Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

March 6, 2013

ဆရာ့ဘဝ ဘဝဆရာ

 
ဆရာ့ဘဝ ဘဝဆရာ

ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။

အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။

ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။

ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။

လူတိုင်းပင် ကျောင်းနေရွယ် ငယ်စဉ်က လေးဘက်နံရံ ပတ်ရံထားသော စာသင်ခန်းကလေးကို ဖြတ်သန်းပြီးမှ လောကကြီးထဲ ဝင်ရောက်ကြရပါသည်။ စာသင်ခန်းကလေးကို မျက်ကွယ်ပြု၍ မရပါ ပေ။ ထိုအခန်းကလေးထဲတွင် သူ့အတွက် လိုအပ်သော ကိုယ်ခံပညာများကို တပ်ဆင်ပေးလိုက်ရ သည်။ လောကဝန်းကျင်ထဲတွင် အကောင်းဆုံး ကျင်လည်လှုပ်ရှားနိုင်ရေးအတွက် ပြင်ဆင်ပေးလိုက် သည်။ စာသင်ခန်းကလေးကား စာသင်သားအတွက် ပြင်ဆင်လေ့ကျင့်ရေး အခန်းကလေး ဖြစ်တော့ သည်။ ထိုနေရာတွင်သူ၏ ပထမဦးဆုံးသော ဘဝဆရာ(ဝါ) လောကဆရာကို စတင်တွေ့ထိကာ ပညာအမွေကို ဗွေဆော်ဦး ခံယူလေ့ကျင့်ခဲ့ရလေတော့သည်။

ဤတွင် ဘဝဆရာ၊ ပညာရေးဆရာ၏ အခန်းကဏ္ဍမှာ လောကကြီး၏ ရှေ့တန်းသို့ တန်းတန်းမတ်မတ် ရောက်လာလေတော့သည်။

ပထမဦးစွာ "ဆရာ" ဟူသော ဝေါဟာရကို ဆန်းစစ်ကြည့်မိသည်။ ပါဠိဘာသာ "ဆာယာ" မှ ဆင်းသက်လာသည်ဖြစ်၍ အေးရိပ်ဆာယာ၊ မေးမြရိပ်ကို ပေးဆောင်သူဟု ဖွင့်ဆိုနိုင်ပါသည်။

နောက်တစ်နည်း "ဆရာ" ဆိုသော ဝေါဟာရမှာ "စရ" အကျင့်စရိုက်ဟု အဓိပ္ပာယ်ရရှိပြီး ပါဠိစကားမှ ရွှေ့ဆင်းလာကာ စရ-မှ ဆရာ ဖြစ်လာသည်။ ထို့ပြင် မိမိကိုယ်တိုင် ကောင်းသောအကျင့်ကို ကျင့် ဆောင်သူအဖြစ် လည်းကောင်း၊ သူတစ်ပါးအား ကောင်းသော အကျင့်စရိုက်ကို သွန်သင်ညွှန်ပြသူ အဖြစ်လည်းကောင်း အဓိပ္ပာယ်ရပါသည်။

မည်သို့ဆိုစေ ဆရာသည် မိမိ၏ တပည့်များကို ချိန်ချိန်ဆဆဖြင့် ဆုံးမပဲ့ပြင် သွန်သင်တတ်သူဟု အများက နားလည်ထားကြပါသည်။

လောကတွင် ဆရာသုံးမျိုးရှိပါသည်။ သုတဆရာ၊ မုတဆရာ၊ ဒိဋ္ဌဆရာတို့ ဖြစ်ပါသည်။ ကြားဆရာ၊ မြင်ဆရာနှင့် သင်ဆရာဟု သိထားကြပါသည်။ ပညာဆိုသည်မှာ ရယူလိုသူအဖို့ ဗျိုင်းထံမှပင် ရယူနိုင် ပါသည်။

ဆရာ့လုပ်ငန်းအခန်းအထွေထွေ "A teacher is many things" ဆိုသကဲ့သို့ ဆရာ့အခန်းကဏ္ဍ "the Key roll of a teacher" နှင့် စပ်လျဉ်း၍ ပညာရှင်အသီးသီးက ဤသို့ ညွှန်းဆိုထားကြပြန်ပါသည်။

ဆရာဟူသည်

အလင်းသည် (အသိတရား ဖြန့်ဝေသူ)၊

ပညာသည် (ပညာဝေငှသူ)၊

ထာဝရကျောင်းသား (ပညာရှာသူ)၊

မျိုးဆက်နှစ်ဆက်အကြား တံတားခင်းသူ

ဖန်တီးသူ

စည်းရုံးရေးမှူး

နည်းပေးလမ်းပြသူ

တီထွင်သူ

စိတ်အာရုံကို မြင်အောင်ပြသူ

အဟောအပြောကောင်းသူ

ဇာတ်ဆောင်ကောင်းသူ

အမှန်ကိုရင်ဆိုင်ရဲသူ

လွတ်မြောက်အောင် ကြံဆောင်တတ်သူ

စသည် ဆရာ့ဇာတ်ဆောင်မှုမှာ လွန်စွာ များလှပါသည်။ ဤသည်ကို ထောက်ချင့်ခြင်းဖြင့် ဆရာ့အခန်း ကို ခန့်မှန်းချင့်တွက်နိုင်ပါသည်။ မှန်ပါသည်။ "A teacher is an artist." ဆရာဟူသည် အနုပညာရှင် ဖြစ်ပါသည်။

ဆရာ့တန်ဖိုးကို သိထားကြသော မြန်မာတို့သည် ဆရာကို ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားပါသည်။ ထို့ကြောင့် ဆရာကို အနန္တော အနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဟု သတ်မှတ်ထားပါသည်။ ပြောရဲပါ သည်။ လူမှုနယ်ပယ်တွင် ဆရာကို နေရာပေးရာ၌ မြန်မာကို ဘယ်လူမျိုးမှ မမီဟုပင် ပြောနိုင်ပါသည်။

နိုင်ငံတကာတွင်လည်း တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ဆရာကို သူ့နည်း သူ့ဟန်နှင့် အလေးထား နေရာပေးကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။

ဂျပန်လူမျိုးတို့က ဆရာကို "ဆန်းဆေး" ဟု ခေါ်ဝေါ် သုံးစွဲကြရာ အမြော်အမြင် ကြီးမားသူဟု အဓိပ္ပာယ်ရပါသည်။

ဆရာ့အရှိန်အဝါမှာ နိုင်ငံတကာတွင် မြင့်မားလှပါသည်။ အထူးသဖြင့် ဆရာများ၏ သြဇာမှာ တပည့် များအပေါ် ကြီးမားလှသည်။ ဆရာ၏ အမှတ်မထင် ဆိုစကားကြောင့် တပည့်များ၏ ဘဝတွင် အမှတ် ထင်ထင် ချိုးကွေ့ကြရသည့် သာဓကများလောကတွင် အထင်ရှား ရှိပါသည်။

စာရေးသူမှာ ဗီဇကိုက ဂီတတွင် ဝါသနာထုံသူ ဖြစ်ပါသည်။ တစ်နေ့တွင် အတန်းပိုင်ဆရာသည် စာရေးသူတို့ စတုတ္ထတန်း ကျောင်းသားများကို အတန်းရှေ့ခေါ်ပြီး ကြိုက်နှစ်သက်ရာ တေးတစ်ပုဒ်စီ သီဆိုခိုင်းပါသည်။

စာရေးသူအလှည့် သီဆိုပြီးသောအခါ ဆရာကဤသို့ ထောပနာပြုကာ မှတ်ချက်ပေးပါသည်။

"အေး-မင်းအသံလေးကတော့ မဆိုးလှပါဘူး၊ ဒါပေမယ့် သီဆိုရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ သံနေ သံထား၊ သံကျမှာတော့ မင်းမမီဘူး။ လိုနေ ဟနေတာ ငါတွေ့ရတယ်။ အေး-ကြိုးစားပေါ့ကွာ" တဲ့။

အဲဒီအချိန်ကစပြီး စာရေးသူ နှလုံးသားထဲမှာ "ငါဟာ တေးမဆိုတတ်သူပါလား၊ တေး အဆိုမရသူပါ လား" ဆိုသည့်အတွေး အစွဲကြီးက တောက်လျှောက်ပါလာရာ ယနေ့အထိ တေးဂီတ ဝါသနာပါလျက် နှင့် တေးတစ်ပုဒ်ပင် မရသူအဖြစ် ကြုံရဆဲ ဖြစ်ပါတော့သည်။

ဆရာ့ မှတ်ချက်သည်လည်း မမှားပါပေ။ ငယ်နုလွန်းသူ ကျွန်တော်အဖို့ မည်ကဲ့သို့ ဌာန်ကရိုဏ်းကျစွာ သီဆိုနိုင်ပါမည်နည်း။

သြော်…..ဆရာ့သြဇာကား ထိရှလှပေစွ။

ဤတွင် ရှင်နာဂသေန၏ ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါးမှာ မှတ်ဖွယ်၊ လိုက်နာဖွယ် ကောင်းလှသဖြင့် ဖော်ပြ လိုပါသည်။ ဆရာ့အခန်း၊ ဆရာ့ကဏ္ဍကို မီးမောင်းထိုးပြထားသည်မှာ ထင်လင်းလှပါသည်။

ဆရာသည် သူ၏ တပည့်များကို

၁။ မျက်ခြည်မပြတ် စောင့်ရှောက်အပ်၏။

၂။ မှီဝဲအပ်၊ မမှီဝဲအပ်သော ပုဂ္ဂိုလ်ကို သိ၏။

၃။ ပေါ့တန်သည် မပေါ့တန်သည်ကို သိ၏။

၎။ နေရာထိုင်ခင်းကိုသိ၏။

၅။ ကျန်းမာရေးကို သိ၏။

၆။ အစာအဟာရ ရမရကို သိ၏။

၇။ ထူးခြားမှုကို သိ၏။

၈။ အစာရေစာကို ဝေဖန်၏။

၉။ အားပေးစောင့်ရှောက်တတ်၏။

၁၀။ ကျောင်းတွင်းအပေါင်းအသင်းကို သိ၏။

၁၁။ ရပ်ရွာထဲရှိ အပေါင်းအသင်းကို သိ၏။

၁၂။ အပေါင်းအသင်းကို ဝေဖန်၏။

၁၃။ အဖျင်းပြော၍ မရယ်မော။

၁၄။ အတင်းပြော၍ အရောမဝင်။

၁၅။ အပြစ်ကို သည်းခံ၏။

၁၆။ ရိုသေမှု မပြု။

၁၇။ အတတ်ပညာကို အကြွင်းမထား။

၁၈။ အတတ်ပညာကို မလျှို့ဝှက်။

၁၉။ တော်စေ တတ်စေလိုခြင်း။

၂၀။ တတ်ပြီးပညာ မမေ့လျော့စေခြင်း။

၂၁။ ပညာတတ် ဖြစ်စေလိုခြင်း။

၂၂။ မေတ္တာစိတ်ထားကြီးမားခြင်း။

၂၃။ ဘေးရန်ရောက်သော် မစွန့်ခွာခြင်း။

၂၄။ သတိအမြဲရှိစေခြင်း။

၂၅။ အားပေးချီးမြှောက်ခြင်း။

စသည့်ဆရာ့မေတ္တာ၊ ဆရာ့စေတနာ၊ ဆရာ့ဂုဏ်အင်္ဂါများကို ထောင့်စေ့အောင် ဖွင့်ဆိုထားသည်မှာ အဖိုးတန်လှပါသည်။

ဆရာ့ဘဝကို တန်ဖိုးထားသူများက "သိက္ခာကို ရိက္ခာနှင့် မလဲနိုင်" ဟု ဆိုကြပါသည်။

တချို့ကလည်း "ကျောင်းဆရာဂုဏ်ဟာ ရောင်းစရာကုန်မဟုတ်ပါ" တဲ့ ထိမိလှတဲ့ အသုံးအနှုန်း ဖြစ်ပါ သည်။

"ဆရာ့ဝေဒနာကိုညှာတာပြီး ကြီးပွားရေးအတွက် စီးပွားရေးဈေးကွက်နဲ့ မတွက်သင့်ဘူးလေ" တဲ့ ဆိုပြန်ပါသည်။

ကဗျာစာဆိုတစ်ဦးက ဤသို့ဖွဲ့ဆိုထားပြန်ပါသည်။

"ကျောင်းဆရာ" ဆိုတဲ့ စကားလေးသုံးလုံး ကွန်ပျူတာထဲ ထည့်သုံးကြည့်

ငွေအသပြာ မရှိပေမယ့် စေတနာအပြည့်နဲ့ဆိုတာ အဖြေရှာ သိလိမ့်မယ်တဲ့။ (ဆရာအောင်လံ တင်ဝင်း အောင်ဟု ထင်ပါသည်။)

အောင်မြင်သောဆရာ (efficient-teacher) ဖြစ်ရေးအတွက်ဂျာမန်ပညာရေးပါရဂူ "ဂျိုဟန်ဖရိုက်ဒရစ်" ၏နည်းမှာ မှတ်သားဖွယ် ကောင်းပါသည်။

"PPAGA"

P = preparation = ကြိုတင်ပြင်ဆင်ခြင်း

P = preparation = အတင်အပြ၊ အသင်အပြ ကောင်းခြင်း

A = association = ကျိုးကြောင်း ဆက်စပ်သင်ပေးခြင်း

G = genratization = ခြုံငုံသုံးသပ်တတ်ခြင်း

A = application = လက်တွေ့အသုံးချတတ်ခြင်း

တို့မှာ အောင်မြင်သော ဆရာတစ်ဦး၏ အရည်အသွေးများဖြစ်ပါသည်။

သင်ဘယ်လိုဆရာလဲ။ ဆရာတူ တပည့်များ ပေါ်ထွက်လာလိမ့်မည်။

ဆရာတော်မှ တပည့်တော်မည်။ ဆရာရှော်က တပည့်ရှော်မည်။

တော်မှာလား ရှော်မှာလား။ မိမိသာ အခရာ ဖြစ်ပါသည်။ As is the teacher so is the pupil. ဟု ဆိုထားသည်မှာ အလွန်မှန်ပါသည်။

မည်သို့ဆိုစေ ပညာရေးလောကဆိုသည်မှာ ဆရာတပည့်တို့၏ နူးညံ့သိမ်မွေ့လှသော မေတ္တာသံယော ဇဉ်ကလေးများဖြင့် ပေါင်းစည်း ဖွဲ့နှောင်ထားသည့် ကမ္ဘာငယ်ကလေးတစ်ခုပင် မဟုတ်ပါလား။

"လူမလိမ္မာ လူ့မိစ္ဆာနှင့် ကြုံလာတော့မိ

တွေ့ရဘိလည်း ဒိဋ္ဌိပယ်နွှေး သိကြောင်းမေး၍

နည်းပေးဆရာ မြောက်လိုပါ၏။"

(မဃဒေဝ)

ဖြူစွမနော၊ စိတ်သဘောဖြင့်၊ မြတ်သောအမွေ၊ ပေးအပ်လေသူ၊ ဆရာအဆူဆူသို့ ဦးညွှတ်လိုက်ပါ၏။

သင့်ဘဝ မဂ္ဂဇင်း

အမှတ် (၇)၊ ၁၉၉၈ ခုနှစ်

Category: ဆောင်းပါး

Written by ဖေအောင်ကြိုင်

 ( မောက္ခ )
ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။
အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။
ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။
ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။
လူတိုင်းပင် ကျောင်းနေရွယ် ငယ်စဉ်က လေးဘက်နံရံ ပတ်ရံထားသော စာသင်ခန်းကလေးကို ဖြတ်သန်းပြီးမှ လောကကြီးထဲ ဝင်ရောက်ကြရပါသည်။ စာသင်ခန်းကလေးကို မျက်ကွယ်ပြု၍ မရပါ ပေ။ ထိုအခန်းကလေးထဲတွင် သူ့အတွက် လိုအပ်သော ကိုယ်ခံပညာများကို တပ်ဆင်ပေးလိုက်ရ သည်။ လောကဝန်းကျင်ထဲတွင် အကောင်းဆုံး ကျင်လည်လှုပ်ရှားနိုင်ရေးအတွက် ပြင်ဆင်ပေးလိုက် သည်။ စာသင်ခန်းကလေးကား စာသင်သားအတွက် ပြင်ဆင်လေ့ကျင့်ရေး အခန်းကလေး ဖြစ်တော့ သည်။ ထိုနေရာတွင်သူ၏ ပထမဦးဆုံးသော ဘဝဆရာ(ဝါ) လောကဆရာကို စတင်တွေ့ထိကာ ပညာအမွေကို ဗွေဆော်ဦး ခံယူလေ့ကျင့်ခဲ့ရလေတော့သည်။
ဤတွင် ဘဝဆရာ၊ ပညာရေးဆရာ၏ အခန်းကဏ္ဍမှာ လောကကြီး၏ ရှေ့တန်းသို့ တန်းတန်းမတ်မတ် ရောက်လာလေတော့သည်။

February 17, 2013

ပအိုဝ်းစာနယ်ဇင်းလောက

Sa-Pay-1-300x200ပအိုဝ်းစာပေလောက အခြေအနေတွေကို သုံးသပ်ပြရရင် မဂ္ဂဇင်းစာစောင်တွေ ဟိုအရင်တုန်းကထက် ပိုပိုပြီး ထုတ်ဝေလာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ထွက်ရှိတဲ့ ပအိုဝ်းစာစောင်တွေက တစ်နှစ်မှ တစ်စောင်သာ အသီးသီး ထုတ်ဝေလေ့ရှိကြတယ်။ အချို့စာစောင်တွေဆိုရင် တစ်နှစ်ပဲ ထုတ်နိုင်ပြီး ပြန်ငုပ်သွားတာမျိုးလည်း ရှိတယ်။ အချို့လည်း ကာလတာအားဖြင့် (၂)နှစ် (၃)နှစ်လောက်ပဲ ထုတ်ဝေကြပြီး လျိုကနဲ ပြန်ပျောက်သွားလေ့ရှိတယ်။ အကြောင်းအမျိုးမျိုးတွေကြာင့် ဖြစ်ပါလိမ့်မယ်။ အခြား မကြည့်ပါနဲ့၊ အရင် ၁၉၈၀-ခုနှစ်ဝန်းကျင်က ရန်ကုန်၊ မန္တလေး ပအိုဝ်း

February 16, 2013

ဖတ်ကြည့်သင့်သော် ဆောင်းပါးလေးတပုဒ်ပါ ...


ဖတ်ကြည့်သင့်သော် ဆောင်းပါးလေးတပုဒ်ပါ ...

*** ဆိုဒ်ဝါး မိနေသူများ ( သို့မဟုတ် ) သံချေးတက်
      နေသော အနာဂတ် ကြယ်ပွင့်များ   ***
-----------------------------------------------------

ဆိုဒ်ဝါး ၊ ဘာလဲ ဆိုဒ်ဝါး ?

ဒီကိစ္စမှာ တော့ ဒီလူက ဆိုဒ်ဝါးသုံးတယ် ဟိုမှာတော့ ဟိုတယောက် 
က ဆိုဒ်ဝါးသုံးတယ် ဘယ်မှာတော့ ဘယ်မီ ဒီယာက ဆိုဒ်ဝါးသုံးနေပြီ ဆိုတာ တော်တော် များများ ပြောဘူး ဆိုဘူးကြတယ် ဆိုတာတော့ အားလုံးသိကြမှာပါ။ ကြားရဖန်များတော့ ဆိုဒ်ဝါး ဘာလဲ ဆိုတာ သေချာသိအောင် မွှေနှောက်ရှာဖွေ ရတော့တာပေါ့ဗျာ။

ဆိုဒ်ဝါးဟူသည် Target , Opinions , Emotions , Behaviours
 ( ပစ်မှတ်၊ ပရိတ်သတ်၏ ထင်မြင်ချက် များ၊သဘောထား များ၊ စိတ်လှုပ်ရှားမှုများ အပြုအမူများ ) စသည်တို့ ကို ပြောင်းလဲလာစေရန် စနစ်တကျ အကွက်ချ စီမံကိန်းချ လုပ်ဆောင် ၀ါဒဖြန့်ချိခြင်းပင်ဖြစ်သည်။ ဆိုတာ တွေ့ရတော့တာပဲ။

ကဲ .... ကျွန်တော်တို့ စလိုက်ရအောင် ဗျာ ။

ကျွန်တော်တို့ ကမ္ဘာလောကကြီး က ဇတ်ခုံတစ်ခုပင် ဖြစ်သည်။ ကိုယ့်အခန်းနှင့် ကိုယ်ကပြအသုံးတော် ခံနေကြရသည်။ ဇတ်နာ
aစလို သူတို့ က ဇတ်နာအောင် ကပြသည်။ ပျော်ရွှင်လိုသူတို့ က ပျော်ရွှင် အောင်ကပြသည်။ ထိုထဲမှ မှန်ထိုးမီးထိုး 
ဇတ်နာသူကို ပို၍နာအောင် ပျော်ရွှင်သူကိုပို၍ ပျော်ရွှင်အောင်
 ဘေးတီးပေးကြသောသူများ ရှိသကဲ့သို့ ၄င်း တို့အား အကွက်ချစီစဉ်ပေးသော ဇတ်ဆရာ လဲ ရှိသည်။ 
အရေးကြီးဆုံးမှာ နည်းပရီရာယ် ကြွယ်ဝဖို့ပင်ဖြစ်သည်။

ထို ထဲမှ ပွဲကြည့် ပရီတ်သတ်လဲ ရှိနေသည်။ ပွဲကြည့် ပရိတ်သတ်
 သုံးမျိုး ရှိသည်။ ခင်မင်ရင်းစွဲ လေးစားရင်းစွဲ ရှိသူ၊ မလိုလား 
မုန်းတီးသူ ၊ ကြားနေသူ ဟူ၍ဖြစ်သည်။ ခဲ တလုံးနှင့် ငှက်သုံးကောင် မှန်အောင်ပစ်သကဲ့သို့ အချို့သော မှန်ထိုးမီးထိုးနှင့် ဇတ်ဆရာတို့က ပရိတ်သတ် သုံးမျိုးလုံး ကိုထိမိအောင် ပစ်နိုင်စွမ်းရှိနေကြသည်။ 

ဇတ်ဆရာများထဲမှ အချို့မှာ ခင်မင်ရင်းစွဲရှိသူ လေးစားရင်းစွဲ ရှိသူ နှင့် ကြားနေသူတို့ ကို သာ မိမိဘက် ပါလာအောင် အဓိကထား သည်။ အဆိုးဆုံးမှာ ဇတ်ဆရာ ၀ါဒဖြန့်မှု ညံ့ဖျင်းပါက ကိုယ့်လူပင် သူ့ဘက်သား ဖြစ်သွားတတ်သည်။

ကျွန်တော်တို့နိုင်ငံသည် ယဉ်ကျေးမှု ထွန်းကားသော ရိုးသား အေးချမ်းသော တိုင်းရင်းသား ညီ အကိုမောင်နှမများ စုစည်း နေထိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဒီမိုကရေ စီ နိုင်ငံ အဖြစ်စတင် တက်လှမ်းနေသော နိုင်ငံ တနိုင်ငံလည်း ဖြစ်သည်။ 
ထို့ကြောင့် ဇတ်ဆရာ များ ၏ ပြောသမျှ ဆိုသမျှအား ယုံလွယ်ကြသည်။ လက်ခံလွယ်ကြသည်။ ရိုးသားမှု၏ နောက်ကွယ်တွင် အ ခြင်းနှင့် တုံး ခြင်းတွဲပါလာသည် ကို သတိမထားမိကြ။ မိမိ ကိုယ်ကိုယ် ထက်အောင်သွေးသောသူ နည်းသည်။

ဆိုဒ်ဝါး ကိုပြန်ဆက်မည်။ ဆိုဒ်ဝါးဆိုတာဘာလဲ။ ဆိုဒ်ဝါးဆိုသည်မှာ အများစု က စစ်သားများ သုံးသည်ဟုထင်ကြသည်။ ထိုအရာ သည်ပင် တုံးခြင်း အခြင်း ဖြစ်နေသည် ကို ၄င်းတို့ မသိ ၊ သိသော်လည်း မိမိ ကိုယ်ကိုယ် တုံးကြောင်း အကြောင်း လက်မခံ။ ဆိုဒ်ဝါးသည် Psychjological Warfare ( စိတ်ဓါတ်စစ်ဆင်ရေး ) ဟူသောစကားမှ အတိုကောက် Psy.War ( ဆိုဒ်ဝါး ) ဟုခေါ်တွင်လာခြင်းဖြစ်သည်။ ဆိုဒ်ဝါးသည် နိုင်ငံရေး စီးပွားရေး လူမှုရေး အရာအားလုံးနှင့် သက်ဆိုင်သည်။ နောက်ဆုံး လင်နှင့်မယား သမီးရည်းစားထိ ဆိုဒ်ဝါး ကိုသုံးလို့ သုံးမှန်းမသိ သုံးကြသည်။ သို့သော်မိမိ တို့ ဆိုဒ်ဝါး သုံးခဲ့ကြောင်း ကိုမသိ၊ နားမလည်။

စီးပွားရေး လောက တွင် ကြော်ငြာခြင်း၊ နိုင်ငံရေးလောက တွင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆို၍ စည်းရူံး မဲဆွယ်ခြင်း ၊ ဘယ်ပါတီ မကောင်းဘူး ညာ ပါတီ က မကောင်းဘူး လှုံ့ဆော် ၀ါဒဖြန့်ခြင်း ၊ ဘာသာရေးတွင် အလှမ်းဝေးသော နေရာများ၌ သာသနာပြု လုပ်ငန်းများ ဖြင့် စည်းရုံး ဆွဲဆောင်ခြင်း ၊ ထောက်ပံ့ ခြင်း တို့ သည် ဆိုဒ်ဝါး၏ ညီ အကိုရောင်းရင်းများ ဖြစ်ကြ သည်။

စစ်ကာလ များ တွင် တကယ့်ကျည်စစ်ကျည်မှန် များ ဖြင့် ပစ်ခတ်သကဲ့ သို့ ဆိုဒ်ဝါး စက္ကူကျည်ဆန်များ ကိုလဲ ထည့်သွင်းပစ်ခတ်ကြသည်။ လက်နက်ချ အလင်းဝင်ရန် ၊ လက်နက်ချအလင်းဝင်ပါက မည်သို့ ဆောင်ရွက်ပေးမှုများ အား စက္ကူကျည်ဆန်အဖြစ် အသုံးပြု ၀ါဒဖြန့်ကြသည်။ တကယ့် ကျည်စစ်ကျည်မှန်ထက်ပင် ပိုမို ထိရောက်ကြောင်းလဲ သက်သေများစွာ ရှိနေသည်။ ဒါဆိုရင် ဆိုဒ် ၀ါး ကိုစစ်ဖြစ်မှ ပိုသုံးတာလား ဟု မေးကြမည်။ စစ်အတွင်း စစ်ကာလရော ငြိမ်းချမ်းသောကာလရော အထက်တွင် ဖော်ပြခဲ့ပြီးသည့် အတိုင်း အရာရာ သည် ဆိုဒ်ဝါး ပါသည်။ တနည်းပြောရလျှင် ဆိုဒ်ဝါး သည် မည်သည့် အချိန်မည်သည့် နေရာတွင် မဆို စဉ်ဆက်မပြတ် ပြုလုပ်ရမည့် အစဉ် တစိုက်ပြုလုပ်ရမည့် အရာတစ်ခု သာဖြစ်သည်။ ခံယူချက် ယုံကြည်ချက် မရှိဘဲ စိတ်ကူးရမှ ထလုပ်ခြင်းမျိုး နှင့် နာမည်ကြီး လို၍ ထင်ရှားလို၍ ထ လုပ်ခြင်းမျိုး မဟုတ်။ တဖန် နည်းပညာမြင့်မားလာသည်နှင့် အမျှ ဆိုဒ် ၀ါးသည်လည်း မြင့်မားလာခဲ့သည်။ စက္ကူကျည်ဆန် အဖြစ်မှ လေလှိုင်း ကျည်ဆန် အဖြစ်ပါ တိုးတက်လာသည်။ သို့သော် လူတန်းစား ပေါင်းစုံ အတွက် လွယ်လင့် တကူ ရရှိနိုင်သော စက္ကူ ကျည်ဆန်လဲ ရှိနေ အသုံးပြုနေ ကြသေးသည်။

၁၉၉၁ တွငိ ဖြစ်ပွားခဲ့သော သဲကန္တာရ မုန်တိုင်း စစ်ဆင်ရေး တွင်အမေရိကန်တို့က ဒိမိုကရေစီနှင့် လူ့ အခွင့် အရေး ဟု
 အော်ခဲ့ပြီး အီရတ်က ဘာသာရေး ဖြင့် ဆိုဒ်ဝါးသုံး ခဲ့ကြသည်။
 တစ်ချိန်ကလဲ ဒုတိယကမ္ဘာ စစ်တွင် ဗြိတိန်က Hitler`s War ဟု သမုတ်ခဲ့သလို ဂျာမနီကလည်း The English War Against- 
Germany ဟု မှတ်တမ်းတင်ခဲ့သည်။

ဆက်လက်ရလျှင် ဆိုဒ်ဝါး ၏ အဓိက လက်နက်သည် 
ဝါဒဖြန့်ချိရေး Propaganda ပင်ဖြစ်သည်။ ၀ါဒဖြန့်ချိ
ရေးဟူသည် မိမိပြောလိုသော အကြောင်းအရာ ပေးလို သော အင်ဖော်မေးရှင်းအား မိမိပစ်လိုသော တားကတ် ပရိတ်သတ် သို့ ချက်ကောင်း ထိမှန်စေရန် ပစ်ခတ်ခြင်းပင် ဖြစ်သည်။ 
သို့သော် အထက်တွင် ဆိုခဲ့သည့် အတိုင်း ပစ်တတ်ရန်လိုသည်။
 ယင်းသို့ ပစ်တတ်ရန် အတွက် လူမှု ဆက်ဆံရေး နည်းပညာ အပြင် ဆက်သွယ်ရေး ကိရိယာများ ကောင်းစွာ အသုံးချတတ်ရန် လိုသည်။ 
အပုပ်ချ ကဲ့ရဲ့သည့် ပုံစံထက် ဝေဖန်ထောက်ပြသော ပုံစံ ကိုကျင့် သုံး သင့်သ ည်။ သို့မဟုတ်က အထက်တွင် ပြောခဲ့သည့် အတိုင်း
 ကိုယ့် လူပင် သူ့ဘက်သား ဖြစ်သွားနိုင်သည်။

လူမှု ဆက်ဆံရေး နည်းပညာ ဆိုသည်မှာ ဝေးဝေးလံလံ မဟုတ် ။ 
ကျွန်တော် တို့ လက်ရှိအသုံးပြုနေသော အင်တာနက် အွန်လိုင်း ၊
 ရေဒီယို ( ယခုနောက်ပိုင်း FM များ ) ၊ ရုပ်မြင်သံကြား ( 
ယခုနောက်ပိုင်း ပုဂ္ဂလိကပိုင် ရုပ်သံများ ) သည်လေလှိုင်း ကျည်ဆန်များ ဖြစ်ပြီး သတင်းစာ ဂျာနယ် မဂ္ဂဇင်း 
စာစောင်များ သည် စက္ကူကျည်ဆန်များ ဖြစ်သည်။

ပရိတ်သတ်သုံး မျိုးတွင် မှ သူ့အဆင့်နှင့် သူရှိသည်။ အချို့ 
ကပေါ့ပေါ့ ပါးပါးနှစ်သတ်သည်။ အချို့ က လေးလေးနက်နက် ကိုနှစ်သတ်သည်။ တူညီ သောတစ်ချက်မှာ လွှမ်းမိုးမှု မခံလိုခြင်း ၊ မျက်စိတဘက်ကန်း နားတဘက်ပေါက် ခြင်း နှင့် 
ယုံလွယ်ခြင်းပင်ဖြစ်သည်။ 

၎င်းကို သိသော ဇတ်ဆရာတို့ သည် ၄င်းတို့ ၏ ဆေးခါးကြိး 
ကိုသကြား သုတ်သည်။ နှမ်းအုပ်သည်။ တနည်းပြောရလျှင် 
ဝါဒဖြန့်ချက် ကို သတင်းမှန်နှင့် အုပ်သည်။ ဖျော်ဖြေမှု နှင့် အုပ်သည်၊ ဗဟုသုတနှင့် အုပ်သည်။ လုပ်ချင်သည်မှာ မိမိဘက်ပါလာအောင် ဆွဲဆောင်စည်းရုံး လိုခြင်းဖြစ်သည်။ ထိုနေရာတွင် နည်းပ ညာ
 စကားပြော လာသည်။ အိုးသူကြီး ကောင်းသည် အရ သာ ၆ ပါးစုံအောင် ထည့်သွင်းစီမံချက်ပြုတ်သကဲ့သို့ ဆိုဒ်ဝါး လုပ်မည့် ဇတ်ဆရာသည် သတင်းပေးခြင်း၊ ၀ါဒဖြန့်ခြင်း ၊ ဖျော်ဖြေခြင်း ၊ ပညာပေးခြင်း တို့အား အချိုးညီ အသုံးချ တတ်ရန်လိုသည်။

ဆိုဒ်ဝါး အကြောင်း ပြောနေသည့်အတွက် ဘယ်ဟာတွေ ကို 
ဆိုဒ်ဝါးပါလို့ ဥပမာပေးဖို့ လိုပြီ ဖြစ်သည်။ အထက်တွင် ဆိုခဲ့
သည့်အတိုင်း ကျွန်တော်တို့ သည် မိမ်ကိုယ်ကိုယ် မသွေးလိုကြ၊ မထက်မြတ်လိုကြ ၊ ရိုးသားခြင်းနောက်ကွယ်က အခြင်းနှင့် တုံးခြင်းပါလာသည် ကို သတိမထားမိကြ။ 

အနီး စပ်ဆုံး ပြရလျှင် BBC , VOA, RFA, DVB နောက် 
Facebook ထဲ မှ အကောင့် တော်တော် များ များ ( တနည်းပြောရလျှင် ) မှန်ခြင်း မမှန်ခြင်း တိကျခြင်း မတိကျခြင်း ထက် အပုပ်ချ ခြင်း ကိုသာ လက်ကိုင်ထား သောသူများ ကိုပြရမည်ဖြစ်သည်။ ဖတ်ကြပါသည်။ နားထောင်ကြပါသည်။ 

BBC ၏ မေးပါများစကားရ အခန်းမျိုး ၊ ဥိးဦးဖျားဖျား သတင်းများ 
အခန်းမျိုး တို့သည် မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ မြန်မာ 
ပရီတ်သတ် အကြိုက်တွေ့သည်။ အချို့ သက်ကြီး ပိုင်းများ လဘ္ကရည်ဆိုင်တွင် မနက်ကတော့ BBC က ဘာသတင်း ပြောသွားတယ်က နေ စတတ်သည်။

 အချို့ အွန်လိုင်း တွင် သတင်း ဖတ်သည်။ သို့သော် မျှ တမှုမရှိ။
 နှစ်ဘက် သတင်းကို ဖတ်၍ ဝေဖန်ခြင်း မရှိ။ အစိုးရ အားပေးသူသည် အစိုးရ သတင်းသာ ဖတ်သည်။ အတိုက်အခံ အားပေးသူသည် 
အတိုက်အခံ သတင်းသာ ဖတ်သည်။ ထို့အပြင် မတွေး။

 မိမိကိုယ်ကို တုံး အောင်နေကြသည်။ ပြီးလျှင် မိမိဖတ်ထားသော မိမိ သိထားသမျှ နှင့် တတ်ယောင်ကား ပြောသည်။ ဆိုသည်။ မနိုင်လျှင် ဆဲသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ တန်ပြန်ဝါဒဖြန့်သည်။ တကယ်တော့ ထိုသူ ကလည်း ရေရေ ရာရာ မသိ၊ နားထောင်သူ ဖတ်သူ ကလဲ ရေရေ ရာရာ မဖတ် ရေရေ ရာရာ မသိ။ ထိုသူတို့ပြောသမျှ လိုက်နားယောင် သူတို့က ပိုများသေးသည်။

ကျွန်တော် ငယ်စဉ်က အဆိုတစ်ခု အမှတ်ရသည်။ A Little Knoledge 
is Dangerous. မြန်မာလို တော့ မစို့မပို့ သိ တော့ ဘေးထိ တတ်သည် ပေါ့ဗျာ။ ဆိုဒ်ဝါး တစ်ခု ကိုဖတ်လျှင် အခြေအမြစ်ကို လိုက်တတ်ဖို့လိုမည်။ စဉ်းစားတွေးခေါ်တတ်ဖို့ လိုမည်။

 နှစ်ဘက်မျှ ၍ သတင်းဖတ် ဖို့လိုမည်။ သို့မှ သာအမှန်နှင့် အနီးစပ်ဆုံးသော သတင်း ကိုရမည်။ သူများပြောသမျှ ယုံ 
လုပ်သမျှ အကောင်းထင် သူများယောင်လို့ ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုသကဲ့သို့ မဖြစ်သင့်။

 ခြေခြေမြစ်မြစ် သိသင့်သည်။ ဥပမာ - စစ်အစိုးရကြောင့် တိုင်းပြည်မွဲသည်ဟု ပြောကြ သဖြင့် အများစုကလဲ ထိုနည်း၎င်း ထင်ကြသည်။ သို့သော် တွေးကြည့် ၊ ၁၉၄၈ လွတ်လပ်ရေး
 ရပြီးနောက်ပိုင်း ၁၉၈၈ ထိ တက်လာသော မည်သည့် အရပ်သား အစိုးရအဖွဲ့ မဆို ၄င်းတို့ပါတီ အကွဲအပြဲ ကုစားခြင်းဖြင့်သာ
 အချိန်ကုန် သွားကြကြောင်း ၊ ပြည်သူ အတွက် လက်တွေ့ မည်သည့်အရာမျှ မလုပ်နိုင်ခဲ့ကြကြောင်း မသိကြ။ 
သိသော်လဲ မတွေး၊ စေ့စေ့တွေးတော့ရေးရေး ပေါ်သည်။ 

တပ်မတော်နှင့် အတိုက်အခံ က တပ်မတော် မကောင်းကြောင်း
 ပြောလျှင် တပ်မတော် အရင်က လူတွေ အစိုးရတွေ ဘာလုပ်ခဲ့လဲ မတွေးတော့ သူများ ပြောသမျှသာ အဟုတ်ထင်ကြသည်။ မျက်စိ တဘက်ကန်း နားတဘက် ပိတ်သွားသည်။

ဒီမိုကရေ စီအစိုးရဖြစ်ပြီ။ ခု ရေတွင်းတူး ခုရေကြည်သောက်ချင်သည်။ ဇတ်ဆရာတို့က နှစ်ပေါင်းများ စွာ ဒီမိုကရေစီ အနည်ထိုင်လာသော နိုင်ငံကြီးများ နှင့် နှိုင်းယှဉ်သည်။ ပရီတ်သတ် ကလဲ လက်ခံသည်။

 ခုဗိုက်ကြီး ခုကလေးမွေး ခု ဘွဲ့လိုချင်နေ သလိုဖြစ်နေကြောင်းတော့ မတွေးကြ။ အလိမ်ခံနေရကြောင်း အသုံးချခံနေရကြောင်း ဆိုဒ်ဝါး
 ထည့် ခံနေရကြောင်း မသိ။ ရိုးခြင်း နောက်မှ အခြင်းတွဲလာသည်။
 တွေးကြည့် ရင်လေးမိပါဘိ ဆိုသကဲ့သို့ပင်။

ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည်မှာ စကားတစ်ခုသာမဟုတ် ၊ လက်တွေ့ကျသောအရာဖြစ်သည်။ ယနေ့ လူငယ် ၁၄ ၊၅ နှစ်
ကလေးများ သည်နောင် သမ္မတ ၄ ၊ ၅ ဆက်အကြာတွင် 
လွှတ်တော်အမတ် မဖြစ်နိုင်ဘူး ဆိုသူ များ မရှိ၊ နိုင်ငံ 
အုပ်ချုပ်မည့် သူများ လဲ မဖြစ်နိုင်ဟု မပြောနိုင်။

 မိမိ တို့ နိုင်ငံ ၏ ကံကြမ္မာ သည် ယနေ့ လူငယ်များ တွင် 
မှုတည်သည်။ ထိုလူငယ်များ သည် သံချေးတက် ဦးဏှောက် များ နှင့် ဖြစ်မနေသင့်။ မိမိကိုယ်ကိုယ် ထက်မြတ်အောင် မသွေးတတ်သူများ ဖြစ်မနေသင့်။ နိုင်ငံရေး ကိုတော့
 စိတ်ဝင်စား သည်။ 

သို့သော် နားတဘက်ပိတ် မျက်စိတဘက်ကန်း မဖြစ်သင့်။ 
ဆိုဒ်ဝါး မိနေသူများ မဖြစ်သင့်။ လူငယ်များ မိမိကိုယ်ကိုယ် ထက်မြက်အောင် သွေးစေချင်ပါသည်။ အရာအား လုံး မသိရှိနိုင်တောင် ရေလိုက်ငါးလိုက် နေသူတယောက် မဖြစ်သင့်။ 
ယုံလွယ်သူ တယောက်မဖြစ်သင့်။ တွေးတော ဆင်ခြင်နိုင်သော ၊ မယုံလွယ်သော ၊ အလိမ်မခံရသော သူများ ဖြစ်စေချင်သည်။

တိုင်းပြည်၏အနာဂတ် ကြယ်ပွင့် လူငယ်များ နားတဘက်ပိတ် မျက်စိတဘက်ကန်း ခြင်းဘ၀မှ အမြန်ဆုံး လွတ်မြောက်
နိုင်ပါစေကြောင်း ဆန္ဒပြုရင်း .....

မျှော်လင့်ခြင်း များစွာဖြင့်

ဆောင်းပါးရှင် - လင်းလက်လူ
မြန်မာရွေမြေ ဘလော့မှ -  http://golden-land-myanmar-mm.blogspot.com/2013/02/blog-post_2091.html

*** ဆိုဒ်ဝါး မိနေသူများ ( သို့မဟုတ် ) သံချေးတက်
နေသော အနာဂတ် ကြယ်ပွင့်များ ***
------------------------------
-----------------------

ဆိုဒ်ဝါး ၊ ဘာလဲ ဆိုဒ်ဝါး ?

ဒီကိစ္စမှာ တော့ ဒီလူက ဆိုဒ်ဝါးသုံးတယ် ဟိုမှာတော့ ဟိုတယောက်
က ဆိုဒ်ဝါးသုံးတယ် ဘယ်မှာတော့ ဘယ်မီ ဒီယာက ဆိုဒ်ဝါးသုံးနေပြီ ဆိုတာ တော်တော် များများ ပြောဘူး ဆိုဘူးကြတယ် ဆိုတာတော့ အားလုံးသိကြမှာပါ။ ကြားရဖန်များတော့ ဆိုဒ်ဝါး ဘာလဲ ဆိုတာ သေချာသိအောင် မွှေနှောက်ရှာဖွေ ရတော့တာပေါ့ဗျာ။

February 11, 2013

Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်

Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်

အမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများတွေ အမြတ်ထုတ်သွားလေမလားလို့ ဥစ္စာခြောက် ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။ 

လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။ လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိသလောက် Blog ကနေ စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့ အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။ 

Blog ဆိုတာ

ကြီးကြီးကျယ်ကျယ် ရှင်းပြစရာတောင် လိုမယ်မထင်ပါဘူး။ မြန်မာပြည်မှာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက နာမည်ကြီး ဘလော့ဂါများ ရှိခဲ့ပါတယ်။ သို့ပေမယ့် စီးပွားမရှာခဲ့ပါဘူး။ စာရေးသူ မသိတာ လည်း ဖြစ်ပါ လိမ့်မယ်။ Blog ဆိုတာ သာမန် ဝဘ်ဆိုဒ် တစ်ခုလိုပါပဲ။ သို့ပေမယ့် မတူညီ တာ တစ်ခုက သူက အကြမ်းနည်းနည်းဆန်ပါတယ်။ မှတ်စုသဘောမျိုးရေး မှတ်ပြီး လူတိုင်းလာဖတ်စေဆိုပြီး ချပြတဲ့ သဘောနည်းနည်း သက်ရောက်ပါ တယ်။ ဒီလိုနဲ့ ရေးချင်ရာရေး၊ တင်ချင်ရာတင်လုပ်ကြရင်း Blog ဆိုတာ ကမ္ဘာ့လည်ပတ်ချင်စရာ အကောင်းဆုံး ဆိုဒ်တစ်ခုထဲ စာရင်းဝင်လာပါတယ်။ 

Blog ဆိုတာ Google က အလကား သက်သက် ဝန်ဆောင်မှုပေးတဲ့ www.blogger.com ဖြစ်ပြီး ကိုယ်ဖန်တီးလိုက်တဲ့ Blog တိုင်းဟာ ယင်း Blog အုပ်စုထဲမှာပါဝင်ပါတယ်။ အားသာချက်ကတော့ ပိုက်ဆံ ပေးစရာ မလိုပဲ အခမဲ့ပြုလုပ်ရခြင်းဖြစ်ပြီး လူတိုင်းရေးနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့ အရင်းအနှီးမရှိပဲ စီးပွားလုပ်နိုင်တဲ့ နေရာလို့တောင် ဆိုနိုင်ပါတယ်။ 

Blog တစ်ခုဖန်တီးဖို့မခက်ပါဘူး။ www.blogger.com ကိုဝင် Create Free Blog ကိုနှိပ်ပြီး သူပေးတဲ့ အဆင့်အတိုင်း Step by Step သွားရင် Blog တစ်ခုအလွယ်တကူ ရပါတယ်။ ဒီလိုနဲ့ ဟိုပေါင်း

အင်္ဂါစုံရမယ်

အရေးအကြီးဆုံး အချက်ပါပဲ။ စီးပွားတော့ ရှာချင်သပ ကိုယ် ဖန်တီးထားတဲ့ Blog က အင်္ဂါမစုံရင် အလကားပါပဲ။ အင်္ဂါစုံဆိုလို့ အခြားမဟုတ်ပါဘူး။ ကြည့်ပျော်ရှုပျော် အခြေအနေမဟုတ်ပဲ တကယ့်ကို အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေတဲ့၊ Visitor များအတွက် အကျိုးထူးမယ့် Blog တော့ ဖြစ် ရပါမယ်။ သတင်းအချက်အလက်လား၊ နည်းပညာလား၊ တေးဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ သတင်း၊ သုတ၊ ရသ၊ စာပေ အစရှိသဖြင့် ကိုယ်သန်ရာလိုင်း တစ်ခုခုတော့ ရှိရမယ်လေ။ အားလုံးကို ရေးနိုင်သပဆိုရင် လည်း ရေးနိုင်ပါ တယ်။ 

Update ဖြစ်နေရမယ်

အချို့ က စိတ်ကူးရှိတုန်း Blog ကောက်ထောင်လိုက်ပါတယ်။ နောက်တော့ Update မလုပ်ဖြစ်တဲ့ရက်က များတော့ စီးပွားလုပ်ဖို့ဆို ဝေလာဝေး။ ကိုယ်ရေးချင်ရာရေးပြီး စိတ်ပါမှ Post တင်မယ်ဆိုရင် ယင်း Blog မှာ သရဲခြောက်မှာ သေချာပါတယ်။ ဒီတော့ ကိုယ့် Blog ကို နေတိုင်းလူကြည့်ဖို့ ဆိုတာမှာ အရေးကြီးဆုံးက Up to Date ဖြစ်နေဖို့ပါပဲ။ 

စွဲဆောင်မှု ရှိရမယ်

တကယ်တန်း ခေါင်းစဉ်တပ်ရရင် ထူးထူးခြားခြား ပေးစွမ်းနိုင်စွမ်း ရှိရမယ် ဆိုတာမျိုးပါ။ ထူးထူးဆန်းဆန်း ဆိုလို့ မဟုတ်က ဟုတ်က ပုံတွေတင်ပြီးတော့ စွဲဆောင်တာမျိုးကို ဆိုတာလည်း မဟုတ်ပါဘူး။ ကိုယ်ဖန်တီးတင်ဆက် ပေးတဲ့ အကြောင်းအရာက လာလည်သူ၊ လာဖတ်သူ၊ ကြည့်သူများအတွက် အကျိုးကျေးဇူး များရပါမယ်။ သတင်းရလိုက်တာမျိုး၊ ဗဟုသုရလိုက်တာမျိုး၊ အနုပညာခံစား ချက်လေး ပေးနိုင်လိုက် တာမျိုးတို့ဆိုရင် ယင်း Blog က လူစိတ်မဝင်မစားပဲ မနေပါဘူး။ ဒီလိုနဲ့ Site ရဲ့  လူဝင်ကြည့်နှုန်း (Traffic) က တက်တစ်ထက် တက်နေတော့ မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘလော့ရေးသားသူရဲ့  စကေးက အရမ်းအဓိက ကျသွားပါတယ်။ လူကြည့်မများတဲ့ Blog ဆိုရင်လည်း ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဒီ Traffic ဇယားကိုကြည့်လို့ နိုင်ငံတကာမှာ စီးပွားရေးလုပ်နေကြတာဖြစ်ပါတယ်။ 

စီးပွားရှာတော့မယ်

ဒီမှာ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းကိုရောက်သွားပါပြီ။ ဆောင်းပါးရဲ့  ရည်ရွယ်ချက်က ခုမှ ရောက်ပါတယ်။ ဘယ်လိုစီးပွားရှာကြမလဲ။ ကိုယ်တွေ ဘယ်လိုရှာမလဲဆိုတာထက် နိုင်ငံတကာမှာ ဘယ်လိုရှာသလဲဆိုတာကို အရင်လေ့လာရပါတယ်။ စာရေးသူ လေ့လာမိသလောက်ကတော့ ဒီလိုရှိပါ တယ်။ 


Paid Review 

သတင်းတစ်ပုဒ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို အချက်ကျကျရေး သားတင်ဆက်ပေးတာမျိုးပါ။ Paid review နဲ့ ကမ္ဘာမှာအောင်မြင်နေတဲ့ Blog တွေအများကြီးပါပဲ။ ဥပမာ - www.pocket-lint.com , www.engadget.com , www.phonearena.com ။ 

အထက်ပါ ဥပမာ တွေက နည်းပညာ ပစ္စည်းပဲ ရှိပါသေးတယ်။ အခြားသော လူသုံးကုန် အဝတ်အထည်၊ စားသောက်ကုန်၊ မော်တော်ယာဉ်၊ နေအိမ်သုံး၊ ရုံးသုံး ပစ္စည်းပစ္စယ စုံစုံလင်လင်တို့၊ အခြားသော အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် Paid Review ပုံစံနဲ့ တင်ဆက်ပေးနေတဲ့ ဆိုဒ်တွေ တစ်ပုံမှ တစ်ပုံကြီးပါပဲ။ သူတို့ရဲ့  တစ်လတာ ပျှမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ သိန်းနဲ့တောင် ချီတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လှုပ်ရှားနေရာကနေ အစုအလိုက်အဖွဲ့ လိုက်တွေ ဖြစ်သွားကြပြီး ကုမ္မဏီကြီးတွေ ဖြစ်လာပါတော့တယ်။ 

ဥပမာ - ဒီဖုန်းက ဘယ်လိုဘယ်လို သုံးလို့ကောင်းတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဘယ်ဆိုင်မှာ သွားဝယ်လို့ ရပါတယ်။ ကွိစကွစနဲ့ တစ်ခုလုံး ဖတ်ပြီး အော်. ဒါဟာ ကြော်ငြာပါလားလို့ သိရတယ်လေ။ ဒါလည်း ကောင်းပါ တယ်။ ကိုယ့်အတွက်လည်း ဗဟုသုတ ရတယ်လေ။ ပြီးတော့ ဒီလိုရေး ထားတော့ ရေးထားတဲ့ ပေးထားတဲ့ လိပ်စာမှာပဲ ဝယ်ချင်စိတ်တွေပေါက် သွားတာပေါ။ ဒါကလည်း ရေးသားတဲ့ skill က ပိုအခရာ ကျသွား ပါတယ်။ ရေးတတ်လေလေ စိတ်ဝင်စားလေလေ၊ ပိုကြော်ငြာလေလေပါပဲ။ 

ဘယ်စားသောက်ဆိုင်ကတော့ ဘယ်လိုဟင်းလျာတွေရတယ်။ ချိုတယ်၊ ငံတယ်၊ ပေါ့တယ်၊ ခါးတယ် အစရှိသဖြင့်ကလည်း စားသောက်ဆိုင် မိတ်ဆက်ကြော်ငြာသဘောပါပဲ။ ဒါလည်း Review ကဏ္ဍထဲကို ဝင်သွားပါတယ်။ ဒီအတွက် နိုင်ငံတကာမှာ ကောက်ခံတဲ့ဈေးနှုန်းက အစားစားရှိပါတယ်။ ဈေးအကြီးဆုံးအနေနဲ့ Paid review တစ်ပုဒ်ကို အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်တောင် ရှိတယ်လို့ ဖတ်ဖူး၊ သိဖူးပါတယ်။ 

Banner 

Banner တွေလည်း Blog တွေမှာတင်ပါတယ်။ သို့ပေမယ့် Paid Review ကို စီးပွားရေး လုပ်ငန်းရှင်တွေ ပိုကြိုက်ကြပါတယ်။ Banner ဆိုတာ အခြား မဟုတ်ပါဘူး။ Blog ဆိုဒ်မှာ ကြော်ငြာစရာ နေရာလေး တစ်ခုမျှသာ ဖြစ် ပါတယ်။ ယင်းကြော်ငြာနေရာမှာ လာကြော်ငြာမယ့် ကုမ္မဏီတွေက သူတို့ကြိုက်ရာပုံဖြစ်ဖြစ်၊ Link ဖြစ်ဖြစ်လာတင်ပါမယ်။ တင်ထားတဲ့နေရာ ကနေ လာလည်သူက မှားနှိပ်မိရင် သူတို့ဆိုဒ်ကို တန်းရောက်ပါလေရော။ ဒါကလည်း ကြော်ငြာနည်း တစ်မျိုးပါပဲ။ သို့ပေမယ့် တစ်ခုရှိတာက Blog တွေမှာ Banner လုပ်ရမလွယ်ပါဘူး။ အလကားပေးထားတဲ့ ဆိုဒ်ကိုတောင် Banner နဲ့ စီးပွားရေးလုပ်စားစေဖို့ လောက်ထိ Google က သဘောမကောင်းပါဘူး။ ဒီတော့ လုပ်ချင်သပဆိုရင် Free Blog ကနေ Paid ဗားရှင်း ပြောင်းရုံပါပဲ။ ဒါဆိုရင် ကိုယ်လိုသလို ဖန်တီးလို့ရပါပြီ။ ကိုယ်တတ်နိုင်သလောက် ကြော်ငြာစရာ အကွက်လေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါတွေလုပ်ဖို့အတွက် Google မှ တိုက်ရိုက်ဝယ်ယူတဲ့ Service သော်လည်းကောင်း၊ ကြားခံ Service Provider မှသော်လည်းကောင်း ကိုယ်အဆင်ပြေသလို ပြုလုပ်နိုင်ပါတယ်။ 

နိုင်ငံခြားမှာနေတဲ့သူ ဒီနေရာမှာ တစ်ခုကောင်း ပါတယ်။ နိုင်ငံခြားမှာနေမှ ရယ်ကို မဆိုလိုပါဘူး။ နိုင်ငံတကာက သုံးနေတဲ့ အွန်လိုင်း ငွေလွဲစနစ် အကောင့်၊ ကဒ်ရှိသူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကဒ်များနဲ့ Google ကို ငွေချေလို့ ကိုယ်လိုသလို ဖန်တီးလို့ရတဲ့ စနစ်လည်း ရှိပါသေးတယ်။ Google ရဲ့  Blog ပေးရခြင်း ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ ကော် မရှင်ကြေးဖြတ်လို့ သူတို့လည်း ပိုက်ဆံရစေလို သဘောနဲ့ Blog တွေ အလကား ပေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နေ့ ဒါတွေ ဖြစ်လာတော့မှာပါ။ 

အခြားသော နည်းလမ်းများ

အထက်ပါ နှစ်ခုကတော့ ပင်မ နည်းလမ်းပါပဲ။ မြန်မာပြည်ရဲ့  လက်ရှိအနေ အထားမှာဆိုရင်ကို ပြောတာပါ။ ပုံတွေမှာ Link စာကြောင်းတွေပေါ်နေပြီး ကြော်ငြာဆိုဒ်ဝင်တာမျိုး၊ စာဖတ်နေရင်း စာအောက်မှာ Link လေးတွေ မြင်နေရတာမျိုးကလည်း ဆိုဒ်ကြော်ငြာနည်း တစ်မျိုးပါပဲ။ အချို့ ကျပြန်တော့ ကိုယ်က Blog တစ်ခုထောင်ပြီး ကုမ္မဏီကြီးတစ်ခုနဲ့ ပါတနာ ဖွဲ့ပစ်ပါတယ်။ ဘယ် ကုမ္မဏီမှလက်မခံတော့ ပါဘူး။ ယင်း ကုမ္မဏီက ထွက်နေတဲ့ ကုန်ပစ္စည်းအားလုံးကို ထွက်လျှင် ထွက်ချည်း Blog မှာ ကြားညှပ်ပြီး ကြော်ငြာပေးတာမျိုးတို့ လုပ်ပါတယ်။ Review တွေတင်ပေးပါတယ်။ သတင်းအချက်အလက်တွေ တင်ပေးပါတယ်။

အချို့ ကျပြန်တော့လည်း အပြောင်းပြန်ပါ။ အင်တာနက်မှာ နာမည်ကြီးနေတဲ့ စာရေးဆရာ သို့မဟုတ် ဘလောဂ်ဂါ သို့မဟုတ် Blog ဆိုဒ်တစ်ခုကို Fully Sponsor ပေးတဲ့သဘောနဲ့ တရားဝင်ကြေညာ ပါတယ်။ ဒါကလည်း ကြော်ငြာနည်းတစ်မျိုးပါပဲ။ ဒီလိုနဲ့ ကမ္ဘာမှာ Blog ကိုအခြေခံလို့ ငွေအလွဲအပြောင်းက နှစ်စဉ် ဒေါ်လာ သိန်းသန်းမက ရှိပါတယ်။ အွန်လိုင်းစီးပွားရေး စနစ်မှာ Blog ကိုအခြေခံတဲ့ စီးပွားရေးက ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တော်တော်လေး တွင်ကျယ်ပါတယ်။ အချို့ ကျတော့ blogspot.com ပါနေတာကို လူမရှိန်ဘူးလို့ ထင်ကြပါတယ်။ အဲဒါက အဓိက မဟုတ်ပါဘူး။ သို့ပေမယ့် .blogspot.com ဖြစ်နေတာကို .com ဖြစ်ဖို့ Upgrade လုပ်နိုင်ပါတယ်။ ဘယ်လောက်မကုန်ကျပါဘူး။ စာရေးသူရဲ့  Blog ဆိုရင် သောင်းဂဏန်းပဲ ကုန်ကျပါတယ်။ 

ဒီလို Blog နဲ့ စီးပွားရှာနည်းရေးတယ်ဆိုတော့ blog ရှိရဲ့ လားလို့ သိချင် မယ်ထင်ပါတယ်။ စာရေးသူတို့ Augest Myanmar Media Group မှ - Techspace ဂျာနယ်ရဲ့  Blog က http://blog.techspace.com.mm/ ဖြစ်ပြီး မောင်အောင်ခမ်းရဲ့  Blog ကတော့ www.innewsmyanmar.com ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီထက် အဆပေါင်းများစွာ ကောင်းတဲ့၊ သာတဲ့ Blog တွေအများကြီး ရှိပါတယ်။ ယင်း Blog တွေက ဘယ်လို Theme တွေရွေးတယ်။ ဘယ်လိုရေးသားတင်ဆက်တယ်။ ဘယ်လိုဖန်တီးတယ်ဆိုတာ ကို လေ့လာလို့ ကိုယ်တိုင်ဖန်တီး နိုင်မယ်လို့ ယူဆပါတယ်။ 

အင်တာနက်လိုင်း ကောင်းမှသာ 

မြန်မာပြည်ရဲ့  လက်ရှိ အင်တာနက်လိုင်းက ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ယှဉ်ရင် တော်တော်လေး နှေးကွေးနေပါသေး တယ်။ ဒီတော့ ဒီလိုင်းပေါ်ကို အခြေခံလို့ ဖြစ်တည်လာရမယ့် စီးပွားရေး လုပ်ငန်းတွေက ထင်သလောက် ခရီးမရောက်နေရခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ ဒီ အင်တာနက်လိုင်း တစ်ခု ကောင်းရင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ၊ စီးပွားရေးကွန်ရက်ကြီးများနဲ့ အချိတ်အဆက်မိပြီး ပြည်တွင်း အွန်လိုင်း စီးပွားရေး ကွန်ရက်ကို အာရုံထားသူများလာပါမယ်။ တီဗီမှာ၊ ဘေလ်ဘုတ် မှာ၊ ပြင်ပမှာ စီးပွားရေး လုပ်ငန်းကြီးများ ပရိုမိုးရှင်းလုပ်ဖို့၊ မာကဲတင်း ဆင်းဖို့၊ ကြော်ငြာဖို့ အတွက် ဈေး အင်မတန်ကြီးနေချိန် အင်တာနက် မှာကျ ဈေးသက်သက်သာသာနဲ့လုပ်လို့ ရပါတယ်။ 

အလွယ်ကူဆုံး ဥပမာ ပေးရရင် အလှကုန်ပစ္စည်းတစ်ခုသာ Blog တွေ၊ ဆိုဒ်တွေ၊ Facebook တွေပေါ်မှာ ကြော်ငြာရင် သူ့အတွက် များစွာအကျိုး ထူးပါတယ်။ ဘာလို့လဲဆို အင်တာနက်မှာကျ လူငယ်တွေ ပိုများလို့ ဖြစ် ပါတယ်။ လူငယ်တင်မကပဲ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေအထိ တွင်ကျယ် လာပြီမို့ ဘယ်ဟာဖြစ်ဖြစ် ပရိုမိုးရှင်းလုပ်မယ်။ ဈေးကွက်နယ်ချဲ့ မယ်ဆိုရင် အင်တာနက်ဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။ 

Blog ဆိုတဲ့ ယင်းထဲမှာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်လိုင်းက နိုင်ငံတကာကလိုပဲ ခလုပ်တစ်ချက်နှိပ် ရုံနဲ့ ကောင်းနေပြီဆိုရင် ပြည်တွင်းမှာလည်း ကြိမ်းသေ ဖြစ်ထွန်းလာမယ့် စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ယခု အနေအထားမှာလည်း လုပ်နိုင်ပါတယ်။ လုပ်လည်းလုပ်နေကြပါ တယ်။ မြန်မာပြည် အခြေဆိုက်ရော၊ နိုင်ငံတကာအခြေဆိုက်ရော မြန်မာပြည်အကျိုးပြု ဆိုဒ်တွေ၊ Blog တွေ ကိုယ်စီရှိနေကြပြီး တတ်နိုင်သလောက် ခရီးသွားနေကြ ပါတယ်။ သို့ပေမယ့် ဒါကို အခြေခံလို့ လုပ်နိုင်မယ့် စီးပွားရေး လုပ်ငန်းက ထင်သလောက် ခရီးမရောက်သေးပါဘူး။ 

သို့ပေမယ့် တကယ်ပဲ Blog ကို အခြေခံလို့ စီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ ခံယူချက်ရှိတယ်ဆိုရင် ခုကတည်းက စထားသင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဖက်က ကြိုးစားရင်း စီးပွားရေးစနစ် တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာလေး တစ်ခုဖြစ်လာရင် ဒါတွေဟာ အိပ်မက်မဟုတ်တော့ပါဘူး။ လူတိုင်း အင်တာနက်ကို အခြေခံလို့ အရင်းအနှီးနည်းနည်းနဲ့ သူဌေးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် လွယ်လွယ်နဲ့တော့ မရပါဘူး။ လွယ်လွယ်မရပေမယ့် မခက်ခဲတဲ့ Blog လေးကို ဖန်တီးလို့ စာဖတ်သူတို့ အစပျိုးနိုင်ပါကြောင်း ဆန္ဒပြုလိုက် ရပါတယ်။ 
--
အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2013/02/blog.html

TechSpace Journal

အမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများတွေ အမြတ်ထုတ်သွားလေမလားလို့ ဥစ္စာခြောက် ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။

လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။ လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိသလောက် Blog ကနေ စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့ အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။

December 6, 2012

စာမဖတ်သော စာရေးဆရာ…ဒီမိုကရေစီမသိသော ဒီမိုကရေစီဘက်တော်သား…..


      ဂုဏ၀ုတ္တိ၊ ၀ရ၀ုတ္တိ..။ ဂုဏ=ဂုဏ်အားဖြင့်လည်းကောင်း၊ ၀ယ=အသက်အရွယ်အားဖြင့်လည်းကောင်း ရိုသေထိုက်သူကိုရိုသေပါ၏။
      လူကြီးဆိုသည်မှာ အသက်အရွယ်ကြီးတိုင်း လူကြီးမဟုတ်၊ လုပ်တဲ့ အလုပ်ကြီးမှ(တနည်း နာယကဂုဏ်နဲ့ ပြည့်စုံမှ) လူကြီးဟုသတ်မှတ်နိုင်သည်။ အသက်သာကြီးပြီးလုပ်တဲ့ အလုပ်ကမကြီး( အမျှော်အမြင် အတွေးအခေါ်မရှိ) ပါက မသေနိုင်လို့ ကြီးပြီးအိုနေသည့် လူအို ဟုသာဆိုရပေမည်။
(ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြောဘူးသည်။) ၀ါရင့်စာရေးဆရာကြီးဆိုသည့်ဂုဏ်၊ ၈၀ ကျော်သည့်အသက်တို့ ကို ရိုသေလိုသော်လည်း ရိုသေထိုက်သူကိုသာရိုသေပါမည်။
      စာရေးဆရာ(သတင်းစာဆရာ)လုပ်လိုသူသည် စာဖတ်ရပါမည်။ စာဖတ်ခြင်းသည်စာရေးဆရာ၏ လက်ဦးဆရာ၊စာရေးသူ၏ကုန်ကြမ်းဖြစ်သည်။ မိမိရေးလိုသော အကြောင်းအရာ(ဘာသာရပ်) ကို မလေ့လာမဖတ်ရှုပဲ စာရေးပါက လူတကာပြက်ရယ်ပြုတာခံရရုံရှိမည်။

November 7, 2012

မြန်မာနိုင်ငံလူမျိုးများ၏ ဘာသာစကားနှင့် ပညာရေး (စာတမ်း)


 

အကျဉ်းချုပ်ဖော်ပြချက်
မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည့် အချိန်ကာလ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကွဲပြားကြသော်လည်း တူညီနေသည့် အချက်မှာ မြန်မာနိုင်ငံကို အတူတကွပိုင်ဆိုင်ခြင်းဖြစ်သည်။
သို့ရာတွင် ဗမာဘာသာစကားမှလွဲ၍ အခြားတိုင်းရင်းသား ဘာသာစကားများကို စာသင်ကျောင်းများတွင် သင်ကြားမှုကို ၁၉၆၂ ခုနှစ်မှစ၍ တားဆီးခဲ့သည်။ ထိုတားဆီးမှုသည် ယနေ့ထက်တိုင်ပင် ဖြစ်သည်။
ဤစာတမ်းတွင် မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးကြီး (၈) မျိုးနှင့် ရှမ်းပြည်တွင်နေထိုင်ကြသည့် လူမျိုး (၄)မျိုးတို့၏ မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြသည့် ရှေးဦး သမိုင်း၊ အစဉ်အလာပြောဆိုခဲ့ကြသည့် လူမျိုးများ၏ မူလအစကို ဖော်ပြသည့် ဒဏ္ဍာရီများ၊ ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာစကားများကို ဖော်ပြထားပါသည်။

October 21, 2012

ပီဒါဆင် ရေးတဲ့ ကရင့်အရေးစာအုပ် အမှားတပုံတပင်

မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကရင်လူမျိုးတို့၏ တော်လှန်ရေးအကြောင်း စာအုပ်များ အရေအတွက်ကား ပို၍ များပြား လာနေသည်။ သို့သော် မိုက် တာ့ကာ Mike Tucker ရေးသားသည့် 'ကင်းလှည့်ခရီးရှည်' The Long Patrol ဟူသည့် စာအုပ်ပြီးလျှင် ဒယ်နီရယ် ပီဒါဆင် Daniel Pederson ရေးသားသည့် ယခုစာအုပ် 'တိတ်တဆိတ်ဖြင့် အစုအပြုံလိုက် သတ်ဖြတ်နေမှု' Secret Genocide က အဆိုးရွားဆုံး ဖြစ်လိမ့်မည်။

ဤစာအုပ်တွင် အမှားအယွင်းများ ပြည့်နှက်နေသည်။ စာအုပ်မစခင် ကတည်းက ယဉ်သလို ဆိုသလို၊ အမှားများနှင့် စလာခဲ့သည်။ စာအုပ်နောက်ကျောဖုံးတွင် ကရင်များက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသည်ဟု
 ဖော်ပြထားသည်။ အမှန်မှာ ၁၉၇၆ ခုနှစ်ကတည်းက ယခင် လွတ်လပ်ရေးတောင်းဆိုသည့် မူဝါဒကို စွန့်လွှတ်ခဲ့ပြီး၊
 မြန်မာနိုင်ငံ၏ တစိတ်တပိုင်း၊ ဖက်ဒရယ်ပြည်နယ်အဖြစ် နေထိုင်ရန် တောင်းဆိုသည့် မူဝါဒသို့ ပြောင်းလဲ ချမှတ်ခဲ့ပြီး ဖြစ်သည်။

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts