နေပြည်တော် နိုဝင်ဘာ ၁၄
အနောက်မြောက်
တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလွင်သည် နိုဝင်ဘာ ၁၃ ရက် ညနေ
ပိုင်းက တာဝန်ရှိသူများနှင့် အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရတနာသိင်္ဃ
တံတား အား စက်ယန္တရားများဖြင့် ဆယ်တင်ခြင်း လုပ်ငန်းများ ဆောင် ရွက်
နေမှုကို ကြည့်ရှုပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ ညှိနှိုင်း ဖြည့် ဆည်း ပေးသည်။
နိုဝင်ဘာ
၁၄ ရက် နံနက်ပိုင်းတွင် ရွှေဘိုမြို့ ၌ မောဓော မြင်သာ မြို့ထောင့် စေ တီ
စေတီမဏ္ဍိုင် တိမ်းစောင်းမှုရှိ၊ မရှိအား နယ်မြေခံ တပ်ရင်းမှ မြေတိုင်း
ကိရိယာများဖြင့် တိုင်းတာ နေမှုအား လည်းကောင်း၊ ပြန်လည် ဆယ်တင်ရေး
လုပ်ငန်းများ ဆောင်ရွက်နေမှု အားလည်း ကောင်း ကြည့်ရှု စစ်ဆေး ပြီး စေ တီတော်
ပြုပြင်ရန်အတွက် တပ်မတော်မှ ပေးပို့ လှူဒါန်း သော ဘိလပ်မြေ အိတ် ၁ဝဝ အား
လှူဒါန်းသည်။
ဆက်လက်၍
ရွှေဘိုမြို့ရှိ လောက မာရဇိန်ဘုရား၊ ရွှေချက်သို ဘုရားနှင့် ပခန်းဒုံး
ဘုရားများ၏ ငလျင် ဒဏ်ကြောင့် ပျက်စီးနေမှု များကို ကြည့်ရှုကာ ပြန် လည်
ပြုပြင်ရန် အတွက် တပ်မတော် မှ ပေးပို့ လှူဒါန်း ခဲ့သော ဘိလပ်မြေအိတ် ၃ဝဝ
အား လှူဒါန်းသည်။
ထို့နောက်
နေ့လယ်ပိုင်းတွင် ကျောက်မြောင်း မြို့နယ်ခွဲ မခေါက် ကျေး ရွာ ရွှေတောင်ဦး
မြတ်စွာဘုရား ပျက်စီးမှုများ အားကြည့်ရှုကာ ပြန်လည် ဆယ် တင်ရေး
လုပ်ငန်းများအား နယ်မြေခံ တပ်များမှ ဝိုင်းဝန်း ဆောင်ရွက်ရန် မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment