October 28, 2012

ခေတ် ပညာတတ်ပအိုဝ်းလူငယ်များသို့

          ပညာတတ်ပအိုဝ်းအနာဂါတ်လူငယ်များအားလုံး မင်္ဂလာပါဗျာ......ယနေ့ခေတ်တွင် ပအိုဝ်းလူငယ်များသည်ပညာတတ်များတဖြေးဖြေး များများလာကြပါတယ်......ပညာတွေ မျိုးစုံသင်ကြပါတယ်...မြန်မာနိုင်ငံမှာတင်မက နိုင်ငံခြားမှာလည်း တချို့သွားသင်ကြပါတယ်..ရိုးသား ကြိုးစားတဲ့ ငါတို့ပအိုဝ်းလူငယ်တွေကို ယခုလိုထွက်ပေါ်လာတဲ့အတွက်အားရကျေနပ်မိပါတယ်
           ကျွန်တော်တစ်ခုတော့ ဆွေးနွေးချင်ပါတယ် တချို့သောပညာတတ်ပအိုဝ်းလူငယ်အနည်းစုမှာ -မိမိတို့ပအိုဝ်းအချင်းချင်းစည်းလုံး မှုပျက်ပြယ်စေနိုင်သည့် ဝေဖန်မှုမျိုးတွေကို ဝေဖန် ကဲ့ရဲ့တတ်ကြတယ်...ဒါကိုဆက်မလုပ်သင့်ဘူးလို့ ကျွန်တော် အနူးညွတ်တောင်းပန် ချင်ပါတယ်.. ငါတို့ပအိုဝ်းလူမျိုးတွေအတွက်   အကောင်းဆုံးဘာတွေကိုလုပ်ပေးရမလဲလို့စဉ်းစားပြီး အကောင်အထည်ဖော်နေရမည့် အချိန်ပါ တန်ဖိုးရှိတဲ့အချိန်ကို ခေတ်ပညာတတ်ပအိုဝ်းလူငယ်များ အကျိုးရှိရှိအသုံးချစေချင်ပါတယ်.... ငါတို့ပအိုဝ်းလူမျိုးအတွက် ဘယ်နေရာမှာ ဘာလုပ်သင့်တယ်၊ ငါလုပ်နိုင်တာကဘာလဲ၊  ငါတို့ဖြစ်ချင်တာကို အကောင်အထည်ဖော်ဖို့ ဘာတွေလိုအပ်သလဲ ၊ ငါတို့ကော ငါတို့ဖြစ်ချင်တဲ့ ပုံစံဖြစ်အောင် ငါတို့လူမျိုးအတွက် ဘာများလုပ်ပေးပြီးပြီလဲ  ၊ငါတို့လူမျိုးလျင်မြန်စွာတိုးတက်ဖို့အတွက် ငါတို့ဘယ်အပိုင်းကို ပါဝင်ကူညီနိုင်သလဲ   စသော  စဉ်းစားမှုမျိုးစဉ်းစာပြီး အပြုသဘောဆောင်တဲ့  အလုပ်တွေကိုသာလုပ်စေချင်ပါတယ်........ဟိုလူကဒီလို ဒီလူကဟိုလို စသော ကလေးကလား ပြောတဲ့စကားများကို မပြောပဲ အားမလိုအားမရဖြစ်တဲ့အရာတွေကို မိမိဘယ်လိုဖြေရှင်းရမည်ကိုသာ စဉ်းစားပြီးဖြေရှင်းစေချင်ပါတယ်..


          ငါတို့ပအိုဝ်းလူမျိုးအတွက် တကယ်အားကိုးရတဲ့ ခေတ်ပညာတတ်တွေကိုလည်း တနေ့ထက်တစ်နေ့ တိုးတိုးလာပါတယ်။
ငါတို့ပအိုဝ်းမိဘပြည်သူတွေအတွက် အားမလိုအားမရ ဖြစ်တဲ့ကိစ္စတွေကိုတွေ့တဲ့အခါ  ၄င်းကိုဖြေရှင်းနိုင်အောင် ဘယ်လိုလုပ်ရမည်ကို
သေချာစဉ်းစားပြီး အပြုသဘောဆောင်တဲ့လုပ်ငန်းတွေကိုပဲလုပ်စေချင်ပါတယ်....

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts