Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

July 10, 2014

မေားမွူးခံ အမဲုင် (၁၉)

May 1, 2013

တောင်ကြီးမြို့ တွင် မော်ဒမ်မြင့် ခေတ်မီ

တောင်ကြီးမြို့ တွင် မော်ဒမ်မြင့် ခေတ်မီ မော်တော်ယာဉ်များအများအပြား ၀ယ်ယူသုံးစွဲ မှုများ ရှိ
လာသည်နှင့်အမျှ လမ်းစည်းကမ်း ယာဉ်စည်းကမ်းတို့ကို လေးစားလိုက်နာမှုမရှိ စည်းကမ်းမဲ့
စွာတို့ဖြင့် မောင်းနှင်အသုံးပြုလျှက်ရှိနေကြသည်ကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါသည်။

သက်ဆိုင်ရာတာဝန်ရှိသူများတို့ဘက်မှလဲ စည်းကမ်းနှင့်အညီ အမြဲမပြတ် တာဝန်ယူထိန်းသိမ်း
ကြပ်မတ် ဖမ်းဆီးအရေးယူ ပညာပေးမှုများ မရှိသလောက်ပင်ဖြစ်နေပါသည်။ အရေးယူလုပ်ဆောင်
ချက်များအလွန်အားနည်း ယိုယွင်းလျှက်ရှိနေသည်။

ယနေ့ (၁.၅.၂၀၁၃ ဗုဒ္ဒဟူးနေ့) ညနေ ၆နာရီခွဲ ၀န်းကျင်အချိန်ခန့်က တောင်ကြီးမြို့ အရှေ့မြို့
ပတ်လမ်း၊ အထက(၁)ကျောင်းမြောက်ဘက်ပေါက်အနီး တွင် စည်းကမ်းမဲ့ လမ်းပြောင်းပြန်
ရပ်တန့်ထားကြသော မော်တော်ယာဉ်များတို့ကို ယခုလိုမြင်တွေ့နေရစဉ် ... ...

April 25, 2013

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာသင်တန်း

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းသို့
တက်ရောက်ကြတဲ့ ပင်လောင်း/နောင်တရားနယ်၊ စန္တားခမ်း သင်တန်းသား/သူများ
====================================

ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းမှာ ဖွင့်လှစ်တဲ့
ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ပင်လောင်း/နောင်တရားမြို့နယ်၊
စန္တားခမ်းရှိ သင်တန်းသား/သူများ စုစုပေါင်း( ၁၁၁ )ဦး
တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်း/သူတွေဟာ (၂၄-၄-၂၀၁၃)နေ့ညမှာတော့
နောင်တရားစာသင်တိုက်မှာ အားလုံးစုရပ်အဖြစ် ညအိပ်တည်းကြပါတယ်။
အဲဒီညမှာလည်း နောင်တရားတိုက်အုပ်ဆရာတော် ဦးတေဇနိယစတဲ့ သံဃာတော်တွေကို
ကန်တော့ကြပြီး သြ၀ါဒအနည်းငယ် ခံယူကြပါသေးတယ်၊
အားပေးစကားနဲ့ စည်းကမ်းလိုက်နာကြဖို့ ကျန်းမာရေးဂရုစိုက်ဖို့အကြောင်း
အထူးမှာကြားတာကို ကြားသိရပါတယ်။
ဆက်လက်ပြီး အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုရှိအောင်
ရွာအုပ်စုအလိုက် တစ်စုကို ကိုယ်စားအနေနဲ့ တစ်ဦးချင်းစီ
ပျော်ပျော်ပါးပါး မိတ်ဆက်စကား အသီးသီး ပြောကြပါသေးတယ်။

April 24, 2013

အောင်ပန်းနှင့် ဟဲဟိုးအကြားတွင် စိုင်းဗိုလ်ဟိန်းဆိုင်းအဖွဲ့စီးနင်းလာသောကား တိမ်းမှောက်မှုဖြစ်ပွား

 ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့အကြားတွင် ၂၀၁၃ ခု ဧပြီလ (၂၀) ရက်နေ့ ညပိုင်း တွင် ဆိုင်းအဖွဲ့သားများ တင်ဆောင်လာသည့် ဒိုင်နာကားတစ်စီး ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
...
အဆိုပါယာဉ်အား ယာဉ်မောင်း ဦးတင်ထွန်း (တောင်ကြီးမြို့နေသူ) မောင်းနှင်လာခဲ့ပြီး စိုင်းဗိုလ်ဟိန်း ဆိုင်းအဖွဲ့သားများ တင်ဆောင်ကာ၊ ကျောက်ဆယ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာစဉ် အောင်ပန်းနှင့် ဟဲဟိုးအကြား သီခေါင်တောင် အဆင်းတွင် ကားဘီးပေါက်၍ လမ်းဘယ်ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ (၁၆) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် လူနာများအား အောင်ပန်းမှ မြတ်စေတနာ နာရေး ကူညီမှုအသင်း မော်တော်ယာဉ်များဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အမျိုးသား တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းနှင်သူ ဦးတင်ထွန်းအား ဟဲဟိုးရဲစခန်းမှ ယာဉ်မဆင်မခြင် မောင်းနှင်ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

April 23, 2013

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်
တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

23.4.2013

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀
အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ
ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက)
ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက်
စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး
ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသည်။
ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ်
ကွက် ဈေးကုန်းရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်ပံ
ပင်လဲကျပြီး လူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်
လုံးပတ်(၁၂)ပေခန့်ရှိ လက်ပံပင်မှာ ကိုတင့်၊ မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်)
နှင့် ကိုထက်နိုင်၊ မနွယ်နွယ်ဦးတို့၏ လက်ဖက်ဆိုင်ပေါ်သို့လဲကျကာ ဈေးလာ
ဝယ်သည့် တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့် မောင်ပြည့်(၁၂)နှစ်တို့ ၂ ဦးအား သစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည်
သူများနှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်းသိရှိရသည်။
ဧပြီ၂၂ ရက်နေလယ်၁နာရီ၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို့နယ်
၊အဖိုက် ကျေးရွာတွင်၁၀စက္ကန့်ကြာမျှ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လူ
/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ကျေးရွာမူလတန်းကျောင်းရှိ
ပေ(၆၀x၃၀) ကျောင်းဆောင်၏အနောက်ဘက်ခြမ်းမှ အမိုးသွပ်(၂၀)ချပ်
ခန့်ပြုတ်ထွက်ပျက်စီးပြီး စာသင်ကျောင်းအရှေ့ မျက်နှာစာမှ စင်္ကြန်တိုင်(၃)လုံးတိမ်းစောင်းကာ ဒိုင်း/မျှားအချို့ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့ ညနေက နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိတောက်ချောင်းကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်အမိုးအုတ်ကြွပ်(၁)ဘက်လန်ပြီး အမက(မူလွန်)ကျောင်းအတွင်းရှိ စိန်ပန်းမြိုင်စာသင်ဆောင် ထရံ(၁)ချပ်လန်ကာ အဆိုပါကျေးရွာနေ သက်နိုင်ဝင်း(ခ)စော်ဘွား ပါ ၃ ဦးတွင် ဒဏ်ရာများရရှိခဲ့ ကြောင်း၊ လေးကသိန်းကျေးရွာတွင် အမကကျောင်း ခေါင်မိုးတစ်ခြမ်းလန်ပြီး နေအိမ်(၆၅)လုံး၊ နွားတင်းကုပ်(၂)လုံး၊ နွားစာခြံ(၄)လုံးနှင့် စပါးကျီ(၃)လုံး ပျက်စီးခဲ့ကြောင်း၊ သော်မှော်ကုန်းကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၆)လုံးပြိုကျပြီး (၃)လုံး အမိုးလန်ခဲ့ကြောင်း၊ ကံသာအေး ကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံးပြိုကျပြီး (၁)လုံး အမိုးလန်ခဲ့ကြောင်းနှင့် ကျွန်းကုန်းကျေးရွာတွင်လည်း ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံး အမိုးလန်ခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် ယင်းနေ့ ၁၇၀၀ အချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် တန့်ယန်းမြို့၊ ရပ်ကွက်(၄)၊ မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်းရှိ အလျား(၄၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၂)ပေရှိ ယာယီဂိုဒေါင် သွပ်မိုး/ထရံကာ/ဗြုန်းခင်းအဆောက်အဦ ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရသည်။
Popular Myanmar News Journal
လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်
တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

23.4.2013

... မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀
အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ
ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက)
ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက်
စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး
ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသည်။
ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ်
ကွက် ဈေးကုန်းရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်ပံ
ပင်လဲကျပြီး လူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်
လုံးပတ်(၁၂)ပေခန့်ရှိ လက်ပံပင်မှာ ကိုတင့်၊ မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်)
နှင့် ကိုထက်နိုင်၊ မနွယ်နွယ်ဦးတို့၏ လက်ဖက်ဆိုင်ပေါ်သို့လဲကျကာ ဈေးလာ
ဝယ်သည့် တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့် မောင်ပြည့်(၁၂)နှစ်တို့ ၂ ဦးအား သစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည်
သူများနှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ

မိုးနဲမြို့နယ်တွင်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ဒေသခံတစ်ဦးအား ပြန်ပေးဆွဲ ငွေတောင်းယူမှုဖြစ်ပွား

 23.4.2013

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုးနဲမြို့နယ်၊ နားခံကျေးရွာတွင် ယမန်နေ့က ရွာသားတစ်ဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ယွက်ဆစ်အဖွဲ့ မှ ဖမ်းဆီးသွားပြီး ငွေတောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
...
“ အဲဒီနေ့ မနက်ကိုးနာရီလောက်မှာ ယွက်ဆစ်အဖွဲ့က ငါးဦးလောက် ရွာထဲကို ၀င်လာတယ်၊ လက်ထဲမှာလည်း သေနတ်တွေကိုင်ထားတော့ အိမ်ထဲက အိမ်ပြင်မထွက်ရဲ ကြဘူး၊ ပြည်ခိုင်ဖြိုး ပါတီ က ကျေးရွာစည်းရုံးရေးမှူး အိမ်ကို ၀င်သွားတာတွေ့တယ်၊ ငါးမိနှစ်လောက်ကြာတော့ အဲဒီအဖွဲ့နဲ့ အတူ ကျေးရွာစည်းရုံးရေးမှူး ပါသွားတယ် ၊ ဒီနေ့ထိတော့ ရွာထဲကို ပြန်ရောက်မလာသေးဘူး၊ ယွက်ဆစ်အဖွဲ့က ခေါ်သွားရင် ပြန်လာတဲ့လူ မရှိသ လောက်ပါပဲ၊ ရွာထဲမှာ ပြောနေကြတာတော့ စည်းရုံးရေးမှူးကို ယွက်ဆစ်အဖွဲ့က ပြန်ပေးဆွဲသွားတာ ဖြစ်ပြီးတော့ ငွေ (၁၅) သိန်းနဲ့လာရွေး မှ ပြန်လွှတ်ပေးမယ်လို့လည်း ပြောနေကြတယ်၊ ငွေမရရင်တော့ အသတ်ခံရမှာပေါ့၊ သူတို့လက်ထဲ မှာသေနတ် ကိုင် ထားတော့ ကျွန်တော်တို့ရွာသားတွေ ဘာပြန်ပြောရဲမှာလဲ၊ အသက်အန္တရာယ်အတွက် အမြဲစိုးရိမ်နေရတယ် ” ဟု ရွာခံတစ်ဦးက ပြောပြသည်။

April 15, 2013

တောင်ကြီးမြို့ရဲ့ ဆိုင်ကယ်သင်္ကြန်

မြန်မာ့ရိုးရာအတာ သင်္ကြန် အကြတ်နေ့ဟာ မကြာခင်နာရီပိုင်းအတွင်း အဆုံးသတ်ပါတော့မယ်။
ဒီကနေ့ တောင်ကြီးမြို့မှာတော့ ထုံးစံအတိုင်း  ဆိုင်ကယ်အများအပြား တွေ့ရတဲ့အတွက် ဆိုင်ကယ်သင်္ကြန်လို့ ခေါ်ရမလိုပါပဲ။ ဒီအချက်က ရန်ကုန်နဲ့မတူတဲ့အချက် ဖြစ်မှာပါ။

အရေးတကြီး ပြောစရာရှိတာတွေထဲက တခုကတော့ ဆိုင်ကယ်စီးနင်းသူ အများစုက ကိုယ့်အသက်ကို အကာအကွယ်ပေးမယ့် ဦးထုပ်တွေ ဆောင်းမထားကြဘူး ဆိုတာပါပဲ။ ကိုယ်က တခုခုကို ၀င်တိုက်လို့၊ တပါးသူက ကိုယ့်ကို ၀င်တိုက်လို့ စသဖြင့်သော မတော်တဆမှုများဖြစ်ပွားရာကနေ ထိခိုက်ဒဏ်ရာရသူ ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ ဆေးရုံမှာ သွားရောက် စုံစမ်းရင် အကြမ်းဖျဉ်း သိနိုင်ပါလိမ့်မယ်။

PNO အဖွဲ့ သိမ်းယူသောမြေနှင့် ပတ်သက်၍ ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေး

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ ဧက ၇၀၀ ကျော် အသိမ်းခံရသောမြေယာများ ပြန်လည်ရရှိရန် PNO လူကြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြေသိမ်းခံရသော တောင်သူတို့ မတ်ခ်ျလ ၃ ရက်၌ နားဘောင် PNO ရုံးတွင် ဒုတိယအကြိမ် ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော့်အနေနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တယ်၊ ဘာပဲဖြစ်ဖြစ် တစ်ဦးမှာ မေတ္တာ၊ တစ်ဦးမှာစေတနာ အချင်းချင်းပေးမည့်သူနဲ့ တောင်းဆိုမည့်သူ မျှမျှတတဖြစ်အောင်၊ ပြေလည်အောင် ဆွေးနွေးကြ၊ ဘယ်လိုနည်းနှင့် ပြေလည်ပြေလည်၊ ပြေလည်ခြင်းကိုလက်ခံမည်”
ဟု တောင်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောသည်။

“ကျွန်တော်တို့ကို PNO (Pa-Oh National Organization) လူကြီးအနေနှင့်မမြင်နဲ့၊ ပအိုဝ်းလူမျိုး လိုမြင်၊ ဘယ်ရွာသားတွေဆိုပြီး ကျွန်တော်တို့လည်းမမြင်ဘူး၊ အားလုံးပအိုဝ်းတွေပဲ၊ အဲတော့ မပြေလည်တဲ့ ပြဿနာနှစ်ခုကြားကို အဆင်ပြေသောနည်းလမ်းနှင့် အဖြေရှာရမည်”
ဟု PNO လူကြီး ဦးခွန်လာက ပြောသည်။

April 11, 2013

၂၀၁၄ ခု ASEAN Civil Society Conference/ASEAN People’s Forum ကို မြန်မာနိုင်ငံတွင် ကျင်းပမည်

၂၀၁၃ ခုနှစ် ဘရူနိုင်းနိုင်ငံ အာဆီယံလူထု အဖွဲ့အစည်းညီလာခံနှင့် အာဆီယံပီးပေါးဖိုရမ် (ASEAN Civil Society Conference/ASEAN People’s Forum) ကို ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝန်မြို့တွင် ဧပြီလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။

ယင်းညီလာခံအား အာဆီယံနိုင်ငံအတွင်း၌ရှိသော အရက်ဘက်လူ့အဖွဲ့အစည်းများနှင့် လူထုများ ၃၀၀ ကျော် တက်ရောက်ပြီး ပထမရက်တွင် အာဆီယံသမိုင်းအကျဉ်းနှင့် ဘရူးနိုင်းနိုင်ငံသမိုင်းအကျဉ်းကို တင်ပြဆွေးနွေးခဲ့သည်။ အာဆီယံသမိုင်းအကြောင်းကဏ္ဍမှာ Building Our Future Together ဆိုသည့် ခေါင်းစဉ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။

April 1, 2013

သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ

သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ။

သာဂရသည် ပျူမြို့ဖြစ်သည် သာဂရကို ပျူလို့ သတ်မှတ်နိုင်ပြီဗျ လို့ ၀မ်းသာလွန်းတဲ့လေသံနဲ့ ဆရာဦးနိုင်ဝင်းတစ်ယောက် အော်လေရဲ့။ ကျွန်တော်တို့ အားလုံး ဆရာကို အံသြစွာဝိုင်းကြည့်မိကြတယ်။

နွေနေရဲ့ပူပြင်းလှတဲ့ မွန်းတည့်နေရောင် အောက်မှာ ချွေးသံတရွဲရွဲ၊ အပြုံးမျက်နှာနဲ့ ဆရာဦးနိုင်ဝင်းက အောင်နိုင်သူစစ်သူကြီးတစ်ဦးက ဓါးတစ်စင်းကို ကိုင်ထားသလို စာရေးထားတဲ့ အုတ်ချပ်ကျိုးကို ကိုင်ဆောင်ထားလေတယ်။

ဟောဒီမှာလည်းတစ်လုံးဆရာ၊ ဒီဟာဟုတ်ရဲ့လားဆရာနဲ့ ကျွန်တော်တို့လည်း ပိုမိုတက်ကြွလာတယ်၊ အုတ်ပုံတွေ၊ အဆောက်အအုံဟောင်းတွေရဲ့ အုတ်တွေလှန်ကြ၊ပွတ်ကြ နဲ့အလုပ်ရှုတ်နေကြတာပါ။

အုတ်ပုံတွေရှိရာကိုရှာကြတယ်၊ ကံကောင်းချင်တော့ ရှင်ဇလွန်ဘုရာကြီးမွမ်းမံနေလို့ အုတ်ဟောင်းတွေအများ ကြီးရှိနေတယ်။

ကျွန်တော်က သာဂရကို ပျူလို့ယုံကြည်ပြီးသား၊သက်သေပြဖို့လိုတယ်၊ ပစ္စည်းသက်သေတွေက ဆရာတို့ပြောထားလို့ အားလုံးသိနေကြပြီ၊ ပိုမိုခိုင်အောင်လို့ စာပေအထောက်အထားရှာတာပါ၊
လို့ ထမင်းစားပြီး ဆေးပေါ့လိပ်ကို သောက်ရင်း အတွေးရင့်ရင့်နဲ့ ဆရာဦးနိုင်ဝင်းက ဆိုပါတယ်၊ ဆရာသိပ်မယုံဘူးဆိုတာသိပါတယ်လို့ ကျွန်တော်မျက်နှာကို ကြည့်ရင်းဆိုပါတယ်၊ ကျွန်တော်က ပြန်ပြုံးပြလိုက်မိတယ်။

သုတေသနဆိုတာပြောတော့အတော်လွယ်တယ်၊ လုပ်ရတော့အရမ်းခက်တယ်၊ တွေ့ပြန်တော့လည်း အများယုံအောင် ပြောဖို့လိုပြန်ကော၊ သမိုင်းသုတေသနကပိုခက်တယ်ဗျ။

အုတ်မှာရေးထားတဲ့ရှေး ဗြဟ္မီတို့၊ ပျူစာတွေကို သက်သေပြဖို့ ကျွန်တော်စာပါတဲ့ အုတ်(၄၀၀၀)ကျော်စုထားပြီးပြီး၊ အဓိက မွန်ပြည်နယ်ထဲမှာ၊ အခု တနင်္သာရီတိုင်းအတွင်းက သာဂရကို စရှာတာပါ လို့ ဆိုပြန်တယ်။

ဆရာရေ၊ တံဆိပ်ပါတဲ့အုတ်ချပ်တွေအများကြီး ကျွန်တော်တွေ့ဖူးပါတယ်၊ အချို့က လေးထောင့်ပုံ၊ အချို့က အင်္ဂလိပ်စာလုံးတွေ၊ အချို့က ဟိုခြစ်ဒီခြစ်ပါလို့ ကျွန်တော်က ပြောပါတယ်။ ဆရာက တပည့်တစ်ဦးကို ဆရာပီသတဲ့ အပြုံးနဲ့၊ ဆရာာတွေ့ဖူးတာတွေ က ရှေးစာတွေပါ လို့ ပြန်ပြောတယ်၊

ဟုတ်လို့လားဆရာလို့ ကျွန်တော်က အထွန့်တက်တဲ့အခါ ဒီမှာကြည့်ဆိုပြီး ဆရာကြီးဦးရွှေဇံအောင်ရေးတဲ့ စာအုပ်ထဲက ရှေးဗြဟ္မီ၊ ပျူစတဲ့ အက္ခရာတွေထုတ်ပြတယ်။

ကျွန်တော်တို့လည်း စာအုပ်ထဲက အက္ခရာတွေနဲ့ အုတ်ချပ်မှာပါတဲ့အမှတ်အသားတွေတိုက်ကြည်တဲ့အခါ အရမ်းကို တူညီနေတာတွေ့ရတယ်၊ အံ့လည်းအံ့သြ၊ ၀မ်းလည်းဝမ်းသာဗျာ၊ ဆရာယုံပြီလားလို့ပြောရင်း ဟောဒီလေးထောင့်က ဗ၊ ဟောဒီအစင်းက ရ၊ ဟောဒီကြက်ခြေခတ်လိုဟာက ကလို့ ဆက်ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းကို ကြည့်ရင်း ကိုယ်ကို ကိုယ့် ၀မ်းနည်းဒေါသဖြစ်လိုက်ရတာ၊ အမြဲလိုလို တွေ့နေရတဲ့ အင်မတန်အရေးပါတဲ့ စာပေအထောက်အထားတွေကို လွှင့်ပစ်ထားခဲ့မိတယ်။

ဆရာဦးနိုင်ဝင်းကို လည်းကျေးဇူးတင်လိုက်တာဗျာ၊ အောက်ခြေ လွတ်ဘ၀င်မြင့်နေတဲ့စိတ်တွေပျောက်သွား တယ်။ ပညာရှင်တွေကို လေးစားလိုက်တာဗျာ၊ ဆရာက ကျွန်တော်ကို နှစ်သိမ့် ပါတယ်၊ ဆရာအပြစ် မဟုတ်ပါဘူးဗျာ၊

သမိုင်းသီအိုရီတွေက ပြောင်းလဲနေတာဘဲ၊ ရှေးဆရာကြီးတွေလည်း ကြိုးစားခဲ့တာဘဲ၊ ဒါပေမယ့် ကိုယ်တိုင်လည်း ရှာဖို့လိုတယ်၊ ဒီနေရာမှာ အဖြစ်နိုင်ဆုံးအမှားတွေက ပထမအချက် အုတ်ဆိုရင် အရွယ်ကြီးလေရှေးကျလေဆိုတဲ့အချက်ပါ။

အခုစာပါတဲ့ အုတ်အများစုက ၈လက်မလောက်ဘဲကြီးတယ်၊ ဒုတိယအချက်က အက္ခရာသမိုင်းကို မသိကြတာ၊ စာကို မြင်လို့စာမှန်းမသိတာ၊ တတိယအချက်က ဘယ်သူမှမဖော်ထုတ်ဘူးသေးတော့ လေ့လာရမှန်း မသိသေးတာလို့ ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းက မော်လမြိုင်တက္ကသိုလ် သမိုင်းဌာနမှာတာ ၀န်ထမ်းဆောင်နေပါတယ်၊ စာမေးပွဲပြီးခွင့်ယူပြီး ထားဝယ်ကို လာတယ်၊ ပြီးတော့ သာဂရမြို့ဟောင်းကို လေ့လာတယ်၊ ဆရာရဲ့အထူးပြုလေ့လာတဲ့ သမိုင်းပညာရပ်က အုတ်ချပ်တွေမှာရေးထားတဲ့ စာကို လေ့လာမှတ်တမ်းတင်ဖော်ထုတ်တာဖြစ်ပါတယ်။

အခုဆရာဦးဆောင်ပြီး ထားဝယ်တက္ကသိုလ်ကဆရာတွေ၊ ရှေး သုက၀န်ထမ်းတွေ၊ သာဂရဒေသခံတွေစုပေါင်း လုပ်ဆောင်ကြတာပါ။

စာပါတဲ့အုတ်ချပ်တွေကို သာဂရမြို့ဟောင်းအတွင်း ရှင်ဇလွန်ဘုရား၊ ရဟန္တာသိမ်၊ မြေတိုက်ကျောင်း၊ မြို့ဟောင်းအပြင်က ပျူသချိုင်္င်း၊ မြင်ထင်တောင်တွေမှာတွေ့ရပါတယ်၊ သာဂရမြို့ဟောင်းအတွင်း အချိန်နည်းလို့ သေချာမရှာရသေးပါဘူး၊

ဒါ့အပြင် စခန်းကြီးကျေးရွာ၊ ရပ်ခံတောင်တွေမှာလည်း လေ့လာတဲ့အခါ ထပ်မံတွေ့ရှိရပါတယ်။ သုတေသနကာလ၄/၅ရက်လောက် ဆရာဦးနိုင်ဝင်းရှာတွေ့ခဲ့တဲ့ စာပါအုတ်ချပ်(၅၀)လောက်စုထားမိတယ်၊ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်။ ဆရာတို့ဆက်လုပ်စေချင်တယ်၊ ဒီထက်မကရှိအုံးမှာလို့ ပြောပါတယ်။

ကျွန်တော်တို့အရေးတစ်ကြီးဆက်လုပ်ရမှာပါ။ ဗြဟ္မီအက္ခရာက မြတ်စွာဘုရားရှင်လက်ထက်နဲ့၊ အာသောကမင်းကြီးလက်ထက်တွေမှာသုံးတယ်၊ ပျူအက္ခရာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀လောက်ကစသုံးပြီး ပုဂံခေတ်အစောပိုင်းအထိသုံးတယ်၊

ထင်ရှားတဲ့ ရာဇကုမာကျောက်စာဆိုတာရှိပါတယ်။ အခုကျွန်တော်တို့ ထားဝယ်သားတွေလည်း စာပေအထောက်အထားတွေရှိနေပြီ၊ ဆက်လက်သုတေသနလုပ် ရအုံး။ ဆရာဦးနိုင်ဝင်းကြွေးကြော်သလို သာဂရသည် ပျူဖြစ်တယ်ဗျို့လို့ ကျွန်တော်လည်း အော်တယ်ဗျာ။

ဆရာဦးနိုင်ဝင်းအား ရိုသေစွာရှစ်ခိုးကန်တော့ပါ၏။

Posted From Sayazaw Zawthura

တင်းထက် ပအိုဝ်းရိုးရာရှင်ပြုပွဲ

တင်းထက် ပအိုဝ်းရိုးရာရှင်ပြုပွဲ 
===============

ပင်လောင်းမြို့နယ်၊ တင်းထက်ကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ 
ရှင်လောင်းအပါး(၆၀၀) ပအိုဝ်းရိုးရာရှင်ပြုပွဲဟာ ဆိုလို့ရှိရင် 
မတ်လ(၂၉)ရက်ကနေ စပြီး ဧပြီ(၂)ရက်နေ့အထိ 
(၅)ရက်တိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။
 
သည်ကနေ့ ဧပြီ(၁)ရက်နေ့မှာတော့ ဧည့်ခံတဲ့နေ့ဖြစ်ပြီး 
နက်ဖြန် ဧပြီ(၂)ရက်နေ့ကျရင် ရှင်ပြုတရားနာ ရေစက်ချမှာဖြစ်တယ်။

ဒါကြောင့် ခွန်ခမ်းကူတို့လည်း အလှူဖိတ်စာတွေ
 တပွေ့တပိုက်ကြီး လက်ခံရရှိတာမို့လို့ 
တင်းထက်ပွဲကို သည်နေ့ မသွားမနေ သွားရမှာ ဖြစ်ပါတယ်။
ပွဲလည်းသွားရင်း သတင်းလည်း ယူရင်းဆိုပါတော့၊
ကုသိုလ်လည်းရ ဗဟုသုတ အကျိုးလည်းရှိစေမှာ ဖြစ်တယ်။
အပြန်ခရီးကျရင် အသေးစိတ်သတင်း အချက်အလက်တွေ 
သယ်ယူလာမှာ ဖြစ်ပါတယ်။
ပွဲအတော်စည်တယ်လို့ ကြိုသွားတဲ့သူတွေက ပြောကြတဲ့အတွက် 
စိတ်လှုပ်ရှား ကြည်နူးစရာတော့ ဖြစ်မှာအမှန်ပါပဲ။

အွန်လိုင်းပေါ်က  ရဲုင်းဖက်ခွန်နင်,သူငယ်ချင်းများအတွက်လည်း
 ကုသိုလ်တွေ ဝေမျှပေးဦးမှာပါ။

 သူငယ်ချင်းများ -
 သာဓုနော သာဓု- - ကို မျှော်လင့် စောင့်စားနေကြပါလို့။

ခွန်ခမ်းကူ (၁-၄-၂၀၁၃)

March 29, 2013

မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

ပအိုဝ်းအမျိုးသားနေ့ အခါတော်သမယ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၆ ရက်) မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်ကျေးရွာမှာ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အခမ်းအနားတရပ်ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၀ံသ မှ ပွဲတော်ကို ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ ထိမ်းသိမ်းကြဖို့ စတဲ့ သြ၀ါဒစကားများ မိန့်ကြားတော်မူခြင်းနှင့် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆရာတော် ဘဒ္ဒန္တစန္ဒ၀ံသ ဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ သာသနာပြု သီတင်းသုံးနေထိုင်ပါတယ်။

March 28, 2013

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက် မီးလောင်မှု

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ အဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-မင်းသူ

7Day News Journal
တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်
သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ အဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်

March 25, 2013

စိုက်ပျိုးရေးဒေသ တောင်ကြီးအတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲ

ပိုးသတ်ဆေး ဥပဒေ နှင့် မြေသြဇာ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ဆွေးနွေးပွဲများကို စိုက်ပျိုးရေးဌာနက မြို့ကြီးအများအပြားတွင် ပြုလုပ်လျက်ရှိရာ ယနေ့ အလှည့်ကျသည့်မြို့မှာ တောင်ကြီးမြို့ ဖြစ်သည်။

တောင်ကြီးမြို့ စိုက်ပျိုးရေးရုံးတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပိုးသတ်ဆေး၊ မြေသြဇာ သုံးသည့် တောင်သူများ၊ ရောင်းချသည့် လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးဌာန အရာရှိကြီးများ တက်ရောက်ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန ဥပဒေ ပညာရှင်က ပိုးသတ်ဆေး ဥပဒေ နှင့် မြေသြဇာ ဥပဒေများအား ရှင်းလင်း ဆွေးနွေးပေးပြီး၊ ပိုးသတ်ဆေး အန္တရာယ် ကြီးပုံ၊ အန္တရာယ် ကင်းစွာ သုံးစွဲနိုင်ရေး၊
ပိုးသတ်ဆေး ဥပဒေ လိုက်နာ ကျင့်သုံးရေး စသည့် အကြောင်းအရာများကို စိုက်ပျိုးရေးဦးစီး ဌာန ၊ သီးနှံကာကွယ်ရေး ဌာနခွဲ (ရုံးချုပ်) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ပြုံးပြုံးကြည် က ရှင်းလင်းဆွေးနွေးသည်။

March 23, 2013

တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့ အထိန်းအမတ်ပွဲတော် အခန်းအနားကျင်းပဖွင့်လစ်

ပအိုဝ်းမျိးသားနေ့ဖြစ်သော တပေါင်းလပြည့်နေ့သည် ခေတ်အဆက်ဆက် ရှိလာခဲ့ရာမှာ ပွဲတော်အထိန်းအမတ်ဖြင့်ကျင်းပရာမှ ၂၀၁၃ ခုနှစ်အပါအ၀င် (၆၄)ကြိမ်မြှောက်ရှိပြီး၊ ယခုနှစ် တွင်လည်းတောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် မတ်လ ၂၂ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။
...
အခမ်းအနားအစီအစဉ်တွင် ပအိုဝ်းအမျိုးသားနေ့အထိန်းအမတ်ပွဲတော်ကို ယခင် ခေတ်အဆက်ဆက် မှာလည်း ကျင်းပလာခဲ့ပြီး လာမည်နောက်နှစ်နောင်နှစ်တွေမှာလည်း ဒီထက်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရမှာ ထိန်းသိမ်းသွားရမှာဟာ ကျွန်တော်တို့ ပအိုဝ်းတမျိုးသားလုံးရဲ့ တာဝန်တွေဖြစ်တယ်၊ စိတ်ဓါတ်အား၊ လူအင်အား၊ ဥာဏ်အား၊ ငွေအား စသဖြင့် တတ်စွမ်းနိုင်အားဘက်မှ စည်းလုံးမှုတွေမှာ ပါဝင်ကြပါ ဟု ပွဲတော်ဖြစ်မြှောက်ရေးကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကိုက ပြောကြားသည်။

ပွဲတော်ကော်မတီ အတွင်းရေးမှူးဦးခွန်မောင်စိုးက အလုပ်လုပ်တဲ့နေရာမှာ စည်းစည်းလုံးလုံးလုပ်မှ ကောင်းတယ်၊ တစ်ယောက်ကိုတစ်ယောက် ၀ိုင်းဝန်းလုပ်ဆောင်မှ အလုပ်လုပ်ရတာ ပိုထိရောက်တယ်၊ လူတိုင်း စိတ်အားထက်ထက်သန်သန်နဲ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို လာရောက်ပါဝင်ဆင်နွဲနိုင်ပါတယ်၊ ပြောကြားသည်။

March 20, 2013

PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ

PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ 

မတ်လ 19 ရက် 2013 by  ရွှေဟင်္သာ သတင်းဌာန

ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုသည်။

“မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့ အကြောင်းပြန် ထားတာ ရှိပါတယ်။” ဟု ဆိုသည်။

တင်ပြ ဆွေးနွေးကြမည့် အချက်များကို ထုတ်ဖော် ပြောကြား၍ မရသေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့စဉ်က တင်ပြချက် (၆) ချက်အပေါ် ဆက်လက် ဆွေးနွေး သွားဖွယ် ရှိကြောင်း PNLO ဖက်က ဆိုသည်။

ထိုစဉ်က PNLO ဘက်မှ တင်ပြခဲ့သည့် ၆ ချက်မှာ အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေးရုံး ဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ အပစ်ရပ် ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန်၊ မူးယစ်ဆေးဝါး ပြဿနာအား အစိုးရနှင့် လက်တွဲ၍ ဖြေရှင်းသွားရန် မီဒီယာများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန်တို့ ဖြစ်သည်။

ပအိုဝ့် PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ ထိုင်းနိုင်ငံ၌ အလွတ်သဘော (၃) ကြိမ် တွေ့ဆုံ ဆွေးနွေး စဉ်က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်သော တွေ့ ဆုံပွဲမျိုး ပြုလုပ်ပေးရေး အပါအဝင် စုစုပေါင်း အချက် ၁၁ ချက်ကို PNLO ဘက်က တောင်းဆို ခဲ့သည်။

သို့သော် ငြိမ်းအဖွဲ့ ၀န်ကြီး ဦးအောင်မင်းဘက်ကမူ အပစ်အခတ် ရပ်စဲရေးသည် ပထမ၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး လုပ်ငန်းသည် ဒုတိယနှင့် တတိယ အဆင့်အနေဖြင့် ရေရှည်နိုင်ငံရေး အတွက် လွှတ်တော်ထဲ၌ ဝင်ရောက် လုပ်ဆောင် သွားကြရန် အဆင့် (၃) ဆင့်ပါသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်အား ပြန်လည် ရှင်းပြ ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ဇွန်လ (၂၇) ရက်နေ့ တတိယအကြိမ် ထိုင်းနိုင်ငံ တွေ့ဆုံပွဲ၌ PNLO ဘက်မှ တင်ပြချက် (၆) ချက်အား အစိုးရဘက်က လက်ခံခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေးကို မူအရ သဘောတူခဲ့ရာမှ ၂၀၁၂ ခုနှစ် သြဂုတ် လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသည့် ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။  

ယင်းတွေ့ဆုံပွဲမှ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲများကို နောက် (၃) လအတွင်း ဆက်လက် ကျင်းပ သွားကြရန် နှစ်ဖက် သဘောတူခဲ့သော်လည်း လက်တွေ့တွင် (၆) လခန့် ကြာမြှင့်ခဲ့ပြီး လာမည့်မတ်လ (၂၂) ရက်နေ့တွင် ပြန်လည် တွေ့ဆုံကြမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ပြောဆိုသည်။

March 16, 2013

တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ကို ပြည်တွင်းပြည်ပတွင် ကြီးကျယ်ခန်းနားစွာ ကျင်းပဖို့ ပြင်ဆင်

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆/၃/၂ဝ၁၃) တွင် ပြုလုပ်ကျင်းပမည့် “ပအိုဝ်းအမျိုးသားနေ့” အခမ်းအနားသည် ယခင်နှစ်များနှင့် မတူ တစ်မူထူးခြားသော ဂုဏ်ဝိသေသများဖြင့် ကြီးကျယ်ခန်းနားစွာ ကျင်းပကြမည်ဖြစ်ကြောင်း ပအိုဝ်းအင်တာနက်ကွန်ယက် စာမျက်နှာတွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ ဖိတ်စာများက ဖော်ပြထားပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်လည်း ပြီးခဲ့တဲ့ ၉ ရက် ၃ လ ၂၀၁၃ ခုနှစ်မှာ ပုံလောင်းရွာအနီး၊ ဒဲဉ်သီးဗွေကွင်းမှာ တပေါင်းပွဲတော် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအားကစား ဖွင့်ပွဲအခန်းအနားတစ်ရပ်ကိုလည်း ကျေးရွာပေါင်းစုံမှ ဘောလုံးအသင်း (၂၃) သင်းက ယှဉ်ပြိုင်ရန် ကျင်းပဖွင့်လှစ်ခဲ့ကြောင်း ပုံလောင်းရွာ ခွန်ဘောဒိထွန်း မှ ပြောခဲ့ပါသည်။

ကာမလှုံ့ဆော်ဆေးဝါးများ

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ

By ဖိုးဇေ (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၂၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င် နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့် ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက်ရှိနေကြောင်း သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း

အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည် ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိကတာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။

March 15, 2013

နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက် ကျောင်းတိုက်အထိမ်းအမှတ်ပူဇာ ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၁၃၇၄-ခုနှစ်၊ တပေါင်းလဆန်း(၂)ရက် (၁၃-၃-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့ နံနက်(၈း၀၅)နာရီလောက်မှာ
နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက်
ကျောင်းတိုက်အထိမ်းအမှတ်ပူဇာအနေနဲ့
ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ နောင်တရားကျောင်းဆရာတော် ဦးဂန္ဓမာ၊ နမ်းပါလင်းကျောင်းဆရာတော် ဦးဝါယာမ၊ လေတဲက်ကျောင်းဆရာတော် ဦးဥာဏိဿရ အရှင်မြတ်တို့က သြ၀ါဒါစရိယအဖြစ် ကြွရောက်သြ၀ါဒပေးပါတယ်။

ပင့်ထားတဲ့ စာထောက်စာမဆရာတော်တွေအပြင် နောင်တရားကျောင်းဒကာများ၊ သံဃာဝေယျာဝစ္စအလှည့်ကျတဲ့ ဥာဏ်ပင်ရွာက ဒကာ/မတွေနဲ့၊ နောင်တရား- ကောင်နာ- နောင်ဘုရားကုန်း- သာယာအုံးရွာက ဓမ္မစကြာအဖွဲ့တွေလည်း လာရောက် ကြည်ညိုပူဇော်ကြပါတယ်။

တောင်ကြီး-ဇလဲ လမ်းမပေါ် ကျူးကျော်ဆောက်လုပ်သည့် ကုန်စုံဆိုင် ပြန်လည်ဖျက်သိမ်းရန် ဆိုင်ရှင်ကိုသတိပေး

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ တောင်ကြီး-ဇလဲ လမ်းနယ်နမိတ်အတွင်း ကျူးကျော်အဆောက်အဦးဖယ်ပေးရန် မြို့နယ်အုပ်ချုပ်ရေး မှူးက အကြောင်းကြားစာပေးပို့ထားသော်လည်း ယခုဖယ်ပေးခြင်းမရှိကြောင်း မတ်လ ၁၄ ရက် နားယောင်းကျေးရွာနေ ဦးလယ်က ပြောသည်။

နားယောင်းကျေးရွာ တောင်ကြီး- ဇလဲ လမ်းမပေါ်ရှိ ဦးခွန်စိန်ဝင်း၏ ကုန်စုံဆိုင်သည် ၂၀၀၇ ခုနှစ် ၉ လ ၉ ရက်တွင် ဆောက်လုပ်ပြီး လမ်းအလယ်ဗဟိုမှ ပေ ၂၀၊ အနောက်ဦးလယ်ခြံက ၁၀ ပေ ဝန်းကျင်ပေါ်တွင် ဆောက်လုပ်ထားကြောင်း သိရသည်။
တရားဝင် ခွင့်ပြုချက်မရဘဲ လမ်းပေါ်မှာနေထိုင်ခြင်း၊ သူများပိုင်ခြံပေါ်ချဲ့ယူခြင်း၊ အဆောက်အဦးကို ဖျက်သိမ်းပေးရန် နန်းဟူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဥက္ကဌဦးအောင်ဆန်းထံသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တင်ပြခဲ့ကြောင်း ဦးလယ်က ပြောသည်။
တောင်ကြီး-ဇလဲ လမ်းဧရိယာတွင်းသို့ ကျူးကျော်ထားခြင်း ရှိ/မရှိ စီစစ်တင်ပြရန် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းသို့ ရည်ညွှန်းစာဖြင့် အကြောင်းကြားခဲ့ရာ အဆိုပါကုန်စုံဆိုင်သည် လမ်းနယ်နိမိတ်နှင့် လွတ်ကင်းခြင်းမရှိကြောင်း တိုင်းတာစစ်ဆေးချက်နှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးသို့ တင်ပြထားကြောင်း သိရသည်။

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts