Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

March 27, 2013

""""ဟိုပုံးမြို.ဆိုသည်မှာ..."" "

""""ဟိုပုံးမြို.ဆိုသည်မှာ...""""

ဟိုပုန်းမြို့ သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့ နယ် ၏မြို့ ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများအား အာဏာမစွန့်လွတ်မီက ဟိုပုန်းသည်မြို့ စားနယ်တစ်နယ်ဖြစ်ခဲ့ရာ ထိုစဉ်ကဟိုပုန်းမြို့ သည် ဟိုပုန်းမြို့ စား၏ ရုံးစိုက်မြို့  ဖြစ်လေသည်။ ယင်းသည် ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမှအရှေ့စူးစူး ၁၂ မိုင်ကွာအရပ်၌တည်ရှိလေသည်။ ဟိုပုန်းဟူသော အမည်သည် မြို့ နယ်တည်ရှိရာ ရေမြေကိုအစွဲပြု၍ ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းနှင့်ပွန်ချောင်း (နမ့်ပွန်) အရှေ့ဘက်ရှိ လွယ်မယ် (လွယ်မောင်) တောင်တန်းတို့ အကြား အနိမ့်ဆုံးအပိုင်းဖြစ်သည့် တံတက်ချေုာင်းကြီးကိုအမှီပြု၍ စိမ့်စမ်းပေါများပြီးလျှင် လယ်ယာလုပ်ခင်းကောင်းမွန်သောတံဘက်လျှိုကြီးရှိရာ ထိုလျှိုမြောင်ကြီးကိုရှမ်းဘာသာဖြင့် ပုင်(ပုန်း)ဟုခေါ်သည်။ ထိုတဘက်လျှိုကြီး၏အစသည်စိမ့်စမ်းများ၏အဦး အထက်ပိုင်း (ရှမ်းဘာသာဖြင့်ဟို)၌တည်ရှိသဖြင့်ထိုလျှိုကြီး၏ အစပိုင်းတည်ရှိသည်ကိုအစွဲပြု၍ဟိုပုန်းဟုခေါ်တွင်ခဲ့ခြင်းဖြစ်လေ သည်။ ရှေးလူကြီးသူမများ၏အဆိုအရအောက်မြန်မာနိုင်ငံတွင် မွန်တို့မြို့ ပြနိုင်ငံထူထောင်နေသည့်ခေတ်အခါက ငဆော်ဘန်ဆိုသူ အမှူးပြုသော တောင်သူလယ်သမားတစ်စုတို့သည် ဟိုပုန်းမြို့ ဖြစ် လာမည့်နေရာတွင်ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခုတ်ထွင်ပြီးလျှင်လူနေအိမ်ခြေစတင်တည်ထောင်ရာမှ တစ်စတစ်စနှင့်ရွာကြီးတစ်ရွာအဖြစ် တိုးတက်လာသည်။ ဟိုပုန်းရွာနှင့်မရှေးမနှောင်းပင်ဘန့်ဖာရွာနှင့်နားခါးရွာတို့ကို လည်းတည်ထောင်ကြသည်။အခြေအနေ တိုးတက်လာသောအခါ ထိုရွာသုံးရွာစုပေါင်း၍ ဘော်သားသုံးပိသာကို နှစ်စဉ်အခွန်ဘဏ္ဍာအဖြစ် မွန်ဘုရင်သို့ဆက်သပြီးလျှင် မွန်ဘုရင်၏ဘုန်းတော်ရိပ်အောက်၌ခိုလှုံကြသည်။ မွန်ဘုရင်ကလည်းထိုရွာများကိုအသိအမှတ်ပြုကာရွာစားနယ်ချုပ်များခန့်ထားအုပ်ချုပ်စေသည်။   နောင်အခါ မြန်မာမင်းများလက် အောက်သို့ကျရောက်၍ ဟိုပုန်းသည်မြို့ စားအုပ်ချုပ်သောနယ်တနယ်ဖြစ်လာသည်။ ဗြိတိသျှအစိုးရလက်ထက်၌လည်းကောင်း၊မြန်မာလွတ်လပ်ရေး ခေတ်၌လည်းကောင်း၊ရိုးရာမြို့ စားအစဉ်အဆက်တို့အုပ်ချုပ်သော မြို့ စားနယ်တစ်နယ်အဖြစ် ဆက်လက်တည်ရှိခဲ့သည်မှာ ပဒေသရာဇ်ရှမ်းစော်ဘွားတို့ အာဏာစွန့်လွတ်သည့် နေ့ရက်တိုင်အောင်ဖြစ်လေသည်။ ယင်းသည့်နောက်တွင် မြန်မာနိုင်ငံပြည်မတွင်ကဲ့သို့အုပ်ချုပ်ရေးစံနစ်ချမှတ်လိုက်သဖြင့် ဟိုပုန်းနယ်သည်မြို့ နယ်တစ်နယ်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ဟိုပုန်းမြို့ ပေါ်တွင်မြို့ နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးအစရှိသော မြို့ နယ်အဆင့် ဦးစီးဌာနရုံးများ၊ ကော်ပိုရေးရှင်းများ၊ အစိုးရအလယ်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း များရှိသည်။ မြို့ နယ်၏ အကျယ်အဝန်းမှာ ၂၁၂ စတုရန်းမိုင်ရှိ၍ လူဦးရေ ( ၁၉၇၂ခုနှစ်) ၆၇ဝဝဝ ယောက်ရှိသည်။ ဗုဒ္ဓဝါဒီရှမ်းလူမျိုးနှင့်ပအိုဝ်းလူမျိုးများ အများအပြားနေထိုင်ကြရာမြို့ နယ်ဖြစ်သည်။ ပြောဆိုကြသော ဘာသာစကားမှာရှမ်းနှင့်ပအိုဝ်းစကားတို့မှလွဲလျှင် မြန်မာစကားကို ပြောဆိုလေ့ရှိကြသည်။ မြို့ ပေါ်နှင့်မြို့ နယ်တွင် ထင်ရှားသော  ရွေချမ်းသာ စေတီတော်ကြီးအပြင် ကြည်ညိုဖွယ်ကောင်းသော စေတီပုထိုးနှင့်ဘုန်းကြီးကျောင်းစုစုပေါင်း ၃ဝ ခန့်ရှိလေသည်။ ရှမ်းပြည်၏တန်ခိုးကြီးဘုရားများတွင်တစ်ဆူအပါအဝင်ဖြစ်သော  ရွှေချမ်းသာစေတီတော်ကြီးသည်ပုဂံပြည့်ရှင်အလောင်းစည်သူ မင်းတရားတိုင်းခန်းလှည့်လည်စဉ်က နယ်သူနယ်သားများကိုးကွယ်ရန်မိမိပင့်ဆောင်လာသော ဗုဒ္ဓရှင်တော်ဘုရား၏ ဓာတ်တော်စစ်ကို အဓိဌာန်ပြု၍ ပွားလာသည့်ဓာတ်တော်ပွားအား ဌာပနာပြီးလျှင် တည်ထားပေးခဲ့သောစေတီဟုဆိုကြသည်။ဓာတ်တော်မွေတော်ကို ဌာပနာ၍တည်ထားသဖြင့် ထိုစေတီကိုမွေတော်ဟု ခေါ်ဝေါ်ကြသည်။မူလက ဉာဏ်တော် ၁၂ တောင်မျှသာရှိရာ အမရပူရမြို့ တည်နန်းတည်ဗဒုံမင်း(ဘိုးတော်ဘုရား) လက်ထက်တွင် ဟိုပုန်းမြို့ စားကြီး ခွန်ကြားသည် မူလစေတီကိုငုံလျက် ဉာဏ်တော်အတောင် ၈ဝ ရှိသော စေတီတော်အဖြစ် ပြုပြင်မွမ်းမံ တည်ဆောက်၍ အတောင် ၂ဝဝ ပတ်လည်ရှိ မဟာရံတံတိုင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဗြိတိသျှအစိုးရလက်ထက် ရှမ်းပြည်ကို ပဒေသရာဇ်ရှမ်းပြည်နယ်အဖွဲ့ ဟူ၍ ဖွဲ့ စည်းပြီး နောက် ခရစ် ၁၉၂၃ ခုနှစ်တွင် ရဟန်းရှင်လူများစုဝေး၍ ထိုစေတီတော်ကို နယ်၏ကောင်းကျိုး နိမိတ်ကို ဆောင်စေရန်သီရီမဂ်လာ ရွှေချမ်းသာစေတီဟု ဘွဲ့ တော်သစ်ဖြင့်သမုတ်ခဲ့ကြလေသည်။ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့ တွင်တစ်ကြိမ်၊ တပေါင်းလပြည့်ကျော် ၆ ရက်နေ့တွင်တစ်ကြိမ် ဘုရားပွဲတော်ကျင်းပလေ့ရှိသည်။ မြို့ နယ်အတွင်းရှိ အမြင့်ပေ ၉ဝဝဝ နီးပါးရှိသောလွယ်မယ်(လွယ်မောင်) တောင်ကြီးသည် လည်းကောင်း၊ သာယာလှပသော ထန့် စန့် လိုဏ်ဂူကြီးသည် လည်းကောင်း၊ သောက်သုံးရေအတွက် ဟိုပုန်းနယ်လူထုတို့မှီခို အားထားနေရသော ဟိုပုန်းရေထွက်ကြီးသည်လည်းကောင်း၊ ဟိုပုန်းမြို့ နယ်၏ထင်ရှားသော ရှုခင်းသာ များဖြစ်ကြလေသည်။ သနပ်ဖက်လုပ်ငန်းသည် ဟိုပုန်းမြို့ နယ်၏ အဓိကလုပ်ငန်းဖြစ်၍ မြို့ နယ်၏ အခြားထွက် ကုန်များမှာ အာလူး၊ ကြက်သွန်ဖြူ. ငရုတ်၊ ဂျုံ. မြေပဲ၊ စပါး၊ ကော်ဖီစေ့၊ လိမ္မော်သီးတို့ဖြစ်ကြသည်။ ဟိုပုန်းမြို့ သည် မိတ္တိလာ•ကျိုင်းတုံ (ယိုးဒယားနယ်စပ်) မော်တော်ကားလမ်းမကြီးပေါ်၌တည်ရှိသည်။ကယားပြည်နယ်၏ မြို့ တော်လွိုင်ကော်သို့လည်း မော်တော်ကားလမ်းတည်ရှိရာ ၈၅ မိုင်ရှည်သည်။သယ်ယူပို့ဆောင်ရေးအတွက်ထိုမော်တော်ကားလမ်း များ၊ နွားလားဝန်တင်လှည်းလမ်းကြောင်းများကိုအသုံးပြုကြရ၍ မြို့ နယ်အတွင်း လေကြောင်း၊ ရေကြောင်းခရီးလမ်းများမရှိချေ။ [၁]ကိုးကား↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

Credit - Hnge Hnge


ဟိုပုန်းမြို့ သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့ နယ် ၏မြို့ ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများအား အာဏာမစွန့်လွတ်မီက ဟိုပုန်းသည်မြို့ စားနယ်တစ်နယ်ဖြစ်ခဲ့ရာ ထိုစဉ်ကဟိုပုန်းမြို့ သည် ဟိုပုန်းမြို့ စား၏ ရုံးစိုက်မြို့  ဖြစ်လေသည်။ ယင်းသည် ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမှအရှေ့စူးစူး ၁၂ မိုင်ကွာအရပ်၌တည်ရှိလေသည်။ ဟိုပုန်းဟူသော အမည်သည် မြို့ နယ်တည်ရှိရာ ရေမြေကိုအစွဲပြု၍ ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းနှင့်ပွန်ချောင်း (နမ့်ပွန်) အရှေ့ဘက်ရှိ လွယ်မယ် (လွယ်မောင်) တောင်တန်းတို့ အကြား အနိမ့်ဆုံးအပိုင်းဖြစ်သည့် တံတက်ချေုာင်းကြီးကိုအမှီပြု၍ စိမ့်စမ်းပေါများပြီးလျှင် လယ်ယာလုပ်ခင်းကောင်းမွန်သောတံဘက်လျှိုကြီးရှိရာ

March 16, 2013

ရှမ်းပြည်နယ် ထဲ က ရှေးဟောင်း မွေတော် ကက္ကူ ဘုရား

ရှမ်းပြည်နယ် ထဲ က ရှေးဟောင်း မွေတော် ကက္ကူ ဘုရား

မွေတော် ကက္ကူ ဘုရားသမိုင်း

မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည်
ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှ
တည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။

Freedom News Group(Burma)
မွေတော် ကက္ကူ ဘုရားသမိုင်း
မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည်
ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှ
တည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။

November 30, 2012

ရှမ်းလူမျိုးများ လွမ်း မိုး ကြီး စိုး သော ခေတ်


ပုဂံခေတ် ပထမ မြန်မာနိုင်ငံတော် ပျက်သုဉ်းပြီး နောက် တစ်နယ် တစ်မင်း တစ်တပ် တစ်ဗိုလ် အကွဲ ကွဲ အပြား ပြားဖြစ် ကာ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး ကာကွယ်ရေး နှင့် ယဉ်ကျေးမှု တို့ အဖက်ဖက် တွင် ဆုတ် ယုတ်ပျက်ပြားနေခဲ့ရသည်။ ယင်း ကာလ ကို ဂျီးအီး ဟာဗီနှင့် ပန်း ဟောလ် အစ ရှိသည့် သမိုင်း ပညာရှင်များ က ရှမ်း လူမျိုး များ လွှမ်း မိုး ကြီး စိုး သော ခေတ် ဟု မြန်မာနိုင်ငံ၏ သမိုင်းကို ပိုင်းခြား သတ် မှတ် ခြင်း ပြုကြ သည်။

ရှမ်းလူမျိုး များသည် မြန်မာနိုင်ငံ မြောက်ဘက်နှင့် အရှေ့ဘက် တောင်ကုန်း ဒေသ များ တစ်ဝိုက် တွင် အင်အား တိုးတက် ကြီးမား လာ ရုံမျှ မက မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ များ သို့ ထိုးဖောက် ၀င် ရောက်ကာ ကျောက် ဆည် လယ်တွင်း နယ် များ ကို အခိုင် အမာ အုပ်စီး ထားမိကြသည်။ ပုဂံပြည် ၏ စီးပွားရေး အုပ်ချုပ် ရေး နှင့် ကာ ကွယ် ရေး အင်အား များ ဆုတ်ယုတ် လျက် ပုဂံမင်း ဆက် ဘုရင်များ ၏ တန်ခိုးအာဏာများ လျော့ ပါးစ ပြု နေ သော အ ချိန် လောက် က ပင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ အထူး သဖြင့် ပုဂံမင်းဆက် များ က စဥ့် ကလျား ဖြစ် သွား သည်နှင့် တပြိုက် နက် ကျောက်ဆည်နယ် မှ ရှမ်းလူမျိုး များ သည် မြန်မာနိုင်ငံ တွင် ၄င်းတို့၏ တန်ခိုး အာဏာ နှင့် မင်းဆက် ကို ထူထောင်ခြင်း ပြု ရန်ကြိုးပမ်း အားထုတ်ကြသည်။

November 29, 2012

ရွေးကောက်ပွဲ


ဘယ်တော့လုပ်မယ်လို့ မကြေငြာသေးတဲ့၊ လာတော့မယ်လို့ ထင်နေကြတဲ့၊ ရွေးကောက်ပွဲအတွက် လှုပ်ရွလှုပ်ရွ ဖြစ်နေကြတာ ကြားနေရလို့၊ အဝေး တနေရာကနေ ဗမာပြည်ရဲ့ အနှစ် (၆ဝ) အတွင်း ရွေးကောက်ပွဲသမိုင်းတွေ ကို ပြန်ကြည့်မိပါတယ်။ ကိုယ်တို့ပြေ ကိုယ်တို့ရွာမှာ ဘယ်လိုရွေးကောက်ပွဲ တွေ လုပ်ခဲ့ပါသလဲ။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပြည်ထောင်စု အစိုး ရဟာ ပထမဦးဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲကြီးကို ၁၉၅၁ ခုနှစ်မှာ ပြုလုပ်ပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံလွတ်လပ် ရေးကို ကြေငြာပြီး ၁၈ လအကြာ၊ ၁၉၄၉ ခုနှစ် ဇွန်လမှာ ကျင်းပဖို့ပါပဲ။
မကျင်းပနိုင်ပါဘူး။ လုံခြုံမှု အာမခံချက်မရှိလို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာ (၂) နှစ်ကြာသွားပါတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ် ဇွန်လ မှာမှ စတင် ကျင်းပနိုင်ပါတယ်။ ရွေးကောက်ပွဲကာလဟာ (၆) လလောက် ကြာခဲ့ပါတယ်။ ဒါတောင် တချို့မဲဆန္ဒနယ်တွေမှာ မဲမပေး နိုင်ခဲ့ပါဘူး။
အဲဒီ ရွေးကောက်ပွဲကြီးမှာ ပြည်ထောင်စုအစိုးရဟာ ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာကို ချိုးဖောက်တဲ့ အပြုအမူတွေ အမြောက်အ မြား ပြုလုပ်ခဲ့တယ်။ လက်နက်ကိုင် ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ သတ်ဖြတ်မှုတွေ၊ မဲခိုးမှုတွေ၊ မဲပုံးပျက်စီးမှုတွေလည်း အများကြီးပါဘဲ။ “ရွေးကောက်ပွဲကိုလည်း အကြိမ်ကြိမ် အလီအလီ ကျင်းပခြင်း ပြုခဲ့ရာ၊ မဲဆန္ဒ နှစ်နယ်၌ ရှုံးနိမ့်သွားသော အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့ သည် နောက်အကြိမ် ကျင်းပသော မဲဆန္ဒနယ် များတွင် အရွေးခံခြင်းပင် ပြုခွင့် ရရှိခဲ့ကြလေသည်” လို့ ဆရာဗန်းမော်တင်အောင်က “ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း” စာအုပ်မှာ ဖော်ပြထားပါတယ်။
သခင်တင်ဟာ ပထမအသုတ်ရွေးကောက်ပွဲမှာ သာယာဝတီခရိုင်က ဝင်ရွေးတာ ရှုံးသွားပါတယ်။ ဒုတိယအသုတ်မှာ ဖြူးမဲဆန္ဒနယ်က ဝင်ရွေးပြီး အမတ်ပြန်ဖြစ်ပါတယ်။
အဲဒီ ရွေးကောက်ပွဲကြီး ပြီးတော့ စပ်ရွှေသိုက်နေရာမှာ သမ္မတအသစ်ရွေးဖို့ အမျိုးသားလွှတ်တော်ကို သမ္မတလောင်းနှစ်ဦး တင်သွင်း လာပါတယ်။ တဦးက ကိုလိုနီဆန့်ကျင်ရေး ဝံသာနု ကာလတုန်းက ဂျီစီဘီအေ အသင်းကြီးဥက္ကဌကြီး (ဟိုတုန်းကအခေါ် သမ္မတကြီး) ဖြစ်တဲ့ မွန်အမျိုးသား ဦးချစ်လှိုင်ဖြစ်ပြီး နောက်တဦးက တောင်သူလယ်သမားသူပုန် ကာလတုန်းက သူပုန်ခေါင်းဆောင်ကြီး ဆရာစံ ကို ကြိုးပေးခဲ့တဲ့၊ နယ်ချဲ့တို့အပေါ် အမှုတော်ထမ်းကောင်းလို့ အင်္ဂလိပ်က ဆာဘွဲ့ပေး သူကောင်းပြုခံရတဲ့ ဦးဘဦး ဖြစ်တယ်။ ပြည် ထောင်စု အစိုးရဟာ ဦးဘဦးကို နာမည်ရှေ့က “ဒေါက်တာ” ဘွဲ့ ဆင်မြန်းပြီး နိုင်ငံတော်သမ္မတ ခန့်လိုက်ပါတယ်။
“အလွန်ကျဉ်းမြောင်းသည့် ဖဆပလ ဆိုရှယ်လစ်တို့သည် ဦးချစ်လှိုင်အား လက်မခံဘဲ၊ မိမိတို့ ကြိုးဆွဲရာကမည့်၊ ရွေးကောက်ပွဲတွင် မိမိတို့အား ကူညီခဲ့သည့် ဆာဘဦးကို ဇွတ်အတင်း တင်ခဲ့ပါသည်…” [ဗိုလ်ချုပ်အကို ဦးအောင်သန်း ရေး- ၁၆ နှစ် နိုင်ငံရေးအတွေ့ အကြုံ]။
ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အရွယ်ရောက်ပြီး မဲဆန္ဒပေးနိုင်သူ ၈ သန်းရှိရာမှာ (၁) သန်းခွဲလောက်သာ မဲပေးနိုင်ခဲ့တာမို့ နှစ် ဆယ်ရာနှုန်းတောင်မပြည့်ပါဘူး။
အာဏာရ ဖဆပလအစိုးရဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်အရ၊ ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပပေးရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာရပါတီထဲမှာ အကွဲအပြဲတွေ အတော်ပြင်းထန်နေတာ တွေ့နေရပါပြီ။ ဦးကျော်ငြိမ်း နဲ့ ဦးနု အပြန်အလှန်ပေးစာ (၁၉၅၆ ခု ဇူလိုင် ၃ ရက်) ကို ကြည့်ရင် သိသာပါတယ်။ ဝန်ကြီးချုပ်ဦးနုနဲ့ သခင်တင်က တအုပ်စုနဲ့ ဆို ရှယ်လစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးဘဆွေ နဲ့ ဦးကျော်ငြိမ်းက တအုပ်စု ဖြစ်ပါတယ်။ နုတင်- ဆွေငြိမ်း တိုက်ပွဲလို့ နံမည်တွင်ခဲ့ပါတယ်။
ဒီတချီ ရွေးကောက်ပွဲကို အလီလီအလာလာ လုပ်မနေတော့ပဲ တချီထဲနဲ့ အပြတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မဲဆန္ဒနယ် ၁ဝ ခု ကို တော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ထားရပါတယ်။ သတ်ဖြတ်မှုတွေကလည်း ကြောက်စရာကောင်းလောက်အောင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ပေါ်ခဲ့ပါတယ်။
အာဏာရပါတီဟာ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကိုယူပြီး ပြည်တွင်းစစ် အမြစ်ဖြုတ်ရေး ရည်ရွယ်ချက်နဲ့ လက်နက်တပ်ဆင် ပေးထားတဲ့ “ပြူစောထီး” ဆိုတာကို မွေးထုတ်ထားပါတယ်။ အဲဒီ ခါးပိုက်ဆောင် ပြူစောထီးတွေဟာ အတိုက်အခံတွေကို ညှင်းဆဲ ရုံမ က၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရမ်းကားချင်တိုင်း ရမ်းကားလာပါတယ်။ ရှမ်းပြည်နယ်မှာ ပအို့ဝ်အမတ် ဦးအောင်သာ သတ်မှု၊ မင်းလှ လေးလောင်းပြိုင်၊ မြိတ် မပို သတ်မှုတို့ဟာ နာမည်ကျော်ခဲ့ပါတယ်။
ဒီ ဒုတိယအကြိမ် ရွေးကောက်ပွဲက ပထမအကြိမ်ထက် ၂ ဆနီးပါး တိုးတက် မဲပေးတာ တွေ့ရတယ်။
အာဏာရပါတီတွင်းတိုက်ပွဲဟာ နုတင်-ဆွေငြိမ်း ဆိုပြီး ပြောင်ကွဲသွားပါတယ်။ သန့်ရှင်းဖဆပလ နဲ့ တည်မြဲဖဆပလ လို့ ဖြစ်သွားပါ တယ်။ စစ်တပ်တွင်းက တည်မြဲဖဆပလကို လိုလားတဲ့ အင်အားစုတွေဟာ ဦးနုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစီလာပါတယ်။ ၁၉၅၈ စက်တင်ဘာ ၂၈ လောက်တွင် စစ်တပ်က အာဏာသိမ်းမယ်လို့ ကောလာဟလတွေ ထွက်လာပါတယ်။ ဒါပေမယ့် စက်တင် ဘာ ၂၆ မှာတော့ ဝန်ကြီးချုပ်ဦးနုဟာ သူနဲ့ ဗိုလ်ချုပ်နေဝင်း တို့ အပြန်အလှန်ပေးစာနှစ်စောင်ကို ရေဒီယိုကနေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ပေးစာဆိုလိုရင်းက သူက ဝန်ကြီးချုပ်ရာထူးက ထွက်ပေးပြီး ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်ရာထူး ယူဖို့ ဖြစ်ပါတယ်။ အာဏာသိမ်းတော့မယ့် ဗိုလ်ချုပ်နေဝင်းကို အကင်းပါးတဲ့ ဦးနုက သူ့သဘောနဲ့သူ လွှဲပေးလေဟန် တိုင်းပြည်ကို ကြေငြာလိုက်ပါ တယ်။
တည်မြဲဖဆပလက စစ်တပ်ကို အာဏာလွှဲခြင်းအား ထောက်ခံရုံမက သူကပင် စစ်တပ်ကို အာဏာသိမ်းခိုင်းသယောင် သတင်းလွှင့် ကြပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းကတော့ “ထိုသို့ သတင်းလွှင့်မှုကြောင့် (ဝါ) ဦးကျော်ငြိမ်း၏ စကားလုံးများအတိုင်း ရေးရ လျှင် စစ်တပ်အတွက် အငှားတရားခံ လိုက်ခဲ့မှုကြောင့် …..” လို့ ၁၆ နှစ်နိုင်ငံရေး အတွေ့အကြုံ စာအုပ်ထဲ ရေးထားပါကြောင်း။
[ကိုးကားစာအုပ်များ။
၁။ ဗန်းမောင်တင်အောင်- ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း
၂။ ဗိုလ်ချုပ်အကို ဦးအောင်သန်း- ၁၆နှစ် နိုင်ငံရေးအတွေ့အကြုံ။
၃။ နုတင် နှင့် ဆွေငြိမ်း ဘယ်သူမှန်သလဲ။]

November 7, 2012

ပအိုဝ်းနောက်ခံသမိုင်း

ဆင်းသက်လာပုံ
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းတည်ထောင်ထားသောနိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသရင်းကားတရုတ်အနောက်ပိုင်းမွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်း မြင့်ဒေသတွင်အနေကြာလာသောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီးရေကြည်ရာ မြက်နုရာဒေသများကိုရှာဖွေ၍ ပြောင်းရွှေ့ကြပြန်၏။ ထိုသို့ပြောင်းရွှေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ရောက် ရှိလာခဲ့ပါသည်။
မြန်မာပြည်တွင်းသို့ အုပ်စုသုံးစုကွဲ၍၀င်ရောက်လာကြ၏။ ယင်းအုပ်စုသုံးစုမှာ

ပအိုဝ်းနောက်ခံသမိုင်း1

မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်း
            မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုးများအနက် မွန်လူမျိုးသည် ရှေးအကျဆုံးဖြစ်ဖွယ်ရာရှိသည်။ မွန်တို့သည် တရုတ်ပြည်အနောက်ပိုင်းရှိ ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ဆင်းသက်လာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ၊ မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝအရပ်ဒေသတို့၌ မြို့ရွာတည်ထောင်နေထိုင်ခဲ့ကြသည်။ မွန်လူမျိုးတို့၏ ရှေးအကျဆုံးမြို့တော်မှာ သုဝဏ္ဏဘုမ္မိသထုံဖြစ်၏။ ပဲခူး၊ ဟံသာဝတီတို့မှာ သထုံပြည်မှသွားရောက်၍နောက်မှတည်ထောင်သောမြို့ဖြစ်လေသည်။
            ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇ၀င်၊ စာမျက်နှာ ၂၃ တွင် “ ဆာဂျွန်ဂျာဒင်းအလိုမှာ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီးဖြစ်သောတောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်ဟုဆိုသည်။ သထုံမြို့ကား ယခုအခါတောင်သူလူမျိုးတို့၏ အချက်အချာဒေသဖြစ် သည်။ သထုံရာဇ၀င်တွင် သထုံ၌တောင်သူပအူလူမျိုးမင်းများစိုးစံကြောင်းဆိုသည်။ တောင်သူလူမျိုးတို့သည် ရှေးကပုဂံနယ်၊ ယခုပခုက္ကူအ ပါ နယ်တွင်လည်းရှိကြသည်။ ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင် ဆာဂျွန်ဂျာဒင်း၏အယူအဆကိုလက်ခံလျှင် တောင်သူခေါ် ပအိုဝ်းလူမျိုးတို့သည် မွန်တို့ထက်စော၍၀င်ရောက်လာကြသည်ဟူ၍ယူဆဖွယ်ရာဖြစ်လေသည်။

ပအိုဝ်းနောက်ခံသမိုင်း

ပအိုဝ်းနှင့် မွန်
            သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံနေထိုင်ခဲ့ကြသည်ဟုဆိုနိုင်သည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇ၀င်တွင် “ ဆာဂျွန်ဂျာဒင်း၏အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီး တောင်သူလူမျိုး တို့ကိုနှင်ထုတ်ရသည် ” ဟုဖော်ပြထားသည်။
            ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ “ သုဝဏ္ဏပကာသနီကျမ်း ” စာအုပ်တွင် မနုဟာမင်းသည် အရမည မင်း၏ သားတော်ဖြစ်၏။ အရမညမင်း၏ ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုးဖြစ်သည်ဟု ” ရေးသားဖော်ပြထားပေ သည်။
            အထက်ပါအကြောင်းအရာများကိုထောက်လျှင် ပအိုဝ်းတိုင်းရင်းသားနှင့် မွန်တိုင်းရင်းသားတို့သည် အောက်မြန်မာပြည်တွင် ချစ်ခင် ရင်းနှီးစွာ ရောယှက်နေထိုင်ခဲ့ကြကြောင်းထင်ရှားပေသည်။ ယနေ့တိုင်အောင်ပင် ပအိုဝ်းတိုင်းရင်းသားတို့သည်မွန်လူမျိုးတို့နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဒေသများတွင် အချင်းချင်းရင်းနှီးချစ်ကြည်စွာ ဆက်ဆံနေထိုင်လျက်ရှိကြပေသည်။
            အချို့သက်ကြီးရွယ်အို ပအိုဝ်းတိုင်းရင်းသားများက တောင်သားလူမျိုးများသည် ပအိုဝ်းတိုင်းရင်းသားအနွယ်ဟုယူဆပြောဆိုကြ သော်လည်း၊ တောင်သားတို့သည် ပျူအနွယ်ဟုယူဆခြင်း၊ ပအိုဝ်းတို့နှင့် ဘာသာစကားတူညီမှုမရှိခြင်းတို့ကြောင့် တောင်သားလူမျိုးသည် သီးခြားလူမျိုးတစ်မျိုးဖြစ်ပေလိမ့်မည်။

တောင်ကြီးမြို့ရဲ့ နောက်ခံသမိုင်း

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်
အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်
တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်
နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´
ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။

ပအိုဝ်းအမျိုးသား(ပျူ)၏ သမိုင်း အဆက်


အပိုင်း(၁)
အခန်း(၁)
          သက်ရှိကမ္ဘာ
                           ကမ္ဘာမြေရဲ့စြဖ်စဉ်အရ တစတစ်နှစ်သက်ရှီဖြစ်ပေါ် လာပြီး နောက်ဆုံး အဆင့်မှာ လူသားမျိုးနွယ်ဖြစ်ပေါ်လာတယ်။ အမိကမ္ဘာမြေရဲ့ သယံဇာတတွေကို မှီဝဲစား သုံးကြတယ်။ လူရိုင်းဘ၀ကစပြီး လူဟာပတ်ဝန်း ကျင်ကို အသုံးချလာကြတယ်။ လူ့ယဉ်ကျေး မှု သုံးရပ်ဟာ အာရှမှာ တစ်ချိန်ထဲ တစ်ပြိုင်ထဲ လိုဖြစ်ပေါ်လာတယ်။ နိုင်းမြစ်ဝှမ်း၊ ယူဖရေ တီမြစ်းဝှမ်းတို့မှာ ဖြစ်တယ်။ ဒီနေရာသုံးခု ကနေ ဖြန့်ပြီးလူသားမျိုးနွယ်သုံးခုဖြစ်လာတယ်။ အသားအရေဖြူတဲ့   ကော့ကေးရှန်းအမျိုး အနွယ်၊  အသားဝါတဲ့ မွန်ရိုလွိုက်အနွယ်နှင့် အသားမဲ့တဲ့ နီဂရိုးအနွယ်တို့ပဲ ဖြစ်တယ်။
          ဖြစ်ပေါ်တိုးတက်မှုနှစ်များကြာလာတဲ့အခါ မူလမိသားစုကလေးကနေ မိသားစုအုပ် ကြီးအဖြစ် ရောက်ရှိလာတယ်။ မိသားစုနွယ်တစ်ခုနှစ် တစ်ခုဟာ လွမ်းမိုးမှုတွေ ဖြစ်လာ တယ်။ အားကြီးသူတွေက အုပ်ချုပ်သူတွေဖြစ်လာပြီး အားနည်းသူတွေက ကျေး ကျွန်တွေဖြစ်လာတယ်။ လူဦးရေ တိုးပွားများပြားလာတော့ နေရာတိုးချဲ့လာကြတယ်။ လူမိသားစု အနွယ်ကြီးများနှင့် လူ့အုပ်စုအဖွဲ့ကြီးတို့ဟာ တစ်နေရာကနေ အခြားတစ် နေရာကို ၀င်ရောက်သွားလာကြပြီး သင့်တော်တဲ့ ရေကြည်ရာမြတ်နုရာ အရပ်တွေမှာ အခြားဒေသကြီး တစ်ခုသို့ ကူးပြောင်းရောက်ရှိသွားလာကြပြီး သင့်တော်တဲ့ ရေကြည်ရာ မြတ်နုရာ အရပ် တွေမှာာ နေရာချကြတယ်။ အလယ်ပိုင်း မွန်ဂိုလီးယား(သို့မဟုတ်) အာရှမှ ရုရှားတွေက ရှေးလူကြီးများအဆိုအရ မွန်ဂိုးလီးယား၊ တောင်ဘက်က အူဂရို့အော်တီးယား နယ်မှာ နေကြတဲ့ တူရေနီးယန်းမိသားစု အနွယ်မှ ညီအစ်ကိုမောင်နှစ်မ ခုနှစ်ဖေါ် မိသားစုအုပ်စုဆိုတာရှီတယ်။ ဒီညီအစ်ကို မောင်နှစ်တွေရဲ့ အမည်များကတော့ ပူ၊ တော့၊ ဂျန်၊ မိယာအို၊ ငေါဝ်ကား၊ ကီစီနှင့် ကင်းတို့ပဲဖြစ်တယ်။ ဒါဟာ ရှေး ကရင်လူကြီးများအဆိုအရ ကရင်မျိုးနွယ်မှာ ညီအစ်ကို မောင်နှမ ခုနှစ်ဖော်ဖြစ်တဲ့ နော်ဘောကလေ၊ နော်ပအို၊   နော်ပဒယ်၊ စောပကူး၊ စောမောနေဘွား၊ စောဝေေ၀ါနှင့် စောချိတ်တို့ရဲ့ပုံပြင်နှင့် တိုက်ဆိုင်တူညီလျက်ရှိတယ်။ ကရင်လူမျိုးတွေရဲ့ လူမှုနေထိုင်ရာအရပ်ဟာလဲ အာရှအလယ် ပိုင်း အူဂရိုအော်တီယား နယ်ကပဲဖြစ်တယ်။ ကရင်ရဲ့ ကိုယ်ကာယအသွင်အပြင်တွေဟာ တူးရေးနီးယန်းမိသားစုနွယ်နှင့် မွန်ဂိုးလီးယားနွယ်တွေနဲ့တူနေပါတယ်။ အဲဒါကို ဘုန်းတော်ကြီး ဂျွန်ဟက်ကနေးနှင့် ပါမောက္ခဒီလာကူအိုပဲရီတို့က ထောက်ခံကြရာမှာ တူရေး နီးယန်းမိသားစုနွယ်တွေဟာ တစ်ခါက အာရှအလယ်ပိုင်းမှာနေခဲ့ကြတယ်လို့လဲ ဖြစ်ပါတယ်။
          မစ္စတာပေါ်တာစမစ်နှင့် ဘုန်းတော်ကြီးဂျွန်စမစ်တို့နှစ်ဦးစလုံးက ကရင်လူမျိုးနွယ်တွေ ဟာ တခါက တိဘက်ကနေ ယခုယူနန်နယ်အစိတ်အပိုင်းဖြစ်တဲ့ ဇီချွန်နှင့် ကွေချောင်နယ်တို့ သို့ ၀င်ရောက်လာခဲ့ကြတယ်လို့အပြတ်ပြောဆိုကြတယ်။ ဒီပညာရှင် ကျောင်းတော် သားကြီး  တွေအားလုံးရဲ့ တွေ့ရှိချက်တွေကတော့ ကရင်လူမျိုးတွေဟာ အာရှအလယ်ပိုင်း ကနေ တရုတ်ပြည်အနောက်တောင်ဘက်ကို ၀င်ရောက်လာခဲ့ကြတယ်ဆိုတာ ဂြိုညွှန်ပြလျက် ရှိပါတယ်။ ကရင်တွေသာမက အခြားလူမျိုးနွယ်တွေဟာလည်း တိဘက်ကိုဖြတ်ပြီး တရုတ် ပြည်ထဲဝင်ရောက်ခဲ့ကြတာချည်းပဲဖြစ်တယ်။ တရုတ်၊ ဂျပန်၊ ဗယက်နမ်၊ ထိုင်းနှင့် မွန်ခမာတို့လည်း ဒီအတိုင်းပဲဖြစ်ပါတယ်။
          ကရင်လူမျိုးတွေ ပထမဆုံးဝင်ရောက်လာတာဟာ ခရစ်တော်မပေါ်မီ(၁၁၂၃ က ၁၁၃၄)ခုနှစ်အတွင်းမှာ ဖြစ်တယ်။ ဒီအချိန်မှာ တရုတ်ပြည်ကို နိုင်ထက်စီးနင်း မတရားတဲ့ (Ghau Hsin) ဂွါရှင်မင်းစိုးမိုးအုပ်ချုပ်နေချိန်ဖြစ်ပါတယ်။ ဒီမင်းဟာ သူ့တိုင်းပြည်နီးနားက လူမျိုးစုတွေအပေါ်မှာ အမျိုးမျိုးချုပ်ချယ်ကန့်သတ်ချက်တွေထုတ်ပြီး သူ့ရဲ့အုပ်ချုပ်မှုအောက် မှာ တရုတ်လူမျိုးတစ်ခုတည်းအဖြစ်ရောက်ရှိအောင်ပြုလုပ်တယ်။ ဒါကြောင့် ကရင်နှင့် များစွာ သောလူမျိုးစုတွေဟာ သူတို့ရဲ့ နေရာတကျနေထိုင်ခဲ့တဲ့နေရာက ထွက်ခွာလာပြီး နယ်ပယ်သစ်တွေထဲကို ၀င်ရောက်လာကြရတယ်။ တုံကင်၊ ထိုင်းလင်းနှင့် ဗမာပြည်တွေဘက်သို့ ဖြန့်ပြီး ရောက်ရှိကြတယ်။ ကရင်လူမျိုးနွယ်စုတွေဟာ အုပ်စုကြီး(၃)စု ဖွဲ့ပြီး (၃)နှစ်ကြာ၊ ခရစ်တော်မပေါ်မီ(1120 မှ 1125) ထိ သူတို့ရဲ့ ပင်ရင်းနေရာ မြို့ရွာအိုးအိမ် တွေကို စွန့်ခွာပြီး အပြီးအပိုင်ထွက်လာကြရတာဟာ သူတို့လူဦးရေ ကျယ်ပြန့်လာမှာ စိုးရိမ်ကြောင့်ကြမှုရှိတဲ့ တရုတ်လူမျိုးစုတွေကြောင့်ပဲဖြစ်တယ်။
          ပထမကရင်လူမျိုးတွေ မဲခေါင်မြစ်ဝှမ်းတောင်ကြားတွေက ၀င်ရောက်လာပြီး သူတို့နေရာ အသစ်အဖြစ် နေရာချမယ်လို့ ရည်ရွယ်ထားတဲ့ မြစ်ဝကျွန်းပေါ်ကို ရောက်လာ ကြတယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးတဲ့နောက် အလွန်ကြီးမားတဲ့ ထိုင်းလူမျိုးတွေက ဒီနေရာကိုပဲ ပြောင်းရွှေဝင်ရောင်လာလို့ ကရင်တွေကို အစာပေါများတဲံ့ နေရာသစ်ကိုရှာဖို့ ပိုပြီးတော့ တောင်ဘက်ကျတဲ့ နေရာကို ပဲ ပြောင်းရွေ့စေခဲ့ရတယ်။ ဒါပေမယ့် သူတို့ပင်လယ် ဘက်ကို ရောက်တော့ အနောက်ဘက်ကိုလှည့်ပြီး မိနမ်မြစ်နှင့် နန်ပိုင်မြစ်တွေတစ်လျောက် ရောက်သွားစေရပြန်တယ်။ နောက်ဆုံးမှာ သူတို့ရဲ့ နောရာမှာ နှစ်ပေါင်းတစ်ရာကျော်နေထိုင်ကြပြီး နောက်ဆုံးမှာ ထိုင်းတွေက သူတို့ကို ဇင်းမယ်အပြင်ဘက်ရောက်အောင် မောင်းထုတ်ကြတယ်။
          ဒုတိယ ကရင်အစုတွေဝင်လာတာက ရွှေလီမြစ်အတိုင်း အနောက်တောင်ဘက်ကျကျ ကိုရောက်လာတယ်။ ဒီမှာ သူတို့သင့်တော်မည့်နေရာကို ရှာဖွေကြပြန်တယ်။ နေရာရှာဖို့ ရောက်လာတော့ တိုင်း(ရှမ်း)တွေက သူတို့ထက်အရင်ရောင် ပြီး၊ နေရာချထားပြီးသားဖြစ်နေတယ်။ ရှမ်းတွေနဲ့ စစ်မဖြစ်လို့ ငြိမ်းချမ်းမှုကိုသာလိုလား တာကြောင့် ကရင်တွေဟာ တောင်ဘက်ကိုပိုကျတဲ့ နေရာကို ပြောင်း ရွေ့ရပြန်တယ်။ ဒီနေရာဟာ စေ၀ါမြစ်(ဧရာဝတီမြစ်)ပဲဖြစ်တယ်။ ပိုပြီးတောင်ဘက်ကျတဲ့ နေရာကို သူတို့ရွေးပြီး စေ၀ါဝေ(စေ၀ါမြို့)လို့အမည်ပေးတယ်။ နောက်နှစ်အတော်ကြာတော့ ဒီနေရာတွေကို ရှမ်းတွေက “ တဂေါင်”လို့ခေါ်တယ်။ အဓိပါယ်က ရှမ်းတွေက ကရင်တွေရဲ့ ကြေးနဲ့လုပ်တဲ့ဖားစည်ကို ကုန်ကူးပြီးပို့ဆောင်ပေးရာ ကုန်ကူးပြီးပို့ဆောင်ပေးရာ ကူးတို့ဆိပ်ဖြစ်တယ်။
          ဒီနေရာမှာ ကရင်နှင့် ရှမ်းတို့ဟာ တဖက်တချက်စီမှာ နှစ်ပေါင်း(172)လောက် ညီညွတ်စည်းလုံးစွာ နေခဲ့ကြတယ်။ အဲဒီနောက်မှာ ဒီနေရာကို နီဂရိုးအနွယ်တွေက အသစ်တစ်ဖန်ဝင်ရောက်လာကြတယ်။ အိန္ဒိယက ဗရမာတွေလည်း အလုံးအရင်းနှင့် ၀င်ရောက်လာကြတယ်။ အသစ်ဝင်ရောက်လာသူတွေရဲ့ ဘုရင်ကတော့ အဘိရာဇာပဲဖြစ်တယ်။ သူတို့နှင့် အတူ ဟိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှုလည်း ယူဆောင်လာတယ်။ ဒါဟာ တရုတ်ယဉ်ကျေးမှုကို အလေ့အထဖြစ်နေတဲ့ ကရင်တွေနဲ့ တစ်ဘာသာစီလိုဖြစ်တယ်။
          အသစ်ချဉ်းနင်းဝင်ရောင်လာသူတွေဟာ ကြမ်းတမ်းပြီး ရန်စကျူးကျော်တတ်သူတွေ၊ မာန်မာနထောင်လွှားပြီး နိုင်ထက်စီးနင်းနှိပ်စက်တတ်သူတွေဖြစ်တယ်။ ရှေးဦးစွာ ရောက်ရှိနေထိုင် သူတွေအပေါ် ဒီလိုပြုမူဆက်ဆံကြတော့ ကရင်လူမျိုးစုများဟာ မခံမရပ်နိုင်ဖြစ်ကြရတယ်။  ကရင်ဟာ သဘာသအားဖြင့် ငြိမ်းချမ်းမှုကို လိုလားတဲ့ သီးခံတတ်ကြသူတွေဖြစ်ကြတယ်။ အိန္ဒိယက အသစ်ဝင်ရောက်လာတဲ့လူတွေရဲ့ အပြုအမူကို ကြာရှည်သီးမခံနိုင်ကြတော့လို့ သူတို့နှင့် ဝေးရာမှာ နေဖို့ဆုံးဖြတ်ကြတယ်။ ကရင်တွေဟာ တောင်ဘက်ကို ရွှေ့ပြောင်းသွားကြပြီး တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ စိဝါ(ဧရာဝတီ)မြစ်ဝကို ရောက်သွားကြတယ်။

လူမျိုးတစ်မျိုးရဲ့ ရှေးအတိတ်ဖြစ်ရပ်ဟာ အရေးကြီးဆုံးဖြစ်တယ်။ အတိတ်ဟာ ပစ္စုပန်ကို   ပိုမိုလွယ်ကူစွာ နားလည်နိုင်စေသည်သာမက အနာဂါတ်မှာ ဘာဖြစ်နိုင်တယ်ဆိုတာကို စာဖတ်  သူအား ကြိုတင်မှန်းဆနိုင်ရ်ျ ဖြစ်တယ်။
          ရာဇ၀င်(သမိုင်း)ဆိုတာ တကယ်တော့ လူမျိုးတစ်မျိုးရဲ့ အတိတ်ကဖြစ်ရပ်တွေကို   ပြောပြတဲ့ သတင်းစကားတွေကို သိုလှောင်ထားရာဘဲဖြစ်တယ်။ ရှေးကလူများရဲ့ စွန့်စားမှုများ   လူတို့တိုင်းပြည်နှင့် ဘုရင်များ၊ သူတို့ရဲ့အောင်မြင်မှုနှင့် ဆုံးရှုံးမှုများ၊ သူတို့ခရီးသွားလာခြင်းနှင့်     နေရာတကျနေထိုင်ခြင်းမှာ သူတို့တိုးတက်မှုနှင့် အတိတ်က ဒုက္ခဆင်းရဲခံရမှုများကို ရာဇ၀င်မှာ
ရေးသားဖေါ်ပြထားပါတယ်။ ဒါပေမဲ့ အားလုံးထဲမှာတော့ လူမျိုးတစ်မျိုးရဲ့ထူးခြားကောင်းမြတ်တဲ့ သူတို့ရဲ့ဘ၀မှာ သစ္စာရှိမှု၊ ယုံကြည်အားထားမှုတွေကို ရာဇ၀င်ကပုံဖေါ်ထားတာဘဲဖြစ်တယ်။  ယခု ပအိုဝ်းလူမျိုးရဲ့အကြောင်း၊ သူတို့ရဲ့လွတ်လပ်မှု၊ နိုင်ငံရေးရပိုင်ခွင့်အတွက် ကြိုမ်းပမ်းမှု၊ သူတို့ရဲ့ လူမှုရေးလုံခြုံမှု၊ စီးပွားရေးကောင်မွန်တည်ငြိမ်မှုအတွက် ကြိုးပမ်းမှုတွေကို လတ်တလေသိရှိရတဲ့သတင်းအချက်တွေအရ တင်ပြပါမယ်။
          လူမျိုးတစ်မျိုးဟာ အခြားလူမျိုးတစ်မျိုးရဲ့ ၀ါးမျိုစုတ်ယူခြင်းကို ခံရတဲ့အဖြစ်မှာ ဒီစစ်ရှုံးနိမ့်ခံရတဲ့ လူမျိုးရဲ့အရေးကြီးတာတွေ၊ တန်ဘိုးရှိတာတွေဟာ ယုတ်ညံ့အောင်ပြုလုပ်ခြင်းခံရပြီး နောက်ဆုံးမှာ လုံးဝမမှတ်မိနိုင်အောင် နစ်မြှပ်ပျောက်ကွယ်သွားရတယ်။ စစ်အောင်နိုင်သူသူတွေက သူတို့နဲ့သင့်လျောက်အောင် တကယ့်ရာဇ၀င်ဖြစ်ရပ်မှန်ကို ဂရုမပြုပဲ ဖယ်ထားပြီး ရာဇ၀င်အသစ်ကို ပြန်ရေးကြတယ်။ ဗမာပြည်မှာ ရှေးအကျဆုံးနေထိုင်ခဲ့သူတွေလို သိကြတာက ပြူ(ပွာအိုနှင့် ပအို)၊ ကမ်းယန်(ကယား)၊ ဆက် သို့မဟုတ် သက်(စကော)တို့ဘဲဖြစ်တယ်။ ဒီလူမျိုးတွေဟာ ကရင်လူမျိုးအနွယ်ဝင်တွေအဖြစ် တည်ရှိနေပါလျှက် ဘာကြောင့် ဒီလူမျိုးတွေနဲ့ ပတ်သက် တဲ့ ရေးသားထားသောရာဇ၀င် ဘယ်လိုမှ ရေးထားတာ မရှိရတာလဲဆိုတဲ့ အမေးပြဿနာကို ရှင်းလင်းဖေါ်ပြဖို့ ဗမာရာဇ၀င်ရေးဆရာများ အပေါ်တာဝန်ရှိပါတယ်။
          မြန်မာရာဇ၀င်ကို ဘယ်အရင်းအမြစ်ကမှ တည်ဆောက်ထားတာမဟုတ်ဘူး။ တကယ်တော့ တိုင်းပြည်ထူထောင်ရာမှာ အားလုံးပါဝင်ကူညီ ဆောင်ရွက်ကြတာဖြစ်တယ်။ ဒီလိုဆိုမယ့်အစား တာဝန်မဲ့ပြုတတ်တဲ့ မြန်မာရာဇ၀င်ဆရာတို့က သူတို့ဟာယဉ်ကျေးမှုဖြစ်လာခြင်းရဲ့ အရင်းမူလဖြစ်တယ်လို့ ဆိုကြတယ်။ ဒီလိုနဲ့ မူလတိုင်းရင်းသား တွေထဲမှာ မယုံကြည်မှု၊ မုန်းတီးမှုမျိုးစေ့ကို ချထားကြတယ်။ ဒီနေ့စဉ်းလဲဖေါက်ပြန်တဲ့ ဗမာတို့က လွန်ခဲ့တဲ့အတိတ်က နေထိုင်ခဲ့ကြတဲ့ မူလလူမျိုးတွေဆိုတာ များလွန်းပါတယ်လို့ အရှက်ကင်းမဲ့စွာဆိုလာကြပြန်တယ်။
          စကြာဝဠာတည်ပြီး တစတစ်လူသားရယ်လို့ ဖြစ်ပေါ်လာခြင်းနှင့် အတူ၊ နှစ်ပေါင်းသန်းနှင့် ချီသော ဗမာရာဇ၀င် စတင်လာတယ်လို့ ဖေမောင်တင်ရဲ့ မှန်နန်းရာဇ၀င်မှာဆိုတယ်။ ကောင်းကင်ဗြဟ္မာကြိးတွေ အလိုကျလို့ ကမ္ဘာမြေပေါ် ဆက်လက်လာကြတယ်။ တဖြည်းဖြည်းနှင့် သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ပြီး လူသားအသွင်ဖြစ်လာတယ်။ သကျ(သာတီဝင်)လို့ခေါ်တယ်။ နှစ်ကာလရှည်လာတော့ “ မဟာသမတ” ခေါ်တဲ့မင်းဘဲဖြစ်တယ်။ အနှစ်တစ်ထောင် အုပ်ချုပ်တယ်။ ခရစ်တော်မပေါ်မီ ဘီစီ(443)မှာ ပွင့်တော်မူတဲ့ သိဒ္ဒတ္ထဂေါတမရဲ့ ရှေးအဆက်အနွယ်တွေဟာ မဟာသမတ ကစတယ်။ ဗုဒ္ဒရဲ့ သာသနာဟာ အာရှတိုက်တစ်လျှောက်ပြန့်ပွားလာတယ်။ “ ဗမာပြည်” ထိုစဉ်က တရုတ်လူမျိုးတွေရဲ့အခေါ် ပိုင်ယာအိုတိုင်းပြည် ကိုလည်းသာသနာရောက်လာတယ်။
          ဗမာတွေက သူတို့ကိုယ်သူတို့ ဗြဟ္မာကြီးတွေက ဆင်းသက်လာတယ်လို့ဆိုတယ်။ ခရစ်တော်မပေါ်မီ ဘီစီ(860)လောက်က ဗမာပြည်ထဲကို ၀င်ရောက်လာကြပြီး သူတို့ကိုယ်သူတို့ “ ဗရမာ”ရယ်လို့ အမည်ခံကြတယ်။ ဗြိတိသျှတို့ သိမ်းပိုက်လိုက်တဲ့အခါ သူတို့က ရှေးအိနိယလူမျိုးတွေ သိကြတဲ့ ဆွန်ပရာတ (အထက်ဗမာပြည်)နှင့် ရာမညဒေသ(အောက်ဗမာပြည်)တို့ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်တဲ့အခါ သူတို့က ဒီနှစ်ခုကို ပေါင်းစပ်ပြီး တိုင်းပြည်ကို ဗမာပြည်၊ လူမျိုးကို ဗမာရယ်လို့ အသုံးဖြစ်လာတယ်။ ဒီလိုနဲ့ ဗမာလို့ခေါ်တဲ့ အသုံးအနှုန်းဟာ ခရစ်နှစ် 1886 ခုကစပြီး ဖြစ်လာတယ်။ ဒါပေမဲ့ ခရစ်နှစ် 1886 ခုမတိုင်မီက “တိဘက်တိုဘားမင်း” တွေရှိနေသလား၊ မရှိဘူးလားဆိုတာတော့ မေးစရာပြဿနာပါပဲ။။
          မဟာရာဇ၀င်ဟာ လိမ္မာပါနပ်စွာရေးထားတာပဲဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး မက်မဟွန်းရေးတဲ့ “ ရွှေကျွန်းစွယ်မှ ကရင်များ ” ဆိုတဲ့စာအုပ်မှာ မှတ်ချက်ချခဲ့တယ်။ ရှေးဦး နေထိုင်လာခဲ့သူတွေကို မဖေါ်ပြပဲ မြှုပ်ချန်ထားခဲ့တယ်။ သူတို့ဟာ ဘယ်ကလာတယ်၊ ဘယ်တုန်းကလာတယ်၊ ဘာကြောင့်ဘယ်လို့လာရတယ်ဆိုတာ ရာဇ၀င်က စာဖတ်သူများကို လမ်းလွှဲပြခဲ့တယ်။ ဒါကြောင့် ရာဇ၀င်တန်ဖိုးမရှိဘူး။
          မစ္စတာဂျီအီးဟာဖေးကလည်း သူရဲ့ “ ဗမာရာဇ၀င် ” ဆိုတဲ့ စာအုပ်မှာ အချက်ကျကျဖေါ်ပြခဲ့တယ်။ ဗမာတွေရဲ့ မူလရင်းမြစ်ကို မှန်ကန်စွာဖေါ်ညွှန်ပြခဲ့တာက ရှေးအကျဆုံးနေထိုင်လာခဲ့သူတွေဟာ ပြု၊ ကမ်းကံ၊ သက်တို့ဘဲဖြစ်တယ်လို့ ယခုမြန်မာပြည်ရယ်လို့ သိနေကြတဲ့ တိုင်းပြည်ကို အဓိကအားဖြစ် တသီးတခြားကွဲပြားသော လူလအရင်းအဖြစ်နှစ်ခုကလာတဲံ လူမျိုးစုမျိုးနွယ်များက ကြီးပွားထွန်းကားလာအောင် လုပ်တာဖြစ်တယ်။ တစ်ခုက ဟိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှုကလာတာဖြစ်ပြီး၊ အခြားတစ်ခုက တရုတ်ယဉ်ကျေးမှုကြီး သုံးရပ်က ရောက်လာတယ်။ ပအိုဝ်းလူမျိုးစုတွေဟာ ဂေါတမဗုဒ္ဒရဲ့ သင်ကြားမှုတွေကို ခံယူရရှိကြတယ်။ နောက်ခရစ်နှစ် (၇)ရာစုနှစ်မှာ ပါးရှင်းကုန်သည်တွေက အစ္စလာမ်ဘာသာကို ယူဆောင်လာတာက ခရစ်နှစ်19 ရာစုမှာ ခရစ်ယာန်ဘာသာပဲဖြစ်တယ်။ ခရစ်ယာန်ကလူတွေကို ခေတ်သစ်ပညာရေးကို သင်ကြားပေးပြီး ဒီမိုကရေစီနှင့် ကျယ်ပြန့်တဲံ လူဘ၀အတွေးအမြင်တွေကို သွတ်သွင်းပေးကြတယ်။
          ဒီနေ့ စစ်အာဏာရှင်တွေ အုပ်ချုပ်မှုအောက်မှာတော့ ဒီဘာသာကြီးသုံးခုဟာ နဲနဲဘဲထိ တွေ့မှုရှိတော့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်က သီးခြားဘာသာအယူဝါဒတစ်ခု ဖြစ်လာပြီး လူတန်းစားတစ်ခုအဖြစ် လွှမ်းမိုးအုပ်ချုပ်ကာ ပြုစုပျိုးထောင်နေပြီဖြစ်တယ်။ ဘာသာရေးလှုပ်ရှားမှုတွေကိုတော့ တဖြည်းဖြည်း ပရိယာယ်တွေနဲ့ဟန့်တားနှောက်ယှက်လာပြီး ကန့်သတ်ချုပ်ချယ်ချက်တွေနဲ့ ဖန်တီးပြုလုပ်နေပုံရတယ်။
          ဒီပအိုဝ်းရာဇ၀င် အကျဉ်းချုပ်ဖေါ်ပြချက်ကို ဒဏ္ဍာရီပုံပြင်တွေ၊ ရိုးရာစိတ်ကူးယဉ်ပုံပြင် တွေအပေါ်မှာ အခြေမခံပါဘူး။ တွေ့ရှိချက်တွေဟာ ပညာရှိရဟန်းများ အသက်အရွယ်ကြီးရင့်သော စာပေပညာရှင်ကြီးများနှင့် ဆွေးနွေးနှီးနှောရာမှ အခြေခံပါတယ်။ ဂျပန်များသိမ်းပိုက်ထားစဉ်က ရွှေရွက်၊ ငွေရွက်၊ ဆင်စွယ်နှင့် ကြေးမောင်းတွေအပေါ်မှာ ရေးသားထားတဲ့အထောက်အထားတွေကို စုဆောင်းပြီး ဖွက်ထားခဲ့တယ်။ ဒီစာတွေအားလုံးဟာ ရှေးဟောင်းပအိုဝ်းဘာသာစာ၊ အများအားဖြင့် “ ပြူ ”စာလို့သိကြတဲ့စာပဲ ဖြစ်တယ်။ ကံမကောင်းတာက ဂျပန်ကင်ပေတိုင်တွေက  ဒီလိုစုဆောင်းထားတာတွေကို သိသွားပြီး လုယူဖျက်ဆီးပစ်လိုက်ကြတယ်။ ဒါတွေဟာ ပအိုဝ်းတိုင်းပြည်ကို အနော်ရထာမင်းဖျက်ဆီးတဲ့ နေ့ကစပြီး စုဆောင်းခဲ့တဲ့ အမျိုးသားရတနာတွေပဲဖြစ်တယ်။ ဒါပေမဲ့ အနှစ်တစ်ထောင်နီးပါး ကြာမြှင့်ပြီးဖြစ်တဲ့ ကြေးမောင်းအနည်းငယ်တော့ ကျန်ရစ်ခဲ့တယ်။ ဒီမောင်းတွေဟာ ပအိုဝ်းဘုန်းကြီးကျောင်းတွေမှာရှိပြိး ရွှေပြားနှင့် ကပ်ပြီး အတိတ်ရာဇ၀င်တွေကို ရေးသားထားပါတယ်။
          လွတ်လပ်တဲ့ လူအဖွဲ့အစည်းတစ်ခုရဲ့ ခက်ခဲတဲ့ဘ၀ခရီးကို ပအိုဝ်းတွေသိရှိလာခဲ့တယ်။ ကိုယ်ပိုင်ပြဌာန်းမှုနှင့် ကျူးကျော်သူတွေကို ခုခံတိုက်ခိုက်ရတဲ့ စိတ်ဓါတ်စွမ်းအားကို ရရှိခဲ့တာဟာ စစ်ပွဲကာလတွေမှာ စည်းကမ်းရှိမှုနှင့် ရှည်လျားသော ဖြစ်စဉ်ဖြစ်ရပ်တွေကို နာကျည်းစွာခံစားသိရှိလာကြရလို့ပဲဖြစ်တယ်။ ပအိုဝ်းတွေဟာ သူတို့ရဲ့ “ အမျိုးသား မပျောက် မကွယ် တည်ရှိနေနိုင်ဖို့ သူတို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုအပေါ်မှာသာ မှီတည်နေတယ်။ နိုင်ငံခြားအစိုးရတစ်ခုရဲ့ အာမခံချက်၊ ဆုံးဖြတ်ချက်ပေးမှုအပေါ်မှာ မှီတည်ခြင်း မရှိဘူး”  ဆိုတာကို သူတို့ အမှန်တကယ် သိရှိနားလည်ထားကြပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်နေတဲ့လူမျိုးဟာ သူတို့ရဲ့ ရည်မှန်းချက်ကို မရောက်မချင်း ဘယ်တော့မှ နှစ်သိမ့်ကျေနပ်နေမှာ မဟုတ်ပါဘူး။ ပအိုဝ်းတွေဟာ သူတို့ငြိမ်းချမ်းစွာနေထိုင်နိုင်မည့် နယ်မြေတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။


မှတ်ချက်။      ။    
                     1။    မြန်မာမင်းများ၏ မှန်းနန်းရာဇ၀င်
                            ရေးသူ    -     ဖေမောင်တင်  1923
                      2။    ရွှေကျွန်းဆွယ်မှ ကရင်များ
                              ရေးသူ -     ဒုဗိုလ်မှူးကြီး မက်မဟွန်
                       3။    မြန်မာရာဇ၀င်
                              ရေးသူ    -     မစ္စတာအက်စ်ဒဗလျူကောက်

November 6, 2012

ကံအကြောင်းမလှခဲ့တဲ့ စောမွန်လှ


AD- 1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ မြန်မာနိုင်ငံကို တည်ထောင်သော အနော်ရထာမင်း နန်းတက် လေသည်။ ထိုအနော်ရထာ မင်းလက်ထက်တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည် ငထွေရူး- မြင်းမူအရပ်သား ထန်းတက်သမားဖြစ်သည်။
ထန်းပင် အပင် တထေါင်ကို တက်ခါဆင်း ခါလှီးသည်မှာ တနံနက်အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။

ငလုံးလက်ဖယ်- ပုပ္ပါးအရပ်သား၊ နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။

ညောင်ဦးဖီး- ညောင်ဦးအရပ်သား ညောင်ဦးကမ်းပါးက ပြေးဆင်း၍ ဧရာဝတီ တဖက်ကမ်းသို့ လက်ပစ်ကူးသည်၊ နောက်ဖက်ကမ်းသို့ ရောက်သော် ခြေမထောက်ခဲ့ဘဲ ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။

ထို ၄-ဦးအပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည်၌ မိရိုးဖလာနတ်၊ နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထိုအရည်းကြီး များသည် ထိမ်းမြားမင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့ ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။

ထိုထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထိုထုံးစံကို မလိုက်နာသော် မင်းဒဏ်ခံကြရ၏၊ ထိုသို့ ရှိစဉ် သထုံပြည်မှ ရှင်အရဟံမည်သော ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။

သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ ပိဋကတ်တော် များရှိကြောင်း ကြားသိရသော လက်ဆေင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။

ထိုသို့တိုက်စဉ် ကကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း ပါလာလေသည်။ ထိုစဉ် သထုံပြည်၌ ဗျတ္တ၏အကို---ဗျတ်ဝိ၏ အပေါင်အလက်တို့ကို ဆေးစီရင်၍ မြုပ်နှံထားသည် နှင့် မြို့ရိုးကိုမ၀င်နိုင်ရှိရာ၊ ဗျတ္တက မရီးကို မြေးမြန်း၍- မြုပ်ထားရာကို သိရှိ-ဖေါ်ယူပစ်လေမှ ၀င်နိုင်ကြလေသည်။

ပဒေသရာဇ်ခေတ်တွင် "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက် ခံရသောအမျိုးသာတို့၏၊ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်လွတ်လပ် ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင်ငံတော်ပိုင် နယ်နိမိတ်ကို စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။ "

တအာင်း (TA'ANG) ပလောင် နောက်ခံသမိုင်း




ပလောင် လူမျိုးတို့သည် မိမိကိုယ်ကို တအာင်း(Ta'ang) ဟူ၍ ခေါ်ဆိုကြသည်။ ပလောင် မျိုးနွယ်စုတို့၏ပြောဆို သောစကားသံ အလိုက် “အအာင်း”(AH'ANG) ရအာင်း(RA'ANG)၊ နအာင်း(NA'ANG)။ လအာင်း(LA'ANG)၊ အာင်း(ANG)၊ ယအာင်း (YA'ANG)၊ ရိအာင်း (RI'ANG)ဟူ၍လည်း ပြောဆိုကြသည်။

ပလောင် လူမျိုးတို့သည် မွန် ၊ဝ ၊ပလောင်တို့ သွေးချင်း အရင်းအချာ ညီအစ်ကို မျိုးနွယ် ဖြစ်ကြသည်ဟု ယုံကြည်စွဲမှတ် လျက်ရှိကြသည်။ ရှမ်းပြည်အတွင်း ပြန့်နှံ့စွာ နေထိုင်လျက်ရှိကြသည့်အလျောက် ညီနောင် တိုင်းရင်းသားများတို့ ခေါ်ဆိုသည့် အမည် နာမအလိုက် (ပလောင်၊ပလေး၊လွယ်၊ လွယ်လ၊ယန်း(ယင်း)၊ယင်းကြား လူမျိုးစုတို့သည် ပလောင် မျိုးနွယ်စုများ ဖြစ်ကြ ပြီး၊ နှစ်ကာလ ကြာမြင့်စွာက ကွဲပြားသော နေရာဒေသ အနှံ့အပြားတို့တွင် အခြေချ နေထိုင်ကြသည့် ပလောင်လူမျိုးများ ဖြစ်သည်။ ဘာသာစကား၊ ဝတ်စား ဆင်ယင်မှု၊ မိသားစု(သို့ )မျိုးနွယ် ဖွဲ့ စည်းပုံတို့ မှာ တူညီကြသည်။

နေနဂါးမျိုးနွယ်
ပလောင် လူမျိုးတို့သည် မိမိတို့ကိုယ်ကို မိမိတို့အဖ နေမျိုးနွယ်(နေနတ်သား) နှင့် အမိနဂါးမျိုးနွယ် (နဂါးမင်း သမီး) တို့ မှ ပေါက်ဖွား ဆင်းသက်လာသည့်ဟု ယုံကြည်လျက် ရှိကြသည်။

October 29, 2012

မနူဟာမင်း လက်ထက် ကတည်းက သုဝဏ္ဏဘူမိ ဆံတော်ရှင် ကို ကျိုက်ထီးဆောင်းဆရာတော် ဦးဆောင်၍ ဒေါက်တာခင်ရွှေ မိသားစု ဒါယကာပြုကာ ဖွင့်ဖော်ခြင်း




4-thuwunna-bumi.jpg
မွန်ပြည်နယ် သာသနာနုဂ္ဂဟ အသင်းကြီး၏ လှုပ်ရှားမှုမှာလည်း အစဉ်အလာ ကောင်းခဲ့သည့် အတိုင်း ဆက်လက် ကောင်းဆဲ ဖြစ်သည်။ တောစဉ် တောင်စဉ် တစ်လျှောက်တွင် ပျောက်ဆုံးနေသော သုဝဏ္ဏဘူမိ နှင့် အတူ ပျောက်ဆုံးနေသော ဆံတော်ရှင်များအား တစ်ကျော့ ပြန်ဖွင့်ဖော်ခြင်းသည် မွန်ပြည်နယ် သာသနာနုဂ္ဂဟ အသင်းကြီး၏ ကြီးမားသော ဆောင်ရွက်မှု ကြီးဖြစ်ပေသည်။ ထိုဆောင်ရွက် မှုကြီးထဲတွင် ကျိုက်ဒေးယျုံ ဆံတော်ရှင် ထီးတော် တင်ပွဲသည် ထင်ရှားသော သာဓက တစ်ခုဖြစ်ပေသည်။ ထိုတော်ဝင်ပွဲကြီးသို့ ပြည်နယ်ဝန်ကြီးချုပ် နှင့်တကွ ၀န်ကြီးအပေါင်း သောင်းသောင်းဖြဖြ တက်ရောက်ခြင်းဖြင့် သာဓုအနုမောဒနာ ခေါ်ကြသည်မှ အရင်းစစ်တော့ အမြစ်ကဆိုသလို သာသနာနုဂ္ဂဟ အသင်းကြီး၏ အောင်မြင်မှုကြီး တစ်ရပ်ပင် ဖြစ်ပေသည်။ ထိုအချက်ကို သာသနာနုဂ္ဂဟ အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၏ သာသနာရေး လျှောက်ထားလွှာတွင် အတိအလင်း ဖော်ပြထားလေသည်။

October 28, 2012

သမိုင်းနှင့်ပတ်သက်သောပအိုဝ်းတိုင်းရင်းသားများ


သမိုင်းကြောင်းဆိုသည်မှာ ရာဇာဝင်မဟုတ်၊ ပုံပြင်မဟုတ်၊ သမိုင်းကြောင်းကို မမီလိုက်သူများ သမိုင်းကြောင်းကို မလေ့လာမိသူများ၊ သမိုင်းကြောင်းကို အလေးအနက်မထားမိသူများရှိနေသရွေ့ သမိုင်း ကို ဗြောင်လိမ်ဗြောင်စား လုပ်နေသူများအတွက် အသက်ရှူချောင်နေမည်သာဖြစ်ကြောင်း သမိုင်းပညာရှင် တစဦး၏ အဆိုအမိန်ကို နာကြားမှတ်သားခဲ့ရဖူလေသည်။
ယခုတင်ပြလိုသော သမိုင်းနှင့်ပက်သက်သော ပအိုဝ်းတိုင်းရင်းသားတို၏အခြေအနေနှင့် တ်သက် ၍အထက်ပါအဆိုအမိန်အရ သမိုင်းကြောင်းကို မီလိုက်သော ပအိုဝ်းတိုင်းရင်းသားများ၊ သမိုင်းကြောင်းကို အလေးအနက်မထားမိသော ပအိုဝ်းတိုင်းရင်းသားများအများစုဖြစ်နေသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို

October 23, 2012

ပြည်ထောင်စုပအိုဝ်းအမျိုးသားဖွဲ့ချုပ်(ပအမဖ)၏ လှုပ်ရှားမှုမှတ်တမ်း

နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နိုင်ငံရေးဖြစ်ပွားစဉ်များ၊ စီးပွားရေးဖြစ်စဉ်များ၊ လူမှုရေးဖြစ်စဉ်များနှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို မှတ်တမ်းတင်ထားလေရှိကြသည်။ ထိုဖြစ်စဉ်များအားလုံးသည် သမိုင်းများပင် ဖြစ်သည်။ အထောက်အထားသက်သေ ခိုင်လုံမှုရှိမှသာ သမိုင်းဟုခေါ်နိုင်သည်။ သမိုင်းအတွက် အခိုင်လုံ ဆုံး အထောက်အထားများသည် ကျောက်စာ၊ ပေစာ၊ နှင်ရှေးဟောင်းပစ္စည်းများပင် ဖြစ်သည်။ ပအိုဝ်းတိုင်း ရင်းသားများသည် တညီသောဘာသာစကား ၊တူညီသော စာပေ၊ တူညီသော ယဉ်ကျေးမှုနှင်တူညီသော စီးပွားရေးဘများ ရှိကြသည်။ ဆာဝင်တန်ချီက  လူမျိုးတစ်မျိုး၏ အတိတ်သမိုင်းကိုအဝေးဆုံးသို့ပြန် ကြည်နိုင်သူသည် မိမိလူမျိုး၏ အနာဂါတ်ကံကြမ္မာကို အကွာဝေးဆုံးသို့ မျော်ရှူမြင်နိုင်သည်ဟု ဆိုသည်။
လူသည် ကျောက်ခေတ်လူသား အရိုင်းဘဝမှ လူသားဘဝသို့ ရောက်လာကြသည်။ လူသည်

အလံကြယ်နှင့်အရောင်များ၏ ဖွင့်ဆိုချက်များ

(က) ကြယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံးအသုံးပြုလေ့ရှိကြောင်း တွေ့ရှိရသည်။ မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင် ကြယ်ကိုအဓိပ္ပါယ် ဖွင့်ဆိုထားသည်မှာ ညအခါ၌ ကောင်း ကင်တွင် အလင်းရောင် အပွင့်ကလေးများသဖွယ် မြင်ရသောကောင်းကင်ဗိမာန် နက္ခတ်တာရဟု ဖော်ပြ ထားသည်။ ကြယ်တို့သည်အေးမြ သောအလင်းရောင်ကို ပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန် မှာ ကြယ်များသည်လည်း နေကဲ့သို့ အလင်းရောအပူပါ လွှတ်ပေးလျက်ရှိသည်။ နေတွင်ရှိသော ဓါတ်သဘာ ဝအားလုံး ကြယ်တွင်ရှိသည်။ အချို့သော ကြယ်များသည် နေထက်အဆပေါင်းများစွာ ကြီးသကဲ့သို့ နေထက်အဆပေါင်းများစွာ ပိုမို၍တောက်ပကြသည်။ အားကောင်းသော မှန်ပြောင်းဖြင့် ကြည့်လျှင်ကြယ် ပေါင်းသိန်းတစ်ထောင်ခန့်ကို မြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်မရှိသော ကြယ်ပေါင်းများစွာလည်းရှိ သည်။ အလံများတွင်ကြယ်ဖြင့် အမှတ်အသားပြု၍ ဖော်ပြရခြင်းမှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ ခြင်းမရှိ၊ သွားမြဲခရီးကို အစွန့်ပစ်ခရီးစဉ်အတိုင်း နောက်တွန့်သည်မရှိဘဲ ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင် လေ့ရှိခြင်း၊ ကမ္ဘာဖြစ်တည်ခဲ့သည့် အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ဖြင့် တည်ရှိခဲ့ခြင်း စသောဂုဏ်၊ အရည်အသွေးများရှိခြင်းကြောင့်ပင်ဖြစ်သည်။

ပအိုဝ်းအမျိုးသား၏အလံ

အလံဟူသည်
အလံဟူသည် အကြောင်းမဲပေါ်ပေါက်ခဲကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခု ကိုသော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကိုလည်းကောင်း၊ အခြေခံကြသည် သာဖြစ်သည်။ ရင်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည်အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်နည်း အားဖြင်အလံသည် ရည်ရွှယ်ချက်တစ်ခုခု(သို့မဟုတ်) အကြောင်းကိစ္စတစ်ခုခုအတွက် အမှတ်အသား (သို့မဟုတ်)အထိမ်းအမှတ်တစ်ခုအဖြစ် အသုံးပြုသော ရောက်စုံခြယ်ပိတ်စတစ်မျိုးဖြစ် သည်။ အလံ ဟူသောစကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည်အရာဟူ ၍လည်းကောင်း၊မြန်မာအဘိဓာန်ကျမ်တွင် အလံ သည် အရောင်ပုံစံအမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍လွင်ထူရသောအဝတ် (သို့မဟုတ်) စက္ကူဖြင်ပြုလုပ်ထားသည်အရာဟူ၍ လည်းကောင်း၊အဓိပ္ပါယ်ဖွင်ဆိုထားသည်။အမျိုး သားအလံ (သို့မဟုတ်) နိုင်ငံ တော်အလံမှာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ ယခုခေတ်နိုင်ငံ တိုင်း၌ရှိသော အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော်အသီးသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိ မာန် ပြင်းထန်တက်ကြွစေရန်အလို့ငှါ မိမိတို့ တိုင်းပြည်နှင်သက်ဆိုင်ဆီလျော်စွာ သတ်မှတ်ပြဋ္ဌန်းထားသည်အလံ များဖြစ်ကြသည်။

ပအိုဝ်းတိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ရာဒေသ

လွန်ခဲ့သော အနှစ်(၇၀)ကျော်၊ ၁၉၃၁ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ ပအိုဝ်း လူဦးရေသည် (၂၂၅၈၂၂) ဖြစ်သည်ဟု သိရသည်။ ယခုအခါ(၁၀၀၂၁၅၀)ရှိသည်ဟု သိရသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် မြန်မာ နိုင်ငံအရှေ့ဘက် နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနယ်စပ်တွင်လည်း ပျံ့နှံ့နေ ထိုင်လျက်ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်တိုင်းရင်းသားတို့ အများဆုံးနေထိုင်သောမြို့နယ်များမှာ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ကလော၊ လွိုင်လင်၊ ပင်းတယ၊ နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုးနဲ၊ လဲချား စသည်တိုဖြစ်ကြသည်။ မြန်မာ နိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းတွင် တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ ဖားအံ၊ ကော့က ရိတ်၊ စသည့်ဒေသများတွင်လည်း အများဆုံးပျံ့နှံနေထိုင်လျက်ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အများစုမှာ ခြံလုပ်ငန်းဖြင့် အသက်မွေးကြသဖြင့် ကျေးရွာကိုတည် ထောင်ရာတွင် စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းမွန်သည့် ဒေသကို အဓိကထားကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် အိမ်ဆယ်လုံးခန့်ရှိလျှင် ရွာအဖြစ် သတ်မှတ်လေ့ရှိကြ၏။ ရွာတစ်ရွာလျှင် ပျမ်းမျှအိမ် ခြေငါးဆယ်မှ တစ်ရာအထိ ရှိကြသည်။ ရွာပုံစံမှာ ရွာဝိုင်းများဖြစ်၏။
အိမ်ဆောက်လုပ်ရာတွင် စီးပွားရေးအခြေအနေကိုလိုက်၍ ဝါး၊ သစ်သား၊ အင်္ဂတေအိမ်များကို ဆောက်လုပ်နေထိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသများတွင် မြို့ကြီးများ သဖွယ်တိုက်အိမ်များကို ဆောက်လုပ်နေထိုင်ကြသည်။ ဥပမာအားဖြင့် အောင်ပန်း-လွိုင်ကော်ကားလမ်း တစ်လျှောက်တွင် တွေ့နိုင်ပေသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားနွယ်ဘွား ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊မွန်ပြည်နယ် ၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ နှင့် မန္တလေးတိုင်းများအတွင်းတွင် နေထိုင်ကြသည်။

သမိုင်းနှင့်ပတ်သက်သောပအိုဝ်းတိုင်းရင်းသားများ


သမိုင်းကြောင်းဆိုသည်မှာ ရာဇာဝင်မဟုတ်၊ ပုံပြင်မဟုတ်၊ သမိုင်းကြောင်းကို မမီလိုက်သူများ သမိုင်းကြောင်းကို မလေ့လာမိသူများ၊ သမိုင်းကြောင်းကို အလေးအနက်မထားမိသူများရှိနေသရွေ့ သမိုင်း ကို ဗြောင်လိမ်ဗြောင်စား လုပ်နေသူများအတွက် အသက်ရှူချောင်နေမည်သာဖြစ်ကြောင်း သမိုင်းပညာရှင် တစဦး၏ အဆိုအမိန်ကို နာကြားမှတ်သားခဲ့ရဖူလေသည်။
ယခုတင်ပြလိုသော သမိုင်းနှင့်ပက်သက်သော ပအိုဝ်းတိုင်းရင်းသားတို၏အခြေအနေနှင့် တ်သက် ၍အထက်ပါအဆိုအမိန်အရ သမိုင်းကြောင်းကို မီလိုက်သော ပအိုဝ်းတိုင်းရင်းသားများ၊ သမိုင်းကြောင်းကို အလေးအနက်မထားမိသော ပအိုဝ်းတိုင်းရင်းသားများအများစုဖြစ်နေသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို သမိုင်းကြောင်းနှင့်ပက်သက်၍ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်သော် လည်းကောင်း၊ ဗြောင်လိမ်ဗြောင်စားလုပ်နေသူများအတွက် အသက်ရှူချောင်နေစမည်မှာ မလွဲပါချေ။

the paoh people

The People


The Taunghsu so called by the Shan are well known all over Thailand and Cambodia, and as far as the Lower Mae Khong-about Kassac and the rapids of the thousand Islands. In the Shan Highland plateau, they are cultivators. When they travel abroad they are most commonly known as elephant and horse dealers.



The Taunghsu called themselves Pa-Oh which immediately suggests Pwo(Pwaoh). The Taunghsu form more than one half the population of the Myelat, and the state of Has-Htumg( His-saing) is so completely Taunghsu that the chief is of that race. Elsewhere they are found in majority, all over the eastern part of the southern Shan state, but they do not spread northwards where there are the black and striped Karen which compose 15% of the population of the Shan state. In Lower Burma they are found in Sittang and Salween river vallies.

There are two distinct groups-the lowland and highland Pa-oh with two dissimilar economic way of life which builds a social gap between the two in their national advancement. The lowland Pa-oh with the construction of railways and roads, find their movement easier and quicker. This elevate their standard of living. The progress made by the lowland Pa-oh is found to exceed far more than that of the highland Pa-oh. Living mostly among the Pwaoh and Sgaoh, the lowland Pa-oh enjoy a more secure and quiet village life than those in villages in proximity to the Burmese villages on the main roads and river banks. A few by force of environment of social pollution, allow themselves to be Burmanized. But the majority maintaining loyalty to their mother tongue and national identity, prevent themselves to be a vanishing race.

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts