May 13, 2013

အိုဝ်းကုလား မဖြစ်ရအောင် ရွှေပအိုဝ်းများ သတိဝီရိယ ထားကြပေတော့

အောက်ကပုံကတော့ မွတ်ဆလင်ကုလားတွေ စနစ်တကျ မြေအကွက်ချပြီး မောင်ပိုင်သိမ်းဖို့လုပ်ထားတဲ့ ပုံပါပဲ။ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအနီးနားက သမိုင်းဝင် နမ်းစဲစ်- ဘုရားဆိုတာ ရှိပါတယ်။ အဲဒီဘုရားဝင်းမှာလည်း ပင်စုံဆရာတော်က သာသနိကအဆောက်အဦးတွေ အခု တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ အဲဒီဘုရားရဲ့ အရှေ့ဘက် ဈေးအနီး အမဲသားရောင်းတဲ့ မွတ်ဆလင်ကုလားတစ်အိမ် ရှိပါတယ်။ မွတ်ဆလင်ကုလားဟာ လာစတုန်းက သူအစ္စလာန်ဘာသာဝင် မဟုတ်ဘူး၊ အစ္စလာန်ဘာသာဝင်ကနေ သူ့ကို ပယ်လိုက်ပြီတဲ့ စသဖြင့် သနားစရာပုံစံနဲ့...

May 8, 2013

ဒီမိုပအိုဝ်းလူငယ်အဖွဲ့

ဒီမိုပအိုဝ်းလူငယ်အဖွဲ့မှ ဦးစီး၍ လူ့ဂုဏ်သိက္ခာမြင့်တင်ရေးသင်တန်းကို မေလ ၁ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု နမ်းဟူးဘုန်ကြီးကျောင်း၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယင်းသင်တန်းအား သင်တန်းသားစုစုပေါင်း တစ်ရာကျော်ခန့် တက်ရောက်လေ့လာပြီး သင်တန်းဖွင့်လှစ်ပွဲးအခန်းအနားမှာ နမ်းဟူးကျောင်းဆရာတော် ဦးဝါယာမ သြ၀ါဒခံစကား မိန့်ကြားခဲ့သည်။ “ဒီမိုကရေစီထွန်းကားနိုင်ရေး အရပ်ဖက်လူ့အဖွဲ့စည်း များများလိုတယ်။ ခေတ်စနစ် နားမလည်သော...

May 4, 2013

ရှမ်းပြည်မှာ မိုးသည်းထန်၊ လေပြင်းတိုက်လို့ ၁၁ ဦးသေ

ရှမ်းပြည်နယ် ကလော၊ ဆီဆိုင်၊ ကျောက်မဲဒေသတွေမှာ မိုးသည်းပြီး လေပြင်းတိုက်လို့   ၁၁ ဦး သေဆုံး ပြီး ၇ ဦး ဒဏ်ရာရ၊ ၄ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။   မုံရွာမြို့မှာ လေပြင်းတိုက်လို့ သစ်ပင်တွေ ပြိုလဲပြီး ကားတစီးပေါ်သို့ ပိနေပုံ၊ ဓာတ်ပုံ- ဧရာဝတီ မေလ ၂ ရက်နေ့ နံနက် ၁ နာရီကျော်လောက်မှာ ကလောမြို့နယ်၊ ရွှေမင်းဖုန်း ကျေးရွာအုပ်စု၊ ရွှေတောမှာ မိုးသည်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်တွေ ပြိုလဲ၊ အဆောက်အအုံတွေ ပျက်စီးပြီး...

May 1, 2013

တောင်ကြီးမြို့ တွင် မော်ဒမ်မြင့် ခေတ်မီ

တောင်ကြီးမြို့ တွင် မော်ဒမ်မြင့် ခေတ်မီ မော်တော်ယာဉ်များအများအပြား ၀ယ်ယူသုံးစွဲ မှုများ ရှိ လာသည်နှင့်အမျှ လမ်းစည်းကမ်း ယာဉ်စည်းကမ်းတို့ကို လေးစားလိုက်နာမှုမရှိ စည်းကမ်းမဲ့ စွာတို့ဖြင့် မောင်းနှင်အသုံးပြုလျှက်ရှိနေကြသည်ကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများတို့ဘက်မှလဲ စည်းကမ်းနှင့်အညီ အမြဲမပြတ် တာဝန်ယူထိန်းသိမ်း ကြပ်မတ် ဖမ်းဆီးအရေးယူ ပညာပေးမှုများ မရှိသလောက်ပင်ဖြစ်နေပါသည်။ အရေးယူလုပ်ဆောင် ချက်များအလွန်အားနည်း ယိုယွင်းလျှက်ရှိနေသည်။...

April 27, 2013

ပင်လောင်းမြို့နယ် ကောင်ထို-ထီယွန်းရွာက ပအိုဝ်းရိုးရာရှင်လောင်းပွဲ

ပင်လောင်ြးးမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ကောင်ထို-ထီယွန်း ကျောင်းရေစက်ချ အလှူတော်မင်္ဂလာနဲ့... ပအိုဝ်းရိုးရာ ရှင်ပြု ရဟန်းခံအလှူတော်မင်္ဂလာပွဲ (၂၇-၄-၂၀၁၃) စနေနေ့ ယနေ့ဟာ နောက်ဆုံးနေ့ တရားနာရေစက်ချပွဲနေ့ဖြစ်တယ်။ ဧည့်ခံတဲ့နေ့တုန်းက ပရိသတ်တွေ ရှင်တကာအိမ်တွေမှာ လာပြီး ကုသိုလ်ဝင်ကြတာ များပေမယ့် ဒီနေ့အဖို့မှာတော့ ရှင်လောင်းလှည့်နဲ့ ပွဲဝင်ကြတာကို ကြည့်ရှုချင်လို့ လာကြတာက များပါတယ်။ ပရိသတ်တွေ တော်တော်များပြီး စည်ကားသလို တချို့နေရာတွေမယ် ဖုန်ကလည်း...

စာမှု နှစ်ခုနဲ့ ပအိုဝ်းစာပေ ဘယ်လဲ”

လူမျိုးတစ်မျိုး၏ အသက်ကာ စာပေဖြစ်သလို စာပေတိုးတက်မှ လူမျိုးတိုးတက်နိုင်မှာ ဖြစ်ပါသည်။ စာပေသည် အလင်းရောင်ကိုဆောင်သလို ညီညွှတ်မှုနှင့် အပြန်အလှန် ဆက်နွယ်ပေါင်းကူးမှုကိုပါ ဖော်ဆောင်စေပါသည်။ ထို့အတူ ပအိုဝ်းအမျိုးသားတို့၏ စာပေကာ ပအိုဝ်းစာဖြစ်သလို၊ ပအိုဝ်းစာသင်ကြားရေး၊ ပအိုဝ်းစကား ပြောဆို ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်မှသာ ပအိုဝ်းစာပေထွန်းကားလာမှာ ဖြစ်ပါသည်။ ပအိုဝ်းစာတ...က် မြောက်သင်ကြားခြင်းဖြင့် တောင်ပေါ်၊ မြေပြန့် ပအိုဝ်းအချင်းချင်း ဂီတ၊ ဓလေ့၊ အမြင်ချင်း...

April 25, 2013

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာသင်တန်း

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်ကြတဲ့ ပင်လောင်း/နောင်တရားနယ်၊ စန္တားခမ်း သင်တန်းသား/သူများ ==================================== ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းမှာ ဖွင့်လှစ်တဲ့ ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ပင်လောင်း/နောင်တရားမြို့နယ်၊ စန္တားခမ်းရှိ သင်တန်းသား/သူများ စုစုပေါင်း( ၁၁၁ )ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်း/သူတွေဟာ (၂၄-၄-၂၀၁၃)နေ့ညမှာတော့ နောင်တရားစာသင်တိုက်မှာ အားလုံးစုရပ်အဖြစ် ညအိပ်တည်းကြပါတယ်။ အဲဒီညမှာလည်း နောင်တရားတိုက်အုပ်ဆရာတော် ဦးတေဇနိယစတဲ့ သံဃာတော်တွေကို...

April 24, 2013

အောင်ပန်းနှင့် ဟဲဟိုးအကြားတွင် စိုင်းဗိုလ်ဟိန်းဆိုင်းအဖွဲ့စီးနင်းလာသောကား တိမ်းမှောက်မှုဖြစ်ပွား

 ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့အကြားတွင် ၂၀၁၃ ခု ဧပြီလ (၂၀) ရက်နေ့ ညပိုင်း တွင် ဆိုင်းအဖွဲ့သားများ တင်ဆောင်လာသည့် ဒိုင်နာကားတစ်စီး ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ... အဆိုပါယာဉ်အား ယာဉ်မောင်း ဦးတင်ထွန်း (တောင်ကြီးမြို့နေသူ) မောင်းနှင်လာခဲ့ပြီး စိုင်းဗိုလ်ဟိန်း ဆိုင်းအဖွဲ့သားများ တင်ဆောင်ကာ၊ ကျောက်ဆယ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာစဉ် အောင်ပန်းနှင့် ဟဲဟိုးအကြား သီခေါင်တောင် အဆင်းတွင် ကားဘီးပေါက်၍ လမ်းဘယ်ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ (၁၆)...

ဘယ်ပအိုဝ်းစာကို သင်ယူရမှာလဲ - - - ?

ယခုအချိန်ခါမှာ နိုင်ငံတော်အစိုးရက တိုင်းရင်းသားအခွင့်အရေးတွေကို ပေးလာပြီဖြစ်တယ်။... ပအိုဝ်းစာတောင်မှ အစိုးရအတန်းကျောင်း မူလတန်းအဆင့်မှာ သင်ယူဖို့ ခွင့်ပြုလာပြီဖြစ်တယ်။ (၂၃-၄-၂၀၁၃)နေ့ တောင်ကြီးမြို့၊ ထီသိမ်ကျောင်းမှာ သင်တန်းနည်းပြဆရာကို တမြို့နယ်လျှင် (၄)ဦးစီ ခေါ်ပြီး၊ ဆရာဖြစ်သင်တန်းကို စတင် ပို့ချနေပြီလို့ သိရပါတယ်။ မကြာမီ အဲဒီ(၄)ဦးက ကိုယ့်နယ်ဒေသကို ပြန်ရောက်တဲ့အခါ ချက်ချင်းပဲ အတန်းကျောင်း(၁)ကျောင်းလျှင် (၂)ဦးကျ ဆင့်ပွားသင်တန်းအဖြစ် သင်တန်းသား/သူ ရာချီလောက်ကို ဆရာဖြစ်သင်တန်း ပြန်လည်ပို့ချမှာ ဖြစ်ပါတယ်။...

April 23, 2013

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ် တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး 23.4.2013 ... မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀ အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက) ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက် စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း...

မိုးနဲမြို့နယ်တွင်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ဒေသခံတစ်ဦးအား ပြန်ပေးဆွဲ ငွေတောင်းယူမှုဖြစ်ပွား

 23.4.2013 ရှမ်းပြည်နယ် အရှေ့ပိုင်း မိုးနဲမြို့နယ်၊ နားခံကျေးရွာတွင် ယမန်နေ့က ရွာသားတစ်ဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ယွက်ဆစ်အဖွဲ့ မှ ဖမ်းဆီးသွားပြီး ငွေတောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။... “ အဲဒီနေ့ မနက်ကိုးနာရီလောက်မှာ ယွက်ဆစ်အဖွဲ့က ငါးဦးလောက် ရွာထဲကို ၀င်လာတယ်၊ လက်ထဲမှာလည်း သေနတ်တွေကိုင်ထားတော့ အိမ်ထဲက အိမ်ပြင်မထွက်ရဲ ကြဘူး၊ ပြည်ခိုင်ဖြိုး ပါတီ က ကျေးရွာစည်းရုံးရေးမှူး အိမ်ကို ၀င်သွားတာတွေ့တယ်၊ ငါးမိနှစ်လောက်ကြာတော့ အဲဒီအဖွဲ့နဲ့ အတူ ကျေးရွာစည်းရုံးရေးမှူး ပါသွားတယ် ၊ ဒီနေ့ထိတော့ ရွာထဲကို ပြန်ရောက်မလာသေးဘူး၊ ယွက်ဆစ်အဖွဲ့က...

April 22, 2013

စခဲုင်းကျောင်းသိမ်တော်ရေစက်ချ အလှူမင်္ဂလာပွဲ

သိမ်ကျောင်းတော်ရေစက်ချ အလှူမင်္ဂလာပွဲ၊ ရှင်ပြုပွဲ၊ ရှင်လောင်းပွဲနှင့် စခဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ က္ကုန္ဒာဝုဒ သက်တော် (၅၂) နှစ်ပြည့် မွေးနေ့ပွဲတော်ကို တောင်ကြီးမြို့ နောင်လေကျေးရွာအုပ်စု၊ စခဲကျောင်းတိုက်တွင် ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။ စခဲကျောင်းတကာ ရွာပေါင်း (၇) ရွာ အိမ်ခြေ (၂၀၀) ရှိကြောင်း၊ ရှင်လောင်း ၂၆ ပါး၊ ရဟန်းလောင်း ၅ပါး၊ ရိုးရိုးရှင်ပြု ၂၇ ပါး နှင့် သိက္ခာထပ်သံဃာ စုစုပေါင်း ၆၂ ပါးရှိကြောင်း သိရသည်။ ရှင်ပြုပွဲကို ကျင့်ပရခြင်းမှာ ဗုဒ္ဓယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ၊ သာသနာထွန်းကားအောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင်နှင့်...

April 19, 2013

ဗောင်း (သို့မဟုတ်) နိန်းရွှေဖီတို့ ထွက်ရာမြေ

 ဗောင်းအရပ်သို့ မရောက်ဖြစ်တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် သည်နှစ်မှာတော့ ဇာတိရပ်-နောင်တရားမှာ သင်္ကြန်ကျတာမို့လို့ ဗောင်းကျောင်းကို ဆရာကန်တော့ဖြစ်ခဲ့တယ်။ ဗောင်းဟာ အရင်ကလို မဟုတ်တော့ပဲ တမူထူးခြားစွာ တိုးတက်နေတဲ့ ဗောင်းဖြစ်နေတာကို အံ့သြစွာ တွေ့ခဲ့ရပါတယ်။ ဗောင်းရွာခံပုဂ္ဂိုလ်နဲ့ စကားစပ်မိလို့ ဗောင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အနည်းငယ်ကို ဗဟုသုတအဖြစ် သိရှိခွင့်ရခဲ့တယ်။ တကယ်တော့ ဗောင်းကျောင်းတိုက်ဟာ နောင်တရားမြို့ကနေ အရှေ့ဖက်ကို ထီရီးဗောင်းလမ်းအတိုင်း (နောင်တရား= ကောင်နာ(နဂါးပတ်)=ပင်ခါး= ထီရီး=ထီရီးတယန်= ဗောင်းကျောင်း)သို့ ကား/ဆိုင်ကယ်တွေနဲ့...

April 15, 2013

တောင်ကြီးမြို့ရဲ့ ဆိုင်ကယ်သင်္ကြန်

မြန်မာ့ရိုးရာအတာ သင်္ကြန် အကြတ်နေ့ဟာ မကြာခင်နာရီပိုင်းအတွင်း အဆုံးသတ်ပါတော့မယ်။ဒီကနေ့ တောင်ကြီးမြို့မှာတော့ ထုံးစံအတိုင်း  ဆိုင်ကယ်အများအပြား တွေ့ရတဲ့အတွက် ဆိုင်ကယ်သင်္ကြန်လို့ ခေါ်ရမလိုပါပဲ။ ဒီအချက်က ရန်ကုန်နဲ့မတူတဲ့အချက် ဖြစ်မှာပါ။အရေးတကြီး ပြောစရာရှိတာတွေထဲက တခုကတော့ ဆိုင်ကယ်စီးနင်းသူ အများစုက ကိုယ့်အသက်ကို အကာအကွယ်ပေးမယ့် ဦးထုပ်တွေ ဆောင်းမထားကြဘူး ဆိုတာပါပဲ။ ကိုယ်က တခုခုကို ၀င်တိုက်လို့၊ တပါးသူက ကိုယ့်ကို ၀င်တိုက်လို့ စသဖြင့်သော မတော်တဆမှုများဖြစ်ပွားရာကနေ...

PNO အဖွဲ့ သိမ်းယူသောမြေနှင့် ပတ်သက်၍ ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေး

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ ဧက ၇၀၀ ကျော် အသိမ်းခံရသောမြေယာများ ပြန်လည်ရရှိရန် PNO လူကြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြေသိမ်းခံရသော တောင်သူတို့ မတ်ခ်ျလ ၃ ရက်၌ နားဘောင် PNO ရုံးတွင် ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ “ကျွန်တော့်အနေနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တယ်၊ ဘာပဲဖြစ်ဖြစ် တစ်ဦးမှာ မေတ္တာ၊ တစ်ဦးမှာစေတနာ အချင်းချင်းပေးမည့်သူနဲ့ တောင်းဆိုမည့်သူ မျှမျှတတဖြစ်အောင်၊ ပြေလည်အောင် ဆွေးနွေးကြ၊ ဘယ်လိုနည်းနှင့် ပြေလည်ပြေလည်၊ ပြေလည်ခြင်းကိုလက်ခံမည်” ဟု တောင်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက...

ပအိုဝ်းနယ်အသီးသီးရှိ ပအိုဝ်းဆရာ-ဆရာမများကို မွမ်းမံသင်တန်းပေးဖို့ ခေါ်ယူခြင်း

၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်းများမှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့်အား နိုင်ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။ သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံသင်တန်းတက်ရန် ပီအဲန်အိုက တရားဝင် ခေါ်ယူလိုက်ပြီဖြစ်သည်။ သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မမခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းအောင် (သို့မဟုတ်) ပထမလတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု...

April 11, 2013

၂၀၁၄ ခု ASEAN Civil Society Conference/ASEAN People’s Forum ကို မြန်မာနိုင်ငံတွင် ကျင်းပမည်

၂၀၁၃ ခုနှစ် ဘရူနိုင်းနိုင်ငံ အာဆီယံလူထု အဖွဲ့အစည်းညီလာခံနှင့် အာဆီယံပီးပေါးဖိုရမ် (ASEAN Civil Society Conference/ASEAN People’s Forum) ကို ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝန်မြို့တွင် ဧပြီလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။ ယင်းညီလာခံအား အာဆီယံနိုင်ငံအတွင်း၌ရှိသော အရက်ဘက်လူ့အဖွဲ့အစည်းများနှင့် လူထုများ ၃၀၀ ကျော် တက်ရောက်ပြီး ပထမရက်တွင် အာဆီယံသမိုင်းအကျဉ်းနှင့် ဘရူးနိုင်းနိုင်ငံသမိုင်းအကျဉ်းကို တင်ပြဆွေးနွေးခဲ့သည်။ အာဆီယံသမိုင်းအကြောင်းကဏ္ဍမှာ Building Our Future Together ဆိုသည့် ခေါင်းစဉ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။...

April 10, 2013

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူးခြားအံ့ဖွယ် ထမ်းစမ်း သဘာဝလှိုဏ်ဂူတော်ကြီး

 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏အရှေ့ဘက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အနီးတွင်ရှိသော ထမ်းစမ်းသဘာဝလိုဏ်ဂူတော်ကြီးတွင် ဗုဒ္ဓသာသနာ တိုးတက်ခိုင်မာ တည်တံ့ပြန့်ပွားရေးအတွက် ဟိုပုံးကိုရင်လေး အရှင်ပေါရိဿမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ၏ အင်အားဖြင့် ထမ်းစမ်းရွှေတိဂုံစေတီတော်နှင့် သာသနာပိုင်းဆိုင်ရာ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ...

April 8, 2013

ပအိုဝ်းနယ်ဒေသ အစိုးရအတန်းကျောင်းများတွင် ပအိုဝ်းစာပေ သင်ကြားတော့မည်။

အစိုးရအတန်းကျောင်း၌ ပအိုဝ်းတိုင်းရင်းသား စာပေသင်...ကြားရေးနဲ့ ပြဋ္ဌာန်းစာအုပ်များကို အတည်ပြုရေးအတွက် စည်းဝေးခြင်း အစည်းအဝေးကို (၁၇-၃-၂၀၁၃)နေ့ နံနက်(၁၀း၀၀)နာရီတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (P.N.0) ရုံး၌ ကျင်းပသည်။ ပထမဦးစွာ ဦးပညာဗုဒ်မှ အစည်းအဝေး ခေါ်ယူရခြင်းအကြောင်းရင်းကို တင်ပြရာတွင် နိုင်ငံတော်မှ စီမံချက်၊ ပြဋ္ဌာန်းချက်၊ ခွင့်ပြုချက်အရ ပအိုဝ်းတိုင်းရင်းသားစာပေကို မိမိတို့၏ သင်ပုန်းကြီးဖြင့် မိမိတို့၏ မူအရ သင်ကြားရန်အတွက် ပအိုဝ်းသင်ပုန်းကြီး၌ပါရှိသော...

April 7, 2013

နောင်တရားမြို့၊ ရတနာရန်နိုင်စေတီတော်ဘုရား

 ၁၃၇၄-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့ နံနက်အချိန်မှာ...နောင်တရားမြို့၊ မြို့ဦးစေတီဖြစ်တဲ့ ရတနာရန်နိုင်စေတီတော်ဘုရားကြီး ထီးတော်တင်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာနက္ခတ်ကောင်း အခါသမယဖြစ်တဲ့ နံနက်(၇)နာရီအချိန်မှာ စေတီတော်မြောက်ဘက်မုခ်တွင် အပူဇော်ခံထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ရွှေထီးတော်များကို ရွှေထီးငွေထီးမိုးပြီး စေတီတော်အား လက်ယာရစ် သုံးပတ်ပတ်ကာ ပင့်ဆောင့်ပူဇော်ပါတယ်။ နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ရွှေထီးတော်များနောက်မှာ နောင်တရားကျောင်းရှိ ရဟန်းတော်များနဲ့အတူ ပအိုဝ်းရိုးရာ အိုးစည်ဗုံမောင်းတီးအဖွဲ့က...

April 1, 2013

သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ

သာဂရသည် ပျူမြို့ဖြစ်သည် သာဂရကို ပျူလို့ သတ်မှတ်နိုင်ပြီဗျ လို့ ၀မ်းသာလွန်းတဲ့လေသံနဲ့ ဆရာဦးနိုင်ဝင်းတစ်ယောက် အော်လေရဲ့။ ကျွန်တော်တို့ အားလုံး ဆရာကို အံသြစွာဝိုင်းကြည့်မိကြတယ်။ နွေနေရဲ့ပူပြင်းလှတဲ့ မွန်းတည့်နေရောင် အောက်မှာ ချွေးသံတရွဲရွဲ၊ အပြုံးမျက်နှာနဲ့ ဆရာဦးနိုင်ဝင်းက အောင်နိုင်သူစစ်သူကြီးတစ်ဦးက ဓါးတစ်စင်းကို ကိုင်ထားသလို စာရေးထားတဲ့ အုတ်ချပ်ကျိုးကို ကိုင်ဆောင်ထားလေတယ်။ ဟောဒီမှာလည်းတစ်လုံးဆရာ၊ ဒီဟာဟုတ်ရဲ့လားဆရာနဲ့ ကျွန်တော်တို့လည်း...

မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ကျင်းပ

ပအိုဝ်းအမျိုးသားနေ့ အခါတော်သမယ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၆ ရက်) မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်ကျေးရွာမှာ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အခမ်းအနားတရပ်ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၀ံသ မှ ပွဲတော်ကို ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ ထိမ်းသိမ်းကြဖို့ စတဲ့ သြ၀ါဒစကားများ မိန့်ကြားတော်မူခြင်းနှင့် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို...

ဒဲဉ်သီးလာဗွေပွဲ

သည်နှစ်မှာတော့ တောင်ကြီးဒဲဉ်သီးလာဗွေပွဲကို မတက်ဖြစ်သလို၊ တ၀ီးမွူး(ရင်းမှီး) ဒဲဉ်သီးလာဗွေပွဲကိုလည်း မသွားဖြစ်ပါဘူး။ အနီးဆုံးဖြစ်တဲ့ နမ်းပါလင်းကျောင်းက တပေါင်းလပြည့်ပွဲကိုပဲ သွားဖြစ်ပါတယ်။ ဒါပေမယ့် ဒဲဉ်သီးလာဗွေပွဲသက်သက်တော့ မဟုတ်ပါဘူး၊ ကထိန်သင်္ကန်းကျိုး၊ သိမ်တက် ရဟန်းခံ၊ သိက္ခာထပ်ပွဲနှင့် ကျောင်းတိုက် ဆေးသုတ်အကျိုး၊ ဘီဒို၊ လှေကားအကျိုးတရားနာအလှူပွဲကြီး ဖြစ်ပါတယ်။ ဧည့်ပရိသတ်တွေကို ထမင်းနဲ့ ဧည့်ခံကျွေးမွေးသလို ခါးရည်ကြမ်းနဲ့လည်း တည်ခင်းဧည့်ခံကြပါတယ်။ ကျနော်တို့ဆီက ပွဲအကြောင်းပြောရရင် နောင်တရားကထိန်ပွဲနဲ့ နမ်းပါလင်းပွဲတို့ဟာ အစည်ဆုံးလို့ ဆိုရမှာ...

တင်းထက် ပအိုဝ်းရိုးရာရှင်ပြုပွဲ

တင်းထက် ပအိုဝ်းရိုးရာရှင်ပြုပွဲ =============== ပင်လောင်းမြို့နယ်၊ တင်းထက်ကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ ရှင်လောင်းအပါး(၆၀၀) ပအိုဝ်းရိုးရာရှင်ပြုပွဲဟာ ဆိုလို့ရှိရင် မတ်လ(၂၉)ရက်ကနေ စပြီး ဧပြီ(၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။ သည်ကနေ့ ဧပြီ(၁)ရက်နေ့မှာတော့ ဧည့်ခံတဲ့နေ့ဖြစ်ပြီး နက်ဖြန် ဧပြီ(၂)ရက်နေ့ကျရင် ရှင်ပြုတရားနာ ရေစက်ချမှာဖြစ်တယ်။ ဒါကြောင့် ခွန်ခမ်းကူတို့လည်း အလှူဖိတ်စာတွေ တပွေ့တပိုက်ကြီး လက်ခံရရှိတာမို့လို့ တင်းထက်ပွဲကို...

March 29, 2013

မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

ပအိုဝ်းအမျိုးသားနေ့ အခါတော်သမယ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၆ ရက်) မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်ကျေးရွာမှာ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အခမ်းအနားတရပ်ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၀ံသ မှ ပွဲတော်ကို ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ ထိမ်းသိမ်းကြဖို့ စတဲ့ သြ၀ါဒစကားများ မိန့်ကြားတော်မူခြင်းနှင့် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို...

March 28, 2013

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက် မီးလောင်မှု

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက် သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး...

March 27, 2013

""""ဟိုပုံးမြို.ဆိုသည်မှာ..."" "

ဟိုပုန်းမြို့ သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့ နယ် ၏မြို့ ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများအား အာဏာမစွန့်လွတ်မီက ဟိုပုန်းသည်မြို့ စားနယ်တစ်နယ်ဖြစ်ခဲ့ရာ ထိုစဉ်ကဟိုပုန်းမြို့ သည် ဟိုပုန်းမြို့ စား၏ ရုံးစိုက်မြို့  ဖြစ်လေသည်။ ယင်းသည် ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမှအရှေ့စူးစူး ၁၂ မိုင်ကွာအရပ်၌တည်ရှိလေသည်။ ဟိုပုန်းဟူသော အမည်သည် မြို့ နယ်တည်ရှိရာ ရေမြေကိုအစွဲပြု၍...

March 25, 2013

စိုက်ပျိုးရေးဒေသ တောင်ကြီးအတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲ

ပိုးသတ်ဆေး ဥပဒေ နှင့် မြေသြဇာ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ဆွေးနွေးပွဲများကို စိုက်ပျိုးရေးဌာနက မြို့ကြီးအများအပြားတွင် ပြုလုပ်လျက်ရှိရာ ယနေ့ အလှည့်ကျသည့်မြို့မှာ တောင်ကြီးမြို့ ဖြစ်သည်။ တောင်ကြီးမြို့ စိုက်ပျိုးရေးရုံးတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပိုးသတ်ဆေး၊ မြေသြဇာ သုံးသည့် တောင်သူများ၊ ရောင်းချသည့် လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးဌာန အရာရှိကြီးများ တက်ရောက်ကြသည်။ စိုက်ပျိုးရေးဦးစီးဌာန ဥပဒေ ပညာရှင်က ပိုးသတ်ဆေး ဥပဒေ နှင့်...

March 23, 2013

တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့ အထိန်းအမတ်ပွဲတော် အခန်းအနားကျင်းပဖွင့်လစ်

ပအိုဝ်းမျိးသားနေ့ဖြစ်သော တပေါင်းလပြည့်နေ့သည် ခေတ်အဆက်ဆက် ရှိလာခဲ့ရာမှာ ပွဲတော်အထိန်းအမတ်ဖြင့်ကျင်းပရာမှ ၂၀၁၃ ခုနှစ်အပါအ၀င် (၆၄)ကြိမ်မြှောက်ရှိပြီး၊ ယခုနှစ် တွင်လည်းတောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် မတ်လ ၂၂ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။ ... အခမ်းအနားအစီအစဉ်တွင် ပအိုဝ်းအမျိုးသားနေ့အထိန်းအမတ်ပွဲတော်ကို ယခင် ခေတ်အဆက်ဆက် မှာလည်း ကျင်းပလာခဲ့ပြီး လာမည်နောက်နှစ်နောင်နှစ်တွေမှာလည်း ဒီထက်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရမှာ ထိန်းသိမ်းသွားရမှာဟာ ကျွန်တော်တို့ ပအိုဝ်းတမျိုးသားလုံးရဲ့...

March 20, 2013

ပအိုဝ်းလူမျိုးများသည် သူတစ်ပါးတွေရဲ့ကြားထဲမှာ အမေ့ခံထားရသည့် ဘ၀များအဖြစ်သို့မရောက်စေလို

ပအိုဝ်းလူမျိုးများသည် ရှေးပဝေသဏီမှာကတည်းက မြန်မာပြည်မှာနေရာအနံ့ ပြန့်နံ့စွာနေထိုင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းနှင့်ရှမ်းပြည်တောင်ပိုင်း၊ထိုင်းနိုင်ငံဘက်ခြမ်းစသည့်ပြည်နယ်တွေမှာ ခုထက်ထိနေထိုင်လျှက်ရှိကြပါသည်။ရှမ်းပြည်ဘက်တွေမှာဆိုရင်ရှမ်းပြည်စော်ဘွားခေတ်မတိုင်ခင်ကသော်လည်းကောင်း၊ ရှမ်းပြည်စော်ဘွားအာဏာကြီးထွားစဉ်ကာလ တုန်းကသော်လည်းကောင်း ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးပြီးရင် ထင်ရှားသည့်လူမျိုးတစ်မျိုးဖြစ်ပါသည်။ ပဒေသရာဇ်စနှစ်ဆိုးတော်လှန်ရေးကိုတက်ညီလက်ညီအတူတကွတိုက်ပွဲဝင်ခဲ့ကြပြီး၊ ထင်ရှားသည့်ခေါင်းဆောင်များမှာ ဆီဆိုင်က စ၀်ခွန်ကြည်၊...

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts