November 27, 2012

အချိန်တွေမဖြုန်းမိစေဘို့

   စီမံခန့်ခွဲသူ ဒါမှမဟုတ် ခေါင်းဆောင်မှု တာဝန်ယူနေသူတွေဟာ မိမိတို့ရဲ့ လုပ်ငန်းတွေထိထိရောက်ရောက်နဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့ အမြဲသတိပြု ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ထိရောက် အောင်မြင်အောင် စီမံဆောင်ရွက်နေတဲ့အခါ တစ်ခါတစ်ရံဖြစ်စေ မကြာခဏဖြစ်စေ အချိန်တွေကို အလဟသ ဖြုန်းမိတတ်ပါတယ်။ အဲဒါကို သတိ မပြုမိ တတ်ပါဘူး။ အချိန်ဖြုန်းနေတာကို အချိန်ဖြုန်းမှန်းမသိတဲ့ အမှတ်တမဲ့အဖြစ်မျိုး ရှိတတ်ပါတယ်။

-          အချိန်ဖြုန်းမိတဲ့အတွက် အချို့အချို့သောလုပ်ငန်းတွေမှာ မိမိမူလက မျှော်မှန်းထားတဲ့အတိုင်း အပြည့်အ၀ မဖြစ်ဘဲ အရည်အသွေးပိုင်းမှာ ကျဆင်းတာ သတ်မှတ်တဲ့အချိန်ကာလ အတွင်းမှာ မပြီးတာတို့ ကြုံတွေ့ရတတ်ပါတယ်။အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကိုရှာကြည့်တဲ့အခါ  တရားခံဟာ မိမိကိုယ်တိုင် ဖြစ်နေတာကို အံ့သြဖွယ်ရာ တွေ့ရတတ်ပါတယ်။ ဘာ့ကြောင့်အဲဒီလိုဖြစ်ရလဲဆိုတာ ဆန်းစစ်ကြည့်တဲ့အခါ ဖော်ပြထားတဲ့ အချိန်ဖြုန်းမှုများထဲမှ အချက်တစ်ချို့ ကို ကျူးလွန်နေခဲ့ကြောင်းတွေ့ရှိရမှာဖြစ်ပါတယ်။အဲဒီချို့ယွင်းချက်တွေအတွက် မိမိကိုယ်ကို အပြစ်တင်မနေဘဲ နောင်ကို ထပ်မံမဖြစ်အောင် ပြုပြင်သွားဖို့ပဲ ဖြစ်ပါတယ်။
အမှတ်တမဲ့ အချိန်ဖြုန်းသလို ဖြစ်သွားတတ်တဲ့ အချက်တွေကတော့
၁။         ရေရှည်စီမံကိန်းရေးဆွဲမထားခြင်း
၂။         ရေတိုစီမံချက် စနစ်တကျရေးဆွဲမထားခြင်း
၃။         ကြိုတင်သတ်မှတ်ရာလျာထားခြင်းမရှိသည့် အစည်းအဝေးများများ(အရေးပေါ်မှအပ)
၎။         မလိုအပ်ပဲ ပြုလုပ်သည့် အစည်းအဝေးများ
၅။         နေရာတကာတွင် အစီရင်ခံစာတင်ပြစေခြင်း
၆။         စဉ်းမျဉ်းစည်းကမ်း ပြဌာန်းမှုများပြားလွန်းခြင်း
၇။         လုပ်ငန်းအလိုက် ဦးစားပေးအဆင့် ခွဲခြားသတ်မှတ်မှု မရှိခြင်း
၈။         လုပ်ငန်းတခုခြင်းအလိုက် သတ်မှတ်သည့် ရည်မှန်းချက်များသည် တိကျပြတ်သားမှုမရှိခြင်း
၉။         ချက်ချင်း(မဖြစ်မနေ) လုပ်ကိုင်ရမည့် အလုပ်အမျိုးအစား သတ်မှတ်ပြဌာန်းမှု မရှိခြင်း
၁၀။       အချိန်ကို စနစ်တကျခွဲဝေစီမံမှု မရှိခြင်း


၁၁။       လုပ်ငန်းတခုခြင်းအလိုက် ပြီးစီးရမည့်ရက်ကို အတိအကျသတ်မှတ်မထားခြင်း
၁၂။       တစ်ချိန်တည်းတွင် လုပ်ငန်းများစွာကို ကိုင်တွယ်လုပ်ဆောင်ခြင်း
၁၃။       မလိုလားအပ်သော နှောက်ယှက်မှုများကို မကိုင်တွယ်တတ်ခြင်း (တယ်လီဖုန်းဖြင့်မေးမြန်ချက်များကို ကိုယ်တိုင်ဖြေကြားခြင်း ၊ ချိန်းဆိုမထားသည့် ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်း)
၁၄။       မှတ်တမ်းထိန်းသိမ်းမှုစနစ်အားနည်းခြင်း
၁၅။       မိမိဝန်ထမ်းများစိတ်ဓါတ်အခြေအနေ နိမ့်ကျနေသည်ကို လျှင်မြန်စွာ အရေးယူ ဆောင်ရွက်မှု မရှိခြင်း
၁၆။       ပုံမှန်လုပ်ငန်းများနှင့်ပါတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို ပြည့်စုံစွာသတ်မှတ်ပြဌာန်းထားမှု မရှိခြင်း
၁၇။       မိမိကိုယ်တိုင် လုပ်ကိုင်ရန်မလိုအပ်သည့် လုပ်ငန်းများကို အခြားသူများအား လွဲပြောင်းပေးအပ် လုပ်ကိုင်မှု မရှိခြင်း
၁၈။       ရောက်ရှိလာသော အရေးမကြီးသည့် မေးခွန်းလွာ၊မေးမြန်းချက်များကို အရေးတယူ ပြန်လည်ဖြေကြားပြောဆိုခြင်း
၁၉။       အလှမွေးတိရစ္ဆာန်များ မွေးမြူထားပြီး အလုပ်ချိန်အတွင်း အချိန်ယူကြည့်ရှုခြင်း
၂၀။       ရှင်းလင်းပြတ်သားမှုမရှိသည့် တောင်းဆိုမှုများကို အချိန်ယူစဉ်းစားခြင်း
၂၁။      ဆောင်ရွက်နေဆဲလုပ်ငန်းများ၏ အခြေအနေတိုးတက်မှုနှင့် ပတ်သက်သည့် သတင်းပို့ချက်၊ အစီရင်ခံစာများ ပြည့်စုံစွာမရရှိသည်ကို အရေးယူဆောင်ရွက်မှု အားနည်းခြင်း
၂၂။       လုပ်ငန်းတခုခြင်းနှင့်ပါတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာ ရယူမထားခြင်း
၂၃။      လုပ်စရာရှိသည့်အလုပ်ကို ချက်ချင်းမလုပ်ဘဲ အချိန်ရွေ့ဆိုင်းတတ်ခြင်း
၂၄။       အလုပ်ကိုလက်တွေ့လုပ်ချိန်ထက် စာရွက်စာတမ်းများကို ဖတ်ရှုချိန်က ပိုမိုနေခြင်း၊စာရွက်စာတမ်းများပြားလွန်းခြင်း
၂၅။       အကြောင်းထူးမရှိသည့် ၀င်စာများကို အချိန်ခံပြီး ဖတ်ရှုခြင်း
-          အခုဖော်ပြထားတဲ့ အချက်တွေအပြင် ဘယ်လိုအလုပ်တွေဟာ မိမိ၏လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက်ယုတ်လျော့စေသလဲဆိုတာ အမှန်ကို အမှန်အတိုင်း အရှိကိုအရှိအတိုင်း သေသေချာချာ စိစစ်တတ်ဖို့ လိုပါတယ်။ ဆောင်သင့်တာကိုဆောင်လို့ရှောင်သင့်တာကို ရှောင်သွားမယ်ဆိုရင် စီမံခန့်ခွဲသူတိုင်း ၊ခေါင်းဆောင်တိုင်းဟာ အမှန်တကယ်စွမ်းဆောင်နိုင်သူတွေ ဖြစ်လာရုံသာမက မိမိတို့အသီးသီးတာဝန်ယူရတဲ့ လုပ်ငန်းမှန်သမျှလည်း ချောချောမောမောနဲ့ အောင်မြင်ကြပါလိမ့်မယ်။မှန်မှန်ကန်ကန်တွေးခေါ်တတ်ဖို့၊ မှန်မှန်ကန်ကန်ရှု့မြင်သုံးသပ်တတ်ဖို့ အမြော်အမြင်ကြီးမားတတ်ဖို့ မွေးမြူလေ့ကျင့်ကြပါစို့။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts