November 27, 2012

အောင်မြင်သူ ဖြစ်လိုလျှင်


Apple Computer နဲ့ Pixar Animation Studios ရဲ့ CEO ဖြစ်သူ Steve Jobs က 2005 ခုနှစ် ဇွန်လတုန်းက Stanford တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား မှာ ပြောကြားခဲ့တဲ့ ကိုယ်တွေ့သင်ခန်းစာ ပုံပြင်သုံးပုဒ်ရဲ့ အနှစ်ချုပ်တွေ ဖြစ်ပါတယ်။
*ကိုယ့်ရဲ့ အတွေးကိုကိုယ်၊ ကိုယ့်ရဲ့အစွမ်းအစကို ကိုယ်၊ ကိုယ့်ရဲ့အလားအလာ ကံကြမ္မာကို ကိုယ် လုံးဝဥဿုံ ယုံကြည်ပါ။
*တစ်ခါတစ်လေမှာ ဘ၀ ကံကြမ္မာဟာ ခေါင်းကို အုတ်ခဲနဲ့ ထုလိုက်သလိုပါပဲ။ ဒါပေမယ့် ယုံကြည်ချက်ကို မစွန့်ပါနဲ့ ဘယ်တော့မှ ပြီးပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ယုံကြည်မြတ်နိုးတဲ့ အလုပ်ကို ဘယ်တော့မှ မစွန့်ပါနဲ့။
*သင့်ရဲ့အချိန်တွေဟာ အကန့်အသတ်နဲ့ ရှိနေပါတယ်။ဒီလို ကန့်သတ်ထားတဲ့ အချိန်အတွင်းမှာ ကိုယ့်ကိုယ်တွင်းက ယုံကြည်မှုကို သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်တွေ ဖုံးလွမ်းပစ်တာ မခံပါနဲ့။ ကိုယ်ဖြစ်ချင်တာကို ပထမဦးစားပေးပါ။ ကျန်တာအားလုံးကို ဒုတိယမှာပဲထားပါ။
တစ်နည်းအားဖြင့် ဆိုရရင် ဒီကိုယ်တွေ့ သင်ခန်းစာ သုံးခုဟာ
*ကိုယ့်ကိုယ်ကိုယ် လုံးဝဥဿုံ ယုံကြည်ဖို့
*လောကဓံကြောင့် ကိုယ်မြတ်နိုးတဲ့ အလုပ်ကို မစွန့်လွတ်ဖို့
* အချိန်ကို တန်ဖိုးထားပြီး ကိုယ့်အလုပ်ကိုသာ ဦးစားပေးပြီးလုပ်ဆောင်ဖို့
တိုက်တွန်းထားတာပါ။ဘွဲ့ရပြီးပေမယ့် လေ့လာလိုမှုနဲ့ ပညာရပ်တစ်ခုအပေါ်မှာ မိုက်မဲစွာ ဆာလောင်မှုတွေ မပျောက်ရအောင် Stay Hungry.Stay Foolish ဆိုတဲ့စကားလက်ဆောင် နှစ်ခုကိုလည်း Steve Jobs က အဲဒီအခမ်းအနားမှာ ပေးခဲ့ပါသေးတယ်။
ဒီအချက်တွေက အခြေခံ ကျပေမယ့် အရေးကြီးပါတယ်။ ရိုးရှင်းပေမယ့် လိုက်နာဖို့ ခက်ခဲပါတယ်။ အစလွယ်ပေမယ့် ဇွဲသန်ရပါတယ်

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts