November 27, 2012

သံချပ်၊ ရွှေညောင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပဒေသာပင်

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)  ~

 
သင်္ကြန်မဟုတ်ပေမယ့်လည်း ရှမ်းပြည်နယ် ရွှေညောင်မြို့မှာ ညကြီးမင်းကြီး သံချပ်တွေ၊ အိုးစည်သံတွေနဲ့ အလွန်တရာ စည်ကားသိုက်မြို့နေပါတယ်။

ရိုးရာသံချပ်သံတွေထဲမှာ "တမူးရလို့ တပဲလှူ ...တို့ရှမ်းတောင်သူ တူနိုင်ရိုးလား........" ဆိုတဲ့ နိုင်ငံကျော် သံချပ်သံလည်း ပါဝင်သလို

ပင်စိမ်းသီး ပိုးထိုး.... တောင်ကြီးသူမ ရအောင်ပိုး... အစရှိတဲ့ သံချပ်တွေကို မီးလည့်တဲ့အရုပ်အဖွဲ့က မိန်းကလေးတွေကော၊ ကောင်လေးတွေပါ သံပြိုင်သီဆိုနေကြပါတယ်။

ဒါကတော့ ဒီဒေသရဲ့ ရိုးရာ ညမီးပဒေသာပင် မီးလည့်ပွဲ နဲ့  ၃၂ ကြိမ်မြောက် မြို့လုံးကျွတ် မဟာ ဘုံကထိန်ပွဲတော်ကို မနေ့ညက ရွှေညောင်မြို့မှာ ကျင်းပစဉ် ကြားခဲ့ရတဲ့ သံချပ်တွေပါ။

     ရွှေညောင်မြို့ရဲ့ ကထိန်ပွဲဟာ ထူးခြားချက်အနေဖြင့် တခြားမြို့တွေနဲ့ မတူဘဲ အရုပ်တွေမျိုးစုံကို ပုံစံမျိုးစုံ ပြုလုပ်ခြင်းပါပဲ။ ယမ်းတွေ ပစ်ဖောက်ကာမြို့လမ်းပေါ်မှာ စီတန်း လည့်လည်ကြပြီးတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့  သာအောင် ယှဉ်ပြိုင်ကြပါတယ်။

ဒီနှစ် ရွှေညောင်မြို့ မီးလည့်ပွဲ မှာတော့ အရုပ်မျိုးစုံ (၅၀) ကျော် ပါဝင်ပါတယ်။ ဘုရားပုံတော်တွေ၊ ဗိုလ်ချုပ်အောင်ဆန်း ပုံတွေ၊ ရှမ်း အကပုံတွေ၊ စေတီ ဘုရားပုံတွေ အစရှိသဖြင့် မျိုးစုံ ပါပဲ။

မီးလည့် အရုပ်ပဒေသာပင်တွေရဲ့ တန်ဖိုးတွေကတော့ တစ်ခုကို အနည်းဆုံး တန်ဖိုးငွေ ကျပ် (၃) သိန်း ခန့် ငွေသား ပါဝင်ကြောင်း ရွှေညောင်မြို့ခံ ကိုဇော်မင်းထူး က ပြောပါတယ်။

            မီးလည့်ပဒေသာပင်တွေ ရွှေညောင်မြို့ ပြည်ထောင်စု လမ်းမကြီးကို လည့်ကြ၊ မီးရှုးတွေ၊ မီးကျဉ်တွေ ပစ်လွတ်ကြတာ   မနက်ခင်း ၂း၀၀ မှ ပြီးဆုံးပါတယ်။

            မနက်ပိုင်းမှာတော့  ရွှေညောင်မြို့ ဒက္ခိဏရာမ ကျောင်းတိုက်ကို ကထိန်ပဒေသာပင်တွေ သွားရောက် ရေစက်ချ လှူဒါန်းကြတာပါ။

 ဒက္ခိဏရာမကျောင်းတိုက်မှာ ဒီပဒေသာပင်တွေ ဒေသတွင်းက ကျောင်းများအတွက်  မဲဖောက်ပါတယ်။   နောက်တဆင့်ကတော့ ပဒေသာပင်တွေကို မဲပေါက်ရာ ကျောင်းတိုက်တွေကို  သွားရောက်လှူဒါန်းကြခြင်း ဖြစ်တယ်လို့  ဒေသခံတွေက ဆိုပါတယ်။

               ယခုနှစ် ပဒေသာပင်များရဲ့ စုစုပေါင်း တန်ဖိုးက ကျပ်ငွေ သိန်း (၁၀၀) ကျော် ရှိကြောင်း ရွှေညောင်ဒေသခံ ကိုဇော်မင်းထူးက ခန့်မှန်းပါတယ်။
--


 











0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts