေတာလဲ အခုလာခဲ့မယ်ဟုပြောဆိုသံကြားရပါတယ် ၊၊မောင်ထွန်းမင်းလတ်တို့ ကို သူဋ္ဌေမှ ယူနီဖေါင်း မ၀တ်ရင် ရဲမဟုတ်ကြောင်း ပြောဆိုပြီး ဖုန်းချသွားပါတယ်။ ထိုနောက်တွင်ထိုသူလေးဦးမှ မောင်ထွန်းမင်လတ်တို့ နှစ်ယောက်ကိုစခန်းသို့ လိုက်ခဲရမည်ဟု
အတင်ဆွဲခေါ်ကာဆိုင်ကယ်နှင့်တင်ခေါ်မောင်ထွက်ကြပါတယ် ။ လမ်းရီုးလမ်းစဉ်မမောင်းပဲ စက်ရုံမှားရှိ၇ာ
လမ်းဘက်ဘက်သို့ မောင်ထွက်သဖြင့် မောင်ထွန်းမင်းလတ်နှင့်အတူပါလာသော သူငယ်ချင်းမှာ ဆိုင်ကယ်
အရှိန်လျှောစဉ် ခုန်ဆင်းထွက်ပြေးပြီး သူငယ်ချင်းများကိုပြေးခေါ်အကြောင်းကြားပါတယ် ။
သူငယ်ချင်းများနှင့် ဆိုင်ကယ်မောင်ထွက်သွားရာနောက်သို့ လိုက်ရှာရာ စတင်ဖမ်းခေါ်ရာ နေ၇ာမှာ နှစ်
လမ်းကျော်လောက်တွင်ရှိသော ကားလမ်းမဘေးစက်ရုံတစ်ခု၏ လမ်းဘေးတွင် လဲကျနေသော မောင်ထွန်းမင်းလတ်ကိုတွေ့ ရှိရပြီး ထိုးအချိန်တွင်ကင်းလှည့် ရဲကားမှာလဲေ၇ာက်လာသည်နှင့်ကြုံပြီး မောင်ထွန်းမင်းလက်မှာ  ထိုနေရာတွင်ပဲ သေဆုံ့းလျှက်ရှိသည်ကိုတွေ့ ရပါတယ်။ဆေးစစ်ချက်အရ ဦးခေါင်းနှင့်မျက်နှာတွင်ရိုက်နက်ဒဏ်ရာများအပြင် အထိုးခံရသော ဓါးဒဏ်ရာဖြင့်
အသည်းကိုထိကာပွဲချင်းပြီးသေဆုံးရခြင်းဖြစ်သည်ဟုဆိုပါတယ်။(အပြင်အနီးနားရှိ အခြားနိုင်ငံသားတစ်ချို့ က ခပ်လှမ်းလှမ်းတွင် လူတစ်ဦးကို ဆိုင်ကယ်ပေါ်မှာ ကန်ချရိုက်နက်နေသည်ကို လှမ်းတွေ ရကြောင်း သူတို့ ကို ပြသနာလာရှာမည်ဆိုးသဖြင့် အသာကြည့်နေခဲ့ ကြောင့် ရပ်ကွက်ထဲမှာ
ပြောသံကြားရတယ်ဟုသိရပါသေးတယ်)
သူဋ္ဌေးက ရဲစခန်းသို့ သွားေ၇ာက်အမှုဖွင့်ထားသည်ဟု ပြောပါတယ် ။ဒါပေမဲ့ ယနေ့အချိန်မထိလဲ လာေ၇ာက်စစ်ဆေးမေးမြန်းခြင်းတစ်စုံတစ်ရာမရှိသေးပဲ ။ဘာသတင်းမှလဲမသိရဟု သိရပါတယ် ။
ယနေ့ ၁၇.၆.၂၀၁၂နေ့ ထိမောင်ထွန်းမင်းလတ်၏ရုပ်အလောင်းမှာ ပီနန်းဆေးရုံတွင် ရှိပြီး ထုတ်ယူသင်္ဂြုလ်ရန်အတွက် မြန်မာနိုင်ငံသံရုံးမှာ ခွင့်ပြုစာစောင့်နေရတယ်ဟုသိရပါတယ်၊။နိုင်ငံခြားေ၇းဝန်ကြီးဋ္ဌာန(မြန်မာနိုင်ငံ)သို့ လှမ်းအကြောင်းကြားထား
ပြီးဖြစ်ပြီး အဲဒီကတစ်ဆင့် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ စာရွက်စာတမ်းရရှိပါမှာ ပီနန်းဆေးရုံတွင် ရုပ်
အလောင်းကိုသွားေ၇ာက်ထုတ်ယူပြီး သင်္ဂြိုလ်ရမှာဖြစ်တယ်လို့ သိရပါတယ် ။
မောင်ထွန်းမင်းလတ်အတွက်လာေ၇ာက်ကူညီထားသော ပိုက်ဆံများကို မိဘများထံသို့ ပိုဆောင်ပေးမည်ဟုသိရပြီး ။စက်ရုံသူဋ္ဌေးမှလဲ  ပေးမည်ဟုသိရပြီး ဘယ်လောက်ပေးမည်ဟု
သေချာမသိရသေးကြောင်း သိရပါတယ် ။မောင်ထွန်းမင်းလတ်အတွက် အားလုံးသော ကျနော်တို့ မြန်မာ များမှ  မိသားစုနဲ့ ထပ်တူဝမ်းနည်းကျေကွဲ
ကြရပါတယ် ။



good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts