
ထီသိမ်ကန်ဆိုတာ
ရုရှားကန်လို့လဲ လူသိများပါတယ်။ တောင်ကြီးမြို့ နေရာတော်တော်များများကို
သောက်ရေ သုံးရေ အတွက် အဓိက ဖြန့်ဝေပေးနေတဲ့ ရေကန်ကြီးပါ။ တော်ကြီးမြို့မှာ
ရေလှောင်ကန်ကြီး (၃)၊(၄)ခု ရှိပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့ အတွက်
သောက်ရေသုံးရေအတွက် ရေမထွက်တဲ့ နေရာတွေကို နွေရာသီမှာ အဲ့ဒီ ရေကန်ကြီးတွေက
ရေပေးဝေတယ်လို့ သိရပါတယ်။

ကျွန်တော်
မှတ်သားရသလောက်ကတော့ စ၀်စံထွန်းဆေးရုံ ဆောက်တုန်းက ရုရှား Engineer တွေက
ဆေးရုံအလုပ်သမားတွေ ရေအဆင်ပြေစေဖို့ ဆောက်လုပ်သွားတာလို့ သိရပါတယ်။
ဆေးရုံတစ်ခုအတွက် တွက်ချက်ရွေးချယ် ဆောက်ပေးခဲ့ရာကနေ တောင်ကြီး
တစ်မြို့လုံးကို ရေးပေးလို့ ရတဲ့ အထိ အသုံးဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကန်အမြင့် ၃၂ပေရှိပြီး၊ ရေ ၁၆၁သန်း သိုလှောင်ထားနိုင်တယ်လို့ တွေ့ရပါတယ်။


ရေထိမ်းမျှော်စင်က ရေအောက်ရောက်နေတယ်လို့ သိရပါတယ်။ တံခါး အဖွင့် အပိတ်လုပ်မယ်ဆိုရင် ရေငုပ်ပြီး သွားရတယ်လို့လဲ သိရပါတယ်။


တောင်ကြီးမြို့က အခု လူဦးရေ တစ်ဖြည်းဖြည်းများလာတဲ့ အတွက်
ရုရှားကန်တစ်ခုတည်း အနေနဲ့ မိုးတွင်းမှာ ရေ အပြည့်မရရင် နွေရာသီအတွက်
အခက်အခဲရှိနိုင်မယ်လို့ တွေးပူကြပေမဲ့ ဒီနှစ်တော့ ကန်ပြည့်ရုံတင်မက
လျှံလို့ များလို့ ဖြစ်နေပါပြီ။

ထီသိမ်ရေထွက်ကတော့
(၁၂)လလုံး ရေထွက်တယ်လို့ သိရပါတယ်။ ထီသိမ်ရေကန်နဲ့တော့ သိပ်အနီးကြီး
မဟုတ်ပါဘူး။ ရေကလဲ ထီသိမ်ကန်ထဲကို ၀င်တာမဟုတ်ပါဘူး။ ထီသိမ်ကန်ထဲက ထွက်တဲ့
ရေထွက်လဲ မဟုတ်ပါဘူး။ ဘယ်ကလာမှန်းလဲ မသိပါဘူး။ မြေအောက်ရေကြောကပဲ
ထွက်လာတာနဲ့တူပါတယ်။ ဒါပေမဲ့ ရေတွေက မိုးတွင်းမှာ နောက်နေတော့ ဘယ်လို
ယူဆရမှန်း မသိတော့ပါဘူး။

နေရာက ကျောက်တန်းရွာနားမှာ ရှိပါတယ်။ နွေ/ဆောင်း ရာသီတွေမှာ ရေဂါလံ (၃၀၀၀၀၀) ကျော် ထွက်တယ်လို့ ရေးထားတာ တွေ့ရပါတယ်။

ရေထွက်က
(၂)နေရာလို့ တွေ့ရပါတယ်။ တစ်နေရာက ရေပမာနများပါတယ်။ ရေပွက်တွေထပြီးတော့ကို
ထွက်ပါတယ်။ နောက်တစ်နေရာကတော့ ကျောက်ဆောင်တွေကြားကထွက်တာ ဖြစ်ပြီး။
ရေထွက်ငြိမ်ပါတယ်။ ရောက်ဖြစ်ခဲ့တုန်းက တောင်ကြီးမြို့မှာ မိုးသည်းပြီးတဲ့
နောက်တစ်ရက်ဖြစ်တဲ့ အတွက် ရေတွေကတော့ နောက်နေပါတယ်။ ခါတိုင်းဆိုရင်
ကြည်တယ်လို့ သိရပါတယ်။ ရေစစ်ကန်မှာတော့ အဲ့ဒီ ရွံ့တွေကို သန့်ပေးတယ်လို့
သိရပါတယ်။

ဒုတိယ
ရေထွက် နှုန်းတွေနဲ့ ရေတွေ နောက်နေပါတယ်။ ရေထွက်နေမှန်းတောင်
မသိသာတာတွေ့ရပါတယ်။ အဲ့ဒီနေရာကနေ ၄လှမ်းလောက်ကွာတဲ့ နေရာမှာတော့ အပေါ်က
ပထမရေထွက် ရှိပါတယ်။
0 comments:
Post a Comment