ကံဆိုးသည့် ကာလဆုံးလျှင် ကံကောင်းသည့် ကာလသို့
ရောက်လာသည်။ အရာရာသည် အဆုံးစွန် အချိန်သို့ ရောက်လာလျှင် ပြောင်းပြန်ပြန်၍
ဖြစ်တတ်သည်။ ကျင့်ဆောင်ရမည့် အရည်အသွေး ၅ ရပ် သို့မဟုတ် သီလ ၅ ပါးကို မှန်ကန်စွာ
အသုံးချလျှင် အားထုတ်မှု တစ်ဝက်ဖြင့်ပင် အောင်မြင်မှု ၂ ဆကို ရနိုင်သည်။ သို့သော်
ထိုအရည်အချင်းများကို အလွန်အကျွံ အသုံးချပြန်ပါကလည်း တန်ပြန် အကျိုးကို
ဖြစ်စေသည်။
|
ရန်သူနှင့် ရင်ဆိုင်သည့်အခါထိုအရည်အချင်း၅ရပ်ကို
အလွန်အကျွံမသုံးမိအောင် ဂရုစိုက်ရမည်။ သို့မဟုတ်ပါက အန္တရာယ်ရှိနိုင်သည်။
မိမိလူများနှင့် ပတ်သတ်၍ ထိုအရည်အချင်းငါးရပ်ကို အသုံးချရာ တွင်လည်း မျှတစွာ
ကျင့်သုံးရမည်။ ပညာဥာဏ်ရှိမှု၊ ယုံကြည် ကိုးစားထိုက်မှု၊ စိတ်ကောင်းရှိမှု၊
သတ္တိရှိမှုနှင့်တိကျပြတ်သားမှုတို့ကိုကျင့်သုံးခြင်းဖြင့် ရန်သူကို
လွှမ်းမိုးနိုင်ပေမည်။ သို့ရာတွင် အလွန်အကျွံ သုံးမိပါက ဆန့်ကျင်ဘက် အကျိုးကို
ရရှိစေနိုင်သည်။
|
|
|
|
ပညာဥာဏ်ကို
မဆင်မခြင် သုံးခြင်း
ရန်သူ၏ အခြေအနေကို တွက်ချက်ထားမှုအပေါ် အလွန်အမင်း
အားကိုးခြင်း၊ မိမိ၏ အစီအစဉ်အပေါ် ယုံကြည်စိတ်ချလွန်းခြင်း၊ နောက်ဆုံး ရရှိသည့်
သတင်း အချက်အလက် ပေါ် မူတည်၍ အစီအစဉ်ကို လိုအပ်သလို ပြုပြင် ပြောင်းလဲ ပေးမှု
မရှိခြင်း တို့သည် အရှုံးကို ဖိတ်ခေါ် သည်နှင့် အတူတူပင်။
|
|
ယုံကြည်ကိုးစားမှုကို
အသေစွဲကိုင်ခြင်း
ပြောင်းလဲပြင်ဆင်မှု မရှိသော သေနင်္ဂဗျူဟာသည်
ကောင်းသောဗျူဟာမဟုတ်။ ကြိုတင် ပြင်ဆင်ထားသော ဗျူဟာကို နောက်ဆုံး အခြေအနေနှင့်
လိုက်လျောညီစွာ ပြင်ဆင်မှု မရှိသဖြင့် မိမိနောက်ထပ် မည်သို့ လှုပ်ရှားလာမည်ကို
ရန်သူက ခန့်မှန်း နိုင်မည်ဖြစ်ရာ မိမိတပ်ဖွဲ့ကို လမ်းဆုံးသို့ ပို့ရာကျသည်။
|
|
စိတ်ကောင်းစေတနာထားမှုကိုသာ
အလေးထား အသုံးပြုခြင်း
ခံစစ်ကို သာ သုံးပြီး ထိုးစစ်မဆင်လျှင် အားနည်းချက်
ဖြစ်သည်။ ရှေ့ကို တိုးကာ ချီ မတက်ရဲသည့် အခါ ရန်သူမှ အရှုံးအနိုင်ကို
ဆုံးဖြတ်ခွင့် ရှိသွားပေသည်။ ဤသည်မှာ မရှုံးစေရန် သေချာသော်လည်း အနိုင်ရဖွယ်လည်း
မရှိပေ။
|
|
|
|
သတ္တိကို
အားထားလွန်းခြင်း
ရှေ့သို့ တိုးရန်သာ စိတ်စောပြီး ဆုတ်သင့် တက်သင့်သည်
အချိန်ကို မဆုံးဖြတ်နိုင်ခြင်းမှာ မိမိတို့၏ အားနည်းချက် ဖြစ်သည်။
ခေါင်းဆောင်သည် တပ်ဦးကိုသာ ဂရုစိုက်နိုင်ပြီး နောက်ပိုင်းကို
ဂရုမစိုက်နိုင်သည်လည်း ရှိမည်။ တပ်ဦးနှင့် နောက်တန်းကို ဂရုစိုက်နိုင်ပြီး
နောက်ပိုင်းကို ဂရုမစိုက်နိုင်သည်လည်း ရှိမည်။ဤသည်မှာ မိမိ၏ အားနည်းချက်ကို
ပြရာ ကျပြီး ရန်သူ ၏ ချေမှုန်း ခြင်း ကို ခံရနိုင်သည်။
|
|
|
တိကျပြတ်သားမှုကို
မလျှော့တမ်းကျင့်ခြင်း
နောက်က တပ်ကူကို မစောင့်ဘဲ အမြန်ဆုံး ချီတက်ကာ
ရန်သူနယ်မြေကို ထိုးဖောက်ခြင်းသည် တစ်ဖက် ရန်သူ၏ ချုံခို တိုက်ခိုက်ကာ
ချေမှုန်းခြင်းကို ခံရနိုင်သည်။
|
|
အရည်အသွေး
၅ ရပ်မျှတရေး
ဆွန်ဇူး၏ အရည်အချင်း ၅ ရပ်ဆိုသည်ကို ကျွန်ုပ်တို့
လေ့လာခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ယင်းတို့ကို အသေအချာ လေ့လာလျှင်
တစ်ခုနှင့်တစ်ခု ၀ိရောဓိဖြစ်နေသည်ကို တွေ့ရမည်။ ဥပမာ အားဖြင့် ခေါင်းဆောင်
တစ်ယောက်သည် စိတ်ကောင်း စေတနာရှိရမည်ဖြစ်ပြီး တိကျပြတ်သား မှုလည်း ရှိရမည်ဟု
ဆိုသည်။ ယင်းမှာ မည်သို့ လျှင် ဖြစ်နိုင်မည်နည်း။ ထိုအရည်အချင်း ၅ ရပ်ကို
စိစစ်ဝေဖန် ကြည့်မည်။
|
ထိုအရည်အချင်းအနက် တစ်ခုချင်း ရှိနိုင်ဖို့ လွယ်သည်။
သို့ရာတွင် အရည်အချင်း ၅ ခုစလုံး ရှိရန်မှာ ချိန်ဆမျှတဖို့ လိုသည်။
အောက်ပါတို့ကို စဉ်းစားကြည့်လျှင် သိနိုင်မည်။
၁။ ပညာဥာဏ်ကို မဆင်မခြင် အသုံးချခြင်းဖြင့် အရှုံးနှင့် ရင်ဆိုင်ရတတ်သည်။
၂။ ယုံကြည်ကိုးစားမှုကို ဖက်တွယ်ထားခြင်းသည် မိုက်မဲခြင်း ဖြစ်သည်။
၃။ စိတ်ကောင်းစေတနာရှိမှုကို အလေးထားလွန်းခြင်းသည် အောင်နိုင်ဖွယ် မရှိ။
၎။ သတ္တိကိုသာ အားကိုးခြင်းသည် မိမိ၏ အားနည်းချက်ကို ပြသည်။
၅။ တိကျပြတ်သားမှုကို မလျှော့တမ်းကျင့်သုံးခြင်းသည် ရန်သူ၏ ရုတ်တရက်
တိုက်ခိုက်ခြင်းကို ခံရနိုင်သည်။
|
|
|
|
ပညာဥာဏ်
ကို ပျော့ပြောင်းစွာ မကျင့်သုံးခြင်း
မိမိဥာဏ်ပညာသည် ပြဿနာ အားလုံးကို
ဖြေရှင်းနိုင်သည်ဟုထင်ပြီး စိတ်ကောင်းစေတနာရှိမှုနှင့် သတ္တိရှိမှုတို့ကို
ပစ်ပယ်ခြင်း သို့မဟုတ် စည်းမျဉ်းဘောင်များကို ဂရုမမူခြင်းဖြင့် ထိုလူသည်
လိမ္မာပါးနပ်သည် သက်သက်သာ ဖြစ်ပေလိမ့်မည်။ ထိုသို့သောသူသည် အစီအစဉ်ကောင်းများကို
အမြဲချမှတ်နိုင်မည်။ ထို့နောက် သူခေါင်းမာမည်၊ အများနှင့်ဆိုင်သော
စည်းစနစ်များနှင့် စံများကို အထင်သေးလာမည်၊ ဤသည်မှာ သူ့အတွက် ရှုံးနိမ့်ရန် လမ်းစ
ဖြစ်သည်။
|
|
ယုံကြည်ကိုးစားမှုကို
ဖက်တွယ်ခြင်း
ယုံကြည်ကိုးစားမှု ဆိုသည်မှာ အခြားသူများ မိမိအပေါ်
ယုံကြည်၍ မိမိအား လိုက်နာချင်အောင် စကားတည်ခြင်း တို့ ဖြစ်သည်။ သို့ရာတွင်
စကားတည်ရန်ကိုသာ ဆွဲကိုင်လျက် လိုက်လျော ညီထွေ မလုပ်ခြင်းမှာ မိမိ ကိုယ် မိမိ
ပြန်ကြိုးချည်နှောင်သည်နှင့် တူသည်။ မိမိစကားနှင့် မိမိ တုပ်မိကာ မိမိကို
တစ်ဖက်လူက လွယ်ကူစွာ အသုံးချသွားနိုင်သည်။
ခေါင်းဆောင်
တစ်ယောက်သည် မိမိ စကားနှင့်မိမိ ပိတ်မိမနေစေရ။ ယင်းသို့ လုပ်ရာမှာ လည်း
အပြောလွယ်သလောက် လုပ်ရာတွင် ခက်ခဲသည်။ ခေါင်းဆောင် တော်တော်များများ သည် မိမိ
စကားနှင့် မိမိ ပိတ်မိကာ ပြင်မရ ပြုမရ ဖြစ်တတ်ကြသည်။ ထိုအခါ အခြားလူများက သူ့ကို
အလွယ်တကူ အရူးလုပ်နိုင်သည်။ ထို့ကြောင့်လည်း ယုံကြည်ကိုးစားထိုက်မှုကိုအသေစွဲ
ကိုင်ထားခြင်းသည် ရူးသွပ်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
|
|
စိတ်ကောင်းစေတနာရှိမှုကို
ခိုင်မာစွာ ကျင့်သုံးခြင်း
ခေါင်းဆောင်တစ်ယောက်သည် ကြင်နာသနား မေတ္တာထားပြီး
လူအများ၏ အရေးကိစ္စများကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခြင်း၊ နောက်လိုက်များ၏
လိုလားမှုကို မခံယူနိုင်ခြင်း ၊နည်းနိဿယများကို အလေးဂရုမပြုခြင်းများ ရှိခဲ့လျှင်
သူ့ကို စိတ်နှလုံးကသာ ဦးဆောင် နေပြီး သူ့လူများကို သူက ဦးဆောင် နိုင်မည်
မဟုတ်တော့ပေ။ ဤသည်မှာ အဆိုးဆုံး ခေါင်းဆောင် ဖြစ်သည်။ သူသည် လူကောင်း
တစ်ယောက်ဖြစ်ရေးကိုသာ အာရုံစိုက်နေပြီး သူ့လူများက သူ့အား ခွကျော် တတ်သည်ကို
ကြည့်နေလိမ့်မည်။ သူ ပေးသည့် အမိန့်များကိုလည်း သူ့လူများ ဆောင်ရွက်မည်မဟုတ်။
သူပြောသည်များကိုလည်း သူ့လူများ အရေးထားတော့မည် မဟုတ်ပေ။ သူလုပ်သမျှ တွင်
အတားအဆီးတွေ ရှိနေမည်။ ထို့ကြောင့် စိတ်ကောင်းစေတနာထားလွန်းကလည်း အားနည်းချက်ကို
ဖြစ်စေသည်။
|
|
သတ္တိကိုသာ
အားကိုးခြင်း
ဤသည်မှာ စိတ်ကောင်း စေတနာထားသည့် အရည်အချင်းကို
သုံးသည်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ အချို့သော ခေါင်းဆောင်များမှာ ပညာဥာဏ်
အကန့်အသတ် နှင့်သာ ရှိသည်။ သူတို့က လက်အောက်ငယ်သားများ အပေါ် ကြင်နာမှု မရှိကြ။
သို့ရာတွင် သူတို့သည် အလွန် ရဲရင့်ကြသည်။ ရံဖန်ရံခါ ဆိုသလို သူတို့
ကြက်ကန်းဆန်အိုးတိုးကာ အောင်မြင်တတ်ကြသည်။ သူတို့သည် နည်းနိဿယများကိုလည်း
မကျင့်သုံး၊ အဖွဲ့၏ ညီညွတ်မှု နှင့် စိတ်ဓာတ်ကိုလည်း စုစည်းခြင်း မရှိ။
ထိုသို့သော ခေါင်းဆောင်မျိုး သည် ခေါင်းမာပြီး မိမိဆန္ဒနှင့် မိမိ လုပ်တတ်ကြသည်။
နောက်လိုက်များအပေါ် နားလည် တန်ဖိုးထား မှုလည်း မရှိတတ်ကြ။
အချိန်ကြာလာသည်နှင့်အမျှ ထိုခေါင်းဆောင်သည် စိတ်တို ကာ ကြမ်းကြမ်းတမ်းတမ်း
ဖြစ်လာတတ်သည်။ သို့ဖြင့် အဖွဲ့အစည်း အတွင်း မပြေလည်မှုများ ဖြစ်လာတတ်သည်။
|
|
တိကျပြတ်သားမှုကို
ခေါင်းမာစွာ ကျင့်သုံးခြင်း
အချို့သော မန်နေဂျာများသည် တိကျပြတ်သားမှု သာရှိပြီး
အခြားဘာမှ မရှိတတ်။ ထိုသို့သော တိကျပြတ်သားမှု ကြောင့် ကြမ်းတမ်းသည့်
သဘောကိုဆောင်လာသည်။ ကြမ်းတမ်းသည့် ခေါင်းဆောင်များကို နောက်လိုက်များက
သစ္စာမရှိတတ်။ အလုပ်သမားများ ဆိုလျှင်လည်း အခွင့်အရေး ရသည်နှင့်
အလုပ်ထွက်သွားကြလိမ့်မည်။
|
0 comments:
Post a Comment