October 22, 2012

သမိုင်းအကျဉ်း

     ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့
နောင်တောင်းပရဟိတာ တပ်ဦးကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
သမိုင်းအကျဉ်း
၁၃၆၂ – ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၁) ရက်၊ ညဥ့်သန်းခေါင် (၂း၀၀) နာရီအချိန်တွင် နောင်တောင်းတကာများ ကိုးကွယ်သည့် မူလကျောင်းတော်ကြီးကို မီးခခဲ့သည်။ ထိုအခါ ယခု လက်ရှိ ကျောင်းထိုင် ဆရာတော် ဖြစ်သော ဘဒ္ဒန္တရာဇိန္ဒသိရီ (သာသနဓဇ ဓမ္မာစရိယ) မှ ယခင် နောင်တောင်းဆရာတော်ကြီး ဖြစ်သည့် ဘဒ္ဒန္တနန္ဒဝံသ ရည်ရွယ်ခဲ့သည့်အတိုင်း ရွာ၏ အရှေ့တောင်အရပ်၊ သဲတောင်ကုန်းပေါ်ရှိ ရွာဦးစေတီတော်ရင်းတွင် ကျောင်းတိုက်သစ်ကို ၁၃၆၂- ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၄) ရက်နေ့တွင် စတင် တည်ထောင်ခဲ့သည်။ ယခင်ဆရာတော်မှလည်း ဤနေရာသည် သာသနာစည်ပင် ပြန့်ပွားရာ ဖြစ်မည်ဟု မိန့်ကြားတော်မူ ခဲ့ပြီး ကိုယ်တော်တိုင်လည်း သီတင်းသုံးနေထိုင်တော်မူကာလမ်းညွှန်ခဲ့သည်။ သာသနဘူမိနက်သန် ဖြစ်မည်ဟူသော ယခင် ဆရာတော်၏ သြဝါဒကို ခံယူကာ ယခုဆရာတော်မှ ကျောင်းနေရာသစ် အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဤဖြစ်ရပ် မတိုင်ခင် ဆယ်နှစ်အလွန် ၁၃၅၂ – ခုနှစ်၊ တပေါင်းလအချိန်တွင် နိုင်ငံတော် သံဃနာယက မြင်းခြံကိုးဆောင်တိုက် ဆရာတော်မှလည်း ဟိုပုံးမြို့သို့ ကြွရောက်ကာ မွှေတော်ကျောင်းတိုက်၌ ဟိုပုံးဆရာတော်ကြိးများအား သာသနာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဟိုပုံးမြို့တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လိုအပ်နေကြောင်း မိန့်ကြားတော်မူခဲ့ဖူးသည်။ ထို့အတူ ၁၃၆၀ – ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၆) ရက်၊ (9- 12-1998) နေ့တွင် မြို့နယ် သံဃနာယက ဆရာတော်ကြိးများနှင့် ပအိုဝ်းစာပေ ပြန့်ပွားရေး လပတ်အစည်းအဝေးတွင် ဟိုပုံးမြို့နယ်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်နိုင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့နှင့်အညီ ဆရာတော်မှ ဦးဆောင်၍ နောင်တောင်းကျောင်း ဒါယကာ ဒါယိကာမများနှင့်အတူ စေတနာရှင်များ စုပေါင်းပြီး ၁၃၆၂ – ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၄) ရက်၊ သောကြာနေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ကျောင်းတိုက်သစ်ကို စတင်ထူထောင်ခဲ့သည်။
၁၃၆၁ – ခု၊ ပထမဝါဆို လဆန်း (၁၄) ရက် =
ရဟန်း (၃) ပါး သာမဏေ (၂၇) ပါးဖြင့် ဝါဆို။
၁၃၆၅- ခု၊ (၂၀၀၃/၂၀၀၄ ပညာသင်နှစ်) =
သာမဏေ (၅၀) ပါးဖြင့်၊ပရိယတ္တိနှင့် ဘ/က ပညာရေးကျောင်းကို မူလတန်းအဆင့်မြင့်စတင်။
၁၃၆၇ -ခု၊ (၂၀၀၅/၂၀၀၆ ပညာသင်နှစ်) =
မူကြိုနှင့် ဦးနန္တာဟိန် စာကြည့်တိုက်ကို ဖွင့်လှစ်ခဲ့။
၁၃၆၈ -ခု၊ (၂၀၀၆/၂၀၀၇ ပညာသင်နှစ်) =
မူလွန်အဆင့်ကို တိုးမြှင့်ခဲ့၊ အခြေခံကွန်ပျူတာ သင်တန်းကို ဖွင့်လှစ်ခဲ့။
၁၃၇၄ – ခု၊ (၂၀၁၀/၂၀၁၁ ပညာသင်နှစ်) =
အလယ်တန်းအဆင့်နှင့် ဒသမတန်း အပြင်ဖြေများကို လက်ခံသင်ကြားပြီး သီးသန့်ဥယျာဉ်ခြံမြေ၌ ပရဟိတအမျိုးသမီးဆောင်ကို ဆောက်လုပ်ကာ အမျိုးသမီးငယ်များကို လက်ခံ။
၁၃၇၄- ခု၊ (၂၀၁၂/၂၀၁၃ ပညာသင်နှစ်) =
တက္ကသိုလ် တက်ဆဲနှင့် ဘွဲ့ရများကို လက်ခံ၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် လူမှုဖွံ့ဖြိုးရေးဘာသာရပ်များကို သင်ကြားပေးခဲ့။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts