၁။ ငွေစာရင်းစာအုပ်အကြမ်းထားရှိပါက ငွေစာရင်းစာအုပ်အချောသို့ မှန်ကန်စွာ ကူးရေးသွင်းထားရန်။
၂။ ဖောက်သည်များက ပေးသွင်းသော ငွေသားသို့မဟုတ် ချက်လက်မှတ်များကို လက်ခံခြင်း၊ ရရှိသော ငွေများအတွက်  Official receipts တရားဝင်ငွေရပြေစာများကို ထုတ်ပေးခြင်း။
၃။ တရားဝင်ငွေရပြေစာများကို ရငွေများဖြစ်ပေါ်စေသည့် အထောက်အထားများဖြင့် စီစဉ်ပြီး ငွေစာရင်းစာအုပ်တွင် ရေးသွင်းရန်။
၎။ တရားဝင်ငွေရပြေစာများကို ပြေစာပါ ပုံနှိပ်နံပါတ်စဉ်အလိုက် ငွေစာရင်းစာအုပ်တွင် ရေးသွင်းရန်၊ ပုံနှိပ်နံပါတ်စဉ်များကျော်နေခြင်း မရှိရပါ။
၅။ ပယ်ဖျက်သောငွေရပြေစာများကို ငွေရပြေစာစာအုပ်မှ စုတ်ဖြဲထားခြင်းမပြုရပါ။ သက်ဆိုင်ရာငွေရပြေစာ ဖြတ်ပိုင်းတွင် ပြန်တွဲထားပြီးနောက် တာဝန်ရှိသူတစ်ဦးအား လက်မှတ်ရေးထိုးထားခြင်းရှိရပါမည်။
၆။ ငွေရပြေစာတွင် ဖော်ပြပါရှိသောနေ့စွဲ၊ သင့်ငွေ၊ အမည်နှင့် အကြောင်းအရာများသည် ငွေစာရင်းစာအုပ်တွင် ရေးသွင်းချက်များနှင့် တူညီစေရပါမည်။
၇။ ငွေလက်ငင်းလျော့ငွေများ (Cash Discount) ခွင့်ပြုထားပါက ကြွေးခွင့်ပြုထားချိန်ကာလ၊ ခွင့်ပြုသည့် နှုန်းတို့ဖြင့် ကိုက်ညီရပါမည်။
၈။ ရရှိသောငွေသားများ၊ ချက်လက်မှတ်များကို ဘဏ်သို့ နေ့စဉ်ပေးသွင်းရပါမည်။
၉။ ဘဏ်သို့ပေးသွင်းငွေများ (ငွေသား၊ ချက်လက်မှတ်၊ ဘဏ်ငွေလွှဲစာ များအပါအ၀င်) ၏ သင့်ငွေပမာဏများသည် ဘဏ်ငွေသွင်းလွှာ (Play-in-slip) ဖြင့်လည်ကောင်း၊ လကုန်တွင် ရရှသည့် ဘဏ်ရှင်းတမ်းတွင်          ရေးသွင်းထားငွေများဖြင့်လည်းကောင်း တူညီစေရပါမည်။
၁၀။ ဘဏ်သို့ပေးသွင်းငွေများကို ငွေစာရင်းစာအုပ်မြီရှင်ဘဏ်ငွေကော်လံတွင်လည်းကောင်း၊ ငွေစာရင်းစာအုပ်မြီစားဘဏ်ကော်လံတွင် လည်းကောင်းရေးသွင်းရပါမည်။
၁၁။ ရငွေများကို ဖြစ်ပေါ်စေသည့် ငွေရပြေစာများနှင့် တရားဝင်အထောက်အထားများကို စနစ်တကျဖိုင်တွဲသိမ်းဆည်းရပါမည်။
၁၂။ ပေးငွေများအတွက် ရရှိသော ငွေလက်ခံရရှိသူက ထုတ်ပေးသည့် ငွေရပြေစာ Official receipts  များနှင့် ပေးငွေဖြစ်ပေါ်စေသည့် ပြေစာအထောက်အထားများတွင် ဖော်ပြထားသော သင့်ငွေပမာဏနှင့်               ငွေစာရင်းစာအုပ် မြီရှင်ဘက်တွက် ဖော်ပြထားသောသင့်ငွေ ပမာဏများတူညီစေရပါမည်။
၁၃။ ငွေလက်ခံရရှိသူက ထုတ်ပေးသော ငွေရပြေစာ Official receipt သည်
(က) တရားဝင်အသုံးပြုသော ငွေရပြေစာဖြစ်ရပါမည်။
(ခ) ငွေရပြေစာတွင် ငွေပေးသူ၏ အမည်ကို ဖော်ပြရာ၌ မိမိ၏အဖွဲ့အစည်းအမည်ဖြစ်ရပါမည်။ ၀န်ထမ်းအမည်ဖြင့်ဖော်ပြထားပါက ပေးချေငွေသည် မူလပြေစာအထောက်အထားများအရ မိမိလုပ်ငန်းနှင့်              စပ်ဆိုင်ခြင်းရှိစေရမည်။ ကုန်များဝယ်၍ ငွေပေးရခြင်းများဖြစ်ပါက ယင်းကုန်များသည် လုပ်ငန်းကရောင်းဝယ်ဖောက်ကားနေသော ကုန်များဖြစ်ရပါမည်။ ကုန်ရမှတ်တမ်းတွင် ၀င်ရပါမည်။
(ဂ) ၀န်ထမ်းများအတွက် စိုက်ထုတ်ပေးချေရခြင်းများဖြစ်ပါက ၀န်ထမ်းအမည်များဖြင့် စာရင်းခေါင်းစဉ်ဖော်ရပါမည်။
(ဃ) ငွေရရှိသူ၏အမည်ကို ငွေစာရင်းစာအုပ်တွင် မှန်ကန်စွာရေးသွင်းရပါမည်။
(င) ငွေရပြေစာပါရက်စွဲနှင့် သင့်ငွေတို့သည် ငွေစာရင်းစာအုပ်တွင် ရေးသွင်းချက်မှားနှင့် တူညီရပါမည်။
(စ) ငွေစာရင်းစာအုပ်တွင် ပေးငွေတစ်ခုစီအတွ့် ရေးထားသော ရှင်းလင်းချက်များသည် စာရင်းရေးသွင်းချက်တစ်ခုစီ၏ အဓိပ္ပာယ်ကို ပေါ်လွင်ခြင်းရှိစေရပါမည်။
၁၄။ ပေးငွေကို ဖြစ်ပေါ်စေသည့် ပြေစာအထောက်အထားများကို အောက်ပါအတိုင်း စီစစ်ပြီးမှ ငွေပေးချေရပါမည်။
(က) အသုံးစရိတ်သည် ရသုံးမှန်းခြေစာရင်းမှ တရားဝင်ခွင့်ပြုထားသော ငွေဖြစ်ပြီး၊ လုပ်ငန်းအကျိုးအတွက် လုပ်ဆောင်ခြင်းများအတွက် သုံးစွဲခဲ့ခြင်းဖြစ်ရပါမည်။ (For the purpose of the business)
(ခ) လုပ်ငန်းဆောင်ရွက်ချက်အတွက် ပြည့်စုံစိတ်ချရသော အထောက်အထားများရှိရပါမည်။ ယင်းတို့မှာကုန်လွှာများ၊ ငွေတောင်းခံလွှာများ၊ ဆောင်ရွက်မှုများ၊ ကုန်များကို ရရှိခဲ့ကြောင်း၊ အထောက်အထားများ     ဖြစ်ကြပါသည်။
(ဂ) ပြေစာအထောက်အထားများ အားလုံးကို တာဝန်ရှိပုဂ္ဂိုလ်များက တစ်ခုနှင့် တစ်ခုအပြန်အလှန် ရည်ညွှန်းခြင်း၊ စစ်ဆေးခြင်း၊ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးခြင်း၊ ငွေပေးချေခွင့်ပြုခြင်းများ (Financial Sanction) ပြုလုပ်ထားရပါမည်။
(ဃ) ယခုငွေပေးချေသော ဆောင်ရွက်မှုနှင့် ပစ္စည်းများအတွက် ယခင်ကငွေပေးချေထားခြင်းမရှိကြောင်း သေချာစေရပါမည်။
၁၅။ ပြေစာအထောက်အထားအားလုံးကို ငွေရှင်းပြီးကြောင်း PAID Seal ရိုက်နှိပ်ထားရပါမည်။
၁၆။ ချက်လက်မှတ်များဖြင့် ငွေထုတ်ပေးသည့် ကိစ္စရပ်များတွင်-
(က) ချက်လက်မှတ်လက်ခံဖြတ်ပိုင်းတွင် ဖော်ပြထားသော သင့်ငွေ၊ ဘဏ်ရှင်းတမ်းတွင် ယင်းချက်လက်မှတ်အမှတ်အရ ဖော်ပြထားသော သင့်ငွေနှင့် ငွေစာရင်းစာအုပ်မြီးရှင်ဘက်ဘဏ်ကော်လံတွင် ဖော်ပြထားသော သင့်ငွေများတူညီရပါမည်။
(ခ) ပယ်ဖျက်သော ချက်လက်မှတ်များ၊ သက်တမ်းကုန်ဆုံး၍ အသစ်ထုတ်ပေးသော ချက်လက်မှတ်များကို ချက်လက်မှတ်လက်ခံဖြတ်ပိုင်းတွင် ပြန်လည်တွဲထားရပါမည်။
(ဂ) ပျောက်ဆုံးသော ချက်လက်မှတ်များ၊ သက်တမ်းကုန်ဆုံးသော ချက်လက်မှတ်များအစား၊ ချက်လက်မှတ်အသစ်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထားများရှိရပါမည်။
၁၇။ အသုံးမပြုရသေးသော ချက်လက်မှတ်များကို မှတ်ပုံတင်စာအုပ်ဖြင့် တာဝန်ရှိသူတစ်ဦးအားလုံခြုံစွာ ထိန်းသိမ်းထားရှိရပါမည်။
၁၈။ ငွေလက်ကျန်များကို နေ့စဉ်ရေတွက်စစ်ဆေးရန်။
၁၉။ ငွေလက်ကျန်များကို မီးခံသေတ္တာထဲတွင်သော့ ၂ ချက်ခတ်စနစ်ဖြင့် လုံခြုံစွာ သိမ်းဆည်းထားရန်။
၂၀။ အနည်းဆုံးတစ်လျှင် တစ်ကြိမ်  Bank Reconeiliation Statement  ဘဏ်တိုက်ညှိချက် ရှင်းတမ်းကို ရေဆွဲပြုစုရန်။
၂၁။ ရငွေပေးငွေ အမျိုးအစားတစ်ခုချင်းအလိုက်စီစစ်ရန် လိုအပ်သော အချက်များကို စီစစ်ရန်