October 22, 2012

ပုဂံမတိုင်မီမြန်မာနိုင်ငံအခြေနေ

သမိုင်းကိုစိတ်ဝင်စားသူတစ်ယောက်အနေနဲ့ သမိုင်းpost လေးတွေကိုပေါ့ပေါ့ပါးပါး တင်ပြနေခဲ့ပါတယ်။
.ခုတခါ " ပုဂံ မတိုင်မီ မြန်မာနိုင်ငံ " ကို အပိုင်းငါးပိုင်းခွဲပြီးအခန်းဆက်တင်ပေးလိုက်ပါတယ်။
(ဆိုက် ဘလော့ ဖြစ်လို့ တိုတို နဲ့လိုရင်းသာရေးသားပါမယ်၊ ကျမ်းကိုးများပါရှိမှာမဟုတ်ပါ။)


ပုဂံ မတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၁)

ကမ္ဘာကြီး၏သက်ဦးကပ် အပိုင်းအခြားများ

လူသားများ၏သဘာဝလောကကြီး(ကမ္ဘာလောကကြီး) ဖြစ်တည်ပုံနှင့်ပတ်သက်၍
သဘာဝသိပ္ပံအမြင်အားဖြင့်သမိုင်းကြောင်းတစ်လျောက်ပိုင်းခြားထားသော
အာယုကပ်များအတွင်းဖြေးဖြေးခြင်းသာပြောင်းလဲခဲ့ကြသည်။
လွန်ခဲ့သောနှစ်ပေါင်းသန်း ၆၀၀ခန့်မှစတင်၍ဘူမိခေတ်တွင်သက်ဦးကပ်(Primary Era)စတင်သည်ဟု
ဘူမိပညာရှင်များကခန်မှန်းကြသည်။


ယင်းကပ်သည်နှစ်ပေါင်းသန်း၃၀၀ကျော်ကြာမြင့်ခဲ့ပြီး ယုဂ်အားဖြင့် ခြောက်ခုရှိသည်။
၁။ ပါမီယန်ယုဂ်(Permian Period) လွန်ခဲ့သောနှစ်သန်း ၂၈၀
၂။ ကာဘွန်နီယုဂ် (Carboniferous Period) လွန်ခဲ့သောနှစ်သန်း ၃၄၅
၃။ ဒီမိုနီယန်ယုဂ် (Demonian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၄၀၅
၎။ ဆီလူရီယန်ယုဂ် (Silurian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၄၂၅
၅။ သြဒိုဗစ်စီယန်ယုဂ် (Ordovician Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၅၀၀
၆။ ကမ်ဗရီယန်ယုဂ် (Cambrian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၆၀၀

သက်ဦးကပ်အတွင်းမြန်မာနိုင်ငံအခြေနေမှာ..
(က) လွန်ခဲ့သောနှစ်သန်း ၅၀၀ ခန့်တွင် မြန်မာတစ်နိုင်ငံလုံး ပင်လယ်ပြင်အောက်နစ်မြုပ်နေခဲ့သည်။
ရှမ်းကုန်းပြင်မြင့်တွင်သာ ကျွန်းငယ်လေးများပေါ်နေမည်ဟုခန့်မှန်းပါသည်။

(ခ) လွန်ခဲ့သောနှစ်သန်း ၄၂၅ မှ ၄၀၅ ခန့်တွင် ကမ္ဘာကြီး၏ မြေလွှာ လှုပ်ရှားမှုအကြီးကျယ် ဖြစ်ပေါ်ခဲ့သဖြင့်
ရှမ်းပင်လယ်တွင်း မြေမြင့်တက်မှုဖြစ်ပေါ်လာဟန်ရှိသည်။
ကျွန်းငယ်လေးများထပ်မံပေါ်နေမည်ဟုခန့်မှန်းပါသည်။


မြန်မာ့မြေလွှာဖြစ်တည်မှုတွင် လွန်ခဲ့သောနှစ်သန်းပေါင်း ၆၃နှစ်တွင် သက်ဦးကပ်မှ
သက်နှောင်းကပ် ( Cenozoic Era )သို့ပြောင်းလဲခဲ့သည်၊ သက်နှေင်းကပ်သည် နှစ်ပေါင်း ၆၂သန်း
ကြာသည်ဟုခန့်မှန်းသည်။

သက်နှောင်းကပ်တွင် မြန်မာ့ပင်လယ်ပြင်သည် ရှမ်းကုန်းပြင်မြင့် အနောက်ခြမ်းမှ အီန္ဒိယအရှေ့ခြမ်းထိ
ဖြစ်ဟန်ရှိသည်။
လွန်ခဲ့သောနှစ်သန်း ၄၀ခန့်တွင် မြန်မာနိုင်ငံ မင်းကွန်း၊ မန္တလေးဒေသတွင် ကုန်းမြေထုပေါ်လာခဲ့သည်။

လွန်ခဲ့သောနှစ်သန်း ၃၀ခန့်တွင် ကမ္ဘာမြေလွှာ လှုပ်ရှားမှုဆက်လက်ဖြစ်ပေါ်နေသဖြင့်
ပင်လယ်ရေ အနည်းငယ်ဆုတ်ယုတ်လာဟန်ရှိသည်။

လွန်ခဲ့သောနှစ် ၁၅သန်းတွင် ဟိမ၀န္တာတောင်တန်းကြီးဖြစ်ပေါ်မှု ( Himalayan Mountain-buildingMovement ) ဖြစ်ပေါ်လာခဲ့သည်။
အကျိုးဆက်အဖြစ် မြန်မာနှင့် အာသံနယ်လုံးဝကွဲပြားသွားပြီးယခုလက်ရှိမြန်မာနိုင်ငံပုံပေါ်ပေါက်လာဟန်ရှိသည်။
မြန်မာ့မြေလွှာပိုမိုခိုမာလာသည်၊ပုပ္ပားမီးတောင်၊ ရွှေဘိုအရှေ့ဖက်ခြမ်းတွင် မီးတောင်များ စုံ့တက်နေဆဲကါလဟုမှန်းဆကြသည်။

လွန်ခဲ့သောနှစ် ၁၄သန်းလောက်တွင် မြန်မာနိင်ငံတွင် ရေနေသတ္တ၀ါများသာမက ကြောရိုးရှိသတ္တ၀ါများပါ ဖြစ်ထွန်းနေပြီး ရှေးဟောင်းဆင်ကြီးများ၊ မြင်း၊ ကျွဲ၊ နွားနှင့် သမင်များပါ ရှိနေနိုင်ပါသည်။ကျနော်ရဲ့ ပုဂံမတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၁)မှာ လွန်ခဲ့သောနှစ် သန်း၆၀၀ တုန်းက မြန်မာနိုင်ငံဟာ
လုံးဝ ပင်လယ်ရေအောက်နစ်မြုပ်ရာကနေ ..
လွန်ခဲ့သောနှစ် ၁၄သန်းမှာတော့ ကုန်းမြေဖြစ်ထွန်း ခိုင်မာလာပြီး ယခုလက်ရှိပုံစံဆောင်လာ
ကြောင်း တင်ပြခဲပါတယ်။
ယခု လွန်ခဲ့တဲ့ နှစ်တစ်သန်းကာလ အကြောင်းဆက်ပါမယ်။

လွန်ခဲ့သောနှစ် တစ်သန်းကာလ (နှင်းခဲကပ်)..မြန်မာနိုင်ငံ

ကမ္ဘာကြီး၏ စတုတ္ထကပ်(နှင်းခဲကပ်)၏ အရေးပါသော အချက်မှာ
လူသားစတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(ဦးဘမော်၊ ဦးသော်တင့် တို.၏ - “ပုံတောင် ဂျီယာကေါ်တာရီ” နှင့် “ အမ်ဖီပီသီကပ် မိုးကောင်ဂျင်းစစ် (ပရိုင်းမိတ်)” - အကြောင်းနောင်အခါ ဆက်လက်ရေးသားပါမည်။)

ယင်းကပ်ကာလသည် လွန်ခဲ့သော နှစ်တစ်သန်းကာလမှစ ယနေ့ထိအကျုံးဝင်ပါသည်။
မြန်မာနိုင်ငံ အခြေအနေသုံးသပ်ချက်မှာ - -

မြန်မာ့မြေပြင်တွင် လူနှင့်တိရစ္ဆာန်ပေါ်ပေါက်လာသည်။
ယင်းခေတ်တွင် မြန်မာနိုင်ငံတွင် သစ်တောများဖုံးလွမ်းနေကြောင်းအထောက်ထားရှိခဲ့သည်။
မီးတောင်များ ပေါက်ကွဲမှုဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

အနောက်ရိုးမ၊ အလယ်ရိုးမ၊ တနင်္သာရီရိုးမ၊ ရှမ်းကုန်းပြင်မြင့် ပေါ်ပေါက်တည်ရှိသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသော မြစ်ကြီးများရှိလာသည်။
ယင်းမြစ်ဝှမ်းလွင်ပြင်များတွင် လူနှင့်တိရစ္ဆာန် စသော သတ္တလောက သားတို့မီတင်းရာဖြစ်လာသည်။

ဒရယ်ငယ်မျိုးများ၊မြင်းများ၊ဆင်များ၊နွားများ၊ကျွဲများ ကျက်စားလျက်ရှိသည်။
မြစ်ချောင်းအင်းအိုင်တို့တွင် လိပ်များ၊ မိချောင်းများလည်းရှိခဲ့သည်။

ပညာရှင်များစမ်းသပ်လေ့လာချက်အရ အစောဆုံးလူသား(အဆင့်မြင့်ပရိုင်းမိတ်) များအဖြစ်လက္ခံထားသည်များမှာ

၁။ဂျာဗားလူ (Pithecanthropus of Java) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၂။ပီကင်းလူ (Pithecanthropus of China) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၃။ဟိုက်ဒယ်တာ့ဂ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၎။ဆပ်ဆက်လူ (အင်္ဂလန်) (လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းခန်.)

၅။နီအန်ဒါသာလ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း ခုနှစ်သောင်းခန်.)

၆။ကရိုမက်ဂနွန်လူ (လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းငါးထောင်) တို.ဖြစ်ကြပါသည်။



ဒါတွေဟာ အဆင့်မြင့်လူသားဘ၀၊ လူအစစ် (ဟိုမိုဆက်ပီယံ) မဖြစ်သေးသော လူမျိုးနွယ် အဆင့်မြင့်(ပရိုင်းမိတ်) များသာဖြစ်ကြပါသေးသည်။



အညာသားယဉ်ကျေးမှူ (Anyathian Culture)

မြန်မာကျောက်ခေတ်သုံးလက်နက်များကို မြန်မာနိုင်ငံအနှံ.အပြားတွင်တွေ.ရှိခဲ့ရသည်။

သုတေသီများက မြန်မာ့ ကျောက်ချောခေတ်ယဉ်ကျေးမှူကို အညာဒေသ/အညာသားယဉ်ကျေးမှူ ဟုသမုတ်ခဲ့ကြသည်။

အကြာင်းမှာ - ပညာရှင်..ဟားဘတ်တက္ကသိုလ်မှ ဒေါက်တာ Hellmut De Terra , ပါမောက္ခ Hallam L. Movius

တို.ဟာ ၁၉၃၇ - ၁၉၃၈ ခုနှစ်များမှာမြန်မာနိုင်ငံ ဧရာဝတီ၊ မြန်မာပြည်အလယ်ပိုင်း၊ ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာလေ့လာခဲ့သည်။



ကျောက်ခေတ်သုံးလက်နှက်များကို - - မကွေး(ချင်းအောင်မကုန်း)၊ ချောက်။ စလေ။ ညောင်ဦး။

ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ။ စဉ့်ကူ၊ မကွေးမြသလွန်အရှေ့ဖက်ဒေသများ၊ ယောတောင်ကြားလမ်းရှိပေါက်၊ မင်းကွန်း၊ မန္တလေးဝန်းကျင် …တို့တွင်တွေ့ရှိရသည်။



သူတို.ရဲ.အရေးပါတဲ့တင်ပြချက်ကတော့ - - “ရေခဲခေတ် အတွင်းမှာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး

ဂျာဗားနဲ.ပီကင်း တို.ကဲ့သို. လူမျိုးနွယ်များ အခြားဒေသများသို. ပြန်.ပွားသွားဖွယ်ရှိသည်။

ဂျာဗားနှင့်ပီကင်း လူတို.ထက်စောပြီး မြန်မာနိုင်ငံတွင် လူရှိနိုင်သည်။”



ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်လေးသိန်းကျော်ကတဲက မြန်မာနိုင်ငံတွင် လူပေါ်ပေါက်နေပြီဖြစ်သည်။

သို.သော် - - သက်သေပြရန် အထောက်အထား မတင်ပြနိုင်ခဲ့ပါ။



အညာသားယဉ်ကျေးမှူရဲ. သဘောကို ပြန်ချုပ်ရရင်

“ပီသေကန်သရိုပတ် လို.ခေါ်တွင်သော ဂျာဗားလူနှင့်ပီကင်းလူတို. တချိန်တည်းမှာ၊ တစ်နည်းအားဖြင့် လွန်ခဲ့သော နှစ်လေးသိန်းကျော်ကပင် မြန်မာနိုင်ငံမှာ လူသားပေါ်ပေါက်နေခဲ့ပြီး ဖြစ်သည်။



ထိုသူများကို “အညာသား” ဟု ပညာရှင်များက အမည်ပေးခဲ့သည်။

ထိုသူများမှ ဆင့်ကဲဖြစ်စဉ် (Evolution) အရ ဒီခေတ်မြန်မာလူသား တွေဖြစ်ခဲ့ ကြသည်။


ကမ္ဘာကြီး၏ အစောဆုံးတွေ.ရှိခဲ့ရသော ရှေးဦးလူသားများ(ပရိုင်းမိတ်များ)

ပညာရှင်များစမ်းသပ်လေ့လာချက်အရ
အစောဆုံးလူသား(အဆင့်မြင့်ပရိုင်းမိတ်) များအဖြစ်လက္ခံထားသည်များမှာ
၁။ဂျာဗားလူ (Pithecanthropus of Java) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၂။ပီကင်းလူ (Pithecanthropus of China) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၃။ဟိုက်ဒယ်တာ့ဂ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၎။ဆပ်ဆက်လူ (အင်္ဂလန်) (လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းခန်.)
၅။နီအန်ဒါသာလ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း
ခုနှစ်သောင်းခန်.)
၆။ကရိုမက်ဂနွန်လူ (လွန်ခဲ့သောနှစ်ပေါင်းသုံးသောင်းငါးထောင်)
တို.ဖြစ်ကြပါသည်။
ဒါတွေဟာ အဆင့်မြင့်လူသားဘ၀၊ လူအစစ် (ဟိုမိုဆက်ပီယံ) မဖြစ်သေးသော
လူမျိုးနွယ် အဆင့်မြင့်(ပရိုင်းမိတ်)များသာဖြစ်ကြပါသေးသည်။
“လူ၏ဆင့်ကဲဖြစ်စဉ် စတင်ရာဒေသသည် မြန်မာနိုင်ငံသာဖြစ်သည်။”
အထက်ပါခေါင်းစဉ်အဆိုကို တင်ပြသူမှာ - - မြန်မာဘူမိဗေဒပညာရှင် ဦးဘမော် ဖြစ်သည်။
ဦးဘမော်ရဲ.လူသားအစမြန်မာက ဆိုတာအပေါ်မှာ လက္ခံသူ ပညာရှင်များရှိသကဲ့သို.
လက်မခံနိုင်သူပညာရှင်များ လဲ ရှိနိုင်ပါသည်။ (အဆိုမှန်ကန်ကြောင်း
ကမ္ဘာ့ပညာရှင် အများစုလက္ခံနိုင်အောင် တွေ.ရှိရတဲ့ ပရုင်းမိတ်များကို
သုတေသနပြု စမ်းသပ်မှူများနဲ. သက်သေပြနိုင်ဖို.လိုပါသည်။)
စာရေးသူ အနေဖြင့် ဦးဘမော် တို.ပညာရှင်အဖွဲ.လုပ်ဆောင်တွေ.ရှိ
တင်ပြချက်များကိုသာ မျှဝေနိုင်ပါသည်။ထင်မြင်ချက်ပေးနိုင်သည့်အဆင့်မရှိပါ။
မြန်မာနိုင်ငံနှင့်ပတ်သက် ၍ -
-အီး၊ ဂျီးပီးဂရင်းမ်
-အီး၊ အိပ်ခ်ျ၊ ကိုးလ်ဘတ်
-ဦသော်တင့်
-ဦဘမော် - - - - ပညာရှင် များတွေ.ရှိချက်မှာ...
မြန်မာနိုင်ငံ အလယ်ပိုင်း ပုံတောင်ပုံညာဒေသကို ရှာဖွေလေ့လာသောအခါ
ရှေးဦးလူရုပ်ကြွင်းများကို တွေ.ရှိခဲ့ပါသည်။ အမည်ကိုတော့“ပုံတောင်ဂျီယာကော့တရီ” လို.ပေးခဲ့ပါသည်။
ပုလဲမြို.နယ်၊ မိုးကောင်းဒေသမှာ ထပ်မံတွေ.ရှိပြန်ပါသည်။ “အမ်ဖီပီသီကပ်မိုးကောင်းဂျင်းစစ်” ဟု အမည်ပေးထားပါသည်။
၁၉၈၁ - မှာ ဦးဘမော်ရဲ. တွေ.ရှိချက်အသစ်တစ်ခုကတော့ ချောင်းဦးမြို.နယ် ထဲက
အရွယ်ရောက်လူတစ်ဦး ရဲ. သွား၊ ရှေးသွားနှင့် အပေါ်မေးရိုး တွဲလျှက်
ကျောက်ဖြစ်ရုပ်ကြွင်းပါ - “ဘားမားမင်း” ဟု အမည်ပေးထားသည်။
“ပုံတောင်” “မိုးကောင်း” ရုပ်ကြွင်းကလွန်ခဲ့သော နှစ်သန်းလေးဆယ် လို.ပြောပါသည်။
“ချောင်းဦးရုပ်ကြွင်း” “ဘားမားမင်း” လွန်ခဲ့သော နှစ်တစ်သန်း လို.ပြောပါသည်။
(ကမ္ဘာကအသိအမှတ်ပြုထားသော ဂျာဗားလူ၊ ပီကင်းလူ ကလွန်ခဲ့သော
နှစ်လေးသါန်းကျော်ပါ - - ယခု ပုံတောင် နဲ.မိုးကောင်း ပရိုင်းမိတ် တွေက
လွန်ခဲ့သော နှစ်သန်းလေးဆယ် လို.ဆိုပါသည်။)
ဒါကြောင့် ဒီကမ္ဘာကြီးမှာ လူသားများစတင်ရာနေရာဟာ..မြန်မာနိုင်ငံပါလို့
ဆိုလိုရင်းဖြစ်နေကြောင်းပါ။ လက်ခံစေလိုပါက ဆက်လက်ဆောင်ရွက်ရန်သာဖြစ်ပါသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts