AD-
1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ
မြန်မာနိုင်ငံကို တည်ထောင်သော အနော်ရထာမင်း နန်းတက် လေသည်။ ထိုအနော်ရထာ
မင်းလက်ထက်တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ
ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည် ငထွေရူး-
မြင်းမူအရပ်သား ထန်းတက်သမားဖြစ်သည်။
ထန်းပင် အပင် တထေါင်ကို တက်ခါဆင်း ခါလှီးသည်မှာ တနံနက်အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။
ငလုံးလက်ဖယ်- ပုပ္ပါးအရပ်သား၊ နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။
ညောင်ဦးဖီး- ညောင်ဦးအရပ်သား ညောင်ဦးကမ်းပါးက ပြေးဆင်း၍ ဧရာဝတီ
တဖက်ကမ်းသို့ လက်ပစ်ကူးသည်၊ နောက်ဖက်ကမ်းသို့ ရောက်သော် ခြေမထောက်ခဲ့ဘဲ
ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။
ထို ၄-ဦးအပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့
လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည်၌ မိရိုးဖလာနတ်၊
နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထိုအရည်းကြီး များသည်
ထိမ်းမြားမင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့
ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။
ထိုထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထိုထုံးစံကို မလိုက်နာသော်
မင်းဒဏ်ခံကြရ၏၊ ထိုသို့ ရှိစဉ် သထုံပြည်မှ ရှင်အရဟံမည်သော ရဟန်းကောင်း
ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရလည်း ကြည်ညို-
ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။
သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌
ပိဋကတ်တော် များရှိကြောင်း ကြားသိရသော လက်ဆေင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ-
မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည်
ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။
ထိုသို့တိုက်စဉ် ကကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း
ပါလာလေသည်။ ထိုစဉ် သထုံပြည်၌ ဗျတ္တ၏အကို---ဗျတ်ဝိ၏ အပေါင်အလက်တို့ကို
ဆေးစီရင်၍ မြုပ်နှံထားသည် နှင့် မြို့ရိုးကိုမ၀င်နိုင်ရှိရာ၊ ဗျတ္တက မရီးကို
မြေးမြန်း၍- မြုပ်ထားရာကို သိရှိ-ဖေါ်ယူပစ်လေမှ ၀င်နိုင်ကြလေသည်။
ပဒေသရာဇ်ခေတ်တွင် "တိုက်ခိုက်သိမ်းပိုက်၍
စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက် ခံရသောအမျိုးသာတို့၏၊ အမျိုးသား
ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်လွတ်လပ် ခွင့်ကို ဖျက်ဆီးလိုက်ပြီး
၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား
နိုင်ငံတော်ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင်ငံတော်ပိုင် နယ်နိမိတ်ကို
စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။ "
အဆိုပါ
သဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင်
ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည်။ မြန်မာနိုင်ငံ စုစည်းရာတွင်
တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်။
စုစည်းညီညွတ်မှု
အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏
ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊
စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏
ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ
လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့
စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း
စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ခေတ်သမိုင်း အဆက်ဆက်တွင်
ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။
မြန်မာတို့အောင်နိုင် ကြသောအခါ မနူဟာမင်းနှင့် တကွ ပိဋကတ်တော် တို့ကို၎င်း၊
နှုတ်မှု-လက်မှု -ပညာသည် တို့ကို၎င်း၊ ထိုသို့ တိုက်ခိုက် ဆောင်ယူခဲ့လေသည်။
ဤသို့သထုံမှ ဗုဒ္ဓဘာသာ ပိဋကတ်တော်များ ရောက်လာသည် ကစ၍ ပုဂံပြည်တွင်
အရည်ကြီး တို့သာသနာ မှေးမိန် သွား၍ ဗုဒ္ဓသာသနာတော်- တည်မြဲ-
ကြီးပွားလေတော့သည်။
အနော်ရထာမင်းလက်ထက် သထုံပြည်ကို အောင်နိုင်ခဲ့ကာ ပိဋကတ်သုံးပုံနှင့်
မွန်စာပေတို့ကို သထုံပြည်မှ ပုဂံပြည်သို့ သယ်ဆောင်လာခဲ့ သော်လည်း
မြန်မာဘာသာကို မွန်အက္ခရာ ဖြင့်ရေးသားနိုင်ခြင်း မရှိသေးသည့်အပြင်
ထိုအချိန်ထိ မြန်မာစာကို ဖန်တီးနိုင် ခဲ့ခြင်းလည်း မရှိသေးပေ။
အနော်ရထာမင်းကိုယ်တိုင် ရေးထိုးခဲသည်ဆိုသာ် အုတ်ခွက်စာတို့မှာ
ပါဋိဘာသာကို မွန်အက္ခရာ ဖြင့်သော်၎င်း၊ နာဂရိအက္ခရာ ဖြင့်သော်၎င်း ရေးသားထား
သည်ကို တွေ့ရပါသည်။
မြန်မာတို့သည် မွန်အက္ခရာနှင့် မြန်မာစာကိုလည်း တီထွင်ဖန်တီးရန်
အားထုတ်ကြိုးစားနေမည် မှာအလွဲပင်ဖြစ်သည်။
သို့ရာတွင် အောင်မြင်မှု့ မရသေးပေ။
အနော်ရထာမင်းနှင့် စောလူးမင်းလက်ထက်တွင် ပါဋိဘာသာကို သာနာဂရိအက္ခရာ
၊မွန်အက္ခရာဖြင့် တိုတိုတောင်းတောင်းပင် ရေးသားမှတ်တမ်း
တင်ခဲ့ကြသည်ကိုတွေ့ရသည်။ မြန်မာစကားကို စာဖြင့်ရေးသား ခဲ့သည်မှာ ခရစ်နှစ်
၁၁-ရာစုဦးက ပင်ဖြစ်သည်။ စောလူးမင်းလက်ထက် ရေးထိုးခဲ့သည်ဟု ယုံကြည်ရသော
ကျောက်စာမှာ ပါဋိဘာသာကို မွန်အက္ခရာဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။
မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို
စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များသည် ခရစ်တော် မပေါ်မှီ
BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့သော ဗြာဟ္မီ အရေးအသား
ကနေမြစ်ဖျားခံခဲ့သည်ဟု လက်ခံကြသည်။ အစောဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ်
AD-11-12 ရာစု မှာတွေ့ရှိရပြီး ရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန် ဖြစ်သည်။
အနော်ရထာမင်းသည် အမေနူဟာဘုရင် အားသုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့
ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊
မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ်
မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။
မနူဟာမင်းကြီး တည်ထားခဲ့ မနူဟာဘုရား
မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း (မကုတ) တည်ခဲ့သော
ဘုရားဖြစ်သည်။ မြင်းကပါ အရပ်တွင်တည်ထားသည်။ ဘုရားဂူအတွင်း၌ ရှေ့ ဘက်တွင်
ထိုင်တော်မူ ဆင်းတုတော်ကြီး ၃ ဆူနှင့် အနောက်ဘက်တွင် လျောင်းတော်မူ
ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမား
တော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာ အပြည့် ဖြစ်နေကြသည်။
ဆင်းတုတော်ကြီးများသည် မလှုပ်သာ မှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း
ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ်
ရှေ့  မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင်
ကြီးမားလှပေသည်။
သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသည်
ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထားအား ခွင့်တောင်းသည်။ အနော်ရထာမင်းက
လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင် ၀တ်သောနန်းစဉ်လက်စွပ်ကို
ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။
မနူဟာမင်းကြီးသည် ဘုန်းတန်ခိုး အာနုဘောကြီး၍ စကားပြောသော အခါ ခံတွင်းက
စက်ပြောင်ပြောင် အရောင်ထွက် တတ်၏ အနော်ရထာသည် စိုးရိမ်ကြောက်လန့ှ်ု
မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကိုစေ၏။ မနူဟာမင်း စားမိ၍
ဘုန်းတန်ခိုး ပြယ်လေသော၊ စိတ်လက်ညိုး နွမ်းသည်နှင့် မိမိ၏ လက်စွပ်
ကိုရောင်းပြီး ဘုရားတည်လေသည်။ ယခုတိုင် မနူဟာဘုရား ဟုရှိ၏ " ဖြစ်လေရာ ဘ၀၌
သူတပါး၏ နိုင်ခြင်းတို့ မခံရပါလို၏ ဟုဆုတောင်း ခဲ့လေသည်။ " နောက်မကြာမီ
မနူဟာမင်း နှင့်မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာက ရွှေစည်းခုံဘုရားသို့
ဘုရားကျွန် အဖြစ်ဖြင့် လူလေသည်ဟုဆိုသည်။
အနော်ရထာသည်၊ ထိုကဲ့သို့ သာသနာရေးကို ဗန်းပြကာ အခြားတိုင်းပြည်များကို
ဝင်ရောက်ကျူးကျော် တိုက်ခိုက်ရန် စိတ်အားအလွန် စိတ်အား တက်ကြွလာပြီးလျှင်
ရခိုင်ပြည်ရှိ မဟာ မုနိရုပ်ပွါးတော် ကိုလည်းပင့် ယူရန် သွားရောက်သေးသည်
သို့သော်လည်း အထမမြောက် မယူနိုင် ဖြစ်လေသည်။
တဖန် အေဒီ ၁၀၅၈ မှာ ပုဂံပြည့်ရှင် အနော် ရထာမင်းဟာ ဂန္ဓာလရာဇ် (ယခုတရုတ်)
ပြည်၌ စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန်
အကြံဖြစ်ခဲ့သည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊
ရွှေဖျဉ်းငယ် တို့လည်းပါ၍ စွယ်တော်မြတ်အား မိမိတိုင်းပြည်သို့
ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။
ထို့ကြောင့်စစ်သည်
အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏ မြို့တော် တာလီ အထိချီတက်ခဲ့သည်။
နန်ချောက်ဘုရင် ဥတည်ဘွား သည်လည်း မြို့တော်တံခါးကို အလုံပိတ်၍ အပြင်းအထန်
ခုခံခဲ့ရသည်။
နောက်ဆုံး အနော်ရထာ မင်းကြီးက " အဆွေတော်တို့ တိုင်းပြည်သို့ လာရောက်
ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ္တရာ ချမ်းသာဖြစ်တဲ့
စွယ်တော်မြတ်ကို ကိုးကွယ် ဆည်းကပ်ရန် လာရောက်တောင်းခံ ရခြင်းဖြစ်ပါတယ်ဟု
မိန့်ရာ" ဘုရင် ဥတည်ဘွားက စွယ်တော်မြတ်က ကိန်းဝပ်တော်မူလိုသော်
ပင့်တော်မူနိုင်ခဲ့သည် ဟုဆိုသည်။
အနော်ရထာမင်းလည်း ရတနာပန်း တောင်းကို ဦးခေါင်းတွင်ရွက်၍ သက်ဆင်း တော်မူရန်
အဖန်ဖန်တောင်းပန် ခယသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ
ဆင်းသက်တော်မမူသဖြင့် များစွာကြေကွဲ ဝမ်းနည်းခဲ့ရသည်။ သိကြားမင်းလည်း
အနော်ရထာမင်းကြီး စိတ်သက်သာရာရစေရန် ကိုယ်ထင်ပြ၍ ဤစွယ်တော်မြတ်ကို
မင်းကြီးအား ကိုးကွယ်စေဟု ဘုရားရှင်၏ ဗျာဒိတ်တော်မရှိခဲ့၊ သရေခေတ္တရာ
ပြည်မှာရှိသည့် သင်းကျစ်တော် ဓာတ်ကိုသာ သင်မင်းကြီး ရလတ္တံ့ဟုသာ
ဗျာဒိတ်ရှိသည်။ စွယ်တော်မြတ်မှာ ဂန္ဓာ လရာဇ်တိုင်း၌ သာသနာ ၅,ဝဝဝ တိုင်အောင်
တည်စေလိမ့်မည်ဟုဆိုကာ မင်းကြီးအား သိကြားမင်းက မြဆင်းတုတော်ကို
ပေးအပ်ခဲ့သည်ဟုဆိုသည်။
မှတ်ချက် - မြန်မာ့သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက
ဘုရင်နော်ရထာသည် ယခုလက်ရှိ မြန်မာနိုင်ငံဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထ
အုပ်စီးနိုင်ချင်း မရှိသေးပါ တရုတ်ကို ရန်စရန်မှာ မဖြစ်နိုင်ပါ
မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ တရုပ်ပြည်ကြီးထဲထိ
ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ မရှိဟုဆိုသည်။
အနော်ရထာမင်းကြီးလည်း မြဆင်းတု တော်ကိုပင့်၍ ပုဂံသို့ပြန်လာခဲ့ပြီး အပြန်
ခရီးတွင် မိုင်းမောဝ်ပြည်ကြီးသို့ ဝင်ရောက်ခဲ့သည်။ အနော်ရထာမင်းနှင့်
မိုင်းမောဝ်ဘုရင် ခွန်ဟိုမိန်း တို့တွေ့ဆုံခဲ့ပြီး နှစ်ပြည်ထောင်
ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန် မိုင်းမောဝ် ဘုရင် ခွန်ဟိုမိန်းက
သမီးတော်စောမွန်လှ နှင့်အတူ နှောက်လိုက်နှောက်ပါ များကိုပါ
ပေးအပ်ခဲ့လေသည်။
သျှမ်းသမိုင်းအဆိုရ မေ၀်ဘုရင် စဝ်ခွန်ဟိုမိန်းတွင် သားသမီး အမွှာ နှစ်ယောက်ရှိလေရာ သမီးတော်ကြီး စဝ်မွန်လှ ရုပ်ရည်ချောမော လှသူတယောက်ဖြစ်သလို အသက်တော်၂၈ နှစ်ရှိပြီဖြစ်ပြီး အပျိုကြီးဘ၀ဖြင့် ဗ္ဓုဒ္ဓဘာသာတရားကို
လွန်စွာမှ ရိုသေကိုင်းရှိုင်းသူ အဖြစ် မေ၀်နန်းတွင်းသာက တောရောမြို့ပါ
သိကြ၍ ပြည်လူအများ လေးစား ခြင်းချစ် ကြည်ညို ခဲ့ရတဲ့ မင်းသမီးလေးတပါး ပင်ဖြစ်သည်။ မင်းသားတာ် ဖြစ်တဲ့ မောင်တော် စဝ်ကော်လျန်း သည်လည်း တိုက်ရေးခိုက်ရေး ထက်မြက်သောမင်း တပါးဖြစ်သည်။
0 comments:
Post a Comment