မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း
နိဒါန်း
၁ ။ “ကျုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်မျိုးရှိပါသလဲ ” လို့ လူကြီးမင်း အမေးခံရမည် ဆိုလျင် “ ၁၃၅ မျိုးရှိပါသည် ” လို့ ဖြေမှာ သေခြာ သလောက် ဖြစ်ပါတယ် ။ လူကြီးမင်းက စာတတ်ပေတတ် စာဖတ်ပေဖတ် ဖြစ်လို့ ဤကဲ့သို့
ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ အဖြေမှန်မဟုတ်သေးပါ ။ လူကြီးမင်း အရွှီးအဖြန်း ခံထားရသဖြင့်သာ ထိုကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ နောင်တွင် အဖြေမှန် ဖြေဆိုနိုင်ကြစေရေး အတွက် ဤ ဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြ အပ်ပါတယ် ။
မြန်မာတိုင်းရင်းသားလူမျိုးစု ၁၃၅ အစ နဝတက
၂ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိပါတယ်လို့ စပြီး ပြောတဲ့သူဟာ နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြစ်ပါတယ် ။ သူဘာကြောင့် သည်လိုပြောရသလဲ ဆိုလျင် မြန်မာနိုင်ငံမှာ လူမျိုးစုတွေ များလွန်းနေတဲ့အတွက် စည်းရုံးရေးလုပ်ရတာ
မလွယ်ကြောင်း ပြောလိုရာက အစပြုပြီး လူမျိုးစု ၁၃၅ စုရှိကြောင်း အဖြေထွက်လာတာဖြစ်ပါတယ် ။ သူသိချင်တဲ့ အဖြေကို စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ပြုစုပေးတာ ဖြစ်ပါတယ် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံး ဟာ သူသိလိုတဲ့
အချက်အလက်များကို သန်းကောင်စာရင်းနှင့် ကွန်ပျူတာမှတ်တမ်းဌာန ဆီကရရှိပါတယ် ။ သန်းကောင်စာရင်းနှင့် ကွန်ပျူတာ မှတ်တမ်းဌာနက ပေးတဲ့စာရင်းဟာ တော်လှန်ရေးကောင်စီခေတ်မှ ပြည်သူ့ ကောင်စီခေတ်သို့ ကူးပြောင်းရေးကာလမှာ ကောက်ယူခဲ့တဲ့
သန်းကောင်စာရင်းကို အခြေခံပြုစုထားတဲ့စာရင်း ဖြစ်ကြောင်းသိရပါတယ် ။ အဲသည်တုန်းက ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းဆိုရာမှာလည်း ၊ လုပ်အားပေး ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများက ကောက်ယူခဲ့တဲ့စာရင်းပါ ။ လုပ်အားပေး သန်းကောင်စာရင်း
ကောက်ယူသူများကလည်းပဲ ၊ သက်ဆိုင်ရာ ဒေသခံများက ဖြေကြားချက်အတိုင်း ရေးမှတ်ကောက်ယူ စာရင်းသွင်းခဲ့ကြတာပါ ။ ဥပမာအားဖြင့် ဘာလူမျိုးလဲဆိုလျင် ၊ ဖြေကြားသူက ရှမ်းဗမာ ဆိုလျင် ရေးသူကလည်း ရှမ်းဗမာလို့ ရေးမှတ်သွားတာမျိုး ၊ ရွာနီးချုပ်စပ်
နောက်တစ်ရွာ နောက်တစ်ဖွဲ့ ကောက်ယူတဲ့စာရင်းမှာတော့ ၊ တိုင်းလိုင်း ဆိုပြီးဖြေလို့ တိုင်းလိုင် လို့မှတ်တမ်းဝင်သွားတာမျိုးပါ ။[ ဆက်ဖတ်ရန် +/- ]
လူမျိုးစု၁၃၅မျိုးက ဘယ်သူတွေလဲ
၃ ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစုတင်ပြ ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်းတွေ့ကြရမှာပါ -
- ၁- ကချင်
- ၂- ကယား(ကရင်နီ)
- ၃- ကယမ်း(ပဒေါင်)
- ၄- ကရင်ဖြူ
- ၅- ကလင်တော(လူရှေ)
- ၆- ကော်
- ၇- ကိုးကန့်
- ၈- ကြီ
- ၉- ခမီ
- ၁၀- ခေါနိုး
- ၁၁- ခေါင်းအိုင်ချင်း
- ၁၂- ခန္တီးရှမ်း
- ၁၃- ချင်း
- ၁၄- ချောင်းသား
- ၁၅- ခွါဆင်းမဲ
- ၁၆- ခွန်လီ ခေါ်ဆင်းမ်
- ၁၇- ဂဒူး
- ၁၈- ဂဏန်း
- ၁၉- ဂေခို
- ၂၀- ဂေဘာ
- ၂၁- ဂုံ (ခွန်ရှမ်း)
- ၂၂- ဂျိန်ဖေါ့
- ၂၃- ဂွေးသဲ
- ၂၄- စကောကရင်
- ၂၅- စနော
- ၂၆- စမူ
- ၂၇- စုံ(သဲ)
- ၂၈- ဆလိုင်
- ၂၉- ဆလုံ
- ၃၀- ဆင်ထန်
- ၃၁- ဆိုင်ထန်
- ၃၂- ဇယိန်း
- ၃၃- ဇာထောင်
- ၃၄- ဇိဖေ
- ၃၅- ဇိထုံး
- ၃၆- ဇို
- ၃၇- ဇိင်ဝါး
- ၃၈- ဇိန်ညှပ်(ဇန်နီယပ်)
- ၃၉- ဇွန်း
- ၄၀- တပေါင်
- ၄၁- တလယ်ပွါ
- ၄၂- တာဒိုး
- ၄၃- တီးတိန်
- ၄၄- တေဇန်
- ၄၅- တောရ်
- ၄၆- တောင်ရိုး
- ၄၇- တိုင်ချွန်း
- ၄၈- တိုင်းခန္တီး
- ၄၉- တိုင်းဆာ (မိုင်းသာ)
- ၅၀- တိုင်းလေ
- ၅၁- တိုင်းလိုင် (တိုင်းလျန်)
- ၅၂- တိုင်းလုံ
- ၅၃- တိုင်းလွယ်
- ၅၄- တန်ဒူး
- ၅၅- ထမံ
- ၅၆- ထားဝယ်
- ၅၇- ဒင်မ်
- ၅၈- ဒိုင် (ယင်ဒူး)
- ၅၉- ဒိုင်းနက်
- ၆၀- ဓနု
- ၆၁- နာဂ
- ၆၂- ပနမ်း
- ၆၃- ပရဲ (ဘရဲ)
- ၆၄- ပလေဂီး
- ၆၅- ပလေး
- ၆၆- ပလောင်
- ၆၇- ပသျှူး
- ၆၈- ပအိုဝ့် (အီကော)
- ၆၉- ပါကင်းမ်
- ၇၀- ပိုးကရင် (အနောက်)
- ၇၁- ပိုးကရင် (အရှေ့)
- ၇၂- ဖိုပွါ
- ၇၃- ဖုန် (ဖွန်)
- ၇၄- ဖျင်
- ၇၅- ဗမာ
- ၇၆- ဘန်ဂဲ
- ၇၇- ဘွဲ့
- ၇၈- မကန်း
- ၇၉- မရူ
- ၈၀- မနူမနော
- ၈၁- မဟူ
- ၈၂- မာရင်
- ၈၃- မီရမ် (မရာ)
- ၈၄- မီအဲ
- ၈၅- မောရှမ်း
- ၈၆- မော်နေပွါ
- ၈၇- မိုယ့်ထိုင် (ကသဲ)
- ၈၈- မြို
- ၈၉- မြောင်ဇီး
- ၉၀- မြိတ်
- ၉၁- မွင်း
- ၉၂- မွန်
- ၉၃- ယော
- ၉၄- ယင်းကြား
- ၉၅- ယင်းတလဲ
- ၉၆- ယင်းနက်
- ၉၇- ယင်းဘော်
- ၉၈- ယွန် (လာအို)
- ၉၉- ရခိုင်
- ၁၀၀- ရဘိန်
- ၁၀၁- ရဝမ်
- ၁၀၂- ရီရန်
- ၁၀၃- ရောင်ထု
- ၁၀၄- ရှမ်း
- ၁၀၅- ရှမ်းကလေး
- ၁၀၆- ရှမ်းကြီး
- ၁၀၇- ရှမ်းဗမာ
- ၁၀၈- လရှီ
- ၁၀၉- လာချိတ်
- ၁၁၀- လားဟူ
- ၁၁၁- လီစူး
- ၁၁၂- လီရှော
- ၁၁၃- လု
- ၁၁၄- လူရှိုင်း (လူရှေ)
- ၁၁၅- လေးမြို့
- ၁၁၆- လော်ဝေါ်
- ၁၁၇- လောက်ထူ
- ၁၁၈- လင်လဲ
- ၁၁၉- လိုင်
- ၁၂၀- လိုင်ဇို
- ၁၂၁- လမ်း
- ၁၂၂- လျင်းထု
- ၁၂၃- လွယ်လ (ဝ)
- ၁၂၄- သက်
- ၁၂၅- ဟွားလ်ငို
- ၁၂၆- အခါ
- ၁၂၇- အဇီး
- ၁၂၈- အနူး
- ၁၂၉- အနန်း
- ၁၃၀- အရှိုချင်း (မြေပြန့်)
- ၁၃၁- အောဝခမီ
- ၁၃၂- အူပူ
- ၁၃၃- အိုက်ကွယ်
- ၁၃၄- အင်
- ၁၃၅- အင်းသား
တူနေတာတွေည်းရှိ ၊ မပါတာတွေလည်းရှိနိုင်
၎ ။ အဲသည် မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရဲ့ စာရင်းကို ကျနော်တို့ သာမန်ကာလျှံကာ ကြည့်မယ် ဆိုရင် ဟုတ်သလိုလို ထင်ရပါတယ် ။ အဲသည်စာရင်းမှာ တူနေတာတွေ တော်တော်ပါနေပါတယ် ။ ကျနော်သိသလောက်ပြောရရင်တော့ (၁) ကချင် နှင့် (၂၂)
ဂျိန်ဖေါ့ (Jing Phaw) ဟာ အတူတူဖြစ်ပါတယ် ။ ဗမာတွေက ကချင်လို့ ခေါ်တယ် ။ ကချင်တွေက မိမိကိုယ်ကို မိမိ ဂျိန်ဖေါ့ (Jing Phaw) လို့ ခေါ်ပါတယ် ။ နောက်ပြီး (၄၈)တိုင်းခန္တီးနှင့် (၁၂)ခန္တီးရှမ်း ၊ (၃၁)တိုင်းလိုင် နှင့် (၁၀၇) ရှမ်းဗမာ (၁၀၅-ရှမ်းကလေး လို့လည်း
ခေါ်သလို ရှမ်းနီဆိုပြီးတော့လည်း ခေါ်ကြပါသေးတယ်) ၊ (၅၂)တိုင်းလုံ နှင့် (၁၀၆)ရှမ်းကြီး ဆိုတာတွေက အတူတူ ဖြစ်ပါတယ် ။ ရှမ်းလိုခေါ်တာ နှင့် ဗမာလိုခေါ်တာပဲ ကွာပါတယ် ။ ကျန်တာတွေတော့ ကျနော် မသိပါ ။ ကျန်တဲ့ စာရင်းမှာလည်း တူတာတွေ
အများကြီးရှိနိုင်သေးသလို မပါတာတွေ ကျန်ခဲ့ တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ် ။ ဥပမာ ကူကီး ၊ မုန်းဝန်းရှမ်း ဆိုတာတွေပေါ့ ခင်ဗျာ ။
ပညာရှင်များခင်ဗျာ
၅ ။ မြန်မာသမိုင်း ပညာရှင်များ ၊ မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက် နေပါတယ် ဆိုတဲ့ သူများခင်ဗျာ မြန်မာတိုင်းရင်းသား လူမျိုးစု ဘယ်နှစ်စု ရှိပါတယ်လို့ အမှန်အတိုင်း ပြောနိုင်အောင်တော့ ကြိုးစားကြစေလိုပါတယ် ။ သိတ်ခက်ခဲမည့်
ကိစ္စတော့ ဟုတ်မယ်မထင်ပါ ။ ဇောက်ချပြီး အားထည့် ကြိုးစားကြမည်ဆိုလျင် ၂ နှစ် ၃ နှစ်အတွင်းမှာ အဖြေထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ပညာရှင်များ ဂရုပြုနိုင်ဖို့အတွက် “ လူမျိုးဘယ်လောက်ရှိသည်ကိုမသိသေးလျင် ၊ ဘာသာစကား ဘယ်လောက်
ရှိသည် ဟူသော အချက်ကို မသိသေးသဖြင့် Linguistic survey လုပ်ရန်လိုကြောင်း ” ဦးမြင့်ကြည် (မြန်မာစာအဖွဲ့ဝင်) ရဲ့ တင်ပြချက်ကိုလည်း ထပ်ဆင့် တင်ပြလိုက်ရပါတယ်ခင်ဗျာ ။
နိဂုံး
၆ ။ ခုအချိန်မှာ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိတယ် ဆိုတဲ့ အဆိုဟာ အမှန်လိုလို အတည်လိုလို ဖြစ်နေပါတယ် ။ နဝတဥက္ကဌကြီးရဲ့ မိန့် ကြားချက်ဖြစ်သမို့ မြန်မာ့ သမိုင်းပညာရှင် များလည်း မထိရဲ ၊ မတို့ရဲ ဖြစ်နေကြပါတယ် ။ ဘယ်သူမှ ဝေဖန်ဆန်းစစ်ခြင်း ၊
သုတေသနပြုခြင်း မရှိခဲ့ကြပါဘူး ။ အမှား တစ်ခုဟာ ကြာလာရင် အမှန်လိုလို ဖြစ်သွားနိုင်တာမို့ ၊ အမှားဟာ အမှန် ၊ အမှန်ဟာ အမှား ဖြစ်မသွားရလေအောင် သမိုင်းကြောင်းလေး ကိုပြန်လည် တည့်မတ်ပေးကြဖို့ စာတမ်းဖြင့် မေတ္တာရပ်ခံတင်ပြအပ်ပါတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
မှတ်ချက် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးမှ ပြုစုထုတ်ဝေသော စာအုပ် တစ်အုပ်မှ စာရေးသူကူရေး ထားသည့် မှတ်စုအား ကိုးကားတင်ပြထားခြင်းဖြစ်ပါသည် ။ စာတမ်းအမည် ကူးရေးရန်မေ့လျော့ခဲ့သည့်အတွက် တင်ပြနိုင်ခြင်း မရှိပါ ။
***********
ပို့စ်တင်သူ၏ မှတ်ချက် ။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ၊ ကိုရီးယားနိုင်ငံဘူချောန်းမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းကို ကောက်နှုတ်၍ ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည် ။
0 comments:
Post a Comment