ပလောင် လူမျိုးတို့သည် မိမိကိုယ်ကို တအာင်း(Ta'ang) ဟူ၍ ခေါ်ဆိုကြသည်။
ပလောင် မျိုးနွယ်စုတို့၏ပြောဆို သောစကားသံ အလိုက် “အအာင်း”(AH'ANG)
ရအာင်း(RA'ANG)၊ နအာင်း(NA'ANG)။ လအာင်း(LA'ANG)၊ အာင်း(ANG)၊ ယအာင်း
(YA'ANG)၊ ရိအာင်း (RI'ANG)ဟူ၍လည်း ပြောဆိုကြသည်။
ပလောင်
လူမျိုးတို့သည် မွန် ၊ဝ ၊ပလောင်တို့ သွေးချင်း အရင်းအချာ ညီအစ်ကို
မျိုးနွယ် ဖြစ်ကြသည်ဟု ယုံကြည်စွဲမှတ် လျက်ရှိကြသည်။ ရှမ်းပြည်အတွင်း
ပြန့်နှံ့စွာ နေထိုင်လျက်ရှိကြသည့်အလျောက် ညီနောင် တိုင်းရင်းသားများတို့
ခေါ်ဆိုသည့် အမည် နာမအလိုက် (ပလောင်၊ပလေး၊လွယ်၊ လွယ်လ၊ယန်း(ယင်း)၊ယင်းကြား
လူမျိုးစုတို့သည် ပလောင် မျိုးနွယ်စုများ ဖြစ်ကြ ပြီး၊ နှစ်ကာလ
ကြာမြင့်စွာက ကွဲပြားသော နေရာဒေသ အနှံ့အပြားတို့တွင် အခြေချ နေထိုင်ကြသည့်
ပလောင်လူမျိုးများ ဖြစ်သည်။ ဘာသာစကား၊ ဝတ်စား ဆင်ယင်မှု၊ မိသားစု(သို
့)မျိုးနွယ် ဖွဲ့ စည်းပုံတို့ မှာ တူညီကြသည်။
နေနဂါးမျိုးနွယ်
ပလောင် လူမျိုးတို့သည် မိမိတို့ကိုယ်ကို မိမိတို့အဖ
နေမျိုးနွယ်(နေနတ်သား) နှင့် အမိနဂါးမျိုးနွယ် (နဂါးမင်း သမီး) တို့ မှ
ပေါက်ဖွား ဆင်းသက်လာသည့်ဟု ယုံကြည်လျက် ရှိကြသည်။
ရှေးပလောင်အလံ
ရှေးပလောင်လူမျိုးတို့ ၏ အထိမ်းအမှတ် အလံမှာ ပြောရောင် (မိုးပြာ) အောက်ခံ၍ ဗဟိုအလယ်တွင်“နေ၀န်းနီ” ပါရှိသည်။
ကိုးကွယ်ယုံကြည်မှု
ပလောင် လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင် ဖြစ်ကြသည်။ နတ်ကိုးကွယ်မှုနှင့်
ယဇ်ပူဇော်ဓလေ့ မရှိကြပါ။ ရွာစောင့်နတ်၊ လယ်ယာမြေနှင့် တောတောင်စောင့်နတ်တို
့အား ပသပူဇော်သည့် ဓလေ့သာရှိသည်။
ပလောင်မျိုးနွယ်စုများ
ပလောင် လူမျိုးတို့သည် မိမိတို့ကိုယ်ကို “တအာင်း”ဟူ၍ခေါ်ဆိုသည်။ ဗမာတို့က
“ပလောင်” ဟူ၍ခေါ်သည်။ “ပလေး” ဟူ၍ လည်းခေါ်ဆိုသည်။ ပလောင် ရာဇ၀င် အဆိုအရ
တကောင်း ခေတ်ကတည်းက “ပလောင်”ဟုခေါ်ဆိုခဲ့သည် ဆိုသည်။ ပုဂံခေတ် တွင်လည်း
“ပေါင်လောင်” ဟူ၍ ရေးသားခဲ့ကြသည်ကို တွေ့ရှိရသည်။ ရှေးဗမာတို့က “ရွေပလောင်၊
ငွေပလောင်”ဟူ၍ ချစ်ခင် မြတ်နိုးဖွယ် တင်စား သုံးနှုန်း ခေါ်ဆိုကြသည်။
ရွေပလောင်လူမျိုး၊ ငွေပလောင်လူမျိုး ဟူ၍ လူမျိုး ကွဲပြားခြင်းမရှိပါ။
ရွေပလောင် ငွေပလောင်ဟူသော ပလောင်မျိုးနွယ်စု (၀ါ) တအာင်းမျိုးနွယ်စု
အားလုံးကို ရည်ညွန်း ခေါ်ဆိုခြင်းဖြစ်သည်။ ဘယ်ပလောင်မျိုးနွယ်စုကို
ရွေပလောင်၊ ဘယ်ပလောင်မျိုးနွယ်စုကို ငွေပလောင် -ဟူ၍ရည်ညွန်း ကွဲပြား
ခေါ်ဝေါ်ခြင်း မရှိပေ၊ ရွေပလောင် ၊ ငွေပလောင်ဟူ၍ ပြောစမှတ်ပြုရာတွင်
အမည်နာမကို စကားအရာ ချစ်ခင်စွာ ဂုဏ်တင် ခေါ်ဝေါ်ခြင်းဖြစ်သည်။
(ရွှေလမ်း၊ ငွေလမ်း၊ ရွေပင် ငွေပင်၊ ရွှေသမက် ငွေသမက်)
ပလောင် ရာဇ၀င် အဆိုတစ်ခုတွင် ဗုဒ္ဓပွင့်တော်မူပြီး ကာလက
မွန်ခမာမျိုးနွယ်ဝင် ဖြစ်ကြသော မွန်၊ ၀၊ ပလောင်၊ ခမာလူမျိုး တို့သည်
အင်ဒိုချိုင်းနား ဒေသကြီး တစ်ခုလုံးကို လွှမ်းမိုး ကြီးစိုးခဲ့ပြီး မွန်ခမာ
ယဉ်ကျေးမှု တစ်ရပ်ပေါ်ထွန်းခဲ့၍ မွန်၊ ၀၊ ပလောင် ယဉ်ကျေးမှု ခေတ်ကြီး(ဝါ)
မွန်၊ ၀၊ ပလောင်တို့ ၏ ရွှေခေတ်ကြီးဟုပင် ဂုဏ်တင် ဖော်ညွန်း ခဲ့ကြပါသည်။
ထိုစဉ်က မွန်၊ ၀၊ ပလောင်တို့ ၏ ယဉ်ကျေးမှု ရွှေခေတ်ကြီးသည် မြန်မာပြည်
အပါအ၀င် အာသံ၊ မဏိပူရ၊ ကမ္ဘောဒီးယား၊ ယိုးဒယား၊ ယူနန် စသည့်
အင်းဒိုချိုင်းနား ဒေသကို သုဝဏဘူမိ ရွှေတိုင်းပြည် (မိုင်ဆီင်၊ မိုင်ခံမ်)
ဟူ၍လည်းကောင်း၊ လူမျိုးတို့ ကိုရွှေပြည်သား၊ ရွှေတိုင်းသား၊ ရွှေလူမျိုးဟူ၍
လည်းကောင်း အသိအမှတ်ပြု ဂုဏ်တင်ခေါ်ညွန်းခဲ့ကြသည်။
ပလောင် ရာဇ၀င်
အဆိုတွင် ပလောင် လူမျိုးတို့သည် ရွှေခေတ်ကြီးတွင် ကောသမ္ဘီပြည်ကို ကြီးကျယ်
ခမ်းနားစွာ ထူထောင် ခဲ့လေသည်။ ကောသမ္ဘီခေတ် ကြီးဟု ပလောင်တို့၏ ရာဇ၀င်တွင်
ဆိုထားလေသည်။ တိုင်းနိုင်ငံ အသီးသီးတို့ကပင် ပလောင် ကောမ္ဘီပြည်ကြီးကို
ခန့်ညား ကြရသည်။ ထိုခေတ်ကြီးတွင် ရွှေတိုင်းပြည်၊ ရွှေလူမျိုးဟု၍ လည်းကောင်း၊
ရွှေခေတ်ကြီးကို ထူထောင်ကြသော လူမျိုးတို့ကို့ ရွှေမွန်၊ ရွှေ ၀၊ ရွှေပလောင်
ဟု၍လည်း အမွန်းပြု ဂုဏ်တင် ခန့်ညားခဲ့ကြသည်။ ရွှေပလောင် ဟူ၍
ဖော်ညွန်းခေါ်ဆိုရာ ပလောင်မျိုး နွယ်စု အားလုံးကို ဖော်ညွန်း ခေါ်ဆိုကြောင်း
တွေ့ ရှိရလေသည်။
ပလောင် လူမျိုးတို့ ထူထောင်ခဲ့သော
ကောသမ္ဘီပြည်ကြီးမှာ ယောနကတိုင်း (ယူနန်ပြည်၊ တာလီဖူး) တွင် ဖြစ်ပြီး
နဂါးအိုင် (တာလီအိုင်)ကိုအမှီပြုခဲ့ကြောင်း၊ နဂါးအိုင်ရှိ အမိနဂါးကြီးကို
အလေးအမြတ်ပြုကြကြောင်း ဆိုသည်။ ပလောင်တို့သည် မိမိတို့ကိုယ်ကို
“အဖနေနတ်သား၊ အမိ နဂါးမင်းသမီး” တို့မှပေါက်ဖွား လာကြသည့်
နေနဂါးမျိုးနွယ်ဟု ယုံကြည်ထားကြ လေသည်။
ထိုသို့ကြောင့်
တရုတ်တို့က“ပုံးလုံး” လူမျိုးဟု ခေါ်ဆိုရာမှ “ပလောင်”ဟူ၍ မြန်မာတို့ က
ခေါ်ဆို လာကြောင်း ဆိုသည်။ ထိုသို့ကြောင့် တရုတ်တို့က “ပုံးလုံး”
လူမျိုးဟုခေါ်သည်။ “ပုံး”အမျိုးအနွယ်၊ “အလုံး” နဂါး၊ နဂါးမှ ဆင်းသက်လာသော
လူမျိုး(သို့ ) နဂါးလူမျိုးအနွယ် ဟုဆိုရာမှ မြန်မာတို့ က “ပလောင်”
ဟုခေါ်ဆိုလာကြောင်းဆိုသည်။
ပလောင်လူမျိုးတို့ တွင်မျိုးနွယ်စု(၁၉)မျိုးစုရှိရာ
ပလောင် မျိုးနွယ်စုများတိုသည် ရောက်ရှိရာ အရပ်ဒေသ၊ အခြားသော
လူမျိုးစုနှင့် နီးကပ်ရောနှော ဆက်ဆံမှု၊ အရပ်ဒေသ အလိုက်၊ တောင်မြောက်၊
အရှေ့အနောက်အလိုက်၊ တောင်ပေါ် တောင်အောက် အလိုက် အသုံးအစွဲ အခေါ်အဝေါ်
ဆင်ယင်ထုံးဖွဲ့ မှု အနည်းအများဆိုသကဲ့သို့ကွဲလွဲမှု ရှိသည်။ ပလောင်
အမျိုးသမီးတို့သည် ငွေထည်ပစ္စည်းများ၊ ငွေကြိုး၊ ငွေပြားခါးပတ်၊
ငွေနားဋ္ဋောင်း၊ ငွေလက်ကောက်၊ ငွေဘယက်၊ ငွေဖက်လိပ် နားဋ္ဋောင်း၊
ငွေခြေပတ်ကြိုး၊ ငွေဒင်္ဂါးနှင့် ငွေထည်နှင့် ပြုလုပ်သော ဒေါင်းရုပ်၊
ငါးရုပ်၊ လိပ်ပြာရုပ်များ ပြုလုပ် ၀တ်ဆင်ကြသည်။
ပလောင် လူမျိုးတို
့၏ အမွန်အစ မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့ သည် “မွန်- ခမာ”
အနွယ်ဖြစ်ပြီး မြန်မာမြေ ပေါ်တို့ အဦးအစောဆုံးဝင် ရောက်လာကြသည်ဟု
လက်ခံကြသည်။ “မွန်-ခမာ” အနွယ်သည် “မောင်ဂုတ်” လူမျိုးနွယ်ကြီးမှ
ဆင်းသက်လာသည်ဟု ဆိုသည်။ “မောင်ဂုတ်” လူမျိုးကြီးမှ “ သြစတြစ် ” နှင့်
တီဗက်တိုတရုတ်” ဟုကွဲပြားလာသည်။ ၎င်းတို့ သည်-“မောင်ဂုတ်” အနွယ်အ၀င်
ဖြစ်ကြသော်လည်း ဒေသတစ်ခု အတွင်း နေထိုင်ကြရာမှ လူဦးရေ
တိုးတက်များပြားခြင်း ကြောင့် မိမိတို့၏ အသက်ရှင် နေနိုင်ရေးအတွက်
နေရာတစ်ခုမှ အခြားတစ်ခုသို့ ရေကြည်ရာ မြက်နုရာကို ရှာဖွေနေထိုင် လုပ်ကိုင်
စားသောက်ကြသည်။
ဤသို့ အချိန်ကာလကြာ ညောင်းသောအခါ နေထိုင်ရာ
နေရာဒေသတို့လည်း တစ်ခုနှင့် တစ်ခု မတူသောကြောင့် “ သြစတြစ် နှင့်
တိဗက်တိုတရုတ် ”ဟူ၍ ကွဲပြား ကြခြင်းဖြစ်၏။ ၎င်းမောင်းဂုတ် လူမျိုးတို့သည်
ရေကြည်ရာ မြက်နုရာကို ရှာကြံ၍ နယ်မြေ ဒေသတစ်ခုမှ အခြားတ်ခုသို့ ပြောင်းရွှေ
့နေထိုင်ကြရာတွင် နေဂရွိုက် လူမျိုးနှင့် အထူးသဖြင့် ပရိုတိုသြစလွိုက်
လူမျိုးများနှင့် သွေးနှော ကြသည်ဟုဆို၏။ ထိုကြောင့် “ သြစတြစ်”
လူမျိုးတိုသည် “ သြစတြိုနီးရှန် နှင့် သြစတြို အေရှတစ် ” ဟူ၍ ယင်းတို
့၏ဘာသာ စကားဖြင့် ခွဲခြားခြင်းဟုဆိုသည်။ “ သြစတြိုအေရှတစ် ” တွင်
အိန္ဒိယနိုင်ငံ (အာသံ၊ မဏိပူရ) ရှိခါဆီလူမျိုး၊ မုဏ္ဍလူမျိုး(ကိုလ်)၊ ဆန်သာလ်
လူမျိုး၊ နာဂဗာရီကျွန်းရှိ နာဂဗာရီ လူမျိုးနှင့် အာသံ၊ မြန်မာ၊
အင်ဒိုချိုင်းနားရှိ မွန်ခမာ အနွယ်တို့ ပြောဆိုသောစကားတို့ ပါဝင်သည်။
(မောင်းဂုတ်) မွန်ဂိုလွိုက် လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှာ အာရှတိုက်တွင်
အများဆုံး နေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊
အရှေ့ ပိုင်း နှင့် အရှေ့ တောင်ပိုင်းတိှု့၌ ပြန့် နှံ့ နေထိုင်ကြသည်။
ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်၊(ရိအာန်)၊ မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီ
စသောလူမျိုးတို့ သည် မွန်ခမာ အနွယ်မှ ပေါက်ဖွား လာသော အလွန်သွေးနီးစပ်
ကြသည့် ညီရင်းအစ်ကို မောင်နှမ ရင်းသားချင်းဟု ဆိုရပေမည်။
ထိုနည်းတူ မောင်းဂုတ် (မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး)မှတီဗက်တို
ဘားမင်းအုပ်စုတွင် ပျူ၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်၊ ဗမာ၊ ကရင်
လူမျိုးအဖြစ်သို့ လည်းကောင်း၊ ထိုင်း၊ တရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊
တရုတ်လူမျိုး အဖြစ်သို့လည်းကောင်း သက်ဆင်း လာကြသည်ဟုဆို၏။ ထိုကြောင့်
မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသော မျိုးနွယ်စု (၁၃၅) မျိုးတို့သည်
သွေချင်း ညီအစ်ကို မောင်နှမများ ဖြစ်ကြ သည်ဟု ဆိုကြရပေမည်။
“သြစတြို အေရှတစ်” အာရှတောင်ပိုင်း သို့မဆင်းသက်မီ တရုတ်ပြည် ယန်စီကျန်
မြစ်ဝှမ်း ဒေသတွင် “မွန်ခမာ” လူမျိုးနွယ် အဖြစ် တစ်စုတစ်ရုံးတည်း အခြေချ
နေထိုင်လာခဲ့သည်ဟုဆိုသည်။ ထိုကြောင့် ယန်စီကျန် မြစ်ဝှမ်းဒေသသည် “ မွန်ခမာ”
တို့၏ ဒေသဟောင်း ဖြစ်သည်ဟု ဆိုရပေမည်။ ၎င်းမြစ်ဝှမ်း ဒေသသည် ရသီဥတု
သင့်တင့်မျှတမှုရှိပြီး မြေဆီသြဇာ ကောင်း မွန်ခြင်းကြောင့် စိုက်ပျိုးရေး
လုပ်ငန်းကို စနစ်တကျ လုပ်နိုင်သော လူမျိုးဟု ယူဆရသည်။
နှစ်ပေါင်း
ရှည်ကြာစွာ တစ်စုံတစ်ရုံးတည်း စနစ်တကျ အခြေချနေထိုင်ကြရာတွင် စိုက်ပျိုးရေး
ကုန်ထုတ် လုပ်ငန်းကြီးဖြင့် စနစ်ကျသော လူအဖွဲ့ အစည်းဖွဲ့စည်းကြကာ ကျေးပြည်
ကျေးနယ် ထူုထောင်ကြသည်။ ၄င်း၌ မိမိလူမျိုးများပြား လာခြင်း
ကြောင့်လည်းကောင်း၊ အာရှမြောက်ပိုင် ဒေသ၌ ရာသီဥတု
ဆိုးဝါးမှုကြောင့်မြောက်ပိုင်း လူမျိုးနွယ်စုများ အစုအပြုံတိုးဝင်
ဆင်းသက်လာခြင်းကြောင့် လည်း ကောင်း အကျပ်အတည်းနှင့် တွေ့ရသောကြောင့်
တောက်ဖက်ပိုင်းသို့ ပြောင်းရွှေ လာကြရသည်ဟု ဆိုသည်။ ထိုသို့ပြောင်းရွှေ
ကြရာတွင် အင်ဒိုချိုင်းနား ဘက်သို့ ဗီယက်နမ် ဒေသတွင် ဗီယက်နမ်းလူမျိုး၊
ကမ္ဘောဒီးယား ဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့် မြန်ပြည် မြောက်ပိုင်း
ဒေသတွင် မွန်၊၀ နှင့် ပလောင် အုပ်စုတို့သည် လည်းကောင်း၊ မြန်မာပြည်
တောင်ပိုင်း ဒေသတွင် ပလောင်(ရိအာန်)၊ ၀ လူမျိုးတို့သည် လည်းကောင်း၊
ဗြဟ္မပုတ္တရ မြစ်ကြောင်း အတိုင်း အိန္ဒိယပြည် ဒက္ခီဏ ကုန်းဒေသတွင် မုဏ္ဍလူမျိုး၊
ဘင်္ဂလားနယ်တွင် ဆန်သာလ် လူမျိုးနှင့် အာသံနယ်တွင် ခါဆီလူမျိုး
တို့ကိုလည်းကောင်း အခြေနေထိုင်သည်ကို တွေ့ ရသည်။
“မွန်ခမာနွယ်ဘွား
“လူမျိုးတို့သည် ဘာသာစကား တစ်မျိုးတည်းဖြစ်သော်လည်း
အခြားဒေသများသို့ပြောင်းရွှေ့နေထိုင် အခြေချကြပြီး ကာလကြာမြင်စွာ
ခွဲခွာကြခြင်း၊ မူရင်းဘာသာစကား အပြင် ဝေါဟာရများ ထည့်သွင်း ပြောဆိုခြင်း
ရှိသော်လည်း မူလ မွန်ခမာ ဝေါဟာမူကား သုံးစွဲလျက်ရှိသည်ကို တွေ့ရှိရသည်။
ဤအခြေအနေ ပေါ်မူတည်၍ ဘာသာဗေဒပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို
ဖော်ထုတ် နိုင်ခြင်းဖြစ်သည်။
Bc- ၁၀၀၀ ခန့်ကပင် “မွန်ခမာ”
အနွယ်ဝင် မွန်၊ ၀၊ ပလောင်(ရိအာန်) လူမျိုးတို့သည် တရုတ်ပြည် တောင်ပိုင်း
“ယန်စီကျန်မြစ်ဝှမ်းဒေသ” ဆီမှ တောင်ဖက်သို့ ဆင်းသက် လာကြာပြီးလျှင်
သံလွင်မြစ် ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်
တောင်ပိုင်း မဲနမ်မြစ်ဝှမ်း၌ မွန် လူမျိုးစုဦးဆောင်၍ ဒွါရာဝတီ ပြည်ကို
ထူထောင် ကြသည်။ မွန်၊ ၀၊ ပလောင် အနွယ်ဘွား လူမျိုးတို့ ကို ယောနက (ယူနန်)
ယောန၊ယောန်း(ယွန်း)၊ ကြောမ်း(ကြွမ်း)ဟု ဖြစ်ကြောင်းဆိုပါသည်။ “ပလောင်”
တောတိုး “ယောလူမျိုး “ဟုအဆို စာရှိလေရာ ယောနတိုင်း (ယူနန်ဒေသ)က ဆင်းသက်
စီးပွားလာသော လူမျိုးဟု ဆိုသည်။ (က္ကသျှံဂူမော်ကွန်း) ပလောင်တို့ သည်
မွန်တို့ နှင့်အတူ မြန်မာပြည် အောက်ပိုင်ဒေသ၊ သထုံဒေသ၊ ပဲခူး-တောင်ငူ
ဒေသတို့တွင် အခြေချ နေထိုင်ခဲ့ကြောင်း ပလောင်မျိုးနွယ်စု တစ်ခုဖြစ်သည့်
(ရူမိုင်း)တို့ အခြေချခဲ့ကြောင်း ရမ္မ၀တီဟု အမည်တွင်ကြောင်း၊ သရေခေတ္တရာ
(ပြည်) ပန်းတောင်း အရပ်ဒေသသို့ ပြောင်းရွှေ့ လာကြကြောင်း “ရူမိုင်း (ရူမည်း)
ရှေးဟောင်း ရာဇာဝင် တွင်ပါရှိသည်။
ကျန်အစုမှာ တောင်ငူ-
ရမည်သင်းဒေသမှ ရှမ်းပြည်တောင်ပိုင်းသို့ ရွှေ့ပြောင်းကြောင်း ဖြော်ပြသည်။ ၀၊
ပလောင်အုပ်စု တစ်စုသည် တရုတ်ပြည် တောင်ပိုင်းဆီ မှမြန်မာပြည်သို့
ရွှေလီမြစ် ကြောင်းနှင့် တပိန်မြစ်ကြောင်း အတိုင်း မြန်မာပြည် အထက်ပိုင်း
တကောင်းဒေသ၊ မြန်မာပြည် အလယ်ပိုင်းဒေသ ဖြစ်သည့် ရှေးပုဂံ (ပေါက္ကံ)ဒေသ၊
မင်းဘူး (၆)ခရိုင်ေးသ၊ ပခုက္ကူ (ယောနယ်)ဒေသ၊ ဗိဿနိုးဒေသ တို့၌
ဝ၊ပလောင်လူမျိုး အနွယ်တစ်စုတိုသည် ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆင်းသက်လာ
ကြပြီး အခြေချခဲ့ကြသည်ဟု ဆိုပါသည်၊ နောက်တွင်ကာ မရှေးမနှောင်းပင်
ရောက်ရှာလာကြသော ရှေးပျူနှင့် အနွယ်တူ လူမျိုးများတို့ ရောနှော
အခြေချကြကြောင်း သိရှိရ၏။ နောက်တွင် ပုဂံပြည်ကြီးကို ထူးထောင်ကြရာတွင်
မွန်၊၀၊ ပလောင်အနွယ် လူမျိုးများ ပါဝင်ကြောင်း ပုဂံကျောက်စာအရ သိရ ကြောင်း
သိရပါ၏။ ပလောင်လူမျိုးတို့သည် ရှေးဦး ပျူလူမျိုးတို့နှင့် နီးကပ်စွာ အတူ
ယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှူ ဓလေ့ထုံးထမ်း အစဉ်အလာ၊ ရှေးဟောင်း
ယုံကြည်မှူ၊ ရိုးရာပုံပြင်များ၊မျိုးရိုးစဉ်လာ ခံယူမှု၊
အုပ်ချုပ်မှူစံနစ်ကို ကူညီစွာ ခံယူကျင့်သုံးလာခဲ့၍ လည်းပြူ လူမျိုးမှ "ပြူ“
“ပလူ” ၎င်းမှ “ ပလောင် “လူမျိုးဟု အဆိုရှိလေ သည်၊ ပလောင်၊ ၀အနွယ်တူ
လူမျိုးတစ်စုတို့သည် တကောင်း ဒေသဆီမှ ဧရာဝတီမြစ်ကြောင်း အတိုင်း
ဆင်းသက်လာကြပြီး မြေပြန့် ဒေသဖြစ်သည့် မတ္တရာ၊ အောင်ပင်လယ် (မန္တလေး) အင်းဝ၊
တောင်ပြုန်း ၊ ကျောက်ဆည် ဒေသသို့ပြန့် နှံ့ အခြေချ လာပြီး မွန်ခမာအနွယ်
မွန် ၊၀၊ ပလောင်တို့ နှင့် ပြန်ဆုံစည်းကြ၍ ကျောင်ဆည် (၁၁) ခရိုင်ဒေသတွင်
အင်အား ကြီးထွားပြန့်နှံ နေထိုင်ခဲ့ကြသည်။
ပန်းလောင်မြစ်၊
ဇော်ဂျီမြစ် ဒေသတို့တွင် ပြန့်နှံစွာ အခြေချနေထိုင် သည်ကို သိရှိရ၏ ထို
့ကြောင့် ၀ ၊ပလောင် လူမျိုးများ (ရှေးဦး ၀၊ပလောင်) တို့သည်
မြေပြန့်ဒေသများတွင် အခြေချ နေထိုင်ခဲ့ကြကြောင်း မွန်ဂို တာတာလူမျိုး
အုပ်စုတို့နှင့် မကြာခဏ တိုက်ခိုက် ကြရကြောင်း ရန်သူတို့၏ နှောက်ယှက်
တိုက်ခိုက်ခြင်းကို ရင်ဆိုင်ကြရကြောင်း၊ မြန်မာ အုပ်စုဝင်တို့ အလုံးအရင်း
အင်အားကြီးစွာ ၀င်ရောက် လာကြကြောင်း၊ မွန်ဂိုတာတာနှင့် အတူ မြန်မာအုပ်စု
အနွယ်တို့၏ တိုက်ခိုက် ခြင်းကြောင်း မွန်ခမာ အနွယ်ဝင် မွန်၊ ၀ ၊ ပလောင်
လုအဖွဲ့ အစည်းဖြိုခွဲ၍ မွန်အုပ်စုတို့ မြန်မာပြည် အောက်ပိုင်း ဒေသတို့၌
အခြေတည် ကျကြောင်း ၀ ၊ ပလောင် အုပ်စု အနွယ်တို့
ရှမ်းကုန်ပြင်မြင့်(တောင်ပေါ်ဒေသ)ရှမ်းပြည် တောင်ပိုင်းနှင့် ရှေ့ ပိုင်း
တို့  ၀င် ရောက် အခြေချကြကြောင်း သိရှိရ၏။
မွန်ခမာ အနွယ်ဝင် ၀၊
ပလောင် လူမျိုးတို့ သည် တရုတ်ပြည် တောင်ပိုင်း ယန်းဆီကျန်း မြစ်ဝှမ်းဒေသမှ
တစ်စု အဖြစ်ထွက်လာ ကြပြီး တရုတ်ပြည် တောင်ပိုင်း (တာလီဒေသ) ထန်ချုန်း
ဒေသနှင့် ယုန်ချန် ဒေသတို့ တွင် အခြေချ၍မြို့ ပြပြည်နယ်ငယ်များ
ထူထောင်ကြသည်။ မွန်ဂို တရုတ်တို့ ၏ အဆက်မပြတ် အနှောက်အယှက် တိုက်ခိုက်မှူ
ဒဏ်ကြောင့် “တာလီဖူး နိုင်ငံတော် (ကောသမ္ဘီပြည်) “ပျက်စီးခဲ့ရသဖြင့် “၀”
အနွယ်ဝင်သည် သံလွင်မြစ်အတိုင်း ဆင်းသက်လာကြပြီး မြန်မာပြည်သံလွင် အရှေ
့ခြမ်း ဒေသနှင့် အနောက်ခြမ်း ဒေသတွင် အခြေချနေထိုင်ကြကြောင်း တွေ့ရ၏။
တာလီဖူးမြို့ ပြ နိုင်ငံတော် (ကောသမ္ဘီပြည်) ဖြိုကွဲ ခဲ့ရခြင်းကြောင့်
ဝနှင့် ပလောင် အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင် အနွယ် စုမှာ
ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီးများကို ဖြတ်ကျော်၍
မုံးကို ကြူကုတ် လမ်းကြောင်းမှ ကွတ်ခိုင် ၊သန္နီ လားရှိုး ၊ မိုင်းရယ်
သို့ဝင်ရောက်ကြ သည်။ AD ၁၀ရာစုတွင် ပလောင်အနွယ်စု တစ်ခုမှာ
ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း- မူဆယ်)တွင် ပြန်လည် စုစည်းကြပြီး
မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ် ထူထောင်ကြပြန်သည်။
ထို့နောက်တွင် ကျယ်လန့် (ကျေးပြည်) ကို မွန်ဂို တရုတ်တို့၏ တိုက်ခိုက်
ဖျက်စီးခြင်း ခံရပြန်သည်။ ကျယ်လန့် ကျေးပြည် ထွန်းကားစဉ်တွင် ပဲခူး
-တောင်ငူ- ကျောက်ဆည် ဒေသတို့မှ အင်အား ပြိုကွဲလာသည့် မွန် ၊ ၀ ၊ ပလောင်
အနွယ် စုအနက်မှ ပလောင် အနွယ်စုသည် မြန်မာ
ပြည်မြောက်ပိုင်းသို့ဆန်တက်လာကြပြီး ရွှေလီချိုင့်ဝှမ်း ဒေသရှိ အနွယ်စုတို
့နှင့် ပူပေါင်း၍ တောင်ပေါ်ဒေသ၌ မြို့ ပြ ကျေးပြည်စုစည်း တည်ထောင်ကြပြန်သည်။
ရာဝမတီဟုပင် အမည်တွင်၍ မြို့ တော်ကို “ကျကောင်း” (မိန်းကောင်း) ဖြစ်သည်။
ခရိုင် (၂၉) ခု ဖွဲ့ စည်းထားကြောင်းနှင့် ပလောင်အမျိုးနွယ်စုများဖြစ်ကြသည့်
(ရူမည်း၊ ရူလျဲန်း၊ရူကော)တို့ ၏ မြို့ ပြကျေးပြည်ဖြစ်ပြီး
စည်ပင်ထွန်းကားခဲ့၏ တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင်း
ရန်အန္တရာယ်များကို ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှူ
မလွယ်ကူစေရန် ဖြစ်ဟန်ရှိသည်ဟု ဆိုသည်။
မြောက်ဘက်မွန်-အန်နမ်(ရှေးမွန်၊၀ ၊ပလောင်)
ခရစ် မပေါ်မီ လေးရာစုနှင့် အထက်ကာလလောက်က မွန်ခမာ မျိုးနွယ်ဝင်ဖြစ်ကြသော
မွန်၊၀ ၊ပလောင်၊ ခမာတို့သည် အာရှအရှေ့ အလယ်ပိုင်း၊ အာအရှေ့တောင်ပိုင်း
ကုန်းမြင့်ဒေသတို့၌ အခြေစိုက် နေထိုင်ခဲ့ကြသည်။ အရှေ့ တောင်ပိုင်း၏
မြောက်ဘက် အရပ်ဒေသများတွင် အခြေချနေထိုင်ကြ၍ မြောက်မွန်- အန်နမ်
အနွယ်ဟုခေါ်သည်။ခမာတို့တုန်ကင် (Tong King) အရပ်ဒေသမှ တောင်ဖက် ကမ္ဘောဒီးယား
သို့ဆင်းသက်လာ ကြစဉ်က မွန်ခမာအနွယ် ဖြစ်ကြသော မွန်၊၀ ၊ပလောင် တို့သည်
အင်ဒိုချိုင်းနား ကျွန်းဆွယ်ကို ထောင့်ဖြတ်လမ်းဖြင့် လော( လာအို) မြောက်ဖက်
ဒေသ ၊ ထိုင်းညာဒေသ၊ မြန်မာပြည် အောက်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်သို
့ဝင်ရောက်လာကြခြင်ဖြစ်သည်။
ရှေးမွန်ခမာ လူမျိုး နွယ်ဖြစ်သော
မြောက်ပိုင်းမွန် အန်နမ် ဟူသည် လာအိုမြောက်ပိုင်း ဒေသက ထဲင် (T’ENG)ခါမု
(KHA’ MU) ၊ လဲမဲက် (LEMET)၊ တောင်ယူနန် အရပ်က ဖုမန်(P’U- MAM)၊
အရှေ့မြန်မာက လ (လွယ်လ) ၀၊ ပလောင်၊ ရိအန်၊ ဒနော တို့ဖြစ်ကြသည်။ ခရစ် မပေါ်မီ
လေးရာစုအထက် ကာလက ယူနန် အလယ်ပိုင်း အရပ်ဒေသ (ဗဟိုယူနန်)တွင် အခြေချ
နေထိုင်ပြီး ဖြစ်ကြကြောင့်နှင့် ခရစ်မပေါ်မီ လေးရာစုနောက်ပိုင်းကာလသို့
ရောက်သောအခါ ယူနန်တောင်ပိုင်း အရပ်ဒေသ၌ ပြန့် နှံ့ အခြေချ နေထိုင
်ကြပြီးဖြစ်ကြောင်း ဆိုသည်။ ကုန်းပြင်မြင့်ဖြစ်သော ဗဟို ယူနန်အရပ် ဒေသတွင်
အခြေချနေ ထိုင်ကြသော မြောက်မွန်- အန်နမ်တို့ သည် ခရစ်မပေါ်မီနှစ် (၂၀၀)ခန့်က
မြောက်ဖက်ရှိ တရုတ်တို့နှင့် လည်းကောင်း၊ အရှေ့ တောင်တုန်ကင်တို့နှင့်
လည်းကောင်းရောင်းဝယ် ဖောက် ကား မှုရှိနေပြီဖြစ်သည်။
ခရစ်မပေါ်မီနှစ် (၁၀၀) ခန့်လောက်တွင် တိဗက်-မြန်မာ (TIRBTO-BURMAN)
အနွယ်စုသည် သံလွင်မြစ်၊ မဲခေါင်နှင့် ယန်စီမြစ် အထက်အညာပိုင်း ဒေသများမှ
မြေနိမ့် အရပ်ဆီသို့ ပြောင်းရွှေ့ လာကြလေသည်။ ခရစ်(၁)ရာစုအတွင်းမှာ
တိဗက်-မြန်မာအနွယ်ဝင် လူမျိုးတို့သည် မဲခေါင်-သံလွင်မြစ် နှစ်အကြား
ရွှေလီမြစ်ညာဒေသ (ယခုနမ့်ခမ်း အရှေ့မြောက် ဒေသ) အထိတိုးဝင် အခြေချ
နေထိုင်လာကြသည်။ ထို့ကြောင့် ရှေးမွန်ခမာမျိုးနွယ် မြောက်ဘက်
မွန်-အန်နမ်လူမျိုးစုများသည် မြန်မာပြည် အထက်ပိုင်းဒေသ၊ ရှမ်းပြည်၊ လာအို
(လော) ဒေသများဆီသို့ ရွှေ့ပြောင်းလာ ကြလေသည်။
ထိုအချိန်ကာလများတွင်
ကရင်မျိုးနွယ်စုများက မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသမှ ထိုးထောက်
ဝင်လာပြန်၍ ရှေးဝ၊ ပလောင်လူ မျိုးတို့သည် မြန်မာပြည် အထက်ပိုင်း ကသာ၊
မိုးညှင်း၊ မိုးကောင်း၊ချင်းတွင်း- ဧရာဝတီမြစ်ကြောင်း အတိုင်းအရှ ဘက်မှ
တောင်ပြုန်းဒေသ၊အောက်ပင်လယ်ဒေသ၊မတ္တရာ၊ ကျောက်ဆည်ဒေသ၊ ပျဉ်းမနားဒေသ
ဆီသို့လည်းကောင်း၊ ဧရာဝတီမြစ် ကြောင်းအနောက်ဖက် ပခုက္ကူဒေသ၊ ရေစကြိုဒေသ၊
မင်းဘူးဒေသ၊ ပန်းတောင်း အရပ်ဒေသ အထိတိုင် ဆင်းသက်ပျံ့နှံ့
သွားကြလေသည်။ထို့နောက် ခေတ္တရာ(ပြည်)ဒေသထိ ရောက်ရှိပြီးနောက်မှ ၀င်လာသော
ရှေး ပျူ လူမျိုးများ နှင့်ရှိနေ ခဲ့ကြသည်။
မြန်မာမြေ၏ သဘာဝ
အလျောက်တည်ရှိမှုမှာ အနောက်ဘက်က ဧရာဝတီ၊ အလယ်ကြောက သံလွင်၊ အရှေ့ကြောမှာ
မဲခေါင်ကြီး(သုံး)စင်းတို့၏ ကြားတွင် ကုန်းပြင်မြင့်နှင့် တောင်ကြား
ချိုင့်ဝှမ်းကျယ်အဖြစ် တည်ရှိလျက်နေသည်။ ဗမာမျိုးနွယ် အုပ်စု၊
ရှမ်းမျိုးနွယ်အုပ်စု ၊ကချင်မျိုးနွယ် အုပ်စုတို့သည် ကရင်မျိုးနွယ်
အုပ်စုများ တည်ရှိ အခြေချရာ အရပ်ဒေသအထိ ရောက်ရှိလာလေသည်။ ထို့ကြောင့်
လွယ်လ(၀)မျိုးနွယ်အုပ်စု များသည် အရှေ့တစ်ကျော တောင်တန်းများပေါ်သို့
ရောက်ရှိ သွားကြသည်။ ပလောင် မျိုးလွယ်အုပ်စုများတို့  တောင်တန်း
ခပ်နိမ့်နိမ့် အပိုင်းဒေသများတွင် ပြောင်းရွှေ့ အခြေချကြရသည်။
ပုဂံခေတ်၊ အင်းဝခေတ်ဦး ကာလက ပလောင် လူမျိုးတို့သည် ယခုထက်
လူဦးရေများပြားစွာ ရှိခဲ့သည်။ ယခုထက်လည်း နေရာဒေသ ကျယ်ပြန်
့စွာနေထိုင်ကြသည်။ ခရစ် ၁၃၇၅-ခု ကာလတွင် ပလောင်တို့သည်တောင်ငူ မတည်မီ
ပေါင်လောင်မြို့၌ ယာယီ နန်းစိုက်ခဲ့ကြကြောင်း အဆိုရှိ သည်။
ပလောင်မျိုးနွယ်စုဝင် ရုမိုင်း ပလောင်ရာဇ၀င် ၌လည်း ဤတောင်ငူ မတည်မီ
တောင်ငူမြို့ အနီး၌ ယာယီနန်းစိုက် တည်ခဲ့ကြောင်းကို ဆိုထားသည်။
(သက္ကရာဇ် ၆၈၃-၇၃၇/စာရင်း၆၈၆/က ၁-၂)
ပုဂံခေတ်က ပုဂံအောက်ဘက် ဧရာဝတီ အနောက်ဘက် “မုနလွန်
“၌ပလောင်(ပေါင်လောင်)လူမျိုးများကို သက် လူမျိုးတို့ နှင့် အခြေချ
နေထိုင်ကြကြောင်း ဆိုထားသည်။ (ပုံ၃၈၄-က/၈၀၊ပုံ ၂၁၆/ဒ၂) ယခုတွင်ကာ
၎င်းအရပ်ဒေသတို့တွင် ပလောင်တို့ကို မတွေ့ရတော့ချေ။ ပုဂံခေတ် နှောင်းထိ ပခုက္ကူ
မြောက်ဘက် အရပ်တို့တွင် ပလောင်ရွာကြီးများ ရှိခဲ့ကြောင့်၊ အရည၀ါသီတောရ
ကျောင်း၊ အရှင်မဟာကဿပအား ငယ်စဉ်ကတည်းက ကျွေးမွေးပြုစု စောင့်ရှောက်ထား၍
ပေါင်လောင် ရှင်ကဿပဟု အမည်တွင် ရကြောင်း၊ပေါင်လောင်ရှင်ကဿပ
ပျံလွန်တော်မူပြီး ရုပ်ကလာပ်တော်ကို ပေါင်လောင်(ပလောင်)တို့က လာရောက်
လုယူခဲ့ကြောင်းဆိုသည်။
(ပုံ၄၂၃၊၄၂၄၊၄၈၁)(ပုံ၃၆၉ က၊ခ)
မင်းဘူး(၆) ခရိုင်ဒေသသည် ပလောင်၊ ၀ ဒေသ ဖြစ်ခဲ့ကြောင့် မင်းဘူးခရိုင်
စကုနှင့် ခမ်တီ(ခန္တီ)နယ်တို့၌ပေါင်လောင် (ပလောင်) တို့၏ ဆည်မြောင်း၊
ဆည်ရေသောက် လယ်များရှိကြောင့် ကျောက်စာတွင် ရှိသည်။ (ပုံ ၃၆၉က/ခ)
နောက်ပိုင်းမှ ရေးထိုးသော ဗမာရာဇ၀င်တို့တွင် ကျောက်ဆည်၊ မင်းဘူး
ဆည်မြောင်းများကို ဗမာတို့ဆည် တည်ဆောက်ကြသည်ဟု ဆိုငြားလည်း ရှေးကျောက်စာတို
့မှာ ပလောင်၊၀ တို့ တည်ဆောက်ခဲ့ကြောင်းဆိုသည်။
(ပုံ၁၄၈-ခ၊၁၈၄၊၃၉၂)
ကျောက်ဆည်အရှေ့ ဘက်ခြမ်းဒေသ သင်းတွယ်မြောင်း(သင်းတွယ်ဆည်)၀န်းကျင်တွင်
ပလောင်၊၀ တို့၏ရွာကြီးများ ရှိခဲ့သည်။ ဗမာ့အနွယ်စုတို့
မ၀င်လာမီကတည်းကပေါင်လောင်(ပလောင်)၊၀ တို့နေခဲ့ကြပြီး ၎င်းဆည်ရေသောက်
လယ်တို့ကို စတည်ခြင်းဖြစ်ကြောင်းဆိုသည်။ (ပုံ ၂၀/၂၊၃၆၈ ခ/၈၊၈/၆၊၇၊၃၆၉ က/၇
၊၈ ၊၃၆၉ ခ/ ၇၊၄၀၁/၂၊၄၆၀/၃၊၅၃၂/၁၅) ပလောင်တို့ သည် စစ်ကိုင်းအထက်ပိုင်းဒေသ၊
ချင်းတွင်မြစ်ညာ ဒေသဖြစ်သည့် ဆင်ကလို၊ ခန္တီ)နှင့် ကဒူအရပ်အကြားတို့ ၌
နေခဲ့ကြောင်း တွေ့ ရသည်။ (တံတားဦး၊ငဲမောင်းကန်ရွာ ရန်အောင်မြင်
ဘုရားအနောက်ကျောက်စာ စာ-၈ သက္ကရာဇ် ၇၆၂ (ခရစ် ၁၄၀၂)
ဆိုရမည်မှာ
ပလောင်တို့သည် မြန်မာ မြေပြန့်ဒေသ အနှံ့ အပြားနေထိုင်ခဲ့ကြကြောင်းနှင့်
မြန်မာမြေတောင်ပိုင်း အရပ်ဒေသရှိ မွန်၊ မွန်ခမာတို့ နှင့် လည်းဆက်သွယ်
ကူးလူးဆက်ဆံမှု ရှိကြကြောင်း တွေ့ရှိသည်ဟု ဆိုသည်။ ပလောင်တို့သည်
ယူနန်တောင်ပိုင်း (တောင်ယူနန်) ရှမ်းပြည်မြောက်ပိုင်းနှင့်
သံလွင်အနောက်ခြမ်းဒေသ၊တပိန်မြစ်နှင့် ရွှေလီမြစ်အကြားသေး၊
ရွှေလီမြစ်ဝှမ်းဒေသတစ်လျှောက်နှင့် ဧရာဝတီမြစ်ဝှမ်းဒေသ
တစ်လျှောက်ခေတ္တရာပြည်အထိ၊ မြန်မာပြည် အလယ်ပိုင်းဒေသ နှင့်
ချင်းတွင်းမြစ်ညာဒေသမှ ခန္တီဒေသထိ၊ ကျောက်ဆည်တောင်ပြုန်းနှင့် မတ္တရာဒေသတို
၌ပြန့် နှံစွာ အခြေချနေထိုင် ခဲ့ကြကြောင်း တွေ့ ရှိရပေသည်။
ဝ၊ပလောင်တို့၏၊ ရှေးဟောင်းမြို့ ပြနိုင်ငံတော်များ
ပလောင်တို့ သည် ၎င်းတို့ အခြေချနေထိုင်ရာ ဒေသများ၌ မြို့ ပြပြည်ရွာများ
တည်ဆောက်ကြကာ တိုင်းကျေးပြည်ငယ်များ ထူထောင် လွှမ်းမိုးအုပ်စိုး ခဲ့ကြသည်။
ဤသို့သော မြို့ပြပြည်ရွာများ ထူထောင်ကြရာတွင် သုဝဏ္ဏဘူမိ၊ ဟာရိပုဉ္စ၊ရှေး
ဟေယာင်း လပ်ပူရီစသည့် မြို့ပြနိုင်ငံများကို မွန်၊၀၊ ပလောင်တို့က စုပေါင်း
ထူထောင်ခဲ့သော နိုင်ငံတော်ဖြစ်သည်။ ၀၊ပလောင် တို့သည် တပိန်းနှင့် ရွှေလီမြစ်
ကျောင်းတို့မှ ဆင်းသက်လာကြပြီး ရှေးဟောင်း တကောင်း ကျေးပြည်ကို
ဦးစွာထူထောင် ကြခြင်းဖြစ်သည်။ ပလောင်ရာဇ၀င်အဆိုတွင် ပလောင်၊၀တို့သည်
တောင်ယူနန်တွင် တာလီကန် ဒေသနှင့် နဂါးအိုင်ကို အခြေပြု၍ ကောသမ္ဘီပြည် ကို
အကြီးအကယ်ဆုံး တည်ဆောက်ခဲ့ပြီး အင်အားကြီးမား တောင့်တင်းသော
နိုင်ငံတော်ဖြစ်ခဲ့သည်။
ခရစ် မပေါ်မီနှစ် ၄၅၀ လောက်မှာ
တရုတ်အနွယ်စုတို့ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ၀၊ပလောင်တို့၏ ကောသမ္ဘီရွှေပြည်မှာ
ပြိုလဲကာ အင်အားချိနဲ့ ကျဆင်း သွားခဲ့ရသည်။ ၀၊ပလောင် တို့၏ ရှေးစောင်း
ကောသမ္ဘီရွှေပြည် လက်အောက်ခံ ပြည်နယ်ငယ်များ၊ ကျေးပြည်နယ်များနှင့် အနယ်အပယ်
များစွာ ရှိလေရာ ပုရ်မံင်( မရမံ-အုပ်ချုပ်မင်း) ဖြင့် အုပ်ချုပ်ခဲ့ကြသည်။
ဝ၊ ပလောင်တို့ ထူးထောင်ခဲ့ကြသော ပြည်နယ် ငယ်များတို့မှာ ကောင်းစင်
ဂန္ဓာလရာဇ်ပြည်၊ တကာင်ပုရ န္တပ္ပပြည်၊ ကျကောင်း ရာမ္မ၀တီပြည်(ယခု-ကျေကောင်)၊
သိည်ဝီရဌ (ယခု-သီန္နီ)သီရိပူရ (ယခု သီပေါ)၊နှင့် ဇယ်လန်
့၊မိုးညှင်း၊မိုးကောင်း၊အ၀ ၊ပေါက္က(ပုဂံ)ကျေးပြည်ငယ်တို့ ဖြစ်လေသည်။
ဝ၊ပလောင်တို့ ထူထောင်ခဲ့သော ကောသမ္ဘီပြည်(ဘီစီ ၁၁၀၀-၄၅၀ခန့် )
ပြိုလဲသွားရခြင်းသည် ၀အနွယ်စုနှင့် ပလောင်အနွယ်စု တို့
လမ်းခွဲသွားကြရခြင်းဖြစ်ဟု ၀၊ပလောင် ရာဇ၀င်အဆိုတွင် ရှိလေသည်။ ပလောင်
အနွယ်စုတို့သည် ကောသမ္ဘီပြည် ပြိုလဲ သွားပြီး ၀ အနွယ်စုနှင့်
ပလောင်အနွယ်စုတို့ သည် ရှမ်းပြည်နှင့် မြန်မာမြေပြန့် ဒေသများသို့ ဆင်း
သက်ကြကာပြန့် နှံသွား ကြသည်။
ပလောင် လူမျိုးတို့သည် မိသားစု(သို့)
မျိုးနွယ်ဖွဲ့စည်းမှု ၊ပြန့် နှံ့ရာဒေသ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာ
ဓလေ့အစဉ်အလာ၊ ကိုးကွယ် ယုံကြည်မှု၊ ဘာသာတရား ၊ကျင့်ဝတ်တရား၊ ဘာသားစကား၊
ဘာသာစာပေ၊ ရိုးရာ အဆင့်အလာပြောဆို မှတ်သားချက် ရိုးရာ မင်္ဂလာအခမ်းအနား
အဆိုအက အတီး အမှုတ်၊ ရိုးရာတူရိယာ၊ ရိုးရာလုပ်ငန်းခွင် ကိရိယာ
တန်ဆာ၊အနုသုခုမ သဘင်ဂီတ၊ အသက်မွေးမှု၊ လူမှု ဆက်ဆံရေး ကျင့်ဝတ်၊
တရားစီရင်ထုံး၊ လူမှုရေး ကျင့်ဝတ်စသည့် ကဏ္ဍပေါင်းများစွာကို
အမျိုးသားလူမျိုးစု လက္ခဏာ အဖြစ်ထိန်းသိမ်း လာကြ၍ သမိုင်းကြောင်းအပေါ်
ရပ်တည်နိုင်ခဲ့ကြသည်။
ပလောင်၊လက်ဖက်နှင့် တောင်ပိုင်နယ်
ပလောင်တို့သည် ရှေးစဉ်ကပင် မိရိုးဖလာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့ကြသည်။
လက်ဖက် လုပ်ငန်းဖြင် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ကြပြီး
အစဉ်အလာမပျက် ရိုး ရာ ဓလေ့ ထုံထမ်းများနှင့် ယဉ်ကျေးမှု အစဉ်အလာတို့ကို
စောင့်ထိန်း ကြလျက်ရှိသည်။ ပလောင်တို့သည် ရှေးအခါက လွယ်လုံ(၀ါ)
တောင်ပိုင်ပြည်ကို ထူထောင်ခဲ့ကြပြီး ပရမံ(ပူရ်မံင်) ပြည့်ရှင်မင်း
အုပ်ချုပ်မှု အစဉ် အလာကို ထူထောင် ကျင့်သုံးလာခဲ့ကြသည်။
လွယ်လုံ
ပြည့်ရှင်မင်း(၀ါ) တောင်ပိုင်ပြည့်ရှင် မင်းရွှေနန်းရှင် ရာမဓိမင်း
လက်ထက်တော်တွင် မင်းကြီး ကိုယ်တိုင် ယောနက တိုင်း
(ယူနန်ပြည်)သို့ခရီးကြွချီတော်မူပြီး ဗုဒ္ဓဒေသနာတော် နှင့်အတူ
ပြည်သူပြည်သားများ လုပ်ကိုင် စားသုံးနိုင်ရန် နတ်သစ် စေ့(နိလဗီဇ)
လက်ဖက်စေ့များကို ယူဆောင် လာခဲ့လေသည်။ မင်းကြီးသည် တောင်ပိုင်ပြည်သို့
ပြန်ရောက်ရှိတော်မူသောအခါ မိမိ၏ အမျိုးအနွယ် ဖြစ်ကြကုန်သော ပလောင်တို့အား
လက်ဖက် မျိုးစေ့ကို ပေးသနား တော်မူကာ အသက်မွေးဝမ်းကြောင်း ပြုကြရန်
စိုက်ပျိုးလုပ်ကိုင်စေပြီး၊ သက်ဝင်ယုံကြည် စွာ ကိုးကွယ် နိုင်ကြရန်
ဗုဒ္ဓဒေသနာတော်ကို ချမှတ်ပေးခဲ့၏။
ဤတွင် တောင်ပိုင်ပြည်၌ ဗုဒ္ဓဘာသာလည်း
စည်ပင် ထွန်းကားလာသကဲ့သို့ လက်ဖက် လုပ်ငန်းများဖြင့် ပလောင်တို့မှာ
ကြွယ်ဝချမ်းသာ လာကြလေသည်။ တောင်ပိုင်ပြည့်ရှင် ရာမဓိမင်းက “ငါတို့
လူမျိုးသည် ဗုဒ္ဓဘာသာကို အဦးအမွန် ပြုကြ ရသည့် လူမျိုး ဖြစ်ရလေရကား
လက်ဖက်ဖြင့် ကြွယ်ဝ ချမ်းသာကြရလေ သည်။”ဟူ၍ ဥဒါန်း ကျူးရစ်ပြဋ္ဋိတ် တော်ပြုပေး
တော်မူသည်ဟု အစဉ်အလာယုံကြည်မှု ရှိကြလေသည်။ တောင်ပိုင် ပြည့်ရှင်
မင်းရာမဓိမင်းသည် မိမိတို့ ပလောင်တို့အား ကျေးဇူးတော် ပြုခဲ့သည်ဟူသော
အစဉ်အလာ ယုံကြည်မှုရှိ လာ၍ ယနေ့တိုင် “ယမဓိ စံဝ်ကေစူ” ယမဓိ ရာမဓိမင်း၊
စံဝ်ပေစူ ကျေးဇူးတော် ရှင်ဟူ၍ အစည်အလာ ပြောဆို လေ့ရှိကြလေသည်။
ပလောင်တို့သည် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကြပြီး စေတနာ သဒ္ဒါတရား ဖြူစင်
ပြည့်ဝကြည်၍ “တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်း ပလောင်တောင်သူ တူနိုင်ရိုးလား
“ဟူ၍ပြောစမှတ် ပြုကြလေသည်။ သို့ ဖြစ်၍ ပလောင်နှင့် လက်ဖက်၊ လက်ဖက်နှင့်
ပလောင်ကို ယှဉ်တွဲသိရှိ အသိအမှတ် ပြုကြသည်။“လက်ဖက် ကောင်းစားချင်ရင်
ပလောင်တောင်တက် နေစေ” (လက်ဖက် ကောင်း စားလိုလျှင် ပလောင် တောင်တက်နေပါ။)
ဟူ၍ ပလောင်တောင် လက်ဖက်ကို ချီးမွမ်းလေ့ ရှိသကဲ့သို့ နေရာဒေသ
အချိန်အခါနှင့် ဇွဲ့ လုံ့ လ၀ိရိယ အရေးပါပုံကို ခိုင်းနှိုင်း ပြောဆို
ထားသည့် အဆိုစကားပုံရှိလေသည်။
ယနေ့ ကမ္ဘာတစ်ခုလုံး စွဲလမ်း
နှစ်သက်ကြသည့် လက်ဖက်ကို စတင်စိုက်ပျိုးသူများမှာ တရုတ်-မြန်မာ နယ်စပ်
ပလောင်များပင် ဖြစ်ကြပြီး မြောက်ပိုင်း မွန်-ခမားများလည်း ပါဝင်မည်ဟု
ယူဆရကြောင်း သမိုင်း ပညာရှင်တိုက ဆိုကြပါသည်။ ပလောင်တို့ နေထိုင်ရာ
ဒေသကြီးကို တရုတ်တို့က “ချရှန် “ (CH’A-SHANG) “လက်ဖက်တောင်” ဟုခေါ်ကြ သည်။
အနောက်နိုင်ငံနှင့် အာရပ် တို့ကတရုတ်ပြည်နှင့် တရုတ်လူမျိုး အကြောင်းကို
ခရစ်(၈၁၅)ခုကပင် ဖော်ပြရာမှာ တရုတ်- မြန်မာဒေသ၌ ထွက်ရှိသည့် လက်ဖက်
အကြောင်းများကိုပါ စတင်ဖော်ပြ ရေးသားခဲ့ကြသည်။ ခရစ်(၈၆၃)ခုနှစ်က ရေးခဲ့သည်။
မန်ရှု ကျမ်းတွင်-လက်ဖက်ကို ယင်ရှန်(TIN-SHENG)နှင့် မန်ဆည်(MENG_SHE)နယ်
တာလီအိုင်ဝန်း ကျင်ဒေသ များတွင် စိုက်ပျိုးကြောင်းကို ဖော်ပြထားခဲ့သည်။
ချရှန်(CH’A-SHAN) လက်ဖက်တောင်ကို ယခု ဘယ်အရပ်တွင် ရှိပါသလဲ ဟုမေးမြန်း ပါက
နမ့်မောဝ်(ခေါ်) ရွှေဘလီမြစ်၏ တောင်ဘက်ဆီသို့ကချင် မျိုးနွယ်စုများ
ဝင်ရောက်လာ၍ ပလောင်တို ရှောင်တိမ်းသွား သည့်နေရာဖြစ်သော (နမ့်ဆန်)
တောင်ပိုင်နယ်(ရှမ်းပြည်) ဟုဆိုကြရပေမည်။ ချရှန်(ခေါ်)လက်ဖက် တော်ဟူသည့်
အမည်ကို မင်ခေတ်(ခရစ် ၁၃၆၈-၁၆၆၂) က ခေါ်ဝေါ် သုံးနှုန်းသည်ဟု ဆိုသည်။
ပလောင်တို့သည် ရောက်ရှိ နေထိုင်သည့် အရပ်သည် ဘေးရန် ရှောင်တိမ်းရင်း
တောင်ဖက်သို့ ရွှေပြောင်း သွားကြရာမှ ရှမ်းပြည် နယ် သို့ ရောက်ရှိလာရပြီး
ပလောင်တို စိုက်ပျိုးသည့် လက်ဖက် စိုက်ခင်း များကိုလည်း ရှေးယခင်က ခေါ်ဝေါ်
ခဲ့သည့်အတိုင် ဆက်လက်ကာ လက်ဖက်တောင်ဟု တရုတ်တို့ က ခေါ်ဆိုရခြင်း
ဖြစ်ကြောင်း ဆိုပါသည်။
ပလောင်တို့သည် မြေပြန့် ဒေသများ၌
လည်းကောင်း၊ တောင်ပေါ် ကုန်းမြင့်ဒေသများ၌ လည်းကောင်း ၀င်ရောက်လာသည့်
လူမျိုးစုတို့၏ ရန်ကို ရှောင်တိန်းလို၍ အခြားနယ်မြေ ဒေသများသို့ရွှေ
့ပြောင်း သွားလေ့ရှိသည်ကို တွေ့ ရှိရသည်။ ပလောင်တို့သည် တိုက်ခိုက်ရေးညံ့၍
မဟုတ်ကြေင်း၊ စုပေါင်း တော်လှန်ဖို့၊စုပေါင်း လက်တွဲတွန်းလှန်းဖို့
အလေ့အထမရှိကြ၍ဖြစ် ကြောင်း၊ သမိုင်း ပညာရှင်များ လေ့လာ ဖော်ထုတ် တွေ
့ရှိရခြင်းဖြစ်သည်
0 comments:
Post a Comment