March 29, 2013

မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

ပအိုဝ်းအမျိုးသားနေ့ အခါတော်သမယ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၆ ရက်) မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်ကျေးရွာမှာ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အခမ်းအနားတရပ်ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၀ံသ မှ ပွဲတော်ကို ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ ထိမ်းသိမ်းကြဖို့ စတဲ့ သြ၀ါဒစကားများ မိန့်ကြားတော်မူခြင်းနှင့် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆရာတော် ဘဒ္ဒန္တစန္ဒ၀ံသ ဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ သာသနာပြု သီတင်းသုံးနေထိုင်ပါတယ်။

March 28, 2013

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက် မီးလောင်မှု

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ အဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-မင်းသူ

7Day News Journal
တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်
သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ အဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်

March 27, 2013

""""ဟိုပုံးမြို.ဆိုသည်မှာ..."" "

""""ဟိုပုံးမြို.ဆိုသည်မှာ...""""

ဟိုပုန်းမြို့ သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့ နယ် ၏မြို့ ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများအား အာဏာမစွန့်လွတ်မီက ဟိုပုန်းသည်မြို့ စားနယ်တစ်နယ်ဖြစ်ခဲ့ရာ ထိုစဉ်ကဟိုပုန်းမြို့ သည် ဟိုပုန်းမြို့ စား၏ ရုံးစိုက်မြို့  ဖြစ်လေသည်။ ယင်းသည် ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမှအရှေ့စူးစူး ၁၂ မိုင်ကွာအရပ်၌တည်ရှိလေသည်။ ဟိုပုန်းဟူသော အမည်သည် မြို့ နယ်တည်ရှိရာ ရေမြေကိုအစွဲပြု၍ ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းနှင့်ပွန်ချောင်း (နမ့်ပွန်) အရှေ့ဘက်ရှိ လွယ်မယ် (လွယ်မောင်) တောင်တန်းတို့ အကြား အနိမ့်ဆုံးအပိုင်းဖြစ်သည့် တံတက်ချေုာင်းကြီးကိုအမှီပြု၍ စိမ့်စမ်းပေါများပြီးလျှင် လယ်ယာလုပ်ခင်းကောင်းမွန်သောတံဘက်လျှိုကြီးရှိရာ ထိုလျှိုမြောင်ကြီးကိုရှမ်းဘာသာဖြင့် ပုင်(ပုန်း)ဟုခေါ်သည်။ ထိုတဘက်လျှိုကြီး၏အစသည်စိမ့်စမ်းများ၏အဦး အထက်ပိုင်း (ရှမ်းဘာသာဖြင့်ဟို)၌တည်ရှိသဖြင့်ထိုလျှိုကြီး၏ အစပိုင်းတည်ရှိသည်ကိုအစွဲပြု၍ဟိုပုန်းဟုခေါ်တွင်ခဲ့ခြင်းဖြစ်လေ သည်။ ရှေးလူကြီးသူမများ၏အဆိုအရအောက်မြန်မာနိုင်ငံတွင် မွန်တို့မြို့ ပြနိုင်ငံထူထောင်နေသည့်ခေတ်အခါက ငဆော်ဘန်ဆိုသူ အမှူးပြုသော တောင်သူလယ်သမားတစ်စုတို့သည် ဟိုပုန်းမြို့ ဖြစ် လာမည့်နေရာတွင်ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခုတ်ထွင်ပြီးလျှင်လူနေအိမ်ခြေစတင်တည်ထောင်ရာမှ တစ်စတစ်စနှင့်ရွာကြီးတစ်ရွာအဖြစ် တိုးတက်လာသည်။ ဟိုပုန်းရွာနှင့်မရှေးမနှောင်းပင်ဘန့်ဖာရွာနှင့်နားခါးရွာတို့ကို လည်းတည်ထောင်ကြသည်။အခြေအနေ တိုးတက်လာသောအခါ ထိုရွာသုံးရွာစုပေါင်း၍ ဘော်သားသုံးပိသာကို နှစ်စဉ်အခွန်ဘဏ္ဍာအဖြစ် မွန်ဘုရင်သို့ဆက်သပြီးလျှင် မွန်ဘုရင်၏ဘုန်းတော်ရိပ်အောက်၌ခိုလှုံကြသည်။ မွန်ဘုရင်ကလည်းထိုရွာများကိုအသိအမှတ်ပြုကာရွာစားနယ်ချုပ်များခန့်ထားအုပ်ချုပ်စေသည်။   နောင်အခါ မြန်မာမင်းများလက် အောက်သို့ကျရောက်၍ ဟိုပုန်းသည်မြို့ စားအုပ်ချုပ်သောနယ်တနယ်ဖြစ်လာသည်။ ဗြိတိသျှအစိုးရလက်ထက်၌လည်းကောင်း၊မြန်မာလွတ်လပ်ရေး ခေတ်၌လည်းကောင်း၊ရိုးရာမြို့ စားအစဉ်အဆက်တို့အုပ်ချုပ်သော မြို့ စားနယ်တစ်နယ်အဖြစ် ဆက်လက်တည်ရှိခဲ့သည်မှာ ပဒေသရာဇ်ရှမ်းစော်ဘွားတို့ အာဏာစွန့်လွတ်သည့် နေ့ရက်တိုင်အောင်ဖြစ်လေသည်။ ယင်းသည့်နောက်တွင် မြန်မာနိုင်ငံပြည်မတွင်ကဲ့သို့အုပ်ချုပ်ရေးစံနစ်ချမှတ်လိုက်သဖြင့် ဟိုပုန်းနယ်သည်မြို့ နယ်တစ်နယ်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ဟိုပုန်းမြို့ ပေါ်တွင်မြို့ နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးအစရှိသော မြို့ နယ်အဆင့် ဦးစီးဌာနရုံးများ၊ ကော်ပိုရေးရှင်းများ၊ အစိုးရအလယ်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း များရှိသည်။ မြို့ နယ်၏ အကျယ်အဝန်းမှာ ၂၁၂ စတုရန်းမိုင်ရှိ၍ လူဦးရေ ( ၁၉၇၂ခုနှစ်) ၆၇ဝဝဝ ယောက်ရှိသည်။ ဗုဒ္ဓဝါဒီရှမ်းလူမျိုးနှင့်ပအိုဝ်းလူမျိုးများ အများအပြားနေထိုင်ကြရာမြို့ နယ်ဖြစ်သည်။ ပြောဆိုကြသော ဘာသာစကားမှာရှမ်းနှင့်ပအိုဝ်းစကားတို့မှလွဲလျှင် မြန်မာစကားကို ပြောဆိုလေ့ရှိကြသည်။ မြို့ ပေါ်နှင့်မြို့ နယ်တွင် ထင်ရှားသော  ရွေချမ်းသာ စေတီတော်ကြီးအပြင် ကြည်ညိုဖွယ်ကောင်းသော စေတီပုထိုးနှင့်ဘုန်းကြီးကျောင်းစုစုပေါင်း ၃ဝ ခန့်ရှိလေသည်။ ရှမ်းပြည်၏တန်ခိုးကြီးဘုရားများတွင်တစ်ဆူအပါအဝင်ဖြစ်သော  ရွှေချမ်းသာစေတီတော်ကြီးသည်ပုဂံပြည့်ရှင်အလောင်းစည်သူ မင်းတရားတိုင်းခန်းလှည့်လည်စဉ်က နယ်သူနယ်သားများကိုးကွယ်ရန်မိမိပင့်ဆောင်လာသော ဗုဒ္ဓရှင်တော်ဘုရား၏ ဓာတ်တော်စစ်ကို အဓိဌာန်ပြု၍ ပွားလာသည့်ဓာတ်တော်ပွားအား ဌာပနာပြီးလျှင် တည်ထားပေးခဲ့သောစေတီဟုဆိုကြသည်။ဓာတ်တော်မွေတော်ကို ဌာပနာ၍တည်ထားသဖြင့် ထိုစေတီကိုမွေတော်ဟု ခေါ်ဝေါ်ကြသည်။မူလက ဉာဏ်တော် ၁၂ တောင်မျှသာရှိရာ အမရပူရမြို့ တည်နန်းတည်ဗဒုံမင်း(ဘိုးတော်ဘုရား) လက်ထက်တွင် ဟိုပုန်းမြို့ စားကြီး ခွန်ကြားသည် မူလစေတီကိုငုံလျက် ဉာဏ်တော်အတောင် ၈ဝ ရှိသော စေတီတော်အဖြစ် ပြုပြင်မွမ်းမံ တည်ဆောက်၍ အတောင် ၂ဝဝ ပတ်လည်ရှိ မဟာရံတံတိုင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဗြိတိသျှအစိုးရလက်ထက် ရှမ်းပြည်ကို ပဒေသရာဇ်ရှမ်းပြည်နယ်အဖွဲ့ ဟူ၍ ဖွဲ့ စည်းပြီး နောက် ခရစ် ၁၉၂၃ ခုနှစ်တွင် ရဟန်းရှင်လူများစုဝေး၍ ထိုစေတီတော်ကို နယ်၏ကောင်းကျိုး နိမိတ်ကို ဆောင်စေရန်သီရီမဂ်လာ ရွှေချမ်းသာစေတီဟု ဘွဲ့ တော်သစ်ဖြင့်သမုတ်ခဲ့ကြလေသည်။ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့ တွင်တစ်ကြိမ်၊ တပေါင်းလပြည့်ကျော် ၆ ရက်နေ့တွင်တစ်ကြိမ် ဘုရားပွဲတော်ကျင်းပလေ့ရှိသည်။ မြို့ နယ်အတွင်းရှိ အမြင့်ပေ ၉ဝဝဝ နီးပါးရှိသောလွယ်မယ်(လွယ်မောင်) တောင်ကြီးသည် လည်းကောင်း၊ သာယာလှပသော ထန့် စန့် လိုဏ်ဂူကြီးသည် လည်းကောင်း၊ သောက်သုံးရေအတွက် ဟိုပုန်းနယ်လူထုတို့မှီခို အားထားနေရသော ဟိုပုန်းရေထွက်ကြီးသည်လည်းကောင်း၊ ဟိုပုန်းမြို့ နယ်၏ထင်ရှားသော ရှုခင်းသာ များဖြစ်ကြလေသည်။ သနပ်ဖက်လုပ်ငန်းသည် ဟိုပုန်းမြို့ နယ်၏ အဓိကလုပ်ငန်းဖြစ်၍ မြို့ နယ်၏ အခြားထွက် ကုန်များမှာ အာလူး၊ ကြက်သွန်ဖြူ. ငရုတ်၊ ဂျုံ. မြေပဲ၊ စပါး၊ ကော်ဖီစေ့၊ လိမ္မော်သီးတို့ဖြစ်ကြသည်။ ဟိုပုန်းမြို့ သည် မိတ္တိလာ•ကျိုင်းတုံ (ယိုးဒယားနယ်စပ်) မော်တော်ကားလမ်းမကြီးပေါ်၌တည်ရှိသည်။ကယားပြည်နယ်၏ မြို့ တော်လွိုင်ကော်သို့လည်း မော်တော်ကားလမ်းတည်ရှိရာ ၈၅ မိုင်ရှည်သည်။သယ်ယူပို့ဆောင်ရေးအတွက်ထိုမော်တော်ကားလမ်း များ၊ နွားလားဝန်တင်လှည်းလမ်းကြောင်းများကိုအသုံးပြုကြရ၍ မြို့ နယ်အတွင်း လေကြောင်း၊ ရေကြောင်းခရီးလမ်းများမရှိချေ။ [၁]ကိုးကား↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

Credit - Hnge Hnge


ဟိုပုန်းမြို့ သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့ နယ် ၏မြို့ ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများအား အာဏာမစွန့်လွတ်မီက ဟိုပုန်းသည်မြို့ စားနယ်တစ်နယ်ဖြစ်ခဲ့ရာ ထိုစဉ်ကဟိုပုန်းမြို့ သည် ဟိုပုန်းမြို့ စား၏ ရုံးစိုက်မြို့  ဖြစ်လေသည်။ ယင်းသည် ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမှအရှေ့စူးစူး ၁၂ မိုင်ကွာအရပ်၌တည်ရှိလေသည်။ ဟိုပုန်းဟူသော အမည်သည် မြို့ နယ်တည်ရှိရာ ရေမြေကိုအစွဲပြု၍ ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းနှင့်ပွန်ချောင်း (နမ့်ပွန်) အရှေ့ဘက်ရှိ လွယ်မယ် (လွယ်မောင်) တောင်တန်းတို့ အကြား အနိမ့်ဆုံးအပိုင်းဖြစ်သည့် တံတက်ချေုာင်းကြီးကိုအမှီပြု၍ စိမ့်စမ်းပေါများပြီးလျှင် လယ်ယာလုပ်ခင်းကောင်းမွန်သောတံဘက်လျှိုကြီးရှိရာ

March 25, 2013

စိုက်ပျိုးရေးဒေသ တောင်ကြီးအတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲ



ပိုးသတ်ဆေး ဥပဒေ နှင့် မြေသြဇာ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ဆွေးနွေးပွဲများကို စိုက်ပျိုးရေးဌာနက မြို့ကြီးအများအပြားတွင် ပြုလုပ်လျက်ရှိရာ ယနေ့ အလှည့်ကျသည့်မြို့မှာ တောင်ကြီးမြို့ ဖြစ်သည်။

တောင်ကြီးမြို့ စိုက်ပျိုးရေးရုံးတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပိုးသတ်ဆေး၊ မြေသြဇာ သုံးသည့် တောင်သူများ၊ ရောင်းချသည့် လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးဌာန အရာရှိကြီးများ တက်ရောက်ကြသည်။


စိုက်ပျိုးရေးဦးစီးဌာန ဥပဒေ ပညာရှင်က ပိုးသတ်ဆေး ဥပဒေ နှင့် မြေသြဇာ ဥပဒေများအား ရှင်းလင်း ဆွေးနွေးပေးပြီး၊ ပိုးသတ်ဆေး အန္တရာယ် ကြီးပုံ၊ အန္တရာယ် ကင်းစွာ သုံးစွဲနိုင်ရေး၊
ပိုးသတ်ဆေး ဥပဒေ လိုက်နာ ကျင့်သုံးရေး စသည့် အကြောင်းအရာများကို စိုက်ပျိုးရေးဦးစီး ဌာန ၊ သီးနှံကာကွယ်ရေး ဌာနခွဲ (ရုံးချုပ်) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ပြုံးပြုံးကြည် က ရှင်းလင်းဆွေးနွေးသည်။

March 23, 2013

တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့ အထိန်းအမတ်ပွဲတော် အခန်းအနားကျင်းပဖွင့်လစ်

ပအိုဝ်းမျိးသားနေ့ဖြစ်သော တပေါင်းလပြည့်နေ့သည် ခေတ်အဆက်ဆက် ရှိလာခဲ့ရာမှာ ပွဲတော်အထိန်းအမတ်ဖြင့်ကျင်းပရာမှ ၂၀၁၃ ခုနှစ်အပါအ၀င် (၆၄)ကြိမ်မြှောက်ရှိပြီး၊ ယခုနှစ် တွင်လည်းတောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် မတ်လ ၂၂ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။
...
အခမ်းအနားအစီအစဉ်တွင် ပအိုဝ်းအမျိုးသားနေ့အထိန်းအမတ်ပွဲတော်ကို ယခင် ခေတ်အဆက်ဆက် မှာလည်း ကျင်းပလာခဲ့ပြီး လာမည်နောက်နှစ်နောင်နှစ်တွေမှာလည်း ဒီထက်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရမှာ ထိန်းသိမ်းသွားရမှာဟာ ကျွန်တော်တို့ ပအိုဝ်းတမျိုးသားလုံးရဲ့ တာဝန်တွေဖြစ်တယ်၊ စိတ်ဓါတ်အား၊ လူအင်အား၊ ဥာဏ်အား၊ ငွေအား စသဖြင့် တတ်စွမ်းနိုင်အားဘက်မှ စည်းလုံးမှုတွေမှာ ပါဝင်ကြပါ ဟု ပွဲတော်ဖြစ်မြှောက်ရေးကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကိုက ပြောကြားသည်။

ပွဲတော်ကော်မတီ အတွင်းရေးမှူးဦးခွန်မောင်စိုးက အလုပ်လုပ်တဲ့နေရာမှာ စည်းစည်းလုံးလုံးလုပ်မှ ကောင်းတယ်၊ တစ်ယောက်ကိုတစ်ယောက် ၀ိုင်းဝန်းလုပ်ဆောင်မှ အလုပ်လုပ်ရတာ ပိုထိရောက်တယ်၊ လူတိုင်း စိတ်အားထက်ထက်သန်သန်နဲ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို လာရောက်ပါဝင်ဆင်နွဲနိုင်ပါတယ်၊ ပြောကြားသည်။

March 20, 2013

ပအိုဝ်းလူမျိုးများသည် သူတစ်ပါးတွေရဲ့ကြားထဲမှာ အမေ့ခံထားရသည့် ဘ၀များအဖြစ်သို့မရောက်စေလို


ပအိုဝ်းလူမျိုးများသည် ရှေးပဝေသဏီမှာကတည်းက မြန်မာပြည်မှာနေရာအနံ့ ပြန့်နံ့စွာနေထိုင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းနှင့်ရှမ်းပြည်တောင်ပိုင်း၊ထိုင်းနိုင်ငံဘက်ခြမ်းစသည့်ပြည်နယ်တွေမှာ ခုထက်ထိနေထိုင်လျှက်ရှိကြပါသည်။ရှမ်းပြည်ဘက်တွေမှာဆိုရင်ရှမ်းပြည်စော်ဘွားခေတ်မတိုင်ခင်ကသော်လည်းကောင်း၊ ရှမ်းပြည်စော်ဘွားအာဏာကြီးထွားစဉ်ကာလ တုန်းကသော်လည်းကောင်း ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးပြီးရင် ထင်ရှားသည့်လူမျိုးတစ်မျိုးဖြစ်ပါသည်။ ပဒေသရာဇ်စနှစ်ဆိုးတော်လှန်ရေးကိုတက်ညီလက်ညီအတူတကွတိုက်ပွဲဝင်ခဲ့ကြပြီး၊ ထင်ရှားသည့်ခေါင်းဆောင်များမှာ ဆီဆိုင်က စ၀်ခွန်ကြည်၊ ဖြားတန်ကောင်ခယ်း၊သထုံက ဖြားဗွာဦးလှဖေ၊ဗိုလ်စံသိန်း.ဗိုလ်ချန်ဇုန်

PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ

PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ 

မတ်လ 19 ရက် 2013 by  ရွှေဟင်္သာ သတင်းဌာန

ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုသည်။

“မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့ အကြောင်းပြန် ထားတာ ရှိပါတယ်။” ဟု ဆိုသည်။

တင်ပြ ဆွေးနွေးကြမည့် အချက်များကို ထုတ်ဖော် ပြောကြား၍ မရသေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့စဉ်က တင်ပြချက် (၆) ချက်အပေါ် ဆက်လက် ဆွေးနွေး သွားဖွယ် ရှိကြောင်း PNLO ဖက်က ဆိုသည်။

ထိုစဉ်က PNLO ဘက်မှ တင်ပြခဲ့သည့် ၆ ချက်မှာ အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေးရုံး ဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ အပစ်ရပ် ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန်၊ မူးယစ်ဆေးဝါး ပြဿနာအား အစိုးရနှင့် လက်တွဲ၍ ဖြေရှင်းသွားရန် မီဒီယာများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန်တို့ ဖြစ်သည်။

ပအိုဝ့် PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ ထိုင်းနိုင်ငံ၌ အလွတ်သဘော (၃) ကြိမ် တွေ့ဆုံ ဆွေးနွေး စဉ်က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်သော တွေ့ ဆုံပွဲမျိုး ပြုလုပ်ပေးရေး အပါအဝင် စုစုပေါင်း အချက် ၁၁ ချက်ကို PNLO ဘက်က တောင်းဆို ခဲ့သည်။

သို့သော် ငြိမ်းအဖွဲ့ ၀န်ကြီး ဦးအောင်မင်းဘက်ကမူ အပစ်အခတ် ရပ်စဲရေးသည် ပထမ၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး လုပ်ငန်းသည် ဒုတိယနှင့် တတိယ အဆင့်အနေဖြင့် ရေရှည်နိုင်ငံရေး အတွက် လွှတ်တော်ထဲ၌ ဝင်ရောက် လုပ်ဆောင် သွားကြရန် အဆင့် (၃) ဆင့်ပါသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်အား ပြန်လည် ရှင်းပြ ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ဇွန်လ (၂၇) ရက်နေ့ တတိယအကြိမ် ထိုင်းနိုင်ငံ တွေ့ဆုံပွဲ၌ PNLO ဘက်မှ တင်ပြချက် (၆) ချက်အား အစိုးရဘက်က လက်ခံခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေးကို မူအရ သဘောတူခဲ့ရာမှ ၂၀၁၂ ခုနှစ် သြဂုတ် လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသည့် ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။  

ယင်းတွေ့ဆုံပွဲမှ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲများကို နောက် (၃) လအတွင်း ဆက်လက် ကျင်းပ သွားကြရန် နှစ်ဖက် သဘောတူခဲ့သော်လည်း လက်တွေ့တွင် (၆) လခန့် ကြာမြှင့်ခဲ့ပြီး လာမည့်မတ်လ (၂၂) ရက်နေ့တွင် ပြန်လည် တွေ့ဆုံကြမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ပြောဆိုသည်။


ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုသည်။

“မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့ အကြောင်းပြန် ထားတာ ရှိပါတယ်။” ဟု ဆိုသည်။

တင်ပြ ဆွေးနွေးကြမည့် အချက်များကို ထုတ်ဖော် ပြောကြား၍ မရသေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့စဉ်က တင်ပြချက် (၆) ချက်အပေါ် ဆက်လက် ဆွေးနွေး သွားဖွယ် ရှိကြောင်း PNLO ဖက်က ဆိုသည်။

ထိုစဉ်က PNLO ဘက်မှ တင်ပြခဲ့သည့် ၆ ချက်မှာ အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေးရုံး ဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ အပစ်ရပ် ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန်၊ မူးယစ်ဆေးဝါး ပြဿနာအား အစိုးရနှင့် လက်တွဲ၍ ဖြေရှင်းသွားရန် မီဒီယာများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန်တို့ ဖြစ်သည်။

ပအိုဝ့် PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ ထိုင်းနိုင်ငံ၌ အလွတ်သဘော (၃) ကြိမ် တွေ့ဆုံ ဆွေးနွေး စဉ်က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်သော တွေ့ ဆုံပွဲမျိုး ပြုလုပ်ပေးရေး အပါအဝင် စုစုပေါင်း အချက် ၁၁ ချက်ကို PNLO ဘက်က တောင်းဆို ခဲ့သည်။

သို့သော် ငြိမ်းအဖွဲ့ ၀န်ကြီး ဦးအောင်မင်းဘက်ကမူ အပစ်အခတ် ရပ်စဲရေးသည် ပထမ၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး လုပ်ငန်းသည် ဒုတိယနှင့် တတိယ အဆင့်အနေဖြင့် ရေရှည်နိုင်ငံရေး အတွက် လွှတ်တော်ထဲ၌ ဝင်ရောက် လုပ်ဆောင် သွားကြရန် အဆင့် (၃) ဆင့်ပါသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်အား ပြန်လည် ရှင်းပြ ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ဇွန်လ (၂၇) ရက်နေ့ တတိယအကြိမ် ထိုင်းနိုင်ငံ တွေ့ဆုံပွဲ၌ PNLO ဘက်မှ တင်ပြချက် (၆) ချက်အား အစိုးရဘက်က လက်ခံခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေးကို မူအရ သဘောတူခဲ့ရာမှ ၂၀၁၂ ခုနှစ် သြဂုတ် လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသည့် ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

ယင်းတွေ့ဆုံပွဲမှ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲများကို နောက် (၃) လအတွင်း ဆက်လက် ကျင်းပ သွားကြရန် နှစ်ဖက် သဘောတူခဲ့သော်လည်း လက်တွေ့တွင် (၆) လခန့် ကြာမြှင့်ခဲ့ပြီး လာမည့်မတ်လ (၂၂) ရက်နေ့တွင် ပြန်လည် တွေ့ဆုံကြမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ပြောဆိုသည်။

March 18, 2013

လေ့လာစရာများပြည့်လျှမ်းပြီး အေးချမ်းမှုများပေစွမ်းနေသည့်ဟိုပုံးမြို့နယ်မှ ထမ်းစမ်းဂူ


၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံများ အနက်မှ ခရီး သွားဧည့်သည် များက အဆိုပြု ခံရခြင်း အများဆုံး (၁ဝ) နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ နှစ်ဆန်းပိုင်းက ဖတ်လိုက် ရသဖြင့် နိုင်ငံသား တစ်ယောက် အနေဖြင့် ဂုဏ်ယူ ခဲ့ဖူးသည်။

March 16, 2013

ရှမ်းပြည်နယ် ထဲ က ရှေးဟောင်း မွေတော် ကက္ကူ ဘုရား

ရှမ်းပြည်နယ် ထဲ က ရှေးဟောင်း မွေတော် ကက္ကူ ဘုရား

မွေတော် ကက္ကူ ဘုရားသမိုင်း

မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည်
ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှ
တည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။

Freedom News Group(Burma)
မွေတော် ကက္ကူ ဘုရားသမိုင်း
မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည်
ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှ
တည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။

တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ကို ပြည်တွင်းပြည်ပတွင် ကြီးကျယ်ခန်းနားစွာ ကျင်းပဖို့ ပြင်ဆင်

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆/၃/၂ဝ၁၃) တွင် ပြုလုပ်ကျင်းပမည့် “ပအိုဝ်းအမျိုးသားနေ့” အခမ်းအနားသည် ယခင်နှစ်များနှင့် မတူ တစ်မူထူးခြားသော ဂုဏ်ဝိသေသများဖြင့် ကြီးကျယ်ခန်းနားစွာ ကျင်းပကြမည်ဖြစ်ကြောင်း ပအိုဝ်းအင်တာနက်ကွန်ယက် စာမျက်နှာတွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ ဖိတ်စာများက ဖော်ပြထားပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်လည်း ပြီးခဲ့တဲ့ ၉ ရက် ၃ လ ၂၀၁၃ ခုနှစ်မှာ ပုံလောင်းရွာအနီး၊ ဒဲဉ်သီးဗွေကွင်းမှာ တပေါင်းပွဲတော် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအားကစား ဖွင့်ပွဲအခန်းအနားတစ်ရပ်ကိုလည်း ကျေးရွာပေါင်းစုံမှ ဘောလုံးအသင်း (၂၃) သင်းက ယှဉ်ပြိုင်ရန် ကျင်းပဖွင့်လှစ်ခဲ့ကြောင်း ပုံလောင်းရွာ ခွန်ဘောဒိထွန်း မှ ပြောခဲ့ပါသည်။

ကာမလှုံ့ဆော်ဆေးဝါးများ

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ

By ဖိုးဇေ (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၂၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င် နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့် ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက်ရှိနေကြောင်း သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း

အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည် ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိကတာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။
တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ
မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င် နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့် ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက်ရှိနေကြောင်း သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း

အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည် ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိကတာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။

March 15, 2013

နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက် ကျောင်းတိုက်အထိမ်းအမှတ်ပူဇာ ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


၁၃၇၄-ခုနှစ်၊ တပေါင်းလဆန်း(၂)ရက် (၁၃-၃-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့ နံနက်(၈း၀၅)နာရီလောက်မှာ
နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက်
ကျောင်းတိုက်အထိမ်းအမှတ်ပူဇာအနေနဲ့
ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ နောင်တရားကျောင်းဆရာတော် ဦးဂန္ဓမာ၊ နမ်းပါလင်းကျောင်းဆရာတော် ဦးဝါယာမ၊ လေတဲက်ကျောင်းဆရာတော် ဦးဥာဏိဿရ အရှင်မြတ်တို့က သြ၀ါဒါစရိယအဖြစ် ကြွရောက်သြ၀ါဒပေးပါတယ်။

ပင့်ထားတဲ့ စာထောက်စာမဆရာတော်တွေအပြင် နောင်တရားကျောင်းဒကာများ၊ သံဃာဝေယျာဝစ္စအလှည့်ကျတဲ့ ဥာဏ်ပင်ရွာက ဒကာ/မတွေနဲ့၊ နောင်တရား- ကောင်နာ- နောင်ဘုရားကုန်း- သာယာအုံးရွာက ဓမ္မစကြာအဖွဲ့တွေလည်း လာရောက် ကြည်ညိုပူဇော်ကြပါတယ်။

ဖားကန့် ရတနာမြေနဲ့ မြန်မာပြည်စီမံကိန်းများ

ဖားကန့် ရတနာမြေနဲ့ မြန်မာပြည်စီမံကိန်းများ
***************************************
ဖားကန့်မှာ တောင်တွေ တစ်လုံးပြီးတစ်လုံး ကုန်သွားတာ ဒေသခံတွေ မျက်ရည်ကျရကောင်းမှန်း မသိခဲ့ဘူး။ တစ်သက်လုံး ဥရုချောင်းရေကို သုံးလာ ချိုးလာကြပေမဲ့ ကျောက်စိမ်းတွင်း တွေကြောင့် ချောင်းရေတွေ သုံးမရတော့လို့ အိမ်တိုင်း မိမိငွေနဲ့ ရေတွင်းတူးကြရတဲ့အခါ ချောင်းတွေကို နှမြောလို့ဆိုပြီး ကျောက်စိမ်းကုမ္ပဏီတွေ အလိုမရှိလို့ အော်ရကောင်းမှန်း မသိခဲ့ကြဘူး။ ချောင်းတွေ တိမ်ကောကုန်လို့ နှစ်တိုင်း ချောင်းရေလျှံပြီး အိမ်တွေ ရေမြှုပ်ကုန်တာလည်း ဘယ်သူ့ကိုစွပ်စွဲရကောင်းမှန်း မသိခဲ့ကြဘူး။ တောင်တွေပြုန်းကုန်လို့ သစ်ပင်တွေလည်း မကျန်တော့တာကို အစိုးရကို ဆန္ဒပြရကောင်းမှန်း မသိခဲ့ကြဘူး။ ဖုန်တစ်ထောင်းထောင်းထနေတဲ့ ပတ်ဝန်းကျင်တွေ ကြားမှာ နေရလို့ ကျန်းမာရေးထိခိုက်တယ်ဆိုပြီး  လျော်ကြေး တောင်းရကောင်းမှန်း မသိခဲ့ဘူး။ ရွာပတ်လည်မှာ မြေစာပုံကြီး တဖြေးဖြေး ဝိုင်းနေလို့ ရွာတွေပြောင်းရ ရွေ့ရတာလည်း ဘယ်သူ့ကို အပြစ်တင်ရကောင်းမှန်း မသိခဲ့ဘူး။  ဒေသခံတွေ နစ်နာလို့ ဖားကန့်မှာ ဘယ်သူမှ ကျောက်စိမ်းတွေ လာမတူးကြနဲ့။ ဒီမြေကြီးနဲ့ ဒီတောင်ကြီးတွေကို ဖားကန့် ဒေသခံတွေဘဲ ပိုင်တယ်၊ ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်စားရမှာလဲ ၊ အငတ်ခံရမှာလားလို့လဲ အော်ဖို့၊ ကန့်ကွက်ဖို့ မသိခဲ့ကြဘူး။
 
ကျွန်မတို့ ဖားကန့်ဒေသမှာ မြန်မာပြည် အနှံ့အပြားကလူတွေ လာပြီး ကျောက်တူးကြ ၊ စီးပွားရှာကြ လုပ်နေတာ ရေတွက်လို့တောင် မကုန်ဘူး။ သယံဇာတ ထွက်တဲ့ မြေနေရာကို ဒေသခံတွေကချည်းသာ ပိုင်ဆိုင်ခွင့်ရကြေးဆိုရင် ဖားကန့်က မြေကြီးတွေ တောင်တွေကို ဖားကန့်က လူတွေဘဲ ပိုင်ရမယ်။ ဖားကန့်ဒေသခံတွေဘဲ ကျောက်တူးမယ် တစ်ခြားဘယ်သူမှ လာမတူးကြနဲ့၊ ကုမ္ပဏီတွေ အကုန် ထွက်သွားကြ၊ ဒေသခံ မဟုတ်ဘဲ ကျောက်တူးနေတဲ့သူတွေ အကုန် ပြန်ကြပါလို့ ပြောရင် မြန်မာပြည် တစ်ခြားဒေသက လူတွေ အားလုံးက လက်ခံနိုင်ပါ့မလား။ ဟုတ်သားဘဲ သူတို့မြေ သူတို့ဘဲ တူးပါစေလို့ သဘောထား ကြီးနိုင်ကြပါ့မလား။ ဖားကန့်မှာ ကျောက်တူးမယ် ဆိုရင် အစိုးရဆီမှာ လုပ်ကွက်လျှောက်ရတယ်။ လုပ်ကွက်ကျလာမှ ကျောက်တူးခွင့်ရှိတယ်။ တူးချင်တိုင်း တူးလို့မရပါဘူး။ တစ်ချို့ရွာတွေဆိုရင် ကျောက်စိမ်းလုပ်ကွက် လျာထားတဲ့ နေရာထဲ ပါသွားလို့ သင့်တော်တဲ့ လျော်ကြေးလေး ယူပြီး ရွာလုံးကျွတ် ဖယ်ပေးခဲ့ရတာမှာ ဘုန်းကြီးကျောင်း ဘုရားကျောင်းတွေပါ ပါပါသေးတယ်။ ဒီအချက် မှန်မမှန်ကိုလည်း အချိန်မရွေး သွားရောက် စုံစမ်းနိုင်ပါတယ်။  

မိုးကုတ်၊ မိုင်းရှူး စတဲ့ နေရာတွေနဲ့  ကျောက်မျက်ရတနာ ထွက်တဲ့နေရာတွေ အားလုံးလည်း သတ္တုတွင်းဝန်ကြီးဌာနမှာ လုပ်ကွက်တွေ လျှောက်ကြရတာပါ။  နိုင်ငံတစ်နိုင်ငံမှာ သယံဇာတ ထွက်တဲ့ နေရာတွေ ဘယ်နေရာဘဲဖြစ်ဖြစ် အစိုးရက စီမံခန့်ခွဲတာပါ။ ဒေသခံတွေမို့ဆိုပြီး သူတို့ချည်း ပိုင်ဆိုင်ခွင့် မရှိတာကို သိထားရမှာပါ။ သယံဇာတတွေ တူးတော့ ပတ်ဝန်းကျင် ပျက်စီးမှု ထိခိုက်မှုတွေကတော့ ဖြစ်ကိုဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရလုပ်သူကလည်း သယံဇာတ ထွက်တဲ့နေရာတွေကို စီမံခန့်ခွဲ ရာမှာ ဒေသခံတွေ မထိခိုက် မနစ်နာအောင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင်တော့ စနစ်တကျ စီမံခန့်ခွဲဖို့တော့ အသေအချာကို လိုတာပါဘဲ။ ဖားကန့်မှာ အဲဒီလို စနစ်ကျမှုမျိုး အလွန်နည်းပါတယ်။ ဒါကြောင့်လည်း ဖားကန့်မှာ သဘာဝပတ်ဝန်းကျင် တော်တော်လေး ပျက်စီးကုန်ပါတယ်။ 

ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်ကိုင် စားရမလဲဆိုတဲ့ တွေးပူမှုမျိုးတော့ လက်ပံတောင်းတောင်က လူတွေ ရှိသလိုမျိုး ဖားကန့်ကလူတွေလည်း ရှိကြတာပါဘဲ။ ငိုတတ်တဲ့ ကလေးက မုန့်စားရတယ်လို့ အဆိုရှိကြတယ်။ အဲဒီတော့ ဖားကန့်က လူတွေများ လက်ပံတောင်းတောင်က လူတွေကို နမူနာယူပြီး ဆန္ဒပြကြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ကျောက်မျက် ကုမ္ပဏီတွေအားလုံး နောက်ဆုတ်မှာလား။ ဘယ်သူမှ ကျောက်စိမ်း လာမတူးကြပါဘူးဆိုပြီး လိုက်လျောကြမှာလား။ တောင်တွေကုန်မှာစိုးလို့ ကျောက်စိမ်းတွေ မြေကြီးအောက်မှာ ဒီအတိုင်း ရှိပါစေတော့လို့ မတူးဆွဘဲ ထားလိုက်ကြတော့မှာလား။

ဒေသခံတွေ သဘောမတူရင် တိုင်းပြည်အကျိုးတောင် မလုပ်သင့်ဘူးလို့လည်း ပြောတာတွေ ရှိပါတယ် ။ ဒါဆိုရင် အကျိုးအပြစ် ဘာမှ နားမလည်တဲ့ ဒေသခံတွေ ကန့်ကွက်ရင်လည်း ဘာစီမံကိန်းမှ မလုပ်ကြရတော့ဘူးလား၊ သေချာတာကတော့ ရတနာရှိနေတဲ့အရပ်မှာ ဘယ်သူမှ လာမတူးလဲ ရှိနေနှင့်တဲ့ သူတွေက တူးကြမှာပါဘဲ။ ဒီအတိုင်းတော့ ကြည့်နေကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဖားကန့်ဒေသမှာ ကိုယ့်အိမ်အောက် မှာတောင် ကိုယ်ပြန်တူးရင် ကျောက်နဲ့ ရွှေတွေ ထွက်တဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့်လည်း တစ်ခြားနေရာ မပြောနဲ့ ။ ကိုယ့်အိမ်ဝင်းထဲကိုယ် ပြန်တူးတာတွေလည်း အများကြီးရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့၊ ချစ်လွန်းလို့ဆိုပြီး အလှကြည့်နေမဲ့သူ ဘယ်သူမှ မရှိကြပါဘူး ။ကိုယ့်အိမ်ဝင်းမှာ တူးရင် အိမ်အလှပျက်သွားမလား ၊ မြေကြီးတွေ ပွကုန်မလား ။ မြေပြိုကျပြီး ဒုက္ခရောက်မလား ဘာမှကို မတွေးကြဘဲ တူးနေကြသူတွေ အများကြီးပါ။ 


ဖားကန့်နဲ့ ပတ်သက်ပြီး ကျွန်မ စာတွေ အများကြီးရေးခဲ့ဖူးပါတယ်။ ရေးခဲ့တဲ့ စာတိုင်းမှာလည်း ကျောက်မတူးဖို့၊ တောင်တွေကို အလှကြည့်ဖို့ မရေးခဲ့ပါဘူး။ ဖြစ်မှ မဖြစ်နိုင်တာ။ ကျောက်တွေ တူးလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသတွေ ပျက်စီးလာတာကို ဖော်ပြပြီး ကျောက်တူးတဲ့ လုပ်ကွက်တွေ စနစ်တကျ ရှိဖို့ ဒေသခံတွေရဲ့ အိမ်တွေ ရွာတွေကိုလည်း မပျက်စီးစေဖို့ အဲဒါတွေဘဲ ထည့်ရေးဖြစ်ပါတယ်။ ကျွန်မထင်ပါတယ်။ ဖားကန့်က လူတွေကလည်း ဖားကန့်နယ်မြေကို ကျောက်မတူးဘဲ ထားပေးဖို့ တောင်းဆိုရင် တစ်နိုင်ငံလုံး ဘယ်သူကမှ လက်ခံကြမယ် မထင်ပါဘူး။ သယံဇာတ ရောင်းရငွေဟာ နိုင်ငံရဲ့ ဝင်ငွေ တော်တော်များများကို ရှာဖွေပေးနိုင်တယ်ဆိုတာ ဘယ်သူမှ ငြင်းမရနိုင်ပါဘူး။ ပြီးတော့လည်း သယံဇာတက ရရှိတဲ့ ငွေတွေကိုဘဲ နိုင်ငံက အားထားနေရတာပါ။ ဒီသယံဇာတကို ထုတ်ယူပြီး နိုင်ငံ တိုးတက်အောင် လုပ်ဖို့ လုပ်စရာတွေ အများကြီး ရှိနေတာပါ။ 

ကျောက်စိမ်းလို ကျောက်အရိုင်းတုံးကို ထုတ်ရတာ နည်းပညာလည်း သိပ်မလို၊ သိပ်လည်း မခက်ခဲတော့ မိမိနိုင်ငံက ကုမ္ပဏီတွေ အင်အားနဲ့  ထုတ်ယူနိုင်ပေမဲ့ ကြေးနီလို သတ္တုတွေ။ သဘာဝ ဓာတ်ငွေ့လို ဂက်စ်တွေကို ထုတ်ယူဖို့ ကိုယ့် နိုင်ငံမှာ နည်းပညာ မရှိတာ၊ အရင်းအနှီးတွေ အများကြီး လိုတာကြောင့် နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး တူးဖော်ရတာကိုလည်း တစ်ချို့က မေ့နေကြဟန် တူပါတယ်။ ကျွန်မတို့လည်း တရုတ်ကို မုန်းပါတယ်။ ဒါပေမဲ့ တရုတ်ကုမ္ပဏီမို့ စီမံကိန်းတွေ ဖျက်ရမယ်လို့ ကလေးကစားသလို လုပ်လို့ ရမရတော့ သေချာ စဉ်းစားရမှာပါ။ တစ်ချို့က ဆိုကြတယ်။ လက်ပံတောင်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူလို့ လူတွေအားလုံးက လိုက်သဘောတူကြတယ်လို့ ပြောကြပြန်တယ်။ ဒါပေမဲ့ မနှစ်ကတင် ကျွန်မတို့ အားလုံးဟာ တစ်နိုင်ငံလုံး ထိခိုက်နစ်နာနိုင်တဲ့ ဧရာဝတီ စီမံကိန်းကြီးကို တက်ညီလက်ညီ ကန့်ကွက်ခဲ့ကြပြီးပါပြီ။ မြန်မာတစ်နိုင်ငံလုံးကို ဖြတ်ပြီး စီးတဲ့ အဲဒီ ဧရာဝတီအတွက် အားလုံးက တစ်စိတ်ထဲ သဘောရှိခဲ့ကြတာပါ။ 

အဲဒီတုန်းကလည်း ဒီစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အားလုံးဟာ ကန့်ကွက်ကြမှာ အသေအချာပါ။ မြစ်ဆုံစီမံကိန်းမှာတော့ သူသဘောတူလို့ တစ်ခြားသူတွေလည်း လိုက်သဘောတူတာမျိုး ဖြစ်နိုင်ခဲ့မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းဟာ လုံးဝ မလုပ်သင့်ဘူးလို့ မိမိတို့ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ခံစားမိနေကြလို့ မဟုတ်ဘူးလား။  ခုစီမံကိန်းမှာတော့ လက်ပံတောင်းအစီရင်ခံစာဟာ သင့်တော်တယ် မျှတတယ်၊ ဒေသခံတွေအတွက် နစ်နာသမျှလည်း အကောင်းဆုံး ပြန်လုပ်ပေးဖို့ ဖော်ပြထားတယ်လို့ ယူဆကြလို့လည်း လူတွေက ဆက်လုပ်ဖို့ ထောက်ခံလာကြတယ်လို့ ကျွန်မ ထင်ပါတယ်။ မမျှတရင် ဘယ်သူတွေက ထောက်ခံပါ့မလဲနော်။
 
နောက်တစ်ချက်က ဆန္ဒပြတိုင်း၊ သဘောမတူတိုင်း အလျော့ပေး လိုက်လျောပေးရတဲ့ အခြေအနေမျိုးနဲ့ ရှေ့ဆက်သွားရမယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံး ဘယ်နေရာမှ သတ္တုတူးတာတွေ။ နိုင်ငံအဆင့် စီမံကိန်းတွေ လုပ်လို့ရတော့မယ် မထင်ပါဘူး။ ဘယ်နေရာမှာ သတ္တုတူးမယ်ဆိုရင် ကန့်ကွက်မဲ့သူတွေ ပေါ်လာလိုက် ပျက်သွားလိုက်၊ ဘယ်နေရာမှာ စီမံကိန်းလုပ်တော့မယ်ဆို နိုင်ငံရေးလုပ်စားတွေက မြှောက်ထိုးပင့်ကော်လုပ်ပြီး ဆူပူဆန္ဒပြအောင် လုပ်လို့ ဖျက်ပစ်လိုက်ရနဲ့ ဆိုရင်တော့ လုပ်သင့်တဲ့ စီမံကိန်းတွေပါ မလုပ်ရတော့ဘဲ ဖြစ်ကုန်မှာကိုလည်း ထည့်စဉ်းစားဖို့ လိုပါမယ်။ သင့်တော်မှန်ကန်တဲ့ စီမံကိန်းတွေကိုတော့ ဒေသခံတွေကို သေချာ နားဝင်အောင် ရှင်းပြပြီး၊ သူတို့လည်း မနစ်နာရအောင် ၊ ပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း နည်းနိုင်သမျှ နည်းအောင် အရာရာ ပြင်ဆင်လုပ်ဆောင်ပြီးမှ လုပ်သင့်တယ် မဟုတ်ဘူးလားရှင်။ 

မလုပ်သင့်တဲ့ စီမံကိန်းတွေကို လူထုအင်အားနဲ့ ကန့်ကွက်တာလုပ်ကို လုပ်ရမှာပါ။ ဒါပေမဲ့ စီမံကိန်းတိုင်းကို ကန့်ကွက်မယ်ဆိုရင် မှန်မမှန် ပြန်စဉ်းစားရပါဦးမယ်။ သင့်တော်တဲ့ စီမံကိန်းတွေကိုတော့ ဘာမှ မစဉ်းစားဘဲ ကန့်ကွက်ကြမှာဘဲလား။ အကျိုးအမြတ်ရှိတာကိုတောင် သေချာ မသိဘဲ တိုင်းပြည်ဆူပူအောင် ချောက်တွန်းတတ်တဲ့ သူတစ်ချို့ကြောင့် ဆန္ဒတွေချည်း ပြနေကြမယ်၊ အစိုးရ ဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ လူတစ်ချို့ကြောင့် စီမံကိန်းတိုင်း ဘာမှ မလုပ်နိုင်ရင် ကျွန်မတို့ တိုင်းပြည် ရှေ့ဆက် ဘာမှကို လုပ်နိုင်မယ် မထင်ပါဘူး။ ဒီလိုဆို တိုင်းပြည် တိုးတက်ဖို့ ဘယ်လိုများ သွားကြမှာလဲ လို့သာ…..

(ဒီစာဖတ်ပြီး လူတိုင်းတော့ သဘောတူ လက်ခံကြမယ်လို့လည်း မယူဆပါဘူး ။ ကွဲလွဲတာတွေ ရှိကြမှာပါ။ အမြင်မတူတာတွေလည်း ရှိမှာပါ။ သို့ပေမဲ့ တစ်စုံတစ်ယောက် ပယောဂ၊ အဖွဲ့အစည်းတစ်ခုခုရဲ့ တိုက်တွန်းချက် လုံးဝ လုံးဝ မပါဘဲ ကျွန်မအမြင် သက်သက်နဲ့သာ ရေးထားတာ ဖြစ်ပါတယ် လို့ )

ဖားကန့်မှာ တောင်တွေ တစ်လုံးပြီးတစ်လုံး ကုန်သွားတာ ဒေသခံတွေ မျက်ရည်ကျရကောင်းမှန်း မသိခဲ့ဘူး။ တစ်သက်လုံး ဥရုချောင်းရေကို သုံးလာ ချိုးလာကြပေမဲ့ ကျောက်စိမ်းတွင်း တွေကြောင့် ချောင်းရေတွေ သုံးမရတော့လို့ အိမ်တိုင်း မိမိငွေနဲ့ ရေတွင်းတူးကြရတဲ့အခါ ချောင်းတွေကို နှမြောလို့ဆိုပြီး ကျောက်စိမ်းကုမ္ပဏီတွေ အလိုမရှိလို့ အော်ရကောင်းမှန်း မသိခဲ့ကြဘူး။ ချောင်းတွေ တိမ်ကောကုန်လို့ နှစ်တိုင်း ချောင်းရေလျှံပြီး အိမ်တွေ ရေမြှုပ်ကုန်တာလည်း ဘယ်သူ့ကိုစွပ်စွဲရကောင်းမှန်း မသိခဲ့ကြဘူး။ တောင်တွေပြုန်းကုန်လို့ သစ်ပင်တွေလည်း မကျန်တော့တာကို အစိုးရကို ဆန္ဒပြရကောင်းမှန်း မသိခဲ့ကြဘူး။

တောင်ကြီး-ဇလဲ လမ်းမပေါ် ကျူးကျော်ဆောက်လုပ်သည့် ကုန်စုံဆိုင် ပြန်လည်ဖျက်သိမ်းရန် ဆိုင်ရှင်ကိုသတိပေး


တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ တောင်ကြီး-ဇလဲ လမ်းနယ်နမိတ်အတွင်း ကျူးကျော်အဆောက်အဦးဖယ်ပေးရန် မြို့နယ်အုပ်ချုပ်ရေး မှူးက အကြောင်းကြားစာပေးပို့ထားသော်လည်း ယခုဖယ်ပေးခြင်းမရှိကြောင်း မတ်လ ၁၄ ရက် နားယောင်းကျေးရွာနေ ဦးလယ်က ပြောသည်။

နားယောင်းကျေးရွာ တောင်ကြီး- ဇလဲ လမ်းမပေါ်ရှိ ဦးခွန်စိန်ဝင်း၏ ကုန်စုံဆိုင်သည် ၂၀၀၇ ခုနှစ် ၉ လ ၉ ရက်တွင် ဆောက်လုပ်ပြီး လမ်းအလယ်ဗဟိုမှ ပေ ၂၀၊ အနောက်ဦးလယ်ခြံက ၁၀ ပေ ဝန်းကျင်ပေါ်တွင် ဆောက်လုပ်ထားကြောင်း သိရသည်။
တရားဝင် ခွင့်ပြုချက်မရဘဲ လမ်းပေါ်မှာနေထိုင်ခြင်း၊ သူများပိုင်ခြံပေါ်ချဲ့ယူခြင်း၊ အဆောက်အဦးကို ဖျက်သိမ်းပေးရန် နန်းဟူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဥက္ကဌဦးအောင်ဆန်းထံသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တင်ပြခဲ့ကြောင်း ဦးလယ်က ပြောသည်။
တောင်ကြီး-ဇလဲ လမ်းဧရိယာတွင်းသို့ ကျူးကျော်ထားခြင်း ရှိ/မရှိ စီစစ်တင်ပြရန် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းသို့ ရည်ညွှန်းစာဖြင့် အကြောင်းကြားခဲ့ရာ အဆိုပါကုန်စုံဆိုင်သည် လမ်းနယ်နိမိတ်နှင့် လွတ်ကင်းခြင်းမရှိကြောင်း တိုင်းတာစစ်ဆေးချက်နှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးသို့ တင်ပြထားကြောင်း သိရသည်။

March 12, 2013

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား


အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား
======================================

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန် ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ် ရဲစခန်းက ပြောသည်။

ယမန်နေ့မနက်ပိုင်းက ဘန်းကန် ရဲဘက်စခန်းက စိုက်ပျိုးရေးခြံတခုတွင် မြက်ရှင်းနေရာမှ အဆိုပါ ရဲဘက် ၈ ဦး ထွက်ပြေး သွားခြင်း ဖြစ်ရာ ၃ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ၅ ဦးလွတ်မြောက်သွားကြောင်း ရပ်စောက်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးမြင့်ကျော် က ဧရာဝတီသို့ ပြောသည်။

“သူတို့ကို ပေါင်းရှင်းလုပ်အားပေး ခိုင်းနေရာကနေ ထွက်ပြေးသွားတာလို့ပြောတာပဲ၊ ၃ ယောက်တော့ပြန်မိတယ်၊ ကျန်တဲ့ လူတွေက တော့ရှာလို့မရဘူး၊ ကျနော်တို့လည်း မနေ့က ဝိုင်းလိုက်ပေးသေးတယ်၊ မိုးချုပ်သွားတာနဲ့ ရှာလို့မတွေ့တော့ ပြန်လာတာ”ဟု ဦးမြင့်ကျော် က ပြောသည်။

ထွက်ပြေးကြသူများမှာ မူးယစ်မှုဖြင့် တောင်ကြီးခရိုင်နှင့် လွိုင်လင် ခရိုင်များမှ တောင်လေးလုံး ထောင်တွင် ပြစ်ဒဏ်ကျခံ နေသူများ ဖြစ်ပြီး ၎င်းတို့ကို ဘန်းကန် ရဲဘက်စခန်းမှ စိုက်ပျိုးရေးနှင့် မွေးမြူရေး ခြံလုပ်ငန်းများတွင် တာဝန်ပေး ခိုင်းထားရာမှ အုပ်စုလိုက် ထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။

ထို ရဲဘက်များသည် ပင်းတယမြို့နယ်ဘက်သို့ ထွက်ပြေးသွားကြောင်း ၎င်းတို့ အနေဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ဒေ သ ခံများနှင့် ဆက်သွယ်ဆောင်ရွက်ထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း ရပ်စောက် ရဲ စခန်းမှူး က ပြောသည်။

“အရင်တုန်းက ဒီလိုရဲဘက်တွေပြေးတာ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ရှိဖူးတာဗျ၊ အခုဟာကတော့ အုပ်လိုက်ကြီး ပြေး တာဆိုတော့ နည်းနည်းလေး ဟော့သွားတာပေါ့ဗျာ၊ အထက်က လူကြီးတွေကလည်း လိုက်ရှာ ဆိုတော့ ကျနော်တို့လည်း ရှာပေးရ တာပေါ့”ဟု ဦးမြင့်ကျော် က ပြောဆိုသည်။

ရပ်စောက် ရဲစခန်းအနေဖြင့် ထွက်ပြေးသူများ၏ အချက်အလက်များကို ဘန်းကန်ရဲဘက် စခန်းမှတောင်းယူကာ အထက်ကို တင်ပြ မည် ဖြစ်ကြောင်းလည်း ပြောသည်။

ပြန်လည်ဖမ်းဆီးရမိသူ ၃ ဦးကိုတော့ ရပ်စောက် ရဲစခန်းတွင် ရဲဘက်ပြေးမှုဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀န်းတွင် အကျဉ်းထောင်ပေါင်း (၄၃) ခုရှိပြီး ရဲဘက်စခန်းပေါင်း (၅၀) အထက် ရှိမည်ဟု နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ခန့်မှန်းပြောဆိုထားသည်။

ဧရာဝတီ


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန် ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ် ရဲစခန်းက ပြောသည်။

ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့၊ ရွာသားပိုင် ခြံယာများ အဓမ္မရောင်းခိုင်း

ပြည်သူ့စစ်အဖြစ်သို့ အသွင်ပြောင်းသွားသည့် ရပခလက်အောက်ခံ ဗိုလ်မှူးခွန်လာ ဦးစီးသည့် ပအိုဝ်းအမျိုးသားတပ်မတော်PNA(သို့မဟုတ်) ပအိုဝ်းပြည်သူ့စစ်သည် ဒေသခံရွာသားများဘိုးဘောက်စဉ်ဆက် ပိုင်ဆိုင်သည့် စိုက်ပျိုးရေးခြံယာများနှင့် သစ်တောများကို အတင်းအဓမ္မ  ရောင်းခိုင်းနေကြောင်း သိရပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းသွားသည့် ဗိုလ်မှူးခွန်လာ ဦးစီးသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (Pa-O National Army-PNA) သည် တောင်ကြီးမြို့ တောင်ဘက်ပိုင်းရှိ နားဘောင်ဈေးခေါ်ကန်တော်ကြီးဈေး၏အနောက်မြောက်ပိုင်းရှိဖါမွိုန်းကျေးရွာအုပ်စုရှိ ကျေးရွာပြည်သူများ
ပိုင်ဆိုင်သော စိုက်ပျိုးရေးခြံ လယ်ယာမြေနှင့် ရွာသားပိုင် သစ်တောကြိုးဝိုင်းနှင့် အခြားခြံမြေများကို မတ်လအစောပိုင်းကစပြီး ယနေ့ထိ ကျေးရွာသူ/သားများနှင့် မတိုင်ပင်ဘဲ ကွန်ကရစ်တိုင်များ စိုက်ထူကာ ကျူးကျော်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

March 11, 2013

ပင်ခွန်မှာ ဖွင့်လှစ်မည့် (၂၉)ကြိမ်မြောက် ဗဟို;သွဉ်တန်,(ပအိုဝ်းစာပေဆရာဖြစ်သင်တန်း)


===================================

၁၃၇၅-ခုနှစ်၊ ဗဟိုသွဉ်တန်ပွဲ ဖြစ်မြောက်အောင်မြင်ဖို့အတွက်
တပို့တွဲလဆန်း(၈)ရက်နေ့တုန်းက ပင်ခွန်ကျောင်းမှာ ကြိုတင်လုပ်ငန်းဆောင်တာ လုပ်ရမယ့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ ပင်လောင်း/နောင်တရားမြို့နယ်က တာဝန်ရှိသံဃာ/လူပုဂ္ဂိုလ်တွေ တက်ရောက်ကြပြီး တိုင်ပင်ညိနှိုင်းဆွေးနွေးကြပါတယ်။

ပအိုဝ်းစာပေပြန်ပွားရေး ဗဟိုသံဃာက ဦးစီးဖွင့်လှစ်တဲ့ သည်နှစ် (၂၉)ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်း (ဗဟိုသွဉ်တန်)ကို ၁၃၇၅-ခုနှစ်၊ ကဆုန်လဆန်း(၂)ရက် (၁၁-၅-၂၀၁၃) စနေနေ့မှာ စုကြပြီး (၃)ရက်နေ့မှာ စတင်ပို့ချမယ်လို့ သိရပါတယ်။ ကဆုန်လဆန်း(၁၀)ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းသားဦးရေကို ရပ်ဝေးမြို့နယ်က (၅၀၀)၊ ပင်လောင်း/နောင်တရားမြို့နယ်က (၅၀၀) စုစုပေါင်း ဦးရေ(၁၀၀၀)ကို လက်ခံသင်ကြားစေမှာ ဖြစ်ပါတယ်။

March 8, 2013

ကလေးများအတွက် တရားစခန်း


ကလေးများအတွက် တရားစခန်း

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)

တရားစခန်းဝင်ခြင်းမှာ လူကြီးတို့၏အလုပ်သာ ဖြစ်သည်ဟု ယူဆရဖွယ် ရှိသော်လည်း တောင်ကြီးမြို့တွင် ကလေး ၂ဝဝ အထိ ယခု ရက်ပိုင်း တရားစခန်းဝင်မည်ဖြစ်သည်။

ယခုလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကန်အောက်ရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်သည့် တရားစခန်းတွင် ကိုရင် အပါးတရာ၊ သီလရှင်အပါး တရာအထိ လက်ခံမည်ဟု သိရသည်။

ကလေးတရားစခန်းကို စတုတ္တအကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းဝေယျာဝစ္စအဖွဲ့ဝင် ဒေါ်စန္ဒာကရှင်းလင်းပြောဆိုသည်။

၂၀၁၀ ပြည့်နှစ်က ကိုရင် အပါး ၈၀၊ သီလရှင်အပါး ၇၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဆရာတော်များဖြစ်ကြသည့် ဦးနာယက၊ ဦးဂုဏသာရ တို့က ဦးဆောင်ပြီး ကလေးတရားစခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိရိုးဖလာ ဗုဒ္ဓဘာသာ
ဝင်အဖြစ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း သိရှိသူ ကလေးငယ်များ
ဖြစ်လာရန်၊ လိမ္မာယဉ်ကျေးသူများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်မှ ကလေးများ၊ အနီးတ၀ိုက် မြို့ရွာများမှ ကလေးများ တရားစခန်း ဝင်နေကြသည်။


အေးချမ်းမွန်မှ ( ဧရာဝတီ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်


ဂျွန်ချစ်ငြိမ်း (တောင်ကြီး)

တရားစခန်းဝင်ခြင်းမှာ လူကြီးတို့၏အလုပ်သာ ဖြစ်သည်ဟု ယူဆရဖွယ် ရှိသော်လည်း တောင်ကြီးမြို့တွင် ကလေး ၂ဝဝ အထိ ယခု ရက်ပိုင်း တရားစခန်းဝင်မည်ဖြစ်သည်။

ယခုလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကန်အောက်ရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်သည့် တရားစခန်းတွင် ကိုရင် အပါးတရာ၊ သီလရှင်အပါး တရာအထိ လက်ခံမည်ဟု သိရသည်။

ကလေးတရားစခန်းကို စတုတ္တအကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းဝေယျာဝစ္စအဖွဲ့ဝင် ဒေါ်စန္ဒာကရှင်းလင်းပြောဆိုသည်။

၂၀၁၀ ပြည့်နှစ်က ကိုရင် အပါး ၈၀၊ သီလရှင်အပါး ၇၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဆရာတော်များဖြစ်ကြသည့် ဦးနာယက၊ ဦးဂုဏသာရ တို့က ဦးဆောင်ပြီး ကလေးတရားစခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိရိုးဖလာ ဗုဒ္ဓဘာသာ
ဝင်အဖြစ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း သိရှိသူ ကလေးငယ်များ
ဖြစ်လာရန်၊ လိမ္မာယဉ်ကျေးသူများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်မှ ကလေးများ၊ အနီးတ၀ိုက် မြို့ရွာများမှ ကလေးများ တရားစခန်း ဝင်နေကြသည်။

တောင်ကြီးမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

တောင်ကြီးမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မတ် ၈ ရက်၊ ၂၀၁၃

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်အနီးတွင် တောင်ကြီးမူးယစ် အဖွဲ့နှင့် သက်သေများမှ မတ်လ(၇)ရက်နေ့တွင် တရားမ၀င်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

တောင်ကြီးမူး ယစ်အထူးနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးစီး ရဲတပ်ဖွဲ့ဝင် များသည် မတ်လ(၇) ရက်နေ့ နေ့လည်ပိုင်းတွင် စိုင်းနန္တော (ပင်လုံမြို့နေ သူ) မောင်းနှင်လာသော ကန်ဘိုအမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ တရားမ၀င်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ စိုင်းနန္တောစီးနင်းလာသော ဆိုင်ကယ် ၀ဲဘက်ဒူးကာအတွင်းတွင် ပလပ်စတစ်အိတ်အပြာရောင်ဖြင့် ထုတ်ထားသော WY စိတ်ကြွ ရူးသွပ်ဆေးပြာ(၂၀၀)ပြားပါ ၂ ထုပ်နှင့် (၈၀)ပြားပါ (၁)ထုပ် စုစုပေါင်း ဆေးပြား (၄၈၀)ပြား ကာလတန်ဖိုးအားဖြင့် သိန်း(၂၀)ခန့် ဖမ်းဆီးရမိခဲ့သည်။

တရားမ၀င်စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ စိုင်းနန္တော အား တောင်ကြီးမြို့အမှတ် (၂)ရဲစခန်းမှ မူးယစ်(ပ) ၃/၂၀၁၃ မူး၊ စိတ်ဥပဒေပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

shannews
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်အနီးတွင် တောင်ကြီးမူးယစ် အဖွဲ့နှင့် သက်သေများမှ မတ်လ(၇)ရက်နေ့တွင် တရားမ၀င်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

တောင်ကြီးမူး ယစ်အထူးနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးစီး ရဲတပ်ဖွဲ့ဝင် များသည် မတ်လ(၇) ရက်နေ့ နေ့လည်ပိုင်းတွင် စိုင်းနန္တော (ပင်လုံမြို့နေ သူ) မောင်းနှင်လာသော ကန်ဘိုအမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ တရားမ၀င်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ စိုင်းနန္တောစီးနင်းလာသော ဆိုင်ကယ် ၀ဲဘက်ဒူးကာအတွင်းတွင် ပလပ်စတစ်အိတ်အပြာရောင်ဖြင့် ထုတ်ထားသော WY စိတ်ကြွ ရူးသွပ်ဆေးပြာ(၂၀၀)ပြားပါ ၂ ထုပ်နှင့် (၈၀)ပြားပါ (၁)ထုပ် စုစုပေါင်း ဆေးပြား (၄၈၀)ပြား ကာလတန်ဖိုးအားဖြင့် သိန်း(၂၀)ခန့် ဖမ်းဆီးရမိခဲ့သည်။

တရားမ၀င်စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ စိုင်းနန္တော အား တောင်ကြီးမြို့အမှတ် (၂)ရဲစခန်းမှ မူးယစ်(ပ) ၃/၂၀၁၃ မူး၊ စိတ်ဥပဒေပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ


တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

ဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊

ဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊ အစားထိုးစိုက်ပျိုးရေးနှင့် အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း အား ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကို ကိုယ်စား ဦးခွန်မောင်သောင်း၊ ပင်လောင်း မဲဆန္ဒနယ်က က မေးမြန်းရာ

မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဘိန်းသည် ကိုလိုနီ နယ်ချဲ့သမား များ နဲ့ နယ်ချဲ့ရာတွင် အတူပါလာသော သီးနှံဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၏ မူရင်းသီးနှံမဟုတ်ပါကြောင်းကို အိမ်နီးချင်း အင်အားကြီးတစ်နိုင်ငံမှ ဘိန်းကြောင့် လွတ်လပ်ရေး ဆုံးရှုံးမှု ဖြစ်ရကြောင်း ကို သမိုင်းအရ သိရှိရပါသည်။ ထို့အတူ ကျွန်တော်တို့နိုင်ငံတွင် လည်း ဖြစ်ပေါ်ဖြတ်သန်းခဲ့ပြီးသော အုပ်ချုပ်ရေးစနစ်အမျိုးမျိုးတို့မှ ပဒေသရာဇ်စနစ် ထွန်းကားစဉ်အချိန်ကလည်း ဘိန်းစိုက်ပျိုးရန်၊ ဘိန်းရှုရန် တရားဝင်လိုင်စင်များ ချထားပေးမှုကြောင့် နယ်သူနယ်သားများ တိုင်းရင်းသားနေထိုင်ရာနယ်ပယ်မှာ အကျင့်စာရိတ္တပျက်ပြား ယိုယွင်းလာပြီး ဒုစရိုက်လည်း ထူပြောလာကြောင်းကို တွေ့ရှိရပါကြောင်း၊ နောက်ဆုံး လက်နက်ကိုင် ပဋိပက္ခအသွင်သို့ ရောက်ရှိလာရခြင်းသည်လည်း ဘိန်းကြောင့်ပေါ်ပေါက်လာသည့် အကြောင်းတရား တစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်တချို့မှာ ပဒေသရာဇ်များ၏ ဆိုးမွေများကို မိမိတို့တိုင်းရင်းသားအပေါ် မကျရောက်အောင် ပဒေသရာဇ် အာဏာ စွန့်လွှတ်ရသည်အထိ နိုင်ငံတော်နှင့်လက်တွဲပြီး ပဒေသရာဇ်စနစ် တော် လှန်ရေး ပေါ်ပေါက်ခဲ့ ကြောင်းကိုလည်း မြန်မာ့သမိုင်းမှာ အထင် အရှားတွေ့ ရှိရပါကြောင်း ဦးစွာတင်ပြပါသည်။

သမိုင်းအရအရေး ကြီးသော စိတ်ကို ပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးသည် လူသားများအတွက် အညွန့်တုံးစေပြီး အကျိုးမရှိတဲ့ အတွက် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဟာ အမျိုးသားလှုပ်ရှားမှုအသွင် အဖြစ်လည်းကောင်း၊ အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် လည်းကောင်း ဆောင်ရွက်မှသာလျှင် ပပျောက်နိုင်မည်ဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုး သည့်ဒေသများမှာ အဖွဲ့အစည်းပေါင်းစုံ၊ လက်နက် ကိုင်ပေါင်းစုံတို့ လှုပ်ရှားရာဒေသဖြစ်သည့် အတွက် တရားဥပဒေ စိုးမိုးရေးနည်းသည့် ဒေသများလည်းဖြစ်ပါကြောင်း တင်ပြပါသည်။ ၎င်းဒေသများအထဲမှ ဆီဆိုင်မြို့နယ်အပါအဝင် ဆက်စပ်သော မြို့နယ်များမှ ဒေသခံတိုင်းရင်းသား တို့ရဲ့ ဘဝလှပရေး၊ တစ်သား မွေးတစ်သွေး လှစေရန် ဆန်၊ ဆီ၊ ဆေး၊ ဆား ထောက်ပံ့ရုံမှဖြင့် ဘိန်း စိုက်ပျိုးမှုမှာပပျောက်မှာ မဟုတ်ပါကြောင်း၊ ရေရှည်စီမံချက်ရေးဆွဲပြီး အကောင်အထည် ဖော်ပေးမှသာလျှင် ဤကိစ္စများ ပပျောက်သွားနိုင်မည့် ဖြစ်ပါကြောင်း၊ တောင်ပေါ်တိုင်းရင်းသားဒေသတွေမှာ ပေါကြွယ်ဝလျက်ရှိပြီးဖြစ်တဲ့ သတ္ထုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် အခွင့်အလမ်း များ၊ တွက်‌ခြေကိုက် ဈေးကွက်ဝင်သီးနှံများ၊ ဘိန်းအစားထိုးစိုက်ပျိုးရေးလုပ်ငန်းများ၊ ဘိန်းစိုက်မှု ပပျောက်ရေးအတွက် သွားလာမှုလွယ်ကူစေရန် လမ်းတံတား ဖောက်လုပ်ပေးခြင်း လုပ်ငန်းရပ်များ စသည့်ဖြင့် အစားထိုးလုပ်ငန်းများ ပေါ်ထွန်းလာနိုင်အောင် စီမံဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံတော်အနေဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသွားမှာဖြစ်သည့်အပြင် ဘိန်းစိုက်ပျိုးမှုနှုန်းများလည်း လျော့ကျသွားနိုင်မည် ဖြစ်သဖြင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုရဲ့ကိုယ်စား ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစားထိုး စိုက်ပျိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် အစိုးရအဖွဲ့မှ မည်သို့မည်ပုံ ဆောင်ရွက်ပေးရန် အစီအမံများထားရှိသည်ကို သိလိုပါကြောင်း မေးမြန်းသွားပါသည်။
[ဦးဝင်းကို၊ ဆီဆိုင်မဲဆန္ဒနယ်ကိုယ်စား ဦးခွန်မောင်သောင်း၊ ပင်လောင်းမဲဆန္ဒနယ်က မေးမြန်း ပါသည်။]
 အစားထိုးစိုက်ပျိုးရေးနှင့် အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း အား ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကို ကိုယ်စား ဦးခွန်မောင်သောင်း၊ ပင်လောင်း မဲဆန္ဒနယ်က က မေးမြန်းရာ

မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဘိန်းသည် ကိုလိုနီ နယ်ချဲ့သမား များ နဲ့ နယ်ချဲ့ရာတွင် အတူပါလာသော သီးနှံဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၏ မူရင်းသီးနှံမဟုတ်ပါကြောင်းကို အိမ်နီးချင်း အင်အားကြီးတစ်နိုင်ငံမှ ဘိန်းကြောင့် လွတ်လပ်ရေး ဆုံးရှုံးမှု ဖြစ်ရကြောင်း ကို သမိုင်းအရ သိရှိရပါသည်။ ထို့အတူ ကျွန်တော်တို့နိုင်ငံတွင် လည်း ဖြစ်ပေါ်ဖြတ်သန်းခဲ့ပြီးသော

March 7, 2013

ငါ တို့ နေ့



လူမှာအမျိုး ကြက်မှာအရိုး
ဆိုရိုးစကား အစဉ်မှတ်သားလျှက်
ပအိုဝ်းမှန်ရင် ထာဝစဉ်မြဲ
ရင်ထဲစွဲမှတ် မြတ်မြတ်နိုးနိုး
တန်ဖိုးထားအပ် မမေ့အပ်တဲ့
ဒဲဉ်;သီ;လာ,ဗွေ
တပေါင်းလပြည့် ငါတို့နေ့၊၊။

March 6, 2013

ဆရာ့ဘဝ ဘဝဆရာ

 
ဆရာ့ဘဝ ဘဝဆရာ

ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။

အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။

ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။

ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။

လူတိုင်းပင် ကျောင်းနေရွယ် ငယ်စဉ်က လေးဘက်နံရံ ပတ်ရံထားသော စာသင်ခန်းကလေးကို ဖြတ်သန်းပြီးမှ လောကကြီးထဲ ဝင်ရောက်ကြရပါသည်။ စာသင်ခန်းကလေးကို မျက်ကွယ်ပြု၍ မရပါ ပေ။ ထိုအခန်းကလေးထဲတွင် သူ့အတွက် လိုအပ်သော ကိုယ်ခံပညာများကို တပ်ဆင်ပေးလိုက်ရ သည်။ လောကဝန်းကျင်ထဲတွင် အကောင်းဆုံး ကျင်လည်လှုပ်ရှားနိုင်ရေးအတွက် ပြင်ဆင်ပေးလိုက် သည်။ စာသင်ခန်းကလေးကား စာသင်သားအတွက် ပြင်ဆင်လေ့ကျင့်ရေး အခန်းကလေး ဖြစ်တော့ သည်။ ထိုနေရာတွင်သူ၏ ပထမဦးဆုံးသော ဘဝဆရာ(ဝါ) လောကဆရာကို စတင်တွေ့ထိကာ ပညာအမွေကို ဗွေဆော်ဦး ခံယူလေ့ကျင့်ခဲ့ရလေတော့သည်။

ဤတွင် ဘဝဆရာ၊ ပညာရေးဆရာ၏ အခန်းကဏ္ဍမှာ လောကကြီး၏ ရှေ့တန်းသို့ တန်းတန်းမတ်မတ် ရောက်လာလေတော့သည်။

ပထမဦးစွာ "ဆရာ" ဟူသော ဝေါဟာရကို ဆန်းစစ်ကြည့်မိသည်။ ပါဠိဘာသာ "ဆာယာ" မှ ဆင်းသက်လာသည်ဖြစ်၍ အေးရိပ်ဆာယာ၊ မေးမြရိပ်ကို ပေးဆောင်သူဟု ဖွင့်ဆိုနိုင်ပါသည်။

နောက်တစ်နည်း "ဆရာ" ဆိုသော ဝေါဟာရမှာ "စရ" အကျင့်စရိုက်ဟု အဓိပ္ပာယ်ရရှိပြီး ပါဠိစကားမှ ရွှေ့ဆင်းလာကာ စရ-မှ ဆရာ ဖြစ်လာသည်။ ထို့ပြင် မိမိကိုယ်တိုင် ကောင်းသောအကျင့်ကို ကျင့် ဆောင်သူအဖြစ် လည်းကောင်း၊ သူတစ်ပါးအား ကောင်းသော အကျင့်စရိုက်ကို သွန်သင်ညွှန်ပြသူ အဖြစ်လည်းကောင်း အဓိပ္ပာယ်ရပါသည်။

မည်သို့ဆိုစေ ဆရာသည် မိမိ၏ တပည့်များကို ချိန်ချိန်ဆဆဖြင့် ဆုံးမပဲ့ပြင် သွန်သင်တတ်သူဟု အများက နားလည်ထားကြပါသည်။

လောကတွင် ဆရာသုံးမျိုးရှိပါသည်။ သုတဆရာ၊ မုတဆရာ၊ ဒိဋ္ဌဆရာတို့ ဖြစ်ပါသည်။ ကြားဆရာ၊ မြင်ဆရာနှင့် သင်ဆရာဟု သိထားကြပါသည်။ ပညာဆိုသည်မှာ ရယူလိုသူအဖို့ ဗျိုင်းထံမှပင် ရယူနိုင် ပါသည်။

ဆရာ့လုပ်ငန်းအခန်းအထွေထွေ "A teacher is many things" ဆိုသကဲ့သို့ ဆရာ့အခန်းကဏ္ဍ "the Key roll of a teacher" နှင့် စပ်လျဉ်း၍ ပညာရှင်အသီးသီးက ဤသို့ ညွှန်းဆိုထားကြပြန်ပါသည်။

ဆရာဟူသည်

အလင်းသည် (အသိတရား ဖြန့်ဝေသူ)၊

ပညာသည် (ပညာဝေငှသူ)၊

ထာဝရကျောင်းသား (ပညာရှာသူ)၊

မျိုးဆက်နှစ်ဆက်အကြား တံတားခင်းသူ

ဖန်တီးသူ

စည်းရုံးရေးမှူး

နည်းပေးလမ်းပြသူ

တီထွင်သူ

စိတ်အာရုံကို မြင်အောင်ပြသူ

အဟောအပြောကောင်းသူ

ဇာတ်ဆောင်ကောင်းသူ

အမှန်ကိုရင်ဆိုင်ရဲသူ

လွတ်မြောက်အောင် ကြံဆောင်တတ်သူ

စသည် ဆရာ့ဇာတ်ဆောင်မှုမှာ လွန်စွာ များလှပါသည်။ ဤသည်ကို ထောက်ချင့်ခြင်းဖြင့် ဆရာ့အခန်း ကို ခန့်မှန်းချင့်တွက်နိုင်ပါသည်။ မှန်ပါသည်။ "A teacher is an artist." ဆရာဟူသည် အနုပညာရှင် ဖြစ်ပါသည်။

ဆရာ့တန်ဖိုးကို သိထားကြသော မြန်မာတို့သည် ဆရာကို ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားပါသည်။ ထို့ကြောင့် ဆရာကို အနန္တော အနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဟု သတ်မှတ်ထားပါသည်။ ပြောရဲပါ သည်။ လူမှုနယ်ပယ်တွင် ဆရာကို နေရာပေးရာ၌ မြန်မာကို ဘယ်လူမျိုးမှ မမီဟုပင် ပြောနိုင်ပါသည်။

နိုင်ငံတကာတွင်လည်း တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ဆရာကို သူ့နည်း သူ့ဟန်နှင့် အလေးထား နေရာပေးကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။

ဂျပန်လူမျိုးတို့က ဆရာကို "ဆန်းဆေး" ဟု ခေါ်ဝေါ် သုံးစွဲကြရာ အမြော်အမြင် ကြီးမားသူဟု အဓိပ္ပာယ်ရပါသည်။

