Showing posts with label ခေါင်းဆောင်မှု. Show all posts
Showing posts with label ခေါင်းဆောင်မှု. Show all posts

November 27, 2012

အောင်မြင်သူ ဖြစ်လိုလျှင်


Apple Computer နဲ့ Pixar Animation Studios ရဲ့ CEO ဖြစ်သူ Steve Jobs က 2005 ခုနှစ် ဇွန်လတုန်းက Stanford တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား မှာ ပြောကြားခဲ့တဲ့ ကိုယ်တွေ့သင်ခန်းစာ ပုံပြင်သုံးပုဒ်ရဲ့ အနှစ်ချုပ်တွေ ဖြစ်ပါတယ်။
*ကိုယ့်ရဲ့ အတွေးကိုကိုယ်၊ ကိုယ့်ရဲ့အစွမ်းအစကို ကိုယ်၊ ကိုယ့်ရဲ့အလားအလာ ကံကြမ္မာကို ကိုယ် လုံးဝဥဿုံ ယုံကြည်ပါ။
*တစ်ခါတစ်လေမှာ ဘ၀ ကံကြမ္မာဟာ ခေါင်းကို အုတ်ခဲနဲ့ ထုလိုက်သလိုပါပဲ။ ဒါပေမယ့် ယုံကြည်ချက်ကို မစွန့်ပါနဲ့ ဘယ်တော့မှ ပြီးပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ယုံကြည်မြတ်နိုးတဲ့ အလုပ်ကို ဘယ်တော့မှ မစွန့်ပါနဲ့။
*သင့်ရဲ့အချိန်တွေဟာ အကန့်အသတ်နဲ့ ရှိနေပါတယ်။ဒီလို ကန့်သတ်ထားတဲ့ အချိန်အတွင်းမှာ ကိုယ့်ကိုယ်တွင်းက ယုံကြည်မှုကို သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်တွေ ဖုံးလွမ်းပစ်တာ မခံပါနဲ့။ ကိုယ်ဖြစ်ချင်တာကို ပထမဦးစားပေးပါ။ ကျန်တာအားလုံးကို ဒုတိယမှာပဲထားပါ။
တစ်နည်းအားဖြင့် ဆိုရရင် ဒီကိုယ်တွေ့ သင်ခန်းစာ သုံးခုဟာ
*ကိုယ့်ကိုယ်ကိုယ် လုံးဝဥဿုံ ယုံကြည်ဖို့
*လောကဓံကြောင့် ကိုယ်မြတ်နိုးတဲ့ အလုပ်ကို မစွန့်လွတ်ဖို့
* အချိန်ကို တန်ဖိုးထားပြီး ကိုယ့်အလုပ်ကိုသာ ဦးစားပေးပြီးလုပ်ဆောင်ဖို့
တိုက်တွန်းထားတာပါ။ဘွဲ့ရပြီးပေမယ့် လေ့လာလိုမှုနဲ့ ပညာရပ်တစ်ခုအပေါ်မှာ မိုက်မဲစွာ ဆာလောင်မှုတွေ မပျောက်ရအောင် Stay Hungry.Stay Foolish ဆိုတဲ့စကားလက်ဆောင် နှစ်ခုကိုလည်း Steve Jobs က အဲဒီအခမ်းအနားမှာ ပေးခဲ့ပါသေးတယ်။
ဒီအချက်တွေက အခြေခံ ကျပေမယ့် အရေးကြီးပါတယ်။ ရိုးရှင်းပေမယ့် လိုက်နာဖို့ ခက်ခဲပါတယ်။ အစလွယ်ပေမယ့် ဇွဲသန်ရပါတယ်

စိန်ခေါ်မှုတွေကိုကျော်လွားစေနိုင်မည့်အရည်အသွေး

  မလွဲမသွေ ကြုံကြိုက်နေရသမျှကို အုပ်စုခွဲကြည့်ရင် အဓိက ကောင်း – ဆိုး နှစ်ရပ်ပဲဆိုတာ ဆင်ခြင်မိပါလိမ့်မယ်။ ဒီနှစ်ရပ်ကို “စိန်ခေါ်မှု” အဖြစ် အပြုသဘော ခြုံငုံလက်ခံဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ “စိန်ခေါ်မှု” ဟာ အခြေအနေအလိုက် ရင်ဆိုင်ဖြေရှင်းရတဲ့ အရာတွေချည်းပါပဲ။ ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်လမ်းအချို့ကတော့

* သတ္တိရှိပါ။
* နေ့စဉ်တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်ပါ။
* အပြည့်အ၀ အားထုတ်ဆောင်ရွက်ပါ။ ဒါပေမယ့် အတိတ်ကို တသသ မဖြစ်ပါစေနဲ့။
* ပြောင်းလဲမှုတွေ ၊ သင်ယူနေရမှုတွေကို အခွင့်အလမ်းတွေလို့ ခံယူပါ။
* အသစ် အသစ်သော ကိစ္စရပ်တွေအတွက် ကြိုးပမ်းနေပါ။
* အမြင်ကျယ်ကျယ်ထားရှိပါ။
* မတွေ့ဖူး မကြုံဖူးသေးသူတွေနဲ့ တွေ့ဆုံပါ
* စူးစမ်းမေးမြန်းပါ
* ကိုယ့်ကိုယ်ကိုယ် စိတ်ရောကိုယ်ပါ ကျန်းမာအောင် နေထိုင်ပါ။
* အကောင်းမြင်တတ်ပါ။
စိန်ခေါ်မှုတွေကို ကျော်လွားစေနိုင်မည့် ဒီအရည်အသွေးတွေအပြင် အရေးကြီးတဲ့ အရာတွေကို အာရုံစိုက်ဖို့၊ ရည်မှန်းချက် ချမှတ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ဖို့၊ အခက်အခဲတွေကို ဖြေရှင်းနိုင်မည့် နည်းလမ်းတွေကို ရှာနိုင်ဖို့၊ စိတ်တည်ငြိမ်အေးချမ်းဖို့ ၊အောင်မြင်မှုကို ဂုဏ်ယူဖို့၊ ရိုးသားဖို့၊ ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ ချီးမွမ်းတတ်ဖို့ လိုပါတယ်လို့ ပညာရှင်တွေက တိုက်တွန်းပါတယ်။ အဲဒီ အရည်အသွေးတွေမှာ ကိုယ်နဲ့ ကိုယ့်ပါတ်ဝန်းကျင်အတွက် စိတ်အားထက်သန်တဲ့ Positive Commitment ကိုပေါင်းစပ်နိုင်ပြီဆိုရင် သုခတွေနဲ့ ကြုံချိန်မှာ အောင်နိုင်သူ၊ ဒုက္ခတွေနဲ့ တွေ့ကြုံချိန်မှာ ရှင်သန်နိုင်သူ ဖြစ်လာပါလိမ့်မယ်။

သင်ကောင်းလျှင်သူတို့မဆိုးပါ

ကုမ္ပဏီမန်နေဂျာ တချို့ဟာ သူတို့စိတ်တိုင်းကျရလဒ်တွေ ထွက်ပေါ်မလာတဲ့အခါမှာ လက်အောက်ခံ ၀န်ထမ်းတွေ ညံ့ဖျင်းလို့ပဲလို့ အပြစ်ပုံချချင်တတ်ကြပါတယ်။ "၀န်ထမ်းတွေဟာ ရပိုင်ခွင့်ဆိုရင် ရှေ့ဆုံးက လိုချင်သလောက် အလုပ်အပေါ်မှာလေးစားမှုမရှိကြဘူး" လို့လည်းခံစားမိတတ်ကြပါတယ်။ ဒီနေရာမှာ တွေးစရာ ဖြစ်လာတာက  ကိုယ့်လက်အောက်ခံ ၀န်ထမ်းတွေကို ညံ့တယ်၊ဖျင်းတယ်လို့ ပြောရတာဟာ ကိုယ့်သားသမီးတွေ ညံ့ကြောင်းဖျင်းကြောင်းပြောသလို ဖြစ်မနေဘူးလား ဆိုတာပါပဲ။

ခေါင်းဆောင်

ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။ ခေါင်းဆောင်များ ကို လေးမျိုး လေးစား ခွဲခြား နိုင်သည်။

ခေါင်းဆောင် အရည်အသွေး(၅) ရပ် မျှတရေး


ကံဆိုးသည့် ကာလဆုံးလျှင် ကံကောင်းသည့် ကာလသို့ ရောက်လာသည်။ အရာရာသည် အဆုံးစွန် အချိန်သို့ ရောက်လာလျှင် ပြောင်းပြန်ပြန်၍ ဖြစ်တတ်သည်။ ကျင့်ဆောင်ရမည့် အရည်အသွေး ၅ ရပ် သို့မဟုတ် သီလ ၅ ပါးကို မှန်ကန်စွာ အသုံးချလျှင် အားထုတ်မှု တစ်ဝက်ဖြင့်ပင် အောင်မြင်မှု ၂ ဆကို ရနိုင်သည်။ သို့သော် ထိုအရည်အချင်းများကို အလွန်အကျွံ အသုံးချပြန်ပါကလည်း တန်ပြန် အကျိုးကို ဖြစ်စေသည်။

အချိန်တွေမဖြုန်းမိစေဘို့

   စီမံခန့်ခွဲသူ ဒါမှမဟုတ် ခေါင်းဆောင်မှု တာဝန်ယူနေသူတွေဟာ မိမိတို့ရဲ့ လုပ်ငန်းတွေထိထိရောက်ရောက်နဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့ အမြဲသတိပြု ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ထိရောက် အောင်မြင်အောင် စီမံဆောင်ရွက်နေတဲ့အခါ တစ်ခါတစ်ရံဖြစ်စေ မကြာခဏဖြစ်စေ အချိန်တွေကို အလဟသ ဖြုန်းမိတတ်ပါတယ်။ အဲဒါကို သတိ မပြုမိ တတ်ပါဘူး။ အချိန်ဖြုန်းနေတာကို အချိန်ဖြုန်းမှန်းမသိတဲ့ အမှတ်တမဲ့အဖြစ်မျိုး ရှိတတ်ပါတယ်။

အဖွဲ့အစည်းတစ်ခု၏အလည်အဆင့်၌ ခေါင်းဆောင်နေသူများ၏မှားယွင်းသောအယူအဆများ

ခေါင်းဆောင်မှုအားလုံးသည် အဖွဲ့အစည်း၏ ထိပ်ဆုံးမှ ဖြစ်ပေါ်လာခြင်း မဟုတ်၊ အလယ်မှပေါ်ပေါက်လာခြင်းသာဖြစ်သည်၊။ထုံးစံအတိုင်းဆိုပါက အဖွဲ့အစည်းတစ်ခု၌ ခေါင်းဆောင် တစ်ယောက်သာရှိသည်။ အကယ်၍ သင်သည် အဆိုပါခေါင်းဆောင်မဟုတ်ခဲ့ပါက ၊ သင်ဘာလုပ်မည်နည်း။သင်က ထိရောက်စွာ ဦးဆောင်မှုပေးနိုင်ရန် အမှုဆောင် အရာရှိချုပ်တစ်ယောက် ဖြစ်နေဖို့ မလိုအပ်ပါ။ အကယ်၍ သင်က ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းနှင့် မပြည့်ဝသူ တစ်ဦးထံ အစီရင်ခံတင်ပြနေရသည့်တိုင်အောင် သင်၏ခေါင်းဆောင်မှုကို ထိရောက်မှုရှိလာအောင် လေ့လာသင်ယူ၍ ရနိုင်ပါသည်။ လျှို့ဝှက်ချက် မှာသင်သည် အဖွဲ့အစည်းတစ်ခု၏ မည်သည့်နေရာ၌ ရောက်ရှိနေစေကာမူ မိမိကိုယ်ကို ထက်အောက်ဝဲယာတို့ကို ခေါင်းဆောင်မှုပေးနိုင်သော “စက်ဝန်းပြည့်” ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေခြင်းဖြင့် သင်၏ သြဇာသက်ရောက်စေမှုကို ပိုမိုတိုးတက်ကျယ်ပြန့်လာစေမည်ဖြစ်သည်။ သင်က မိမိ၏ အထက်လူကြီးကိုခေါင်းဆောင်နိုင်အောင် မိမိနှင့်အဆင့်အတန်းတူသူများကို ခေါင်းဆောင်နိုင်အောင်နှင့်  မိမိ၏ လက်အောက် ငယ်သားများကို ခေါင်းဆောင်နိုင်အောင် လေ့လာသင်ယူ၍ ရနိုင်ပါသည်။ စက်ဝန်းပြည့်ခေါင်းဆောင်များသည်  အဖွဲ့အစည်း၏ အဆင့်တိုင်း၌ ရှိနေသူများအပေါ် သြဇာသက်ရောက်စေမှု ရှိ၏။ ၎င်းတို့သည် သူတပါးကို ကူညီခြင်းဖြင့် မိမိအတွက်လည်း အကူအညီများစွာရကြ၏။ ထက်အောက်ဝဲယာကို ခေါင်းဆောင်မှုပေးဖို့ဆိုတာ မလွယ်ပါ သို့သော် မဖြစ်နိုင်သော ကိစ္စလည်းမဟုတ်ပါ။  သာမန် သို့မဟုတ် သာမန် အဆင့်ထက်သာသော ခေါင်းဆောင်မှုအရည်အချင်း ရှိသူတိုင်းအတွက် ဤကိစ္စကို လိုလိုလားလား ဆောင်ရွက်ချင်စိတ် ရှိသူများအတွက် စက်ဝန်းပြည့် ခေါင်းဆောင် တစ်ယောက်ဖြစ်လာရေးသည် အလှမ်းမဝေး လှပါ။  အဖွဲ့အစည်း၏ အလည်အဆင့်မှ ခေါင်းဆောင်များထံတွင် လွဲမှားစွာ မှတ်ယူထားသည့် မှားယွင်းသော အယူအဆများ ရှိနေတတ်ပါသည်။

မှားယွင်းသော အယူအဆ ၁။ ရာထူးနေရာအတွက် လွဲမှားသောအယူအဆ
“ကျွနုပ် ထိပ်ဆုံးသို့ မရောက်သ၍ ခေါင်းဆောင်နိုင်လိမ့်မည်မဟုတ်”
မှားယွင်းသော အယူအဆ ၂။ပန်းတိုင်ကိုရောက်ပြီဆိုသော လွဲမှားသောအယူအဆ
“ ကျွန်ုပ်ထိပ်ဆုံးကို ရောက်တဲ့အခါကျရင် ခေါင်းဆောင်တတ်အောင် လေ့လသင်ယူမှာပါ”

မှားယွင်းသော အယူအဆ ၃။ သြဇာတိက္ကမရှိပြီဟု မှားယွင်းစွာ ယူဆမှု
 “ အကယ်၍ ကျွန်ုပ်ထိပ်ဆုံးမှာ ရှိနေခဲ့ရင် ကျွန်ုပ်နောက်က လူတွေလိုက်ပါလာကြလိမ့်မည်”
မှားယွင်းသော အယူအဆ ၄။ အတွေ့အကြုံမရှိမှု၏ မှားယွင်းစွာယူဆမှု

 “ ကျွန်ုပ်ထိပ်ဆုံးကို ရောက်တဲ့အခါကျရင် ထိန်းချုပ်နိုင်သူ ဖြစ်လာလိမ့်မည်”
မှားယွင်းသော အယူအဆ ၅။ လွတ်လပ်ပြီဟု မှားယွင်းစွာ ယူဆမှု
 “ ကျွန်ုပ်ထိပ်ဆုံးကို ရောက်ပြီဆိုရင် အကန့်အသတ်တွေ မရှိတော့ဘူး”
မှားယွင်းသော အယူအဆ ၆။ စွမ်းပကားအတွက် လွဲမှားစွာယူဆမှု

“ကျွနုပ်သည် ထိပ်ဆုံးက ခေါင်းဆောင်မဖြစ်သရွေ့ ကျွန်ုပ်၏ စွမ်းပကားကို ပြည့်ဝစွာ သုံးစွဲနိုင်လိမ့်မည် မဟုတ်”
မှားယွင်းသော အယူအဆ ၇။ အကုန်မရရင် လုံးဝ မလိုချင်ဆိုသော လွဲမှားသည့် အယူအဆ
“ ထိပ်ဆုံးကို ရောက်နိုင်ဘူးဆိုမှတော့ ကျွန်ုပ်ခေါင်းဆောင်လုပ်ဖို့ ကြိုးစားတော့မည်မဟုတ်”

ရှေ့သို့ တစ်ဆင့်မတက်မီ ဤမှားယွင်းသော အယူအဆများကို ချေဖျက်ပစ်ရန် လိုအပ်ပါသည်။ လူပိုဂ္ဂိုလ်တစ်ဦးချင်းသည် မည်သည့်နေရာတွင် ရောက်ရှိနေပါစေ ပို၍ကောင်းမွန်သော ခေါင်းဆောင်များ ဖြစ်လာနိုင်ပါသည်။ သင်၏ ခေါင်းဆောင်မှုကို ပိုမိုတိုးတက်လာစေခြင်းဖြင့် သင်၏ အဖွဲ့အစည်းကို အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်သည်။ သင်သည် အဖွဲ့အစည်း၏ ထိပ်ဆုံးသို့ ရောက်မသွားသည့်တိုင်အောင် အဖွဲ့အစည်း၏ အဆင့်တိုင်း၌ ရှိသူများအား သြဇာသက်ရောက်မှု ရှိအောင်လေ့လာသင်ယူနိုင်ပါသည်။ သင်သည်သူတစ်ပါး၏ အကျိုးကိုဆောင်ခြင်းဖြင့် သင်လည်းအောင်မြင်မှု ရရှိလာမည်သာဖြစ်ပါသည်။

Management နဲ့ Leadershipဘာကပိုအရေးကြီးလည်း

Management နဲ့ Leadership ဟာ ဆက်နွယ်နေပေမယ့် မတူပါဘူး။ Management ဆိုတာ အလုပ်တွေပြီးဖို့ ရည်မှန်းချက်တွေပေါက်မြောက်ဖို့အတွက် လူ၊ ငွေ၊ ပစ္စည်း၊ စက်ကိရိယာ၊ သတင်းအချက်အလက်စတဲ့ resources တွေကို စီမံခန့်ခွဲတာဖြစ်ပါတယ်။ Leadership မှာတော့ အလုပ်တွေပြီးဖို့အတွက် အရေးအကြီးဆုံး resource ဖြစ်တဲ့လူကို အဓိကထား စီမံခန့်ခွဲတာဖြစ်ပါတယ်။ Management လုပ်တဲ့လူကို Manager  လို့ ခေါ်ပါတယ်။ Leader တိုင်းဟာ Manager မဟုတ်ပေမယ့် Manager တိုင်း Leader ဖြစ်ဖို့လိုပါတယ်။ ရုံးတစ်ရုံးမှာ၊ ဒါမှမဟုတ် ရုံးတိုင်းမှာ  Manager တာဝန်ယူရတဲ့လူရှိပါတယ်။ Manager ဟာ အလုပ်တွေပြီးဖို့အတွက် စီမံခန့်ခွဲတဲ့အခါ ၀န်ထမ်းတွေကို ဆက်သွယ်ဆက်ဆံဖို့လိုပါတယ်။ အလုပ်ရဲ့ရည်မှန်းချက်တွေကို အသိပေးရပါမယ်။ ၀န်ထမ်းတိုင်းအလုပ်အပေါ် ယုံကြည်မှုရှိအောင်၊ အဖွဲ့အစည်းပေါ်ယုံကြည်မှုရှိအောင်၊ မိမိကိုယ် မိမိယုံကြည်မှုရှိအောင်နဲ့ Manager  အပေါ် ဦးဆောင်သူအဖြစ် အားကိုးယုံကြည်မှုရှိအောင် လုပ်ဖို့ Manager မှာတာဝန်ရှိပါတယ်။ ဒါကို Leadership လို့ခေါ်ပါတယ်။ ရုံးတစ်ရုံးမှာ အလုပ်တွေပြီးအောင် Management သာမက Leadership ရှိဖို့လိုပါတယ်။ တကယ်တမ်းမှာတော့ အလုပ်တွေပြီးဖို့အတွက် ၀န်ထမ်းတွေရဲ့ အခန်းကဏ္ဍနဲ့ ဦးဆောင်သူ (Leader ) ရဲ့ အခန်းကဏ္ဍဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ Leader Manager က ၀န်ထမ်းတွေကို လှုံ့ဆော်မှု (Motivation) လုပ်ရပါတယ်။ Teamwork ကောင်းကောင်းရှိအောင် လုပ်ရပါတယ်။ Leadership, Motivation နဲ့ Teamwork ဟာဆက်စပ်နေပါတယ်။ Leadership ကောင်းကောင်းမရှိရင် ၀န်ထမ်းတွေစိတ်ဓာတ်တက်ကြွမှုမရှိဘဲ  Motivate မဖြစ်ရင် Teamwork မရှိရင် အလုပ်တွေ ကောင်းကောင်း ပြီးမှာမဟုတ်ပါဘူး။ ဒါကြောင့် ရုံးတစ်ရုံးမှာ Leadership ကောင်းကောင်းမရှိရင် Management လည်း ကောင်းမှာ မဟုတ်ပါဘူး။ ကာလတိုမှာ အလုပ်တွေပြီးသလိုရှိပေမယ့် ရေရှည်မှာတိုးတက်မှုမရှိတဲ့ ရုံးတစ်ရုံးဖြစ်လာမှာပါ။ ရုံးတစ်ရုံး သာမက အဖွဲ့အစည်းတိုင်းမှာ Management ကောင်းကောင်းလုပ်တတ်တဲ့ Leader Manger တွေရှိဖို့လိုပါတယ်။ အဖွဲ့အစည်းတွေမှာ Leadership နဲ့ Management ဆက်နွယ်မှုတွေနဲ့ ကွာခြားမှုတွေကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ သာမန် မန်နေဂျာဟာ ၀န်ထမ်းတွေကို လက်အောက် ငယ်သားလို့ အမြင်ရှိပြီး အလုပ်ကိုအဓိကအာရုံထားပါတယ်။ အလုပ်ပြီးရင် ကျေနပ်တင်းတိမ်လျက်ရှိပါတယ်။ ဦးဆောင်သူ မန်နေဂျာက ၀န်ထမ်းတွေကို Followers နောက်လိုက်နောက်ပါအဖွဲ့လိုမြင်ပါတယ်။ Leaderတွေဟာ လူကို အဓိကထားလေ့ရှိပြီး စိတ်ဓာတ်နဲ့ ယုံကြည်မှုကို အရယူနိုင်ကြပါတယ်။ ၀န်ထမ်းတွေရဲ့တိုးတက်မှု၊ အလုပ်တိုးတက်မှုနဲ့၊ အဖွဲ့အစည်းတိုးတက်မှုကို အာရုံထားပါတယ်။ အနာဂတ်မျှော်မှန်းချက် ရှိပြီး အခွင့်အလမ်းသစ်တွေရယူဖို့အတွက် စွန့်စားမှု (Risk ) ယူပါတယ်။ Management ကတည်ငြိမ်မှုကို လိုလားပြီး  Leadership  ကပြောင်းလဲတိုးတက်မှုကိုလိုလားပါတယ်။ မန်နေဂျာက အလုပ်ကို စီမံခန့်ခွဲပြီး ခေါင်းဆောင်တွေက လူတွေကို ဦးဆောင်ပါတယ်။ မန်နေဂျာမှာလက်အောက်ငယ်သားတွေရှိပြီး ခေါင်းဆောင်မှာ နောက်လိုက်တွေ ရှိပါတယ်။ မန်နေဂျာက စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တဲ့အခါ ခေါင်းဆောင်က စည်းမျဉ်းစည်းကမ်းတွေ လျော့နည်းအောင် လုပ်နိုင်တဲ့နည်းလမ်းတွေရှာပါတယ်။ မန်နေဂျာက အမှန်တရားတွေ တည်ဆောက်တဲ့ အချိန်မှာ ခေါင်းဆောင်က အမှန်တရားကို ရှာဖွေပါတယ်။ မန်နေဂျာက မှန်အောင်နေလေ့ရှိပြီး ခေါင်းဆောင်က မှန်တဲ့ဘက်က ရပ်တည်ပေးပါတယ်။ မန်နေဂျာက ၀န်ထမ်းတွေကို အပြစ်တင်တဲ့အခါမှာ ခေါင်းဆောင်က အခက်အခဲပြသနာတွေကို တာဝန်ခံပါတယ်။ မန်နေဂျာက လမ်းဟောင်းပေါ်မှာ လျှောက်လေ့ရှိပြီး ခေါင်းဆောင်က လမ်းသစ်ကို ရှာပါတယ်။ ဒါကြောင့် ရုံးတစ်ရုံးမှာသာမက အဖွဲ့အစည်းတိုင်းမှာ မန်နေဂျာကောင်းတွေထက် ခေါင်းဆောင်ကောင်းတွေလိုအပ်ပါတယ်။

အကြီးအကဲကသဘောကျပါစေ

ခေါင်းဆောင်တစ်ယောက်သည် လက်အောက်ဝန်ထမ်းများအတွက် စီမံခန့်ခွဲရသလို အထက်အကြီးအကဲကိုလည်း စီမံခန့်ခွဲရန် မမေ့ပါနှင့်။ကျွနုပ်တို့သည် အားကိုးအားထား ပြုနိုင်သူများဖြစ်ကြောင်း၊ ယုံကြည်စိတ်ချရသူများဖြစ်ကြောင်
း အထက်အကြီးအကဲများကို ထုတ်ဖော်ပြသနိုင်လျှင် ကျွနုပ်တို့၏ ဘ၀တိုးတက်မှုလမ်းကြောင်း အထူးကောင်းပါလိမ့်မည်။ အထက်အကြီးအကဲ၏ လေးစားယုံကြည်မှု ရရှိစေရန် ကြိုးစားအားထုတ်ရမည့်အကြံအစည်အတွက် နောက်မတွန့်သင့်ပါ။ အဖွဲ့အစည်းအတွင်း၌ အာဏာရှိသူပုဂ္ဂိုလ်များကို မျက်နှာလို၊ မျက်နှာလုပ်ရမည့် သဘောထားသည် ရှေ့သို့တက်လှမ်းရန်အတွက် တွက်ချက်ပြီး အားထုတ်ရသည့်ကိစ္စ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်လူများက ကျွန်ုပ်တို့ကို အစစ်အမှန်သမားမဟုတ်၊ အရည်အချင်းအတုသာရှိသူများအဖြစ် တံဆိပ်ခတ်နှိပ်ထားလိုက်နိုင်သောကြောင့် ဖြစ်သည်။  အရေးကြီးပုဂ္ဂိုလ်များ၏ လေးစားယုံကြည်မှုကို ရရှိရန် လမ်းမှန်နှင့်လမ်းမှား နှစ်မျိုးရှိသည်။ အကြီးအကဲက အလေးအနက်ထားသော အကြောင်းအရာကို သိရှိပြီး ကြိုတင်မျှော်မှန်း၍ ပြင်ဆင်ခြင်း၊ အကြီးအကဲက မျှော်မှန်းသည်ထက် ကျော်လွန်အောင်လုပ်ပြခြင်းနှင့် တန်ဖိုးထားမှု ပိုမိုတိုးတက်လာအောင် တစိုက်မတ်မတ် နည်းလမ်းရှာဖွေလုပ်ဆောင်နေခြင်းများသည် ကျွန်ုတို့ကို ထင်ရှားပေါ်လွင်စေသောလမ်းမှန်ဖြစ်သည်။ သို့ရာတွင် ရှေ့မှာတင် အနားပြားလုပ်ပြခြင်း၊ အပေါင်းအသင်းများအပေါ် အပုတ်ချခြင်းနှင့် အဖွဲ့အစည်း၏ အောင်မြင်ပြီးမြောက်မှုကို မောင်ပိုင်စီး နာမည်ယူခြင်းများသည် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာကို နောက်ကျိစေပြီး ရှေ့သို့ တိုးတက်မှုအခွင့်အရေးကို ဆုံးရှုံးစေမည်ဖြစ်ပါသည်။ စကားပြောရာတွင် အားတက်သရောရှိရမည်။ ကျွန်ုတို့၏တင်ပြချက်များသည် စနစ်တကျဖွဲ့စည်းမှု၊ စိတ်ဝင်စားမှု၊ အကျိုးရလဒ်ကို ရယူပေးနိုင်မှုတို့နှင့် ပြည့်စုံနေလျှင် အကြီးအကဲသည် အလေးဂရုပြုနားထောင်ပါလိမ့်မည်။ အကြီးအကဲက မေးခွန်းတစ်ခုမေးလာလျှင် အားလုံးခြုံငုံမိစေသော ၀ါကျတစ်ကြောင်းတည်းကိုသာ ဦးစွာဖြေပါ။ နောက်မှအသေးစိတ်အချက် အလက်များ ဆက်ပြောပါ။ ဥပမာ -ကျွန်တော်တို့မှာ ရွေးချယ်စရာနည်းလမ်းသုံးခုရှိပါတယ်၊ (သို့မဟုတ်) အဆင့်သုံးဆင့်အနက် ပထမအဆင့်အနေဖြင့် တင်ပြရလျှင် ဟူသောစကားမျိုးဖြင့် စတင်ဖြေကြားရမည်။ စီမံကိန်းတစ်ခု၏ လက်ငင်းအခြေအနေကို ဆွေးနွေးနေကြလျှင် ရှေ့ကိုကြို၍ စဉ်းစားထားပါ။ ဖြစ်ပြီးသားအဟောင်းတွေကို ပြန်ပြောခြင်းထက် နောက်ထပ်ဘာတွေဖြစ်လာမည်ကို အာရုံစူးစိုက်ပြီးတင်ပြပါ၊ အခြေအနေစောင့်ကြည့်ရမည့်ပုံမျိုး လုံးဝမဖမ်းပါနှင့် ။ နောက်တစ်ပတ်တွင် အစီအစဉ်ရေးဆွဲနိုင်ဖို့ ပြန်ကြားချက်စောင့်ရပါဦးမည် ဟူသော စကားအစား နောက်တစ်ပတ် အစည်းအဝေးပြန်မစခင် ကျွန်တော်တို့ တိုးတက်မှုရအောင် လုပ်ထားပါမယ်ဟု ပြောသင့်သည်။
            အကြီးအကဲက တစ်စုံတစ်ခု ခိုင်းလိုက်ပြီဆိုလျှင် ယုံကြည်မှုအပြည့်အ၀ဖြင့် တုံ့ပြန်ပါ။ မနက်ဖန်မနက် ၈နာရီအပြီး ဒီကိစ္စကိုဆောင်ရွက်ထားပါမယ် ဟူ၍ဖြစ်သည်။ မနက်ဖြန်မနက်တော့ပြီးအောင် ကြိုးစားကြည့်ပါမယ် ဟူ၍ပြောလျှင် အမှားတစ်ခု ကျူးလွန်ခဲ့မိပြီဟုမှတ်ယူပါ။ အကြီးအကဲများသည် မိမိကို ကြိုးပြန်ချည်တတ်သူများနှင့် ရဲဝံ့စွာတာဝန်မယူနိုင်သူများ အပေါ် သံသယတိုးပွားလာတတ်သည်ကို သတိပြုပါ။ အထက်အရာရှိများနှင့် အပြန်အလှန်လုပ်ဆောင်ရမည့် လုပ်ငန်းများကို အကွက်ချလုပ်ပါ။ အကြီးအကဲသည် မည်သည့်ကိစ္စ၊ သို့မဟုတ် မည်သည့်လိုလားချက်ကို ဖော်ထုတ်လာတော့မည်ကို ကြိုတင်မျှော်တွေးပါ။ ကျွန်ုပ်တို့သည် ကတိတစ်ခုပေးပြီးပြီးဆိုလျှင် ချက်ချင်းလိုက်လုပ်ပါ။ အထက်အကြီးအကဲက တကျည်ကျည်တောင်းရသည့် အခြေအနေသို့ ဘယ်တော့မှ အရောက်မခံပါနှင့်။
           အရေးအကြီးဆုံးအချက်မှာ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘယ်တော့မှ ခွင့်မလွှတ်သည့်မူဝါဒကို ကျင့်သုံးရန်ပင်ဖြစ်သည်။ အကျိုးရလဒ်ရအောင်လုပ်မပေးနိုင်လျှင် အကြီးအကဲသည် ကျွန်ုပ်တို့၏ အရည်အချင်းအပေါ် သံသယဖြစ်မည်မှာသေချာသည်။ တိုးတက်မှုအစီရင်ခံစာတောင်းသည့်အခါ ကျွန်ုပ်တို့လုပ်ပြီးသမျှကို ဦးစွာအကျဉ်းချုံးဖော်ပြပါ။ မလုပ်နိုင်သေးသည်ကို ဦးစွာမတင်ပြပါနှင့်။ အခုထိတော့ ကျွန်တော်တို့ရည်မှန်းချက် ငါးခုရပြီ ဟူ၍ အစချီရမည်ဖြစ်သည်။ ကျွန်တော်မလုပ်နိုင်သေးတာက .................ဟူ၍ အစပျိုးခြင်း မပြုပါနှင့်။
           အကြီးအကဲများ ကျေနပ်မှုရရှိစေရန် အောက်ပါအချက်အလက်များကို လိုက်နာကျင့်သုံးသင့်သည်။
(က) အဖြေများ အသင့်ကိုင်ထားပါ။ အကြီးအကဲဘာမေးလာမည်ကို ကြိုတင်စဉ်းစားထားပါ။ ကျစ်လစ်ပြည့်စုံသောအဖြေများ စုဆောင်းထားပါ။ အချက်အလက်များရှာဖွေထားပြီး နောက်ဆုံးသတင်းများ ရယူထားခြင်းဖြင့် အကြောင်းကိစ္စတစ်ခုနှင့်ပတ်သတ်၍ ကျွန်ုပ်တို့၏ အသိပညာကြွယ်ဝမှုကို အကြီးအကဲက လေးစားယုံကြည်လာပေလိမ့်မည်။
(ခ) ကတိလျှော့ပေးပြီး ပိုလုပ်ပြပါ။ ကျွန်ုပ်တို့ အလုပ်ပြီးရမည့်အချိန်ကို ဘောင်ကန့်ထားပါ။ ရည်မှန်းချက်များကို စာရင်းလုပ်ပါ။ ရည်မှန်းချက်အားလုံးကိုလုပ်ပြီး နောက်တစ်စုံတစ်ခု အပိုလုပ်ထားပါ။ အထက်က မျှော်လင့်ထားသည်ထက် အမြဲပိုလုပ်ပြခြင်းဖြင့် ကျွန်ုပ်တို့၏ထူးချွန်မှုပေါ်လွင်ပါစေ။
(ဂ)   အများရှေ့တွင် အကြီးအကဲ၏ ရှင်းလင်းပြောဆိုချက်ကို ဘယ်တော့မှ မဆန့်ကျင်မိပါစေနှင့်။ တစ်ဦးချင်းရင်ဆိုင်ပါ။ အခြားသူများမကြားပါစေနှင့်။ အကြီးအကဲ၏ အမိန့်တစ်ခုတွင် မေးရန်မေးခွန်းရှိပါက အေးဆေးတည်ငြိမ်သောအချိန် ရသည်အထိစောင့်ပါ။

အပြစ်မတင်ပဲ ဝေဖန်ဆန်းစစ်ပါ

ခေါင်းဆောင်တစ်ယောက်သည် လက်အောက်ဝန်ထမ်းများအပေါ်တွင် အပြစ်တင်ရန် အချိန်အခါများစွာ ကြုံတွေ့ရမည်ဖြစ်သည်။ ဒါမျိုးလုပ်ရန်အစပထမတွင် ကျွန်ုပ်တို့ စိုးရိမ်နေတတ်ကြပါသည်။ အတွေ့အကြုံ ရလာသည့်အခါ လွယ်ကူသွားပါလိမ့်မည်။ လက်အောက်ကို ဆန်းစစ်ဝေဖန်ချက်များ ထုတ်ဖော်ပြောကြားရခြင်းသည် ကျွန်ုပ်တို့၏ဆက်သွယ်ဆက်ဆံမှု
အရည်အချင်းကို စမ်းသပ်ခံရသည့် သဘောလည်းဖြစ်ပါသည်။

ခေါင်းဆောင်နှင့်လုပ်ပိုင်ခွင့်

လုပ်ပိုင်ခွင့်လို့ ကျွန်တော်တို့သိထားတဲ့ အင်္ဂလိပ်စကားလုံး  Authority ဟာ  Auctor and Auctoritas  ဆိုတဲ့ လက်တင်ဘာသာစကားလုံးတွေက ဆင်းသက်လာတာပါ။ အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က အကြံဥာဏ်ပေးခြင်း၊ ဆွဲဆောင်ခြင်း၊ အားပေးခြင်းစတဲ့ အနက်သဘောကိုဆောင်ပါတယ်။ ဒီနေ့လုပ်ငန်းခွင်က လူတွေကတော့ လုပ်ပိုင်ခွင့်ဆိုတာကို အာဏာ (Power) လို့မှတ်ယူနေကြတာတွေ့ရပါတယ်။

စိတ်ဖိစီးမှုဒဏ်ကို ရင်ဆိုင်တိုက်ပွဲဝင်နည်း

၁) ပြဿနာတွေကို မေ့လိုက်ပါ။
- သဘောက စိုးရိမ်ပူပန်ဖွယ် ကိစ္စအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ပြဿနာတွေ အားလုံးကို တတ်နိုင်သလောက် ကြာကြာမေ့ထားနိုင်သလောက် ဂရုမစိုက်ဘဲ ပစ်ထား လိုက်ပါ။ ဒီလိုပြဿနာအကြောင်းကို မစဉ်းစား၊ ဂရုမစိုက်ဘဲ ကြာကြာထားနိုင်လေ၊ သင့်ရဲ့ စိတ်တွေဟာ တည်ငြိမ် ငြိမ်းချမ်းလာပြီး သင့်ခန္ဓာကိုယ်ဟါ အဲဒီပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ တိုက်မလား၊ ပြေးမလားဆိုတဲ့ (Fight and Flight) စနစ်ကို ပြင်ဆင်နိုင်ဖို့ အချိန်ပိုရလာမှာ ဖြစ်ပါတယ်။ သို့မှသာ ပြဿနာလျော့နည်းသွား အောင် စီစဉ်ရင်ဆိုင်နိုင်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်စိတ်တွေကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

စတိုပစ္စည်းများဘယ်လိုကြီးကြပ်မလဲ (Store Control)

စတိုပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုလှောင်ထားခြင်း လိုအပ်သည်ထက်လျော့ နည်းလှောင်ထားခြင်း တို့ကြောင့် လုပ်ငန်းကို လွန်မင်းစွာ ထိခိုက်နိုင်ပါသည်။ လုပ်ငန်းကို မထိခိုက်ရလေအောင် စတိုပစ္စည်းများကို  လိုအပ်သည်ထက် များလည်းမများအောင်၊ နည်းလည်းမနည်းအောင် သိုလှောင်ထားရန် လိုအပ်ပါသည်။  လိုအပ်သည်ထက် ပိုမို လှောင်ထားခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်တတ်သော ချွတ်ယွင်း အားနည်းချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
စတိုပစ္စည်းများကို ပိုမို သိုလှောင်ထားခြင်းကြောင့် ဖြစ်ပေါ်လာသော ချွတ်ယွင်းချက်များ။
(က)Capital Costs (အရင်းအနှီးပိုမိုကုန်ကျခြင်း)
(ခ)Space Cost (ထားသုံးရန်နေရာစရိတ်ပိုမိုကုန်ကျခြင်း)
(ဂ)Equipment Cost (လုပ်ငန်းသုံးပစ္စည်းစရိတ်ပိုမိုကုန်ကျခြင်း)
(ဃ)Personal Costs (၀န်ထမ်းစရိတ်ပိုမိုကုန်ကျခြင်း)
(င)Insurance (အာမခံကြေးပိုမိုကုန်ကျခြင်း)
(စ)Deterioration (ပျက်စီးယိုယွင်းမှုပိုများခြင်း)
(ဆ)Obsolesence (ခေတ်ကုန်အသုံးမ၀င်ဖြစ်မှုပိုများခြင်း)
ကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမို သိုလှောင်ထားခြင်းကြောင့် အထက်ပါ စရိတ်များ ပိုမိုကုန်ကျရသဖြင့်  လုပ်ငန်း၏ အသားတင် အမြတ်ကို ထိခိုက်စေပါသည်။ စတိုပစ္စည်းများကို လျော့နည်း သိုလှောင်ထားခြင်းကြောင့်  တချိန်မဟုတ် တစ်ချိန်တွင် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်သွားနိုင်ပါသည်။
ယင်းသို့ ပြတ်လပ်ပါက -
(က)ကုန်ထုတ်လုပ်မှုမရှိဘဲလုပ်ခများ၊ ပုံသေ၀န်ဆောင်စရိတ်များ ကုန်ကျရခြင်း။
(ခ)ကုန်ထုတ်မှုပမာဏ ကျဆင်းသွားသည်နှင့်အမျှ ကုန်ရောင်းပမာဏ ကျဆင်းသွားမည်ဖြစ်ရာ၊ ယင်းကျဆင်း သွားသော  ကုန်ရောင်း ပမာဏပေါ်မှာ ရသင့် ရထိုက်သည့် အမြတ်များ ဆုံးရှုံးရခြင်း။
(ဂ)ဖောက်သည်များ မှာကြားထားသော ကုန်များကို အချိန်မီ မတင်ပို့နိုင်ခြင်း၊ သတ်မှတ်ရက်ထက် နောက်ကျမှ တင်ပို့သဖြင့် ရရှိထားသော ကုန်အမှာစာ ပယ်ဖျက်ခံရခြင်း၊ နာမည်ပျက်ခြင်း၊ လျှော်ကြေးပေးရခြင်း။
(ဃ)၀ယ်ယူရေး စရိတ်များ အလွန်အမင်း ပိုမိုကုန်ကျခြင်း၊ အရေးတကြီး ၀ယ်ယူရသည့် အခါများ၌ မြန်မြန်ဆန်ဆန်  အချိန်မီ ရရှိရန်အတွက် ကုန်ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ခများကို သာမန်အချိန် ဈေးနှုန်းများထက် (အမြန်ကြေး)  ပိုမို ပေးရတတ်ပါသည်။
(င)ကုန်ထုတ်လုပ်မှု အစီအစဉ် ဖရိုဖရဲဖြစ်ခြင်း၊ ကုန်ထုတ်လုပ်မှုသည် မှန်မှန်ထုတ်လုပ်နေမှသာ ကုန်ထုတ်လုပ်ငန်းတွင်  ၀န်ထမ်းများစွမ်းရည် ပြည့်ဝလာကြပါမည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း ပြတ်တောင်းပြတ် တောင်းဖြစ်နေပါက မလိုလားအပ်သော ကုန်ကျစရိတ်များ တိုး၍ ကုန်လာနိုင်ပါသည်။
စတိုတစ်ခုတွင် အမျိုးအစား ကွဲပြားခြားနားသော စတိုပစ္စည်းအမျိုးပေါင်း ရာပေါင်းများစွာ ရှိမည်ဖြစ်ရာ၊  ယင်းပစ္စည်းများအနက် ပစ္စည်းတမယ်မယ်ကို လိုအပ်သည့်အချိန်တွင် မရရှိနိုင်ပါက၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း  ရပ်ဆိုင်းသွားမည်ဖြစ်ရာ စတိုပစ္စည်းများကို ထိထိရောက်ရောက် ကွပ်ကဲရန်မှာ မည်မျှ အရေးပါသည်ကို အထူးရှင်းပြရန်ပင်  လိုမည်မထင်ပါ။
ဒါကြောင့်  စတိုပစ္စည်းများကို သေချာ တွက်ချက်  ကြီးကြပ်ရန် လိုအပ်ပါတယ်။ စတိုပစ္စည်းများကို လိုအပ်သည်ထက် ပိုမို သိုလှောင်ထားခြင်းကြောင့် လုပ်ငန်းတွင် ထိခိုက်မှုရှိသဖြင့်  လိုအပ်သည်ထက် ပိုမို သိုလှောင် ထားခြင်းမျိုး မဖြစ်ရအောင် စတိုတွင် ထားရှိရမည့် ပစ္စည်းတစ်မျိုးစီ၏ အမြင့်ဆုံး (အများဆုံး) ထားရှိရမည့် အရေအတွက်ကို  သတ်မှတ် ပေးရပါမည်။ စတိုတွင် သိုလှောင်ရာ၌ ယင်းအများဆုံး အရေအတွက်ထက် မကျော်လွန်စေရန် ကြည့်ရှု ကွပ်ကဲရန် လိုအပ်ပါသည်။
စတိုပစ္စည်းများကို လိုအပ်သည်ထက် လျော့နည်း သိုလှောင် ထားခြင်းကြောင့် လုပ်ငန်းတွင် ထိခိုက်မှုရှိသဖြင့်  လိုအပ်သည်ထက် လျော့နည်း သိုလှောင်မှုမျိုး ဖြစ်စေရန် အနိမ့်ဆုံးထားရှိရမည့် အရေအတွက်ကို သတ်မှတ်ပေးရပါမည်။ ယင်းသို့ သတ်မှတ်ထားသော အနိမ့်ဆုံး  (အနည်းဆုံး) ရှိရမည့် အရေအတွက်အောက်သို့ ရောက်ရှိ မသွားစေရန်အတွက် ကြပ်မတ်ကြည့်ရှုရန် လိုအပ်ပါသည်။
စတိုပစ္စည်းများ၏ အနိမ့်ဆုံး လက်ကျန် အရေအတွက်အောက်သို့ မရောက်ရှိမီ၊ ပြန်မှာဝယ်ယူ ဖြည့်တင်းမှသာ လိုအပ်သည့် အရေအတွက်ထက်  လျော့နည်းမှု ရှိမည်မဟုတ်ပါ။ ထို့ကြောင့် အနည်းဆုံး လက်ကျန်အရေအတွက်သို့ ရောက်ရှိ မသွားစေရန်အတွက် ကြပ်မတ်ကြည့်ရှုရန် လိုအပ်ပါသည်။
စတိုပစ္စည်းများ၏ အနည်းဆုံး လက်ကျန် အရေအတွက်အောက်သို့ မရောက်ရှိမီ၊ ပြန်မှာဝယ်ယူ ဖြည့်တင်းမှသာ လိုအပ်သည့် အရေအတွက်ထက် လျော့နည်းမှု ရှိမည်မဟုတ်ပါ။ ထို့ကြောင့် အနည်းဆုံး လက်ကျန် အရေအတွက်သို့ မရောက်မီ မည်သည့် အဆင့်တွင် ပြန်မှာအဆင့် (REORDER LEVEL)ကို သတ်မှတ်ရမည် ဖြစ်ပါသည်။ ပြန်မှာအဆင့်သို့ ရောက်ရှိသဖြင့် ပြန်မှာသည့် အခါတွင်လည်း တကြိမ်ပြန်မှာလျှင်  အရေအတွက်မည်မျှ ပြန်မှာသင့်သည် ဆိုသည့် ပြန်မှာအေ၇အတွက် ( Reorder Quantity) ကို သတ်မှတ်ရမည် ဖြစ်ပါသည်။
အထက်ပါအတိုင်း အများဆုံးအဆင့် ၊အနည်းဆုံးအဆင့်၊ ပြန်မှာအရေအတွက်တို့ကို တခါတည်း ပုံသေသတ်မှတ်ထားရမည် ဟူ၍မဆိုလိုပါ။  အချိန်အခါအလျောက် ပြုပြင်သတ်မှတ်သင့်ပါက ပြုပြင်သတ်မှတ်ရပါမည်။
ခြုံ၍ဆိုရသော် စတိုတွင် ပစ္စည်းများကို များလည်းမများ၊ နည်းလည်း မနည်းရလေအောင် စတိုပစ္စည်းများကို အများဆုံးအဆင့် (အမြင့်ဆုံးအဆင့်) အနည်းဆုံးအဆင့် (အနိမ့်ဆုံးအဆင့်) ပြန်မှာအဆင့်၊ ပြန်မှာအရေအတွက်တို့ကို သတ်မှတ်ကြီးကြပ် သွားရပါမည်။
ကုန်အများ ဆုံးအဆင့် (Maximum Level)
စတိုပစ္စည်းတစ်ခု၏ အများဆုံးအဆင့် ဆိုသည်မှာ သိုလှောင်ရုံတွင် ယင်းကုန်ပစ္စည်းများ အများဆုံးသိုလှောင်  ထားရမည့် အရေအတွက်ကို ခေါ်ပါသည်။ ယင်းအဆင့်မှာ သက်ဆိုင်ရာကို ပစ္စည်းအား အများဆုံး သိုလှောင်ထားနိုင်သည့် အဆင့်ဖြစ်ရာ ၀ယ်ယူရေးဌာန အနေဖြင့်  ယင်းအဆင့်ဆင့် ကျော်လွန်၍ ၀ယ်ယူ သိုလှောင်ထားမိခြင်း မရှိစေရန် သတိပြုရပြမည်။ (သို့ရာတွင် ဈေးကွက်တွင် ၀ယ်ဈေး  များကျဆင်းနေပါက၊ ထိပ်ပိုင်း စီမံခန့်ခွဲမှု၏ သဘောတူညီချက်ဖြင့် ချွင်းချက်တစ်ရပ်အနေဖြင့် ၀ယ်ယူနိုင်ပါသည်။ ) အများဆုံးအဆင့်ကို  အောက်ပါအချက်များ အပေါ်မူတည်ပြီး သတ်မှတ်ပါသည်။
(က)သုံးစွဲမှုနှုန်း
(ခ)ခေတ်ကုန်အသုံးမ၀င်ဖြစ်မှုအလားအလာ
(ဂ)ပျက်စီးယိုယွင်းမှုအလားအလာ
(ဃ)သိုလှောင်စရိတ်
(င)သိုလှောင်ရန်နေရာ။

စံတန်ဖိုး (Standard Cost) သဘောတရား

ငွေစာ၇င်းဌာနက ဘဏ္ဍာရေး စာရင်းကိုင်တွေကိုသာ ယေဘုယျအားဖြင့် တာဝန်ယူကြရပါတယ်။ ပစ္စည်းတွေ အမျိုးအစားများများ၊ အရေအတွက်များများ ထုတ်လုပ်လာပြီဆိုရင် ဖြစ်စေ၊ ထုတ်လုပ်ပုံ နည်းစနစ်တွေကလည်း တစ်မျိုးနဲ့ တစ်မျိုး ကွဲပြားခြားနားလာရင် ဖြစ်စေ၊ တန်ဖိုးတွက်ဌာနတစ်ခု သီးခြားထားရပါတယ်။ ဥပမာ- အော်ဒါအလိုက်မှာတဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ  အော်ဒါ တစ်ခုခြင်းအလိုက် တွက်ကြရတယ်။ အသုတ်လိုက်မှာတဲ့ ထုတ်တဲ့လုပ်ငန်းတွေမှာ  အသုတ်လိုက် တန်ဖိုးတွက်ကြရပါတယ်။ ဖြစ်စဉ်တစ်ခုပြီးမှ တစ်ခုထုတ်တဲ့  လုပ်ငန်းတွေမှာ ဖြစ်စဉ်အလိုက် တန်ဖိုးတွက်မှသာ ဖြစ်စဉ် တစ်ခုခြင်းအလိုက် တန်ဖိုးမှန်ကို ရနိုင်ပါတယ်။
တချို့လုပ်ငန်းတွေမှာ ကန်ထရိုက်လုပ်ငန်းတွေ လက်ခံဆောင်ရွက်တော့ ကန်ထရိုက်တန်ဖိုးတွေနဲ့ တွက်ကြရပါတယ်။   ဒါဟာ တန်ဖိုးတွက်ပညာ ရှုထောင့်က ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။
စံတန်ဖိုးကို တွက်ကြတာဟာ တန်ဖိုးတွက်ပညာ ရှုထောင့်ကကြည့်ရင် အကြောင်းရင်းများစွာ ရှိတဲ့အနက် သေချာဆုံးတစ်ခုက   တန်ဖိုးထိန်းချုပ်မှု (Cost Cintrol) လုပ်ချင်တာဖြစ်ပါတယ်။ အမှန်တန်ဖိုးကို အချိန်မရွေး မရနိုင်တော့ စံတန်ဖိုးတစ်ခုခု ရှိမှသာ ကုန်လက်ကျန်တွေ တန်ဖိုးသတ်မှတ်ဖို့ဖြစ်ဖြစ်၊ ရောင်းဈေးသတ်မှတ်ဖို့ဖြစ်ဖြစ် တန်ဖိုး ထိန်းချုပ်ခြင်းအားဖြင့် စရိတ်တွေ  နည်းနိုင်သမျှ နည်းသွားအောင် (Minimize the Cost) လုပ်ဖို့အတွက်စံတန်ဖိုးကို အားကိုးကြရပါတယ်။
ဥပမာ- ထုတ်လုပ်မှုဌာနက ထုတ်ကုန်တွေကို  နေ့ချင်းရက်ချင်း တွက်ပြီး အရောင်းဌာနကို ပို့ပေးနေပေမဲ့ အမှန်ဝန်ဆောင် စရိတ်တွေက လကုန်တာတောင် မစုံတတ်သေးလို့ အမှန်ကုန်ကျစ၇ိတ် မတွက်နိုင်သေးခင်မှာ စံကုန်ကျစရိတ်ကိုသာ အားကိုးရတာဖြစ်လို့ပါ။ ထုတ်လုပ်မှု ဌာနစာရင်းကို စာရင်းကိုင်တွေဟာ ဘယ်ပစ္စည်းကို ဖြစ်ဖြစ်တန်ဖိုးကို မတွက်လို့မဖြစ်ပါဘူး။
အချို့ စက်ရုံကြီးတွေမှာ ဘဏ္ဍာရေးဌာနအပြင် တန်ဖိုးတွက်ဌာနရယ်လို့ သီးခြားထားပြီး တန်ဖိုးထိန်းချုပ်မှုကို  ဇောင်းပေးပြီး လုပ်ကြပါတယ်။
ထုတ်ကုန် တစ်ယူနစ် (Unit Cost) ရဲ့ တန်ဖိုး
ထုတ်ကုန် တစ်ယူနစ်ရဲ့ တန်ဖိုးဆိုတာ တန်ဖိုးတွက် စာရင်းသမားတွေရော ကူးသန်းရောင်းဝယ်ရေး စာရင်းသမားတွေပါ တွက်ချက်လေ့ရှိသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ကူးသန်းရောင်းဝယ်ရေး စာရင်းကိုင်ကလည်း စက်ရုံက ထွက်လာတဲ့ ထုတ်လုပ်ကုန်စည်တွေကို တန်ဖိုးတွက် နည်းစဉ်နဲ့ တွက်လေ့ ရှိကြပါတယ်။ ကုန်ပစည်းတစ်မျိုးတည်း ထုတ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး  (C.O.S) ကို စုစုပေါင်း ကုန်ထွက် (C.O . P ) နဲ့ စားတဲ့နည်းနဲ့ တွက်ကြပါတယ်။ နောက်တစ်နည်းက တစ်ယူနစ်ချင်းပေါ်မှာ တစ်ယူနစ် ကုန်ကြမ်းတန်ဖိုး တစ်ယူနစ် လုပ်အားခနဲ့ တစ်ယူနစ်အတွက် ကျခံရမည့် ၀န်ဆောင်မှု စရိတ်တွေကို ပေါင်းပြီး ရှာတတ်ကြပါတယ်။
တစ်ယူနစ် ကုန်ကြမ်းတန်ဖိုး
တစ်ယူနစ် ကုန်ကြမ်းတန်ဖိုးကို သတ်မှတ်ရာတွင် တန်ဖိုးတွက် ရှု့ထောင့်မှ တွက်လျင် နည်းနှစ်နည်း ရှိပါတယ်။
(က) အမှန်ကုန်ကြမ်းတန်ဖိုး (Actual Material Cost)
(ခ) စံကုန်ကြမ်းတန်ဖိုး ( Standard Material Cost) တို့ပဲ ဖြစ်ပါတယ်။
အမှန်ကုန်ကြမ်း တန်ဖိုး စရိတ်ဆိုတာ ဂိုထောင်က ထုတ်ယူပြီး အမှန်တကယ် သုံးစွဲ ကုန်ကျသွားတဲ့ ကုန်ကြမ်းကို စတိုဌာနက ရတဲ့ စာရင်းအရရယ် ထုတ်လုပ်မှုက ရတဲ့ စာရင်းအရ ယူတာပါ။ စာရင်းအရ ရှာမယ်ဆိုရင်
(က) စာရင်းဖွင့် ကုန်လက်ကျန်               xxxxx
(ခ) ကုန်ကြမ်းအ၀ယ်စာရင်း                + xxxxx
စုစုပေါင်း ကုန်ကြမ်း                              xxxxx
(ဂ) စာရင်းပိတ်ကုန်လက်ကျန်             -  xxxxx
ကုန်ကြမ်း အသုံးစာရင်း                         xxxxx
စံကုန်ကြမ်းတန်ဖိုး ဆိုတာက အစကတည်းက ထုတ်လုပ်မှု ဌာနက သေသေချာချာ တိုင်းတာပြီး တွက်ချက်ထားသည့် နှုန်းဖြစ်သည်။ ထုတ်လုပ်မည့် ပစည်းတစ်ခုအတွက် အမှန်တကယ် သုံးလိုက်သည့် ကုန်ကြမ်းပမာဏကို တိတိကျကျ ချိန်တွယ် တိုင်းတာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အမျိုးအစား တစ်ခုအတွက် ဘယ်လောက်ကုန်တယ်ဆိုတဲ့ စံကို ယူလိုက်တာ ဖြစ်ပါတယ်။ အမျိုးအစားချင်းတူရင် စံပမာဏ အတိုင်းသာ သတ်မှတ်တွက်ချက်လိုက်တာ ဖြစ်ပါတယ်။
တစ်ယူနစ် လုပ်အားတန်ဖိုး (Labour Cost )
လုပ်အားခကို တွက်ချက်မယ် ဆိုရင်လည်း အခြေခံ နှစ်ချက်ပဲ ရှိပါတယ်။
(က) အမှန်လုပ်အားခ
(ခ) စံလုပ်အားခ တို့ ဖြစ်ပါတယ်။
အမှန်လုပ်အားခဆိုတာ တကယ်ကုန်ကျသွားတဲ့ လေဘာခကို ငွေစာရင်းဌာန ၊ လယ်ဂျာစာရင်းအတိုင်း ယူပြီး ဖော်ပြတာ ဖြစ်ပါတယ်။ လစား နေ့စား လုပ်သားတွေရဲ့ လစာလုပ်ခ နှင့် အချိန်ပိုတို့ကို လယ်ဂျာမှာ ပေါ်တဲ့အတိုင်း ယူထားတာ ဖြစ်ပါတယ်။
စံလုပ်အားခ ဆိုတာကတော့ ပစ္စည်းတစ်မျိုး ထုတ်လုပ်ရာမှာ တကယ်ပါဝင် ဆောင်ရွက်ရတဲ့ လုပ်သားတွေရဲ့ အခကို အခြေခံ တွက်နည်းအဖြစ်ယူပြီး စံလုပ်အားခလို့ တွက်ချက်တာ ဖြစ်ပါတယ်။ လူတစ်ယောက် တစ်ရက် အလုပ်လုပ်ရင် အလုပ်ဘယ်လောက်ပြီးသလဲ တစ်ရက်လုပ်ခကို တစ်ရင်ပြီးစီးသည့် ယူနစ်နှင့်စားရင် တစ်ယူနစ်ရဲ့ စံလုပ်အားခကို ရရှိမှာ ဖြစ်ပါတယ်။
တစ်ယူနစ် ၀န်ဆောင်စရိတ်
ဝန်ဆောင်စရိတ်ဆိုတာ အဓိကအားဖြင့် သွယ်ဝိုက် လုပ်အားခနှင့် သွယ်ဝိုက်စရိတ်များကို ဆိုလိုပါတယ်။ ကုန်ကြမ်းနဲ့ လုပ်အားခများလိုပဲ တွက်ချက်ပုံ နှစ်နည်း ရှိပါတယ်။
( ၁ ) အမှန်ဝန်ဆောင်စရိတ်
( ၂ ) စံဝန်ဆောင်စရိတ်တို့ ဖြစ်ပါတယ်
အမှန်ဝန်ဆောင်စရိတ်ဆိုတာ ငွေစာရင်းဌာနက လယ်ဂျာစာရင်းတွေမှာ ပေါ်နေတဲ့ တကယ်ပေးချေလိုက်ရတဲ့ စရိတ်တွေ ပေးရန်အမှန်ဖြစ်ပြီး မပေးချေရသေးတဲ့ စရိတ်တွေ ပါဝင်ပါတယ်။
စံဝန်ဆောင်စရိတ်ကတော့ ကုန်ထွက်ပမာဏ တစ်ခုအတွက် ယေဘူယျအားဖြင့် ကုန်ကျလိုက်တဲ့ ၀န်ဆောင်စရိတ် အစိတ်အပိုင်း တစ်ခုပါ။ အစိတ်အပိုင်းလို့ ပြောရတာဟာ တန်ဖိုးအားလုံးရဲ့ တချို့တ၀က်လို့ အဓိပါယ် ရပါတယ်။
စံဝန်ဆောင်စရိတ်သတ်မှတ်မယ်ဆိုရင်
ဝန်ဆောင်စရိတ်တွေကို စံသတ်မှတ်မယ်ဆိုရင် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဖို့  သတိပြုရတဲ့ အချက်တွေ ရှိပါတယ်။ ဥပမာ- အရင်လများက ကုန်ကျခဲ့တဲ့ မီးစက်သုံး ဒီဇယ်ဆီခဆိုပါတော့။ နောက်လတစ်လမှာ  မီးစက် သုံးစွဲမှုနည်းသွားရင် ဒီဇယ်ခလည်း နည်းသွားမှာပါ။ ဒီလိုပြောင်းလဲနိုင်တဲ့ သဘောတရားရှိလို့ အနီးစပ်ဆုံး မှန်ကန်နိုင်သမျှ  မှန်ကန်နိုင်အောင် ဘယ်လိုလုပ်သင့်သလဲလို့  စဉ်းစားကြရာမှာ ကာလသုံးပါးစလုံး စဉ်းစားမှသာ မှန်ကန်နိုင်တယ်လို့ အဖြေထွက်ပါတယ်။
တချို့ဆရာတွေက စံကိုယူမယ်ဆိုရင် အတိတ်ကာလက အနီးစပ်ဆုံး ၆လလောက်က ၀န်ဆောင်စရိတ်တွေကို  နှိုင်းယှဉ် ဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။ တချို့က အနည်းဆုံး ၃လကိုပြန်ကြည့် ရမယ်လို့ဆိုတယ်။ တချို့က ပစ္စုပ္ပန်မှာ ဘာတွေလုပ်နေသလဲ၊  လက်ငင်း ကိန်းဂဏန်းတွေကို ထည့်စဥ်းစားရမယ်လို့ ဆိုပါတယ်။ တချို့က အနာဂတ်မှာ ဆောင်ရွက်မယ့် စီမံကိန်ုးတွေနဲ့လည်း ဆိုင်တယ်၊ စီမံကိန်ုးအရ လက်ရှိလုပ်ငန်းတွေကို ရပ်ပစ်မယ်။ လက်ရှိစနစ်ကို ဆက်မသွားတော့ဘူးဆိုရင် အနာဂတ်မှာ စံလွဲနိုင်တယ်လို့လည်း  ထောက်ပြကြပါတယ်။
တစ်ယူနစ်အတွက် စံဝန်ဆောင်မှု စရိတ်တွက်နည်းကတော့ တစ်လအတွက် စုစုပေါင်း စံဝန်ဆောင်စရိတ်ကိုတည်၊  တစ်လအတွက် ထွက်ရှိတဲ့ ယူနစ်နဲ့စားပြိး ယူကြပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု သဘာဝအရ တချို့ပစ္စည်းတွေကို ထုတ်လုပ်တာ တစ်လမကြာတတ်တော့  တစ်ရက်အတွင်း ၀န်ဆောင်စရိတ် ကျသင့်ငွေကို တည်ပြိး တစ်ရက်တွက်နည်းနှဲ့ စားတာ တွက်ကြပါတယ်။ ဒီတော့ ဥပမာအားဖြင့်…
တစ်ရက်အတွက် ပျမ်းမျှဝန်ဆောင်စ၇ိတ်= တစ်လ၀န်ဆောင်စရိတ်စုစုပေါင်း
.                                                                                ၃၀
တစ်ယူနစ်စံဝန်ဆောင်စရိတ်              =  တစ်ရက်ပျမ်းမျှဝန်ဆောင်စ၇ိတ်
.                                                      တစ်ရက်အတွက်စံကုန်ထွက်ပမာဏ

ငွေကြေး အလွဲသုံးစားမှု ပြုလုပ်နိုင်သည့် နည်းလမ်းများ

ငွေကြေး အလွဲသုံးစားမှုကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့်  ပြုလုပ်နိုင်ပါသည်။
၁။ ဆင့်ကဲဆင့်ကဲ ငွေအစားထိုး၍ လိမ်လည်ခြင်း၊
ဤနည်းမှာ မြီစား(ကုမ္ပဏီသို့ အကြွေးပေးဆပ်ရန် ရှိသူ)တစ်ဦးထံမှ ငွေလက်ခံ ရရှိသောအခါ စာရင်းမသွင်းဘဲ ထိန်ချန်ထားပြီး အလွဲသုံးစား၍ နောက်အခြား မြီစား (ကုမ္ပဏီသို့ အကြွေးပေးဆပ်ရန် ရှိသူ) တစ်ဦးထံမှ ငွေရရှိသောအခါမှ ယခင်ရရှိသော  ငွေအတွက် အ၀င်စားရင်းသွင်းကာ နောက်ရရှိသောငွေကို စာရင်းမသွင်းဘဲ ထိန်ချန်ထားသော နည်းဖြစ်သည်။  ဤသို့ ဆင့်ကဲဆင့်ကဲ လိမ်လည် စာရင်း တင်သွင်းသွားခြင်း အားဖြင့်  မြီစား(ကုမ္ပဏီသို့ အကြွေးပေးဆပ်ရန် ရှိသူ) လက်ကျန်များ အချိန်ကြာမြင့်စွာ ကျန်ရှိနေမည် မဟုတ်သည့်အတွက် သဲလွန်စရရန် ခဲယဉ်းသည်။ မြီစားထံမှ ကြွေးပြန်ဆပ်ငွေ စာရင်းသွင်းခြင်းကို ဂရုတစိုက် သေချာစွာ  စစ်ဆေးမှသာ သိရှိမည် ဖြစ်ပါသည်။
၂။ဝန်ထမ်းနှင့် ကုန်ကြွေးဝယ်သူ -မြီစားတို့  ပူးပေါင်း ကြံစည် လိမ်လည်ခြင်း၊
ပုံစံအားဖြင့် ကုန်ကြွေးေ၇ာင်းရာတွင် အရောင်းပြေစာ၌ သင့်ငွေကို နားလည်မှုဖြင့် လျှော့ရေးပြီး၊ ထိုလျှော့ရေးထားသော ငွေကို  အရောင်းစာရေးနှင့်  ၀ယ်သူတို့ ခွဲဝေယူခြင်းမျိုး  ဖြစ်ပါသည်။
၃။ ၀န်ထမ်းနှင့် မြီရှင်(ကုမ္ပဏီမှ အကြွေးပေးရမည့်သူ) ပူးပေါင်း ကြံစည် လိမ်လည်ခြင်း၊
ပုံစံအားဖြင့်  မြီရှင်အား ငွေတောင်ခံလွှာများ လိမ်လည် တင်သွင်းစေပြီး၊ ယင်းသင့်ငွေကို မြီရှင်သို့ အပေးပြကာ၊ နှစ်ဦး ခွဲဝေယူခြင်းမျိုး ဖြစ်ပါသည်။
၎။ မိမိတို့၏ ငွေအလွဲသုံးစား ပြုထားမှုများကို ဖုံးကွယ်ရန်အတွက် ငွေကိုင်နှင့် စာရင်းကိုင်တို့  အချင်းချင်း ပူးပေါင်းကြံစည်ပြီး စာရင်းများ လိမ်လည် ရေးသွင်းခြင်း၊
၅။ ကုန်ရောင်းချသူများမှ ကုန်ကြွေးဝယ် မြီစားများ စာရင်းတွင်၊ မဟုတ်မမှန်သော  ကုန်ရောင်း ပြန်အပ်မှုများ၊ လျှော့ငွေ ပေးမှုများ၊ ကြွေးဆုံး ပယ်ဖျက်မှုများကို  လုပ်ကြံ စာရင်းသွင်းခြင်း၊
၆။ ကုန်ဝယ်ယူသူ (Purchaser) များနှင့် မိမိတို့ ၀ယ်ယူနေသည့် Supplier ပူးပေါင်း၍ ဈေးနှုန်းများ ပိုမိုတင်ပြတောင်းခံခြင်း နှင့် အကြွေးဝယ်ယူခြင်း ဖြစ်သော်လည်း လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူသည်ဟု စာရင်းသွင်းခြင်း
၇။ အသေးအဖွဲ အသုံးစရိတ် ပြေစာ အတုအလိမ်များ ပြုလုပ်ခြင်း။
၈။ လစာစာရင်းတွင် အမည်များ လုပ်ကြံ စာရင်းသွင်းခြင်း သို့မဟုတ် စုစုပေါင်း သင့်ငွေများကို ပိုမိုပေါင်းထားခြင်း (သင့်ငွေ ပိုပေါင်းခြင်းကို ၊  သင့်ငွေများအား သေချာစွာ စိစစ်ခြင်းမှတစ်ပါး အခြားဖော်ထုတ်ရန် နည်းလမ်းမရှိပါ)
၉။ အစုရှယ်ယာ အတုအလိမ်များ ထုတ်ပေးခြင်း၊
၁၀။ ဘဏ်ရှင်းတမ်း အတုအလိမ်များ စာရင်းစစ်ရန် တင်ပြခြင်း၊
၁၁။ ပိုင်ဆိုင်ပစ္စည်းများကို စည်းစနစ်မကျဘဲ ရောင်းချ၍၊ ရောင်းရငွေကို အလွဲသုံးစားပြုကာ၊ ပစ္စည်းတန်ဖိုးကို ဆုံးရှုံးငွေ အဖြစ်လည်းကောင်း၊  တန်ဖိုးလျှော့ငွေ  အဖြစ်လည်းကောင်း၊ စာရင်းမှပယ်ဖျက် (Write-Off)ခြ

စီမံခန့်ခွဲမှုနည်းပညာ

စီမံခန့်ခွဲမှုလုပ်ငန်း တာဝန်များ
လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)
စီမန်ခန့်ခွဲမှု လုပ်ငန်းတာဝန်များ ထဲက ပထမဆုံး လုပ်ငန်းစဉ်က လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း Planning ဖြစ်ပါတယ်။
Planning ကို မဆွေးနွေးခင် စီမံခန့်ခွဲမှု လုပ်ငန်း တာဝန်များကတော့-
(၁) လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)
(၂) ဖွဲ့စည်းခြင်း (Organizing)
(၃) ညွှန်ကြားခြင်း (Directing))
(၄) ညှိနှိုင်းခြင်း (Coordinating)
(၅) ကွပ်ကဲခြင်း (Controlling)
(၆) ဆုံးဖြတ်မှုပြုခြင်း (Decision Making)
(၇) ပြသာနာဖြေရှင်းခြင်း (Problem Solving)
(၈) ခေါင်းဆောင်မှုပေးခြင်း (Leading) တို့ဖြစ်ပါတယ်။
ဒါကြောင့်  ပေါ့ဒ်ကိုလ် (P2ORD2CO2L)လို့  အတိုကောက် မှတ်လို့ရပါတယ်။
လုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း (Planning) ဆိုတာကတော့ စီမံခန့်ခွဲသူ တစ်ယောက် ဆောင်ရွက်ရတဲ့ လုပ်ငန်း အစီအစဉ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်း (အစိုးရဌာန၊  ပုဂ္ဂလိကလုပ်ငန်း) သာမက  မိသားစုတွေမှာလည်း လိုအပ်တဲ့ လုပ်ငန်းစဉ်ဘဲ ဖြစ်ပါတယ်။
All change is not progress, all movement is not forward.
“ အပြောင်း အလဲဖြစ်တိုင်း၊ တိုးတက်တာ မဟုတ်သလို လှုပ်ရှားမှုတွေ အားလုံးဟာလည်း ရှေ့ကို ရောက်တာ မဟုတ်ပါဘူး”
အလုပ်တွေကတော့ ပင်ပင်ပန်းပန်း ကြိုးစားပြီး လုပ်တယ်။  ဒါပေမဲ့ အချိန်ကုန်၊ ငွေကုန် ၊လူပင်ပန်းပြီး ဘာမှ ဖြစ်မလာဘူး ဆိုရင် ကိုယ်လုပ်လိုက်တဲ့  အလုပ်အတွက် နဂိုကထဲက  ကြိုတင် မစီစဉ်ထားခဲ့လို့  ဖြစ်နိုင်ခြေ များပါတယ်။
လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)သည်  ကြိုတင်ခန့်မှန်းခြင်း (Fore casting)နဲ့  ဆက်စပ်နေပါတယ်။  ကြိုတင်ခန့်မှန်းခြင်း (Fore casting) ဆိုတာ အနာဂါတ်ကို  ကြိုတင် ရှုမြင်ခြင်းပါ။ လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)ဆိုတာ ကြိုတင် ခန့်မှန်းခြင်း အပေါ် အခြေခံပြီး ဆုံးဖြတ်ချက် Decision Making  ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယုံကြည် ကိုးစားလောက်တဲ့  ခန့်မှန်းခြင်း မရှိဘဲ လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း   မလုပ်နိုင်ပါဘူး။
ပညာရှင် အချို့တော့ လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းဆိုတာ “ကိုယ်ရောက်နေတဲ့ နေရာနဲ့ေ၇ာက်ချင်တဲ့ နေရာအကြား ကွာဟချက်ကို တံတား ခင်းပေးခြင်း ဖြစ်တယ်” လို့ဆိုပါတယ်။
လုပ်ငန်းတစ်ခု ဆောင်ရွက်တဲ့ နေရာမှာ လုပ်ငန်း အစီအစဉ် ရေးဆွဲထားခြင်း (Planning)မရှိရင် ကြိုတင် ရည်မှန်းထားတဲ့ လမ်းကြောင်းကို မရောက်ဘဲ စက်ပျက်နေတဲ့ လမ်းညွှန် ကရိယာမပါလို့  မျောချင်ရာ မျောသွားနိုင်တဲ့ သဘောင်္တစ်စင်းလို ဖြစ်နေမှာပါလို့လဲ ပြောလေ့ရှိပါတယ်။
လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုထားတာကတော့-
Planning is defined as the activity by which managers analyse present conditions to determine ways of realizing a desirable future condition.
လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်းဆိုတာ ပစ္စုပ္ပါန် အခြေအနေကို စိစစ်ပြီး အနာဂါတ်မှာ သင့်လျော် လျောက်ပတ်တဲ့ အခြေအနေတွေကို ဖော်ထုတ်ဖို့ အတွက်  စီစဉ် ဆောင်ရွက်တာ ကိုခေါ်ပါတယ်။
လုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များ
(၁) အဖွဲ့အစည်း၏ ရည်မှန်ချက်ကို ဖော်ထုတ် သတ်မှတ်ခြင်း Objective
(၂) မူဝါဒများကို ရွေးချယ်သတ်မှတ်ခြင်း Policy
(၃) လုပ်နည်းများကို ရွေးချယ်သတ်မှတ်ခြင်း Method
(၄) နည်းစဉ်များကို သတ်မှတ်ခြင်း Procedure
ရည်မှန်းချက် Objective
“ရည်မှန်းချက် ဆိုသည်မှာ စီမံခန့်ခွဲ၇ာတွင် နယ်ပယ် ပြတ်သားစေ၍ ဦးတည်ရာ ညွှန်ပြသည့် ပန်းတိုင် ဖြစ်ပေသည်”
ရည်မှန်းချက် ချမှတ်ရာတွင် အဖွဲ့အစည်းကြီး၏ အဆင့်မြင့် စီမံခန့်ခွဲမှု အဆင့်မှာ ယေဘူယျကျတဲ့ ရည်မှန်းချက်ကို ချမှတ်ပြီး အောက်ခြေ အဖွဲ့အစည်းအတွက် တိကျတဲ့ ရည်မှန်းချက်ကို ချမှတ်ရပါမယ်။ အောက်ခြေ အဖွဲ့အစည်းတွေဖြစ်တဲ့ လုပ်ငန်းဆိုင်ရာ  စီမံခန့်ခွဲမှုအဆင့် Operation Management အတွက် ရည်မှန်းချက် ချမှတ်တဲ့  အခါ မိမိအဖွဲ့ အစည်းရဲ့ နေရာဒေသ၊ အချိန်ကာလ အခြေနေတို့ ပေါ်မူတည်ပြီး  ချမှတ်မှသာ လုပ်ကိုင် ဆောင်ရွက်တဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အဆင့်မြင့် စီမံခန့်ခွဲမှု အဆင့်က စပြီး အောက်ဆုံးအထိ  အဆင့်တိုင်းကို ရည်မှန်းချက်နဲ့ လုပ်ကိုင် ဆောင်ရွက်ရမယ့်  အလုပ်တွေကို တပြေးညီ ချမှတ် လိုက်နာ  ဆောင်ရွက်စေရန် အခက်အခဲတွေ ရှိနိုင်ပါတယ်။
ရည်မှန်းချက်အမျိုးမျိုး
ရည်မှန်းချက်တွေကတော့-
(၁)ကာလရှည်ရည်မှန်းချက်
(၂)ကာလတိုရည်မှန်းချက်
(၃)အဓိကရည်မှန်းချက်
(၄)အရန်ရည်မှန်းချက် တို့ဖြစ်ပါတယ်။ ကာလတို၊ ကာလရှည်ဆိုတဲ့ ကာလအပိုင်းအခြားကတော့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားနိုင်ပါတယ်။  တစ်ချို့နိုင်ငံက (၁၀)နှစ်ကျော်ရင် ကာလရှည်လို့ သတ်မှတ်ပြီး တစ်ချို့နိုင်ငံကတော့ အနှစ်(၂၀)မှ ကာလရှည်လို့ သတ်မှတ်တာလည်းရှိပါတယ်။
“လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း(Planning)”
ရည်မှန်းချက် အင်္ဂါရပ်များ
၁။ ပြည့်စုံ၍ရှင်းလင်းခြင်း
အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို ပြည့်စုံရှင်းလင်းစွာေ၇းသားဖော်ပြပြီး သက်ဆိုင်သည့် ၀န်ထမ်းအားလုံးကို အသိပေးရပါမယ်။
၂။ တည်ငြိမ်ခြင်း
ရည်မှန်းချက်တွေကို ခဏခဏ မပြောင်းလဲသင့်လို့ဆိုပါတယ်။
လူပုဂ္ဂိုလ် တစ်ယောက်ဟာ သူ့ရဲ့ ရည်မှန်းချက်ကို သူကြိုက်သလို ခဏခဏ ပြောင်းရင် လိုက်နာနိုင်ပြိး လူအများပါဝင်တဲ့ အဖွဲ့အစည်း ဆိုင်ရာ ရည်မှန်းချက် ကိုတော့ ခဏခဏ မပြောင်းလဲသင့်ပါဘူး။ စီမံခန့်ခွဲသူရဲ့ ဆန္ဒပြောင်းလဲတာနဲ့ တစ်ပြိုင်းတည်း အဖွဲ့အစည်းရဲ့  ရည်မှန်းချက်ကို ချက်ခြင်း ပြောင်းလဲရင် အဖွဲ့အစည်းအတွက် စနစ်တကျ ပြင်ဆင်မှု ရှိမလားလို့ အခက်အခဲ ဖစ်နိုင်ပါတယ်။
ရုံးချုပ်နဲ့တစ်နိုင်ငံလုံးမှာရှိတဲ့ ဌာန အဖွဲ့အစည်းတွေ ဝေးကွာလွန်းတာကြောင့် အဖွဲ့အစည်း တစ်ခုလုံး အနေနဲ့ အဓိက ရည်မှန်းချက် ပြောင်းတိုင်း လုပ်ငန်း ဆောင်ရွက်ချက်တွေကို တစ်ချိန်တည်းမှာ ပြောင်းလဲဖို့ မလွယ်ကူပါဘူး။ ရည်မှန်းချက်တွေ ခဏခဏပြောင်းရင် အဖွဲ့အစည်းတွေ ဗရမ်းဗတာ ဖြစ်တတ်ရုံမက ၀န်ထမ်းတွေလည်းစိတ်ဓာတ် ကျဆင်းလာပြီး စီမံခန့်ခွဲသူတွေ အပေါ် ယုံကြည်မှု လျော့နည်း လာပါတယ်။
ဒါပေမဲ့ ရည်မှန်းချက်ကို လုံးဝ မပြောင်းလဲရဘူးလို့ မဆိုလိုပါဘူး။ ရည်မှန်းချက် ချမှတ်ခြင်းဆိုင်ရာ အကြောင်းအချက်နှင့် အခြေအနေတွေဟာ  အမြဲတည်တံ့နေတာ မဟုတ်ပါဘူး။ အခြေအနေ ပြောင်းလဲသည့် အားလျော်စွာ ရည်မှန်းချက်ကိုလည်း လိုက်လျောညီထွေ ပြောင်းလဲရပါမယ်။ ပြင်ရပါမယ်။ ပြောင်းလဲဖို့ လိုရင်လည်း ပြောင်းလဲမယ့် အကြောင်းကို သက်ဆိုင်သူတွေကို ကြိုတင် အသိပေး ထားသင့်ပါတယ်။ ရည်မှန်းချက် ပြောင်းလဲရင် မကြာခဏ ပြောင်းလဲဖို့ မလွယ်ကူပေမဲ့ လိုအပ်လို့ ပြောင်းလဲတဲ့အခါ လုပ်ငန်းတည်တည် ငြိမ်ငြိမ်နဲ့ အကျိုးရှိအောင် ပြောင်းလဲနိုင်ပါတယ်။
၃။ရည်မှန်းချက်သည် တည်ဆဲဥပဒေနှင့် မဆန့်ကျင်ဘဲ လူ့ကျင့်ဝတ္တရားနှင့်ကိုက်ညီခြင်း
ဥပဒေက မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းကို တားမြစ် ထားပါလျက် မူးယစ်ဆေးဝါး ရောင်းဝယ်ရန် ရည်မှန်းချက်ချရင် ဥပဒေကို ဆန့်ကျင်ရာ ရောက်ပါမယ်။ နှစ်ဦးနှစ်ဘက် သဘောတူညီပြီးသား ကုန်စည် အရည်အသွေးကို မထုတ် လုပ်ပေးဘဲ ညံ့ဖျင်းတဲ့ အရည်အသွေး ရှိတဲ့ကုန်စည်ကို ထုတ်လုပ်ပေး ရင်လည်း ဥပဒေနဲ့ ဆန့်ကျင်သည်သာမက လူ့ကျင့်ဝတ္တရား ချိုးဖောက်ရာလည်း ရောက်ပါတယ်။
မူဝါဒPolicy
မူဝါဒ ဆိုတာကတော့ အုပ်ချုပ်သူတွေ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ  ချမှတ်လိုက်နာတဲ့ ယေဘူယျ လမ်းညွှန်ဖြစ်ပါတယ်။
မူဝါဒအမျိုးမျိုး
၁။ အဓိကမူဝါဒMain Policy
အဖွဲ့အစည်း တစ်ခုလုံး အကျုံးဝင်ပါတယ်။ အဆင့်မြင့် စီမံခန့်ခွဲသူ Top Managerတွေ ချမှတ် အသုံးပြုပါတယ်။
၂။ လုပ်ငန်းဆိုင်ရာမူဝါဒ Functional Policy
ဥပမာ-ကုန်ထုတ်မူဝါဒ၊ ကုန်ရောင်းမူဝါဒ
-ဘဏ္ဍာရေးမူဝါဒ၊ ၀န်ထမ်းရေးရာမူဝါဒ
၃။ အထွေထွေမူဝါဒ General Policy
အဖွဲ့အစည်းရဲ့ ဌာနအားလုံးနှင့်သက်ဆိုင်ပါတယ်။
၎။ ဌာနဆိုင်ရာမူဝါဒ Departmental Policy
ဌာနခွဲတစ်ခုနဲ့သာ သက်ဆိုင်ပါတယ်။
မူဝါဒရဲ့ အင်္ဂါရပ်များ
မူဝါဒရဲ့ အင်္ဂါရပ်တွေကတော့-
(၁) ရှင်းလင်းပြတ်သားပြည့်စုံခြင်း
(၂) ကျယ်ပြန့်ခြင်း
(၃) တရားမျှတ၍ လူ့ကျင့်ဝတ်နှင့် သင့်လျော်ကာလိုက်နာ ကျင့်ဆောင်စေနိုင်ခြင်း
(၄) တာဝန်ခံတွေက အခြားသူတွေကို အလုပ်ခွဲဝေဆောင်ရွက်နိုင်ခွင့်ပေးခြင်း
(၅) ဥပဒေနှင့်မဆန့်ကျင်ခြင်း
မူဝါဒတွေကို ရေးသား မှတ်တမ်းတင် မထားရင် သူနဲ့ပက်သက်တဲ့ ဒွိဟ သံသယတွေ ပေါ်ပေါက်ခြင်း၊ ဆိုလိုချက်ကို အငြင်းပွားခြင်းနဲ့  တခြား ပြသာနာတွေ ပေါ်ပေါက် ရှုပ်ထွေးခြင်း ဖြစ်နိုင်လို့ မူဝါဒကို ရေးသား မှတ်တမ်းတင်ထားခြင်းဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။
လုပ်နည်း (Method)
လုပ်နည်း ဆိုတာကတော့ လုပ်ငန်းတစ်ခုကို  လုပ်ကိုင်တဲ့ နေရာမှာ  ရည်မှန်းချက် ပန်းတိုင်ရောက်ရှိဖို့ အသုံးပြုတဲ့ အင်အားစုတွေ ၊  ကုန်ကျခွင့်ရှိတဲ့ ငွေကြေး၊ အချိန်နဲ့ လုပ်အား စသည်တို့ပေါ် မှီပြီး အလုပ်လုပ်နည်းကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။  လုပ်ဆောင်ချက် အားလုံးအတွက် လုပ်နည်းရှိဖို့ လိုပါတယ်။
လုပ်နည်းကို ယေဘူယျအားဖြင့်၂မျိုးခွဲခြားနိုင်ပါတယ်။
(၁) စီမံခန့်ခွဲမှုဆိုင်ရာ လုပ်နည်း Managerial Method
P2ORD2CO2L ဖြစ်ပါတယ်။
(၂) အတတ်ပညာ ပိုင်းဆိုင်ရာလုပ်နည်း Technical Method  ပညာ ရပ် ကွဲပြားခြားနားနေသည်နှင့်အမျှ လုပ်နည်းများ ကွဲပြားမှာဖြစ်ပါတယ်။
နည်းစဉ် Procedure
နည်းစဉ်ဆိုတာ လုပ်ငန်းတစ်ခု လုပ်ကိုင်တဲ့ နေရာမှာ ဆက်နွယ်လျက်ရှိတဲ့ အလုပ်တွေကို မည်သည့် အစီအစဉ်အရ ပြုလုပ်ရမည် ဟူသော အချက်ကို အချိန်အားဖြင့် ဖြစ်စေ၊ အစဉ်လိုက် အားဖြင့်ဖြစ်စေ၊  သတ်မှတ်ဖော်ပြတဲ့  ညွှန်ကြားချက ဖြစ်ပါတယ်။
လုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် သတိပြုရမည့် အချက်များ
လုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် အောက်ပါ အချက်တွေကို သတိပြုရပါမယ်။
(က) နိုင်ငံတော် မူဝါဒများနှင့်ကိုက်ညီခြင်း Identification
(ခ) အခြားသော လုပ်ငန်း အစီအစဉ်များနှင့် စပ်ဟပ်မှုရှိခြင်း Integration
(ဂ) ရှေ့နောက်ညီညွှတ်မှုရှိခြင်း Consistency
စီမံမှုပြုခြင်းဟာ မျှော်လင့်ချက် Expectation၊ ကြံရွယ်ချက် intention တို့နဲ့ ကွာခြားမှု ရှိပါတယ်။ မျှော်လင့်ချက်တို့၊ကြံရွယ်ချက်တို့ဆိုတာ အလုပ်သဘော မပါပါဘူး။ လုပ်ငန်း အစီအစဉ် ရေးဆွဲတာကတော့ အလုပ်သဘော ပါပါတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်နိုင်တဲ့Workability  လုပ်ငန်းစဉ်တွေဘဲ ပါဝင်ပါတယ်။ လုပ်ငန်း ဆောင်ရွက်ဖို့ ညှိနှိုင်း ပြင်ဆင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ စာချုပ် ချုပ်ဆိုတာတွေက လုပ်ငန်း အစီအစဉ်  ရေးဆွဲခြင်းရဲ့ လေးနက်မှုကို ဖော်ပြပါတယ်။
လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်းအပေါ် သြဇာ သက်ရောက်သော အချက်များ
လုပ်ငန်း အစီအစဉ် ရေးဆွဲရာမှာ အောက်ပါ အကြောင်းအရာတွေပေါ်  မူတည်ပြီး ခြားနားတတ်ပါတယ်။
(က) လုပ်ငန်းရဲ့ သဘောသဘာဝများ
ဥပမာ- ရေခဲထုတ်လုပ်ငန်း နဲ့မီးခြစ်ထုတ်တဲ့ လုပ်ငန်းတို့ရဲ့ ထုတ်ကုန်တွေ မတူတဲ့အတွက် လုပ်ငန်း အစီအစဉ်တွေ ရေးဆွဲရာမှာ တူညီမှာ မဟုတ်ပါဘူး။
(ခ) စီမံခန့်ခွဲသူ၏ စိတ်ဆန္ဒများ
လုပ်ငန်း တစ်ခု ဆောင်ရွက်ဖြစ်ရန်မှာ ထိပ်ပိုင်းအဆင့် စီမံခန့်ခွဲသူများ၏ ခွင့်ပြုချက်၊ ယင်းတို့၏ သဘောတူညီမှုနဲ့  ဆောင်ရွက်ရလို့ စီမံခန့်ခွဲသူတွေရဲ့ စိတ်ဆန္ဒ စိတ်ဝင်စားမှုပေါ် မူတည်ပြီး လုပ်ငန်း အစီအစဉ် ရေးဆွဲတာ ကောင်းတယ်၊  မကောင်းဘူးဆိုတာ ပေါ်ပေါက်လာပါတယ်။
(ဂ) လုပ်ငန်း၏ အထူးသီးခြား ပြင်ပအခြေအနေများ
လုပ်ငန်းအတွက် လိုအပ်သော ရာသီဥတု၊ ရေမြေသဘာဝ၊ ကုန်ကြမ်း ရရှိရေးမှအစ စီးပွားရေးရာ အခြေနေတို့က စီမံမှုရဲ့ သီးခြားအသွင် ဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ငန်း သဘာဝခြင်း တူတဲ့တိုင်အောင် အဲဒီအချက်ပေါ် မူတည်ပြီး လုပ်ငန်း အစီအစဉ် ရေးဆွဲရာမှာ ကွဲပြားနိုင်ပါတယ်။
(ဃ) လုပ်ငန်း အစီအစဉ် ရေးဆွဲသော ပုဂ္ဂိုလ်များ၏ အရည်အချင်း
လုပ်ငန်း အစီအစဉ်ရေးဆွဲတဲ့  ပုဂ္ဂိုလ်ရဲ့  ပညာအရည်အချင်း  အတွေ့အကြုံပေါ် မူတည်ပြီး ကွဲပြား ခြားနားနိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်(၄)ချက်ပေါ် မူတည်ပြီး လုပ်ငန်း အစီအစဉ်ေ၇းဆွဲပုံရေးဆွဲနည်း ကွဲပြားနိုင်မယ့် လုပ်ငန်း အစီအစဉ်ေ၇းဆွဲတိုင်း  ပါဝင်ရမယ့်  အလုပ်အဆင့်တွေ ရှိပါသေးတယ်။ အဲဒီ အလုပ်အဆင့်တွေအတွက် သတင်း အချက်အလက် စုဆောင်းရတဲ့ အခါမှာ အောက်ဖော်ပြပါ  မေးခွန်းတွေနဲ့ စုဆောင်းရပါတယ်။
မေးရမယ့် မေးခွန်းတွေကတော့-
- ဘာလုပ်ရန်လိုအပ်သနည်း  What
- ဘာကြောင့်လုပ်ရမည်နည်း  Why
- ဘာမှာလုပ်မည်နည်း  Where
- ဘယ်အချိန်တွင် လုပ်မည်နည်း When
- ဘယ်သူ လုပ်မည်နည်း Who
- ဘယ်လို လုပ်မည်နည်း How စတာတွေဖြစ်ပါတယ်။

November 7, 2012

အချိန် စီမံခန့်ခွဲမှု (Time Management)

သင့်ရဲ့ဘ၀ကို ပိုကောင်းအောင်ပြောင်းလဲဖို့ ကြိုးစားရာမှာ အရေးကြီးဆုံးစည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲတတ်ခြင်းပါပဲ။
လူတော်တော်များများဟာ အလုပ်အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးနေကြရပါတယ်။ ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာလည်း မသိကြဘူး။ သူတို့ပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိကြဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ အဓိက ပြဿနာဟာ အချိန်မလောက်ငှခြင်းကြောင့်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

သင့်ကိုယ်သင် ပြောင်းလဲချင်စိတ် ရှိရပါမယ်။ အပြောင်းအလဲတွေ လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲတတ်ခြင်းပါပဲ။

October 23, 2012

ခေါင်းဆောင်မှု နည်းနာ အပိုင်း (၁)

(၁)  Leadership is getting people to help you. When they are not obligated to do so.
     ခေါင်းဆောင်မှု ပညာဆိုတာ လူတွေကို အလုပ်သဘောအရ ၀တ္ထရားအရ မလုပ်လို့ မဖြစ်ဆိုတဲ့
     သဘောမျိုးမထားပဲနဲ့ သူတို့မှာ တာဝန်မရှိတာတောင် သင့်ကိုကူညီ ဆောင်ရွက်ပေးတတ်အောင်
     သူတို့ကို သင်စည်းရုံးနိုင်စွမ်းရှိမှုကိုခေါ်တာ။

(၂)  Have enough confidence in yourself to let the other fellow take some risk.
                           (Robert J.Buckley)
      သင့်လူတွေကို အလုပ်မှာ စွန်စားလုပ်ခွင့်ပေးလိုက်ဖို့ သင့်မှာ လုံလောက်တဲ့ ယုံကြည်မှုမျိုးရှိပါစေ။
                            (ရောဘတ်ဂျှေဘာကလေ)

(၃)  Leaders get out in front and stay there by raising the standards by which
      they judge themselves and by which they are willing to be judged.(Fred Smith)
      ခေါင်းဆောင်တွေဟာ ရှေ့ကိုထွက်လာပြီး  မိမိကိုယ်ကို ဆန်းစစ်အကဲဖြတ်တတ်သလိုမိမိကို သူတပါးက ဆန်းစစ်ဝေဖန်ခြင်းကို လိုလိုလားလားခံယူတတ်ခြင်းဖြင့်သာ    သူတို့ရဲ့     အဆင့်အတန်းကို ပိုမိုမြင့်အောင်လုပ်နိုင်တာ။

(၄)  If you pay peanuts,expect to get monkeys.
      တစ်ကယ်လို့ ခင်ဗျားမြေပဲဘဲ ပေးရင်တော့ မျောက်တွေပဲလာလိမ့်မယ်ဗျ။ (မဖြစ်စလောက်ငွေ တစ်ပဲခြောက်ပြားပဲ ပေးရင်တော့ တန်ရာတန်ကြေးပဲ  မျှော်လင့်ထားပါ)

ခေါင်းဆောင်မှု ကျင့်စဉ် (၂)




•ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။

•ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။

•အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။


•ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။

စီမံခန့်ခွဲမှုနှင့်စာရင်းပညာရပ်ဝန်း


ခေါင်းဆောင်မှုအားလုံးသည် အဖွဲ့အစည်း၏ ထိပ်ဆုံးမှ ဖြစ်ပေါ်လာခြင်း မဟုတ်၊ အလယ်မှပေါ်ပေါက်လာခြင်းသာဖြစ်သည်၊။ထုံးစံအတိုင်းဆိုပါက အဖွဲ့အစည်းတစ်ခု၌ ခေါင်းဆောင် တစ်ယောက်သာရှိသည်။ အကယ်၍ သင်သည် အဆိုပါခေါင်းဆောင်မဟုတ်ခဲ့ပါက ၊ သင်ဘာလုပ်မည်နည်း။သင်က ထိရောက်စွာ ဦးဆောင်မှုပေးနိုင်ရန် အမှုဆောင် အရာရှိချုပ်တစ်ယောက် ဖြစ်နေဖို့ မလိုအပ်ပါ။ အကယ်၍ သင်က ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းနှင့် မပြည့်ဝသူ တစ်ဦးထံ အစီရင်ခံတင်ပြနေရသည့်တိုင်အောင် သင်၏ခေါင်းဆောင်မှုကို ထိရောက်မှုရှိလာအောင် လေ့လာသင်ယူ၍ ရနိုင်ပါသည်။ လျှို့ဝှက်ချက် မှာသင်သည် အဖွဲ့အစည်းတစ်ခု၏ မည်သည့်နေရာ၌ ရောက်ရှိနေစေကာမူ မိမိကိုယ်ကို ထက်အောက်ဝဲယာတို့ကို ခေါင်းဆောင်မှုပေးနိုင်သော “စက်ဝန်းပြည့်” ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေခြင်းဖြင့် သင်၏ သြဇာသက်ရောက်စေမှုကို ပိုမိုတိုးတက်ကျယ်ပြန့်လာစေမည်ဖြစ်သည်။ သင်က မိမိ၏ အထက်လူကြီးကိုခေါင်းဆောင်နိုင်အောင် မိမိနှင့်အဆင့်အတန်းတူသူများကို ခေါင်းဆောင်နိုင်အောင်နှင့်  မိမိ၏ လက်အောက် ငယ်သားများကို ခေါင်းဆောင်နိုင်အောင် လေ့လာသင်ယူ၍ ရနိုင်ပါသည်။

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts