November 30, 2012

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၃၃/ ၂၀၁၀ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ

အမှတ် ၃၃/ ၂၀၁၀ ၁၃၇၂ ခုနှစ် ဝါခေါင်လဆန်း ၁၀ ရက် (၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရုံးစိုက်ရာမြို့များသတ်မှတ်ခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အောက်ပါတိုင်းသတ်မှတ်ထားသည်— (က) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခင်း)မြို့နယ် ခြောက်မြို့နယ်တို့ကို စုစည်းပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ (ခ) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ဂ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် တို့ကိုစုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ဃ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့ကိုစုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (င) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ် နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (စ) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည် လုပ်ငန်းရပ်များကို ကြိုတင်ဆောင်ရွက် ထားရန် ပြဋ္ဌာန်းချက်နှင့်အညီ အပိုဒ် (၁) ပါအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် ၄င်းတို့၏ ရုံးစိုက်ရာမြို့များကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်။ (က) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွက် ဟိုပန်မြို့၊ (ခ) နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် လဟယ်မြို့၊ (ဂ) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ပင်းတယမြို့၊ (ဃ) ပအို0်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဟိုပုန်းမြို့၊ (င) ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နမ့်ဆန်မြို့၊ (စ) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် လောက်ကိုင်မြို့၊ အမိန့်အရ (ပုံ) သီဟသူရတင်အောင်မြင့်ဦး ဗိုလ်ချုပ်ကြီး အတွင်းရေးမှူး (၁) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts