October 23, 2012

ပအိုဝ်းတိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ရာဒေသ

လွန်ခဲ့သော အနှစ်(၇၀)ကျော်၊ ၁၉၃၁ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ ပအိုဝ်း လူဦးရေသည် (၂၂၅၈၂၂) ဖြစ်သည်ဟု သိရသည်။ ယခုအခါ(၁၀၀၂၁၅၀)ရှိသည်ဟု သိရသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် မြန်မာ နိုင်ငံအရှေ့ဘက် နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနယ်စပ်တွင်လည်း ပျံ့နှံ့နေ ထိုင်လျက်ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်တိုင်းရင်းသားတို့ အများဆုံးနေထိုင်သောမြို့နယ်များမှာ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ကလော၊ လွိုင်လင်၊ ပင်းတယ၊ နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုးနဲ၊ လဲချား စသည်တိုဖြစ်ကြသည်။ မြန်မာ နိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းတွင် တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ ဖားအံ၊ ကော့က ရိတ်၊ စသည့်ဒေသများတွင်လည်း အများဆုံးပျံ့နှံနေထိုင်လျက်ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် အများစုမှာ ခြံလုပ်ငန်းဖြင့် အသက်မွေးကြသဖြင့် ကျေးရွာကိုတည် ထောင်ရာတွင် စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းမွန်သည့် ဒေသကို အဓိကထားကြသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် အိမ်ဆယ်လုံးခန့်ရှိလျှင် ရွာအဖြစ် သတ်မှတ်လေ့ရှိကြ၏။ ရွာတစ်ရွာလျှင် ပျမ်းမျှအိမ် ခြေငါးဆယ်မှ တစ်ရာအထိ ရှိကြသည်။ ရွာပုံစံမှာ ရွာဝိုင်းများဖြစ်၏။
အိမ်ဆောက်လုပ်ရာတွင် စီးပွားရေးအခြေအနေကိုလိုက်၍ ဝါး၊ သစ်သား၊ အင်္ဂတေအိမ်များကို ဆောက်လုပ်နေထိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသများတွင် မြို့ကြီးများ သဖွယ်တိုက်အိမ်များကို ဆောက်လုပ်နေထိုင်ကြသည်။ ဥပမာအားဖြင့် အောင်ပန်း-လွိုင်ကော်ကားလမ်း တစ်လျှောက်တွင် တွေ့နိုင်ပေသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားနွယ်ဘွား ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊မွန်ပြည်နယ် ၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ နှင့် မန္တလေးတိုင်းများအတွင်းတွင် နေထိုင်ကြသည်။
ရှမ်းပြည်နယ်တွင် ၁၉၈၉ခုနှစ်၊ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း (၄၇၄၃၆၈) ယောက်ရှိ ကြောင်း သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းသည် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိသော တိုင်းရင်းသားများအနက် ရှမ်းတိုင်းရင်းသားပြီးလျှင် ပအိုဝ်းတိုင်းရင်းသားလူဦးရေသည် ဒုတိယအများဆုံး ဖြစ်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်တွင် ပအိုဝ်းတိုင်းရင်းသားများကို ယင်းမာပင်၊ ကလော၊ တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်းလမ်းမကြီးတစ် လျှောက်တွင်လည်းကောင်း၊ အောင်ပန်း၊ ပင်တယ၊ ရပ်စောက် ကားလမ်းနှင့် ရထားလမ်းဝဲယာများတွင်လည်းကောင်း၊ အင်းလေးဒေသအရှေ့ခြမ်းနှင့် အနောက်ခြမ်း တောင်ပေါ်များတွင် ရှမ်းပြည်နယ်ကို ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းဟူ၍ သုံးပိုင်းခွဲခြားထား ပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသားများမှာ ဓနု၊ ပလောင်၊ ပလေး၊ မြန်မာ၊ ကချင်၊ မောရှမ်း၊ ရှမ်းတရုတ်၊ ကိုးကန့်နှင့် ဝ တိုင်းရင်းသားများ နေထိုင်ကြသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသားများမှာ ဂုံ၊ လားဟူ၊ ဂုံရှမ်း၊ မြောင်၊ အခါတိုင်းရင်းသားများ နေထိုင် ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်း၊ ရှမ်း၊ ဓနု၊ အင်းသား၊ ပဒေါင်(ကယန်း)၊ ယင်းနက်၊ ယင်းကျား၊ တနော့၊ တောင်ရိုး တိုင်းရင်းသားများ နေထိုင်ကြသည်။
ရှမ်းပြည်နယ် တစ်နယ်လုံး၏ အကျယ်အဝန်းစတုရန်းမိုင် (၆၁၁၂၃) စတုရန်းမိုင် ရှိသည်။ ရှမ်းပြည် နယ် တောင်ပိုင်း၏ အကျယ်စတုရန်းမိုင် (၂၄၆၃၉) စတုရန်းမိုင်ရှိသည်။
၁၈၉၇ခုနှစ်၊ အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မှတ်တမ်းတွင် ပအိုဝ်းတိုင်းရင်းသား လူဦးရေနှင့် နေထိုင်ရာ ဒေသများကို မှတ်တမ်းတင် ဖော်ပြထားကြောင်းလေ့လာတွေ့ရှိရပါသည်။
ထိုမှတ်တမ်းအရ ဟိုပုံးမြို့၊ လူဦးရေး(၂၆၂၉)၊ ဆီဆိုင်(၅၅၄၁)၊ သာမိုင်းခမ်းနယ် (၄၄၈၃)၊တီကျစ် (၃၁၈)၊ ကျောက်ထပ်နယ်(၆၈)၊ ကျူံးနယ်(၈၄၈)၊ လဲချားနယ်(၁၆၁၃)၊လွယ်အဲနယ်(၃၇၆၂)၊ လွယ်လုံနယ် ပင်လောင်း (၁၆၆၄၀)၊ လွယ်မောနယ်(၃၃၃၆)၊ ဘော်နယ်(၃၄၅)၊ ဘော်နင်းနယ်(၆၂၁)၊ ဘော်ဆိုင်းနယ် (၉၈၅)၊ မိုးဗြဲနယ်(၂၀၄၈)၊ မိုင်းပွန်နယ် (၃၂၃၁)၊ နမ်းခုတ်နယ် (၁၈၈၉)၊ နောင်မွန်နယ်(၁၅၀)၊ ပွေးလှနယ် (၈၆၈)၊ ပင်မှီနယ်(၁၇၂၇)၊ ပင်းတယ နယ်(၁၉၄၆)၊ စကားနယ်(၅၀၁၀)၊ဘန်းယဉ်နယ်(၅၅၄၆)၊ ဟူ၍ရှမ်း ပြညနယ်တောင်ပိုင်းအတွင်း နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ လူဦးရေကို ဖော်ပြထား ကြောင်းတွေ့ရှိရပါသည်။ မောက်မယ်နယ်၊ မိုင်းပန်၊ မိုင်းပျဉ်းနယ်နှင့် လက်သက်နယ်များတွင် ရှမ်းပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြကြောင်း ဖော်ပြထားပါသည်။
သီပေါနယ်မှတ်တမ်းတွင် ရှမ်းကုန်းမြင့်ပြင်ရှိ ပအိုဝ်းတို့နေထိုင်ရာ နယ်ပယ်အရပ်ဒေသများအနက် မြောက်ဘက်အကျဆုံးနေရာမှာမိုင်းမောဒေသဖြစ်မည်ထင်သည် ဟူ၍လည်းကောင်း၊ ပအိုဝ်းများသည် လဲချားနယ်သို့ လွန်ခဲ့သောနှစ်ပေါင်း(၁၂၀)ခန့်က  (၁၈၉၇-၁၂၀=၁၇၇)အေဒီ ၁၇၇၇ခုနှစ်တွင် ပြောင်းရွှေ့ လာကြသည်ဟု ဖော်ပြထားသည်။
ရပ်စောက်နယ်တွင် ပအိုဝ်းတိုင်းရင်းသားများ တောင်ယာစိုက်ခင်း လုပ်ကိုင်ကြကြောင်း ဖော်ပြထား ပါသည်။ မိုင်းပွန်နယ်နှင့်ပက်သက်၍ လွယ်ကွန်တောင်မှ ထွက်သောသနပ်ဖက်သည် အကောင်းစားဖစ် သည်။ မိုင်းပွန်တွင် ဖက်ပိဿ(၁၀၀)လျှင် (၁၅)ကျပ်ဈေးရသည်။ သနက်ဖက်ရောင်းရငွေ တစ်နှစ်နှစ် သောင်းမှနှစ်သောင်းငါးထောင်အထိ ရသည်ဟု ပအိုဝ်းစီးပွားရေးလုပ်ငန်း အကြောင်းကိုမှတ်တမ်းတင် ထားကြောင်းတွေ့ရသည်။
မြန်မာနိုင်ငံတော် ဆူပူသောင်းကျန်းမှုများ (ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ) ၁၉၄၉-ခုနှစ်၊သြဂုထုတ်စာအုပ်၏ စာမျက်နှာ၁၁၊ အပိုဒ်၂ အရ၊ ၁၉၄၈ခုနှစ်တွင် ပြင်ပ၌နေထိုင်ကြသော ပအိုဝ်းတိုင်းရင်း သားများ၏  လူဦးရေစာရင်းကို ဖော်ပြထားပါသည်။
အဆိုပါနယ်များနှင့် လူဦးရေစာရင်းများမှာ ဘီးလင်းနယ်(၅၉၆၀)၊ ကျိုက်ထိုနယ်(၁၁၇၃)၊ ပေါင်နယ် (၂၁၅၇)၊ သထုံနယ်(၂၇၂၆၂)၊ ဘားအံနယ်(၁၉၈၅၁)၊ လှိုင်းဘွဲ့နယ်(၇၆၁၄)၊ ကော့ဂရိတ်နယ်(၃၂၇၁)၊ ကြာအင်းနယ်(၇၉၈)၊ ကျိုက်မရောနယ်(၁၀)၊ မော်လမြိုင်နယ်(၅၄)၊ မုဒုံနယ်()၊ လွယ်လုံနယ်(၃၇၃၆)၊ စုစုပေါင်း လူဦးရေ (၇၁၇၉၁) ရှိ ကြောင်း ဖော်ပြထားပါသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၀)၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများအကြောင်းတွင် ကရင်မျိုးနွယ်စု၌ ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ တောင်ဘက်သထုံခရိုင်အထိ ပျံ့နှံ့နေထိုင်ခဲ့ကြောင်း ပအိုဝ်း (တောင်သူ) တိုင်းရင်းသားများ၏ လူဦးရေမှာ(၁၂၃,၀၀၀) ရှိကြောင်း ဖော်ပြထားပါသည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ()၊ ပအိုဝ်းတိုင်း ရင်းသားများ အကြောင်းတွင် ၁၉၃၁-ခုနှစ် သန်းခေါ်စာရင်းအရ ပအိုဝ်းတိုင်းရင်း သားလူဦးရေမှာ(၂၂၅,၈၂၂)ရှိကြောင်း ဖော်ပြထားပါသည် တစ်ဖန် ၁၉၃၁-ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာ ရင်းချုပ်တွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား လူဦးရေမှာ ပြည်နယ်နှင်ပြည်မတွင် ခွဲခြားဖော်ပြထားပါသည်။ ထိုစာရင်းအရ ရှမ်းပြည်နယ်တောင် ပိုင်းတွင် ပအိုဝ်းလူဦးရေ ၁၅၃,၉၅၆၊ သထုံ ခရိုင်တွင် ၅၆,၂၁၃ ၊တောင်ငူခရိုင် ,၂၀၇ ကရင်ပြည်နယ် ,၂၉၇၊ ပဲခူးခ ရိုင် ,၆၃၄၊ကျိုက္ခမီခရိုင် ,၉၆၁၊စုစုပေါင်း ၂၂၅,၂၆၈ရှိကြောင်း ဖော်ပြထားပါသည်။
ရှမ်းပြည်နယ်ယဉ်ကျေးမှုဌာနမှ ပြုစုသော ပအိုဝ်းတိုင်းရင်းသားများအကြောင်း စာတမ်တွင်ရှမ်း ပြည်နယ်တောင်ပိုင်း အတွင်းရှိ ပအိုဝ်းလူဦးရေမှာ စုစုပေါင်းမှာ (၃၅၀,၀၀၀)မှ (၄၀၀,၀၀၀)အထိရှိမည်ဟု ခန့်မှန်းထားပါသည်။ ပအိုဝ်းတို့အများဆုံး နေထိုင်ကြမည် မဲနယ်တောင်ဒေသ တစ်ခုတည်းတွင်ပင် လူဦးရေ ()သိန်းကျော် နေထိုင်ကြမည်ဟု ခန့်မှန်းထားကြပါသည်။ ၁၉၈၉-ခုနှစ်ထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေးနှင် ပြည်သူအင်အားဦးစီးဌာန၏ စာရင်းအရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်စုတွင်း စုစုပေါင်းလူဦးရေ (၉၇၃,၄၈၈)ရှိကြောင်းနှင့် လွိုင်လင်မို့နယ်စုတွင်း စုစုပေါင်း လူဦးရေ (၅၉၂,၄၁၅)ရှိ ကြောင်း ဖော်ပြထားပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်စုနှင် လွိုင်လင်မြို့နယ်စုတို့၏ စုစုပေါင်းလူဦးရေမှာ (,၅၆၅,၉၀၃)ရှိကြောင်း ဖော်ပြထားပါသည်။
တောင်ကြီးမြို့နယ်စုအတွင်း မြို့နယ်အလိုက် နေထိုင်ကြသော ပအိုဝ်းများ၏ လူဦးရေစာရင်းများမှာ တောင်ကြီးမြို့နယ် ၁၄၄,၆၁၉၊ ဟိုပုံး ၆၃,၃၀၄ ၊ဆီဆိုင် မြို့နယ် ၆၁,၅၁၀၊ညောင်ရွှေမြို့နယ်၆၀,၂၀၇၊ ပင် လောင်းမြို့နယ် ၁၀၉,၉၂၄ ၊ကလောမြို့နယ် ၅၂,၄၆၇၊ရပ်စောက်မြို့နယ် ၄၇,၀၁၁၊ ပင်းတယမြို့နယ် ၂၅,၉၅၂၊ ရွာငံမြို့နယ် ၂၅,၇၅၁ ၊ဖယ် ခုံမြို့နယ် ၂၆,၄၃၃၊အသီးသီးရှိကြောင်း သိရပါသည်။ တောင်ကြီးမြို့ နယ်စုအတွင်း ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်း  ၆၁၇,၁၈၈ရှိကြောင်း သိရပါသည်။
ထိုနည်းတူ လွိုင်လင်မြို့နယ်စုအတွင်း မြို့နယ်အလိုက်နေထိုင်ကြသော ပအိုဝ်းများ၏ လူဦးရေစာ ရင်းများမှာ လွိုင်လင်မြို့နယ် ၇၉,၀၁၉၊ နမ့်စန်မြို့နယ် ၂၇,၂၆၇၊ မိုးနဲမြို့နယ် ၁၆,၁၇၁၊ မောက်မယ်မြို့နယ် ၁၅,၄၈၃၊ မိုင်းကိုင်မြို့ နယ်၂၉,၅၁၇၊ မိုင်းပွန်မြို့နယ် ၁၂,၇၅၆၊ လင်းခေးမြို့နယ် ၁၄,၁၃၈၊လဲချားမြို့နယ် ၁၇,၉၀၅၊ ကျေးသီးမြို့နယ်၁၂,၂၉၆၊ ကွန်ဟိန်းမြို့နယ်(ခန့်မှန်း) ၅၀,၀၉၊မိုင်းရှူးမြို့နယ်(ခန့်မှန်း) ,၀၀၀ အသီးသီးရှိကြောင်းသိရသည်။ လွိုင်လင်မြို့နယ် စုအတွင်းပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်း (၂၃၄,၅၅၂) ရှိကြောင်း သိရသည်။
ထို့ကြောင်း ရှမ်းပြည်တောင်ပိုင်း အကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၂၄၆၃၉)ရှိပြီး လူဦးရေစုစု ပေါင်း (,၅၆၅,၉၀၃)ရှိသည်အနက် ပအိုဝ်းတိုင်းရင်းသားဦးရေ (၈၅၁,၇၄၀)ရှိကြောင်း သိရပါသည်။  ရှမ်းပြည်တောင်ပိုင်းတွင်း ပအိုဝ်းတိုင်းရင်းသားများသည် တောင်ကြီးမြို့နယ်နှင့် လွိုင်လင်မြို့ကို ဗဟိုပြု၍ အနောက်ဘက်တွင် ပင်လောင်း မြို့နယ်၊ ကလောမြို့နယ်၊ ရွာငံမြို့နယ် ဧရိယာအဆုံး ၊မြောင်ဘက်တွင် ရပ်စောက်မြို့နယ် ၊တောင်ဘက်တွင် ကယား ပြည်နယ် နယ်စပ်နှင် တောင်ကြီးမြို့နယ်အဆုံး ၊မောက်မယ် မြို့နယ်အဆုံး ထိုင်းနိုင်ငံထိ လူဦးရေထူထပ်ပျံ့နှံ့စွာနေထိုင် လျှက်ရှိကြောင်း တွေ့ရှိရပါသည်။
ပအိုဝ်းတိုင်းရင်းသား အများဆုံးနေထိုင်ကြသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင် ရခိုင်ပြည်နယ်များ၏ဧရိယာအကျယ်အဝန်း လူဦးရေများကို အနည်းငယ် နှိုင်းယှဉ်သွားမည်ဖြစ်ပါသည်။ ကယားပြည်နယ် အကျယ်အဝန်း စတုရန်းမိုင်သည်(၄၈၂၀) မွန် ပြည်နယ် (၄၇၄၈) ကရင်ပြည်နယ်(၁၁၇၃၀) ချင်းပြည်နယ်(၁၃၉၀၇) ရခိုင်ပြည်နယ်(၁၅၀၀၀)နှင် ကချင် ပြည်နယ်(၃၄၃၇၉) ရှိကြောင်းသိရပါသည်။ ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းဒေသဧရိယာ စတုရန်းမိုင်ပေါင်း (၂၄၆၃၉)ရှိပြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှအပ ကျန်သောပြည်နယ်များထက် ပို၍ကျယ်ဝန်းကြောင်း လေလာတွေ့ရှိရပါသည်။
ထိုနည်းတူ လူဦးရေအနည်းများကို လေလာကြမည်ဆိုလျှင် ကယားပြည်နယ်၏ စုစုပေါင်းလူဦးရေ သည် ၁၈၈,၆၄၆၊ ချင်းပြည်နယ် ,၆၈၂,၆၄၁၊ ကရင်ပြည်နယ် ,၁၈၉,၅၄၂ မွန်ပြည်နယ် ,၆၈၂,၆၄၁ ရခိုင်ပြည်နယ် ၂,၂၇၅,၂၉၅ ရှိကြောင်း သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၏ လူဦးရေသည် ရခိုင်ပြည် နယ်၊ မွန်ပြည်နယ်မှအပ ကျန်သောပြည်နယ်များထက် လူဦးရေများပြားနေကြောင်း တွေ့ရပါသည်။ ပအိုဝ်း လူဦးရေ တစ်မျိုးတည်းပင်လျှင် ကယားပြည်နယ်နှင် ချင်းပြည်နယ်၏ လူဦးရေထက် များပြားကြောင်း လေလာသိရှိရပါသည်။
မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံး သည်။ မွန်လွိုက်အနွယ်ချည်းသာဖြစ်သည်။ ရောက်ရှိနေထိုင်ရာဒေသ သဘာဝတောတောင်နယ်မြေအရ ဘာသာစကား ဓလေထုံးစံများကွဲပြားသော်လည်း တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်လှေထဲစီး တစ်ခရီးတည်းသွား အေးအတူပူအမျှ ဥမကွဲသိုက်မပျက် မခွဲမခွာကြစတမ်း လက်တွဲပူးပေါင်း နေထိုင်မည် သာဖြစ်သည်။
ထို့ကြောင်းပအိုဝ်းတိုင်းရင်သားများ၏ လူဦးရေသည် အခြားတိုင်းရင်းသားများ နည်းတူရှိသည်အပြင် ၎င်းတို့နေထိုင်ရာဒေသ ပထဝီအနေအထားအရလည်း ထင်ထင်ရှားရှားရှိခဲသော တိုင်းရင်းသားများ ဖြစ်ကြောင်း သိရပါသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts