November 13, 2012

နောင်တရားမြို့က ဂျီဖုန်းတာဝါတိုင်

နောင်တရားမြို့ ဂျီဖုန်းတိုင်အခြေအနေက လောလောဆယ် ပြီးသလောက် ရှိနေပါပြီ။ စက်အထိုင်တပ်ဖို့ပဲ ကျန်တော့တယ်လို့ သိရတယ်။ ဒါကလည်း ၂ရက်လောက်တပ်လိုက်ရင် ပြီးပါတယ်။

ဒါပေမယ့် အားလုံးပြီးစီးသွားရင် ချက်ချင်း မဖွင့်သေးပါဘူးတဲ့။ တီကျစ်တာဝါတိုင်နဲ့ ပင်လောင်းတာဝါတိုင်ကတော့ နောင်တရားထက် အရင်ပြီးနေပါပြီ။ အချင်းချင်း တောင်မြောက် ချိတ်ဆက်ပြီး တပြိုင်နက်ဖွင့်မယ်လို့ ပြောပါတယ်။ ဖွင့်မယ့်အချိန်ကတော့ လိုပါသေးတယ်။ နေပြည်တော်-ဆီးဂိမ်းပွဲအမီ ၂၀၁၃ နှစ်ဦး ရောက်တဲ့အချိန်မှာမှ ဖွင့်မယ်လို့ ဂျီဖုန်းတိုင်ထူတဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဲလို ပြောပြပါတယ်။

တောရွာတွေမှာတော့ အခုဆိုရင် နှစ်သိန်းတန် ဂျီဖုန်းအတွက် အရစ်ကျစနစ်နဲ့ ကြိုရောင်းနေပြီလို့ သိရပါတယ်။ ပထမတစ်လကို ၄သောင်းသွင်းရပါတယ်၊ ကျန်တာ ကျေတဲ့အထိ လစဉ် တစ်သောင်းကျ ပေးချေသွားရပါတယ်။

(စန္တာ;ခမ်း သတင်းစဉ်)

ဓာတ်ပုံ - အနော်မာလမင်း
နောင်တရားမြို့က ဂျီဖုန်းတာဝါတိုင် 
----- ----- ----- ----- ------

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts