နွမ်းလျတဲ့ရင် အစုံနဲ့  ကျတော့ရဲ့ 
အိမ်ပြန်ချိန်က မြို့ ပြရဲ့  နီယွန်မီးရောင်တွေ
ထွန်းညှိထားတဲ့ လမ်းပေါ်မှာပဲ
လမ်းလျောက်နေရင်းနဲ့  အမေ့သား
လမ်းပျောက်ခဲ့တယ် အမေ
ယုံကြည်ရာ ပန်းတိုင်အတွက်
အမေ့အိမ် အမေ့အရိပ်ကနေခွဲထွက်
အမေ့မျက်ရည်တွေ ကျတော်ဖြေသိမ့်ဖို့ 
လူဖြစ်ကျိုး မနပ်သေးဘူးအမေ
ကျတော်သိဖူးတဲ့ အမှန်တရားတွေလဲ
အရှိန်အ၀ါတွေရဲ့  ဖိနှိပ်မူအောက်မှာ
ခေါင်းငုံငုံနေတတ်တာ ခေါက်ရိုးတောင်ကျိုးလို့ 
မွန်းကြပ်တဲ့ဒီမြို့ ပြရဲ့  ရေစီးထဲ
ကျတော်မျှောချရင်း အဆုံးမသိတဲ့ခရီးရှည်ထဲ
အိမ်မပြန်နိုင်ခဲ့တာကြာပြီအမေ.. ..
ရက်စက်တဲ့ ခါးသည်းမူတွေ လည်ချောင်းကွဲမတတ်
ကျတော်မြိုမြိုချတိုင်း ကျတော့စိတ်တွေ
အမေ့အိမ်ရှေ့ ကိုပြန်ရောက်ရောက်လာတယ်
တစ်ချိန်က မေတ္တာရောင်တောက်တဲ့ နေ့ ရက်တွေ
တမ်းတမိတိုင်းလဲ ကျတော့ရဲ့ တစ်ခြမ်းပဲ့ညတွေ က
လှောင်ပြုံးပြုံးကြတယ် ဒီလောကထဲ အနိုင်ရလို့ 
ပြုံးတဲ့ ကျတော့ အပြုံးတွေထက် ငယ်ငယ်က
အမေ့ရင်ခွင်ထဲက ငိုသံတွေ ပိုရိုးသားကြတယ်
ရောင်စုံမီးတွေနဲ့  ကာလာချယ်ထားတဲ့  မြို့ ပြရဲ့ 
မာယာနဲ့ လင်းတဲ့ညတွေထက် ရေနံဆီမီးသတ်လို့ 
အိမ်ရှေ့ ကွပ်ပစ်ပေါ်က မော့ကြည့်ရတဲ့ သဘာဝ
မီးဆိုင်းလေးတွေကို ကျတော် ပို မြတ်နိုးလာတတ်ခဲ့ပြီ
အုတ်နဲ့ ဘိလပ်မြေခဲထားတဲ့  နံရံတွေကြားထဲက
မောဟ မွေ့ ယာပေါ်မှာ ကျတော့ရဲ ပျောက်ဆုံး
အိပ်မက်တစ်ချို့  မျှော်လင့်ချက်နဲ တရေးနိုးတိုင်း
ထထငိုကြတယ် ဒီနေ့ ထိကျတော် နှစ်နှစ်ခြိုက်ခြိုက်
မအိပ်ရသေးဘူး ဒီပကာသန ညတွေကျော်ဖြတ်ရင်း
ကြယ်ရောင်စုံနဲ့ မိုးထားတဲ့  ကျေးလက်အိမ်ငယ်လေးဆီက
အမေ့ရဲ သားချော့တေးသံလေး ကျတော်လွမ်းမိတယ်အမေ....

အိမ်မပြန်နိုင်ခဲ့တာကြာပြီအမေ..

0 comments:
Post a Comment