November 29, 2012

ပအိုဝ်အမျိုးသားတို့ရဲ့ မီးရှုးလွှတ်တင်ပွဲ














တောင်ကြီးမြို့ တွင် ၊ ရှမ်း ၊ပအိုဝ်၊ ဗမာ ၊ အင်းသား ၊ဓနုစတဲ့တိုင်းရင်းသားများနှင့်အခြားသောတိုင်းရင်းသား
များလည်းတူယဉ်တွဲနေထိုင်ကြတဲ့အလျှောက်လူမျိုးတိုင်းရိုးရာဓလေ့ပွဲများကိုယ်စီရှိကြသလိုပအိုဝ်အမျိုးသား
များယဉ်ကျေးမှုနှင့်ဓလေ့ ပွဲဖြစ်တဲ့ မီးရှုး လွတ်တင်ပွဲရှိပါတယ်ပုံမှာမြင်တွေ့တဲ့အတိုင်းပါပဲ။ယင်းပွဲမှာဖြင့်စည်
စည်ကားကားပျော်ပျော်ရွှင်ရွှင်နဲ့ ပြိုင်ပွဲဝင်မီးလုံးများကို လွှတ်တင်ကြပါတယ်။အဲဒီနောက်ပြောစရာတစ်ခုရှိ
သေးတာက ပြိုင်ပွဲဝင်မီးလုံးမလွှတ်တင်မှီပအိုဝ်တိုင်းရင်းသာများကရိုးရာအိုးစည်ဗုံမောင်းတီးရင်းကကြပါတာ
တွေ့ရပါတယ်။နောက်ပြီး ကနေတာဒီတိုင်းရိုးရိုးက ကြတာမဟုတ်ပါဘူးမီးလုံးကိုပုခုံးပေါ်ထမ်းပြီးတော့ကကြ
တဲ့ပုံဖြင့်တကယ်ခက်ခဲမယ့်အလုပ်ပါမီးလုံးက လေးလည်းလေးပါသေးတယ်ဝါးပြောင်းထဲမှာရမ်း နှင့်သိပ်ထား
တဲ့လို့လေးနေတဲ့ မီးလုံးကြီးကိုပုခုံးပေါ်တင်ပြီးပြုတ်မကျအောင်ဟန်ချက်ညီညီကဖို့ဆိုတာမလွယ်တဲ့အလုပ်
ပါ ကျွန်တော်သိသလောက်ကတော့ ပြိုင်ပွဲပုံစံကစုကြေးသတ်မှတ်ပြီးအပျော်တမ်းပြိုင်ကြတာဖြစ်တယ်လိုသိ
ရပါတယ်။ နောက်ပြီး လွှတ်တင်တာ တွေ့ဖူးတာတော့နှစ်မျိုးတော့တွေ့ဖူးတယ် စင်အမြင့်ကြီးပေါ်ကနေ
လွှတ်တာက တစ်မျိုး မြေကြီးပေါ်ကနေထောင်ပြီးလွှတ်တင်တာမျိုးလည်းတွေ့ဖူးပါတယ် ဘာကြောင့်ဘယ်
လိုလွှတ်တယ်ဆိုတာတော့ ကျွန်တော်လည်းသိသလောက်တင်ပေးလိုက်တာပါ ။ အဲလိုပြိုင်ခြင်းကလည်းမ
လွယ်တဲ့အလုပ်ကိုလုပ်ရသလိုပါပဲ ကျွန်တော်သိတာတော့ target ဆိုတဲ့သဘောမျိုးပေါ့ သတ်မှတ်ထားတဲ့
နေရာ ကိုရောက်အောင်လွှတ်တင်ရတယ်လို့သူငယ်ချင်း ပအိုဝ်တစ်ယောက်ကပြောဖူးပါတယ်။တကယ်လို့
အဲလိုနေရာမရောက်ရင်တောင်မှ အနီးစပ်ဆုံးသူက ဆုရတယ်လို့သိရပါတယ် စဉ်းစားကြည့်ပါ။တကယ်မ
လွယ်တဲ့အလုပ်နော်....။ကဲကဲ အဲလောက်ပဲကျွန်တော်လည်းသိတယ်ဗျာတကယ်လို့ထပ်သိရင်ထပ်ပြီးတင်
ပြပေးပါမယ်.....တစ်ချို့အရာတွေတော့မှန်တာရှိသလိုမမှန်တာတွေလည်းပါချင်ပါနေမှာပါ မသေချာလို့မ
တင်ဘူးဆိုတဲ့အဖြစ်မျိုးဖြစ်မှာစိုးလို့တင်ပေးလိုက်တာပါ မှန်တဲ့အချက်တစ်ခုခုကိုသိသွားရတော့ ဗဟုသုတ
ရတာပဲမို့ သိသလောက်တင်ပေးလိုက်တာပါ ။
တောင်ကြီးမြို့မှာဘယ်ပွဲတွေက ဘယ်လိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်
နိုင်အောင်တင်ပြပေးပါမယ်.............ခုတော့ နားကြအုံးစို့..

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts