တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်
သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ
ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့
စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင်
မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့်
စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး
ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ
အဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်
No comments:
Post a Comment