January 31, 2013

အင်းလေးဟိုတယ်ဇုန်စီမံကိန်း ဒေသခံများ၏ တောင်းဆိုမှုအရ ခေတ္တရပ်နားလိုက်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိဟိုတယ်စီမံကိန်းနေရာတွင် (၂၉-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁၁) နာရီအချိန်ခန့်တွင် မြေသားလမ်းဖောက်လုပ်နေသော မြေထိုးစက်များအား ဆက်လက်လုပ်ကိုင်မှု မပြုလုပ်ရန် အင်ကြင်းကုန်းကျေးရွာနေ ကိုအောင်ကျော်မျိုး ဦးဆောင်သော ရွာသူရွာသား (၄၀) ဦးခန့်တို့နှင့် ဟဲယာရွာမကျေးရွာရှိ အနောက်ရွှေကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခေမာနန္ဒ ဦးစီးသော သံဃာတော် (၁၅) ပါးခန့်တို့သည် မြေထိုးစက်၏ရှေ့မှ ပိတ်ဆို့တားဆီးခဲ့သဖြင့် ဟိုတယ်ဇုန်စီမံကိန်းမြေသားလုပ်ငန်းအား ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ နေ့လည် (၁၂: ၀၀) နာရီကျော်ခန့်တွင် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်အေးနှင့် တာဝန်ရှိသူများ ရောက်ရှိလာကြပြီး ပိတ်ဆို့တားဆီးထားသည့် သံဃာတော်များနှင့် ရွာသူရွာသားများအား အကြောင်းစုံမေးမြန်းခဲ့ရာ ရွာသူ ရွာသားများမှ “ဟိုတယ်စီမံကိန်းမြေနေရာအတွင်း ပါဝင်နေသော လယ်ယာ ခြံမြေများအတွက်လျော်ကြေးငွေ မယူလိုပဲ မြေကိုသာ ပြန်ရလိုကြောင်း၊ မြေသိမ်းဆည်းထားသည့်အတွက် မိမိတို့အနေဖြင့် လုပ်ကိုင်စားသောက်၍ မရနိုင်ကြောင်း၊ မည်သည့်စီမံကိန်း လုပ်သည်ကိုလည်း မိမိတို့အား အသိမပေးသည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြထားသဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ရမှသာလျှင် ဆက်လက်၍ လုပ်ကိုင်ရန်” စသဖြင့် ပြန်လည်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။

ယင်းကဲ့သို့ တောင်းဆိုမှုများနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးမှ ဟိုတယ်ဇုန်တည်ဆောက်ရေး စီမံကိန်း လုပ်ကိုင်လျှက်ရှိသော တာဝန်ခံ ဦးတိုးအား ခေါ်ယူ၍ လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။

January 30, 2013

ပအိုဝ်းMP3တရားတော်

ဗွေ;ဗွန်သီ;သဲင်;ဟော်,

    ပိုမွိုက်တွမ်းပိုလိမ္မား(၁)





  • ပိုမွိုက်တွမ်းပိုလိမ္မား(၂)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၃)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၄)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၅)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၆)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၇)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၈) 
  •  ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၇)

  •    ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၆)





  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၅)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၄)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၃)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၂)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ(၂)
  • ဝွေ,သီးကေ;နပ်တောဝ်းဗွေ;ဘုရာ,(၁)


  • အခွေ(၁) ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ

    ၁။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၁) Download
    ၂။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၂) Download
    ၃။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၃) Download
    ၄။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၄) Download
    ၅။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၅) Download
    ၆။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၆) Download
    ၇။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၇) Download
    ၈။ ဗုဒ္ဓဓမ္မအကျဉ်းချုပ် Download
    ၉။ ဒုလ’ဘတရားငါးပါး Download
    ၁၀။ အာယုဒီဃကောင်းမှု Download
    ၁၁။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၁) Download
    ၁၂။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၂) Download
    ၁၃။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၃) Download
    ၁၄။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၄) Download
    ၁၅။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၅) Download
    ၁၆။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၆) Download
    ၁၇။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၇) Download
    ၁၈။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၈) Download
    ၁၉။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၉) Download
    ၂၀။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၁၀) Download

    အခွေ(၂) ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ

    ၁။ သာသနာကွယ်ကြောင်းတရားပေါင်း Download
    ၂။ ကောင်းမှုလေးမျိုး Download
    ၃။ ၀ိဟာရအနုမောဒနာ Download
    ၄။ သစ္စာလေးပါး Download
    ၅။ လောက၏သဘော Download
    ၆။ မေတ္တာတရား Download
    ၇။ မြတ်ဘုရားရွှေတိဂုံ Download
    ၈။ ချမ်းသာသုခတရားလေးပါး Download
    ၉။ လောကသုတ္တန် Download
    ၁၀။ ဗောဓိပူဇာ Download
    ၁၁။ အာနာပါနသတိပဌာန် Download
    ၁၂။ ဒါနအနုမောဒနာ Download
    ၁၃။ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ Download
    ၁၄။ ဝေလာမသုတ် Download
    ၁၅။ သုခလေးပါး Download
    ၁၆။ မဏိတသာမဏေ Download
    ၁၇။ သုဒ္ဓတသုတ္တန် Download

    အခွေ(၁) အခြေခံဗုဒ္ဓဘာသာသင်တန်း တရားတော်များ

    ၁။ သင်တန်းမိတ်ဆက် Download
    ၂။ ရတနာသုံးပါး Download
    ၃။ ဘုရားရတနာ အပိုင်း(၁) Download
    ၄။ ဘုရားရတနာ အပိုင်း(၂) Download
    ၅။ တရားရတနာ Download
    ၆။ သံဃာ့ရတနာ Download
    ၇။ သစ္စာလေးပါး Download
    ၈။ မဂ္ဂင်ရှစ်ပါး အပိုင်း(၁) Download
    ၉။ မဂ္ဂင်ရှစ်ပါး အပိုင်း(၂) Download
    ၁၀။ ကံနှင့်ကံ၏အကျိုး အပိုင်း(၁) Download
    ၁၁။ ကံနှင့်ကံ၏အကျိုး အပိုင်း(၂) Download
    ၁၂။ ကံနှင့်ကံ၏အကျိုး အပိုင်း(၃) Download
    ၁၃။ ကံနှင့်ကံ၏အကျိုး အပိုင်း(၄) Download
    ၁၄။ ဘ၀ဟောင်း ဘ၀သစ် အပိုင်း(၁) Download
    ၁၅။ ဘ၀ဟောင်း ဘ၀သစ် အပိုင်း(၂) Download
    ၁၆။ ပဋိစသမုပ္ပါဒ် အပိုင်း(၁) Download
    ၁၇။ ပဋိစသမုပ္ပါဒ် အပိုင်း(၂) Download
    ၁၈။ ကန်တော့ပုံနှင့်ငါးပါးသီလ အပိုင်း(၁) Download
    ၁၉။ ကန်တော့ပုံနှင့်ငါးပါးသီလ အပိုင်း(၂) Download
    ၂၀။ ငါးပါး ရှစ်ပါး ကိုးပါးသီလ အပိုင်း(၁) Download
    ၂၁။ ငါးပါး ရှစ်ပါး ကိုးပါးသီလ အပိုင်း(၂) Download
    ၂၂။ ဘုရားအနေကဇာတင်ခြင်း Download
    ၂၃။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၁) Download
    ၂၄။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၂) Download
    ၂၅။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၃) Download
    ၂၆။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၄) Download
    ၂၇။ ၀ိပဿနာမူသေနည်း Download မိဘမေတ္တာတရားောတ်များ ၁။ မိဘများကသားသမီးအပေါ်မျှော်လင့်ချက် - သီတဂူဆရာတော် Download
    ၂။ မိဘကျေဇူးဆပ်နန္ဒိယမျောက်မင်းဇာတ်တော် - အရှင်ကုသလ Download
    ၃။ ကိသာဂေါတမီ(၁) - မြစင်္ကြာဆရာတော် Download
    ၄။ ကိသာဂေါတမီ(၂) - မြစင်္ကြာဆရာတော် Download
    ၅။ မိဘကျေးဇူးအသက်ပေး၍ဆပ်သူ - ဖြူးဆရာတော် Download
    ၆။ မိဘကျေးဇူးဆပ်ပြီးပြီလား - တွံတေးဆရာတော် Download
    ၇။ သပ္ပူရိသသုတ္တန်(၁) - မြစင်္ကြာဆရာတော် Download
    ၈။ သပ္ပူရိသသုတ္တန်(၂) - မြစင်္ကြာဆရာတော်Download
    ၉။ အမေ့ကျေးဇူးမကြေငါမသေ(၁) - ဖြူးဆရာတော် Download
    ၁၀။ အမေ့ကျေးဇူးမကြေငါမသေ(၂) - ဖြူးဆရာတော် Download
    ၁၁။ မိဘကျေးဇူးတရားတော် - တောင်တန်းသာသနာပြုဦးဥတ္တမသာရ Download
    ၁၂။ မိဘထံမှအေ<ကးအရင်ပေးဖို့ကြိုးစားပါ - ပဲခူးဆရာတော် Download
    ၁၃။ သီတာရေလားဆန်ရေလား - ပဲခူးဆရာတော် Download
    ၁၄။ အမေများအတွက်တရားတစ်ပုဒ် - မေတ္တာအေးဆရာတော် Download
    ၁၅။ မိဘမေတ္တာသားလိမ္မာ - မေတ္တာအေးဆရာတော် Download
    ၁၆။ မိဘပြတ်မှားအပ္ပါယ်သွား - ဦဇ၀န(မိုးကုတ်) Download
    ၁၇။ မိဘကျေးဇူးအထူးသိတတ်သားကောင်းသမီးမြတ်- ဦးဇ၀န(မိုးကုတ်) Download
    ၁၈။ ကျေးဇူးဆပ်ကျမိနှင့်ဖ - ဦးဇ၀န(မိုးကုတ်) Download

    တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး



    ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃

    တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့ ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။ အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ
    တသီတတန်းကြီး ပေါ်လာပါတယ်။

    အဲဒါတွေကတော့ ...
    1) အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။
    2) ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။
    3) သက်ကြီးရွယ်အို မိဘဘိုးဘွားများ၊ တစ်နေ့ မိဘဘိုးဘွားဖြစ်လာမည့်သူများ သတိထားစရာ အသိပေးလိုခြင်း။
    4) ယဉ်ကျေးသိမ်မွေ့သော ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတရားကို ပျက်စီးစေခြင်း။
    5) တရားသူကြီး၏ဆုံးဖြတ်ချက်သည် ယနေ့ဆိုးသွမ်းလူငယ်များကို အားပေးအားမြှောက်ပြုရာကျခြင်း။
    6) အဇာတသတ်လက်သစ်ကို အားပေးအားမြှောက်ပြုသော ငွေကြေးလာဘ်လာဘတစ်ခုတည်းကိုသာ ကြည့်သည့်စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့သော ဒေ၀ဒတ်လက်သစ်များကို တွေ့ရှိရခြင်း။
    7) တရားစီရင်ရေးယန္တရားကို ငွေကြေးဖြင့်ပေါက်ကာ တစ်လွဲအသုံးချနေသည်ကို တွေ့ရှိရခြင်း စသည်တို့ ဖြစ်ပါသည်။

    ဒါကြောင့် ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် မကြာသေးမီက ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို သိစေလိုခြင်းကြောင့် ရေးသားရခြင်း ဖြစ်ပါသည်။

    ရန်ကုန်တိုင်းဒေသတွင်းရှိ တရားရုံးများတွင် ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးမဏ္ဏိုင် ယိမ်းယိုင်ပြိုလဲနေပြီး မန္တလေးတိုင်းဒေသကြီးရှိ တရားရုံးများ၏ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်စီးယိုယွင်းနေသလို တောင်ကြီးမြို့တရားရုံးမှာလဲ ရစရာမရှိအောင် ရွံရှာဖွယ်ကောင်းလောက်အောင် ပျက်စီးနေကြောင်း
    တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ၊ လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးအဖွဲ့သားများ
    တောင်ကြီးတရားရုံးကိုလည်း အရေးတယူဝင်ရောက်စစ်ဆေးပေးစေလိုခြင်းကြောင့် ရေးသားရခြင်းဖြစ်ပါသည်။

    အမှုအကြောင်းချင်းရာကို စုံစမ်းသိရှိရသည်မှာ- ပြစ်မှုကြီး အမှုအမှတ် ပြစ် ၄၆၆၈/၂၀၁၀
    မြေးဖြစ်သူ တရားလို ခွန်သီဟန် (၂၁နှစ်) သည် အဖိုးအရင်းဖြစ်သူ အိမ်တွင် အဖိုး (၈၂နှစ်) နှင့်အတူ နေထိုင်ပါသည်။ အခင်းမဖြစ်မီ ၃ ရက်လောက်ကတည်းက မြေးဖြစ်သူသည် အိမ်သို့ပြန်မလာပါ။ အခင်းဖြစ်သည့်နေ့ (၂၃-၉-၂၀၁၀) တွင် အဖိုးဖြစ်သူက သမီး (ခွန်သီဟန်၏အဒေါ်) အိမ်သို့ သွားရောက်နေပြီး အိမ်တွင်လူမရှိသောကြောင့် သော့ခတ်ထားပါသည်။ မြေးဖြစ်သူ နေ့ခင်း အိမ်သို့ပြန်လာတော့ အိမ်ထဲဝင်လို့မရပါ။ ပုံမှန်ဖြစ်သင့်သည်မှာ မြေးဖြစ်သူခွန်သီဟန်သည် အဒေါ်၏အိမ်သို့ ရောက်နေသောအဖိုးထံ သော့သွားတောင်းသင့်သော်လည်း သွားရောက်တောင်းဆိုခြင်းမပြုခဲ့ပါ။ ညနေခင်းတစ်ခေါက်ပြန်လာချိန်တွင်လည်း အဖိုးပြန်မရောက်သေးသဖြင့် အိမ်ထဲဝင်မရပြန်ပါ။
    သို့နှင့် ရက်ကွက်ရုံး၊ ရဲစခန်းသို့ သွားရောက်ပြီး အဖိုးဖြစ်သူကို မတရားတားဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့် တရားစွဲလေတော့သည်။ (အမှုစစ်ဆေးချက်တွင် ပေါ်ပေါက်သည်မှာ ထိုအချိန်တွင် တရားလိုမြေးဖြစ်သူက အရက်မူးနေပြီဖြစ်သည်။)

    တကယ်တော့ ဒီအမှုဟာ မိသားစုပြဿနာမျှသာ ဖြစ်ပါသည်။ ကြီးကျယ်သောအမှု မဟုတ်ပါ။ ရက်ကွက်ရုံးမှာတင် ပြီးသင့်သောပြဿနာပါ။ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးကလဲ အစပိုင်းမှာတော့ အမှုမဖွင့်ပေးပါဘူး။ (ဟုတ်တယ်လေ "ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ" ဆိုတာ ရဲစခန်းနဲ့ တရားရုံးတို့ရဲ့ဆောင်ပုဒ်ပဲ မဟုတ်လား။)

    ဒါနဲ့တရားလိုက မြို့နယ်ရဲမှူး (ထိုစဉ်က ဦးမောင်ဝင်း) ထံ ချဉ်းကပ်ပြီး အမှုဖွင့်ဖို့ မရ ရအောင် ကြိုးပမ်းတယ်။ "အဖိုးထောင်တစ်ရက်ပဲကျကျ ကျေနပ်တယ်" လို့ မြေးဖြစ်သူက ဆိုပါတယ်။ (ထိုဦးမောင်ဝင်းဆိုသူမှာလဲ မြို့နယ်ရဲမှူးမဖြစ်ခင်က ယာဉ်ထိန်းရဲမှုးဖြစ်ပြီး လာဘ်စားရာတွင် အလွန်နာမည်ကြီးသူတစ်ဦးဖြစ်သည်။ မိန်းမကိစ္စနှင့် ပတ်သက်ပြီးလဲ ရှူပ်ပွေသူတစ်ဦးဟု သိရသည်။ တောင်ကြီးမြို့တွင် သူ့အကြောင်းမသိသူ မရှိပေ။)

    ထိုမြို့နယ်ရဲမှူးမှတဆင့် ခရိုင်ရဲမှူး၊ ပြည်နယ်ရဲမှူးအထိ အဆင့်ဆင့်ချဉ်းကပ်ပြီး နောက်ဆုံးတော့ တရားရုံးကို ဒီအမှုတွဲကြီး ရောက်ရှိသွားပါသည်။ တရားလို ခွန်သီဟန်၏အပြောအရ ဒီအမှုတွဲကြီး တရားရုံးကိုရောက်ဖို့ ရက်ကွက်ဥက္ကဠ ဦးကျော်စိုးအောင်၊ ရက်ကွက် ရ-ယ-က အဖွဲ့ဝင် ဦးလှမြင့်၊
    အမှတ် (၁) စခန်းမှူး အမှုစစ် ဒုရဲအုပ်တင်မြင့်လွင်၊ မြို့နယ်ရဲမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ ပြည်နယ်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် (ယခု ပင်စင်)၊ မြို့နယ်တရားသူကြီး ဦးစောလွင် (ယခု ပြောင်းရွှေ့) အစရှိသည်တို့ကို လာဘ်ငွေများ အဆင့်ဆင့်ပေးသွားရသည်ဟု သိရသည်။ တရားလိုခွန်သီဟန်ကို နောက်ကွယ်ကနေ အခကြေးငွေယူပြီး အာဏာပါဝါနဲ့ ကူညီပံ့ပိုးပေးနေသူမှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင် ဟု ခွန်သီဟန်က ပြောသည်။

    နောက်ဆုံး မြို့နယ်တရားသူကြီးဦးစောလွင်က စွဲချက်တင်တဲ့အမိန့် ချလိုက်ပါသည်။ ဒါနဲ့ အဖိုးဖြစ်သူက ခရိုင်ရုံးကို ပြင်ဆင်မှု တက်ပါသည်။ ခရိုင်တရားသူကြီး ဦးခင်ထွန်းကိုလဲ တရားလိုခွန်သီဟန်က ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် လာဘ်ထိုးပြန်ပါသည်။ အဲဒီရှေ့နေဒေါ်ခင်သန့်ဇင်က ဘယ်သူ့ကို ဘယ်လောက်ပေး အစရှိသဖြင့် ခွန်သီဟန်ကို ညွှန်ကြားဆက်သွယ်ပေးတယ်လို့ သိရပါသည်။ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ၀ိတ်နဲ့ပေါင်းပြီး ခရိုင်တရားသူကြီး ဦးခင်ထွန်းကလည်း မြို့နယ်ရဲ့စွဲချက်ကို အတည်ပြုပြန်သည်။ အဲဒီနောက် မြို့နယ်တရားသူကြီးဦးစောလွင် နယ်ပြောင်းတော့ သူ့နေရာကို ဒေါ်အေးသန်း ရောက်လာပါသည်။ နောက် မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် ပင်စင်ယူပြီး သူ့နေရာကို ဦးတင်မြင့်ကို ရောက်လာပါသည်။ သူတို့ကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ရဲ့အဆက်အသွယ်နဲ့ လာဘ်ငွေပေးကမ်းပြန်ပါသည်။ နောက်ဆုံးတွင် မြို့နယ်တရားသူကြီးဒေါ်အေးသန်းက အဖိုးကို "ဒဏ်ငွေ ၅၀၀ ကျပ် ဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၇ ရက်ကျခံစေ" ဟု ၂၀-၁၂-၂၀၁၁ တွင် အမိန့်ချမှတ်လိုက်ပါသည်။

    ထိုသို့ အမိန့်ချမှတ်မှုမှာ ကျွန်တော့်စိတ်ထဲတွင် အလွန်ထူးဆန်းနေပါသည်။ အံ့လည်း အံ့သြမိပါသည်။ မရိုးသားမှုက အရမ်းကိုပေါ်လွင်နေသလားလို့ပါ။ အဖိုးကြီးက သူ့အိမ်နဲ့သူနေပြီး ပြစ်ဒဏ်ချခံရတယ်လို့။ (ထိုအိမ်၏ဂရမ်မှာ အဖိုးကြီးအမည်ပေါက်ဖြစ်ပြီး အဖိုးကြီးလင်မယားနှစ်ယောက် ရိုးသားစွာ ရှာဖွေစုဆောင်းထားသောငွေဖြင့် သားသမီးများမရခင်ကပင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။)

    အရမ်းကို ထူးဆန်းနေတာက အမှုက ဒီမှာတင်မပြီးသေးဘူးဗျ။ ရှေ့နေဒေါ်မေသန့်ဇင် ဦးစီးပြီး တရားလို ခွန်သီဟန်က သူ့အဖိုးကို ပြစ်ဒဏ်တိုးပေးဖို့ ပြည်နယ်ရုံးကို ပြင်ဆင်မှု ထပ်တက်လာပါတယ်။ ဒီပြင်ဆင်မှုကိုလက်ခံဖို့ ရှမ်းပြည်နယ်တရားရေးဦးစီးမှူးရုံးက ဦးစီးအရာရှိကို ငွေကျပ် ငါးသိန်းပေးရတယ်လို့ သိရပါတယ်။ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးကျော်ထူးဝင်းကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် ပေးရသေးတယ်လို့ သိရပါတယ်။ ပြည်နယ်ဥပဒေအရာရှိကလည်း မြက်မြက်ကလေး ရတာကတစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ဖိအားပေးမှုကြောင့်တစ်ကြောင်း "ဤပြင်ဆင်မှုအားလက်ခံပြီး ဥပဒေနှင့်အညီ သင့်လျော်သည့်ပြစ်ဒဏ် တိုးမြှင့်သတ်မှတ်သည့် အမိန့်တစ်ရပ်ကို ချမှတ်ပေးစေလိုကြောင်း" တင်ပြလျှောက်လဲပါသည်။

    ကျွန်တော့်စိတ်ထဲတွင် အတွန်တရာ အံ့သြမိပါသည်။ လာဘ်ငွေကိုမက်ပြီး အပြစ်မရှိသော ၈၂ နှစ် အရွယ် အဖိုးကြီးကို မိဘချင်းကိုယ်ချင်းမစာကာ ပြစ်ဒဏ်ချရက်သော တရားသူကြီး၏စိတ်ဓာတ်ကိုလည်း အလွန်ရွံရှာမိပါသည်။ လာဘ်ငွေဟာ အရမ်းကိုကြောက်စရာကောင်းပါလားဟုလည်း တွေးမိပါသည်။
    နောက်ဆုံးမှာတော့ ပြည်နယ်လွှတ်တော်တရားသူကြီး ဦးခင်မောင်ဋ္ဌေးက
    ခွန်သီဟန်၏ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားချက်ကို ၂-၄-၂၀၁၂ တွင် ပလပ်လိုက်ပါသည်။

    တကယ်တော့ အဖိုးကြီးကျူးလွန်ပါတယ် ဆိုတဲ့ပြစ်မှုဟာ နိုင်ငံတော်ပုန်ကန်မှုလဲမဟုတ်၊ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုလည်းမဟုတ်ပါပဲနှင့် ထောင်နှုတ်ခမ်းဝနှင့် သီသီလေးသာ လွတ်မြောက်ခဲ့ပါသည်။ ဘာမဟုတ်တဲ့ မိသားစုအမှုအရေးဟာ နေပြည်တော်ရုံးသို့ ရောက်လုနီးနီး ဖြစ်သွားခဲ့ပါသည်။

    အဖိုးကြီး၏ရှေ့နေ ရေးသားထားသော အပြီးသတ်လျှောက်လဲချက်မှာလဲ အလွန်ကောင်းမွန်ပါသည်။ ဖတ်ကြည့်ပါ။

    "မြန်မာ့လူမှုအဖွဲ့အစည်းတွင် ငယ်သူကကြီးသူအားလည်းကောင်း၊ တပည့်က ဆရာအားလည်းကောင်း၊ သားသမီးက မိဘအားလည်းကောင်း၊ မြေးက အဖိုးအဖွားအားလည်းကောင်း စကားဖြင့် မရိုမသေပြန်လှန်ပြောဆိုသည်ကိုပင် လက်မခံပါ။ မြေးက အဖိုးဖြစ်သူထောင်ကျသည်ကို မြင်လိုသည့် ဤသို့သော အမှုမျိုးမှာ မြန်မာ့လူ့ဘောင်တွင် ရှားပါးလှပါသည်။ သူ့အိမ်တွင်နေ၊ သူ့အရိပ်ကိုခို၊ သူ့ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသူက ကျေးဇူးရှင်ကိုထောင်ချပေးရန် တရားစီရင်ရေးယန္တရားကို တလွဲအသုံးချလာခြင်းသာဖြစ်သဖြင့် ၄င်း၏စွပ်စွဲချက်ကို လက်ခံအသိအမှတ်ပြုပြီး အသက် (၈၀) ကျော် အဖိုးဖြစ်သူအား အပြစ်ပေးပါက လူမှုရေးတရားမျှတမှု တိမ်းစောင်း၍ တရားစီရင်ရေးတွင် အမည်းစက်စွန်းထင်းဖွယ်ရာ ရှိနိုင်ပါကြောင်း ရိုးသားစွာ ရှု့မြင်သုံးသပ်တင်ပြအပ်ပါသည်။"

    အလွန်တန်ဖိုးရှိသော၊ အဓိပ္မါယ်ပြည့်ဝသော၊ လေးနက်သောဗုဒ္ဓတရားတော်နှင့်ကြည့်လျှင် အလွန်ပင်လက်ခံသင့်သော၊ ရှေ့နေများအထူးအတုယူသင့်သော လျှောက်လဲချက်ဖြစ်ပါသည်။

    သို့သော် တန်ဖိုးကြီးသောလျှောက်လဲချက်ကြီးသည် အောက်တန်းကျသောလာဘ်ပေးလာဘ်ယူကိစ္စကို မကျော်လွှားနိုင်ခဲ့ပါ။ တရားသူကြီးဟု ခေါ်တွင်သော ဒေါ်အေးသန်းသည် ဤလျှောက်လဲချက်ကို လျစ်လျူရှုပြီး အဖိုးကြီးကို ပြစ်ဒဏ်ပေးသည့်အမိန့်ကို စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့စွာ၊ ကိုယ်ချင်းစာတရားကင်းမဲ့စွာဖြင့် ဗုဒ္ဓတရားတော်ကိုဆန့်ကျင်ကာ မိုက်မိုက်မဲမဲချမှတ်လိုက်ပါသည်။

    ဒီပြစ်ဒဏ်အမိန့်ကြောင့် နောက်နောင်တွင် မိဘဘိုးဘွားများကို တရားစွဲဆိုမည့် သားသမီးမြေးမြစ်တွေ တိုးပွားလာဖို့သာရှိသည်ကို တရားသူကြီးများ၊ ဥပဒေအရာရှိများ အသိဥာဏ်ကြွယ်ဝမည်ဆိုလျှင် စဉ်းစားဆင်ခြင်ဖို့ကောင်းပါသည်။ လာဘ်ငွေတစ်ခုတည်းကိုသာ မကြည့်သင့်ပါ။ အဇာတသတ်လက်သစ်ဇာတ်လမ်းမှာ ဘာဖြစ်လို့များ ဒေ၀ဒတ်လက်သစ် ဖြစ်ချင်ရပါသလဲ။

    ဤဇာတ်လမ်းကို ကျွန်တော်ရေးသားရခြင်းမှာ မည်သူ့ကိုမျှ ထိခိုက်စေလို၍ ရေးသားခြင်းမဟုတ်ပါ။
    ယနေ့နိုင်ငံတော်က တိုက်ဖျက်နေသော အကျင့်ပျက်ချစားမှုကို တောင်ကြီးမြို့ရဲစခန်းနှင့် တရားရုံးများတွင် ရှိနေကြောင်း ဖွင့်ပြလို၍ဖြစ်ပါသည်။

    ဤစာတမ်းပါ အချက်အလက်များကို ကာယကံရှင်တရားလို၊ တရားခံများထံမှလည်းကောင်း၊ တရားရုံးဝန်းကျင်မှ ပြောပြဝေဖန်ချက်များမှလည်းကောင်း ရုံးစစ်ချက်စာရွက်စာတမ်းများကို ဖတ်ရှု၍လည်းကောင်း သိရှိရခြင်းဖြစ်ပါသည်။ လုပ်ကြံရေးသားခြင်း တစ်ခုမှ မပါဝင်ပါ။
    မြေးဖြစ်သူတရားလိုနှင့် ကိုယ်တိုင်တွေ့ပြီး ဘယ်သူ့ကို ဘယ်လောက်ပေးခဲ့ရတယ် ဆိုသည်ကို အကုန်သိရှိရပြီး ဖြစ်ပါသည်။

    မကြာမီမှာပင် မြေးဖြစ်သူတရားလိုက တစ်အိမ်တည်းနေ ကျေးဇူးရှင်အဖိုးကို ပြစ်ဒဏ်ကျအောင် ရဲစခန်းနှင့် တရားရုံးတို့တွင် မည်ကဲ့သို့ ကလဖန်ထိုးအကွက်ဆင်သည်ကို
    မိဘဘိုးဘွား သက်ကြီးရွယ်အိုများ သတိထားနိုင်စေရန်အတွက် ဆက်လက်၍ဖော်ပြပါအုံးမည်။
    ------------------

    ဤစောင်းပါးအား ဒေသခံတစ်ဦး၏ ရေးသားပေးပို့ချက်သာဖြစ်ပြီး တောင်ကြီးတိုင်းမ်၏ သဘောထားအမြင်မဟုတ်ပါ။

    January 28, 2013

    Autodesk 3D Max အသုံးပြုနည်း (မြန်မာလို)


    ကဲ 3D သမားများအတွက် Autodesk 3D Max အသုံးပြုနည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်။ 2D 3D စိတ်ဝင်စားသူများ ဖတ်ရှု့လေ့လာ နိုင်ပါတယ်။  လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ Download လုပ်တဲ့အခါ link တစ်ခုက မရရင် တစ်ခြားတစ်ခုကနေ Download လုပ်ပါ။ အားလုံးကို Download လုပ်ရမှာ မဟုတ်ပါဘူး။ အဲ့ထဲကနေ ကို Download လုပ်ရတာ အဆင်အပြေဆုံး တစ်ခုကို ရွေးပြီး Download လုပ်ပါ။

    Mediafire | Minus | Sharebeast | Filecloud

    ခမ်းပေါင်,စွုမ်; ပအိုဝ်းစွိုးခွို, လိုယွဲးညီ;လာ;ခံ;


    ခမ်းပေါင်,စွုမ်; ပအိုဝ်းစွိုးခွို, လိုယွဲးညီ;လာ;ခံ; ထွာနွောင်,ရေ, ပွယ်,အုံကွံ
(ပြည်ထောင်စုပအိုဝ်းအမျိုးသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မရှင် အစည်းအဝေးပွဲ)
======================================

ခမ်းပေါင်,စွုမ်; ပအိုဝ်းစွိုးခွို, လိုယွဲးညီ;လာ;ခံ; ထွာနွောင်,ရေ, ပွယ်,အုံကွံ
(ပြည်ထောင်စုပအိုဝ်းလူငယ်များ ညီလာခံ ကော်မရှင် အစည်းအဝေးပွဲ)
ကို ၁၃၇၄-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၂)ရက် (၂၈-၁-၂၀၁၃) တနင်္လာနေ့ နံနက်(၉)နာရီအချိန်တွင်  ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်း၌ ကျင်းပပြလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ် တောင်ပေါ်ဒေသ အပါအ၀င် မြေပြန့်ဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းမှ ညီအစ်ကိုမောင်နှမ ပအိုဝ်းလူငယ်များ (၃၆)ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ ဦးစွာ နယ်အသီးသီးမှ တက်ရောက်လာကြတဲ့ ပအိုဝ်းလူငယ်များ အသီးသီး ရင်းနှီးစွာ မိတ်ဆက်ကြပြီး၊ ထို့နောက် ပြည်ထောင်စုပအိုဝ်းအမျိုးသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မရှင်အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှဲ့ ညီလာခံကျင်းပရန် ကြိုတင်ပြင်ဆင်ရမည့် အချက်တွေကို အဓိကထားပြီး အပြန်အလှန် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ
 ဆွေးနွေးသွားကြတာကို တွေ့ရပါတယ်။ တာဝန်ခွဲဝေမှုအပိုင်းကိုတော့ နောက်နေ့ (၂၉-၁-၂၀၁၃)နေ့မှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ခွန်ခမ်းကူ (၂၈-၁-၂၀၁၃)
    ခမ်းပေါင်,စွုမ်; ပအိုဝ်းစွိုးခွို, လိုယွဲးညီ;လာ;ခံ; ထွာနွောင်,ရေ, ပွယ်,အုံကွံ
    (ပြည်ထောင်စုပအိုဝ်းအမျိုးသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မရှင် အစည်းအဝေးပွဲ)
    ======================================

    ခမ်းပေါင်,စွုမ်; ပအိုဝ်းစွိုးခွို, လိုယွဲးညီ;လာ;ခံ; ထွာနွောင်,ရေ, ပွယ်,အုံကွံ
    (ပြည်ထောင်စုပအိုဝ်းလူငယ်များ ညီလာခံ ကော်မရှင် အစည်းအဝေးပွဲ)
    ကို ၁၃၇၄-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၂)ရက် (၂၈-၁-၂၀၁၃) တနင်္လာနေ့ နံနက်(၉)နာရီအချိန်တွင် ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်း၌ ကျင်းပပြလုပ်ခဲ့သည်။

    ရှမ်းပြည်နယ် တောင်ပေါ်ဒေသ အပါအ၀င် မြေပြန့်ဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းမှ ညီအစ်ကိုမောင်နှမ ပအိုဝ်းလူငယ်များ (၃၆)ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    အစည်းအဝေးမှာ ဦးစွာ နယ်အသီးသီးမှ တက်ရောက်လာကြတဲ့ ပအိုဝ်းလူငယ်များ အသီးသီး ရင်းနှီးစွာ မိတ်ဆက်ကြပြီး၊ ထို့နောက် ပြည်ထောင်စုပအိုဝ်းအမျိုးသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မရှင်အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှဲ့ ညီလာခံကျင်းပရန် ကြိုတင်ပြင်ဆင်ရမည့် အချက်တွေကို အဓိကထားပြီး အပြန်အလှန် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ
    ဆွေးနွေးသွားကြတာကို တွေ့ရပါတယ်။ တာဝန်ခွဲဝေမှုအပိုင်းကိုတော့ နောက်နေ့ (၂၉-၁-၂၀၁၃)နေ့မှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

    ခွန်ခမ်းကူ (၂၈-၁-၂၀၁၃)

    January 20, 2013

    လိမ်ညာသော သမိုင်းတွေနဲ့ တိုင်းရင်းသားမဖြစ်နိုင်


    ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့လုပ်ရပ်တွေ၊ သမိုင်းလိမ်၊ သမိုင်းတုတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရဲ့ အကြီးမားဆုံးသော အဟန့်အတားတွေဖြစ်သလို နောက်ထပ်ပြဿနာတွေ ဖြစ်ပေါ်စေရေးကိုလည်း ဦးတည်နေပြန်တယ်။

    ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားပါတယ်လို့ လူကြားကားအောင် ပြောနေ ရေးနေကြပေမယ့် လက်တွေ့လုပ်ရပ်တွေဟာ တတိယအကြိမ်ပြဿနာဖြစ်ရေးကို လှုံ့ဆော်နေတာတွေရှိတယ်။ တဘက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ ပုံဖော်ခဲ့တဲ့ ဘာသာရေးပဋိပက္ခပုံစံမျိုး မဖြစ်ခဲ့မှုအပေါ်မှာ သူတို့ဖြစ်ချင်တဲ့ ဘာသာရေးပဋိပက္ခမျိုးဖြစ်အောင် လှုံ့ဆော်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြတယ်။ ဒါကို အမြော်အမြင်ရှိရှိ ရှောင်လွှဲနိုင်အောင် ကြိုးစားဖို့ လိုအပ်တယ်လို့မြင်တယ်။

    ရှေးခေတ် မွန်နိုင်ငံတော်မတည်မှီနဲ့ ရခိုင်နိုင်ငံတော်မဖြစ်ပေါ်ခင်က ဒီဒေသတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ တိုင်းပြည်ဖြစ်တယ်။ ရခိုင်ကျောက်စာတွေအပါအ၀င် ရှေးမြန်မာကျောက်စာတွေဟာ သက္ကတဘာသာနဲ့ ရေးထိုးခဲ့တဲ့အတွက် ဒီတိုင်းပြည်တွေရဲ့ မူလတိုင်းရင်းသားတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ တိုင်းပြည်ဖြစ်တယ် စသဖြင့် လှုံ့ဆော်ရေးသားခြင်းတွေဟာ မြန်မာတိုင်းရင်းသားတွေရဲ့ သမိုင်းတွေကို စော်ကားနေတယ်လို့ မြင်တယ်။

    ဒီစော်ကားမှုတွေကြောင့် ဒေါသအဖြစ်ပေါက်ကွဲစေပြီး မွတ်ဆလင်မှန်သမျှ ခြေမှုန်းရေးပုံစံမျိုးဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတာလို့ မြင်ပါတယ်။ အဓိကဖြစ်စေချင်တဲ့ ဘာသာရေးအဓိကရုဏ်းပုံစံမျိုးကို ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဘက်က လိုချင်တာပါ။ ရခိုင်အရေးအခင်းတုန်းက ဘာသာရေးပဋိပက္ခ၊ ဘာသာရေးအဓိကရုဏ်းဖြစ်ပါတယ်လို့ မွတ်ဆလင်ကမ္ဘာကို ချပြခဲ့ဖူးတဲ့ ဖြစ်စဉ်ဟာ ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။

    ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မြန်မာနိုင်ငံ တနံတလျားက မွတ်ဆလင်တွေအနေနဲ့လည်း ပြတ်သားစွာ ဆန့်ကျင်ဖို့လိုပါတယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေနဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်လိုရေးဟာ သူတို့ရဲ့ အလိုချင်ဆုံး၊ အလိုအပ်ဆုံး မဟာဗျူဟာ တရပ်ဖြစ်ပါတယ်။ ရခိုင်ပြည်အရေးအခင်းဖြစ်စဉ်က ရခိုင်ဗုဒ္ဓဘာသာတွေ အသက်ဆုံးရှုံးရခြင်းအတွက် ထိုင်း၊ တရုတ်၊ တိဘက်စတဲ့ နိုင်ငံတွေကို ဂယက်မရိုက်ခတ်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ သေကြေမှုကတော့ မွတ်ဆလင်ကမ္ဘာကို ကိုင်လှုပ်စေခဲ့တယ်။ နိုင်ငံတော်အလံမီးရှို့မှု အပါအ၀င် မြန်မာသံရုံးအချို့ကို အကြမ်းဖက်တဲ့အထိ ဖြစ်လာခဲ့တယ်။ OIC လိုအဖွဲ့ကိုလည်း ပြည်တွင်းဝင်ရောက်ရေးကို တွန်းအားပေးနိုင်တယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေနဲ့ ဘာသာရေးပဋိပက္ခဖြစ်ရေးကို မဟာဗျူဟာအရ လိုအပ်တယ်လို့ ထောက်ပြရခြင်း ဖြစ်တယ်။

    အင်္ဂလိပ်လို ရခိုင်ပြည်ကို ARNKAN လို့ ပြောဆိုရေးသားနေခြင်းမျိုးကိုလည်း ရိုဟင်ဂျာကို ပြောတာဖြစ်တယ်အထိ သမိုင်းလိမ်များကို ချပြရဲသလို တဘက်မှာလည်း ဘင်္ဂလီတွေဟာ ခိုးဝင်လာတာမဟုတ်ဘူး၊ ရိုဟင်ဂျာအမည်နဲ့ နှစ်ထောင်ချီပြီး နေထိုင်လာတဲ့ တိုင်းရင်းသား တွေဖြစ်တယ် စသဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံရဲ့ ဒေါသကို ဆွပေးနေခြင်းမျိုးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုခြင်းရှိပါတယ်ဆိုတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့စကားကို ချေဖျက်စေပါတယ်။ အဲဒီအပေါ်မှာဘဲ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းကို ဒီဘိတ်လုပ်ရန် စိန်ခေါ်မှုမျိုးအထိ ဆွပေးနေတာတွေကို မြင်နေရ ကြားနေရပါတယ်။

    ကြုံတုံး ဒီနေရာမှာ ပြောချင်တာက မိမိကိုယ်ကို ပညာရှင်ဖြစ်တယ်လို့ ယုံကြည်နေရင် ဒေါက်တာအေးချမ်းရဲ့ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းမဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူများဖြစ်တယ် ဆိုတာတွေကို ချေပချင်တယ်ဆိုရင် သုတေသနစာတမ်းတစောင်ပြုစုပြီး ကမ္ဘာ့ပညာရှင်တွေကို ဖိတ်ကြားကာ စာတမ်းဖတ်ကြားခြင်းဟာ အငြိမ်းချမ်းဆုံးဖြစ်ပါလိမ့်မယ်။ တဘက်မှာလည်း ဒေါက်တာအေးချမ်းအနေနဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မြန်မာတိုင်းရင်း သားတွေမဟုတ်ဘူး။ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူတွေဖြစ်တယ်ဆိုတာ ဆက်လက်ပြီး ကမ္ဘာကို ချပြရင်း မိမိတိုင်းပြည်နဲ့ မိမိလူမျိုးကို ကာကွယ်တဲ့ အလုပ်တွေကိုသာ ဆက်လက်ပြီး တစိုက်မတ်မတ်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

    ဆက်ရရင် မြန်မာနိုင်ငံတနံတလျားမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကို မြန်မာတိုင်းရင်းသားတွေအနေနဲ့ အမုန်းမပွားစေချင်ပါ။ ဒါပေမယ့် မြန်မာပြည် တနံတလျားမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေကို အမုန်းပွားအောင် ဒေါသတွေဖြစ်အောင် ဘယ်သူတွေ လုပ်နေကြတာလဲ ဆိုတာကို သိဖို့လိုအပ်တယ်။ အဲဒီအုပ်စုတွေကို မွတ်ဆလင်အင်အားစုတွေပါ ပြတ်သားစွာ ဆန့်ကျင်ဖို့ လိုတယ်လို့မြင်တယ်။

    ရှင်းရှင်းပြောရရင် ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ရိုဟင်ဂျာအမည်ခံချင်နေကြတဲ့ ခေတ်ပညာတတ် ဘင်္ဂလီလက်တဆုပ်စာ အင်အားစုတွေက ဖန်တီးနေတယ်ဆိုတာ မြင်ဖို့လိုတယ်။ ဒီလက်တဆုပ်စာ အင်အားစုတွေဟာ ဘာသာရေးပဋိပက္ခအဖြစ်မျိုးကို လိုချင်တယ်။ ဒီဘာသာရေးပဋိပက္ခကို အကြောင်းပြပြီး မွတ်ဆလင်ကမ္ဘာရဲ့ ပံ့ပိုးမှုနဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အစရှိတဲ့ နယ်မြေတွေကို ရိုဟင်ဂျာပြည်နယ်ဖြစ်ရေးကို ပုံဖော်ချင်တယ်။

    ၂၀၁၂ က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်းကို ပုံဖော်ခဲ့တာဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီ ခေတ်ပညာတတ် အင်အားစုတွေက ပုံဖော်ခဲ့တယ်ဆိုတာ မမေ့ဖို့ လိုအပ်တယ်။ အဲဒီအရေးအခင်းကို မြန်မာတပြည်လုံးပြန်နှံ့ရေးအထိ လှုံ့ဆော်နိုင်ခဲ့သလို မွတ်ဆလင်ကမ္ဘာကိုလည်း ဘာသာရေး ပဋိပက္ခအသွင် ဖြစ်သယောင် လိမ်ညာခဲ့တယ်။ ဒီလုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်အပေါ်မှာ ရိုးသားမှုမရှိခြင်းကို ဖော်ညွန်းနေသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုခြင်း မရှိဘူးဆိုတာကိုလည်း သက်သေပြနေတယ်။ ကရင်ပြည်နယ်ထဲမှာ မွတ်ဆလင်တွေနဲ့ စီးပွားရေးအရ မဆက်ဆံရေးလုပ်ဆောင်ချက်တွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာရသလို မွတ်ဆလင်အားလုံးကို အမုန်းပွားလာရခြင်းဟာလည်း ဒီအင်အားစုတွေကြောင့် ဖြစ်တယ်။

    ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် လက်တဆုပ်စာ ခေတ်ပညာတတ် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအင်အားစုကို ပြတ်သားစွာ ဆန့်ကျင်ဖို့ လိုပါလိမ့်မယ်။ နောက်တချက်က ဒီအင်အားစုတွေဟာ မွတ်ဆလင်ကမ္ဘာနဲ့ရော မြန်မာနိုင်ငံလွှတ်တော်တွင်းမှာပါ ကွန်ယက်တွေကို စနစ်တကျ တည်ဆောက်ထားပြီးဖြစ်တဲ့အတွက် လက်ရှိအစိုးရရော၊ အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးပါ သတိထားဖို့ လိုအပ်တယ်ဆိုတာ အတိအလင်း ပြောချင်တယ်။

    ရခိုင်ပြည်ရဲ့သမိုင်းကြောင်းတွေအရ (၁) မင်းစောမွန်ခေတ် မွတ်ဆလင်များ၊ (၂) မင်းဗာကြီးခေတ် စစ်နိုင်ဘုရင်များ ဖမ်းဆီးယူလာတဲ့ စစ်သုံ့ပန်း မွတ်ဆလင်များ၊ (၃) သျှာသျှူများ နောက်လိုက် လေးသည် ကမန်များကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရမယ်ဆိုပေမယ့် ဗြိတိသျှခေတ်မှာ မောင်တော၊ ဘူးသီးတောင်မှတဆင့် တံခါးမရှိ၊ ဓါးမရှိ ၀င်ရောက်အခြေစိုက်နေထိုင်လာခဲ့တဲ့ ဘင်္ဂါလီများကို မြန်မာနိုင်ငံအစိုးရပြဌာန်းထားတဲ့ တရားဥပဒေနဲ့အညီ စိစစ်ပြီးမှ မြန်မာနိုင်ငံသား ဖြစ်ရေး မဖြစ်ရေးကို စိစစ်ရပါလိမ့်မယ်။

    နောက်တချက် - (၁) လွတ်လပ်ရေးခေတ်မှာ မသာမှု နည်းမျိုးစုံနဲ့ ခိုးဝင်လာကြတဲ့ ဘင်္ဂါလီများ၊ (၂) ဟင်္သာစီမံချက်မှာ အပိုဝင်ရောက်လာသူများနဲ့ ယင်းကာလမှ ယနေ့အချိန်ထိ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလီများအဖြစ် သတ်မှတ်ရပါလိမ့်မယ်။

    နောက်ဆုံးပြောချင်တာက တကယ်တမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတယ်ဆိုရင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားဖြစ်ရေးမူနဲ့အတူ လိမ်ညာထားတဲ့သမိုင်းတွေကို စွန့်လွှတ်ဖို့လိုသလို အခိုင်အမာရှိနေတဲ့ မြန်မာ့သမိုင်းအုတ်နံရံကြီးကိုလည်း ခေါင်းနဲ့မတိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ဆိုသည်ကို ဟုတ်တယ်စသည်ဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ ၀င်တိုက်လို့ကတော့ အကျိုးဆက်အနေနဲ့ မြန်မာတိုင်းရင်းသားအဖြစ် နိုင်ငံတော်ဥပဒေမှာ တရားဝင်ပြဌာန်းခြင်းမရှိသည့်အပြင် အမုန်းပွားအောင်၊ ဒေါသဖြစ်အောင်၊ ပြဿနာဖြစ်အောင် လှုံ့ဆော်နေသလိုသာ ဖြစ်ပါလိမ့်မယ်။ ။

    ခိုင်လင်း(မေဃ၀တီ)
    ဇန္န၀ါရီ (၂၀) ၂၀၁၃၊ နံနက် ၁၂း၅၄

    January 15, 2013

    (၈)ကြိမ်မြောက်ဆူရင်အပြည်ပြည်ဆိုင်ရာရိုးရာယဉ်ကျေးမူ့ ပွဲတော်တွင်ပါ

    (၈)ကြိမ်မြောက်ဆူရင်အပြည်ပြည်ဆိုင်ရာရိုးရာယဉ်ကျေးမူ့ ပွဲတော်တွင်ပါဝင်ဖြေဖျော်ကပြမည့်ပအိုဝ်းယဉ်ကျေးမူ့အကအဖွဲ့ ထိုင်းနိုင်ငံ အြ့ပည်ပြည်ဆိုင်ရာ SUWONNABUMI AIRPORT သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံရောက်ပအိုဝ်းအဖွဲ့မှ ကြိုဆိုစဉ်ပုံရိပ်များ






















    January 14, 2013

    ကြက်သွန်ဈေးနိမ့်ကျလို့ ကြက်သွန်စိုက်တောင်သူ ပအိုဝ်းများ အတိဒုက္ခရောက်

      ခွန်ထီးခမ်း
    တောင်ကြီး (တောင်ကြီးတိုင်းမ်)။ ။ ယခုနှစ် ၂၀၁၂ ခုနှစ်တွင် ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးတဲ့ ပအိုဝ်းတောင်သူလယ်သမားများမှာ ကြက်သွန် ဈေးနှုန်းမရှိသည့်အတွက် ၂၀၀၇ ခုနှစ်က ကြုံတွေ့ခဲ့ရသည့်အတိုင်း မိမိတို့ကြက်သွန်ကို သွန်ပစ်ရတော့မည့်အလားအလာသို့ ရောက်ရှိနေပါသည်။


    ရှမ်းပြည်တောင်ပိုင်းတွင် တောင်သူလယ်သမားအများစုသည် ပဲပုတ်စိုက်ပြီး ကြက်သွန်ဖြူကို အဓိက စိုက်ပျိုးကြသည်။ လယ်စပါးစိုက်ခင်း ရိတ်သိမ်းပြီးသည့်နောက် အချိန်မှီ မြေထွန်ပြီး ကြက်သွန်ဖြူကို စိုက်ပျိုးကြသည်။

    ကြက်သွန်ဖြူကို အောက်တိုဘာလ နှင့် နိုဝင်ဘာလကြားတွင် အများဆုံး စိုက်ပျိုးကြပြီး၊ လယ်စပါးများ ရိတ်သိမ်းပြီးမှ စိုက်သူများကမူ အနည်းငယ် နောက်ကျ၍ စိုက်ပျိုးလျှက်ရှိသည်။

    တောင်သူလယ်သမားများ ကြက်သွန်ဖြူစိုက်ပျိုးရန် မြေသြဇာစရိတ် မြေပြင်စရိတ်၊ ကောက်ရိုးခ နှင့် စိုက်ပျိုးစရိတ်များမှာ နှစ်အစတွင်ပင် ကုန်ကျစရိတ်များသည်ဟု သိရသည်။

    တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စု၊ လဲင်းငေါက်ကျေးရွာနေ ဦးထွန်းမောင်က “ဦလေးက ကြက်သွန်းမျိုး ပိဿာချိန်တစ်ရာစိုက်ထားတာ ခုမှနှစ်လပဲရှိသေးတာ ကုန်ကျစရိတ်က ကျပ်တစ်သိန်းခွဲလောက်ရှိနေပြီ။ ဒါတောင် ပိုးသတ်ဆေး၊ ပေါင်းရှင်းခ၊ နေ့စားခတွေ ကြက်သွန်မပေါ်ခင်ထိ ဘယ်လောက်ထပ်ကုန်အုံးမလဲ မသိဘူး” ဟု သူကပြောသည်။

    “ကြက်သွန်ကိုပဲ စိုက်ရတာ ကုန်ကျစရိတ်တော့ ကုန်သလောက်ကုန်နေပြီ၊ ပေါ်ချိန်တော့ ဘယ်လောက်ဈေးနဲ့ ရမယ်ဆိုလည်း မသိဘူး။ တစ်ချို့ဆို မစိုက်ရဲကြတော့ဘူး” ၊ လဲုင်းငေါက်ကျေးရွာမှ တောင်ကြီးမြို့နယ် ပုံးစင်ကျေးရွာနေ ဦးမြင့်အောင်က ပြောပါသည်။

    အချို့နှစ်များတွင် ငွေရေးကြေးရေးအခက်အခဲကြောင့် ကြက်သွန်များကို စိုက်ပျိုးဖို့ မျိုးပင်များ ချန်မထားနိုင်ပဲ အကုန်ရောင်းထုတ်ရသည့် နှစ်များလည်း ရှိသည်။ စိုက်ပျိုးချိန်တွင် မျိုးကို ဈေးကြီးပေးဝယ်ရပြီး ကြက်သွန်ဖြူ ပေါ်ချိန်ရောက်တော့ ဈေးနှုန်းမရှိသောကြောင့် ကြက်သွန်ဖြူတောင်သူလယ်သမားများ စားဝတ်နေရေး လွန်စွာကျပ်သည်းနေကြောင်း သိရသည်။

    “ကြက်သွန်က သွန်ပစ်ရလောက်အောင် ဈေးမရှိဘူး” ဟု ထီဟန်ဆွေးကျေးရွာနေ အသက်ငါးဆယ်ခန့် အဒေါ်တစ်ဦးက ဆိုသည်။

    ထီဟန်ဆွေးကျေးရွာမှ တောင်ကြီးမြို့ကို ကြက်သွန်တက်ရောင်းပါက ကားခကို ကြက်သွန်တစ်ပိဿာ ၄၀ ကျပ် ကုန်ကျနေပြီး၊ ကြက်သွန်ဖြူတစ်ပိဿာမှ ၅၀ ကျပ်ဈေးပဲ ရတဲ့အတွက် ကားခနုတ်ပြီး မိမိအတွက် ၁၀ ကျပ်သာ ကျန်ပါတော့သည်။ ဒါ့အပြင် လုပ်အားခ၊ အရင်းအနှီးကုန်ကျစရိတ်ပင် မနုတ်သေးပဲ တောင်သူများ အထိနာလျှက်ရှိသည်ဟု သိရသည်။

    “ဒီိလိုသာ သုံးနှစ်လောက် ဆက်တိုက်ဖြစ်ရင်တော့ ကျနော်တို့ ထမင်းငတ်နိုင်တယ်” ဟု စိတ်မချမ်းမသာစွာဖြင့် ထီဟန်ဆွေးကျေးရွာမှ ခွန်စောဖြူက ပြောသည်။

    ကြက်သွန်ဖြူ အထူး ၁ ကို ၁၀၀ ကျပ်၊ ထူး ၂ ကို ၁၅၀ ကျပ်၊ ထူး ၃ ကို ၂၀၀ ကျပ် နှင့် ထူး ၄ ကို ၄၀၀ ကျပ်နှုန်းသာ ရရှိသည်။ သို့သော်လည်း ထူး ၄ အမျိုးအစား အထွက်နှုန်းက နည်းသည်။ အမျိုးက ပိဿာချိန် ၁၀၀ ရင်းထားပါက ကောင်းလျှင် ပိဿာချိန်ရှစ်ရာခန့် ထွက်ရှိပြီး၊ တော်ရုံဆိုလျှင် ပိဿာချိန်ခြောက်ရာလောက်သာ ထွက်နိုင်ကြောင်း သိရသည်။

    “အဖွားတို့ရွာက ရေခြား (ရှားပါး) တော့ ရေလောင်းနိုင်ဖို့ မနက်အစော သုံးနာရီခန့် ခြံထဲကိုဆင်းရပြီ” ဟု ထီဟန်ဆွေးကျေးရွာမှ အဖွားတစ်ဦးက ဆိုသည်။



    ကြသွန်ဖြူဟာ ငါးလခန့် သက်တမ်းရှည်ပြီး၊ အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် ရေလောင်းပေး ရသည်။ ကျေးရွာအများစုသည် ရေအခက်အခဲရှိသောကြောင့် အလည့်ကျရေရက်သတ်မှတ်ပြီး ရေလောင်းကြ ရသည်။ ကြက်သွန်ရေလောင်းနိုင်ဖို့ ရေများအလုအယှက်ဖြစ်ရာမှ တစ်ရွာသားခြင်း စကားများရလည်း ရှိသည်

    ဆိုက်ခေါင်ကျေးရွာ မြေကွက်အရှုပ်တော်ပုံကို မြေပိုင်ရှင်က တရားရုံးကိစ္စများနှင့် စရိတ်များစွာကုန်ကျနေ

    ခွန်ထီးခမ်း
    တောင်ကြီး။   ။ ၁၉၉၇ ခုနှစ်တွင် ဦးချစ်လယ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုမှ တပ်စခန်းများ တည်ဆောက်ဖို့ အတွက်ဆိုပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ အနောက်ဘက်ရှိ ခြံပိုင်ရှင် (၁၁) ဦးပိုင်မြေကွက်များကို သိမ်းဆည်းခဲ့သည်။

    မြေကွက်များကို တပ်စခန်းမတည်ပဲ မြေယာ ၇၅ ပေပတ်လည်တစ်ကွက်ကို ၂၆၀ ကွက်ရိုက်ကာ မြေသိမ်းသည့်သူများက ရောင်းစားရာမှ မြေပိုင်ရှင်များက လက်မခံသောကြောင့် မြေအရှုပ်အထွေး ၄ နှစ်ခန့် ရှိပြီဟု သိရသည်။

    “အမျိုးသားရေးအတွက် တပ်စခန်းတည်ဖို့ဆိုတော့ လက်ခံခဲ့ပါတယ်။ နောက်မှ ဦးလေးတို့က သူတို့တွေ မြေသိမ်းစ ကတည်းက မြေဦးစီး လက်မှတ်မပါတဲ့ မြေဂရမ်ကိုလုပ်ပြီး အကွက်လိုက်ရောင်းချတာ သိတော့ မပေးနိုင်တော့ဘူး” ဟု ဦးခေတ်က ပြောသည်။

    မြေကွက်များကို သိမ်းဆည်းထားသော်လည်း မူလပိုင်ရှင်များက နှစ်စဉ်ရာသီ သီးနှံများကို စိုက်ပျိုးနိုင်ကြသည်။ လွန်ခဲ့သော ၂၀၀၈ ခုနှစ်လောက်မှစပြီး မြေကွက်ထဲတွင် မြေသိမ်းသူများထံမှ ထပ်ဆင့်ဝယ်သူအများက အိမ်ကွက်ငုတ်တိုင် စစိုက်လာကြသည်။

    “ရယကများက သူတို့တွေကြီးပဲ အစည်းအဝေးလုပ်ပြီးတော့ မြေသိမ်းဆည်းထားတဲ့ လူတွေထံမှာ မြေ၀ယ်တဲ့ သူများအတွက် အိမ်ကွက်ရိုက်ပြီးတော့ ပေးအပ်တော့မယ်။ ဒီလိုပဲ တစ်ဖက်သတ် ဆုံးဖြတ်ချက်ချတာတော့ လက်မခံဘူး” ဟု မြေပိုင်ရှင် ခွန်မောင်ငွေ ကပြောသည်။

    မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးခေတ်က အဘဦးအောင်ခမ်းထီကို မြေကိစ္စဖြေရှင်းပေးဖို့ သွားခဲ့တယ်။ အဘကတော့ “မိမိတို့ ပိုင်တဲ့မြေကို ပြန်လည်လုပ်ကိုင်ကြပါ” ဟု စာနှင့်တကွ PNO ဗဟိုရုံးတံဆိပ်များဖြင့် ရေးပေးခဲ့ပြီးပြီဟု သိရသည်။

    သို့သော် ဦးအောင်ခမ်းထီ၏ တရားဝင်လက်မှတ်၊ ရုံးတံဆိပ်ဖြင့် မူလမြေပိုင်ရှင် ပြန်လည်စိုက်ပျိုးနိုင်ရန် ရေးပေးလိုက်သည့်စာကို ဆိုက်ခေါင် ရယကနှင့် PNO တာဝန်ရှိသူများ လက်ခံရရှိသော်လည်း ဗိုလ်မှူးဦးခွန်မြင့်အောင်နှင့် ဗိုလ်မှူးသိန်းဖေတို့က မြေဂရမ် (မြေစာရင်း ဦးစီးမှူးလက်မတ်ပါ) ရှိတဲ့ မြေ၀ယ်ထားသူ ၅၇ ဦးကို မြေကွက်ပေးရန် ဆိုက်ခေါင်တွင် မြေပိုင်ရှင်များအစည်းအဝေးခေါ်ကာ ဆုံးဖြတ်ချက်ချပေးသည်ဟု သိရသည်။

    ဦးအောင်ခမ်းထီ၏ စာထဲတွင် PNO နာမည်ခံပြီး မိမိကိုယ်ကျိုးအတွက် ရောင်းစားခြင်းကိစ္စတွင် မိမိမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ တစ်ယောက်တည်းအနေဖြင့် သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကော်မတီ အနေဖြင့်သော်လည်းကောင်း လုံးဝမသိရှိခဲ့ပါကြောင်း၊ ကိုယ်ကျိုးအတွက် မြေကွက်ဖော်ထုတ် ရောင်းချခြင်းအမှုကို ပြုလုပ်သူ၏ တာဝန်သာဖြစ်ကြောင်း ပါရှိသည်။ 
    ထို့အပြင် ခြံယာမြေများကို P.N.O အနေဖြင့် သိမ်းယူထားခြင်း မဟုတ်ကြောင်းကို အဘ ဦးအောင်ခမ်းထီ သက်ရှိထင်ရှားရှိနေသဖြင့် သက်သေခံအဖြစ် လာရောက်မေးမြန်းနိုင်ကြောင်းလည်း ပါရှိသည်။
    မိမိတို့မှလည်း မြေကိစ္စကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥက္ကဋ္ဌ ဦးခွန်စံလွင်တို့ထံ အကြောင်းစုံတင်ပြရန် တိုက်တွန်းထားသေးသည်။

    ထို့အပြင် မူလမြေပိုင်ရှင်က မိမိမြေကွက်တွင် စိုက်ပျိုးလုပ်ကိုင်သူ ဦးခေတ် နှင့် ထပ်ဆင့်ဝယ်သူ မအေး၏ တရာစွဲခံရခြင်းအတွက် ဆီဆိုင်မြို့ရုံးတက်စရိတ် နှင့် ရှေ့နေငှါးခအတွက် ငွေကြေးကုန်ကျမှု များနေသည် ဟု သိရသည်။

    “မနက်ဖြန်လည်း ဆီဆိုင်ရုံးချိန်းရှိတယ်၊ အဲတာလည်း သွားရတော့မယ်၊ ပိုက်ဆံတော်တော်တော့ ကုန်နေပြီ” ဟု မြေယာကျူးကျော်မှုဖြင့် တရားစွဲခံရသူ ဦးခေတ်ကပြောသည်။

    မြေပိုင်ရှင်များက မိရိုးဖလာတောင်ယာလုပ်ငန်းကို ပြောင်း၊ ပဲစင်းငုံ၊ ပန်းနှမ်း၊ မပဲနှင့် တောင်ယာစပါးများကို စိုက်ပျိုးကြသည်။ မြေပိုင်ရှင်များထဲတွင် ဆိုက်ခေါင်ဒေသခံများရှိသလို ၁၉၄၀ ခုနှစ် နိုင်ငံတော်စစ်အစိုးရမှ ဖြတ်လေးဖြတ်ကာလတွင် ဗမာစစ်တပ်က ထီပဉ်ကျေးရွာမီးရှို့ပြီး ဘ၀လုံခြုံမှု မရှိသောကြောင့် ဆိုက်ခေါင်ကျေးရွာကို ပြောင်းရွေ့လာပြီး တောင်ယာကွက်များကို ၀ယ်ကာ နေထိုင်ကြသူများလည်း ပါသည်။

    မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းစာသင်ကျောင်းနှင့် ထိုင်းလူထုအကျိုးပြု အလှူငွေများပေးအပ်

    ခွန်စိမ်းမောင်(တောင်ကြီး)၊
    ဖန်ငါခရိုင်၊ တကိုထုန်းမြို့နယ်၊ ခုတ်ကလွယ်ရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ တစ်ရာကျော် စာသင်နေတဲ့ ဆောက်လုပ်ဆဲအခြေခံပညာမူလတန်း ၀ပ်ထာနွန်စာသင်ကျောင်းအတွက် ၀ပ်ထာနွန်ကျောင်းထိုင် ဆရာတော်မှတဆင့် ကျောင်းအုပ်ဆရာကြီးအား စာသင်ကျောင်း တည်ဆောက်ရေး မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းအလှူငွေ ဘတ် (၂၀၀၀၀၀) နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။


    ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆောက်လုပ်ဆဲ မူလတန်းကျောင်းအတွက် ကျောင်းအုပ်ကြီးအား
    အလှူငွေ ဘတ် (၂၀၀၀၀၀) နှစ်သိန်းကို ပေးအပ်လှူဒါန်းစဉ်။ (ဓာတ်ပုံ ၊ ကျော်စွာဝင်း)

    "ဟုတ်ကဲ့ ကျနော်တို့ ဖန်ငါခရိုင်မှာ ကျင်းပတဲ့ အခုတရားပွဲကတော့ ပထမဆုံးတစ်ကြိမ်ပဲ ဖြစ်ပါတယ်။ သွားရေးလာရေးနဲ့လုံခြုံရေးမှာ အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်မိပါတယ်။ နောက်ဆိုရင်လည်း မြန်မာနိုင်ငံက ဓမ္မကထိက ဆရာတော်ကြီးများ ပင့်ဖိတ်ပြီး တရားပွဲကျင်းပဖို့ ဆက်ပြီးကြိုးစားသွားမယ်" ဟု တရားပွဲ အလှူရှင်တစ်ဦးက တောင်ကြီးတိုင်းမ် ကို ပြောသွားပါတယ်။

    တရားပွဲ ကျင်းပစဉ်အတွင်းမှာ ကား၊ ဆိုင်ကယ် ယာဉ်သွားလာမှု လုံခြုံရေးအတွက်၊ လာရောက် ကုသိုလ်ယူ ကူညီပေးတဲ့ (အော်ပေါဖေါ်ရော်) ထိုင်းအဖွဲ့ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ခရီးသွားလာရေးမှာ အဆင်ပြေစွာ အကျိုးဆောင်ပေးတဲ့ ခုတ်ကလွယ်ရဲစခန်းမှ ရဲမှူးကြီးကိုလည်း နှစ်သစ်လက်ဆောင် ပေးအပ်ခဲ့ကြောင်း တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

    အဆိုပါတရားပွဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆၊ ၂၀၁၂ ခုနှစ်မှာ ဖန်ငါခရိုင်၊ တကိုထုန်းမြို့နယ် ၊ ခုတ်ကလွယ်ရပ်ကွက်၊ ၀ပ်ထာနွန် တောရဘုန်းကြီးကျောင်းတွင် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) အထူးတရားပွဲကြီးကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ တစ်သောင်းကျော် လာရောက် မှတ်သားနာယူပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။


    တရားပွဲကျင်းပပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားမှ ခုတ်ကလွယ်မြို့နယ် ရဲမှုးကြီးအား
    နှစ်သစ်လက်ဆောင် ပေးအပ်စဉ်။ (ဓာတ်ပုံ ၊ ကျော်စွာဝင်း)


    ထိုင်း-မြန်မာ ချစ်ကြည်ရေး လူထုအကျိုးပြု သက်ကြီးရွယ်အို
    ကျန်းမာရေးဂေဟာ အတွက် အလှူငွေ ပေးအပ်စဉ်။ (ဓာတ်ပုံ ၊ သားကြီး)

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆၅) မြောက် လွတ်လပ်ရေးနေ့ကို ဟိုပုံးမြို့ရှိ နောင်တောင်းပရိဟိတကျောင်းတွင် ကျင်းပ


    ခွန်စိမ်းမောင် (တောင်ကြီး)
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတကျောင်းတိုက်၌ ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။ 


    နောင်တောင်းပရဟိတကျောင်းထိုင် ကျောင်းသူများ ဖျော်ဖြေကပြစဉ်။
    (ဓာတ်ပုံ- နောင်တောင်းပရဟိတကျောင်း)

    ထိုအခမ်းအနားသို့ ဟိုပုံးမြို့ပအိုဝ်းတိုင်းရင်းသားများနှင့် မိဘပြည်သူများနှင့် တိုင်းရင်းသားပေါင်းစုံ ကျောင်းသားကျောင်းသူများ အစရှိသဖြင့် တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် နောင်တောင်း ပရဟိတကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

    “လွတ်လပ်ရေးနေ့မှာ ကျောက်တစ်လုံးလမ်းနှင့် ဟိုပုံးမြို့လမ်းတလျှောက်လုံးမှာ စည်းလုံးညီညွတ်စွာ ပအိုဝ်းတိုင်းရင်းသားရိုးရာဝတ်စုံနဲ့ သွားလာနေကြတာကို တွေ့ခဲ့ရပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံများနဲ့ ထပ်တူ (၆၅) နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ တိုင်းရင်းသာတွေအားလုံး တန်းတူညီမျှ ငြိမ်းချမ်းရေးအတွက် အခွင့်အရေးများကို ဖော်ဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်”


    နောင်တောင်းပရဟိတကျောင်းထိုင် ဆရာတော်အရှင်ရာဇိန္ဒ မှ
    အဖွင့်အမှာစကားပြောကြားခဲ့စဉ်။ (ဓာတ်ပုံ- နောင်တောင်းပရဟိတကျောင်း)

    ထို့အတူပင် မြန်မာနိုင်ငံသည် ဌာနေတိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်ကို အမြဲတမ်း အောက်မေ့ရမည်ဖြစ်ပြီး၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော ပဋိပက္ခများကို ဖြေရှင်းရာ၌ မတူသော အတွေးခေါ်များအား အပြန် အလှန်လေးစားရန် လိုအပ်ကြောင်းကိုလည်း လွတ်လပ်ရေးနေ့ပွဲအခန်းအနားသို့ တက်ရောက်လာတဲ့ ပအိုဝ်းလူငယ်တစ်ဦးက ဆိုပါသည်။

    အောင်ပန်းမြို့ အောင်ချမ်းသာစာသင်တိုက်၌ သာသနဟိတကာရီ သုံးထပ်ကျောင်းဆောင်ကြီး ရေစက်ချပွဲ ကျင်းပ

    ခွန်စိမ်းမောင် (တောင်ကြီး)
    ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်၌ ၁၃၇၄ ခုနှစ်၊ နတ်တော်လ ကွယ် (လဆုတ် ၁၄ ရက်) (၁၁၊ ၁၊ ၂၀၁၃) သောကြာနေ့တွင် စာသင်တိုက်အတွင်းရှိ သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချအလှူပွဲတစ်ရပ်ကို ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
     

    သတင်းဓာတ်ပုံ ခွန်ခမ်းကူ

    ကျောင်းအလှူရှင်မှာ အောင်ပန်းမြို့က (ရွှေပြည်ညွှန့်ပွဲရုံ) ပိုင်ရှင်များဖြစ်ကြတဲ့ ပွဲစားကြီး ဖြားစင်,ဖါညွှန့် + စင်,မွိုးလွဉ်း (ဒေါ်စန်းရီ) တို့နဲ့ သားသမီးမြေး မိသားစုတွေပဲ ဖြစ်ပါတယ်။ ကျောင်းတော်ဆောက်လုပ်ရာမှာ ကုန်ကျတန်ဖိုး ကျပ်ငွေသိန်း (၂၀၀၀) ကျော်ခန့် ကုန်ကျတယ်လို့ သိရပါတယ်။

    “သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချ အလှူပွဲမှာ လာရောက်ကြတဲ့ ဒေသခံ ပအိုဝ်း၊ ဓနု၊ ပလောင်၊ တောင်ရိုး၊ ဗမာ၊ ရှမ်းတိုင်းရင်းသားအစုံပါပဲ။ အများဆုံးကတော့ နက်ပြာရောင်ရိုးရာဝတ်စုံ ရောင်စုံခေါင်းပေါင်း ပုဝါတွေ ဆင်မြန်းထားကြတဲ့ ပအိုဝ်းတိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ အင်မတန် ခန်းနားထည်ဝါတဲ့ ကျောင်းရေစက်ချပွဲလို့ ဆိုရမမယ်” ဟု ဒေသခံတစ်ယောက်က ပြောသွားပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်ဟာ ပအိုဝ်းစာသင် တိုက်ဖြစ်ပြီး နှစ်စဉ်သောတုဇန စာချ စာသင် ၀ါဆိုသံဃာတော် (၂၅၀) ကျော် သတင်းသုံးနေထိုင် လျက်ရှိကြောင်းလည်း သိရပါတယ်။ ကျောင်းထိုင်ဆရာတော်က ဦးပညာဝံသ (ဇာတိ- မင်းသောင်းရွာ၊ နောင်တရားနယ်) ကဖြစ်ပြီး၊ တိုက်အုပ်ဆရာတော်ကတော့ ဦးနာဂသေန (ဇာတိ- လျဲမ်မွူးတန်ရွာ၊ ပင်လောင်းနယ်)က ဖြစ်ပါတယ်။


    သတင်းဓာတ်ပုံ ခွန်ခမ်းကူ

    အောင်ချမ်းသာစာသင်တိုက်မှာ နှစ်စဉ် အခြေုပြု၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်းနှင့်အတူ ပထမပြန်စာမေးပွဲနဲ့ နိုင်ငံတော်ကျင်းပသည့် စာမေးပွဲတွေမှာ အောင်ချက်ကောင်းသော စာသင်တိုက် ဖြစ်ကြောင်းလည်း သိရပါတယ်။

    သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချပွဲကြီးမှာ ကျောင်းပေါင်း (၂၁) ကျောင်း ပင့်ဖိတ်ပြီး အဂ္ဂမဟာပဏ္ဍိတ တိပိဋက ရေစကြိုဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသ အရှင်သူမြတ်မှ တရားအနုမောဒနာနဲ့ ရေစက်ချဂါထာ ချီးမြင့်ပေးပြီး ကျောင်းဒါယကာ အလှူရှင် မိသားစုများနဲ့ အတူတကွ သာဓုခေါ် ကြည်ညိုနိုင်အောင် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

    ရွှေ့ပြောင်းအလုပ်သမားများအတွက် အခမဲ့ ထိုင်း အင်္ဂလိပ် နှင့် ကွန်ပျုတာ သင်တန်းကျောင်း ဘန်ကောက်မှာ စတင်ဖွင့်လှစ်


    ခွန်စိမ်းမောင် (တောင်ကြီး)

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာပြည်ကလာတဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ကွန်ပျုတာပညာရေးဆိုင်ရာ အခမဲ့သင်တန်းကျောင်းကို ဒီနေ့ (၁၃-၁-၂၀၁၃ ) ခုနှစ် ဘန်ကောက်မြို့ ဘန်ကပိ (ဟက်ပီးလဲန်) ရပ်ကွက်မှာ စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိပါတယ်။



    “ကျနော်တို့ သင်တန်းကျောင်းလေးမှာ အထူးသဖြင့် ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ကွန်ပျုတာ ပညာတွေကို ဘန်ကောက်မြို့အေပက် (Assumption University)၊ မဟာချုလာလောင်ကွန် ရာဇ၀ိဒယလိုင်တက္ကသိုလ်တွေမှာ ကျောင်းတက်နေတဲ့ ပအိုဝ်းဦးဇင်းလေးတွေက အားလပ်တဲ့ အချိန်လေးမှာ စေတနာဖြင့် သင်ကြားပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ခွန်စိုင်းဒီက ပြောပါတယ်။

    အခုဆိုရင် ပညာရေးကို စိတ်ဝင်စားတဲ့ အလုပ်သမား (ကျောင်းသား) အသစ်တွေကို ဦးဇင်းတို့က စတင်လက်ခံ သင်ကြားပေးနေပါတယ်။ ဘာသာရပ်တစ်ခုခုမှာ စိတ်ဝင်းစားတဲ့ အလုပ်သမားများအနေနဲ့ ဘာသာစကား စွမ်းရည် ပိုမိုကောင်းမွန်ဖို့ ဦးဇင်းတို့က အားလပ်နေတဲ့ အချိန်လေးမှာ သင်ကြားပေးနေတာဖြစ်ပါတယ်” ဟု မဟာချုလာလောင်ကွန် ရာဇ၀ိဒယလိုင် တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အရှင်နန္ဒသာရ မှ မိန့်ကြားပါတယ်။

    ဒီကနေ့ စတင်ဖွင့်လှစ်ချိန်မှာ ရွှေ့ပြောင်းအလုပ်သမား ကျောင်းသားကျောင်းသူ (၅၀) ကျော်လာရောက် စာရင်းပေးသွင်းနိုင်ပြီး ယခုဆိုရင် ဘာသာရပ်တွေ စတင်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

    ဒီစာသင်ကျောင်းလေးမှာ စိတ်ဝင်းစား ပါဝင်လေ့လာသင်ယူချင်တဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ အရှင်နန္ဒသာရ - 09 14961486 (Mahachularlongkorn Rajavidyalaya Univasity) မဟာချုလာလောင်ကွန် ရာဇ၀ိဒယလိုင်တက္ကသိုလ်အား ဆက်သွယ်နိုင်ပါတယ်။

    ထိုင်းနိုင်ငံမှာ နာမည်ကြီး တက္ကသိုလ်ကျောင်းတွေမှာ လာရောက် ပညာသင်ကြားနေတဲ့ မြန်မာပြည်က ရဟန်းတော်များ စုစုပေါင်း (၂၀၀) ကျော်ရှိကြောင်း သိရပါတယ်။

    ထိုင်းနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာပြည်ကိုယ်စား သွားရောက်မည့် ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့ ရန်ကုန်တွင် ပဏာမဖျော်ဖြေတင်ဆက်ခဲ့

     ခွန်ထီးခမ်း ရန်ကုန် (တောင်ကြီးတိုင်းမ်)။ ။ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖျော်ဖြေ တင်ဆက်ကပြမည့် ပအိုဝ်းအမျိုးသားကိုယ်စား အကအဖွဲ့က ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့၌ ရန်ကုန် ဗဟန်းမြို့နယ်ရှိ တောင်ကြီးကျောင်းတိုက်တွင် ပဏာမ ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။


    နန်းခင်ဇေယျာမှ မိမိအတွေ့အကြုံကို ဝေငှဖလှယ်နေစဉ် (ဓာတ်ပုံ၊ ခွန်ထီးခမ်း)

    နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်မည့် (Surin International Folklore Festival ) ပွဲကို ယခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုယ်စားအနေဖြင့် လာရောက်ဖျော်ဖြေပေးရန် ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲက ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် အရှေ့နှစ်များတွင်မူ ကရင်၊ မွန် စသည့် တိုင်းရင်းသား လူမျိုးများ သွားရောက်ခဲ့ပြီး၊ ယခုနှစ်၌ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ ပထမဆုံးအကြိမ် သွားရောက်ဖျော်ဖြေ ယှဉ်ပြိုင်မည်ဟု သိရသည်။

    အကအဖွဲ့များကို တောင်ကြီးမြို့မှ ပအိုဝ်းတိုင်းရင်းသားအမျိုးသမီးပညာရေးနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး စည်းရုံးလှုံ့ဆော် ဦးဆောင်ဦးရွက်ပြုပေးသည်။ ရိုးရာဓလေ့အက (၂) မျိုး၊ ရိုးရာခေတ်ပေါ်အက (၄) မျိုး နှင့် ယဉ်ကျေးအလှမောင်မယ်လျှောက်ခြင်း နှင့် ပအိုဝ်းရိုးရာယဉ်ကျေးမှု မင်္ဂလာလက်ထပ်ပွဲကို သရုပ်ဖော်ခြင်းများ ပါဝင်သည်။ အကအဖွဲ့တွင် ယောက်ျားလေး (၁၄) ဦး နှင့် မိန်းခလေး (၁၁) ဦးပါဝင်သည်ဟု သိရသည်။


    ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့နှင့် လာရောက်အားပေးသည့် ပရိသတ်များ (ဓာတ်ပုံ၊ ခွန်ထီးခမ်း)

    ယဉ်ကျေးမှုအကများကို တောင်ကြီးမြို့တွင် တစ်လခန့် ပြင်ဆင်မှုပြုလုပ်ခဲ့ပြီး၊ ယခုအခါ ရန်ကုန်မြို့ ပအိုဝ်းတိုင်းရင်းသားများဘုန်းကြီးကျောင်းဖြစ်သည့် တောင်ကြီးကျောင်းတိုက်တွင် ဖျော်ဖြေရာ နိုင်ငံတကာ Miss Myanmar နှင့် နိုင်ငံတကာ Miss Internet ဆုရှင် ပအိုဝ်းတိုင်းရင်းသူ နန်းခင်ဇေယျာ အပါအ၀င် ရန်ကုန်ရောက်ပအိုဝ်းလူငယ်များ၊ ပအိုဝ်းအမျိုးသားဓမ္မာရုံမှ လူကြီးများ၊ ရွှေကျွှန်းမျောဟိုတယ် ၀န်ထမ်းများ၊ RUBY DRAGON မှ ၀န်ထန်းများနှင့် အခြားမိသားစုများ တစ်ရာကျော်ခန့် လာရောက်အားပေးခဲ့သည်ဟု သိရသည်။

    ပဏာမဖျော်ဖြေပွဲအခန်းအနားတွင် အကအဖွဲ့ဝင်များက ဖျော်ဖြေပွဲအပြီး မိတ်ဆက်ခြင်းနှင့် နန်းခင်ဇေယျာက နိုင်ငံတကာတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရသည့် သူမ၏ အတွေ့အကြုံများကို ဝေမျှပေးခဲ့သည်။ “ဘာဖြစ်ဖြစ် ယုံကြည်မှုရှိရှိ လုပ်သွားကြပါ။ သူများက မေးလာရင် ဘယ်တော့မှ I don’t know ဆိုတာ မပြောဖို့ပဲ” ဟု သူမက မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ နန်းခင်ဇေယျာက မိမိတို့ပအိုဝ်း လူမျိုးအကြောင်းကို နိုင်ငံပေါင်း ခြောက်ဆယ်ခန့်ကို နိုင်ငံတကာရောက်တုန်းက ပြောပြ၊ မိတ်ဆက်ပေးခဲ့ပြီ ဖြစ်သည်။ ပအိုဝ်းလူမျိုးဆိုတာ လူတိုင်းသိလာအောင်လုပ်ဆောင်ရမယ်ဟု သူမကဆက်ပြောသည်။

    ထို့နောက် နန်းခင်ဇေယျာက ရိုးရာမောင်မယ်အလှလှမ်းလျောက်ရန် နည်းလမ်းပြ သင်ပေးခဲ့သည်။ ပွဲတက်ရောက်သူများလည်း အကအဖွဲ့အတွက် အသီးသီး အလှူငွေထောက်ပံ့ကြေး ထည့်ဝင်ကြရာ စုစုပေါင်း ၉ သိန်းခွဲ ခန့်ရရှိခဲ့ကြောင်း သိရသည်။

    “အားလုံးတော့ ခရီးစရိတ်က ကိုယ့်ဘာသာကို စိုက်ထုတ်ကြတယ်။ နှစ်ပတ်လောက်တော့ ကြာမယ်” ဟု စကားပြန် နန်းစုစုခင်က ပြောသည်။ ယဉ်းကျေးမှုအကအဖွဲ့အား ဇန်န၀ါရီလ ၁၅ ရက်တွင် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး၊ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ဘန်ကောက်လေဆိပ်မှ မြန်မာပြည်သို့ ပြန်လာမည်ဟု သိရသည်။


    ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့မှ တင်ဆက်ကပြစဉ် (ဓာတ်ပုံ၊ ခွန်ထီးခမ်း)

    နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ပွဲကို ဇန်န၀ါရီလ ၁၆ ရက်တွင် စတင်မည်ဖြစ်ပြီး၊ ၂၃ ညနေအထိ ဘန်ကောက်မြို့တွင် ဖျော်ဖြေတင်ဆက် ကပြသွားမည် ဖြစ်သည်။ အကအဖွဲ့များက ၅ ရက်ခန့် ထိုင်းနိုင်ငံကို လည်ပတ်ခရီးစဉ်လည်း ရှိသည်ဟု သိရသည်။

    ယဉ်ကျေးမှုအကဖလှယ်ပွဲကြီးအား ပါဝင်သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ၊ နီပေါ၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ယူကရိန်း၊ အစ္စရေး၊ အိန္ဒိယ (ပန်ဂျာရတ်နယ်)၊ အိန္ဒိယ (မနီမုရနယ်)၊ သီရိလင်္ကာ၊ အီတလီနှင့် ဖီလစ်ပိုင် စသည့်နိုင်ငံများ ပါဝင်ကြသည်။

    good luck

    Ads 468x60px

    r
    ခွန်မို့လောင်း မှကြိုဆိုပ်၏

    Featured Posts