November 14, 2012

ငလျင် ဒဏ်သင့် ပြည်သူများ စားဝတ် နေထိုင်ရေး ပုံမှန် ပြည်လည် ဖြစ်လာနိုင်ရန် လုပ်ငန်း ကော်မတီ အားလုံး ညှိနှိုင်း ဆောင်ရွက်ရန် မှာကြား

နေပြည်တော် နိုဝင်ဘာ ၁၄
ငလျင် ဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည် ထောင်စု သမ္မတ မြန် မာ နိုင် ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ သမ္မတရုံး ဝန်ကြီး ဌာန အစည်း အဝေး ခန်းမ၌ ကျင်းပ သည့် စစ်ကိုင်းတိုင်း ဒေသ ကြီးနှင့် မန္တလေး တိုင်းဒေ သကြီး တို့တွင် ငလျင် ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံး မှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ညှိနှိုင်း အစည်း အဝေးတွင် စားဝတ် နေရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း များအတွက် လိုအပ်သည့် ငွေကြေး များကို သဘာ ဝဘေး အရေးပေါ် ရန်ပုံ ငွေမှ ထုတ်ပေး သွားရန်နှင့် အခြား လိုအပ်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကိုလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာန များအလိုက်  တတ်နိုင် သမျှ ထောက်ပံ့ ကူညီ ဆောင်ရွက် ပေးကြ ရန် လိုအပ် ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရများ အနေဖြင့် ပျက်စီး ဆုံးရှုံးမှု နောက်ဆုံး စာရင်း များကို ပြုစု တင်ပြရန်၊ ပြန်လည် ထူထောင်ရေး လုပ်ငန်း များတွင် လစ်ဟာ မှုများ မရှိ ရအောင် ဗဟို လုပ်ငန်း ကော်မ တီနှင့် ချိတ်ဆက် လုပ်ဆောင်ရန်၊ ပြည်သူများ၏ လိုအပ်ချက် များကို အမြန်ဆုံးနှင့် အတတ် နိုင်ဆုံး ဖြည့် ဆည်း ဆောင် ရွက် ပေးသွား ကြရန် လမ်းညွှန်မှာ ကြားသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts