October 23, 2012

သမိုင်းကပြောသော ဓါတ်ပုံများ

မင်္ဂလာပါဗျာ။ စာမရေးတာကြာသွားပြီ။ ဒီနေ့ကစလို့ ရသစာတွေထက် ဗဟုသုတဘက်ကို နွှယ်ပြီးတော့ ရေးမလားလို့ စဉ်းစားမိပါတယ်။ ရသတွေ၊ ၀တ္ထုတွေက အချိန်ယူတဲ့အတွက် အချိန်ယူရင်းယူရင်းနဲ့ မရေးဖြစ်တော့လို့ပါ။ အခုတော့ သမိုင်းကပြောသော ဓါတ်ပုံများကို တင်လိုက်ပါတယ်။ ဗဟုသုတရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 (၁) ဒီပုံလေးကတော့ ဘရာဇီးမြို့တော် Brasilia ကိုစဆောက်မယ့် မြင်ကွင်းပါ။
 
(၂) ဒါကတော့ ကမ္ဘာကျော် အီဖယ်မျှော်စင်ဆောက်နေတဲ့ပုံပေါ့။ ၁၈၈၈ ခုနှစ် ဇူလိုင်လမှာပါ။
(၃)  ဒုတိယကမ္ဘာစစ်မှာ ဟီရိုရှီးမားပေါ် အဏုမြူဗုံးကြဲချခဲ့တဲ့ ပထမလေယာဉ်ပါ။ Bomber 29 Superfortress အမျိုးအစားပါ။ နာမည်ကတော့ Enola Gay လို့ခေါ်ပါသတဲ့။

(၄) ကျွန်တော်အလွန်နှစ်သက်တဲ့ Star War (ကြယ်တာရာစစ်ပွဲ) ရိုက်ကူးတဲ့ Iconic ship 'Millennium Falcon'

(၅)  ဒီအောက်ကပုံလေး ဘာလို့ထင်ပါသလဲ။ ဒါကမ္ဘာ့ပထမဆုံး ကွန်ပျူတာ ENIAC ဖြစ်ပါတယ်။ သူ့ကို USA မှာလုပ်တယ်။ ဒီဟာလေးဟာ ခက်ခဲတဲ့ပုစ္ဆာတွေကို ဖြေရှင်းတွက်ချက်ဖို့ ဆင်ထားတဲ့ပထမဆုံး မြန်နှုန်းမြင့် အီလက်ထရောနစ်ပစ္စည်းဖြစ်ပါတယ်။ တစက္ကန့်မှာ အကြိမ် ၅၀၀၀ လောက် ပေါင်းနိုင်နှုတ်နိုင်ပါတယ်။

(၆) ၁၉၉၉ ခုနှစ်က ပထမဆုံး Google အဖွဲ့


(၇) အခုသိပ်ထင်ရှားတဲ့ နာမည်ကြီး ဈေးဝယ်စင်တာ Wal-Mart ပထမဆုံး စဖွင့်တုန်းက။ ၁၉၆၂ ခုနှစ်က Sam Walton ကဖွင့်ခဲ့ပါတယ်။ အဲတုန်းကတော့ Walton` s Five and Dime လို့ခေါ်ပါသတဲ့။

(၈) ဒါကတော့ ကိုယ်တို့အကြိုက် Macdonald's ပထမဆုံးစဖွင့်ခဲ့တဲ့ ဆိုင်။ ၁၉၄၈ မှာ စဖွင့်ခဲ့ပါတယ်။

(၉) September 11 အတိုက်ခိုက်ခံရတုန်းက Bush ကိုအကြောင်းကြားနေတုန်းကပေါ့ဗျာ။



(၁၀) ဘယ်သူတွေလဲ သိလား။ ဘယ်ဘက်ကနေစပြောမယ်။ Henry Ford (Ford ကားတည်ထောင်သူ)၊ Thomas Edison (ဒါကော မိတ်ဆက်ပေးရမလား :D )၊ Warren Harding (Publisher)၊  Harvey Samuel Firestone (Firestone Tire and Rubber Co., ကိုတည်ထောင်ခဲ့သူ။

(၁၁) ဒါလေးလား။ ၁၉၈၇ မေလ ၂၈ မှာ ဂျာမန်လေယာဉ်သမား Mathias Rust ဆိုတဲ့သူက  Cessna 172B Skyhawk ဆိုတဲ့လေယာဉ်ကို မော်စကို Red Square မှာ ဆင်းသက်ပြခဲ့တာပေါ့။ ဆိုလိုချက်ကတော့ ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ ကာကွယ်နိုင်မှု လုံးဝမရှိဘူးဆိုတဲ့သဘောပေါ့။ (Mathias Rust ဒီလူအကြောင်း အသေးစိတ်ရှာဖတ်ကြည့်ဗျာ)

(၁၂) ၁၉၄၅ ခုနှစ် ပထမဆုံး ဟစ်တလာရဲ့ ကတုတ်ကျင်းထဲက ပုံလေးပါ။ 

(၁၃) ပါတီမှာတွေ့ရတဲ့ Madonna, Sting နဲ့Tupac

(၁၄) တိုက်တန်းနစ် လက်မှတ်တဲ့

(၁၅) ၁၉၉၁ က စတိဖ်ဂျော့်ဖ်နဲ့ ဘီလ်ဂိတ်

(၁၆) ပရက်စလေ တကယ့်စစ်သားလုပ်တုန်းကပုံ 

(၁၇) ၁၉၅၇ လောက်က အမျိုးသမီးတွေလည်း ပရက်စလေမှ ပရက်စလေ ကေတဲ့လေ။

(၁၈) တိုင်တန်းနစ်မှာ ရှင်သန်ကျန်ရစ်ခဲ့သူ လူဝီ (၄ နှစ်)နဲ့ လိုလာ (၂ နှစ်)

(၁၉) ယုံလား။ ဒါက အေးခဲနေတဲ့ နိုင်ရာဂရာရေတံခွန်ကြီးပါတဲ့။

(၂၀) ၁၉၄၈ အိုလံပစ်တုန်းက ရေကူးအသင်း

(၂၁) ၁၉၂၆-၂၈ လောက်က အရမ်းအောင်မြင်ခဲ့တဲ့ တကယ့် Christopher Robin နဲ့ Winnie the Pooh

(၂၂) ၁၉၆၉ သြဂုတ်လ Beatles ရဲ့ နောက်ဆုံးပုံ

(၂၃) တခါက နယူးယောက်မှာ ကားတွေအကုန်ရပ်သွားတယ်။ ကြောင်မလေးက ကြောင်လေးကိုချီပြီး လမ်းကူးနေလို့လေ။


(၂၄)  ၁၉၈၄ ခုနှစ်က Steve Jobs

(၂၅) ၁၉၆၁ ခု အီဂျစ်ပြည်မှာ Louis Armstrong 

(၂၆) ၁၈၉၀ ခုနှစ်က ပုံတူပန်းချီကားမှမြင်ရတဲ့ ရင်သားပေါ်လက်ဖက်ရည်ခွက်တင်ထားတဲ့ အမျိုးသမီး

(၂၇) ၁၉၃၇ ခု မေလ ၆ ရက်၊ "Hindenburg" ရဲ့ပျက်စီးမှုနဲ့အတူ စခန်းသိမ်းသွားခဲ့တဲ့ လေသင်္ဘောတွေ

(၂၈)  ၁၈၉၉ ခု Nikola Tesla ရဲ့ သိပ္ပံခန်း

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts