ရှမ်းပြည်နယ် ကလော၊ ဆီဆိုင်၊
ကျောက်မဲဒေသတွေမှာ မိုးသည်းပြီး လေပြင်းတိုက်လို့ ၁၁ ဦး သေဆုံး ပြီး ၇
ဦး ဒဏ်ရာရ၊ ၄ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မုံရွာမြို့မှာ လေပြင်းတိုက်လို့ သစ်ပင်တွေ ပြိုလဲပြီး ကားတစီးပေါ်သို့ ပိနေပုံ၊ ဓာတ်ပုံ- ဧရာဝတီ
မေလ ၂ ရက်နေ့ နံနက် ၁
နာရီကျော်လောက်မှာ ကလောမြို့နယ်၊ ရွှေမင်းဖုန်း ကျေးရွာအုပ်စု၊ ရွှေတောမှာ
မိုးသည်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်တွေ ပြိုလဲ၊ အဆောက်အအုံတွေ
ပျက်စီးပြီး ရပ်ကွက်နေ စုစုပေါင်း လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
ရွေကျင်တဲ့ ရွှေတောမှာ ၃ ဦး သေဆုံး ပြီး ၄ ဦးပျောက်ဆုံးနေတယ်လို့ ယနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စုစုပေါင်း သေဆုံးသူ ၁၁ ဦးရှိတယ်လို့ သတင်းစာက ဆိုပါတယ်။
ဆီဆိုင်နဲ့
ကျောက်မဲမြို့တွေမှာလည်း မိုးသည်းထန် လေပြင်းတိုက်တဲ့အတွက် သစ်ပင်ကြီးတွေ
ပြိုလဲပြီး လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါသေးတယ်။
ဒီအပြင် မကွေးတိုင်း တောင်တွင်းကြီးဘက်မှာလည်း မိုးသည်းထန်လေပြင်းတိုက်လို့ သစ်ပင်တွေပြိုလဲ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
လွန်ခဲ့တဲ့ တနေ့ကလည်း မုံရွာမြို့၊
ကလေးမြို့တွေမှာလည်း လေပြင်းတွေ တိုက်၊ မိုးသည်းသည်း ရွာသွန်းတဲ့ အတွက်
သစ်ပင်ကြီးတွေ ပြိုလဲပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ပါသေးတယ်။
တောင်ကြီးမြို့ တွင် မော်ဒမ်မြင့် ခေတ်မီ မော်တော်ယာဉ်များအများအပြား ၀ယ်ယူသုံးစွဲ မှုများ ရှိ
လာသည်နှင့်အမျှ လမ်းစည်းကမ်း ယာဉ်စည်းကမ်းတို့ကို လေးစားလိုက်နာမှုမရှိ စည်းကမ်းမဲ့
စွာတို့ဖြင့် မောင်းနှင်အသုံးပြုလျှက်ရှိနေကြသည်ကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါသည်။
သက်ဆိုင်ရာတာဝန်ရှိသူများတို့ဘက်မှလဲ စည်းကမ်းနှင့်အညီ အမြဲမပြတ် တာဝန်ယူထိန်းသိမ်း
ကြပ်မတ် ဖမ်းဆီးအရေးယူ ပညာပေးမှုများ မရှိသလောက်ပင်ဖြစ်နေပါသည်။ အရေးယူလုပ်ဆောင်
ချက်များအလွန်အားနည်း ယိုယွင်းလျှက်ရှိနေသည်။
ယနေ့ (၁.၅.၂၀၁၃ ဗုဒ္ဒဟူးနေ့) ညနေ ၆နာရီခွဲ ၀န်းကျင်အချိန်ခန့်က တောင်ကြီးမြို့ အရှေ့မြို့
ပတ်လမ်း၊ အထက(၁)ကျောင်းမြောက်ဘက်ပေါက်အနီး တွင် စည်းကမ်းမဲ့ လမ်းပြောင်းပြန်
ရပ်တန့်ထားကြသော မော်တော်ယာဉ်များတို့ကို ယခုလိုမြင်တွေ့နေရစဉ် ... ...