ဆရာ့အရှိန်အဝါမှာ နိုင်ငံတကာတွင် မြင့်မားလှပါသည်။ အထူးသဖြင့် ဆရာများ၏ သြဇာမှာ တပည့် များအပေါ် ကြီးမားလှသည်။ ဆရာ၏ အမှတ်မထင် ဆိုစကားကြောင့် တပည့်များ၏ ဘဝတွင် အမှတ် ထင်ထင် ချိုးကွေ့ကြရသည့် သာဓကများလောကတွင် အထင်ရှား ရှိပါသည်။

စာရေးသူမှာ ဗီဇကိုက ဂီတတွင် ဝါသနာထုံသူ ဖြစ်ပါသည်။ တစ်နေ့တွင် အတန်းပိုင်ဆရာသည် စာရေးသူတို့ စတုတ္ထတန်း ကျောင်းသားများကို အတန်းရှေ့ခေါ်ပြီး ကြိုက်နှစ်သက်ရာ တေးတစ်ပုဒ်စီ သီဆိုခိုင်းပါသည်။

စာရေးသူအလှည့် သီဆိုပြီးသောအခါ ဆရာကဤသို့ ထောပနာပြုကာ မှတ်ချက်ပေးပါသည်။

"အေး-မင်းအသံလေးကတော့ မဆိုးလှပါဘူး၊ ဒါပေမယ့် သီဆိုရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ သံနေ သံထား၊ သံကျမှာတော့ မင်းမမီဘူး။ လိုနေ ဟနေတာ ငါတွေ့ရတယ်။ အေး-ကြိုးစားပေါ့ကွာ" တဲ့။

အဲဒီအချိန်ကစပြီး စာရေးသူ နှလုံးသားထဲမှာ "ငါဟာ တေးမဆိုတတ်သူပါလား၊ တေး အဆိုမရသူပါ လား" ဆိုသည့်အတွေး အစွဲကြီးက တောက်လျှောက်ပါလာရာ ယနေ့အထိ တေးဂီတ ဝါသနာပါလျက် နှင့် တေးတစ်ပုဒ်ပင် မရသူအဖြစ် ကြုံရဆဲ ဖြစ်ပါတော့သည်။

ဆရာ့ မှတ်ချက်သည်လည်း မမှားပါပေ။ ငယ်နုလွန်းသူ ကျွန်တော်အဖို့ မည်ကဲ့သို့ ဌာန်ကရိုဏ်းကျစွာ သီဆိုနိုင်ပါမည်နည်း။

သြော်…..ဆရာ့သြဇာကား ထိရှလှပေစွ။

ဤတွင် ရှင်နာဂသေန၏ ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါးမှာ မှတ်ဖွယ်၊ လိုက်နာဖွယ် ကောင်းလှသဖြင့် ဖော်ပြ လိုပါသည်။ ဆရာ့အခန်း၊ ဆရာ့ကဏ္ဍကို မီးမောင်းထိုးပြထားသည်မှာ ထင်လင်းလှပါသည်။

ဆရာသည် သူ၏ တပည့်များကို

၁။ မျက်ခြည်မပြတ် စောင့်ရှောက်အပ်၏။

၂။ မှီဝဲအပ်၊ မမှီဝဲအပ်သော ပုဂ္ဂိုလ်ကို သိ၏။

၃။ ပေါ့တန်သည် မပေါ့တန်သည်ကို သိ၏။

၎။ နေရာထိုင်ခင်းကိုသိ၏။

၅။ ကျန်းမာရေးကို သိ၏။

၆။ အစာအဟာရ ရမရကို သိ၏။

၇။ ထူးခြားမှုကို သိ၏။

၈။ အစာရေစာကို ဝေဖန်၏။

၉။ အားပေးစောင့်ရှောက်တတ်၏။

၁၀။ ကျောင်းတွင်းအပေါင်းအသင်းကို သိ၏။

၁၁။ ရပ်ရွာထဲရှိ အပေါင်းအသင်းကို သိ၏။

၁၂။ အပေါင်းအသင်းကို ဝေဖန်၏။

၁၃။ အဖျင်းပြော၍ မရယ်မော။

၁၄။ အတင်းပြော၍ အရောမဝင်။

၁၅။ အပြစ်ကို သည်းခံ၏။

၁၆။ ရိုသေမှု မပြု။

၁၇။ အတတ်ပညာကို အကြွင်းမထား။

၁၈။ အတတ်ပညာကို မလျှို့ဝှက်။

၁၉။ တော်စေ တတ်စေလိုခြင်း။

၂၀။ တတ်ပြီးပညာ မမေ့လျော့စေခြင်း။

၂၁။ ပညာတတ် ဖြစ်စေလိုခြင်း။

၂၂။ မေတ္တာစိတ်ထားကြီးမားခြင်း။

၂၃။ ဘေးရန်ရောက်သော် မစွန့်ခွာခြင်း။

၂၄။ သတိအမြဲရှိစေခြင်း။

၂၅။ အားပေးချီးမြှောက်ခြင်း။

စသည့်ဆရာ့မေတ္တာ၊ ဆရာ့စေတနာ၊ ဆရာ့ဂုဏ်အင်္ဂါများကို ထောင့်စေ့အောင် ဖွင့်ဆိုထားသည်မှာ အဖိုးတန်လှပါသည်။

ဆရာ့ဘဝကို တန်ဖိုးထားသူများက "သိက္ခာကို ရိက္ခာနှင့် မလဲနိုင်" ဟု ဆိုကြပါသည်။

တချို့ကလည်း "ကျောင်းဆရာဂုဏ်ဟာ ရောင်းစရာကုန်မဟုတ်ပါ" တဲ့ ထိမိလှတဲ့ အသုံးအနှုန်း ဖြစ်ပါ သည်။

"ဆရာ့ဝေဒနာကိုညှာတာပြီး ကြီးပွားရေးအတွက် စီးပွားရေးဈေးကွက်နဲ့ မတွက်သင့်ဘူးလေ" တဲ့ ဆိုပြန်ပါသည်။

ကဗျာစာဆိုတစ်ဦးက ဤသို့ဖွဲ့ဆိုထားပြန်ပါသည်။

"ကျောင်းဆရာ" ဆိုတဲ့ စကားလေးသုံးလုံး ကွန်ပျူတာထဲ ထည့်သုံးကြည့်

ငွေအသပြာ မရှိပေမယ့် စေတနာအပြည့်နဲ့ဆိုတာ အဖြေရှာ သိလိမ့်မယ်တဲ့။ (ဆရာအောင်လံ တင်ဝင်း အောင်ဟု ထင်ပါသည်။)

အောင်မြင်သောဆရာ (efficient-teacher) ဖြစ်ရေးအတွက်ဂျာမန်ပညာရေးပါရဂူ "ဂျိုဟန်ဖရိုက်ဒရစ်" ၏နည်းမှာ မှတ်သားဖွယ် ကောင်းပါသည်။

"PPAGA"

P = preparation = ကြိုတင်ပြင်ဆင်ခြင်း

P = preparation = အတင်အပြ၊ အသင်အပြ ကောင်းခြင်း

A = association = ကျိုးကြောင်း ဆက်စပ်သင်ပေးခြင်း

G = genratization = ခြုံငုံသုံးသပ်တတ်ခြင်း

A = application = လက်တွေ့အသုံးချတတ်ခြင်း

တို့မှာ အောင်မြင်သော ဆရာတစ်ဦး၏ အရည်အသွေးများဖြစ်ပါသည်။

သင်ဘယ်လိုဆရာလဲ။ ဆရာတူ တပည့်များ ပေါ်ထွက်လာလိမ့်မည်။

ဆရာတော်မှ တပည့်တော်မည်။ ဆရာရှော်က တပည့်ရှော်မည်။

တော်မှာလား ရှော်မှာလား။ မိမိသာ အခရာ ဖြစ်ပါသည်။ As is the teacher so is the pupil. ဟု ဆိုထားသည်မှာ အလွန်မှန်ပါသည်။

မည်သို့ဆိုစေ ပညာရေးလောကဆိုသည်မှာ ဆရာတပည့်တို့၏ နူးညံ့သိမ်မွေ့လှသော မေတ္တာသံယော ဇဉ်ကလေးများဖြင့် ပေါင်းစည်း ဖွဲ့နှောင်ထားသည့် ကမ္ဘာငယ်ကလေးတစ်ခုပင် မဟုတ်ပါလား။

"လူမလိမ္မာ လူ့မိစ္ဆာနှင့် ကြုံလာတော့မိ

တွေ့ရဘိလည်း ဒိဋ္ဌိပယ်နွှေး သိကြောင်းမေး၍

နည်းပေးဆရာ မြောက်လိုပါ၏။"

(မဃဒေဝ)

ဖြူစွမနော၊ စိတ်သဘောဖြင့်၊ မြတ်သောအမွေ၊ ပေးအပ်လေသူ၊ ဆရာအဆူဆူသို့ ဦးညွှတ်လိုက်ပါ၏။

သင့်ဘဝ မဂ္ဂဇင်း

အမှတ် (၇)၊ ၁၉၉၈ ခုနှစ်

Category: ဆောင်းပါး

Written by ဖေအောင်ကြိုင်

 ( မောက္ခ )
ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။
အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။
ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။
ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။
လူတိုင်းပင် ကျောင်းနေရွယ် ငယ်စဉ်က လေးဘက်နံရံ ပတ်ရံထားသော စာသင်ခန်းကလေးကို ဖြတ်သန်းပြီးမှ လောကကြီးထဲ ဝင်ရောက်ကြရပါသည်။ စာသင်ခန်းကလေးကို မျက်ကွယ်ပြု၍ မရပါ ပေ။ ထိုအခန်းကလေးထဲတွင် သူ့အတွက် လိုအပ်သော ကိုယ်ခံပညာများကို တပ်ဆင်ပေးလိုက်ရ သည်။ လောကဝန်းကျင်ထဲတွင် အကောင်းဆုံး ကျင်လည်လှုပ်ရှားနိုင်ရေးအတွက် ပြင်ဆင်ပေးလိုက် သည်။ စာသင်ခန်းကလေးကား စာသင်သားအတွက် ပြင်ဆင်လေ့ကျင့်ရေး အခန်းကလေး ဖြစ်တော့ သည်။ ထိုနေရာတွင်သူ၏ ပထမဦးဆုံးသော ဘဝဆရာ(ဝါ) လောကဆရာကို စတင်တွေ့ထိကာ ပညာအမွေကို ဗွေဆော်ဦး ခံယူလေ့ကျင့်ခဲ့ရလေတော့သည်။
ဤတွင် ဘဝဆရာ၊ ပညာရေးဆရာ၏ အခန်းကဏ္ဍမှာ လောကကြီး၏ ရှေ့တန်းသို့ တန်းတန်းမတ်မတ် ရောက်လာလေတော့သည်။

စာပေဟောပြောပွဲ အခွေများစုစည်းမှု


စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂၀၀၉) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ဘ၀နှင့်စာပေ (မော်လမြိုင်) (ဂျူး)
http://www.mediafire.com/download.php?z6g884ilhlaislx
စာရေးဆရာတစ်ယောက်၏ မှတ်စုများ (မြင်းခြံ) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ (တောင်ငူ) (ဂျူး)
http://www.mediafire.com/download.php?dvkap33dbbsqoaj
အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (စင်္ကာပူ) (ချစ်ဦးညို)
http://www.mediafire.com/download.php?wi1dhp8mhjtxc4y
သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်) (ချစ်ဦးညို)

March 3, 2013

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts