April 27, 2013

ပင်လောင်းမြို့နယ် ကောင်ထို-ထီယွန်းရွာက ပအိုဝ်းရိုးရာရှင်လောင်းပွဲ

ပင်လောင်ြးးမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊
ကောင်ထို-ထီယွန်း ကျောင်းရေစက်ချ အလှူတော်မင်္ဂလာနဲ့
...
ပအိုဝ်းရိုးရာ ရှင်ပြု ရဟန်းခံအလှူတော်မင်္ဂလာပွဲ
(၂၇-၄-၂၀၁၃) စနေနေ့ ယနေ့ဟာ နောက်ဆုံးနေ့ တရားနာရေစက်ချပွဲနေ့ဖြစ်တယ်။

ဧည့်ခံတဲ့နေ့တုန်းက ပရိသတ်တွေ ရှင်တကာအိမ်တွေမှာ
လာပြီး ကုသိုလ်ဝင်ကြတာ များပေမယ့်
ဒီနေ့အဖို့မှာတော့ ရှင်လောင်းလှည့်နဲ့ ပွဲဝင်ကြတာကို ကြည့်ရှုချင်လို့
လာကြတာက များပါတယ်။ ပရိသတ်တွေ တော်တော်များပြီး စည်ကားသလို
တချို့နေရာတွေမယ် ဖုန်ကလည်း ထူသလား မမေးပါနဲ့။

ရှင်အပါး (၃၆၇)ပါး ရှိပြီး၊ ရဟန်းခံ (၁၀)ပါး၊ မဏ္ဍပ်စုက (၉)မဏ္ဍပ်ရှိတယ်လို့ သိရတယ်။
ပင့်ကျောင်း (၃၅)ကျောင်း၊ သံဃာ (၈၈)ပါး ကြွတော်မူပြီး
ကုသိုလ်ဝင်ငွေ စုစုပေါင်း (၄၈)သိန်းနီးပါးလောက် ရရှိတယ်လို့ ကြားသိရပါတယ်။

ရှင်ပြုဖို့ ကျောင်းသို့ တန်းစီလှည့်လာတာ ၁၂နာရီကနေ ၃နာရီအထိ ကြာမြင့်ပါတယ်။
ပွဲလာသူတွေအဖို့ ရှင်လောင်းလှည့်ကြည့်ရတာ တန်တယ်လို့ ဆိုရမှာဖြစ်တယ်။
ဒါပေမယ့် ရှင်လောင်းနဲ့ ရှင်လောင်းထိန်းတွေ နေပူထဲမှာ အကြာကြီးရပ်ရလို့
နဲနဲတော့ ပင်ပန်းကြမှာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် စုပေါင်းရှင်ပြုပွဲကြီး မလုပ်တာ ကြာပြီဖြစ်တဲ့
ကောင်ထိုထီယွန်း ပွဲတကာများအနေနဲ့တော့
အားရပါးရရှိလှတဲ့ ကုသိုလ်အမျှ ခေါ်သံနဲ့အတူ အပြုံးကိုယ်စီ
ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာကို အထင်းသား တွေ့မြင်နေရပါတယ်။

သဗ္ဗေသတ္တာ သတ္တ၀ါအနန္တ
ကုသိုလ်အမျှ ကုသိုလ်အမျှ ကုသိုလ်အမျှ
ယံလညီညီ လတွာတွာဝင်နော ဖူးဝေးသီးယာသြ။

စာမှု နှစ်ခုနဲ့ ပအိုဝ်းစာပေ ဘယ်လဲ”

လူမျိုးတစ်မျိုး၏ အသက်ကာ စာပေဖြစ်သလို စာပေတိုးတက်မှ လူမျိုးတိုးတက်နိုင်မှာ ဖြစ်ပါသည်။ စာပေသည် အလင်းရောင်ကိုဆောင်သလို ညီညွှတ်မှုနှင့် အပြန်အလှန် ဆက်နွယ်ပေါင်းကူးမှုကိုပါ ဖော်ဆောင်စေပါသည်။ ထို့အတူ ပအိုဝ်းအမျိုးသားတို့၏ စာပေကာ ပအိုဝ်းစာဖြစ်သလို၊ ပအိုဝ်းစာသင်ကြားရေး၊ ပအိုဝ်းစကား ပြောဆို ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်မှသာ ပအိုဝ်းစာပေထွန်းကားလာမှာ ဖြစ်ပါသည်။ ပအိုဝ်းစာတ...က် မြောက်သင်ကြားခြင်းဖြင့် တောင်ပေါ်၊ မြေပြန့် ပအိုဝ်းအချင်းချင်း ဂီတ၊ ဓလေ့၊ အမြင်ချင်း ဆက်နွယ်ပေါင်းကူး နိုင်မှာ ဖြစ်ပါသည်။ ပအိုဝ်းလူငယ်လူရွယ်များလည်း အကျိုးရှိလာမှာဖြစ်သလို ယဉ်ကျေးမှု၊ စာပေ ထိန်းသိမ်းရေး အတွက်ပါ တာဝန်တရပ်၊ တွန်းအားတရပ်လို အနာဂတ်အတွက် ဖြစ်လာစေမှာပါ။

April 25, 2013

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာသင်တန်း

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းသို့
တက်ရောက်ကြတဲ့ ပင်လောင်း/နောင်တရားနယ်၊ စန္တားခမ်း သင်တန်းသား/သူများ
====================================

ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းမှာ ဖွင့်လှစ်တဲ့
ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ပင်လောင်း/နောင်တရားမြို့နယ်၊
စန္တားခမ်းရှိ သင်တန်းသား/သူများ စုစုပေါင်း( ၁၁၁ )ဦး
တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်း/သူတွေဟာ (၂၄-၄-၂၀၁၃)နေ့ညမှာတော့
နောင်တရားစာသင်တိုက်မှာ အားလုံးစုရပ်အဖြစ် ညအိပ်တည်းကြပါတယ်။
အဲဒီညမှာလည်း နောင်တရားတိုက်အုပ်ဆရာတော် ဦးတေဇနိယစတဲ့ သံဃာတော်တွေကို
ကန်တော့ကြပြီး သြ၀ါဒအနည်းငယ် ခံယူကြပါသေးတယ်၊
အားပေးစကားနဲ့ စည်းကမ်းလိုက်နာကြဖို့ ကျန်းမာရေးဂရုစိုက်ဖို့အကြောင်း
အထူးမှာကြားတာကို ကြားသိရပါတယ်။
ဆက်လက်ပြီး အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုရှိအောင်
ရွာအုပ်စုအလိုက် တစ်စုကို ကိုယ်စားအနေနဲ့ တစ်ဦးချင်းစီ
ပျော်ပျော်ပါးပါး မိတ်ဆက်စကား အသီးသီး ပြောကြပါသေးတယ်။

April 24, 2013

အောင်ပန်းနှင့် ဟဲဟိုးအကြားတွင် စိုင်းဗိုလ်ဟိန်းဆိုင်းအဖွဲ့စီးနင်းလာသောကား တိမ်းမှောက်မှုဖြစ်ပွား

 ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့အကြားတွင် ၂၀၁၃ ခု ဧပြီလ (၂၀) ရက်နေ့ ညပိုင်း တွင် ဆိုင်းအဖွဲ့သားများ တင်ဆောင်လာသည့် ဒိုင်နာကားတစ်စီး ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
...
အဆိုပါယာဉ်အား ယာဉ်မောင်း ဦးတင်ထွန်း (တောင်ကြီးမြို့နေသူ) မောင်းနှင်လာခဲ့ပြီး စိုင်းဗိုလ်ဟိန်း ဆိုင်းအဖွဲ့သားများ တင်ဆောင်ကာ၊ ကျောက်ဆယ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာစဉ် အောင်ပန်းနှင့် ဟဲဟိုးအကြား သီခေါင်တောင် အဆင်းတွင် ကားဘီးပေါက်၍ လမ်းဘယ်ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ (၁၆) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် လူနာများအား အောင်ပန်းမှ မြတ်စေတနာ နာရေး ကူညီမှုအသင်း မော်တော်ယာဉ်များဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အမျိုးသား တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းနှင်သူ ဦးတင်ထွန်းအား ဟဲဟိုးရဲစခန်းမှ ယာဉ်မဆင်မခြင် မောင်းနှင်ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဘယ်ပအိုဝ်းစာကို သင်ယူရမှာလဲ - - - ?

ယခုအချိန်ခါမှာ နိုင်ငံတော်အစိုးရက တိုင်းရင်းသားအခွင့်အရေးတွေကို
ပေးလာပြီဖြစ်တယ်။
... ပအိုဝ်းစာတောင်မှ အစိုးရအတန်းကျောင်း မူလတန်းအဆင့်မှာ
သင်ယူဖို့ ခွင့်ပြုလာပြီဖြစ်တယ်။
(၂၃-၄-၂၀၁၃)နေ့ တောင်ကြီးမြို့၊ ထီသိမ်ကျောင်းမှာ သင်တန်းနည်းပြဆရာကို
တမြို့နယ်လျှင် (၄)ဦးစီ ခေါ်ပြီး၊ ဆရာဖြစ်သင်တန်းကို စတင် ပို့ချနေပြီလို့ သိရပါတယ်။

မကြာမီ အဲဒီ(၄)ဦးက ကိုယ့်နယ်ဒေသကို ပြန်ရောက်တဲ့အခါ ချက်ချင်းပဲ အတန်းကျောင်း(၁)ကျောင်းလျှင် (၂)ဦးကျ
ဆင့်ပွားသင်တန်းအဖြစ် သင်တန်းသား/သူ ရာချီလောက်ကို ဆရာဖြစ်သင်တန်း ပြန်လည်ပို့ချမှာ ဖြစ်ပါတယ်။

April 23, 2013

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်
တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

23.4.2013

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀
အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ
ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက)
ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက်
စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး
ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသည်။
ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ်
ကွက် ဈေးကုန်းရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်ပံ
ပင်လဲကျပြီး လူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်
လုံးပတ်(၁၂)ပေခန့်ရှိ လက်ပံပင်မှာ ကိုတင့်၊ မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်)
နှင့် ကိုထက်နိုင်၊ မနွယ်နွယ်ဦးတို့၏ လက်ဖက်ဆိုင်ပေါ်သို့လဲကျကာ ဈေးလာ
ဝယ်သည့် တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့် မောင်ပြည့်(၁၂)နှစ်တို့ ၂ ဦးအား သစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည်
သူများနှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်းသိရှိရသည်။
ဧပြီ၂၂ ရက်နေလယ်၁နာရီ၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို့နယ်
၊အဖိုက် ကျေးရွာတွင်၁၀စက္ကန့်ကြာမျှ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လူ
/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ကျေးရွာမူလတန်းကျောင်းရှိ
ပေ(၆၀x၃၀) ကျောင်းဆောင်၏အနောက်ဘက်ခြမ်းမှ အမိုးသွပ်(၂၀)ချပ်
ခန့်ပြုတ်ထွက်ပျက်စီးပြီး စာသင်ကျောင်းအရှေ့ မျက်နှာစာမှ စင်္ကြန်တိုင်(၃)လုံးတိမ်းစောင်းကာ ဒိုင်း/မျှားအချို့ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့ ညနေက နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိတောက်ချောင်းကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်အမိုးအုတ်ကြွပ်(၁)ဘက်လန်ပြီး အမက(မူလွန်)ကျောင်းအတွင်းရှိ စိန်ပန်းမြိုင်စာသင်ဆောင် ထရံ(၁)ချပ်လန်ကာ အဆိုပါကျေးရွာနေ သက်နိုင်ဝင်း(ခ)စော်ဘွား ပါ ၃ ဦးတွင် ဒဏ်ရာများရရှိခဲ့ ကြောင်း၊ လေးကသိန်းကျေးရွာတွင် အမကကျောင်း ခေါင်မိုးတစ်ခြမ်းလန်ပြီး နေအိမ်(၆၅)လုံး၊ နွားတင်းကုပ်(၂)လုံး၊ နွားစာခြံ(၄)လုံးနှင့် စပါးကျီ(၃)လုံး ပျက်စီးခဲ့ကြောင်း၊ သော်မှော်ကုန်းကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၆)လုံးပြိုကျပြီး (၃)လုံး အမိုးလန်ခဲ့ကြောင်း၊ ကံသာအေး ကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံးပြိုကျပြီး (၁)လုံး အမိုးလန်ခဲ့ကြောင်းနှင့် ကျွန်းကုန်းကျေးရွာတွင်လည်း ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံး အမိုးလန်ခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် ယင်းနေ့ ၁၇၀၀ အချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် တန့်ယန်းမြို့၊ ရပ်ကွက်(၄)၊ မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်းရှိ အလျား(၄၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၂)ပေရှိ ယာယီဂိုဒေါင် သွပ်မိုး/ထရံကာ/ဗြုန်းခင်းအဆောက်အဦ ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရသည်။
Popular Myanmar News Journal
လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်
တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

23.4.2013

... မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀
အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ
ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက)
ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက်
စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး
ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသည်။
ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ်
ကွက် ဈေးကုန်းရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်ပံ
ပင်လဲကျပြီး လူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်
လုံးပတ်(၁၂)ပေခန့်ရှိ လက်ပံပင်မှာ ကိုတင့်၊ မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်)
နှင့် ကိုထက်နိုင်၊ မနွယ်နွယ်ဦးတို့၏ လက်ဖက်ဆိုင်ပေါ်သို့လဲကျကာ ဈေးလာ
ဝယ်သည့် တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့် မောင်ပြည့်(၁၂)နှစ်တို့ ၂ ဦးအား သစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည်
သူများနှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ

မိုးနဲမြို့နယ်တွင်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ဒေသခံတစ်ဦးအား ပြန်ပေးဆွဲ ငွေတောင်းယူမှုဖြစ်ပွား

 23.4.2013

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုးနဲမြို့နယ်၊ နားခံကျေးရွာတွင် ယမန်နေ့က ရွာသားတစ်ဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ယွက်ဆစ်အဖွဲ့ မှ ဖမ်းဆီးသွားပြီး ငွေတောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
...
“ အဲဒီနေ့ မနက်ကိုးနာရီလောက်မှာ ယွက်ဆစ်အဖွဲ့က ငါးဦးလောက် ရွာထဲကို ၀င်လာတယ်၊ လက်ထဲမှာလည်း သေနတ်တွေကိုင်ထားတော့ အိမ်ထဲက အိမ်ပြင်မထွက်ရဲ ကြဘူး၊ ပြည်ခိုင်ဖြိုး ပါတီ က ကျေးရွာစည်းရုံးရေးမှူး အိမ်ကို ၀င်သွားတာတွေ့တယ်၊ ငါးမိနှစ်လောက်ကြာတော့ အဲဒီအဖွဲ့နဲ့ အတူ ကျေးရွာစည်းရုံးရေးမှူး ပါသွားတယ် ၊ ဒီနေ့ထိတော့ ရွာထဲကို ပြန်ရောက်မလာသေးဘူး၊ ယွက်ဆစ်အဖွဲ့က ခေါ်သွားရင် ပြန်လာတဲ့လူ မရှိသ လောက်ပါပဲ၊ ရွာထဲမှာ ပြောနေကြတာတော့ စည်းရုံးရေးမှူးကို ယွက်ဆစ်အဖွဲ့က ပြန်ပေးဆွဲသွားတာ ဖြစ်ပြီးတော့ ငွေ (၁၅) သိန်းနဲ့လာရွေး မှ ပြန်လွှတ်ပေးမယ်လို့လည်း ပြောနေကြတယ်၊ ငွေမရရင်တော့ အသတ်ခံရမှာပေါ့၊ သူတို့လက်ထဲ မှာသေနတ် ကိုင် ထားတော့ ကျွန်တော်တို့ရွာသားတွေ ဘာပြန်ပြောရဲမှာလဲ၊ အသက်အန္တရာယ်အတွက် အမြဲစိုးရိမ်နေရတယ် ” ဟု ရွာခံတစ်ဦးက ပြောပြသည်။

April 22, 2013

စခဲုင်းကျောင်းသိမ်တော်ရေစက်ချ အလှူမင်္ဂလာပွဲ

သိမ်ကျောင်းတော်ရေစက်ချ အလှူမင်္ဂလာပွဲ၊ ရှင်ပြုပွဲ၊ ရှင်လောင်းပွဲနှင့် စခဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ က္ကုန္ဒာဝုဒ သက်တော် (၅၂) နှစ်ပြည့် မွေးနေ့ပွဲတော်ကို တောင်ကြီးမြို့ နောင်လေကျေးရွာအုပ်စု၊ စခဲကျောင်းတိုက်တွင် ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

စခဲကျောင်းတကာ ရွာပေါင်း (၇) ရွာ အိမ်ခြေ (၂၀၀) ရှိကြောင်း၊ ရှင်လောင်း ၂၆ ပါး၊ ရဟန်းလောင်း ၅ပါး၊ ရိုးရိုးရှင်ပြု ၂၇ ပါး နှင့် သိက္ခာထပ်သံဃာ စုစုပေါင်း ၆၂ ပါးရှိကြောင်း သိရသည်။ ရှင်ပြုပွဲကို ကျင့်ပရခြင်းမှာ ဗုဒ္ဓယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ၊ သာသနာထွန်းကားအောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင်နှင့် ဗုဒ္ဓသာသနာကို ထိန်းသမ်းစောင့်ရှောက်နိုင်ရန် ရည်ညွန်းပြီး ရှင်ပြုပေးရခြင်းဖြစ်ကြောင်း ဆိုသည်။
...

April 19, 2013

ဗောင်း (သို့မဟုတ်) နိန်းရွှေဖီတို့ ထွက်ရာမြေ

 ဗောင်းအရပ်သို့ မရောက်ဖြစ်တာ ကြာခဲ့ပါပြီ။
ဒါပေမယ့် သည်နှစ်မှာတော့ ဇာတိရပ်-နောင်တရားမှာ သင်္ကြန်ကျတာမို့လို့
ဗောင်းကျောင်းကို ဆရာကန်တော့ဖြစ်ခဲ့တယ်။
ဗောင်းဟာ အရင်ကလို မဟုတ်တော့ပဲ
တမူထူးခြားစွာ တိုးတက်နေတဲ့ ဗောင်းဖြစ်နေတာကို
အံ့သြစွာ တွေ့ခဲ့ရပါတယ်။

ဗောင်းရွာခံပုဂ္ဂိုလ်နဲ့ စကားစပ်မိလို့
ဗောင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အနည်းငယ်ကို
ဗဟုသုတအဖြစ် သိရှိခွင့်ရခဲ့တယ်။

တကယ်တော့ ဗောင်းကျောင်းတိုက်ဟာ
နောင်တရားမြို့ကနေ အရှေ့ဖက်ကို ထီရီးဗောင်းလမ်းအတိုင်း
(နောင်တရား= ကောင်နာ(နဂါးပတ်)=ပင်ခါး= ထီရီး=ထီရီးတယန်= ဗောင်းကျောင်း)သို့
ကား/ဆိုင်ကယ်တွေနဲ့ ၄၅မိနစ်လောက် သွားရပါတယ်။

April 15, 2013

တောင်ကြီးမြို့ရဲ့ ဆိုင်ကယ်သင်္ကြန်

မြန်မာ့ရိုးရာအတာ သင်္ကြန် အကြတ်နေ့ဟာ မကြာခင်နာရီပိုင်းအတွင်း အဆုံးသတ်ပါတော့မယ်။
ဒီကနေ့ တောင်ကြီးမြို့မှာတော့ ထုံးစံအတိုင်း  ဆိုင်ကယ်အများအပြား တွေ့ရတဲ့အတွက် ဆိုင်ကယ်သင်္ကြန်လို့ ခေါ်ရမလိုပါပဲ။ ဒီအချက်က ရန်ကုန်နဲ့မတူတဲ့အချက် ဖြစ်မှာပါ။

အရေးတကြီး ပြောစရာရှိတာတွေထဲက တခုကတော့ ဆိုင်ကယ်စီးနင်းသူ အများစုက ကိုယ့်အသက်ကို အကာအကွယ်ပေးမယ့် ဦးထုပ်တွေ ဆောင်းမထားကြဘူး ဆိုတာပါပဲ။ ကိုယ်က တခုခုကို ၀င်တိုက်လို့၊ တပါးသူက ကိုယ့်ကို ၀င်တိုက်လို့ စသဖြင့်သော မတော်တဆမှုများဖြစ်ပွားရာကနေ ထိခိုက်ဒဏ်ရာရသူ ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ ဆေးရုံမှာ သွားရောက် စုံစမ်းရင် အကြမ်းဖျဉ်း သိနိုင်ပါလိမ့်မယ်။

PNO အဖွဲ့ သိမ်းယူသောမြေနှင့် ပတ်သက်၍ ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေး

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ ဧက ၇၀၀ ကျော် အသိမ်းခံရသောမြေယာများ ပြန်လည်ရရှိရန် PNO လူကြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြေသိမ်းခံရသော တောင်သူတို့ မတ်ခ်ျလ ၃ ရက်၌ နားဘောင် PNO ရုံးတွင် ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော့်အနေနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တယ်၊ ဘာပဲဖြစ်ဖြစ် တစ်ဦးမှာ မေတ္တာ၊ တစ်ဦးမှာစေတနာ အချင်းချင်းပေးမည့်သူနဲ့ တောင်းဆိုမည့်သူ မျှမျှတတဖြစ်အောင်၊ ပြေလည်အောင် ဆွေးနွေးကြ၊ ဘယ်လိုနည်းနှင့် ပြေလည်ပြေလည်၊ ပြေလည်ခြင်းကိုလက်ခံမည်”
ဟု တောင်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောသည်။

“ကျွန်တော်တို့ကို PNO (Pa-Oh National Organization) လူကြီးအနေနှင့်မမြင်နဲ့၊ ပအိုဝ်းလူမျိုး လိုမြင်၊ ဘယ်ရွာသားတွေဆိုပြီး ကျွန်တော်တို့လည်းမမြင်ဘူး၊ အားလုံးပအိုဝ်းတွေပဲ၊ အဲတော့ မပြေလည်တဲ့ ပြဿနာနှစ်ခုကြားကို အဆင်ပြေသောနည်းလမ်းနှင့် အဖြေရှာရမည်”
ဟု PNO လူကြီး ဦးခွန်လာက ပြောသည်။

ပအိုဝ်းနယ်အသီးသီးရှိ ပအိုဝ်းဆရာ-ဆရာမများကို မွမ်းမံသင်တန်းပေးဖို့ ခေါ်ယူခြင်း

ပအိုဝ်းနယ်အသီးသီးရှိ ပအိုဝ်းဆရာ-ဆရာမများကို မွမ်းမံသင်တန်းပေးဖို့ ခေါ်ယူခြင်း
----------------------------------------------------------------------------------

၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်းများမှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့်အား နိုင်ငံတော်က 
တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။
သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့်  မွမ်းမံသင်တန်းတက်ရန် 
 ပီအဲန်အိုက တရားဝင် ခေါ်ယူလိုက်ပြီဖြစ်သည်။
သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မမခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းအောင် (သို့မဟုတ်) ပထမလတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားလေသည်။ 
၁၃၇၅-ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ (၂၃-၄-၂၀၁၃) အင်္ဂါနေ့တွင် သင်တန်းပို့ချရန်ဌာနဖြစ်သည့်  တောင်ကြီးမြို့၊ ထီသိမ်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ရမည်ဖြစ်သည်။
အဆိုပါ ထီသိမ်ဘုန်းတော်ကြီးကျောင်းကို မသိလျှင် ပီအဲန်အိုဗဟိုရုံးချုပ်၌ လာရောက်စုရုံးကြပါ၊
ဒါ့အပြင် သင်တန်းသားများအနေဖြင့် မိမိတို့၏ ခေါင်းအုံးစောင်ခြင်ထောင်နဲ့ ရိုးရာပအိုဝ်းဝတ်စုံကိုပါ တပါတည်း ယူလာပါရန်လည်း အသေးစိတ် ညွန်ကြားဖော်ပြထားသည်ကို သိရှိရပါသည်။

တိုင်းရင်းသားများ မိမိတို့၏စာပေကို မိမိတို့နယ်ဒေသတွင် သင်ကြားပေးမှုနဲ့ ပတ်သက်၍
နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေအတိုင်း - 
၁။ စာသင်ကျောင်း(၁)ကျောင်းလျှင် ပအိုဝ်းဆရာ/မ (၂)ဦးကျ မွေးထုတ်ပေးသွားရမည်။
၂။ ဆရာ/မများ၏ ပညာအရည်အချင်းမှာ ဘွဲ့ရပြီး (သို့) တက္ကသိုလ်ဝင်တန်းအောင် (သို့)        ပထမလတ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
၃။ သင်တန်းရက်ကာလမှာ ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက် (၃-၅-၂၀၁၃) မှ ကဆုန်လဆန်း(၁)ရက် (၁၀-၄-၂၀၁၃)နေ့အထိ ဖြစ်သည်။
၎။ သင်တန်းနေရာနဲ့ စားရေးသောက်ရေးကိစ္စတို့ကို သက်ဆိုင်ရာမြို့နယ်က သံဃာတော်များ၊ ပီအဲန်အိုတာဝန်ခံများနဲ့ ပအိုဝ်းစာ/ယဉ်အဖွဲ့တို့က တိုင်ပင်ညှိနှိုင်း၍ တာဝန်ယူသွားပေးရန်။
၅။ သင်ကြားပေးမည့် ဆရာ/မများကို ပီအဲန်အိုဗဟိုရုံးချုပ်မှ (အထက်က ထီသိမ် မွမ်းမံသင်တန်းဆင်းပြီးသူများကို) ပို့လိုက်မည်ဖြစ်သည်။
၆။ ထပ်ဆင့် ပအိုဝ်းဆရာဖြစ်အတွက် သင်ကြားကြမည့် သင်တန်းသား/သူများကို မိမိတို့နယ်ဒေသအတွင်းရှိ ပုဂ္ဂိုလ်များကိုသာ ခေါ်ယူရမည်။
၇။ မြို့နယ်အလိုက် သင်တန်းနေရာဌာနနှင့် သင်တန်းသား/သူစာရင်းများကို ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၃)ရက်နေ့တွင် ပီအဲန်အိုဗဟိုရုံးချုပ်သို့ ပို့ပေးရမည်ဖြစ်သည်။

paoh knowladge.

၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်းများမှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့်အား နိုင်ငံတော်က
တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။
သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံသင်တန်းတက်ရန်
ပီအဲန်အိုက တရားဝင် ခေါ်ယူလိုက်ပြီဖြစ်သည်။
သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မမခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းအောင် (သို့မဟုတ်) ပထမလတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားလေသည်။

April 11, 2013

၂၀၁၄ ခု ASEAN Civil Society Conference/ASEAN People’s Forum ကို မြန်မာနိုင်ငံတွင် ကျင်းပမည်

၂၀၁၃ ခုနှစ် ဘရူနိုင်းနိုင်ငံ အာဆီယံလူထု အဖွဲ့အစည်းညီလာခံနှင့် အာဆီယံပီးပေါးဖိုရမ် (ASEAN Civil Society Conference/ASEAN People’s Forum) ကို ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝန်မြို့တွင် ဧပြီလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။

ယင်းညီလာခံအား အာဆီယံနိုင်ငံအတွင်း၌ရှိသော အရက်ဘက်လူ့အဖွဲ့အစည်းများနှင့် လူထုများ ၃၀၀ ကျော် တက်ရောက်ပြီး ပထမရက်တွင် အာဆီယံသမိုင်းအကျဉ်းနှင့် ဘရူးနိုင်းနိုင်ငံသမိုင်းအကျဉ်းကို တင်ပြဆွေးနွေးခဲ့သည်။ အာဆီယံသမိုင်းအကြောင်းကဏ္ဍမှာ Building Our Future Together ဆိုသည့် ခေါင်းစဉ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။

April 10, 2013

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူးခြားအံ့ဖွယ် ထမ်းစမ်း သဘာဝလှိုဏ်ဂူတော်ကြီး

 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏အရှေ့ဘက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အနီးတွင်ရှိသော ထမ်းစမ်းသဘာဝလိုဏ်ဂူတော်ကြီးတွင် ဗုဒ္ဓသာသနာ တိုးတက်ခိုင်မာ တည်တံ့ပြန့်ပွားရေးအတွက် ဟိုပုံးကိုရင်လေး အရှင်ပေါရိဿမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ၏ အင်အားဖြင့် ထမ်းစမ်းရွှေတိဂုံစေတီတော်နှင့် သာသနာပိုင်းဆိုင်ရာ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထမ်းစမ်း လိုဏ်ဂူ၏ နံရံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသောဆင်ရုပ်
များ ကိုလေ့လာ နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယင်းဂူကို ရှမ်းဘာသာစကားအရ ''ထမ်း'' သည် "ဂူ" ဖြစ်ပြီး "စမ်း" သည် "ဆင်" ဖြစ်သဖြင့် ဆင်ဂူဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထမ်းစမ်းသဘာဝလိုဏ်ဂူတော်ကြီးများအတွင်းသည် ကျောက်စာဂူ၊ ဘုရားလိုဏ်ဂူ၊ ဂမ္ဘီရဂူ ဟူ၍ တြိဂံပုံစံဖြင့် လိုဏ်ဂူတော်ကြီး (၃)ခု ရှိသည်။ ဘုရားလိုဏ်ဂူတော်ကြီးအတွင်းတွင် အံ့မခမ်းဖွယ်ရာ သဘာဝ ကျောက်စက်ပန်းဆွဲများ၊ အေးစက်နေသော စမ်းချောင်းများအပြင် ဂူ (၂) ဆင့် (၃) ဆင့် ရှိပြီး သဘာဝငွေထီးတော်၊ ကျောက်ယပ်တောင်၊ သဘာဝတံခါး၊ ပြတင်းများထူးခြားအံ့ဖွယ် ရှိနေပါသည်။

အဆိုပါ ထမ်းစမ်း လိုဏ်ဂူသည် မည်မျှရှည်လျားသည်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဟိုပုံး ကိုရင်လေးမှ မိန့်ကြားခဲ့ဖူးပါသည်။

ထမ်းစမ်းဂူ၏ အပေါ်ဘက်ရှိ ကျောက်စက် ပန်းဆွဲများက ကျလာသော ကျောက်စက်ရေ များသည် အောက်ဘက်ရှိ ကျောက်ဆိုင်ခဲများပေါ်သို့ ကျရောက်ပြီး တဖြည်းဖြည်း ကျောက်များဆက်သွားကြသည်ဟု သိရသည်။ ထို့ကြောင့် ဘုရားဖူး လာရောက်ကြသော ပြည်တွင်းပြည်ပခရီးသွားများက ထိုဂူသို့ ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် ကျောက်တုံး၊ ကျောက်ခဲကလေးများကို ဆင့်၍ ထားရှိခဲ့ကြသည်။ အလားတူ ဂူ၏ အတွင်းပိုင်းမှ စီးဆင်းလာသော ရေချောင်းများမှ ရွှံ့သဲများကို ယူ၍ ဂူနံရံများတွင် စေတီပုံများတည်၍ ရောက်ရှိခြင်းအထိမ်းအမှတ် ပြုလုပ်ကြသည်ကိုလည်း တွေ့ခဲ့ရသည်။

လိုဏ်ဂူအပေါ်ဘက်နံရံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ရွှေထီး၊ ငွေထီးတော်ကိုလည်း ထူးခြားစွာ ဖူးတွေ့ရသည်။ ထို့အပြင် သဘာဝကျောက်စိန်ဖူးတော်ကိုလည်း ဖူးမြော်နိုင်ပြီး ၎င်းစိန်ဖူးတော်၏ အနောက်ဘက်ရှိ သဘာဝကျောက်ဆိုင်များ၏ လှပမှုက ဆေးခြယ်ထားသည်ဟု အငြင်းပွားရ လောက်အောင် ထူးခြားစွာတွေ့ရမည် ဖြစ်သည်။

ထမ်းစမ်းလိုဏ်ဂူတော်ကြီးတွင် ရပ်နီးရပ်ဝေးမှ လူပေါင်းရာနှင့်ချီ၍ လုပ်အားကုသိုလ်ပြုလျက်ရှိကြသည်။ ဟိုပုံးကိုရင်လေးမှ ကိုရင်လေးကျောင်းတိုက်သို့လည်းကောင်း၊ ဘုရားသို့ လည်းကောင်း၊ လိုဏ်ဂူတော်ကြီးသို့ လည်းကောင်း၊ လာရောက်ကြကုန်သော ဘုရားဖူးနှင့် လုပ်အားကုသိုလ်ရှင် ရာနှင့်ချီပြီး နေ့စဉ် (၂၄) နာရီ သားသတ်လွတ် ထမင်းကျွေးလျက်ရှိသည်ကို တွေ့ရသည်။

သားသတ်လွတ်ထမင်းစားဆောင်တွင်လည်း ဤဆိုင်းဘုတ်အား ထားရှိပေးပါသည်။ မေတ္တားခမ်းတန်မှ ကြိုဆိုပါ၏။ ထမင်းဟင်း မှန်မှန်ခူး မဖိတ်စေနဲ့။ မသွန်ပစ်နဲ့နှင့် ကျေးဇူးတင်ပါသည်ဟုသည့် စတန်းဖြင့် ပအိုဝ်း-မြန်မာ (၂) ဘာသာဖြင့် အသိပွား ပညာပေး စာပုဒ်လည်း ကပ်ထားပေးပါသည်။

ထို့အတူ ပြည်တွင်းပြည်ပ ခရီးသွားများသည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိ ထင်ရှားပြီး လူသိများသော နေရာများဖစ်သည့် ကလော၊ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်၊ ပင်းတယ၊ ခေါင်တိုင်၊ ရေပူစမ်း၊ ကက္ကူနှင့် ထမ်းစမ်းဂူ စသည့် အထင်ကရ နေရာများကို လေ့လာကြကြောင်း သိရသည်။

ထမ်းစမ်းဂူသည် ဟိုပုံး ကိုရင်လေး ကျောင်းနှင့် မနီးမဝေးတွင် တည်ရှိသဖြင့် ဟိုပုံး ကိုရင်လေး ရှင်ပေါရိဿက ဘုရားဖူး လာရောက် သူများကို ကြုံကြိုက်ပါက ငါးပါးသီလများ ဆောက်တည် ပေးလျက် ရှိကြောင်းနှင့် ကြုံကြိုက်မှု မရှိပါက အဆိုပါ ကျောင်းသို့ သွားရောက်ဖူးမြော် နိုင်ကြောင်း သိရသည်။
ထမ်းစမ်းဂူသို့ ရောက်ရှိပါက ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်များ၊ ရဟန္တာအရှင်မြတ်ရုပ်တုတော်များကို ဖူးမြော်နိုင်ပြီး အခြားသဘာဝအလျောက် ဖြစ်ပေါ်နေသည့် လေ့လာစရာများရှိကာ ဘုရားဖူးလာရင်း
တရား ဘာဝနာ ပွားများအားထုတ်လိုသူများအတွက် အေးချမ်းမှုများ ပေးစွမ်းနေသော သဘာဝ လိုဏ်ဂူတော် ဖြစ်သည်။

ထူးခြားအံ့ဖွယ် ထမ်းစမ်း သဘာဝလှိုဏ်ဂူတော်ကြီးသည် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လေ့လာလျက်ရှိသော သဘာဝလိုဏ်ဂူကြီးလည်း ဖြစ်ပါသည်။ ဟိုပုံး ကိုရင်လေးကျောင်းတိုက်သည် ဟိုပုံးမြို့၏ အရှေ့ဘက် (၅) မိုင်ခန့် အကွာတွင် တည်ရှိပြီး ထမ်းစမ်းလိုဏ်ဂူတော်ကြီးသည် တောင်ကြီးမြို့၏ အရှေ့ဘက် (၂၅) မိုင်ခန့်အကွာ တောင်ကြီး-လိုင်လင်-မွိုင်ပွဉ်-ကျိုင်းတုံ နှင့် တာချီလိတ်သို့ သွားရာ ကားလမ်းမကြီးနံဘေးတွင် တည်ရှိကြောင်း တင်ပြလိုက်ရပါသည်။
 
April 8, 2013

ပအိုဝ်းနယ်ဒေသ အစိုးရအတန်းကျောင်းများတွင် ပအိုဝ်းစာပေ သင်ကြားတော့မည်။

ပအိုဝ်းနယ်ဒေသ အစိုးရအတန်းကျောင်းများတွင် ပအိုဝ်းစာပေ သင်ကြားတော့မည်။
========================================

အစိုးရအတန်းကျောင်း၌ ပအိုဝ်းတိုင်းရင်းသား စာပေသင်ကြားရေးနဲ့ ပြဋ္ဌာန်းစာအုပ်များကို အတည်ပြုရေးအတွက် စည်းဝေးခြင်း

အစည်းအဝေးကို (၁၇-၃-၂၀၁၃)နေ့ နံနက်(၁၀း၀၀)နာရီတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.0) ရုံး၌ ကျင်းပသည်။

ပထမဦးစွာ ဦးပညာဗုဒ်မှ အစည်းအဝေး ခေါ်ယူရခြင်းအကြောင်းရင်းကို တင်ပြရာတွင် နိုင်ငံတော်မှ စီမံချက်၊ ပြဋ္ဌာန်းချက်၊ ခွင့်ပြုချက်အရ ပအိုဝ်းတိုင်းရင်းသားစာပေကို မိမိတို့၏ သင်ပုန်းကြီးဖြင့် မိမိတို့၏ မူအရ သင်ကြားရန်အတွက် ပအိုဝ်းသင်ပုန်းကြီး၌ပါရှိသော သရစဉ်အတွဲ (၆)တွဲကို သူငယ်တန်း၊ ပထမတန်း၊ ဒုတိယအတန်း (၂)တွဲစီခွဲ၍ (၃)အုပ် ထုတ်ပေးထားကြောင်း၊ အတွဲခွဲထားချက်များကို ပြုပြင်၊ ဖြည့်စွက်၊ တည်းဖြတ်လိုပါက အကြံဥာဏ်ပေးကြရန် တင်ပြပါသည်။

ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ အကြံပေးဆွေးနွေးရာတွင် တိုင်းရင်းသားစာပေသင်ကြားရေးသည် လူမျိုးနွယ်စု၏ အဓိကတာဝန်ဖြစ်သဖြင့် သက်ဆိုင်ရာမျိုးနွယ်စုမှ ရဟန်းသံဃာ၊ လူပညာရှင်များမှ အတည်ပြုပေးရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေးသံဃာအဖွဲ့မှ အတွင်းရေးမှူး ဦးသုဇန(အေးစေတီကျောင်း)မှ တိုင်းရင်းသားစာပေနှင့် ပတ်သက်၍ သည်စာပေမှ ဟိုစာပေမှ စသဖြင့် အငြင်းပွားရန်မလိုအပ်ပဲ အများသဘောတူဖြစ်သည့် စာပေဖြစ်ဖို့ လိုအပ်ကြောင်း မိန့်ကြားပါသည်။

ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေးသံဃာအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးဣန္ဒာဝုဓ(စခဲုင်းကျောင်းဆရာတော်)၏ အကြံပေးချက်မှာ ပအိုဝ်းစာပေသရတွဲ (၆)တွဲသည် ယခုအချိန်ခါတွင် လက်ရှိသင်ကြားနေပြီး အများသုံးစာပေလည်းဖြစ်သဖြင့် သရစဉ်နှင့် ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်စရာ မရှိကြောင်း၊ သို့သော် သရတွဲများကို ရှေ့နောက်ညီညွန်စေရန် အစီအစဉ်ကျကျ  ပြန်စိစစ်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။ နိုင်ငံတော်မှလည်း လွတ်လပ်စွာ သင်ကြားခွင့်ပေးလာသဖြင့် သင်ကြားရန် သဘောတူကြောင်းလည်း မိန့်ကြားပါသည်။

ဆက်လက်၍ ဦးပညာဗုဓ်မှ အစိုးရကျောင်းတွင် သင်ကြားရန် ဆရာ/ဆရာမများ မွေးထုတ်ရေးအစီအစဉ်ကို တင်ပြရာတွင် ခန့်မှန်းခြေ ဆရာ/ဆရာမဦးရေ (၁၈၀၀)ခန့်ကို သင်ကြားပေးမယ့် ဆရာ(၅၀)ဦးခန့် လိုအပ်ကြောင်း၊ ထိုဆရာ(၅၀)ဦးကိုလည်း ရဟန်းသံဃာတော်များဘက်မှပင် တာဝန်ယူသင်ကြားပေးသင့်ကြောင်း၊ ကျောင်းတွင်း သင်ကြားမည့် ဆရာ/ဆရာမများကို ဘွဲ့ရ၊ အနိမ့်ဆုံး (၁၀)တန်းအောင်မြင်ပြီးသူများနှင့် ပထမလတ်တန်းအောင်သူများ ဖြစ်သင့်ကြောင်း တင်ပြပါသည်။

စာအုပ်ရိုက်နှိပ်ထုတ်ဝေရေး ကုန်ကျစရိတ်နှင့် ဆရာဖြစ်သင်ကြားရေး ကုန်ကျစရိတ်များကို ဆက်လက်ဆွေးနွေးရာတွင် ပထမအဆင့်အနေနဲ့ စာအုပ်ရိုက်နှိပ် ထုတ်ဝေရေး ကုန်ကျစရိတ်ကို အောက်ဖော်ပြပါ အဖွဲ့အစည်းများအသီးသီးမှ ထောက်ပံ့ကူညီကြရန် သဘောတူညီမှု ရရှိပါသည်။

၁။ ပအိုဝ်းစာပေ မြှင့်တင်ပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့          ကျပ် - (၁)သိန်း
၂။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.0)                            ကျပ် - (၁)သိန်း
၃။ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့                                ကျပ် - (၁)သိန်း
၎။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဌာနေပြည်သူ့စစ်                 ကျပ် - (၁)သိန်း
၅။ ပအိုဝ်းမော်အဖွဲ့နှင့် ပအိုဝ်းတိုင်းရင်းဆေးဆရာအဖွဲ့        ကျပ် - (၁)သိန်း
၆။ ပအိုဝ်းသုခုမအနုပညာအဖွဲ့                                     ကျပ် - (၁)သိန်း
၇။ ပအိုဝ်းအမျိုးသမီးအဖွဲ့                                            ကျပ် - (၁)သိန်း

ဒုတိယအဆင့်အနေဖြင့် ဆရာဖြစ် သင်ကြားရေးစရိတ်အတွက်ကိုမူ ဆက်လက်ဆွေးနွေးကြရန် ပြောကြားသည်။

နောက်ဆုံးအဆင့် ဆွေးနွေးချက်မှာ - ပအိုဝ်းတိုင်းရင်းသားစာပေ သင်ကြားရေးအတွက် ပအိုဝ်းအမျိုးသားစု တစ်ရပ်လုံးပါဝင်နိုင်ရန်အတွက် ပအိုဝ်းလူမျိုးများ နေထိုင်လျက်ရှိသည့် ဒေသအသီးသီးမှ ရဟန်းသံဃာတော်များ၊ ပညာရှင်များ၊ အနယ်အရပ်ရပ်မှ ဖွဲ့စည်းထားသည့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို အားလုံး စုစည်းပြီး ပြဋ္ဌာန်းစာအုပ်နှင့်ပတ်သက်၍ လုပ်ဆောင်ထားချက်များနှင့် အတည်ပြုချက်များကို ချပြရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပသင့်ကြောင်း ဆွေးနွေးကြပါသည်။

အထွေထွေ ဆွေးနွေးချက်များအရ - တိုင်းရင်းသားစာပေသင်ကြားရေးအတွက် ပအိုဝ်းတစ်မျိုးသားလုံး ပါဝင်အတည်ပြုရေးအတွက် (၂၇-၃-၂၀၁၃) တပေါင်းလပြည့်ကျော် (၁)ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ရက်သတ်မှတ်ခြင်း၊ သင်ကြားမည့် ကျောင်းအရေအတွက် ပြုစုရေးကို ဦးပညာဗုဓ်က ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတစ်ပင်မြို့နယ်အတွင်းရှိ ကျောင်းကို တာဝန်ယူပြုစုပေးမည်ဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ကျောင်းအရေအတွက်ကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ တာဝန်ယူပြုစုပေးရန် ဖြစ်သည်။

အစည်းအဝေး ဆုံးဖြတ်ချက်များ

၁။ နိုင်ငံတော်မှ စီမံချက်၊ ပြဋ္ဌာန်းချက်၊ ခွင့်ပြုချက်အရ အစိုးရစာသင်ကျောင်းများတွင် သင်ကြားမည့် ပအိုဝ်းစာသင်ပုန်းကြီးကို ပြဋ္ဌာန်းစာအုပ်မူကြမ်းအဖြစ် အတည်ပြုခြင်း၊

၂။ အစိုးရကျောင်းတွင် ပအိုဝ်းစာပေသင်ကြားရေးအတွက် ဆရာ/ဆရာမများ မွေးထုတ်ပေးရေး အစီအစဉ်ကို (၂၇-၃-၂၀၁၃)တွင် ကျင်းပမည့် အစည်းအဝေးတွင် တင်ပြရန်၊

၃။ ဆရာဖြစ်သင်ကြားရေးအတွက် ကုန်ကျစရိတ်များကို ပအိုဝ်းလူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန်ယူပံ့ပိုးပေးရန်။

အစည်းအဝေးမှတ်တမ်းတင်သူ -
 ဒေါက်တာခင်လေးရီ၊ ကထိကသမိုင်းဌာန၊ တောင်ကြီးတက္ကသိုလ်

အစိုးရအတန်းကျောင်း၌ ပအိုဝ်းတိုင်းရင်းသား စာပေသင်...ကြားရေးနဲ့ ပြဋ္ဌာန်းစာအုပ်များကို အတည်ပြုရေးအတွက် စည်းဝေးခြင်း

အစည်းအဝေးကို (၁၇-၃-၂၀၁၃)နေ့ နံနက်(၁၀း၀၀)နာရီတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.0) ရုံး၌ ကျင်းပသည်။

ပထမဦးစွာ ဦးပညာဗုဒ်မှ အစည်းအဝေး ခေါ်ယူရခြင်းအကြောင်းရင်းကို တင်ပြရာတွင် နိုင်ငံတော်မှ စီမံချက်၊ ပြဋ္ဌာန်းချက်၊ ခွင့်ပြုချက်အရ ပအိုဝ်းတိုင်းရင်းသားစာပေကို မိမိတို့၏ သင်ပုန်းကြီးဖြင့် မိမိတို့၏ မူအရ သင်ကြားရန်အတွက် ပအိုဝ်းသင်ပုန်းကြီး၌ပါရှိသော သရစဉ်အတွဲ (၆)တွဲကို သူငယ်တန်း၊ ပထမတန်း၊ ဒုတိယအတန်း (၂)တွဲစီခွဲ၍ (၃)အုပ် ထုတ်ပေးထားကြောင်း၊ အတွဲခွဲထားချက်များကို ပြုပြင်၊ ဖြည့်စွက်၊ တည်းဖြတ်လိုပါက အကြံဥာဏ်ပေးကြရန် တင်ပြပါသည်။

April 7, 2013

နောင်တရားမြို့၊ ရတနာရန်နိုင်စေတီတော်ဘုရား

 ၁၃၇၄-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့ နံနက်အချိန်မှာ
...
နောင်တရားမြို့၊ မြို့ဦးစေတီဖြစ်တဲ့ ရတနာရန်နိုင်စေတီတော်ဘုရားကြီး
ထီးတော်တင်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာနက္ခတ်ကောင်း အခါသမယဖြစ်တဲ့
နံနက်(၇)နာရီအချိန်မှာ စေတီတော်မြောက်ဘက်မုခ်တွင် အပူဇော်ခံထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ရွှေထီးတော်များကို
ရွှေထီးငွေထီးမိုးပြီး စေတီတော်အား လက်ယာရစ် သုံးပတ်ပတ်ကာ
ပင့်ဆောင့်ပူဇော်ပါတယ်။
နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ရွှေထီးတော်များနောက်မှာ
နောင်တရားကျောင်းရှိ ရဟန်းတော်များနဲ့အတူ
ပအိုဝ်းရိုးရာ အိုးစည်ဗုံမောင်းတီးအဖွဲ့က အစဉ်အတန်း လိုက်ပါစေပါတယ်။

April 1, 2013

သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ

သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ။

သာဂရသည် ပျူမြို့ဖြစ်သည် သာဂရကို ပျူလို့ သတ်မှတ်နိုင်ပြီဗျ လို့ ၀မ်းသာလွန်းတဲ့လေသံနဲ့ ဆရာဦးနိုင်ဝင်းတစ်ယောက် အော်လေရဲ့။ ကျွန်တော်တို့ အားလုံး ဆရာကို အံသြစွာဝိုင်းကြည့်မိကြတယ်။

နွေနေရဲ့ပူပြင်းလှတဲ့ မွန်းတည့်နေရောင် အောက်မှာ ချွေးသံတရွဲရွဲ၊ အပြုံးမျက်နှာနဲ့ ဆရာဦးနိုင်ဝင်းက အောင်နိုင်သူစစ်သူကြီးတစ်ဦးက ဓါးတစ်စင်းကို ကိုင်ထားသလို စာရေးထားတဲ့ အုတ်ချပ်ကျိုးကို ကိုင်ဆောင်ထားလေတယ်။

ဟောဒီမှာလည်းတစ်လုံးဆရာ၊ ဒီဟာဟုတ်ရဲ့လားဆရာနဲ့ ကျွန်တော်တို့လည်း ပိုမိုတက်ကြွလာတယ်၊ အုတ်ပုံတွေ၊ အဆောက်အအုံဟောင်းတွေရဲ့ အုတ်တွေလှန်ကြ၊ပွတ်ကြ နဲ့အလုပ်ရှုတ်နေကြတာပါ။

အုတ်ပုံတွေရှိရာကိုရှာကြတယ်၊ ကံကောင်းချင်တော့ ရှင်ဇလွန်ဘုရာကြီးမွမ်းမံနေလို့ အုတ်ဟောင်းတွေအများ ကြီးရှိနေတယ်။

ကျွန်တော်က သာဂရကို ပျူလို့ယုံကြည်ပြီးသား၊သက်သေပြဖို့လိုတယ်၊ ပစ္စည်းသက်သေတွေက ဆရာတို့ပြောထားလို့ အားလုံးသိနေကြပြီ၊ ပိုမိုခိုင်အောင်လို့ စာပေအထောက်အထားရှာတာပါ၊
လို့ ထမင်းစားပြီး ဆေးပေါ့လိပ်ကို သောက်ရင်း အတွေးရင့်ရင့်နဲ့ ဆရာဦးနိုင်ဝင်းက ဆိုပါတယ်၊ ဆရာသိပ်မယုံဘူးဆိုတာသိပါတယ်လို့ ကျွန်တော်မျက်နှာကို ကြည့်ရင်းဆိုပါတယ်၊ ကျွန်တော်က ပြန်ပြုံးပြလိုက်မိတယ်။

သုတေသနဆိုတာပြောတော့အတော်လွယ်တယ်၊ လုပ်ရတော့အရမ်းခက်တယ်၊ တွေ့ပြန်တော့လည်း အများယုံအောင် ပြောဖို့လိုပြန်ကော၊ သမိုင်းသုတေသနကပိုခက်တယ်ဗျ။

အုတ်မှာရေးထားတဲ့ရှေး ဗြဟ္မီတို့၊ ပျူစာတွေကို သက်သေပြဖို့ ကျွန်တော်စာပါတဲ့ အုတ်(၄၀၀၀)ကျော်စုထားပြီးပြီး၊ အဓိက မွန်ပြည်နယ်ထဲမှာ၊ အခု တနင်္သာရီတိုင်းအတွင်းက သာဂရကို စရှာတာပါ လို့ ဆိုပြန်တယ်။

ဆရာရေ၊ တံဆိပ်ပါတဲ့အုတ်ချပ်တွေအများကြီး ကျွန်တော်တွေ့ဖူးပါတယ်၊ အချို့က လေးထောင့်ပုံ၊ အချို့က အင်္ဂလိပ်စာလုံးတွေ၊ အချို့က ဟိုခြစ်ဒီခြစ်ပါလို့ ကျွန်တော်က ပြောပါတယ်။ ဆရာက တပည့်တစ်ဦးကို ဆရာပီသတဲ့ အပြုံးနဲ့၊ ဆရာာတွေ့ဖူးတာတွေ က ရှေးစာတွေပါ လို့ ပြန်ပြောတယ်၊

ဟုတ်လို့လားဆရာလို့ ကျွန်တော်က အထွန့်တက်တဲ့အခါ ဒီမှာကြည့်ဆိုပြီး ဆရာကြီးဦးရွှေဇံအောင်ရေးတဲ့ စာအုပ်ထဲက ရှေးဗြဟ္မီ၊ ပျူစတဲ့ အက္ခရာတွေထုတ်ပြတယ်။

ကျွန်တော်တို့လည်း စာအုပ်ထဲက အက္ခရာတွေနဲ့ အုတ်ချပ်မှာပါတဲ့အမှတ်အသားတွေတိုက်ကြည်တဲ့အခါ အရမ်းကို တူညီနေတာတွေ့ရတယ်၊ အံ့လည်းအံ့သြ၊ ၀မ်းလည်းဝမ်းသာဗျာ၊ ဆရာယုံပြီလားလို့ပြောရင်း ဟောဒီလေးထောင့်က ဗ၊ ဟောဒီအစင်းက ရ၊ ဟောဒီကြက်ခြေခတ်လိုဟာက ကလို့ ဆက်ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းကို ကြည့်ရင်း ကိုယ်ကို ကိုယ့် ၀မ်းနည်းဒေါသဖြစ်လိုက်ရတာ၊ အမြဲလိုလို တွေ့နေရတဲ့ အင်မတန်အရေးပါတဲ့ စာပေအထောက်အထားတွေကို လွှင့်ပစ်ထားခဲ့မိတယ်။

ဆရာဦးနိုင်ဝင်းကို လည်းကျေးဇူးတင်လိုက်တာဗျာ၊ အောက်ခြေ လွတ်ဘ၀င်မြင့်နေတဲ့စိတ်တွေပျောက်သွား တယ်။ ပညာရှင်တွေကို လေးစားလိုက်တာဗျာ၊ ဆရာက ကျွန်တော်ကို နှစ်သိမ့် ပါတယ်၊ ဆရာအပြစ် မဟုတ်ပါဘူးဗျာ၊

သမိုင်းသီအိုရီတွေက ပြောင်းလဲနေတာဘဲ၊ ရှေးဆရာကြီးတွေလည်း ကြိုးစားခဲ့တာဘဲ၊ ဒါပေမယ့် ကိုယ်တိုင်လည်း ရှာဖို့လိုတယ်၊ ဒီနေရာမှာ အဖြစ်နိုင်ဆုံးအမှားတွေက ပထမအချက် အုတ်ဆိုရင် အရွယ်ကြီးလေရှေးကျလေဆိုတဲ့အချက်ပါ။

အခုစာပါတဲ့ အုတ်အများစုက ၈လက်မလောက်ဘဲကြီးတယ်၊ ဒုတိယအချက်က အက္ခရာသမိုင်းကို မသိကြတာ၊ စာကို မြင်လို့စာမှန်းမသိတာ၊ တတိယအချက်က ဘယ်သူမှမဖော်ထုတ်ဘူးသေးတော့ လေ့လာရမှန်း မသိသေးတာလို့ ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းက မော်လမြိုင်တက္ကသိုလ် သမိုင်းဌာနမှာတာ ၀န်ထမ်းဆောင်နေပါတယ်၊ စာမေးပွဲပြီးခွင့်ယူပြီး ထားဝယ်ကို လာတယ်၊ ပြီးတော့ သာဂရမြို့ဟောင်းကို လေ့လာတယ်၊ ဆရာရဲ့အထူးပြုလေ့လာတဲ့ သမိုင်းပညာရပ်က အုတ်ချပ်တွေမှာရေးထားတဲ့ စာကို လေ့လာမှတ်တမ်းတင်ဖော်ထုတ်တာဖြစ်ပါတယ်။

အခုဆရာဦးဆောင်ပြီး ထားဝယ်တက္ကသိုလ်ကဆရာတွေ၊ ရှေး သုက၀န်ထမ်းတွေ၊ သာဂရဒေသခံတွေစုပေါင်း လုပ်ဆောင်ကြတာပါ။

စာပါတဲ့အုတ်ချပ်တွေကို သာဂရမြို့ဟောင်းအတွင်း ရှင်ဇလွန်ဘုရား၊ ရဟန္တာသိမ်၊ မြေတိုက်ကျောင်း၊ မြို့ဟောင်းအပြင်က ပျူသချိုင်္င်း၊ မြင်ထင်တောင်တွေမှာတွေ့ရပါတယ်၊ သာဂရမြို့ဟောင်းအတွင်း အချိန်နည်းလို့ သေချာမရှာရသေးပါဘူး၊

ဒါ့အပြင် စခန်းကြီးကျေးရွာ၊ ရပ်ခံတောင်တွေမှာလည်း လေ့လာတဲ့အခါ ထပ်မံတွေ့ရှိရပါတယ်။ သုတေသနကာလ၄/၅ရက်လောက် ဆရာဦးနိုင်ဝင်းရှာတွေ့ခဲ့တဲ့ စာပါအုတ်ချပ်(၅၀)လောက်စုထားမိတယ်၊ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်။ ဆရာတို့ဆက်လုပ်စေချင်တယ်၊ ဒီထက်မကရှိအုံးမှာလို့ ပြောပါတယ်။

ကျွန်တော်တို့အရေးတစ်ကြီးဆက်လုပ်ရမှာပါ။ ဗြဟ္မီအက္ခရာက မြတ်စွာဘုရားရှင်လက်ထက်နဲ့၊ အာသောကမင်းကြီးလက်ထက်တွေမှာသုံးတယ်၊ ပျူအက္ခရာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀လောက်ကစသုံးပြီး ပုဂံခေတ်အစောပိုင်းအထိသုံးတယ်၊

ထင်ရှားတဲ့ ရာဇကုမာကျောက်စာဆိုတာရှိပါတယ်။ အခုကျွန်တော်တို့ ထားဝယ်သားတွေလည်း စာပေအထောက်အထားတွေရှိနေပြီ၊ ဆက်လက်သုတေသနလုပ် ရအုံး။ ဆရာဦးနိုင်ဝင်းကြွေးကြော်သလို သာဂရသည် ပျူဖြစ်တယ်ဗျို့လို့ ကျွန်တော်လည်း အော်တယ်ဗျာ။

ဆရာဦးနိုင်ဝင်းအား ရိုသေစွာရှစ်ခိုးကန်တော့ပါ၏။

Posted From Sayazaw Zawthura

မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ကျင်းပ

ပအိုဝ်းအမျိုးသားနေ့ အခါတော်သမယ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၆ ရက်) မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်ကျေးရွာမှာ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အခမ်းအနားတရပ်ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၀ံသ မှ ပွဲတော်ကို ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ ထိမ်းသိမ်းကြဖို့ စတဲ့ သြ၀ါဒစကားများ မိန့်ကြားတော်မူခြင်းနှင့် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆရာတော် ဘဒ္ဒန္တစန္ဒ၀ံသ ဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ သာသနာပြု သီတင်းသုံးနေထိုင်ပါတယ်။

ဒဲဉ်သီးလာဗွေပွဲ

သည်နှစ်မှာတော့ တောင်ကြီးဒဲဉ်သီးလာဗွေပွဲကို မတက်ဖြစ်သလို၊
တ၀ီးမွူး(ရင်းမှီး) ဒဲဉ်သီးလာဗွေပွဲကိုလည်း မသွားဖြစ်ပါဘူး။ အနီးဆုံးဖြစ်တဲ့ နမ်းပါလင်းကျောင်းက တပေါင်းလပြည့်ပွဲကိုပဲ သွားဖြစ်ပါတယ်။ ဒါပေမယ့် ဒဲဉ်သီးလာဗွေပွဲသက်သက်တော့ မဟုတ်ပါဘူး၊ ကထိန်သင်္ကန်းကျိုး၊ သိမ်တက် ရဟန်းခံ၊ သိက္ခာထပ်ပွဲနှင့် ကျောင်းတိုက် ဆေးသုတ်အကျိုး၊ ဘီဒို၊ လှေကားအကျိုးတရားနာအလှူပွဲကြီး ဖြစ်ပါတယ်။ ဧည့်ပရိသတ်တွေကို ထမင်းနဲ့ ဧည့်ခံကျွေးမွေးသလို ခါးရည်ကြမ်းနဲ့လည်း တည်ခင်းဧည့်ခံကြပါတယ်။

ကျနော်တို့ဆီက ပွဲအကြောင်းပြောရရင် နောင်တရားကထိန်ပွဲနဲ့ နမ်းပါလင်းပွဲတို့ဟာ အစည်ဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုနှစ် တပေါင်းလပြည့် နမ်းပါလင်းပွဲဟာလည်း အထူးပြောစရာမလိုပဲ ပွဲလာသူတွေနဲ့ ဆိုင်ခန်းတွေ အပြည့်နေရာယူထားကြတာကို တွေ့ရပါတယ်။ ပွဲလာပရိသတ်တွေကတော့ ထမင်းသုံးဆောင်တဲ့သူက သုံးဆောင်၊ ခါးရည်သောက်တဲ့သူက သောက်ကြတာပေါ့။ ဒါပေမယ့် နေပူတဲ့အတွက် အရိပ်ရှိရာ သစ်ပင်အောက်နဲ့ ခါးရည်ဧည့်ခံတဲ့ မဏ္ဍပ်မှာ နားနေကြတာ များပါတယ်။

တင်းထက် ပအိုဝ်းရိုးရာရှင်ပြုပွဲ

တင်းထက် ပအိုဝ်းရိုးရာရှင်ပြုပွဲ 
===============

ပင်လောင်းမြို့နယ်၊ တင်းထက်ကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ 
ရှင်လောင်းအပါး(၆၀၀) ပအိုဝ်းရိုးရာရှင်ပြုပွဲဟာ ဆိုလို့ရှိရင် 
မတ်လ(၂၉)ရက်ကနေ စပြီး ဧပြီ(၂)ရက်နေ့အထိ 
(၅)ရက်တိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။
 
သည်ကနေ့ ဧပြီ(၁)ရက်နေ့မှာတော့ ဧည့်ခံတဲ့နေ့ဖြစ်ပြီး 
နက်ဖြန် ဧပြီ(၂)ရက်နေ့ကျရင် ရှင်ပြုတရားနာ ရေစက်ချမှာဖြစ်တယ်။

ဒါကြောင့် ခွန်ခမ်းကူတို့လည်း အလှူဖိတ်စာတွေ
 တပွေ့တပိုက်ကြီး လက်ခံရရှိတာမို့လို့ 
တင်းထက်ပွဲကို သည်နေ့ မသွားမနေ သွားရမှာ ဖြစ်ပါတယ်။
ပွဲလည်းသွားရင်း သတင်းလည်း ယူရင်းဆိုပါတော့၊
ကုသိုလ်လည်းရ ဗဟုသုတ အကျိုးလည်းရှိစေမှာ ဖြစ်တယ်။
အပြန်ခရီးကျရင် အသေးစိတ်သတင်း အချက်အလက်တွေ 
သယ်ယူလာမှာ ဖြစ်ပါတယ်။
ပွဲအတော်စည်တယ်လို့ ကြိုသွားတဲ့သူတွေက ပြောကြတဲ့အတွက် 
စိတ်လှုပ်ရှား ကြည်နူးစရာတော့ ဖြစ်မှာအမှန်ပါပဲ။

အွန်လိုင်းပေါ်က  ရဲုင်းဖက်ခွန်နင်,သူငယ်ချင်းများအတွက်လည်း
 ကုသိုလ်တွေ ဝေမျှပေးဦးမှာပါ။

 သူငယ်ချင်းများ -
 သာဓုနော သာဓု- - ကို မျှော်လင့် စောင့်စားနေကြပါလို့။

ခွန်ခမ်းကူ (၁-၄-၂၀၁၃)

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts