Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

February 16, 2013

Facebook မှ သင့်ကိုပြောပြမည်မဟုတ်သော အချက် (၁၃) ချက်

Facebook မှ သင့်ကိုပြောပြမည်မဟုတ်သော အချက် (၁၃) ချက်
Saturday, February 16, 2013

၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင်
- Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy of your Facebook data” အား Click လုပ်ပါ။

၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏ update အချက် အလက်များနှင့် ပုဂ္ဂလိကသတင်းအချက်အလက်များ
အား တကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက “Privacy Setting “ သို့သွားရောက်၍
ပြောင်းလဲမှုများပြုလုပ်ရမည်။

၃ ။ သင့်သူငယ်ချင်းတွေ၏ Post တိုင်းကို သင်မြင်ရမှာမဟုတ်သလို၊ 
သင်၏ update သတင်း အချက်အလက်များကိုလည်း သင်၏သူငယ်ချင်း
တချို့တစ်ဝက်ကသာမြင်ရပါလိမ့်မည်။ Facebook သည် Users များကို 
site အားကြာရှည်စွာအသုံးပြုစေလိုသောကြောင့် ကြိုက်နှစ်သက်မှု အများ ဆုံး၊ ပြန်လည် ဖြန့်ဝေမှုအများဆုံး၊ ဝေဖန်သုံးသပ်မှုအများဆုံး Post များကို သာ ဦး စားပေးမြင်သာစေသည်။

၎ ။ သင်သည် Facebook သို့ “ Sign in “ ဝင်ပြီးသည့်အခါ နောင်တွင် 
သင် internet surf လုပ်သည့်အချိန်တွင် လမ်းကြောင်းတစ်ခုအဖြစ် အမြဲဖြစ်ပေါ်စေသည်။ မည်သည့်အချိန်တွင်မဆို FB တွင် Share / Like လုပ်ထားသော Page များအားဝင်ရောက်ကြည့်ရှုပါက သင်၏ Share/ Like ပြုလုပ်သော Information များအား မှတ်သားပေးထားသည်။

၅ ။ သင်၏ Post များအား “Public” ပြုလုပ်ထားခဲ့ပါက မသမာသူများမှ
သင်၏ Update သတင်း အချက်အလက်များအားတွေ့မြင်နေရသဖြင့် မသာမှုများအတွက် အထောက်အပံ့ဖြစ်နိုင်သည်။အာမခံကုမ္ပဏီများသည် 
Post လုပ်ထားသော သတင်းအချက်အလက်များအား အသုံးပြု ၍ ငွေ အရစ် ကျပေးချေနှုန်းများ တိုးမြှင့်ခြင်း၊ တောင်းဆို မှုများအား ငြင်း ဆန်ခြင်းများပြု လုပ်လေ့ရှိ ပါသည်။

၆ ။ သင်၏စေ့စပ်လက်ထပ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်ရခြင်း ကဲ့သို့သော သတင်းများအား FB မှ သတင်း ကြေငြာမှုတစ်ခု အဖြစ်သတ်မှတ်၍ သင့်သူငယ်ချင်းများ၏ News Feeds တွင် ၄င်းတို့ နောက်တစ်ကြိမ် 
Log on လုပ်သည့်အချိန်အထိတိုင်အောင် ဖော်ပြပေးထားပါသည်။

၇ ။ ဥပမာအားဖြင့်သင်သည် Gap Facebook page တွင်
ဈေးဝယ်ရခြင်းအားကြိုက်နှစ်သက်သဖြင့် “Like” လုပ်ပါက coupon ပေါ်လာသောအချိန်တွင် သင်ကျေနပ်လိမ့်မည်။ ထိုကဲ့ သို့သော ဖြစ်စဉ် များသည် FB အား သင်၏ အကြောင်းကိုပိုမိုသိစေသည့် အကျိုးကျေးဇူးကိုရစေပါသည်။

၈ ။ သင်ဂရုစိုက်သော သူငယ်ချင်းများ၏ Posts များအား လုံလောက်စွာ မကြည့်ရှုရဘဲ၊ သင်မကြည့်လိုသော သူငယ်ချင်းများ၏ Post များ
အားမြင်တွေ့နေရပါသလား?

- New Feeds များအား Most Recent အဖြစ်စီစဉ်ပါ။
- သင်၏ Close Friends List ထဲသို့ Favorite Friend များအားထည့်ပါ။
- သင်စိတ်မဝင်စားသော သူငယ်ချင်းအချို့အား unsubscribe လုပ်ပါ။

၉ ။ FB သည်ကြော်ငြာထည့်သွင်းလိုသော companies များအား Advertising Space ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိသည်။ ကြော်ငြာလိုသည့် ကုမ္ပဏီများသည် ၄င်းတို့ဆန္ဒ ရှိသည့်နေရာ၊ လုပ်ငန်း အမျိုးအစား နယ်ပယ်၊ ပညာအရည်အချင်း level စသည့်သတင်း အချက်အလက် များပေး သည်။ ကျွန်ုပ်တို့သည် ၄င်းတို့၏ စံအနေအထားများနှင့် ကိုက်ညီမည့် Pages များ တွင် ကြော်ငြာများ ထည့်ပေးသည်။

၁ဝ ။ သင်သည် သင်၏အရေးကြီးသော Post များအား သင် ၏သူငယ်ချင်း များ သို့ သေချာ စွာမြင်စေလိုလျှင်

- သင်၏ Update News အားသူငယ်ချင်းများ၏ News Feeds 
ထိပ်ဆုံး တွင်ပြောင်းရွှေ့ ပေါ်လွင်စေရန် $7 မှ $10 အထိ Fee ပေး၍
ပြုလုပ်နိုင်ပါသည်။

၁၁ ။ အသုံးပြုသူအများစုဟာ time line ကိုမကြိုက်နှစ်သက်ကြပါ။ 
သို့သော် timeline သည် အသုံးပြု သူများအတွက် Share လုပ်ရန်
ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ Timeline သည် မြင်သာသော ဆွဲဆောင်မှုရှိ၍ ဈေးကွက်အတွင်း Brands ထိုးဖောက်လိုသူ စီးပွားရေး လုပ်ငန်း များ အတွက် ပိုမိုကောင်းမွန် သော Platform တစ်ခုဖြစ်သည်။

၁၂ ။ သင်၏ Posts များအား Facebook friends များကြားတွင်
တွေ့မြင်ရမှုကို ကန့်သတ်နိုင်သည်။ ဥပမာအားဖြင့် သင်၏ Post များအား
boss မှလွဲ၍ အခြားသော သူများအားကြည့်ရှုခွင့်ပြုနိုင်သည်။

- Status Update Box ၏ ညာဘက်အောက်ထောင့်တွင်ရှိသောမြှားကို Click လုပ်ပါက Option အားလုံးကို တွေ့မြင်ရပါလိမ့်မည်။

၁၃ ။ Facebook Log on လုပ်နေစဉ် သင်၏ computer အား ထားရစ်
ထွက်ခွာခဲ့ခြင်းမပြုလုပ်ပါနှင့်။ လုပ်ငန်းခွင်တွင် တခြားသူမှ သင်၏ Status တွင်ဝင်ရောက်ရေးသားနိုင်သောကြောင့်ဖြစ်သည်။

Source: Reader's Digest
Credit to Shane Thu Aung
မြန်မာ့သားကောင်း

၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသ
ိရှိသလဲသိလိုလျှင်
- Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy of your Facebook data” အား Click လုပ်ပါ။

၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏ update အချက် အလက်များနှင့် ပုဂ္ဂလိကသတင်းအချက်အလက်များ
အား တကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက “Privacy Setting “ သို့သွားရောက်၍
ပြောင်းလဲမှုများပြုလုပ်ရမည်။

February 15, 2013

ဖုန်းနှင့်ကွန်ပျူတာနှစ်မျိုးလုံးတွင် Skype Account တစ်ခုတည်းဖြင့် အသုံးပြုနိုင်မည်

Skype Account တစ်ခုရှိထားရုံဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှုကို ပြည်တွင်းရှိ နိုင်ငံခြားဖုန်းခေါ်ဆိုမှု ဖွင့်လှစ်ထားသည့် မည်သည့် ဖုန်းများတွင်မဆို ဖုန်းမှတိုက်ရိုက်ဖြစ်စေ၊ အင်တာနက်မှဖြစ်စေ တစ်ချိန်တည်းတွင် နှစ်မျိုးစလုံးတစ်ပြိုင်နက်အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

Skype ၀န်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် အသုံးပြုလိုသူထဲတွင် နိုင်ငံခြားသို့ ခေါ်ဆိုခွင့်ရှိထားသော ကြိုးဖုန်း (သို့) နိုင်ငံခြားသို့ခေါ်ဆိုနိုင်သော မိုဘိုင်းဖုန်း (Hand Phone) တစ်မျိုးရှိရန် လိုအပ်သည်။ အဆိုပါဝန်ဆောင်မှုနှင့် ပတ်သက် ၍ Pfingo myanmar မှ ကိုဇော်လင်းထိုက်က “ကျွန်တော်တို့အနေနဲ့ ဒီဝန်ဆောင်မှုကို ဆောင်ရွက်ပေးတာ သိပ်မကြာသေးပါဘူး။ အသုံးပြုနိုင်တာတော့ ကြာပါပြီ။

February 13, 2013

ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု လုပ်နည်း

ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု လုပ်နည်း
****************************************

ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ... ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီး ပိတ်သွားခဲ့ပါတယ်.. ကျွန်တော်ပိန်းချက် ဘာမှန်းမသိညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600 ကျော်လေးဘဲကျန်ပါတယ်.. ၂နာရီလောက်သောက်ပြီး ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..
ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..
ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်.. ဒီလို မကုန်ကျရအောင်ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်..
အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..
ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..
ခဏစောင့်ပါ .. ပြီးရင် ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကို ဖျက်သွားခြင်းမ၇ှိပါဘူး.. ကျွန်တော်အခု စမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ... ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-) 

Credit to Ko Thet Naing Win

Aye Chan Mon Re-post Date : 2013 Feb 13
News from: Win Myint

အေးချမ်းမွန်

ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ

February 11, 2013

မိမိကွန်ပျူတာကို အလိုအလျောက် ချိန်ကိုက် ပိတ်စေမည် သို့မဟုတ် မိမိရဲ့ ဖုန်းကနေလှမ်းပိတ်မည်။

မိမိကွန်ပျူတာကို အလိုအလျောက် ချိန်ကိုက် ပိတ်စေမည် သို့မဟုတ် မိမိရဲ့ ဖုန်းကနေလှမ်းပိတ်မည်။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

တစ်ခါ တစ်လေ ကျွန်တော်တို့တွေ ဖြစ်တတ်တာက - တစ်ခုခုကို ဒေါင်းနေရင်း အိပ်ကလည်း အိပ်ချင်နေပြီ ဒေါင်းလုပ်ကလည်း မပြီးသေးဘူး ဒေါင်းလုပ်ကိုလည်း ထိုင်မစောင့်ချင်တော့ဘူး။ ဒေါင်းပြီးသွားရင်လည်း ကွန်ပျူတာကို အလိုအလျောက်ပိတ်သွားစေချင်တယ်။ 
သို့မဟုတ် ကိုက အိပ်ရာထဲမှာ တစ်ခုခုလုပ်နေရင်း :P (စာဖတ်ခြင်း) အိပ်ရာထဲကနေပဲ ကွန်ပျူတာကို လှမ်းပိတ်မယ်ဆိုပါဆို့။ ထိုအခါမျိုးတွေအတွက် အသုံးဝင်မဲ့ နည်းလမ်းလေးကို မျှဝေလိုက်ပါတယ်။

ကွန်ပျူတာကို အချိန်ပေးပြီး ပိတ်ချင်ရင်တော့ ဘာမှမလိုပါဘူး။
ဖုန်းနဲ့ လှမ်းပြီး ပိတ်ချင်ပါတယ်ဆိုရင်တော့ ...ကွန်ပျူတာနဲ့ ဖုန်းဟာ အိမ်က ၀ိုင်ဖိုင် နက်ဝက် တစ်ခုတည်းမှာပဲ တူတူ မိနေရပါမယ်။ 

ဒါလေးကို စပြီးဒေါင်းလုပ်လုပ်ပြီး အင်စတော လုပ်ပေးပါ။ http://www.den4b.com/?x=get&product=shutter&type=installer

မူရင်းဝက်ဆိုဒ် (http://www.den4b.com/?x=downloads&product=shutter)

ကျွန်တော်တို့ အင်စတော လုပ်ပြီးတာနဲ့ ကွန်ပျူတာ ဒတ်စ်တော့မှာပေးနေတဲ့ Shutter အိုင်ကွန်လေးကို နှိပ်ပြီး မိမိ ကြိုက်နှစ်သက်ရာ ကိုရွေးချယ် လုပ်ဆောင်စေနိုင်ပါပြီး ။ Event: ဆိုတဲ့ Tab menu အောက်မှာ ပါတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ကို ရွေးချယ်ပေါ့။ အလွယ်ဆုံးဥပမာကတော့ on time ပေါ့။ ကိုယ်ပိတ်စေချင်တာက ည ၁၁ နာရီဆို time: မှာ 23:00 ကို ရွေးပေးလိုက်ပါ။ ဒါမှမဟုတ်ပဲ ကိုယ်က အိပ်ရာဝင် ကွန်ပျူတာကို Virus Scan လုပ်ပြီး အိပ်တယ်ဆိုပါဆို့ LOw CPU usage ကိုရွေးပေါ့။ Virus Scan က CPU usage ကို မြင့်စေနိုင်တော့ သူစစ်ပြီးသွားလို့ usage နည်းသွားတာနဲ့ ကွန်ပျူတာ က ပိတ်သွားမှာပေါ့။ ဒါကတော့ ကွန်ပျူတာကို အချိန်နဲ့ ပိတ်စေ တာပါ။

ဖုန်းဖြင့် လှမ်း၍ ပိတ်ခြင်း--

shutter icon လေးကိုပဲ ဖွင့်လိုက်ပါ။ Options ကို ဆက်၍နှိပ်ပါ။ Web Interface ဆိုတာကို တွေ့ပါလိမ့်မည်။ Enable ကို အမှန်ခြစ်ပေးလိုက်ပါ။
listen IP: ကိုနှိပ်လိုက်ပြီး မိမိကွန်ပျူတာရဲ့ IP address ကိုရွေးလိုက်ပါ။ အဲဒီ IP addresss ဟာ ကိုယ့်အိမ်က ၀ိုင်ဖိုင် address လည်းဖြစ်ရမှာပါ။ ဒါမှ ဖုန်းကနေ လှမ်းချိတ်တဲ့ အခါ ၀ိုင်ဖိုင် နက်ဝက်အတွင်းမှာ တူတူရှိနေလို့ ချိတ်လို့ အဆင်ပြေမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုရင်တစ်ချို့တွေမှာ Vitual Machine တွေရဲ့ IP Address လည်းပြေနေလို့ပါ။ 
IP address ရွေးပြီးတာနဲ့ Listen Port: မှာ ကိုယ်ကြိုက်ရာထည့်ပါ။ ဒါပေမယ့် known port တွေ မထည့်ပါနဲ့ အစမ်းသဘောနဲ့ ကျွန်တော် ထည့်သလို 
IP 192.168.1.1
Listen Port: 802
ပြီးရင် username ထည့်ပါ။ shogun, ပတ်စ်ဝေါ့ ထည့်ပါ shogun1234
ဖြည့်ပြီးတာနဲ့ save ကို နှိပ်ပေးပါ။ ဒါဆိုရင် မိမိဖုန်းကနေ လှမ်းပြီး ကွန်ပျူတာကို ပိတ်လို့ရပါပြီ။

ဖုန်းရဲ့ အင်တာနက် browser ကိုသွားပါ။ ဖုန်းက ကွန်ပျူတာနဲ့ ip address တူတဲ့ ၀ိုင်ဖိုင် နက်ဝက်အတွင်းမှာရှိနေရပါမယ်။ Address Bar မှာ ကိုယ်ရဲ့ ကွန်ပျူတာ ip address ကို port ခံပြီး ရိုက်လိုက်ပါ။ 
192.168.1.1:802 အဲလိုရိုက်လိုက်တာနဲ့ ပေးထားတဲ့ username နဲ့ password ကိုရိုက်လိုက်ပါ။ ဒါဆို ရင် မိမိကွန်ပျူတာကို shutdown, reboot, logoff, etc လုပ်လို့ရတဲ့.. Shutter Web Interface ပေါ်လာမှာပါ။ ကိုယ်ကွန်ပျူတာ Desktop ပေါ်ကို လှမ်းကြည့်မယ်ဆိုရင်တော့ screenshot of a Desktop ဆိုတာလေးကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ အိပ်ရာထဲမှာ အလုပ်ဆက်လုပ်နိုင်ပြီပေါ့။ :P

တစ်ကယ်ဆို ကိုယ့် ဖုန်းနဲ့ ကွန်ပျူတာမှာ Teamviewer software ရှိထားရင်လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းက အင်တာနက်မလိုပဲ မိမိအိမ်မှာ wifi router တစ်လုံးရှိပြီး ၀ိုင်ဖိုင်နက်ဝက်ထဲမှာ ကွန်ပျူတာကော ဖုန်းပါ မိနေရင်ကိုအဆင်ပြေပါပြီ။

ကဲ အားလုံး ဒီည စမ်းသပ်ကြည့်ရအောင်လား။ :D 

(အလုပ်ထဲမှာ သုတ်ခြေတင်ရေးနေသည့်အတွက် စာလုံးပေါင်းမှားပါက ခွင့်လွှတ်ရန်နှင် မရှင်းလင်းသည်များရှိက ကွန်းမန့်ထား၍ မေးနိုင်ပါကြောင်း)

SHOGUN :))
Caring is Sharing

MyanmarITGroup

January 28, 2013

Autodesk 3D Max အသုံးပြုနည်း (မြန်မာလို)

ကဲ 3D သမားများအတွက် Autodesk 3D Max အသုံးပြုနည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်။ 2D 3D စိတ်ဝင်စားသူများ ဖတ်ရှု့လေ့လာ နိုင်ပါတယ်။  လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ Download လုပ်တဲ့အခါ link တစ်ခုက မရရင် တစ်ခြားတစ်ခုကနေ Download လုပ်ပါ။ အားလုံးကို Download လုပ်ရမှာ မဟုတ်ပါဘူး။ အဲ့ထဲကနေ ကို Download လုပ်ရတာ အဆင်အပြေဆုံး တစ်ခုကို ရွေးပြီး Download လုပ်ပါ။

Mediafire | Minus | Sharebeast | Filecloud

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts