Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

November 7, 2012

အားလုံးပျော်စေဖို့(ဟာသ)

စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ
လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။"မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ
ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို
သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား"

မိန်းမ။ ။"မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ"

ပါင်းလေးမှားနေတာနဲ.....သူဘဲကအဲတိုင်းဘဲပြန်ပြင်ပြီးပြန်ပေးလိုက်တာပါ...

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့

November 4, 2012

November 1, 2012


ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဠေးကို ပြောတယ် ။
ဘဏ်သူဠေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဠေး ။ ။ မဖြစ်နိုင်တာပဲ ။
အဘွားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဠေး ။ ။ ဟာဗျာ..ကျွန်တေ
ာ့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။
အဘွားကြီး ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဠေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။
အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဠေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။
ဘဏ်သူဠေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။
အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။
ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဠေးက အဘွားကြီးကို မေးတယ် ။
ဘဏ်သူဠေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။
အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။ ဘဏ်သူဠေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။
ဖွဘုတ်ကနေ ရှယ်လာတာ

ဈေးထဲတွင် လူတစ်ယောက် ကြက်တူရွေးတစ်ကောင်ကို အော်ရောင်းနေသည်။ ကြက်တူရွေး၏ ညာခြေထောက်တွင် အနီရောင်အပ်ချည်ကြိုး၊ ဘယ်ခြေထောက်တွင် အစိမ်းရောင် အပ်ချည်ကြိုး ချည်ထားသည်။ ဈေးလာဝယ်သောလူက စိတ်ဝင်စားသဖြင့် မေးသည်။

“ကြက်တူရွေးမှာ ဘာဖြစ်လို့ ကြိုးနှစ်
ချောင်း ချည်ထားရတာလဲဗျ”

“သြော် ဒါလား၊ ဒီကြက်တူရွေးက စာတတ်ပုဂ္ဂိုလ်လေးခင်ဗျ။ ကြိုးနီကို ဆွဲလိုက်ရင် ဒီကောင်က ပြင်သစ်လို စကားပြောတယ်။ အဲ... ကြိုးစိမ်းကို ဆွဲလိုက်ရင်တော့ အင်္ဂလိပ်လို ပြောတယ်ဗျ”

“နှစ်ချောင်းစလုံးကို တစ်ပြိုင်နက် ဆွဲလိုက်ရင်ကော”

ပိုင်ရှင်မဖြေခင် ကြက်တူရွေးက စိတ်တိုစွာ ၀င်ပြောသည်။

“ဘာဖြစ်ရမလဲ၊ ဖင်ထိုင်လဲကျသွားမှာပေါ့”
 
 
ဆရာ..။ ။ကျောင်းသားမောင်ချစ်ထပါဦး...။

မောင်ချစ်။ ။ဟုတ်ကဲ့ဆရာ။

ဆရာ..။ ။ဆရာသချာင်္တစ်ပုဒ်မေးမယ်စိတ်နဲ့ တွက်ရမယ်နော်...။

1940 နဲ့ 2340ကိုပေါင်း17နဲ့ စား1444ကိုနုတ်နှစ်ထပ်

ကိန်းရင်းရှာဒါဆိုဘာရလဲ...?
မောင်ချစ်။ ။ခေါင်းကိုက်ရောဂါရပါတယ်ဆရာ။
 

October 23, 2012

ဟာသ


မျှော်လင့်ချက်

အမျိုးသမီးများသည် အမျိုးသားများ ပြောင်းလဲသွားကောင်းသည်ဟု မျှော်လင့်၍ အိမ်ထောင်ပြုခဲ့ကြသည်။ တကယ်တန်းတွင် မပြောင်းလဲခဲ့ကြပေ။

အမျိုးသားသည် အမျိုးသမီးများ မပြောင်းမလဲ ခိုင်မြဲသည်ဟု မျှော်လင့်၍ အိမ်ထောင်ပြုခဲ့ကြသည်။ သို့သော် မကြာမီပင် သူတို့ပြောင်းလဲသွားကြသည်။


ရှင်ကျတော့ရော

ဆင်တစ်ကောင်က ကုလားအုပ်မတစ်ကောင်ကို ပြက်ရယ်ပြုသည်။

မင်းရင်သားတွေက ဘယ်လိုလုပ် ကျောကုန်းပေါ် ရောက်နေရတာတုန်း။ တော်တော် အူကြောင်ကြောင်နိုင်တယ်နော်။

ကုလားအုပ်က အရှက်ရပြီး ဆင်ကိုပြန်မေးသည်။

ရှင်ကျတော့ရော။ မျက်နှာပေါ်မှာ ဘာကြီးတုန်း။


သူငယ်ချင်းကောင်း

တစ်ညတွင် မိန်းမက အိမ်ပြန်မအိပ်ဘဲ မနက်တွင်မှ ပြန်လာပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် အိပ်သည်ဟု ဆိုသည်။ ယောက်ျားဖြစ်သူက မယုံကြည်သဖြင့် မိန်းမ၏ အရင်းနှီးဆုံး သူငယ်ချင်း ၁၀ ယောက်ကို ဖုံးဆက်မေးသည်။ အားလုံးက သူမ မလာခဲ့ကြောင်းဆိုသည်။

တစ်ညတွင် ယောက်ျားပြန်မအိပ်ဘဲ နောက်တစ်နေ့မနက်တွင်မှ ပြန်လာပြီး တူညီသောဆင်ခြေကိုပေးသည်။ မိန်းမက မယုံသဖြင့် သူငယ်ချင်း ၁၀ ယောက်ကို ဖုံးဆက်မေးရာ ၈ ယောက်က သူ့တို့အိမ်တွင် လာအိပ်သွားကြောင်း အသီးသီးဖြေပြီး ၂ ယောက်က သူမ၏ ယောက်ျားမှာ အိပ်ခန်းထဲတွင်ပင် ရှိသေးကြောင်း ဖြေကြလေသည်။



ပိုကောင်းတဲ့လက်ဆောင်

ယောက်ျားက မိန်းမအတွက် ဇိမ်ခံကားတစ်စီးကို ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ပေးသည်။ သို့သော်မိန်းမက စောဒကတက်သည်။

ဒီကား မလိုချင်ဘူး။ ၀-၁၄၀(ကီလိုမီတာ) အထိကို ၃စက္ကန့်အတွင်း အရှိန်မြှင့်နိုင်တာမှ လိုချင်တယ်။

ယောက်ျားဖြစ်သူ အပြင်ထွက်သွားပြီး ပေါင်ချိန်စက်တစ်လုံး ဝယ်ပြီးပြန်လာသည်။

လာစမ်း။ ဒီအပေါ်တက်ရပ်လိုက်။ ဒီလောက်မြန်တာ ဒါပဲရှိတယ်။


ဂလဲ့စား

ယောက်ျား - မင်းကိုငါရန်ရှာတိုင်း မင်းက ညည်းခံနှုတ်ဆိတ်နေတယ်နော်။ သိပ်တော်တဲ့ မိန်းမပဲ။ ဘယ်လိုများ ကျင့်ကြံထားလဲကွာ။

မိန်းမ - ကျွန်မ အိမ်သာကြွေအိုးကို ဖိတိုက်တယ်။

ယောက်ျား - ဘာဆိုင်လို့လဲကွ။

မိန်းမ - ရှင့်သွားပွတ်တံနဲ့ တိုက်တာလေ။


ဥာဏ်ကောင်းသူ

မိခင် - သားရေ မီးဖိုချောင်ထဲက ယင်ကောင်တွေကို ဘယ်လိုမောင်းထုတ်ရမလဲကွယ်။

သား - လွယ်ပါတယ် မေမေ။ ဧည့်ခန်းထဲမှာ ခွေးချီးပုံ တစ်ပုံထားပြီး မြူဆွယ်လိုက်မယ်။


ကိုယ့်တိုင်ပင်နဲ့ကိုယ်

တခါက ညစာစားရင် ကျွန်တော် လေလည်ချင်လာတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားရင်း သတိထားမိတာက သီချင်းတွေကို တော်တော်ကျယ်ကျုယ် ဖွင့်ထားတာပါပဲ။ ဒါနဲ့ သီချင်းသုံးလေးပုဒ်လောက် အတွင်း ကျွန်တော် တော်တော်လေး လေလည်လိုက်တယ်။ ကောင်းလိုက်တာ။ ဗိုက်ကိုပေါ့သွားတာပဲ။ အဲ... အနားက လူတွေ ကျွန်တော့်ကို ဝိုင်းကြည့်နေတော့မှ သတိထားပြုမိတာက ကျွန်တော်က iPod နဲ့ သီချင်းနားထောင်နေမိတာဗျ။

October 21, 2012

ဟာသ

ဟာသ, 
 ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။

သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။

ဖေဖေတို့ကသားကိုပြုစုစောင့်ရှော
က်တယ်၊
ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊
ရှင်းရဲ့လားသား
ဒါဟာနိုင်ငံရေးပဲ

" အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ
မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
အိပ်ခန်းသို့ ပြန်သွားလေသည်။

နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင်
ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "

ဟာသ

ဒါလေးဖတ်ပြီး အသက်ရှည်ပါ.....

၁  ပြောင်းတော့မှာလား
                         "ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့
                         ရုံးတက်နောက်ကျရတာလဲ"
                                         "ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်"

၂  နှမြောလို့
           အလုပ်ကြပ်က မီးထိုးသမားကို ပြောသည်။
                         "ဘာဖြစ်လို့ အရက်သောက်တာလဲ"
                         "ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊
                         ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး
                         နောက် မျိုချလိုက်တာပါပဲ"
                         "ထွေးပစ်လိုက်ပါလား"
                                         "ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး"

၃  အားကိုးအားထား
                       "အုပ်ချုပ်ရေးမှူးခင်ဗျား၊ အိမ်ကိုသန့်ရှင်းရေးလုပ်မှာမို့လို့ သူ့ကို ကူပါလို့
                        မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော် ခွင့်တစ်ရက်လောက် သူပါရစေ"
                       "ဒီလို အကြောင်းပြချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော် ခွင့်မပေးနိုင်ဘူးဗျာ"
                       "ကျေးဇူးတင်လိုက်တာခင်ဗျာ၊ ဆရာ့ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော် အစကတည်းက သိပြီးသား"

၎  လက်ပါမှာစိုးလို့(အာဂျင်တီးနားဟာသ)
                       ရုပ်မြင်သံကြား အစီအစဉ် ကြေညာသူက ပြောသည်။
                      "ချစ်လှစွာသော ရုပ်မြင်သံကြား ပရိသတ် များ ရှင်၊ ပထမဆုံး သက်တောင့်သက်သာ နေရာယူကြဖို့
                       မေတ္တာရပ်ခံပါတယ်၊ ပြီးတော့ ရုပ်မြင်သံကြားစက်ကို တစ်ခုခုနဲ့ မပစ်ပေါက်မိအောင်
                      ကိုယ့်အနားမှာ ရှိတဲ့ လေးလံတဲ့ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရွှေ့ထားလိုက်စေချင်ပါတယ်၊
                      အခုချိန်ကစပြီး အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးဘဏ္ဌာရေးဝန်ကြီးက ရှင်းလင်း
                      တင်ပြပါတော့မယ်ရှင်"

၅  သူများဝန်ကို ဆက်ထမ်းနေရတယ်
                      သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ယောင်္ကျားတစ်ယောက် ကိုယိုတေသည်၊ နှုတ်မှလဲ ပြောသည်။
                     "သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
                      ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
                     "ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
                                         "ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"

၆  သတင်းသုံးခု
                    ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
                   "ခင်ဗျားကို သတင်းသုံးခု ပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့သတင်း၊ နောက်တစ်ခုက
                    ကောင်းတဲ့သတင်း၊ အဲ နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက
                   စပြောမယ်၊ မဖြတ်ရမယ့် ခင်ဗျားခြေတောက်ကို ကျွန်တော်တို့ မှာဖြတ်မိတယ်၊
                   ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့်ခြေတောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်၊ အဲ
                  အကောင်းဆုံးသတင်းကတော့ ဘေးအခန်းကလူနာက ခင်ဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့"

၇  ထိတော့ထိတယ်
                  ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီးဦးဖြိုး နှစ်လဲုးပြူးဖြင့် ပစ်ချလိုက်သည်၊
                 ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
                " ဟော့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
                                   "သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"

၈  လူသတ်သမား
                 တရားသူကြီးက တရားခံကို မေးသည်။
                "စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
                 ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
                 ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
                                 "မှိုဟင်းကို မစားချင်လို့"

၉  တောင်းပန်တယ်
              အရောင်းစာရေးက ကုမဏီပိုင်ရှင်ကို ပြောသည်။
                 "လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
                 မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"

၁၀  အရက်နံ့
               "ခင်ဗျားတို့ဆိုင်ရဲ့ စပယ်ရှယ် ၀က်နံရိုးကင်က ဘာဖြစ်လို့ အရက်နံ့ ရနေတာလဲ"
                    စာပွဲထိုးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဧည့်သည်ကို မေးသည်။
                             "အခုကော အနံ့ရသေးလားခင်ဗျ

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts