October 29, 2012

မနူဟာမင်း လက်ထက် ကတည်းက သုဝဏ္ဏဘူမိ ဆံတော်ရှင် ကို ကျိုက်ထီးဆောင်းဆရာတော် ဦးဆောင်၍ ဒေါက်တာခင်ရွှေ မိသားစု ဒါယကာပြုကာ ဖွင့်ဖော်ခြင်း




4-thuwunna-bumi.jpg
မွန်ပြည်နယ် သာသနာနုဂ္ဂဟ အသင်းကြီး၏ လှုပ်ရှားမှုမှာလည်း အစဉ်အလာ ကောင်းခဲ့သည့် အတိုင်း ဆက်လက် ကောင်းဆဲ ဖြစ်သည်။ တောစဉ် တောင်စဉ် တစ်လျှောက်တွင် ပျောက်ဆုံးနေသော သုဝဏ္ဏဘူမိ နှင့် အတူ ပျောက်ဆုံးနေသော ဆံတော်ရှင်များအား တစ်ကျော့ ပြန်ဖွင့်ဖော်ခြင်းသည် မွန်ပြည်နယ် သာသနာနုဂ္ဂဟ အသင်းကြီး၏ ကြီးမားသော ဆောင်ရွက်မှု ကြီးဖြစ်ပေသည်။ ထိုဆောင်ရွက် မှုကြီးထဲတွင် ကျိုက်ဒေးယျုံ ဆံတော်ရှင် ထီးတော် တင်ပွဲသည် ထင်ရှားသော သာဓက တစ်ခုဖြစ်ပေသည်။ ထိုတော်ဝင်ပွဲကြီးသို့ ပြည်နယ်ဝန်ကြီးချုပ် နှင့်တကွ ၀န်ကြီးအပေါင်း သောင်းသောင်းဖြဖြ တက်ရောက်ခြင်းဖြင့် သာဓုအနုမောဒနာ ခေါ်ကြသည်မှ အရင်းစစ်တော့ အမြစ်ကဆိုသလို သာသနာနုဂ္ဂဟ အသင်းကြီး၏ အောင်မြင်မှုကြီး တစ်ရပ်ပင် ဖြစ်ပေသည်။ ထိုအချက်ကို သာသနာနုဂ္ဂဟ အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၏ သာသနာရေး လျှောက်ထားလွှာတွင် အတိအလင်း ဖော်ပြထားလေသည်။

2-thuwunna-bumi.jpg
မွန်ပြည်နယ် ၊ ကရင်ပြည်နယ်တောစဉ်တောင်စဉ်တစ်လျှောက်နှစ်ပေါင်း ( ၄၀ ) ကျော် သာသနာပြုခဲ့သော ဒေါနတောင်တန်း ၊ ပေါင်းလောင်းတောင်တန်း ၊ သာသနာပြုအကျော် ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ နှစ်ပေါင်း ( ၄၀ ) ကျော်သာသနာပြုလုပ်ငန်းများသည် သာသနုဂ္ဂဟအသင်းကြီး ဥက္ကဋ္ဌ ဘုရားဒါယကာကြီး အဂ္ဂမဟာသီရိသုဓမ္မဏိ ဇောတဓရ ၊ ၀ဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ပေါင်းစပ်လိုက်သောအခါ သုဝဏ္ဏဘူမိဆံတော်ရှင် သာသနာကြီးသည် စ - လယ် - ဆုံး သုံးပါးဖွင့် ဖော်နိုင်ခဲ့သည်။
6-thuwunna-bumi.jpg
(၁) ဘုရားရှင် ပွင့်တော်မူဦးစက သာသနာရောက်ရှိခြင်း စာတမ်းကိုလည်းကောင်း ၊ (၂) ဘုရားရှင် ( ၂) ၀ါမြောက်ကာလရှင် အနုရုဒ္ဓါဦးဆောင်သော ရဟန္တာ ( ၆ ) ပါးဆံတော် ( ၆ ) ဆူသည် သာသနာ ( ၂၅၀၀ ) ကျော်၍ ဘုရားရှင် ဗျာဒိတ်တော်အတိုင်းပွင့်ပေါ်ပြီးဖြစ်ကြောင်း ကြေညာစာတမ်းကိုလည်းကောင်း ၊ ( ၃) ဘုရားရှင် ( ၈ ) ၀ါမြောက်တွင် အရှင်ဂ၀ံပတိ ပင့်ဆောင်၍ ကေလာသတောင်ထိပ်သို့ ကြွတော်မူကြောင်း ၊ ကျိုက်ထီးရိုး အစရှိသော ဆံတော်ရှင်အပေါင်း တည်ထားကြောင်း စာတမ်းကိုလည်းကောင်း ၊ ( ၄ ) အရှင်သောဏနှင့် ဥတ္တရမထေရ်တို့ကေလာသရှိ သုဝဏ္ဏဘူမိသို့ ကိုးတိုင်းကိုးဌာန သာသနာပြုကြွှရောက်ကြောင်း အခိုင်အမာစာတမ်းကိုလည်းကောင်း ၊ သာသနာနုဂ္ဂဟအသင်းကြီးအနေဖြင့် သာသနာတော်ကြီးကို ပူဇော်သောအားဖြင့် ကမ္ဘာမှာ မြန်မာမှာသာရှိသော ရွှေတိဂုံနှစ် ( ၂၆၀၀ ) ပြည့်ပူဇော်ပွဲကြီးကို ပြုလုပ်မည်ဖြစ်ကြောင်း ကျိုက်ဒေးယျုံဆံတော်ရှင် ထီးတင်ပွဲတွင် ကျိုက်ထီးဆောင်းဆရာတော်ဦးဆောင်၍ ဖွင့်ဖော်ခဲ့သော သာသနာတော်ကြီးအကြောင်းကို စိတ်ဝင်စားသူများ ဆထက်ထမ်းပိုး တိုး၍လာခဲ့ပေသည်။ အသင်းဝင်ဦးရေလည်း ၀င်လာမစဲ တသဲသဲ ဖြစ်ပေသည်။
10-thuwunna-bumi.jpg
ကျိုက်ထီးဆောင်းဆရာတော်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟအသင်းကြီး ဥက္ကဋ္ဌသည် ပဓာနဒါယကာပြုကာ ကျိုက်ဒေးယျုံဆံတော်ရှင် ရွှေထီးတော်တွင် ပါဝင်ထုလုပ် ပူဇော်ထားသောပုံများကို နောင်လာနောက်သား မျိုးဆက်သစ်သာသနာဂ္ဂဟ အသင်း သူ / သားများ မြင်ဖူးအောင် ၊ ဖူးမြော်နိုင်အောင် မှတ်တမ်းတင် ဖော်ပြခြင်း ဖြစ်ပါသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts