အင်အားပြင်း
ငလျင်ဒဏ် ခံရသည့် ဒေသများတွင် ပျက်စီး ဆုံးရှုံး ခဲ့သော စေတီ ပုထိုးများ၊
သာသနိက အဆောက် အအုံများ၊ စာသင်ကျောင်းနှင့် လူနေ အိမ်ခြေ အဆောက် အအုံများ
ပြန်လည် ထူထောင် တည်ဆောက်ရေး ပါဝင် လှူဒါန်း နိုင်ကြောင်း အသိပေး နှိုးဆော်
နေပြည်တော် နိုဝင်ဘာ ၁၃
၁။
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင်
လှုပ်ခတ် ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့်
မန္တလေးတိုင်း ဒေသကြီး တို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊
မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်း မြို့နယ်တို့တွင် စေတီ
ပုထိုးများ၊ သာသနိက အဆောက်အအုံ များ၊ စာသင် ကျောင်းများ၊ လူနေ အိမ်ခြေ
အဆောက် အအုံများ၊ ရုံးအဆောက် အအုံများနှင့် တည်ဆောက် ရေး လုပ်ငန်းများ
ပျက်စီးခြင်း၊ ပြည်သူ အချို့ ထိခိုက် ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပေါ် ခဲ့ပါ
သည်။
၂။
ယင်းကဲ့သို့ ပျက်စီး ဆုံးရှုံးခဲ့ရမှု များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု
အစိုးရ အဖွဲ့ အနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို
အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါ သည်။ ပျက်စီးခဲ့သော စေတီ
ပုထိုးများနှင့် သာသနိက အဆောက် အအုံများအား ပြန်လည် ထူထောင် တည်ဆောက်ရေး
အတွက် နိုင်ငံတော်က တာဝန်ယူ ပြင်ဆင် ဆောင်ရွက် လျက်ရှိသကဲ့ သို့
စေတနာရှင်များ အနေဖြင့်လည်း ပြည်သူ တစ်ဦးချင်း သော် လည်းကောင်း၊
လူမှုအဖွဲ့အစည်း အဖွဲ့လိုက်သော် လည်းကောင်း တာဝန်ခံ ပြုပြင် ဆောင် ရွက်
ပေးလို သူများရှိပါက ဝမ်းမြောက် ဝမ်းသာ လက်ခံ သွားမည် ဖြစ်ကြောင်း အသိပေး
ဖော်ပြ အပ်ပါ သည်။
၃။
အလားတူ ပျက်စီး ဆုံးရှုံးခဲ့သော စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်း များ၊
လူနေ အိမ်ခြေ များနှင့် အများနှင့် သက်ဆိုင်သော အဆောက် အအုံများ အား
ပြန်လည် ထူထောင် တည် ဆောက်ရေး အတွက် ပြည်တွင်း ၊ ပြည်ပ မှ စေတနာရှင် များ၊
လူမှု အဖွဲ့အစည်းများ၊ NGO နှင့် INGO များ၏ အကူအညီကိုပါ ရယူ လက်ခံ
ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်းနှင့် လှူဒါန်း လိုသော စေတနာ ရှင်များ၊
အဖွဲ့အစည်း များအနေဖြင့် အောက်ပါ အတိုင်း ဆက်သွယ် လှူဒါန်း နိုင် ပါ
ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်-
(က) နေပြည်တော် - ယဉ်ကျေးမှုဝန်ကြီးဌာန ၊
ဆက်သွယ်ရန်- ဦးကျော်ဦးလွင် (ညွှန်ကြား ရေးမှူးချုပ်) ဖုန်း-ဝ၆၇-၄ဝ၈ဝ၃၈ /ဝ၉-၄၉၂ဝ ၂၁၄၁ ၊ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက် နှင့် စာကြည့် တိုက် ဦးစီးဌာန
-လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
ဆက်သွယ်ရန်-
ဦးစိုးအောင် (ညွှန်ကြား ရေးမှူးချုပ်) ဖုန်း- ဝ၆၇-၄ဝ၄ဝ၅ဝ/ ဝ၉-၈၆ဝဝဝ၂၅
ဦးဝင်းထွဋ်ဦး- ညွှန်ကြား ရေးမှူး(စီမံ) ဖုန်း-ဝ၆၇-၄ဝ၄၃၁၆/ ဝ၉-၄၃၁၂ဝ၈၆၃၊
ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထား ရေးဦးစီးဌာန
-သာသနာရေး ဝန်ကြီးဌာန ဆက်သွယ်ရန်-ဦးခင်မောင်ဝင်း (ညွှန်ကြား ရေးမှူး) ဖုန်း-ဝ၆၇-၄ဝ၆ဝဝ၁/ ဝ၆၇-၄ဝ၆ဝ၁၃
(ခ) ရန်ကုန်တိုင်း ဒေသကြီး - ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဦးစီးဌာန
ဆက်သွယ်ရန်- ဦးသိန်းဌေးအောင်
(ဒုတိယ ညွှန်ကြားရေးမှူး) ရန်ကုန်တိုင်း ဒေသ ကြီး ဦးစီးမှူး၊ ကျိုက်ဝိုင်း
ဘုရားလမ်း၊ ရန်ကုန်မြို့ ဖုန်း-ဝ၁-၆၆၁ ၈၁၂/ ဝ၁-၅၂၂ ၇၂၆/ ဝ၉-၈၆ဝ၁၁၆၄
-သာသနာရေး ဝန်ကြီးဌာန
ဆက်သွယ်ရန်- ဦးစိုးမင်းထွန်း (ညွှန်ကြားရေးမှူး)ဖုန်း-ဝ၁-၆၆၁ ၂၇၅/ ဝ၉-၅ဝဝ ၁၄၇၅
(ဂ) စစ်ကိုင်းတိုင်း ဒေသကြီး - စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့
ဆက်သွယ်ရန်- ဦးမင်းလွင် (ဒုတိယ ညွှန်ကြား ရေးမှူး) ဖုန်း-ဝ၇၁-၂၄၁ ၇ဝ/ ဝ၉-၂ဝ၄ ၄၆၉၅
(ဃ) မန္တလေးတိုင်း ဒေသကြီး - မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့
ဆက်သွယ်ရန်- ဦးကျော်မြင့်
(ညွှန်ကြား ရေးမှူး) ဖုန်း-ဝ၂- ၃၆၉၁၃/ ဝ၉-၈၅ ဝဝ၉ဝ၉ ဦးအေးလွင် (လက်ထောက်
ညွှန်ကြား ရေးမှူး) ဖုန်း-ဝ၂- ၃၆၉၂၂ /ဝ၉-၄၇၁ ၃ဝ၁၃ဝ
-သာသနာရေး ဝန်ကြီးဌာန
ဆက်သွယ်ရန်- ဦးကျော်စိန်ဝင်း (ညွှန်ကြား ရေးမှူး) ဖုန်း-ဝ၂- ၆၁၁၁၃/ ဝ၉-၂ဝဝ ဝ၇၃၂
0 comments:
Post a Comment