Showing posts with label အထ္တုပ္ပတ္တိ. Show all posts
Showing posts with label အထ္တုပ္ပတ္တိ. Show all posts
November 21, 2012
ဦးအောင်ကြည်၏အတ္ထုပ္ပတ္တိ
                   ဦးအောင်ကြည်        B.Sc ၊ B.Ed
လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း)
ပညာရေးသုတေသနအဖွဲ့ 
စာရေးဆရာ အောင်ကြိုင်ညွှန့် (တက္ကသိုလ်)
၁၈.၁.၂၀၁၂  ဟောပြောသည့် ခေါင်စဉ်  ” စာထဲမှာ ပညာရအောင်ရှာပါ “
၁၉၄၆ – ခုနှစ်တွင် ဖျာပုံ မြို့ နယ် ၊ ကနို ကျေးရွှာတွင် အဖ ဦးထွန်းခင် ၊ အမိ ဒေါ်စောတင် တို့ မှ မွေးဖွားခဲ့  ပါသည်။ ရန်ကုန် တက္ကသိုလ်မှ B.Sc ပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့  ရခဲ့ သဖြင့် ၂၀၀၇ ခုနှစ်တွင် ပညာရေး သုတေသန အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမူး အဆင့်ဖြင့် အငြိမ်းစားယူခဲ့ သည်။ ၁၉၇၆ – ခုနှစ်တွင် နိုင်ငံတကာ စာတတ်မြောက်ရေးဆောင်းပါဖြင့် စာပေလောကသို့  ၀င်ရောက်ခဲ့ သည်။
အတ္ထုပ္ပတ္တိ
  ပညာမင်းကြီး ဦးကိုဘုန်း စာအုပ်နှင့် အငြိမ်းစားညွှန်ကြားရေးမှုးချူပ် ဦးသန်းဦး အတ္တုပ္ပတ္တိ စာအုပ်အားရေးသားခဲ့ သည်။ ပညာရေး ရုပ်မြင်သံကြား ဌာနမှုးတာဝန်ဖြင့် ပညာရေးရုပ်မြင်သံကြား  သင်ခန်းစာများ ၊ မြန်မာစာ မြန်မာစကား ဗီဒီယို ဇာတ်ကာများထုတ်လုပ်ခဲ့ သည်။    နိုင်ငံခြားအတွေ့ အကြုံ  ၁၉၈၂ ရုပ်မြင်သံကြားပညာတော်သင် အဖြစ် ဂျပန်နိုင်ငံ NHK တွင် ပညာတော်သင် ၊ မလေရှားနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံ များသို့ သွားရောက်ခဲ့ ပါသည်။
အပတ်စဉ်ထုတ်ဂျာနယ် ၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင် ဝတ္ထု တိုနှင့် ဆောင်းပါးများရေးသားလျှက်ရှိသည်။  လူမှုရေး ၊ ဘာသာရေး ပညာဒါနအကျိုးပြုလုပ်ငန်းများတွင် စေတနာအလျှောက် လုပ်အားပးလျှက်ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံ မှုးယစ်ဆေးဝါးဆန့် ကျင်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူဆောင်ရွှက်လျှက်ရှိပါသည်။
အောင်ကြည်ညွှန့်  (တက္ကသိုလ်)
၄၀၀ – ဇာနည် (၁၀) လမ်း (၉) ရပ်ကွက်
Ph 01 – 56530      (Home) ph 09 49305597
October 22, 2012
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ
သမိုင်းမှတ်တမ်းများကို ရေးသားရာတွင် “ညာ” ၍သော်
လည်းကောင်း၊ “ညှာ” ၍သော် လည်းကောင်း၊ “ကြွား” ၍သော်
လည်းကောင်း မရေးသား ကြရန် ကွယ်လွန်သူ သမိုင်းပညာရှင်
ဆရာကြီး ဒေါက်တာ သန်းထွန်းက မှာကြားခဲ့ဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ….
ကျဆုံးလေသူ လွတ်လပ်ရေးနှင့် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြီးပြည့်စုံသော စာအုပ် ဟူ၍
ယနေ့အချိန်အထိ တစ်အုပ်မှ မရှိခြင်းသည် ပြည်ထောင်စုမြန်မာ
နိုင်ငံ၏ သမိုင်းစာမျက်နှာများအနက် မှတ်တမ်းတင်မှု ဆိုးဝါးညံ့ဖျင်း
October 21, 2012
မောင်ခွန်နွယ်(အင်းလေး)
၁။ အမည်ရင်း - ဦးခွန်စိန်ဝင်း ၂။ မိဘအမည် - ဦးချစ်ရီ + ဒေါ်လှရင် ၃။ မွေးသက္ကရာဇ် - ၃၁၊ ၈၊ ၁၉၄၈ ၄။ မွေးဖွားရာဒေသ - အင်းယားမြောက်ရွာ၊ ညောင်ရွှေမြို့ ၅။ ကလောင်အမည်ခွဲများ - ကမ္မောဇ မောင်ပြုံရည်
ကိုယ်ရေးဖြစ်စဉ်
အဖ ဦးချစ်ရီ၊ အမိ ဒေါ်လှရင်တို့က ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ အင်းယားမြောက်ရွာတွင် ဖွားမြင်ခဲ့သည်။ ပအိုဝ်း တိုင်းရင်းသား ဖြစ်သည်။ မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
နဝမတန်း ကျောင်းသားဘဝကပင် စာပေ လိုက်စားကာ စာပေများ စတင် ရေးသားခဲ့သည်။ ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကြက်ခြေနီ ဆောင်းပါးပြိုင်ပွဲ (အထက်တန်းအဆင့်) တွင် 'ဆွတ်ခေ့လိုစိတ် နှစ်သိမ့်ဖြေမယ်' စာညွှန်းဖြင့် တတိယဆု ရရှိခဲ့ပြီး အချစ်တော် စာစောင် နံရံကပ် ဆောင်းပါး ပြိင်ပွဲဆု (၆) ကြိမ် ရရှိခဲ့သည်။
October 18, 2012
ပအိုဝ်းဂီတစာဆို ခွန်သာဒွန်း၏ အတ္ထုပတ္တိအကျဉ်းချုပ်
ပအိုဝ်းခေတ်ပေါ် တေးသီချင်းများကို ပထမဆုံး သီဆိုမွေးထုတ်ခဲ့သူ ခွန်သာဒွန်းသည် ကောဇာသက္ကရာဇ် ၁၃၀၆ ခု သီတင်းကျွတ်လာဆန်း (၈)ရက်နေ့တွင် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာနေ ဗိုလ်ဟိန်မောင် (ပအမဖ ဥက္ကဋ္ဌ)နှင့် နန်းလွဉ်း တို့၏ ဖွားမြင်သည့် သားသမီး (၇)ဦးအနက် ဒုတိယ အကြီးဆုံးသော သားဖြစ်သည်။
ခွန်သာဒွန်းသည် အသက် (၇)နှစ်အရွယ်တွင် ကလောမြို့ ဂျိန်းစ်ဝတ် နှစ်ခြင်းခရစ်ယာန်ကျောင်း၌ စတင်ပညာသင်ကြားပြီး ပဉ္စမတန်းပညာကို သင်ယူစဉ် ဖခင်ဖြစ်သူ ဗိုလ်ဟိန်မောင်က လုပ်ကြံသတ်ဖြတ် ဖျောက်ဖျခြင်းကို ခံခဲ့ရသည်။ န၀မတန်း ပညာသင်နှစ်တွင် စာမေးပွဲကျရှုံးသဖြင့် “ကျနော်ဟာ အများထမင်းကို စားတယ်ဆိုတော့ အများရဲ့ ထမင်းကျေးဇူးကို ပြန်ဆပ်မည်ဟု” ဆိုကာ ကျောင်းထွက်ရန် သံဒိဋ္ဌာန်ချပြီး တောင်ကြီးမြို့နယ် နားဗောင်ရွာတွင် ကျောင်းဆရာလုပ်ရန် ရည်ရွယ်ခဲ့သည်။
ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံ၏ အတ္ထုပတ္တိအကျဉ်းချုပ်
ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံသည် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် စောစီရွာနေ ပအိုဝ်းမျိုးနွယ် ခရစ်ယာန်ဘာသာဝင် ဖြစ်သော မတ္တာမန်းဘတ်တောရိုင်းနှင့် နန်းစုတို့မှ ဖွားမြင်သည်။ မောင်နှာမများမှာ မွိုးလှစီ၊ ဖြားကာယု၊ ဗိုလ်မှူးဂျိုးဇက်နှင့် မွိုးလှမြင့်တို့ဖြစ်သည်။ ဗိုလ်ချန်ဇုံသည် အင်္ဂလိပ်ခေတ်တွင် တောင်ကြီးမြို့ရှိ အေဘီအမ်ကျောင်းမှ သတ္တမတန်းအထိ ပညာသင်ယူခဲ့သည်။
ဗိုလ်စံသိန်း အတ္ထုပတ္တိအကျဉ်းချုပ်
ဗိုလ်စံသိန်းသည် ကောဇာ သက္ကရာဇ် ၁၂၈၉ ခု တပေါင်းလဆန်း (၉)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဖက်ရဲရွာတွင် ဖွားမြင်ခဲ့ပြီး သတ္တမတန်း ကျောင်းပညာကို အောင်မြင်ခဲ့သည်။ မွေးချင်းမောင်နှာမများမှာ ဆရာမနန်းထွေး၊ ဦးဖိုးလွန်၊ ဦးစံဖဲနှင့် နန်းခင်ဝေသီ တို့ဖြစ်သည်။ ဗိုလ်စံသိန်းသည် အိမ်ထောင်ဇနီး ဒေးနန်းခွန်နှင့်အတူ သားသမီး (၆)ဦးထွန်းကားခဲ့သည်။ ၎င်းတို့မှာ နန်းယွန်း၊ နန်းဆွေ၊ ဗိုလ်မှူးခွန်ကျော်ဆွေ၊ နန်းရီ၊ နန်းဒေ၀ီနှင့် နန်းလှရင် တို့ဖြစ်သည်။
PNO ပထမ ဥက္ကဋ္ဌ ဖြားကျော်စိန် (ခ) ဦးကျော်စိန်၏ အတ္ထုပတ္တိအကျဉ်းချုပ်
ဦးကျော်စိန်သည် ၁၉၂၃ တွင် မွန်ပြည်နယ်မှ သထုံမြို့နယ်ရှိ မော်ကျောရွာနေ ဖြားသာဇံနှင့် မွိုးကျောင် ထွန်းမေတို့မှ ဖွားမြင်သည်။ အင်္ဂလိပ်ခေတ်တွင် (၁၀)တန်းအထိ ပညာဆည်းပူးခဲ့သည်။
ဦးကျော်စိန်သည် ၁၃၀၀ ပြည့် တောင်သူလယ်သမားအရေးတော်ပုံတွင် လည်းကောင်း၊ ၁၉၄၂ တွင် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွင် လည်းကောင်း၊ ၁၉၄၅ ခု အောက်တိုဘာလတွင် ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို)၏ အမှုဆောင်အဖြစ် လည်းကောင်း၊ ၁၉၄၅ ခု ဒီဇင်ဘာလ (၅)ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် (ကေ၀ိုင်အို)ကို အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် လှုပ်ရှားခဲ့သည်။
ပအမဖ ဥက္ကဋ္ဌဟောင်း ဗိုလ်ဟိန်မောင် အတ္ထုပတ္တိအကျဉ်းချုပ်
ဗိုလ်ဟိန်မောင်သည် ခရစ်သက္ကရာဇ် ၁၉၁၈ တွင် ရှမ်းပြည်နယ်မှ တောင်ကြီးမြို့နယ် ဖာမွန်းရွာနေ ဆြားပေးနှင့် မွိုးကျောင်လုံ တို့မှ ဖွားမြင်သော သားဖြစ်သည်။ မွေးချင်းမောင်နှာမများမှာ ဖြားဝရမြန်း၊ မွိုးနန်းဗိုခမ်း၊ မွိုးနန်းထဉ်း၊ မွိုးနန်းအုံး၊ ဖြားထွက်ခွန် တို့ဖြစ်သည်။ ၎င်းသည် အိမ်ထောင်သည် ဇနီး မွိုးကျောင်လွန်းနှင့်အတူ သားသမီး (၆)ဦး ထွန်းကားခဲ့ကာ မွိုးနန်းဗိန်း၊ ခွန်သာဒွန်း (ပအိုဝ်းဂီတ အနုပညာကို မွေးထုတ်ပေးခဲ့သူ)၊ မွိုးနန်းလုံ၊ ခွန်မြင့်အောင်၊ ခွန်ထွန်းကြည်၊ ခွန်မြင့်နောင် တို့ဖြစ်သည်။ ဘုန်းကြီးကျောင်းပညာရေးကိုသာ သင်ယူခဲ့ရသည်။
PNO ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးကြီးအောင်ခမ်းထီ၏ အတ္ထုပ္ပတ္တိအကျဉ်း
ဗိုလ်မှူးကြီးအောင်ခမ်းထီသည် ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာအုပ်စု၊ ထီလုံရွာနေ ပအိုဝ်းပိန္တောဆေးဆရာ ဂျန်ဖာစာရိန္တနှင့် ဂျန်မွိုးလဲုင်းတို့မှ ဖွားမြင်သည့် သားသ္မီး(၁၁)ဦးအနက် ဒုတိယအငယ်ဆုံးသား ဖြစ်သည်။ အောင်ခမ်းထီ၏ ငယ်မည်မှာ ခွန်ကီး ဖြစ်သည်။ အောင်ခမ်းထီသည် (?)ခုနှစ်တွင် နန်းဖျူးနှင့် အိမ်ထောင်ကျ၍ သားသ္မီး(၆)ဦးထွန်းကားပြီး ၎င်းတို့မှာ နန်းလုံခမ်၊ ခွန်စိန်မင်း၊ ခွန်အောင်းကျေား၊ အောင်းခမ်း၊ နန်းခံရွဉ်၊ ခွန်အောင်းခမ်းကွို တို့ဖြစ်သည်။
ဖြားဗွာလှဖေ၏ အထ္တုပ္ပတ္တိအကျဉ်းချုပ်
ဖြားဗွာလှဖေသည် ၁၉၁၀ ခုနှစ် မတ်လ (၂၆)ရက်နေ့တွင် သထုံခရိုင် ဘီးလင်းမြို့နယ် ညောင်ပင်လင်း တိုက်နယ် သံပုရာပင်ရွာနေ အမိ မွိုးနန်းဆီး အဖ ဖြားဒွန်းတို့မှ ဖွားမြင်သည့် တတိယမြောက်သားဖြစ်သည်။ မွေးချင်း မောင်နှမများမှာ အစ်မ နန်းစိန်ခင်နှင့် အစ်ကို ဖြားလွန်းမောင် တို့ဖြစ်သည်။ ဖြားဗွာသည် အိမ်ထောင်ဆက်သုံးဆက်ရှိပြီး နောက်ဆုံး အိမ်ထောင်ဆက်မှာ ဟိုပုံးမြို့နယ် မဲုင်းကောင်ဒေသ ကျောက္ကဆျားရွာမှ မွိုးဟုံဗဲဖြစ်သည်။ သားသမီးများမှာ နန်းအေးကြည်၊ ခွန်ဖေသန်း (ကျဆုံး)၊ ခွန်တမောင် (ကျဆုံး)၊ ခွန်ဖိုးတုတ်၊ ခွန်ဖိုးသိန်း (ခ) ခွန်စံလွင် (PNO) နှင့် နန်းဒွီး တို့ဖြစ်ကြသည်။
good luck
Ads 468x60px
r
ခွန်မို့လောင်း မှကြိုဆိုပ်၏
Featured Posts