Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

April 11, 2013

၂၀၁၄ ခု ASEAN Civil Society Conference/ASEAN People’s Forum ကို မြန်မာနိုင်ငံတွင် ကျင်းပမည်

၂၀၁၃ ခုနှစ် ဘရူနိုင်းနိုင်ငံ အာဆီယံလူထု အဖွဲ့အစည်းညီလာခံနှင့် အာဆီယံပီးပေါးဖိုရမ် (ASEAN Civil Society Conference/ASEAN People’s Forum) ကို ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝန်မြို့တွင် ဧပြီလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။

ယင်းညီလာခံအား အာဆီယံနိုင်ငံအတွင်း၌ရှိသော အရက်ဘက်လူ့အဖွဲ့အစည်းများနှင့် လူထုများ ၃၀၀ ကျော် တက်ရောက်ပြီး ပထမရက်တွင် အာဆီယံသမိုင်းအကျဉ်းနှင့် ဘရူးနိုင်းနိုင်ငံသမိုင်းအကျဉ်းကို တင်ပြဆွေးနွေးခဲ့သည်။ အာဆီယံသမိုင်းအကြောင်းကဏ္ဍမှာ Building Our Future Together ဆိုသည့် ခေါင်းစဉ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။

March 15, 2013

ဖားကန့် ရတနာမြေနဲ့ မြန်မာပြည်စီမံကိန်းများ

ဖားကန့် ရတနာမြေနဲ့ မြန်မာပြည်စီမံကိန်းများ
***************************************
ဖားကန့်မှာ တောင်တွေ တစ်လုံးပြီးတစ်လုံး ကုန်သွားတာ ဒေသခံတွေ မျက်ရည်ကျရကောင်းမှန်း မသိခဲ့ဘူး။ တစ်သက်လုံး ဥရုချောင်းရေကို သုံးလာ ချိုးလာကြပေမဲ့ ကျောက်စိမ်းတွင်း တွေကြောင့် ချောင်းရေတွေ သုံးမရတော့လို့ အိမ်တိုင်း မိမိငွေနဲ့ ရေတွင်းတူးကြရတဲ့အခါ ချောင်းတွေကို နှမြောလို့ဆိုပြီး ကျောက်စိမ်းကုမ္ပဏီတွေ အလိုမရှိလို့ အော်ရကောင်းမှန်း မသိခဲ့ကြဘူး။ ချောင်းတွေ တိမ်ကောကုန်လို့ နှစ်တိုင်း ချောင်းရေလျှံပြီး အိမ်တွေ ရေမြှုပ်ကုန်တာလည်း ဘယ်သူ့ကိုစွပ်စွဲရကောင်းမှန်း မသိခဲ့ကြဘူး။ တောင်တွေပြုန်းကုန်လို့ သစ်ပင်တွေလည်း မကျန်တော့တာကို အစိုးရကို ဆန္ဒပြရကောင်းမှန်း မသိခဲ့ကြဘူး။ ဖုန်တစ်ထောင်းထောင်းထနေတဲ့ ပတ်ဝန်းကျင်တွေ ကြားမှာ နေရလို့ ကျန်းမာရေးထိခိုက်တယ်ဆိုပြီး  လျော်ကြေး တောင်းရကောင်းမှန်း မသိခဲ့ဘူး။ ရွာပတ်လည်မှာ မြေစာပုံကြီး တဖြေးဖြေး ဝိုင်းနေလို့ ရွာတွေပြောင်းရ ရွေ့ရတာလည်း ဘယ်သူ့ကို အပြစ်တင်ရကောင်းမှန်း မသိခဲ့ဘူး။  ဒေသခံတွေ နစ်နာလို့ ဖားကန့်မှာ ဘယ်သူမှ ကျောက်စိမ်းတွေ လာမတူးကြနဲ့။ ဒီမြေကြီးနဲ့ ဒီတောင်ကြီးတွေကို ဖားကန့် ဒေသခံတွေဘဲ ပိုင်တယ်၊ ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်စားရမှာလဲ ၊ အငတ်ခံရမှာလားလို့လဲ အော်ဖို့၊ ကန့်ကွက်ဖို့ မသိခဲ့ကြဘူး။
 
ကျွန်မတို့ ဖားကန့်ဒေသမှာ မြန်မာပြည် အနှံ့အပြားကလူတွေ လာပြီး ကျောက်တူးကြ ၊ စီးပွားရှာကြ လုပ်နေတာ ရေတွက်လို့တောင် မကုန်ဘူး။ သယံဇာတ ထွက်တဲ့ မြေနေရာကို ဒေသခံတွေကချည်းသာ ပိုင်ဆိုင်ခွင့်ရကြေးဆိုရင် ဖားကန့်က မြေကြီးတွေ တောင်တွေကို ဖားကန့်က လူတွေဘဲ ပိုင်ရမယ်။ ဖားကန့်ဒေသခံတွေဘဲ ကျောက်တူးမယ် တစ်ခြားဘယ်သူမှ လာမတူးကြနဲ့၊ ကုမ္ပဏီတွေ အကုန် ထွက်သွားကြ၊ ဒေသခံ မဟုတ်ဘဲ ကျောက်တူးနေတဲ့သူတွေ အကုန် ပြန်ကြပါလို့ ပြောရင် မြန်မာပြည် တစ်ခြားဒေသက လူတွေ အားလုံးက လက်ခံနိုင်ပါ့မလား။ ဟုတ်သားဘဲ သူတို့မြေ သူတို့ဘဲ တူးပါစေလို့ သဘောထား ကြီးနိုင်ကြပါ့မလား။ ဖားကန့်မှာ ကျောက်တူးမယ် ဆိုရင် အစိုးရဆီမှာ လုပ်ကွက်လျှောက်ရတယ်။ လုပ်ကွက်ကျလာမှ ကျောက်တူးခွင့်ရှိတယ်။ တူးချင်တိုင်း တူးလို့မရပါဘူး။ တစ်ချို့ရွာတွေဆိုရင် ကျောက်စိမ်းလုပ်ကွက် လျာထားတဲ့ နေရာထဲ ပါသွားလို့ သင့်တော်တဲ့ လျော်ကြေးလေး ယူပြီး ရွာလုံးကျွတ် ဖယ်ပေးခဲ့ရတာမှာ ဘုန်းကြီးကျောင်း ဘုရားကျောင်းတွေပါ ပါပါသေးတယ်။ ဒီအချက် မှန်မမှန်ကိုလည်း အချိန်မရွေး သွားရောက် စုံစမ်းနိုင်ပါတယ်။  

မိုးကုတ်၊ မိုင်းရှူး စတဲ့ နေရာတွေနဲ့  ကျောက်မျက်ရတနာ ထွက်တဲ့နေရာတွေ အားလုံးလည်း သတ္တုတွင်းဝန်ကြီးဌာနမှာ လုပ်ကွက်တွေ လျှောက်ကြရတာပါ။  နိုင်ငံတစ်နိုင်ငံမှာ သယံဇာတ ထွက်တဲ့ နေရာတွေ ဘယ်နေရာဘဲဖြစ်ဖြစ် အစိုးရက စီမံခန့်ခွဲတာပါ။ ဒေသခံတွေမို့ဆိုပြီး သူတို့ချည်း ပိုင်ဆိုင်ခွင့် မရှိတာကို သိထားရမှာပါ။ သယံဇာတတွေ တူးတော့ ပတ်ဝန်းကျင် ပျက်စီးမှု ထိခိုက်မှုတွေကတော့ ဖြစ်ကိုဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရလုပ်သူကလည်း သယံဇာတ ထွက်တဲ့နေရာတွေကို စီမံခန့်ခွဲ ရာမှာ ဒေသခံတွေ မထိခိုက် မနစ်နာအောင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင်တော့ စနစ်တကျ စီမံခန့်ခွဲဖို့တော့ အသေအချာကို လိုတာပါဘဲ။ ဖားကန့်မှာ အဲဒီလို စနစ်ကျမှုမျိုး အလွန်နည်းပါတယ်။ ဒါကြောင့်လည်း ဖားကန့်မှာ သဘာဝပတ်ဝန်းကျင် တော်တော်လေး ပျက်စီးကုန်ပါတယ်။ 

ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်ကိုင် စားရမလဲဆိုတဲ့ တွေးပူမှုမျိုးတော့ လက်ပံတောင်းတောင်က လူတွေ ရှိသလိုမျိုး ဖားကန့်ကလူတွေလည်း ရှိကြတာပါဘဲ။ ငိုတတ်တဲ့ ကလေးက မုန့်စားရတယ်လို့ အဆိုရှိကြတယ်။ အဲဒီတော့ ဖားကန့်က လူတွေများ လက်ပံတောင်းတောင်က လူတွေကို နမူနာယူပြီး ဆန္ဒပြကြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ကျောက်မျက် ကုမ္ပဏီတွေအားလုံး နောက်ဆုတ်မှာလား။ ဘယ်သူမှ ကျောက်စိမ်း လာမတူးကြပါဘူးဆိုပြီး လိုက်လျောကြမှာလား။ တောင်တွေကုန်မှာစိုးလို့ ကျောက်စိမ်းတွေ မြေကြီးအောက်မှာ ဒီအတိုင်း ရှိပါစေတော့လို့ မတူးဆွဘဲ ထားလိုက်ကြတော့မှာလား။

ဒေသခံတွေ သဘောမတူရင် တိုင်းပြည်အကျိုးတောင် မလုပ်သင့်ဘူးလို့လည်း ပြောတာတွေ ရှိပါတယ် ။ ဒါဆိုရင် အကျိုးအပြစ် ဘာမှ နားမလည်တဲ့ ဒေသခံတွေ ကန့်ကွက်ရင်လည်း ဘာစီမံကိန်းမှ မလုပ်ကြရတော့ဘူးလား၊ သေချာတာကတော့ ရတနာရှိနေတဲ့အရပ်မှာ ဘယ်သူမှ လာမတူးလဲ ရှိနေနှင့်တဲ့ သူတွေက တူးကြမှာပါဘဲ။ ဒီအတိုင်းတော့ ကြည့်နေကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဖားကန့်ဒေသမှာ ကိုယ့်အိမ်အောက် မှာတောင် ကိုယ်ပြန်တူးရင် ကျောက်နဲ့ ရွှေတွေ ထွက်တဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့်လည်း တစ်ခြားနေရာ မပြောနဲ့ ။ ကိုယ့်အိမ်ဝင်းထဲကိုယ် ပြန်တူးတာတွေလည်း အများကြီးရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့၊ ချစ်လွန်းလို့ဆိုပြီး အလှကြည့်နေမဲ့သူ ဘယ်သူမှ မရှိကြပါဘူး ။ကိုယ့်အိမ်ဝင်းမှာ တူးရင် အိမ်အလှပျက်သွားမလား ၊ မြေကြီးတွေ ပွကုန်မလား ။ မြေပြိုကျပြီး ဒုက္ခရောက်မလား ဘာမှကို မတွေးကြဘဲ တူးနေကြသူတွေ အများကြီးပါ။ 

ဖားကန့်နဲ့ ပတ်သက်ပြီး ကျွန်မ စာတွေ အများကြီးရေးခဲ့ဖူးပါတယ်။ ရေးခဲ့တဲ့ စာတိုင်းမှာလည်း ကျောက်မတူးဖို့၊ တောင်တွေကို အလှကြည့်ဖို့ မရေးခဲ့ပါဘူး။ ဖြစ်မှ မဖြစ်နိုင်တာ။ ကျောက်တွေ တူးလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသတွေ ပျက်စီးလာတာကို ဖော်ပြပြီး ကျောက်တူးတဲ့ လုပ်ကွက်တွေ စနစ်တကျ ရှိဖို့ ဒေသခံတွေရဲ့ အိမ်တွေ ရွာတွေကိုလည်း မပျက်စီးစေဖို့ အဲဒါတွေဘဲ ထည့်ရေးဖြစ်ပါတယ်။ ကျွန်မထင်ပါတယ်။ ဖားကန့်က လူတွေကလည်း ဖားကန့်နယ်မြေကို ကျောက်မတူးဘဲ ထားပေးဖို့ တောင်းဆိုရင် တစ်နိုင်ငံလုံး ဘယ်သူကမှ လက်ခံကြမယ် မထင်ပါဘူး။ သယံဇာတ ရောင်းရငွေဟာ နိုင်ငံရဲ့ ဝင်ငွေ တော်တော်များများကို ရှာဖွေပေးနိုင်တယ်ဆိုတာ ဘယ်သူမှ ငြင်းမရနိုင်ပါဘူး။ ပြီးတော့လည်း သယံဇာတက ရရှိတဲ့ ငွေတွေကိုဘဲ နိုင်ငံက အားထားနေရတာပါ။ ဒီသယံဇာတကို ထုတ်ယူပြီး နိုင်ငံ တိုးတက်အောင် လုပ်ဖို့ လုပ်စရာတွေ အများကြီး ရှိနေတာပါ။ 

ကျောက်စိမ်းလို ကျောက်အရိုင်းတုံးကို ထုတ်ရတာ နည်းပညာလည်း သိပ်မလို၊ သိပ်လည်း မခက်ခဲတော့ မိမိနိုင်ငံက ကုမ္ပဏီတွေ အင်အားနဲ့  ထုတ်ယူနိုင်ပေမဲ့ ကြေးနီလို သတ္တုတွေ။ သဘာဝ ဓာတ်ငွေ့လို ဂက်စ်တွေကို ထုတ်ယူဖို့ ကိုယ့် နိုင်ငံမှာ နည်းပညာ မရှိတာ၊ အရင်းအနှီးတွေ အများကြီး လိုတာကြောင့် နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး တူးဖော်ရတာကိုလည်း တစ်ချို့က မေ့နေကြဟန် တူပါတယ်။ ကျွန်မတို့လည်း တရုတ်ကို မုန်းပါတယ်။ ဒါပေမဲ့ တရုတ်ကုမ္ပဏီမို့ စီမံကိန်းတွေ ဖျက်ရမယ်လို့ ကလေးကစားသလို လုပ်လို့ ရမရတော့ သေချာ စဉ်းစားရမှာပါ။ တစ်ချို့က ဆိုကြတယ်။ လက်ပံတောင်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူလို့ လူတွေအားလုံးက လိုက်သဘောတူကြတယ်လို့ ပြောကြပြန်တယ်။ ဒါပေမဲ့ မနှစ်ကတင် ကျွန်မတို့ အားလုံးဟာ တစ်နိုင်ငံလုံး ထိခိုက်နစ်နာနိုင်တဲ့ ဧရာဝတီ စီမံကိန်းကြီးကို တက်ညီလက်ညီ ကန့်ကွက်ခဲ့ကြပြီးပါပြီ။ မြန်မာတစ်နိုင်ငံလုံးကို ဖြတ်ပြီး စီးတဲ့ အဲဒီ ဧရာဝတီအတွက် အားလုံးက တစ်စိတ်ထဲ သဘောရှိခဲ့ကြတာပါ။ 

အဲဒီတုန်းကလည်း ဒီစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အားလုံးဟာ ကန့်ကွက်ကြမှာ အသေအချာပါ။ မြစ်ဆုံစီမံကိန်းမှာတော့ သူသဘောတူလို့ တစ်ခြားသူတွေလည်း လိုက်သဘောတူတာမျိုး ဖြစ်နိုင်ခဲ့မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းဟာ လုံးဝ မလုပ်သင့်ဘူးလို့ မိမိတို့ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ခံစားမိနေကြလို့ မဟုတ်ဘူးလား။  ခုစီမံကိန်းမှာတော့ လက်ပံတောင်းအစီရင်ခံစာဟာ သင့်တော်တယ် မျှတတယ်၊ ဒေသခံတွေအတွက် နစ်နာသမျှလည်း အကောင်းဆုံး ပြန်လုပ်ပေးဖို့ ဖော်ပြထားတယ်လို့ ယူဆကြလို့လည်း လူတွေက ဆက်လုပ်ဖို့ ထောက်ခံလာကြတယ်လို့ ကျွန်မ ထင်ပါတယ်။ မမျှတရင် ဘယ်သူတွေက ထောက်ခံပါ့မလဲနော်။
 
နောက်တစ်ချက်က ဆန္ဒပြတိုင်း၊ သဘောမတူတိုင်း အလျော့ပေး လိုက်လျောပေးရတဲ့ အခြေအနေမျိုးနဲ့ ရှေ့ဆက်သွားရမယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံး ဘယ်နေရာမှ သတ္တုတူးတာတွေ။ နိုင်ငံအဆင့် စီမံကိန်းတွေ လုပ်လို့ရတော့မယ် မထင်ပါဘူး။ ဘယ်နေရာမှာ သတ္တုတူးမယ်ဆိုရင် ကန့်ကွက်မဲ့သူတွေ ပေါ်လာလိုက် ပျက်သွားလိုက်၊ ဘယ်နေရာမှာ စီမံကိန်းလုပ်တော့မယ်ဆို နိုင်ငံရေးလုပ်စားတွေက မြှောက်ထိုးပင့်ကော်လုပ်ပြီး ဆူပူဆန္ဒပြအောင် လုပ်လို့ ဖျက်ပစ်လိုက်ရနဲ့ ဆိုရင်တော့ လုပ်သင့်တဲ့ စီမံကိန်းတွေပါ မလုပ်ရတော့ဘဲ ဖြစ်ကုန်မှာကိုလည်း ထည့်စဉ်းစားဖို့ လိုပါမယ်။ သင့်တော်မှန်ကန်တဲ့ စီမံကိန်းတွေကိုတော့ ဒေသခံတွေကို သေချာ နားဝင်အောင် ရှင်းပြပြီး၊ သူတို့လည်း မနစ်နာရအောင် ၊ ပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း နည်းနိုင်သမျှ နည်းအောင် အရာရာ ပြင်ဆင်လုပ်ဆောင်ပြီးမှ လုပ်သင့်တယ် မဟုတ်ဘူးလားရှင်။ 

မလုပ်သင့်တဲ့ စီမံကိန်းတွေကို လူထုအင်အားနဲ့ ကန့်ကွက်တာလုပ်ကို လုပ်ရမှာပါ။ ဒါပေမဲ့ စီမံကိန်းတိုင်းကို ကန့်ကွက်မယ်ဆိုရင် မှန်မမှန် ပြန်စဉ်းစားရပါဦးမယ်။ သင့်တော်တဲ့ စီမံကိန်းတွေကိုတော့ ဘာမှ မစဉ်းစားဘဲ ကန့်ကွက်ကြမှာဘဲလား။ အကျိုးအမြတ်ရှိတာကိုတောင် သေချာ မသိဘဲ တိုင်းပြည်ဆူပူအောင် ချောက်တွန်းတတ်တဲ့ သူတစ်ချို့ကြောင့် ဆန္ဒတွေချည်း ပြနေကြမယ်၊ အစိုးရ ဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ လူတစ်ချို့ကြောင့် စီမံကိန်းတိုင်း ဘာမှ မလုပ်နိုင်ရင် ကျွန်မတို့ တိုင်းပြည် ရှေ့ဆက် ဘာမှကို လုပ်နိုင်မယ် မထင်ပါဘူး။ ဒီလိုဆို တိုင်းပြည် တိုးတက်ဖို့ ဘယ်လိုများ သွားကြမှာလဲ လို့သာ…..

(ဒီစာဖတ်ပြီး လူတိုင်းတော့ သဘောတူ လက်ခံကြမယ်လို့လည်း မယူဆပါဘူး ။ ကွဲလွဲတာတွေ ရှိကြမှာပါ။ အမြင်မတူတာတွေလည်း ရှိမှာပါ။ သို့ပေမဲ့ တစ်စုံတစ်ယောက် ပယောဂ၊ အဖွဲ့အစည်းတစ်ခုခုရဲ့ တိုက်တွန်းချက် လုံးဝ လုံးဝ မပါဘဲ ကျွန်မအမြင် သက်သက်နဲ့သာ ရေးထားတာ ဖြစ်ပါတယ် လို့ )

ဖားကန့်မှာ တောင်တွေ တစ်လုံးပြီးတစ်လုံး ကုန်သွားတာ ဒေသခံတွေ မျက်ရည်ကျရကောင်းမှန်း မသိခဲ့ဘူး။ တစ်သက်လုံး ဥရုချောင်းရေကို သုံးလာ ချိုးလာကြပေမဲ့ ကျောက်စိမ်းတွင်း တွေကြောင့် ချောင်းရေတွေ သုံးမရတော့လို့ အိမ်တိုင်း မိမိငွေနဲ့ ရေတွင်းတူးကြရတဲ့အခါ ချောင်းတွေကို နှမြောလို့ဆိုပြီး ကျောက်စိမ်းကုမ္ပဏီတွေ အလိုမရှိလို့ အော်ရကောင်းမှန်း မသိခဲ့ကြဘူး။ ချောင်းတွေ တိမ်ကောကုန်လို့ နှစ်တိုင်း ချောင်းရေလျှံပြီး အိမ်တွေ ရေမြှုပ်ကုန်တာလည်း ဘယ်သူ့ကိုစွပ်စွဲရကောင်းမှန်း မသိခဲ့ကြဘူး။ တောင်တွေပြုန်းကုန်လို့ သစ်ပင်တွေလည်း မကျန်တော့တာကို အစိုးရကို ဆန္ဒပြရကောင်းမှန်း မသိခဲ့ကြဘူး။

March 8, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

March 6, 2013

စာပေဟောပြောပွဲ အခွေများစုစည်းမှု

စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂၀၀၉) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ဘ၀နှင့်စာပေ (မော်လမြိုင်) (ဂျူး)
http://www.mediafire.com/download.php?z6g884ilhlaislx
စာရေးဆရာတစ်ယောက်၏ မှတ်စုများ (မြင်းခြံ) (ဂျူး)
http://www.mediafire.com/download.php?5xp4ca11zvxxbhp
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ (တောင်ငူ) (ဂျူး)
http://www.mediafire.com/download.php?dvkap33dbbsqoaj
အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (စင်္ကာပူ) (ချစ်ဦးညို)
http://www.mediafire.com/download.php?wi1dhp8mhjtxc4y
သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်) (ချစ်ဦးညို)

February 16, 2013

ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးကြနော်..

ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးကြနော်..

ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထား သင့်တယ်ထင်လို့ပါ

ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော
သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊

Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ
တွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ
များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။

ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ
အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။

တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်
တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။

အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀
ကျော်မှ ရသောကလေးလေး ဖြစ်သည်။

အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )
လေး ဖြစ်သည်။

အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ

ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို
ချီပြီး နမ်း တတ်သည်။

ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်
တအားနုနယ်သည့်ကလေးလေးပေါ့။

သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ
ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(
Neonatal
Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ
တခြားအချိန်တွင်အထိအတွေ့ နည်းသည်။
နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း
စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို
ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး
သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ
့လက်မှာ ရှိတဲ့ Bacteria တွေကို
Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်
Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်
(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ
ဖြင့် သေချာစွာဆေးကြောကြပါ။
ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ
စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက
အသေအချာပင်။
ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့်
ကို
ဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန်
့စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်
များရှိသည်။
ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်
Spray ဘူးလေးများဆောင်ထားကြသည်။
သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်
့စင်ကြသည်ကိုတွေ့ ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲ
သန့် စင်နိုင်သည်။
ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်
သေချာစွာဆေးကြောသင့်သည်။

သင်တို့၏လက်ကိုသန့်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။

ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူ
ငယ်ချင်းတွေသိထား သင့်တယ်ထင်လို့ပါ

ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော
သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊

February 14, 2013

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်

ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။ 

သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။ 

ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။

"အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ"
--------------------------------

အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး ငွေမရှိလည်း ပညာဒါန ကျောင်းများ ရှာတတ်နိုင်ပါတယ်။ မြန်မာပြည်က နေရာတော်တော်များများမှာ ပညာဒါန အခမဲ့ကျောင်းတွေ အတော်လေး များပြားနေပါပြီ။ 

အင်္ဂလိပ်ရုပ်ရှင်တွေ၊ သီချင်းတွေ ကြည့်ရှုနားထောင် သူတို့ ဘာသာစကားနဲ့ ဟန်ပန်အမူအရာကို လိုက်လံ အတုယူ၊ လေ့ကျင့် ပြောဆိုကြည့်ပြီးတော့ လည်း လေ့ကျင့်နိုင်ပါတယ်။ တစ်ယောက်တည်းသော်လည်းကောင်း၊ သူငယ်ချင်းများနဲ့သော်လည်းကောင်း လေ့ကျင့်ပြီးတော့ အင်္ဂလိပ်စကားပြော ကိုလည်း မြင့်တင်နိုင်ပါတယ်။ 

အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင် အလွယ်တကူ လေ့လာလို့ရတဲ့ စာအုပ်များလည်း အပြင်မှာ ရနိုင်တဲ့ အတွက် စာရေးသူမှ အကျယ်ချဲ့ မပြောလိုတော့ ပါဘူး။ အင်္ဂလိပ်စာ၊ စကား အတော်အတန် ပြောတတ်၊ နားလည် တတ်နေပြီဆိုရင်ကို ပတ်ဝန်းကျင်မှာ ကိုယ်ဟာ တစ်ဘန်းသာနေ မှာ ဖြစ်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား အင်္ဂလိပ်စာတတ်ထားရင် ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် အခက်အခဲများ ဖြေရှင်းနိုင် ပါတယ်။ 

အင်္ဂလိပ်စာနဲ့ ဆက်စပ်ပြီးတော့ အင်တာနက်ကလည်း လေ့လာရမယ့် နယ်ပယ်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်တာနက်မှာ ဗဟုသုတ ရနိုင်မယ့် အချက်အလက်ပေါင်း များစွာ ရှိနေပါတယ်။ ကိုယ်က အင်္ဂလိပ်စာ အခြေခံရှိရင်လည်း အလွယ်တကူ ဝင်ဖတ်နိုင်သလို၊ မရှိလည်း အဘိဓာန်ဆောင်လို့ အင်တာနက်မှာ စာများ လေ့လာ ဖတ်ရှုနိုင်ပါတယ်။ စာများတင်မဟုတ်ပါဘူး။ မိမိ စိတ်ဝင်စားတဲ့ ဘယ်အရာကိုမဆို ဝင်ကြည့်၊ ဝင်ဖတ်၊ ဝင်လေ့လာ၊ ဝင်အသုံးပြုကြည့်၊ ဖန်တီးကြည့်တာမျိုးတို့ ဖြစ်ပါတယ်။ 

အင်တာနက် လိုင်းမကောင်းတာတော့ မှန်ပါတယ်။ သို့ပေမယ့် ဒါစာ အမြဲတမ်းမဟုတ်ပါဘူး။ တစ်ခါခါကျ ကောင်းပါတယ်။ Browser တစ်ခုဖွင့်ဖို့အတွက် တစ်မိနစ်ထက် ပိုမကြာရင် သုံးဖို့ ကောင်းမွန်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အင်တာနက်မှာ မန်ဘာဝင်လို့ရတဲ့ ပညာရေး ဖိုရမ်များ၊ ကျောင်းများ၊ အခမဲ့ ပညာရေး များ အစရှိသဖြင့် ကိုယ်ရှာဖွေရင် ရှာဖွေသလောက် တွေ့ရှိလို့ နိုင်ငံတကာ နဲ့ ပြည်တွင်း က ဖြစ်ပျက်နေမှုများကို သိရှိရမှာ ဖြစ်ပါတယ်။ 

"လမ်းတစ်ခုရွေးပါ"
----------------

မိမိ လျှောက်လှမ်းချင်တဲ့ ပရော်ဖက်ရှင် တစ်ခုခုကို ရွေးစေခြင်း ဖြစ်ပါတယ်။ မိမိ လက်ရှိမှာ ရှိနေတဲ့ ပညာအရည် အချင်းနဲ့ ဘယ်လို အရည်အချင်းတို့ ထပ်မံပေါင်းစပ်တဲ့အခါ ဘယ်လို အသက်မွေးဝမ်းကျောင်းမှု ပညာက ကိုယ့်အတွက် ကောင်းကျိုးပေးမယ်ဆိုတာ ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာလုပ်လို့ ဘာကိုင်ရမယ်။ ဘယ်လမ်းရွေးချယ်ရမယ် ဆိုတာမှ မသိသေးရင် တော်တော်ကို ဆိုးတဲ့ အခြေအနေပါ။ နယ်မှာပဲနေနေ၊ မြို့ ကြီးမှာပဲနေနေ ဘဝရည်မှန်းချက် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် တစ်ခုခုကိုသာ ရွေးချယ်ထားရင် မဆင်းရဲတော့ပါဘူး။ နောက်ပိုင်းက ကိုယ်ရဲ့ ကြိုးစားမှုအပေါ်မှာသာ မူတည်တော့လို့ ဖြစ်ပါတယ်။ 

"လမ်းဖြောင့်ဖြောင့်လျှောက်ပါ" 
----------------------------

ဘယ်လိုပယောဂကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပညာရပ်လမ်းကနေ မနောက်ဆုတ်သင့်ပါဘူး။ နောက်ဆုတ်မယ်။ နားလိုက်မယ်။ ကြိုးစားမှု ရပ်တန့်မယ်။ လမ်းလွဲမယ်။ အစရှိတဲ့ လုပ်ရပ်များက မိမိရဲ့  ဘဝတန်ဖိုးကို အပြောင်းအလဲပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သုညက ပြန်စရတာ မလွယ်ပါဘူး။ ဒါကြောင့် လမ်းတစ်ခုရွေးပြီးရင် တည့်တည့်လျှောက်တတ်ရပါမယ်။ ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိရပါမယ်။

အကောင်းဆုံး ကြိုးစားနိုင်ရပါမယ်။ အကောင်းဆုံးဆိုလို ကြိုးစားအားထုတ်မှု ဇွဲ၊ ဝီရိယ၊ လုံ့လ တည်နေစေဖို့ ဖြစ်ပါတယ်။ စိတ်တစ်ခုက အဓိက ဖြစ်ပြီး၊ စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ကြိုးစားရင် မိမိကြိုးစားချက်များကို ကျေနပ်နေတတ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ်ပြောခြင်းပါ။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်နဲ့ အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုတာ ကလည်း အဆင့်များစွာ ရှိနေပါသေးတယ်။ 

"အခွင့်အလမ်းကောင်းများ ရှာဖွေပါ"
---------------------------------

တစ်ကူးတကတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုလျှောက်နေရင်း ဒီအတွက် ပိုမို အကျိုးထူးစေနိုင်မယ့် ထောက်ပံမှုများ၊ ပညာရပ်များ ပေါ်ပေါ်လာ တတ်ပါတယ်။ လေ့လာအားထုတ်မှုဆိုတော့မှာ ဘယ်တော့မှ မရပ်တန့်ရ ပါဘူး။ အခွင့်အရေးရလျှင်ရတိုင်း သတိကြီးကြီးနဲ့ ဆုံးဖြတ်ချက်ချလို့ အထောက်အပံ့ ကောင်း တစ်ခု ဖြစ်အောင် ကြိုးစား၊ ရွေးချယ်၊ သင်ယူ၊ လေ့ လာ ရပါမယ်။ 

တစ်ခါတစ်လေကျ အဆင့်မြင့် ပညာရပ်ဆိုတာ ဘွဲ့လက်မှတ်တွေပေါ်မှာ ရှိနေတာကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက်လေ့ လားဖြစ်ထားတယ်။ လုပ်နိုင်တယ်ဆိုတာကလည်း အဓိက ကျပါတယ်။ ကိုယ်က စာတမ်း မပြုစုရပေမယ့် ကိုယ်လုပ်ထားတဲ့ အလုပ်က စာတမ်းပြုစုထားသူများထက် ပိုမို ထူးခြား ကောင်းမွန်နေ ရင် ဒါဟာ အဆင့်မြင့်ပညာရပ်တစ်ခုကို တတ်မြောက်ထားခြင်း တစ်မျိုးပါပဲ။ 

အဓိက ပြောချင်တဲ့ အချက်က အခုမှရောက်ရပါတယ်။ ကိုယ်က ပိုက်ဆံ မရှိဘူး။ ပညာသင်ကြားဖို့ အခွင့်အရေး မရှိဘူးဆိုရင် ယခု လက်ရှိ လုပ်နေတဲ့၊ ရွေးချယ်ထားတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လမ်းမှာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ရပါမယ်။ သာမန်လူ ပြုလုပ် သွားလာနေတဲ့ နည်းအပြင် ကိုယ့်ဆီမှာ ရှိတဲ့ အိုင်ဒီယာအသစ် များ ပေါင်းစပ်မယ်၊ နိုင်ငံတကာက နည်းနာများ လေ့လာ လို့ ပြည်တွင်းနဲ့ လျော်ညီတဲ့ အခြေအနေတစ်ခုကို ပြန်လည်ဖန်တီးမယ်။ ချပြမယ်။ ဒါတွေကလည်း တကယ်ပဲ အသိအမှတ်ပြုခံရလောက်တဲ့ အကျိုးကျေးဇူး အထိုက်အလျောက် တစ်ခုအထိ ရရှိလိုက်မယ်ဆိုရင် ကိုယ်ဟာ အဆင့်မြင့် ပညာရပ် သင်ကြားထားသူများနဲ့ ယှဉ်နိုင်ပါပြီ။ 

အထက်ပါ အချက်များအားလုံးကို လုပ်ဖို့အတွက် ငွေကြေး ဘယ်လောက်မှ မကုန်ကျပါဘူး။ ၁၀ တန်းအောင် ဖြစ်စေ၊ တက္ကသိုလ်ဘွဲ့ရဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မိမိ လေ့လာသော ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူးဆိုရင်၊ အခက်အခဲတွေ တွေ့နေရင် အထက်ပါ အဆင့်များအတိုင်းသွားနိုင်ပါတယ်။ 

၁။ အင်္ဂလိပ်စာ အရည်အချင်း အဆင့်မြင့်ခြင်း
၂။ လမ်းတစ်ခုရွေးချယ်ခြင်း
၃။ ဇွဲရှိရှိ ကြိုးစားခြင်း
၎။ အခွင့်အလမ်းကောင်းများ ကို လက်ဆုပ်လက်ကိုင်ပြုနိုင်ခြင်း
၅။ စွန့်ဦးကြိုးစား ဖန်တီးခြင်း

အစရှိတဲ့ အဆင့်များအတိုင်း သွားမယ်ဆိုရင် ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုစေမယ့် ပညာတတ် တစ်ဦး ဖြစ်လာစေမယ်လို့ ယုံကြည်ပါတယ်။ 
----
-----
-----
အောင်ခမ်း 
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_2654.html

---

ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။

February 11, 2013

ပိန်သွယ်စေမည့် အလွယ်နည်းများ

ပိန်သွယ်စေမည့် အလွယ်နည်းများ

ကိုယ်အလေးချိန် လျော့ကျဖို့ မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက် ဝိတ်မလျော့လာဘဲ ဖြစ်နေသလား။ ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကောင်း ရှိပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။

(၁) အိပ်စက်ခြင်းဖြင့် အဆီများ ချေဖျက်ပါ 

ဝိတ်လျော့ဖို့ကို အိပ်ရမယ်ဆိုလို့ မယုံနိုင် ဖြစ်နေပါသလား။ ဟုတ်ပါတယ်။ အိပ်စက်တာက တကယ်ကို လွယ်ကူပြီး တကယ်ကို ထိရောက်တဲ့နည်းပါ။ လေ့လာချက်အရ တစ်ညကို အိပ်ချိန်ခုနစ် နာရီခွဲ ရှိသူတွေဟာ အိပ်ချိန်ငါးနာရီခွဲသာ ရှိသူတွေထက်စာရင် စားတဲ့ အစာပမာဏ တူညီကြတာတောင်မှ ခန္ဓာကိုယ်အဆီ လျော့ကျမှုဟာ အံ့သြသင့်စရာ ကောင်းလောက်အောင်ကို ၅၅ ရာခိုင်နှုန်း အထက် လျော့ကျပြီး ဗိုက်ဆာမှုလည်း လျော့နည်းနေတာ တွေ့ရပါတယ်။

အိပ်စက်ခြင်း လျှို့ဝှက်ချက် 

ပုံမှန် အိပ်ချိန်ဖြစ်တဲ့ အိပ်ချိန်ခုနစ် နာရီမှ ရှစ်နာရီထက် နည်းသူတွေမှာ အဆီလောင်ကျွမ်းမှု နှေးစေပြီး အစာစားချင်စိတ် များစေနိုင်တဲ့ ဟော်မုန်းဂရီလင် (ghrelin) များစွာ ထွက်ရှိနေပါတယ်။

အပေါင်းအသင်း များလေ အိပ်ပျော်လေ

ညဘက် အိပ်မပျော် ဖြစ်နေပါလား။ ဒါဆို သူငယ်ချင်းမိတ်ဆွေ များအောင် လုပ်ပါ။ အပေါင်းအသင်း များသူတွေဟာ နည်းသူတွေထက် စာရင် ညဘက်ပိုပြီး အိပ်ရေးဝတာကို တွေ့ရပါတယ်။

(၂) နို့သောက်ခြင်းဖြင့် ငါးပေါင်လျှော့ပါ

မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ အဆီနည်း ဒါမှမဟုတ် အဆီမပါတဲ့ နို့ တစ်နေ့ကို နှစ်ခွက်၊ သုံးခွက် နေ့စဉ် သောက်ပြီး ကယ်လ်စီယမ်ဓာတ် ၅၈၀ မီလီဂရမ်နဲ့ ဗီတာမင် ဒီ 400 IU နေ့စဉ်ရရှိနေသူတွေဟာ နို့နဲ့ နို့ထွက်ပစ္စည်း မစားသလောက် ရှိသူတွေနဲ့ ယှဉ်ရင် နှစ်နှစ်အကြာမှာ ငါးပေါင်နဲ့ အထက် ကိုယ်အလေးချိန် လျော့သွားတာကို တွေ့ရပါတယ်။

နို့သောက်ခြင်း လျှို့ဝှက်ချက် 

လေ့လာချက်အရ ကယ်လ်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ကနေ အဆီတွေ စွန့်ထုတ်ရာမှာ ကူညီပေးပြီး ဗီတာမင်ဒီ ကတော့ ခန္ဓာကိုယ်ဇီဝ ရုပ်ဖြစ်ပျက်မှုကို နှေးစေပြီး အဆီတွေထွက်ရှိစေတဲ့ ဟော်မုန်းတွေ မထွက်အောင် ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်း လုပ်ရာမှာလည်း ကောင်းစေတယ်

အလေးမတဲ့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ အဆီမပါတဲ့ နို့သောက်သူဟာ နို့မသောက်သူထက် စာရင် အဆီပိုလျော့တာကို တွေ့ရပါတယ်။ နို့မှာပါတဲ့ ကယ်လ်စီယမ်၊ ဗီတာမင်ဒီနဲ့ ပရိုတင်း ဓာတ်တွေဟာ ကြွက်သားဆဲလ် ကြီးထွားဖို့ ကူညီပေးတာကြောင့် အဆီကို လောင်ကျွမ်းစေပါတယ်။

(၃) မီးပိတ်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချပါ 

ညဘက်မှာ တစ်ရေးနိုး လာတတ်ပါသလား။ မီးအလင်းရောင် ထွက်စေတဲ့ အရာမှန်သမျှ ပိတ်ထားပါ။ ညအိပ်မီး၊ တီဗီ စသဖြင့်ပေါ့။ လေ့လာချက် တစ်ခုအရ မီးအလင်းရောင် မှိန်မှိန်မှာ အိပ်တဲ့ တိရစ္ဆာန်တွေဟာ လုံးဝအမှောင်ထဲမှာ အိပ်တဲ့ တိရစ္ဆာန်တွေထက် စာရင် ရှစ်ပတ်အကြာမှာ ကိုယ်အလေးချိန် ၅၀ ရာခိုင်နှုန်းပို တိုးလာတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေက လူတွေမှာလည်း ဒီအတိုင်း ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။

အမှောင်၏ လျှို့ဝှက်ချက် 

အလင်းရောင်နဲ့ အိပ်ပါက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီက ပုံမှန်မဟုတ်တာကြောင့် နိုးတဲ့အခါ ဗိုက်ပိုဆာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ချေလည်း လျော့စေတယ် 

ညဘက် အိပ်နေစဉ် အလင်းရောင် ခံယူတာက ပုံမှန်ဆဲလ်ကွဲထွက်မှုကို အနှောင့်အယှက်ပေးသလို ကင်ဆာရောဂါ ဖြစ်နိုင်ချေများ စေတဲ့ Gene ကိုလည်း လှုံ့ဆော်ပေးပါတယ်။

(၄) ရေနွေးကြမ်းသောက်ခြင်းဖြင့် အဆီစုပ်ယူမှုကို ကာကွယ်ပါ 

သင်စားတဲ့အစာကို မလျှော့ဘဲ အဆီ လျော့ချင်ပါသလား။ နောက်တစ်ခါ အစာစားရင် ရေနွေးကြမ်း တွဲသောက်ပေးပါ။ လေ့လာချက် တစ်ခုအရ လက်ဖက်ခြောက်အမှုန့်တွေ ထည့်ထားတဲ့ အဆီများတဲ့ အစာကို ကျွေးထားတဲ့ တိရစ္ဆာန်တွေဟာ လက်ဖက်ခြောက်မှုန့် မပါတဲ့ အဆီများတဲ့ အစာတွေ ကျွေးထားတဲ့ တိရစ္ဆာန်တွေထက် စာရင် ကိုယ်အလေးချိန် လျော့ကျပြီး အန္တရာယ်ရှိ ဖက်တီးအက်စစ်တွေ လျော့နည်းတာကို တွေ့ရပါတယ်။ လူတွေမှာလည်း ဒီအတိုင်းပဲလို့ ယုံကြည်ထားကြပါတယ်။

ရေနွေးကြမ်း၏ လျှို့ဝှက်ချက် 

လက်ဖက်ခြောက်မှာ အစာခြေ လမ်းကြောင်းအတွင်း အဆီစုပ်ယူမှုကို တားဆီးပေးတဲ့ Polyphenol Anti oxidant တွေ များစွာ ပါရှိပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း မြန်စေတယ် လက်ဖက်စိမ်း အနှစ်ကို ဆေးအဖြစ် လုပ်ထားတဲ့ ၃၀၀ မီလီဂရမ် ပမာဏရှိတဲ့ ဆေးတောင့်ကို နေ့စဉ်သောက်ပါက အစာစားပြီး နှစ်နာရီအကြာမှာ အဆီ ၃၃ ရာခိုင်နှုန်း ပိုလျော့တာကို တွေ့ရပါတယ်။

(၅) နံနက်စာစားခြင်းဖြင့် အစာစားချင်စိတ် လျှော့ချပါ

ကွေကာအုတ် ဖြစ်ဖြစ်၊ ဝေဖာမုန့် ဖြစ်ဖြစ်ကို မနက်စာအဖြစ် စားပေးပါက ထိုတစ်နေ့တာမှာ အဝစာတွေကို စားချင်စိတ် လျော့နည်းမှာပါ။ လေ့လာချက် တစ်ခုအရ မနက်စာ မစားတဲ့သူတွေကို ကယ်လိုရီများတဲ့ ပီဇာမုန့်လို အစာရဲ့ ဓာတ်ပုံကိုပြပြီး သူတို့ရဲ့ ဦးနှောက်ကို Scan လုပ်ကြည့်တဲ့အခါ သူတို့မှာ စားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ မနက်စာ စားသူတွေကို ဒီအစာ ဓာတ်ပုံပဲ ပြကြည့်တဲ့ အခါမှာတော့ ဦးနှောက်မှာ ဘာအပြောင်းအလဲမှ ဖြစ်ပေါ်တာကို မတွေ့ရပါဘူး။ ဒါကြောင့် မနက်စာ စားပါက တစ်နေ့တာလုံးမှာ အဝစာစားချင်စိတ် လျော့နည်းနေမှာပါ။

နံနက်စာ၏ လျှို့ဝှက်ချက်

နေ့တစ်နေ့ရဲ့ ပထမဆုံး အစာဖြစ်တဲ့ မနက်စာကို မစားဘဲ ကျော်သွားကြ သူတွေဟာ ကယ်လိုရီများတဲ့ အစာတွေကို မြင်တဲ့အခါ ပိုပြီး စိတ်လှုပ်ရှားအောင် ဦးနှောက်က လှုံ့ဆော်ပေးနေပါတယ်။

နည်းနည်းလုပ်၊ များများလျော့ 

လေ့လာချက် တစ်ခုအရ ကိုယ်အလေးချိန် ကျဖို့အတွက် ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းတာ (ဥပမာ- အစာစားနေစဉ် TV ပိတ်ထားတာ၊ တစ်ခါစား နည်းနည်းသာ စားတာနဲ့ အထက် ဖော်ပြပါ နည်းတွေ ပြုလုပ်တာ) ဟာ အစာ နင်းကန် လျော့စား သူတွေထက် စာရင် သုံးလအကြာမှာ ကိုယ်အလေးချိန် သိသာစွာ ပိုလျော့ကျတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သေးငယ်တဲ့ ပြောင်းလဲမှုဟာ ကြီးမားတဲ့ ပြောင်းလဲမှု ထက်စာရင် ပြောင်းရ ပိုလွယ်တာကြောင့်ပါ။ 

ဒေါက်တာနုမြတ်
Good Health
Myawady News

ကိုယ်အလေးချိန် လျော့ကျဖို့ မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက် ဝိတ်မလျော့လာဘဲ ဖြစ်နေသလား။ ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကောင်း ရှိပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲ

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်မတို.ဘယ်လိုကာကွယ်ကြမလဲ။
အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။

February 5, 2013

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ နောင်တတရား(၁၀)ပါး

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

နောင်တတရား(၁၀)ပါး

(၁)အချိန်ရှိစဉ် ငယ်စဉ်အခါက ပညာမသင်ခဲ့မိလေခြင်း။

(၂)ဥစ္စာမစုဆောင်းမိခဲ့လေခြင်း။

(၃)သူတစ်ပါးအချစ်ကို ဖျက်စီးမိခဲ့လေခြင်း။

(၄)သူတစ်ပါးအသက်ကိုသတ်မိလေခြင်း။

(၅)သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့လေခြင်း။

(၆)ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။

(၇)ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။

(၈)မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။

(၉)ပညာရှိထံနည်းခံရု ပညာမသင်ကြားခဲ့မိလေခြင်း။

(၁၀)မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း။

သူငယ်ချင်းတို့ရေနောင်တဆိုတာမကောင်းဘူးနော်။
နောင်တဆိုတာပြုသင့်သည်ကိုမပြုမိမပြုသင့်သည်ကိုပြုမိ၍အချိန်လွန်မှ 

သတိရခြင်တဲ့။သူငယ်ချင်းတို့လည်း
ဒီနောင်တတရား(၁၀)ပါးကနေကင်းဝေးကြပါစေလို့။

(၁)အချိန်ရှိစဉ် ငယ်စဉ်အခါက ပညာမသင်ခဲ့မိလေခြင်း။

(၂)ဥစ္စာမစုဆောင်းမိခဲ့လေခြင်း။

(၃)သူတစ်ပါးအချစ်ကို ဖျက်စီးမိခဲ့လေခြင်း။

(၄)သူတစ်ပါးအသက်ကိုသတ်မိလေခြင်း

(၅)သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့လေခြင်း။

(၆)ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။

(၇)ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။

(၈)မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။

(၉)ပညာရှိထံနည်းခံရု ပညာမသင်ကြားခဲ့မိလေခြင်း။

(၁၀)မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း။

သူငယ်ချင်းတို့ရေနောင်တဆိုတာမကောင်းဘူးနော်။
နောင်တဆိုတာပြုသင့်သည်ကိုမပြုမိမပြုသင့်သည်ကိုပြုမိ၍အချိန်လွန်မှ

သတိရခြင်တဲ့။သူငယ်ချင်းတို့လည်း
ဒီနောင်တတရား(၁၀)ပါးကနေကင်းဝေးကြပါစေလို့

လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

=
၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ် ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ် ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာ ဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အားလုံးရွှင်လန်းကြပါစေ......

ရှမ်းလူမျိုးတို့ကို ကိုးကွယ်ယုံကြည်မှု

ရှမ်းလူမျိုးတို့ကို ကိုးကွယ်ယုံကြည်မှု နှင့်ပက်သက်၍ အချို့က ရှမ်းပြည်နယ်တွင် နတ်ကိုးကွယ်မှုနှင့် စုန်း၊ တစ္ဆေ၊ ကဝေ စသော မိစ္ဆာ အယူဝါဒ ထွန်းကားသည်ဟု လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ အမှန်မှာ ဗုဒ္စဘာသာကိုသာ ကိုးကွယ်ခဲ့ကြသည်.။ ရှမ်းတို့အိမ်တွင် ဘုရားစင်သာရှိသည်။ နတ်စင်မရှိ။ ဗုဒ္စဘာသာဝင် ရှမ်းအမျိုးသား မှန်သမျှဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြသည်။ တနှစ်တကြိမ်ကျ ရွာစောင့်နတ်၊ လယ်စောင့်နတ်၊ သမ္မဒေ၀ါ နတ်များအား ပူဇော်မှုလောက်သာ ရှိကြသည်။ သို့တော် ထုံးစံမျှသာဖြစ်ပြီး.ကြီးကျယ် ခမ်းနားစွာ. နတ်ပွဲကြီးများ ကျင်းပခြင်းများ မရှိပေ။ 
ရှမ်းလူမျိုးနဲ့ ဗုဒ္စသာသနာ
ရှမ်းလူမျိုးများက မိမိတို့သည် ဂေါတမဘုရား လက်ထက်ကပင် ဘုရားကို ကိုးကွယ် ယုံကြည်ခဲ့ကြသည်ဟု ဆိုသည်။ ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင် ဥတေနသည် ရှမ်းဘုရင်တပါးဖြစ်သည်ဟု မောရှမ်းရာဇ၀င်နှင့် သိန္နီရာဇ၀င်တို့က ဆိုသည်။ “မိုင်းမောဝ်” ဟုခေါ်သော မောရှမ်းပြည်သည်.. ရွှေလီမြစ်ဝှမ်း ဒေသဖြစ်သည် ။ ထိုဒေသတွင် သာသနာနဲ့ ပက်သက်သော သမိုင်းဝင်အထောက်ထားများအနေဖြင့်

(၁) ကောသမ္ဗီသူဌေးကြီး ယောသက လှူဒါန်းထားသော ယောသိကာရုံေ ကျာင်းဟောင်းနေရာ (ရှမ်းစကားအရ “လွယ်ကျောင်းဆိုင်” ဟုခေါ်ပြီး တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ်၏ တရုတ်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူ ထိုနေရာသို့ရောက်ခဲ့ပြီး စေတီဟောင်းတဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ ဆင်းတုတော် များစွာ တူဖော်ရရှိ၏)

(၂) ဥတေနမင်း၏ သချိ င်္င်းအုတ်ဂူ။

(၃) ယေသက သူဌေးကုန်း။

(၄) ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ)

(၅) လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။

(၆)ပလလဲတော ..... စသည်တို့သည် ယခုတိုင် တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဒေသ (တရုတ်ပြည်) တွင် တည်ရှိနေသည်ကိုတွေ့ရသည်.။

ဤသီန္နီရာဇ၀င် အဆိုတို့ကို ထောက်ရှု၍ ရှမ်းလူမျိုးက မိမိတို့သည် ဘုရားရှင်လက်ထက်ကပင် သာသနာတော်ကို ယုံကြည် ကိုးကွယ်လာခဲ့ကြသူမျာ ဖြစ်သည်ဟု ယူဆကြခြင်းပင် ဖြစ်သည်...။

ဘီစီ (၆) ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဘုရားရှင် ပေါ်ပေါက်လာခဲ့သော ကာလတွင် ရှမ်းလူမျိုးတို့သည် စူနိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသော ကာလဖြစ်သည်။ စူနိုင်ငံတော်သည် ဘုရင်ခံနိုင်ငံ (၁၂ )နိုင်ငံ ပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်။ ထိုဘုရင်နိုင်ငံတို့တွင် သျှင် Tsen (ခေါ်) Tien နိုင်ငံသည် ယခု ယူနန်နယ် ဖြစ်သည်။ သျှင်နိုင်ငံ၏ အနာက်တောင်ဘက်၌ သမိုင်းတွင် ထင်ရှားသော တကောင်းမြို့ရှိသည်။ တကောင်းသည် သကျသာကီဝင်တို့နှင့် အဆက်အနွယ်ရှိသဖြင့် ယင်းနှင့်ပတ်သက်သော အကြောင်းအရာ များကို ချန်ထား၍ရမည်မဟုတ်ပေ။

တကောင်းနှင့်ရှမ်းလူမျိုးဆက်နွယ်ပုံ

မဟာရာဇ၀င်၌ တကောင်းသည် ဂေါတမ မြတ်စွာဘုရား လက်ထက်ကပင် တကောင်း ဟု ခေါ်တွင်ကြောင်း ဖော်ပြထားသည်။ တကောင်းကို စတင်တည်ထောင့်သည့်အချိန်က မြန်မာနိုင်ငံအထက်ပိုင်းတွင် အရှေ့ဘက်၌ ပျုလူမျိုး၊ သက်လူမျိုး၊ ဧရာဝတီ ၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းတို့တွင် မွန်လူမျိုးများရှိနှင့်ကြပြီ ဟု သမိုင်းဆရာတို့ ယူဆထားကြသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်ဟု မှတ်ယူကြသည်။ တကောင်းဟူသော အမည်သည် ရှမ်းဘာသာဖြင့် စည့်ကူးတို့ဟုအဓိပ္ပာယ်ရသည်..။

တကောင်းသည် မြန်မာမြို့ဟောင်းဟု မြန်မာ လူမျိုးများက ယူဆခဲ့သော်လည်း နှောင်းစာရေးဆရာ အဆိုအရ တကောင်းမြို့သည် အိန္နိယမြောက်ပိုင်းမှ ကျုးကျော်လာသူများက တည်ထောင်ခဲ့သည်ဟု ဆိုသည်။ စိတ်ဝင်စားဖွယ် အချက်မှာ ရှမ်းသမိုင်းစာပေအရ တကောင်းမြို့သည် ရှမ်းလူမျိုး၏ မြို့တောင်ဟောင်းဖြစ်၍ ၎င်းအုပ်ချုပ်သော မင်းများသည် အိန္နိယနှင့် အဆက်သွယ်ရှိခဲ့ကြသည်ဟု ဆိုသည်။ တကောင်းမြို့၏ အမည်သည် ရှမ်းစကားအရ “တာကောင်” ဟုခေါ်ပြီး. “စည့်ကူးတို့မြို့” Drum Ferry ဟုအဓိပ္ပာယ်ရသည်။ ထိုအမည်မျိုးကို “မိုးကောင်း” ရှမ်းအခေါ် “မိန်းကောင်” (အိုးစည်မြို့)နှင့် အခြားရှမ်းနာမည်များကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ခိုင်လုံသော သက်သေ အထောက်အထားပြရန် တခြားနည်းလမ်းများလည်း ရှိပါသည်။ နန်ချိုနိုင်ငံတော်၏ ကျယ်ပြန့်မှုနှင့် ယင်း၏နိုင်ငံရေး အဆောက်အဦး စစ်တပ်အင်အားတို့ကိုကြည့်ရှုခြင်းအားဖြင့် တကောင်းမြို့သည် ရှမ်းလူမျိုးများ နေထိုင်ရာဒေသ မဟုတ်ဟုငြင်းဆိုနိုင်စရာအကြောင်း မရှိပေ ။

အစောပိုင်းကာလ၌ မြန်မာပြည်ကို ရှမ်းများကြီးစိုးချိန်နှင့် ပက်သက်၍ မစ္စတော်ခိုစိန် အဆိုအရ အနော်ရထာမင်း အုပ်စိုးသည့်အချိန် အေဒီ ၁၁ ရာစု အထိ ဧရာဝတီ အရှေ့ဘက်ကမ်းဒေသ နှင့် ၎င်းမြစ်ကမ်းပါးတို့သည် ရှမ်းတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်.။ အထက်ပါဖော်ပြချက်တို့ကို ထောက်ရှု၍ တကောင်းသည် ဗမာလူမျိုး(သို့) အိန္ဒိလူမျိုး (သို့) အိန္ဒိယလူမျိုးများ. တည်ထောင်သည်ထက် ရှမ်းများတ ည်ထောင်သည်ဟု ဆိုလျှင် ပိုပြီးဖြစ်နိုင်သည်။ ယခုအချိန်ထိ “တာကောင် =စည့်ကူးမြို့” ဟု ရှမ်းစကားဖြင့် ခေါ်ဝေါ် နေခြင်းဖြစ်သည်။ တကောင်း မြို့သည်ရှမ်းတို့ တည်ထောင်ခဲ့သော မြို့ဟုတ်မဟုတ် ထည့်တွက်စရာ မလိုတော့ပေ အဘယ်ကြောင့်ဆိုသော် ရှမ်းမျာအချင်းချင်း စစ်ခင်းသော နေရာဒေသ ဖြစ်သောကြောင့်တည်း။

ဘုရားရှင်လက်ထက်တွင် တကောင်းမြို့တို့ နောက်ဆုံးရောက် လာသောသာကီဝင်တို့သည်. ဘုရားရှင်၏ ဆွေတော် မျိုးတော်များ ဖြစ်ကြသည့်အပြင် ဘုရားရှင်ကို ကြည်ညိုဆည်းကပ်ကြသော ဗုဒ္စဘာသာ ၀င်များ ဖြစ်ကြသည်။ ထိုသာကီဝင်တို့မှ ဗုဒ္ဓဘာသာကိုးကွယ်မှုသည်. တကောင်းရှိ ရှမ်းလူမျိုးတို့ထံ ရောက်ရှိလာသည်ဟု ဆိုရပေမည်...။

လောဝ်သမိုင်းမှ သာဓက

လောဝ်သမိုင်း တစ်စောင်၌ ရှမ်းလူမျိုးတို့သည် သာသနာတော် ၆၁၂ (အေဒီ၆၉)ခုနှစ် အိုက်လောဝ် မင်းဆက်ဖြစ်သော နောင်ချယ် (ခေါ်) နန်ချောင်ဘုရင် ခွန်လိမောဝ် လက်ထက်တွက် ဗုဒ္စဘာသနာတော်ကို စတင် သက်ဝင်ယုံကြည်သည်ဟု ဆိုသည်..။ မဟာယန ဗုဒ္ဓဘာသာဖြစ်ပြီးတရုတ်ဟန်မင်းဆက် ဘုရင် ခေမင်တီထံမှ ရရှိလာသည် ဟုဆိုသည်။

စာပေများဖြင့် သုံးသပ်ဆုံးဖြတ်ခြင်း

နန်ချောင်နိုင်ငံတော်ကို ၀ိဒေဟရာဇ်တိုင်း၊ မောပြည်ကို မောရိယတိုင်း၊ သိန္နီကို သီဝိတိုင်း၊ ကျိုင်းတုံကို ခေမရဌ တိုင်း ၊ လန့်နားကို ယောနတိုင်း စသည်တို့ကို ပါဠိဖြစ် ခေါ်ဝေါ်သုံးစွဲသည်မှာ အဒီ ၁၅-၁၆ ရာစုနောက် ပိုင်းမှ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဤအချိန်တွင် ထေရ၀ါဒဗုဒ္စဘာသာသည်လည်းမြောက်ပိုင်းနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ဖြစ်မည်။

ရှမ်းလူမျိုးတို့သည် အေဒီ ၁၄ ရာစုမှစ၍ ထေရ၀ါဒဗုဒ္ဓ ဘာသာကို စတင်ကိုးကွယ်ခဲ့ရာ မင်းနှင့်ပြည်သူ တရပ်လုံးက ဗုဒ္စဘာသာ ၀င်များအဖြစ်တို့ ရောက်ရှိခဲ့ကြပြီး သာသနာတော်ကို လွန်စွာ ကြည့်ညိုလေးစား မြတ်နိုး တွယ်တာလာခဲ့ကြသည်။ သဒ္ဒါတရားများသည်လည်း သူမတူအောင်ထူးကဲလွန်မြတ်သဖြင့် “တမူးရှိလို့ တပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟုဆိုရိုးစကားပင် အထင်ရှားရှိခဲ့သည်။ မြန်မာပြည်တန်ခိုးကြီး ဘုရားဖြစ်သော မန္တလေး မဟာမြတ်မုနိ ဘုရားကြီး သမိုင်းတစိတ်တဒေသကို ကြည့်ရှု့ခြင်းအားဖြစ် ရှမ်းစော်ဘွားများ၏ သဒ္ဒါတရား များကို မြင်တွေ့နိုင်ပေသည်။

သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်တွင် မန္တလေး မဟာမြတ်မုနိဘုရားကြီး၏ ပြသာဒ်တော်ကြီး အထက်နားတွင် ထားရှိတော့ မူလထီးတော်ကြီးသည် ၁၂၇၈ ခုနှစ်တွင် လေခ၍ မြေသို့ကျရာ ရပ်စောက်စော်ဘွားကြီးက အသစ်တဖန် ပြန်လည် လှူဒါန်းပြန်သည်။ ငှက်မြက်နားတောင်နှင့် စိန်ဖူးတော်တို့ကိုကား ညောင်ရွှေ စော်ဘွားကြီးက ၁၂၈၀ ပြည့်နှစ်တွင် လှူဒါန်းတော်မူသည်။

ရှမ်းတောင်ပိုင်းရှိ မိုးနဲမြို့တွင် သမိုင်းဝင်ရှေးဟောင်း စေတီတော်များ၊ ရှေးဟောင်းကျောင်းတော် များစွာရှိသဖြင့် “ဒုတိယပုဂံ” ဟူ၍လည်းကောင်း “ရှမ်းပုဂံ” ဟူ၍လည်းကောင်း တင်စား ခေါ်ဝေါ်ကြလေသည်။

ယခုလက်ရှိ အခြေအနေအရ ကမ္ဘာပေါ်တွင် ထေရ၀ါဗုဒ္ဓဘာသာကို ကိုးကွယ်သော လူမျိုးတို့တွင် ရှမ်းလူမျိုးတို့သည် လူဦးရေ အများဆုံးဖြစ်သည်ဟု ဆိုရပေမည်..။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ ကိုးကွယ်သူ လူဦးရေသည် သန်း၅၀၀ ကျော်ရှိလေသည်. ထိုအထဲတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သောနိုင်ငံများမှာ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ တို့သာဖြစ်ကြသည်။

အဆိုပါနိုင်ငံတို့တွင် လူဦးရေ အများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်၍ ခရစ်နှစ် ၁၉၉၉ ခုနှစ်တွင် လူဦးရေ (၆၂)သန်းကျော် ရှိသည်ဟု သိရပါသည်။ လောနိုင်ငံသည်လည်း လူဦးရေ (၄) သန်းကျော် ရှိလေသည်။ ထိုင်နိုင်ငံ နှစ်နိုင်ငံသည် ရှမ်းလူမျိုးများ၏ လွတ်လပ်သော နိုင်ငံဖြစ်ကြလေသည်။ ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ ရှမ်းတိုင်းရင်းသား (၃)သန်းကျော်တို့သည် လည်းကောင်း။ တရုတ်ပြည်အတွင်းရှိ ရှမ်းလူမျိုး သန်းပေါင်းများစွာသည်လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သောသူများပင် ဖြစ်ကြသည်။ ရှမ်းလူမျိုးများသည် ဘာသာရေးကံကြမ္မာ ကောင်းလှသဖြင့် ဘုရားရှင်၏ စစ်မှန်သော တရားတော်ကို လိုက်နာကျင့်သုံးရသော ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်လာခဲ့ ခြင်းဖြစ်သည်ဟု ဆိုရမယ် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်နယ်ခုနှစ်ခု ရှမ်းပြည်နယ်သည် ဗုဒ္စဘာသာ အထွန်းကားဆုံး ပြည်နယ်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလက ရှမ်းလူမျိုးများအား ခရစ်ယာန်ဘာသာဝင် ဖြစ်အောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းသော်လည်း ရှမ်းလူမျိုးတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ၏ တရားတော်ကိုသာ အားထားရာ အစစ်အမှန်အဖြစ် ခံယူကြသည်။ မဆိုစလောက်သော ရှမ်းလူမျိုး အနည်းငယ်သာလျှင် ခရစ်ယာန်ဘာသာသို့ကူးပြောင်းသွားကြသည်။

ဘာသာရေးနှင့်ပတ်သက်၍ ရှမ်းလူမျိုးများသည် မိမိတို့၏ ရှမ်းဘာသာများကိုသာမက ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ထင်ရှားကျော်ကြားသော မြန်မာကျမ်းပြု ရှမ်းဆရာတော်ကြီးများလည်း ရှိခဲ့သည်။။

၎င်းတို့အနက် အချို့မှာ -
(၁) သက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းပြုသော နရပတိစည်သူ မင်းလက်ထက် သီဟိုဠ်ကျွန်းမှ “ဆပဒမထေရ်” ပုဂံ ပြည်သို့ ကြွလာရာတွင် လိုက်ပါလာသော အာဂန္တုရဟန်းလေးပါး အနက် တစ်ပါးမှာ ကမ္ဘောဇတိုင်း၏ ဘုရင့်သားတော် (ရှမ်းလူမျိုး) ဖြစ်ကြောင်း။

(၂)သက္ကရာဇ် ၈၄၂ ခုနှစ်တွင် မင်းပြုသော ဒုတိယ မင်းခေါင်လက်ထက်၌ ကျော်ဇောထင်ရှားသော “ရှင်မဟာရဌသာရ” သည် (တိုင်း) ရှမ်းအနွယ်ဖြစ်ကြောင်း။

(၃) ကျမ်းပြုအကျော် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးသည်လည်း ရှမ်းလူမျိုးဖြစ်ကြောင်းကို ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိတွင်-“၎င်းဆရာတော်ဘုရားကြီးကို ရွှေတောင်မြို့၊ ကျီးသဲရွာ၊ သျှမ်းတန်းကလေးရပ်၌ သက္ကရာဇ် ၁၁၇၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်ရှစ်ရက် ၊ကြာသာပတေးနေ့တွင် ဖွားမြင်တော်မှုသည်။ ခမည်းတော် မယ်တော် တို့၏အမည်တို့ကိုမသိရပေ ရှမ်းလူမျိုးတည်း” ဟုဖော်ပြထားသည်။

(၄) မယဒေ၀လင်္ကာသစ် ကျမ်းပြုအကျော် မန်လည်ဆရာတော်သည်လည်း ရှမ်းလူမျိုး ဖြစ်လေသည်။ သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် သီပေါစော်ဘွားကြီး၏ ရဟန်းခံပွဲသို့ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက် ချီးမြောက်တော်မခဲ့သည်။ ထိုအချိန်က မန်လည်ဆရာတော် ဘုရားကြီးသည် သီပေါစော်ဘွား ကြီးအား မိမိသည်ရှမ်းဘာသာဖြစ် ပိဋ္ဋကတ်တော်များကို ပြန်ဆိုရန် ဆန္ဒရှိကြောင်း မိန့်ကြားခဲ့သည်ဟုဆိုသည်။

(၅) မြန်မာပြည်တွင် လူသိများပြီး ထင်ရှားကျော်ကြားသော ရဟန်း စာဆိုတော် တစ်ပါးဖြစ်သည့် ထီးချိုင့်တည်သောဆရာတော် ဘုရားကြီး ဘဒ္ဒန္တဒေ၀ိန္ဒသည်လည်း ရှမ်းမျိုးနွယ်ဖြစ်သည်..။

ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်ထဲမှ ကောက်နှုတ်ချက်.၊ အရှင်သုခမိန္ဒ (တန့်ယန်း)
ရှမ်းလူမျိုးတို့ကို ကိုးကွယ်ယုံကြည်မှု နှင့်ပက်သက်၍ အချို့က ရှမ်းပြည်နယ်တွင် နတ်ကိုးကွယ်မှုနှင့် စုန်း၊ တစ္ဆေ၊ ကဝေ စသော မိစ္ဆာ အယူဝါဒ ထွန်းကားသည်ဟု လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ အမှန်မှာ ဗုဒ္စဘာသာကိုသာ ကိုးကွယ်ခဲ့ကြသည်.။ ရှမ်းတို့အိမ်တွင် ဘုရားစင်သာရှိသည်။ နတ်စင်မရှိ။ ဗုဒ္စဘာသာဝင် ရှမ်းအမျိုးသား မှန်သမျှဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြသည်။ တနှစ်တကြိမ်ကျ ရွာစောင့်နတ်၊ လယ်စောင့်နတ်၊ သမ္မဒေ၀ါ နတ်များအား ပူဇော်မှုလောက်သာ ရှိကြသည်။ သို့တော် ထုံးစံမျှသာဖြစ်ပြီး.ကြီးကျယ် ခမ်းနားစွာ. နတ်ပွဲကြီးများ ကျင်းပခြင်းများ မရှိပေ။
ရှမ်းလူမျိုးနဲ့ ဗုဒ္စသာသနာ
ရှမ်းလူမျိုးများက မိမိတို့သည် ဂေါတမဘုရား လက်ထက်ကပင် ဘုရားကို ကိုးကွယ် ယုံကြည်ခဲ့ကြသည်ဟု ဆိုသည်။ ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင် ဥတေနသည် ရှမ်းဘုရင်တပါးဖြစ်သည်ဟု မောရှမ်းရာဇ၀င်နှင့် သိန္နီရာဇ၀င်တို့က ဆိုသည်။ “မိုင်းမောဝ်” ဟုခေါ်သော မောရှမ်းပြည်သည်.. ရွှေလီမြစ်ဝှမ်း ဒေသဖြစ်သည် ။ ထိုဒေသတွင် သာသနာနဲ့ ပက်သက်သော သမိုင်းဝင်အထောက်ထားများအနေဖြင်

(၁) ကောသမ္ဗီသူဌေးကြီး ယောသက လှူဒါန်းထားသော ယောသိကာရုံေ ကျာင်းဟောင်းနေရာ (ရှမ်းစကားအရ “လွယ်ကျောင်းဆိုင်” ဟုခေါ်ပြီး တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ်၏ တရုတ်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူ ထိုနေရာသို့ရောက်ခဲ့ပြီး စေတီဟောင်းတဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ ဆင်းတုတော် များစွာ တူဖော်ရရှိ၏)

(၂) ဥတေနမင်း၏ သချိ င်္င်းအုတ်ဂူ။

(၃) ယေသက သူဌေးကုန်း။

(၄) ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ)

(၅) လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။

(၆)ပလလဲတော ..... စသည်တို့သည် ယခုတိုင် တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဒေသ (တရုတ်ပြည်) တွင် တည်ရှိနေသည်ကိုတွေ့ရသည်.။

ဤသီန္နီရာဇ၀င် အဆိုတို့ကို ထောက်ရှု၍ ရှမ်းလူမျိုးက မိမိတို့သည် ဘုရားရှင်လက်ထက်ကပင် သာသနာတော်ကို ယုံကြည် ကိုးကွယ်လာခဲ့ကြသူမျာ ဖြစ်သည်ဟု ယူဆကြခြင်းပင် ဖြစ်သည်...။

ဘီစီ (၆) ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဘုရားရှင် ပေါ်ပေါက်လာခဲ့သော ကာလတွင် ရှမ်းလူမျိုးတို့သည် စူနိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသော ကာလဖြစ်သည်။ စူနိုင်ငံတော်သည် ဘုရင်ခံနိုင်ငံ (၁၂ )နိုင်ငံ ပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်။ ထိုဘုရင်နိုင်ငံတို့တွင် သျှင် Tsen (ခေါ်) Tien နိုင်ငံသည် ယခု ယူနန်နယ် ဖြစ်သည်။ သျှင်နိုင်ငံ၏ အနာက်တောင်ဘက်၌ သမိုင်းတွင် ထင်ရှားသော တကောင်းမြို့ရှိသည်။ တကောင်းသည် သကျသာကီဝင်တို့နှင့် အဆက်အနွယ်ရှိသဖြင့် ယင်းနှင့်ပတ်သက်သော အကြောင်းအရာ များကို ချန်ထား၍ရမည်မဟုတ်ပေ။

တကောင်းနှင့်ရှမ်းလူမျိုးဆက်နွယ်ပုံ

မဟာရာဇ၀င်၌ တကောင်းသည် ဂေါတမ မြတ်စွာဘုရား လက်ထက်ကပင် တကောင်း ဟု ခေါ်တွင်ကြောင်း ဖော်ပြထားသည်။ တကောင်းကို စတင်တည်ထောင့်သည့်အချိန်က မြန်မာနိုင်ငံအထက်ပိုင်းတွင် အရှေ့ဘက်၌ ပျုလူမျိုး၊ သက်လူမျိုး၊ ဧရာဝတီ ၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းတို့တွင် မွန်လူမျိုးများရှိနှင့်ကြပြီ ဟု သမိုင်းဆရာတို့ ယူဆထားကြသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်ဟု မှတ်ယူကြသည်။ တကောင်းဟူသော အမည်သည် ရှမ်းဘာသာဖြင့် စည့်ကူးတို့ဟုအဓိပ္ပာယ်ရသည်..။

တကောင်းသည် မြန်မာမြို့ဟောင်းဟု မြန်မာ လူမျိုးများက ယူဆခဲ့သော်လည်း နှောင်းစာရေးဆရာ အဆိုအရ တကောင်းမြို့သည် အိန္နိယမြောက်ပိုင်းမှ ကျုးကျော်လာသူများက တည်ထောင်ခဲ့သည်ဟု ဆိုသည်။ စိတ်ဝင်စားဖွယ် အချက်မှာ ရှမ်းသမိုင်းစာပေအရ တကောင်းမြို့သည် ရှမ်းလူမျိုး၏ မြို့တောင်ဟောင်းဖြစ်၍ ၎င်းအုပ်ချုပ်သော မင်းများသည် အိန္နိယနှင့် အဆက်သွယ်ရှိခဲ့ကြသည်ဟု ဆိုသည်။ တကောင်းမြို့၏ အမည်သည် ရှမ်းစကားအရ “တာကောင်” ဟုခေါ်ပြီး. “စည့်ကူးတို့မြို့” Drum Ferry ဟုအဓိပ္ပာယ်ရသည်။ ထိုအမည်မျိုးကို “မိုးကောင်း” ရှမ်းအခေါ် “မိန်းကောင်” (အိုးစည်မြို့)နှင့် အခြားရှမ်းနာမည်များကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ခိုင်လုံသော သက်သေ အထောက်အထားပြရန် တခြားနည်းလမ်းများလည်း ရှိပါသည်။ နန်ချိုနိုင်ငံတော်၏ ကျယ်ပြန့်မှုနှင့် ယင်း၏နိုင်ငံရေး အဆောက်အဦး စစ်တပ်အင်အားတို့ကိုကြည့်ရှုခြင်းအားဖြင့် တကောင်းမြို့သည် ရှမ်းလူမျိုးများ နေထိုင်ရာဒေသ မဟုတ်ဟုငြင်းဆိုနိုင်စရာအကြောင်း မရှိပေ ။

အစောပိုင်းကာလ၌ မြန်မာပြည်ကို ရှမ်းများကြီးစိုးချိန်နှင့် ပက်သက်၍ မစ္စတော်ခိုစိန် အဆိုအရ အနော်ရထာမင်း အုပ်စိုးသည့်အချိန် အေဒီ ၁၁ ရာစု အထိ ဧရာဝတီ အရှေ့ဘက်ကမ်းဒေသ နှင့် ၎င်းမြစ်ကမ်းပါးတို့သည် ရှမ်းတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်.။ အထက်ပါဖော်ပြချက်တို့ကို ထောက်ရှု၍ တကောင်းသည် ဗမာလူမျိုး(သို့) အိန္ဒိလူမျိုး (သို့) အိန္ဒိယလူမျိုးများ. တည်ထောင်သည်ထက် ရှမ်းများတ ည်ထောင်သည်ဟု ဆိုလျှင် ပိုပြီးဖြစ်နိုင်သည်။ ယခုအချိန်ထိ “တာကောင် =စည့်ကူးမြို့” ဟု ရှမ်းစကားဖြင့် ခေါ်ဝေါ် နေခြင်းဖြစ်သည်။ တကောင်း မြို့သည်ရှမ်းတို့ တည်ထောင်ခဲ့သော မြို့ဟုတ်မဟုတ် ထည့်တွက်စရာ မလိုတော့ပေ အဘယ်ကြောင့်ဆိုသော် ရှမ်းမျာအချင်းချင်း စစ်ခင်းသော နေရာဒေသ ဖြစ်သောကြောင့်တည်း။

ဘုရားရှင်လက်ထက်တွင် တကောင်းမြို့တို့ နောက်ဆုံးရောက် လာသောသာကီဝင်တို့သည်. ဘုရားရှင်၏ ဆွေတော် မျိုးတော်များ ဖြစ်ကြသည့်အပြင် ဘုရားရှင်ကို ကြည်ညိုဆည်းကပ်ကြသော ဗုဒ္စဘာသာ ၀င်များ ဖြစ်ကြသည်။ ထိုသာကီဝင်တို့မှ ဗုဒ္ဓဘာသာကိုးကွယ်မှုသည်. တကောင်းရှိ ရှမ်းလူမျိုးတို့ထံ ရောက်ရှိလာသည်ဟု ဆိုရပေမည်...။

လောဝ်သမိုင်းမှ သာဓက

လောဝ်သမိုင်း တစ်စောင်၌ ရှမ်းလူမျိုးတို့သည် သာသနာတော် ၆၁၂ (အေဒီ၆၉)ခုနှစ် အိုက်လောဝ် မင်းဆက်ဖြစ်သော နောင်ချယ် (ခေါ်) နန်ချောင်ဘုရင် ခွန်လိမောဝ် လက်ထက်တွက် ဗုဒ္စဘာသနာတော်ကို စတင် သက်ဝင်ယုံကြည်သည်ဟု ဆိုသည်..။ မဟာယန ဗုဒ္ဓဘာသာဖြစ်ပြီးတရုတ်ဟန်မင်းဆက် ဘုရင် ခေမင်တီထံမှ ရရှိလာသည် ဟုဆိုသည်။

စာပေများဖြင့် သုံးသပ်ဆုံးဖြတ်ခြင်း

နန်ချောင်နိုင်ငံတော်ကို ၀ိဒေဟရာဇ်တိုင်း၊ မောပြည်ကို မောရိယတိုင်း၊ သိန္နီကို သီဝိတိုင်း၊ ကျိုင်းတုံကို ခေမရဌ တိုင်း ၊ လန့်နားကို ယောနတိုင်း စသည်တို့ကို ပါဠိဖြစ် ခေါ်ဝေါ်သုံးစွဲသည်မှာ အဒီ ၁၅-၁၆ ရာစုနောက် ပိုင်းမှ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဤအချိန်တွင် ထေရ၀ါဒဗုဒ္စဘာသာသည်လည်းမြောက်ပိုင်းနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ဖြစ်မည်။

ရှမ်းလူမျိုးတို့သည် အေဒီ ၁၄ ရာစုမှစ၍ ထေရ၀ါဒဗုဒ္ဓ ဘာသာကို စတင်ကိုးကွယ်ခဲ့ရာ မင်းနှင့်ပြည်သူ တရပ်လုံးက ဗုဒ္စဘာသာ ၀င်များအဖြစ်တို့ ရောက်ရှိခဲ့ကြပြီး သာသနာတော်ကို လွန်စွာ ကြည့်ညိုလေးစား မြတ်နိုး တွယ်တာလာခဲ့ကြသည်။ သဒ္ဒါတရားများသည်လည်း သူမတူအောင်ထူးကဲလွန်မြတ်သဖြင့် “တမူးရှိလို့ တပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟုဆိုရိုးစကားပင် အထင်ရှားရှိခဲ့သည်။ မြန်မာပြည်တန်ခိုးကြီး ဘုရားဖြစ်သော မန္တလေး မဟာမြတ်မုနိ ဘုရားကြီး သမိုင်းတစိတ်တဒေသကို ကြည့်ရှု့ခြင်းအားဖြစ် ရှမ်းစော်ဘွားများ၏ သဒ္ဒါတရား များကို မြင်တွေ့နိုင်ပေသည်။

သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်တွင် မန္တလေး မဟာမြတ်မုနိဘုရားကြီး၏ ပြသာဒ်တော်ကြီး အထက်နားတွင် ထားရှိတော့ မူလထီးတော်ကြီးသည် ၁၂၇၈ ခုနှစ်တွင် လေခ၍ မြေသို့ကျရာ ရပ်စောက်စော်ဘွားကြီးက အသစ်တဖန် ပြန်လည် လှူဒါန်းပြန်သည်။ ငှက်မြက်နားတောင်နှင့် စိန်ဖူးတော်တို့ကိုကား ညောင်ရွှေ စော်ဘွားကြီးက ၁၂၈၀ ပြည့်နှစ်တွင် လှူဒါန်းတော်မူသည်။

ရှမ်းတောင်ပိုင်းရှိ မိုးနဲမြို့တွင် သမိုင်းဝင်ရှေးဟောင်း စေတီတော်များ၊ ရှေးဟောင်းကျောင်းတော် များစွာရှိသဖြင့် “ဒုတိယပုဂံ” ဟူ၍လည်းကောင်း “ရှမ်းပုဂံ” ဟူ၍လည်းကောင်း တင်စား ခေါ်ဝေါ်ကြလေသည်။

ယခုလက်ရှိ အခြေအနေအရ ကမ္ဘာပေါ်တွင် ထေရ၀ါဗုဒ္ဓဘာသာကို ကိုးကွယ်သော လူမျိုးတို့တွင် ရှမ်းလူမျိုးတို့သည် လူဦးရေ အများဆုံးဖြစ်သည်ဟု ဆိုရပေမည်..။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ ကိုးကွယ်သူ လူဦးရေသည် သန်း၅၀၀ ကျော်ရှိလေသည်. ထိုအထဲတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သောနိုင်ငံများမှာ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ တို့သာဖြစ်ကြသည်။

အဆိုပါနိုင်ငံတို့တွင် လူဦးရေ အများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်၍ ခရစ်နှစ် ၁၉၉၉ ခုနှစ်တွင် လူဦးရေ (၆၂)သန်းကျော် ရှိသည်ဟု သိရပါသည်။ လောနိုင်ငံသည်လည်း လူဦးရေ (၄) သန်းကျော် ရှိလေသည်။ ထိုင်နိုင်ငံ နှစ်နိုင်ငံသည် ရှမ်းလူမျိုးများ၏ လွတ်လပ်သော နိုင်ငံဖြစ်ကြလေသည်။ ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ ရှမ်းတိုင်းရင်းသား (၃)သန်းကျော်တို့သည် လည်းကောင်း။ တရုတ်ပြည်အတွင်းရှိ ရှမ်းလူမျိုး သန်းပေါင်းများစွာသည်လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သောသူများပင် ဖြစ်ကြသည်။ ရှမ်းလူမျိုးများသည် ဘာသာရေးကံကြမ္မာ ကောင်းလှသဖြင့် ဘုရားရှင်၏ စစ်မှန်သော တရားတော်ကို လိုက်နာကျင့်သုံးရသော ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်လာခဲ့ ခြင်းဖြစ်သည်ဟု ဆိုရမယ် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်နယ်ခုနှစ်ခု ရှမ်းပြည်နယ်သည် ဗုဒ္စဘာသာ အထွန်းကားဆုံး ပြည်နယ်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလက ရှမ်းလူမျိုးများအား ခရစ်ယာန်ဘာသာဝင် ဖြစ်အောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းသော်လည်း ရှမ်းလူမျိုးတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ၏ တရားတော်ကိုသာ အားထားရာ အစစ်အမှန်အဖြစ် ခံယူကြသည်။ မဆိုစလောက်သော ရှမ်းလူမျိုး အနည်းငယ်သာလျှင် ခရစ်ယာန်ဘာသာသို့ကူးပြောင်းသွားကြသည်။

ဘာသာရေးနှင့်ပတ်သက်၍ ရှမ်းလူမျိုးများသည် မိမိတို့၏ ရှမ်းဘာသာများကိုသာမက ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ထင်ရှားကျော်ကြားသော မြန်မာကျမ်းပြု ရှမ်းဆရာတော်ကြီးများလည်း ရှိခဲ့သည်။။

၎င်းတို့အနက် အချို့မှာ -
(၁) သက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းပြုသော နရပတိစည်သူ မင်းလက်ထက် သီဟိုဠ်ကျွန်းမှ “ဆပဒမထေရ်” ပုဂံ ပြည်သို့ ကြွလာရာတွင် လိုက်ပါလာသော အာဂန္တုရဟန်းလေးပါး အနက် တစ်ပါးမှာ ကမ္ဘောဇတိုင်း၏ ဘုရင့်သားတော် (ရှမ်းလူမျိုး) ဖြစ်ကြောင်း။

(၂)သက္ကရာဇ် ၈၄၂ ခုနှစ်တွင် မင်းပြုသော ဒုတိယ မင်းခေါင်လက်ထက်၌ ကျော်ဇောထင်ရှားသော “ရှင်မဟာရဌသာရ” သည် (တိုင်း) ရှမ်းအနွယ်ဖြစ်ကြောင်း။

(၃) ကျမ်းပြုအကျော် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးသည်လည်း ရှမ်းလူမျိုးဖြစ်ကြောင်းကို ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိတွင်-“၎င်းဆရာတော်ဘုရားကြီးကို ရွှေတောင်မြို့၊ ကျီးသဲရွာ၊ သျှမ်းတန်းကလေးရပ်၌ သက္ကရာဇ် ၁၁၇၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်ရှစ်ရက် ၊ကြာသာပတေးနေ့တွင် ဖွားမြင်တော်မှုသည်။ ခမည်းတော် မယ်တော် တို့၏အမည်တို့ကိုမသိရပေ ရှမ်းလူမျိုးတည်း” ဟုဖော်ပြထားသည်။

(၄) မယဒေ၀လင်္ကာသစ် ကျမ်းပြုအကျော် မန်လည်ဆရာတော်သည်လည်း ရှမ်းလူမျိုး ဖြစ်လေသည်။ သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် သီပေါစော်ဘွားကြီး၏ ရဟန်းခံပွဲသို့ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက် ချီးမြောက်တော်မခဲ့သည်။ ထိုအချိန်က မန်လည်ဆရာတော် ဘုရားကြီးသည် သီပေါစော်ဘွား ကြီးအား မိမိသည်ရှမ်းဘာသာဖြစ် ပိဋ္ဋကတ်တော်များကို ပြန်ဆိုရန် ဆန္ဒရှိကြောင်း မိန့်ကြားခဲ့သည်ဟုဆိုသည်။

(၅) မြန်မာပြည်တွင် လူသိများပြီး ထင်ရှားကျော်ကြားသော ရဟန်း စာဆိုတော် တစ်ပါးဖြစ်သည့် ထီးချိုင့်တည်သောဆရာတော် ဘုရားကြီး ဘဒ္ဒန္တဒေ၀ိန္ဒသည်လည်း ရှမ်းမျိုးနွယ်ဖြစ်သည်..။

ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်ထဲမှ ကောက်နှုတ်ချက်.၊ အရှင်သုခမိန္ဒ (တန့်ယန်း)

January 30, 2013

တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃

တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့ ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။ အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ
တသီတတန်းကြီး ပေါ်လာပါတယ်။

အဲဒါတွေကတော့ ...
1) အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။
2) ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။
3) သက်ကြီးရွယ်အို မိဘဘိုးဘွားများ၊ တစ်နေ့ မိဘဘိုးဘွားဖြစ်လာမည့်သူများ သတိထားစရာ အသိပေးလိုခြင်း။
4) ယဉ်ကျေးသိမ်မွေ့သော ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတရားကို ပျက်စီးစေခြင်း။
5) တရားသူကြီး၏ဆုံးဖြတ်ချက်သည် ယနေ့ဆိုးသွမ်းလူငယ်များကို အားပေးအားမြှောက်ပြုရာကျခြင်း။
6) အဇာတသတ်လက်သစ်ကို အားပေးအားမြှောက်ပြုသော ငွေကြေးလာဘ်လာဘတစ်ခုတည်းကိုသာ ကြည့်သည့်စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့သော ဒေ၀ဒတ်လက်သစ်များကို တွေ့ရှိရခြင်း။
7) တရားစီရင်ရေးယန္တရားကို ငွေကြေးဖြင့်ပေါက်ကာ တစ်လွဲအသုံးချနေသည်ကို တွေ့ရှိရခြင်း စသည်တို့ ဖြစ်ပါသည်။

ဒါကြောင့် ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် မကြာသေးမီက ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို သိစေလိုခြင်းကြောင့် ရေးသားရခြင်း ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသတွင်းရှိ တရားရုံးများတွင် ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးမဏ္ဏိုင် ယိမ်းယိုင်ပြိုလဲနေပြီး မန္တလေးတိုင်းဒေသကြီးရှိ တရားရုံးများ၏ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်စီးယိုယွင်းနေသလို တောင်ကြီးမြို့တရားရုံးမှာလဲ ရစရာမရှိအောင် ရွံရှာဖွယ်ကောင်းလောက်အောင် ပျက်စီးနေကြောင်း
တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ၊ လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးအဖွဲ့သားများ
တောင်ကြီးတရားရုံးကိုလည်း အရေးတယူဝင်ရောက်စစ်ဆေးပေးစေလိုခြင်းကြောင့် ရေးသားရခြင်းဖြစ်ပါသည်။

အမှုအကြောင်းချင်းရာကို စုံစမ်းသိရှိရသည်မှာ- ပြစ်မှုကြီး အမှုအမှတ် ပြစ် ၄၆၆၈/၂၀၁၀
မြေးဖြစ်သူ တရားလို ခွန်သီဟန် (၂၁နှစ်) သည် အဖိုးအရင်းဖြစ်သူ အိမ်တွင် အဖိုး (၈၂နှစ်) နှင့်အတူ နေထိုင်ပါသည်။ အခင်းမဖြစ်မီ ၃ ရက်လောက်ကတည်းက မြေးဖြစ်သူသည် အိမ်သို့ပြန်မလာပါ။ အခင်းဖြစ်သည့်နေ့ (၂၃-၉-၂၀၁၀) တွင် အဖိုးဖြစ်သူက သမီး (ခွန်သီဟန်၏အဒေါ်) အိမ်သို့ သွားရောက်နေပြီး အိမ်တွင်လူမရှိသောကြောင့် သော့ခတ်ထားပါသည်။ မြေးဖြစ်သူ နေ့ခင်း အိမ်သို့ပြန်လာတော့ အိမ်ထဲဝင်လို့မရပါ။ ပုံမှန်ဖြစ်သင့်သည်မှာ မြေးဖြစ်သူခွန်သီဟန်သည် အဒေါ်၏အိမ်သို့ ရောက်နေသောအဖိုးထံ သော့သွားတောင်းသင့်သော်လည်း သွားရောက်တောင်းဆိုခြင်းမပြုခဲ့ပါ။ ညနေခင်းတစ်ခေါက်ပြန်လာချိန်တွင်လည်း အဖိုးပြန်မရောက်သေးသဖြင့် အိမ်ထဲဝင်မရပြန်ပါ။
သို့နှင့် ရက်ကွက်ရုံး၊ ရဲစခန်းသို့ သွားရောက်ပြီး အဖိုးဖြစ်သူကို မတရားတားဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့် တရားစွဲလေတော့သည်။ (အမှုစစ်ဆေးချက်တွင် ပေါ်ပေါက်သည်မှာ ထိုအချိန်တွင် တရားလိုမြေးဖြစ်သူက အရက်မူးနေပြီဖြစ်သည်။)

တကယ်တော့ ဒီအမှုဟာ မိသားစုပြဿနာမျှသာ ဖြစ်ပါသည်။ ကြီးကျယ်သောအမှု မဟုတ်ပါ။ ရက်ကွက်ရုံးမှာတင် ပြီးသင့်သောပြဿနာပါ။ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးကလဲ အစပိုင်းမှာတော့ အမှုမဖွင့်ပေးပါဘူး။ (ဟုတ်တယ်လေ "ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ" ဆိုတာ ရဲစခန်းနဲ့ တရားရုံးတို့ရဲ့ဆောင်ပုဒ်ပဲ မဟုတ်လား။)

ဒါနဲ့တရားလိုက မြို့နယ်ရဲမှူး (ထိုစဉ်က ဦးမောင်ဝင်း) ထံ ချဉ်းကပ်ပြီး အမှုဖွင့်ဖို့ မရ ရအောင် ကြိုးပမ်းတယ်။ "အဖိုးထောင်တစ်ရက်ပဲကျကျ ကျေနပ်တယ်" လို့ မြေးဖြစ်သူက ဆိုပါတယ်။ (ထိုဦးမောင်ဝင်းဆိုသူမှာလဲ မြို့နယ်ရဲမှူးမဖြစ်ခင်က ယာဉ်ထိန်းရဲမှုးဖြစ်ပြီး လာဘ်စားရာတွင် အလွန်နာမည်ကြီးသူတစ်ဦးဖြစ်သည်။ မိန်းမကိစ္စနှင့် ပတ်သက်ပြီးလဲ ရှူပ်ပွေသူတစ်ဦးဟု သိရသည်။ တောင်ကြီးမြို့တွင် သူ့အကြောင်းမသိသူ မရှိပေ။)

ထိုမြို့နယ်ရဲမှူးမှတဆင့် ခရိုင်ရဲမှူး၊ ပြည်နယ်ရဲမှူးအထိ အဆင့်ဆင့်ချဉ်းကပ်ပြီး နောက်ဆုံးတော့ တရားရုံးကို ဒီအမှုတွဲကြီး ရောက်ရှိသွားပါသည်။ တရားလို ခွန်သီဟန်၏အပြောအရ ဒီအမှုတွဲကြီး တရားရုံးကိုရောက်ဖို့ ရက်ကွက်ဥက္ကဠ ဦးကျော်စိုးအောင်၊ ရက်ကွက် ရ-ယ-က အဖွဲ့ဝင် ဦးလှမြင့်၊
အမှတ် (၁) စခန်းမှူး အမှုစစ် ဒုရဲအုပ်တင်မြင့်လွင်၊ မြို့နယ်ရဲမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ ပြည်နယ်ရဲမှူး (ဦးမောင်မောင်ဝင်းမှတဆင့်)၊ မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် (ယခု ပင်စင်)၊ မြို့နယ်တရားသူကြီး ဦးစောလွင် (ယခု ပြောင်းရွှေ့) အစရှိသည်တို့ကို လာဘ်ငွေများ အဆင့်ဆင့်ပေးသွားရသည်ဟု သိရသည်။ တရားလိုခွန်သီဟန်ကို နောက်ကွယ်ကနေ အခကြေးငွေယူပြီး အာဏာပါဝါနဲ့ ကူညီပံ့ပိုးပေးနေသူမှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင် ဟု ခွန်သီဟန်က ပြောသည်။

နောက်ဆုံး မြို့နယ်တရားသူကြီးဦးစောလွင်က စွဲချက်တင်တဲ့အမိန့် ချလိုက်ပါသည်။ ဒါနဲ့ အဖိုးဖြစ်သူက ခရိုင်ရုံးကို ပြင်ဆင်မှု တက်ပါသည်။ ခရိုင်တရားသူကြီး ဦးခင်ထွန်းကိုလဲ တရားလိုခွန်သီဟန်က ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် လာဘ်ထိုးပြန်ပါသည်။ အဲဒီရှေ့နေဒေါ်ခင်သန့်ဇင်က ဘယ်သူ့ကို ဘယ်လောက်ပေး အစရှိသဖြင့် ခွန်သီဟန်ကို ညွှန်ကြားဆက်သွယ်ပေးတယ်လို့ သိရပါသည်။ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ၀ိတ်နဲ့ပေါင်းပြီး ခရိုင်တရားသူကြီး ဦးခင်ထွန်းကလည်း မြို့နယ်ရဲ့စွဲချက်ကို အတည်ပြုပြန်သည်။ အဲဒီနောက် မြို့နယ်တရားသူကြီးဦးစောလွင် နယ်ပြောင်းတော့ သူ့နေရာကို ဒေါ်အေးသန်း ရောက်လာပါသည်။ နောက် မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ကြည် ပင်စင်ယူပြီး သူ့နေရာကို ဦးတင်မြင့်ကို ရောက်လာပါသည်။ သူတို့ကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ရဲ့အဆက်အသွယ်နဲ့ လာဘ်ငွေပေးကမ်းပြန်ပါသည်။ နောက်ဆုံးတွင် မြို့နယ်တရားသူကြီးဒေါ်အေးသန်းက အဖိုးကို "ဒဏ်ငွေ ၅၀၀ ကျပ် ဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၇ ရက်ကျခံစေ" ဟု ၂၀-၁၂-၂၀၁၁ တွင် အမိန့်ချမှတ်လိုက်ပါသည်။

ထိုသို့ အမိန့်ချမှတ်မှုမှာ ကျွန်တော့်စိတ်ထဲတွင် အလွန်ထူးဆန်းနေပါသည်။ အံ့လည်း အံ့သြမိပါသည်။ မရိုးသားမှုက အရမ်းကိုပေါ်လွင်နေသလားလို့ပါ။ အဖိုးကြီးက သူ့အိမ်နဲ့သူနေပြီး ပြစ်ဒဏ်ချခံရတယ်လို့။ (ထိုအိမ်၏ဂရမ်မှာ အဖိုးကြီးအမည်ပေါက်ဖြစ်ပြီး အဖိုးကြီးလင်မယားနှစ်ယောက် ရိုးသားစွာ ရှာဖွေစုဆောင်းထားသောငွေဖြင့် သားသမီးများမရခင်ကပင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။)

အရမ်းကို ထူးဆန်းနေတာက အမှုက ဒီမှာတင်မပြီးသေးဘူးဗျ။ ရှေ့နေဒေါ်မေသန့်ဇင် ဦးစီးပြီး တရားလို ခွန်သီဟန်က သူ့အဖိုးကို ပြစ်ဒဏ်တိုးပေးဖို့ ပြည်နယ်ရုံးကို ပြင်ဆင်မှု ထပ်တက်လာပါတယ်။ ဒီပြင်ဆင်မှုကိုလက်ခံဖို့ ရှမ်းပြည်နယ်တရားရေးဦးစီးမှူးရုံးက ဦးစီးအရာရှိကို ငွေကျပ် ငါးသိန်းပေးရတယ်လို့ သိရပါတယ်။ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးကျော်ထူးဝင်းကိုလည်း ရှေ့နေဒေါ်မေသန့်ဇင်ကနေတဆင့် ပေးရသေးတယ်လို့ သိရပါတယ်။ ပြည်နယ်ဥပဒေအရာရှိကလည်း မြက်မြက်ကလေး ရတာကတစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအရာရှိ ဦးမောင်မောင်ရဲ့ ဖိအားပေးမှုကြောင့်တစ်ကြောင်း "ဤပြင်ဆင်မှုအားလက်ခံပြီး ဥပဒေနှင့်အညီ သင့်လျော်သည့်ပြစ်ဒဏ် တိုးမြှင့်သတ်မှတ်သည့် အမိန့်တစ်ရပ်ကို ချမှတ်ပေးစေလိုကြောင်း" တင်ပြလျှောက်လဲပါသည်။

ကျွန်တော့်စိတ်ထဲတွင် အတွန်တရာ အံ့သြမိပါသည်။ လာဘ်ငွေကိုမက်ပြီး အပြစ်မရှိသော ၈၂ နှစ် အရွယ် အဖိုးကြီးကို မိဘချင်းကိုယ်ချင်းမစာကာ ပြစ်ဒဏ်ချရက်သော တရားသူကြီး၏စိတ်ဓာတ်ကိုလည်း အလွန်ရွံရှာမိပါသည်။ လာဘ်ငွေဟာ အရမ်းကိုကြောက်စရာကောင်းပါလားဟုလည်း တွေးမိပါသည်။
နောက်ဆုံးမှာတော့ ပြည်နယ်လွှတ်တော်တရားသူကြီး ဦးခင်မောင်ဋ္ဌေးက
ခွန်သီဟန်၏ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားချက်ကို ၂-၄-၂၀၁၂ တွင် ပလပ်လိုက်ပါသည်။

တကယ်တော့ အဖိုးကြီးကျူးလွန်ပါတယ် ဆိုတဲ့ပြစ်မှုဟာ နိုင်ငံတော်ပုန်ကန်မှုလဲမဟုတ်၊ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုလည်းမဟုတ်ပါပဲနှင့် ထောင်နှုတ်ခမ်းဝနှင့် သီသီလေးသာ လွတ်မြောက်ခဲ့ပါသည်။ ဘာမဟုတ်တဲ့ မိသားစုအမှုအရေးဟာ နေပြည်တော်ရုံးသို့ ရောက်လုနီးနီး ဖြစ်သွားခဲ့ပါသည်။

အဖိုးကြီး၏ရှေ့နေ ရေးသားထားသော အပြီးသတ်လျှောက်လဲချက်မှာလဲ အလွန်ကောင်းမွန်ပါသည်။ ဖတ်ကြည့်ပါ။

"မြန်မာ့လူမှုအဖွဲ့အစည်းတွင် ငယ်သူကကြီးသူအားလည်းကောင်း၊ တပည့်က ဆရာအားလည်းကောင်း၊ သားသမီးက မိဘအားလည်းကောင်း၊ မြေးက အဖိုးအဖွားအားလည်းကောင်း စကားဖြင့် မရိုမသေပြန်လှန်ပြောဆိုသည်ကိုပင် လက်မခံပါ။ မြေးက အဖိုးဖြစ်သူထောင်ကျသည်ကို မြင်လိုသည့် ဤသို့သော အမှုမျိုးမှာ မြန်မာ့လူ့ဘောင်တွင် ရှားပါးလှပါသည်။ သူ့အိမ်တွင်နေ၊ သူ့အရိပ်ကိုခို၊ သူ့ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသူက ကျေးဇူးရှင်ကိုထောင်ချပေးရန် တရားစီရင်ရေးယန္တရားကို တလွဲအသုံးချလာခြင်းသာဖြစ်သဖြင့် ၄င်း၏စွပ်စွဲချက်ကို လက်ခံအသိအမှတ်ပြုပြီး အသက် (၈၀) ကျော် အဖိုးဖြစ်သူအား အပြစ်ပေးပါက လူမှုရေးတရားမျှတမှု တိမ်းစောင်း၍ တရားစီရင်ရေးတွင် အမည်းစက်စွန်းထင်းဖွယ်ရာ ရှိနိုင်ပါကြောင်း ရိုးသားစွာ ရှု့မြင်သုံးသပ်တင်ပြအပ်ပါသည်။"

အလွန်တန်ဖိုးရှိသော၊ အဓိပ္မါယ်ပြည့်ဝသော၊ လေးနက်သောဗုဒ္ဓတရားတော်နှင့်ကြည့်လျှင် အလွန်ပင်လက်ခံသင့်သော၊ ရှေ့နေများအထူးအတုယူသင့်သော လျှောက်လဲချက်ဖြစ်ပါသည်။

သို့သော် တန်ဖိုးကြီးသောလျှောက်လဲချက်ကြီးသည် အောက်တန်းကျသောလာဘ်ပေးလာဘ်ယူကိစ္စကို မကျော်လွှားနိုင်ခဲ့ပါ။ တရားသူကြီးဟု ခေါ်တွင်သော ဒေါ်အေးသန်းသည် ဤလျှောက်လဲချက်ကို လျစ်လျူရှုပြီး အဖိုးကြီးကို ပြစ်ဒဏ်ပေးသည့်အမိန့်ကို စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့စွာ၊ ကိုယ်ချင်းစာတရားကင်းမဲ့စွာဖြင့် ဗုဒ္ဓတရားတော်ကိုဆန့်ကျင်ကာ မိုက်မိုက်မဲမဲချမှတ်လိုက်ပါသည်။

ဒီပြစ်ဒဏ်အမိန့်ကြောင့် နောက်နောင်တွင် မိဘဘိုးဘွားများကို တရားစွဲဆိုမည့် သားသမီးမြေးမြစ်တွေ တိုးပွားလာဖို့သာရှိသည်ကို တရားသူကြီးများ၊ ဥပဒေအရာရှိများ အသိဥာဏ်ကြွယ်ဝမည်ဆိုလျှင် စဉ်းစားဆင်ခြင်ဖို့ကောင်းပါသည်။ လာဘ်ငွေတစ်ခုတည်းကိုသာ မကြည့်သင့်ပါ။ အဇာတသတ်လက်သစ်ဇာတ်လမ်းမှာ ဘာဖြစ်လို့များ ဒေ၀ဒတ်လက်သစ် ဖြစ်ချင်ရပါသလဲ။

ဤဇာတ်လမ်းကို ကျွန်တော်ရေးသားရခြင်းမှာ မည်သူ့ကိုမျှ ထိခိုက်စေလို၍ ရေးသားခြင်းမဟုတ်ပါ။
ယနေ့နိုင်ငံတော်က တိုက်ဖျက်နေသော အကျင့်ပျက်ချစားမှုကို တောင်ကြီးမြို့ရဲစခန်းနှင့် တရားရုံးများတွင် ရှိနေကြောင်း ဖွင့်ပြလို၍ဖြစ်ပါသည်။

ဤစာတမ်းပါ အချက်အလက်များကို ကာယကံရှင်တရားလို၊ တရားခံများထံမှလည်းကောင်း၊ တရားရုံးဝန်းကျင်မှ ပြောပြဝေဖန်ချက်များမှလည်းကောင်း ရုံးစစ်ချက်စာရွက်စာတမ်းများကို ဖတ်ရှု၍လည်းကောင်း သိရှိရခြင်းဖြစ်ပါသည်။ လုပ်ကြံရေးသားခြင်း တစ်ခုမှ မပါဝင်ပါ။
မြေးဖြစ်သူတရားလိုနှင့် ကိုယ်တိုင်တွေ့ပြီး ဘယ်သူ့ကို ဘယ်လောက်ပေးခဲ့ရတယ် ဆိုသည်ကို အကုန်သိရှိရပြီး ဖြစ်ပါသည်။

မကြာမီမှာပင် မြေးဖြစ်သူတရားလိုက တစ်အိမ်တည်းနေ ကျေးဇူးရှင်အဖိုးကို ပြစ်ဒဏ်ကျအောင် ရဲစခန်းနှင့် တရားရုံးတို့တွင် မည်ကဲ့သို့ ကလဖန်ထိုးအကွက်ဆင်သည်ကို
မိဘဘိုးဘွား သက်ကြီးရွယ်အိုများ သတိထားနိုင်စေရန်အတွက် ဆက်လက်၍ဖော်ပြပါအုံးမည်။
------------------

ဤစောင်းပါးအား ဒေသခံတစ်ဦး၏ ရေးသားပေးပို့ချက်သာဖြစ်ပြီး တောင်ကြီးတိုင်းမ်၏ သဘောထားအမြင်မဟုတ်ပါ။

January 20, 2013

လိမ်ညာသော သမိုင်းတွေနဲ့ တိုင်းရင်းသားမဖြစ်နိုင်

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့လုပ်ရပ်တွေ၊ သမိုင်းလိမ်၊ သမိုင်းတုတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရဲ့ အကြီးမားဆုံးသော အဟန့်အတားတွေဖြစ်သလို နောက်ထပ်ပြဿနာတွေ ဖြစ်ပေါ်စေရေးကိုလည်း ဦးတည်နေပြန်တယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားပါတယ်လို့ လူကြားကားအောင် ပြောနေ ရေးနေကြပေမယ့် လက်တွေ့လုပ်ရပ်တွေဟာ တတိယအကြိမ်ပြဿနာဖြစ်ရေးကို လှုံ့ဆော်နေတာတွေရှိတယ်။ တဘက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ ပုံဖော်ခဲ့တဲ့ ဘာသာရေးပဋိပက္ခပုံစံမျိုး မဖြစ်ခဲ့မှုအပေါ်မှာ သူတို့ဖြစ်ချင်တဲ့ ဘာသာရေးပဋိပက္ခမျိုးဖြစ်အောင် လှုံ့ဆော်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြတယ်။ ဒါကို အမြော်အမြင်ရှိရှိ ရှောင်လွှဲနိုင်အောင် ကြိုးစားဖို့ လိုအပ်တယ်လို့မြင်တယ်။

ရှေးခေတ် မွန်နိုင်ငံတော်မတည်မှီနဲ့ ရခိုင်နိုင်ငံတော်မဖြစ်ပေါ်ခင်က ဒီဒေသတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ တိုင်းပြည်ဖြစ်တယ်။ ရခိုင်ကျောက်စာတွေအပါအ၀င် ရှေးမြန်မာကျောက်စာတွေဟာ သက္ကတဘာသာနဲ့ ရေးထိုးခဲ့တဲ့အတွက် ဒီတိုင်းပြည်တွေရဲ့ မူလတိုင်းရင်းသားတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ တိုင်းပြည်ဖြစ်တယ် စသဖြင့် လှုံ့ဆော်ရေးသားခြင်းတွေဟာ မြန်မာတိုင်းရင်းသားတွေရဲ့ သမိုင်းတွေကို စော်ကားနေတယ်လို့ မြင်တယ်။

ဒီစော်ကားမှုတွေကြောင့် ဒေါသအဖြစ်ပေါက်ကွဲစေပြီး မွတ်ဆလင်မှန်သမျှ ခြေမှုန်းရေးပုံစံမျိုးဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတာလို့ မြင်ပါတယ်။ အဓိကဖြစ်စေချင်တဲ့ ဘာသာရေးအဓိကရုဏ်းပုံစံမျိုးကို ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဘက်က လိုချင်တာပါ။ ရခိုင်အရေးအခင်းတုန်းက ဘာသာရေးပဋိပက္ခ၊ ဘာသာရေးအဓိကရုဏ်းဖြစ်ပါတယ်လို့ မွတ်ဆလင်ကမ္ဘာကို ချပြခဲ့ဖူးတဲ့ ဖြစ်စဉ်ဟာ ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မြန်မာနိုင်ငံ တနံတလျားက မွတ်ဆလင်တွေအနေနဲ့လည်း ပြတ်သားစွာ ဆန့်ကျင်ဖို့လိုပါတယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေနဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်လိုရေးဟာ သူတို့ရဲ့ အလိုချင်ဆုံး၊ အလိုအပ်ဆုံး မဟာဗျူဟာ တရပ်ဖြစ်ပါတယ်။ ရခိုင်ပြည်အရေးအခင်းဖြစ်စဉ်က ရခိုင်ဗုဒ္ဓဘာသာတွေ အသက်ဆုံးရှုံးရခြင်းအတွက် ထိုင်း၊ တရုတ်၊ တိဘက်စတဲ့ နိုင်ငံတွေကို ဂယက်မရိုက်ခတ်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ သေကြေမှုကတော့ မွတ်ဆလင်ကမ္ဘာကို ကိုင်လှုပ်စေခဲ့တယ်။ နိုင်ငံတော်အလံမီးရှို့မှု အပါအ၀င် မြန်မာသံရုံးအချို့ကို အကြမ်းဖက်တဲ့အထိ ဖြစ်လာခဲ့တယ်။ OIC လိုအဖွဲ့ကိုလည်း ပြည်တွင်းဝင်ရောက်ရေးကို တွန်းအားပေးနိုင်တယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေနဲ့ ဘာသာရေးပဋိပက္ခဖြစ်ရေးကို မဟာဗျူဟာအရ လိုအပ်တယ်လို့ ထောက်ပြရခြင်း ဖြစ်တယ်။

အင်္ဂလိပ်လို ရခိုင်ပြည်ကို ARNKAN လို့ ပြောဆိုရေးသားနေခြင်းမျိုးကိုလည်း ရိုဟင်ဂျာကို ပြောတာဖြစ်တယ်အထိ သမိုင်းလိမ်များကို ချပြရဲသလို တဘက်မှာလည်း ဘင်္ဂလီတွေဟာ ခိုးဝင်လာတာမဟုတ်ဘူး၊ ရိုဟင်ဂျာအမည်နဲ့ နှစ်ထောင်ချီပြီး နေထိုင်လာတဲ့ တိုင်းရင်းသား တွေဖြစ်တယ် စသဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံရဲ့ ဒေါသကို ဆွပေးနေခြင်းမျိုးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုခြင်းရှိပါတယ်ဆိုတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့စကားကို ချေဖျက်စေပါတယ်။ အဲဒီအပေါ်မှာဘဲ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းကို ဒီဘိတ်လုပ်ရန် စိန်ခေါ်မှုမျိုးအထိ ဆွပေးနေတာတွေကို မြင်နေရ ကြားနေရပါတယ်။

ကြုံတုံး ဒီနေရာမှာ ပြောချင်တာက မိမိကိုယ်ကို ပညာရှင်ဖြစ်တယ်လို့ ယုံကြည်နေရင် ဒေါက်တာအေးချမ်းရဲ့ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းမဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူများဖြစ်တယ် ဆိုတာတွေကို ချေပချင်တယ်ဆိုရင် သုတေသနစာတမ်းတစောင်ပြုစုပြီး ကမ္ဘာ့ပညာရှင်တွေကို ဖိတ်ကြားကာ စာတမ်းဖတ်ကြားခြင်းဟာ အငြိမ်းချမ်းဆုံးဖြစ်ပါလိမ့်မယ်။ တဘက်မှာလည်း ဒေါက်တာအေးချမ်းအနေနဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မြန်မာတိုင်းရင်း သားတွေမဟုတ်ဘူး။ တဘက်နိုင်ငံက ခေတ်အဆက်ဆက် ခိုးဝင်လာသူတွေဖြစ်တယ်ဆိုတာ ဆက်လက်ပြီး ကမ္ဘာကို ချပြရင်း မိမိတိုင်းပြည်နဲ့ မိမိလူမျိုးကို ကာကွယ်တဲ့ အလုပ်တွေကိုသာ ဆက်လက်ပြီး တစိုက်မတ်မတ်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဆက်ရရင် မြန်မာနိုင်ငံတနံတလျားမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကို မြန်မာတိုင်းရင်းသားတွေအနေနဲ့ အမုန်းမပွားစေချင်ပါ။ ဒါပေမယ့် မြန်မာပြည် တနံတလျားမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေကို အမုန်းပွားအောင် ဒေါသတွေဖြစ်အောင် ဘယ်သူတွေ လုပ်နေကြတာလဲ ဆိုတာကို သိဖို့လိုအပ်တယ်။ အဲဒီအုပ်စုတွေကို မွတ်ဆလင်အင်အားစုတွေပါ ပြတ်သားစွာ ဆန့်ကျင်ဖို့ လိုတယ်လို့မြင်တယ်။

ရှင်းရှင်းပြောရရင် ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ရိုဟင်ဂျာအမည်ခံချင်နေကြတဲ့ ခေတ်ပညာတတ် ဘင်္ဂလီလက်တဆုပ်စာ အင်အားစုတွေက ဖန်တီးနေတယ်ဆိုတာ မြင်ဖို့လိုတယ်။ ဒီလက်တဆုပ်စာ အင်အားစုတွေဟာ ဘာသာရေးပဋိပက္ခအဖြစ်မျိုးကို လိုချင်တယ်။ ဒီဘာသာရေးပဋိပက္ခကို အကြောင်းပြပြီး မွတ်ဆလင်ကမ္ဘာရဲ့ ပံ့ပိုးမှုနဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အစရှိတဲ့ နယ်မြေတွေကို ရိုဟင်ဂျာပြည်နယ်ဖြစ်ရေးကို ပုံဖော်ချင်တယ်။

၂၀၁၂ က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်းကို ပုံဖော်ခဲ့တာဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီ ခေတ်ပညာတတ် အင်အားစုတွေက ပုံဖော်ခဲ့တယ်ဆိုတာ မမေ့ဖို့ လိုအပ်တယ်။ အဲဒီအရေးအခင်းကို မြန်မာတပြည်လုံးပြန်နှံ့ရေးအထိ လှုံ့ဆော်နိုင်ခဲ့သလို မွတ်ဆလင်ကမ္ဘာကိုလည်း ဘာသာရေး ပဋိပက္ခအသွင် ဖြစ်သယောင် လိမ်ညာခဲ့တယ်။ ဒီလုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်အပေါ်မှာ ရိုးသားမှုမရှိခြင်းကို ဖော်ညွန်းနေသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုခြင်း မရှိဘူးဆိုတာကိုလည်း သက်သေပြနေတယ်။ ကရင်ပြည်နယ်ထဲမှာ မွတ်ဆလင်တွေနဲ့ စီးပွားရေးအရ မဆက်ဆံရေးလုပ်ဆောင်ချက်တွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာရသလို မွတ်ဆလင်အားလုံးကို အမုန်းပွားလာရခြင်းဟာလည်း ဒီအင်အားစုတွေကြောင့် ဖြစ်တယ်။

ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် လက်တဆုပ်စာ ခေတ်ပညာတတ် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအင်အားစုကို ပြတ်သားစွာ ဆန့်ကျင်ဖို့ လိုပါလိမ့်မယ်။ နောက်တချက်က ဒီအင်အားစုတွေဟာ မွတ်ဆလင်ကမ္ဘာနဲ့ရော မြန်မာနိုင်ငံလွှတ်တော်တွင်းမှာပါ ကွန်ယက်တွေကို စနစ်တကျ တည်ဆောက်ထားပြီးဖြစ်တဲ့အတွက် လက်ရှိအစိုးရရော၊ အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးပါ သတိထားဖို့ လိုအပ်တယ်ဆိုတာ အတိအလင်း ပြောချင်တယ်။

ရခိုင်ပြည်ရဲ့သမိုင်းကြောင်းတွေအရ (၁) မင်းစောမွန်ခေတ် မွတ်ဆလင်များ၊ (၂) မင်းဗာကြီးခေတ် စစ်နိုင်ဘုရင်များ ဖမ်းဆီးယူလာတဲ့ စစ်သုံ့ပန်း မွတ်ဆလင်များ၊ (၃) သျှာသျှူများ နောက်လိုက် လေးသည် ကမန်များကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရမယ်ဆိုပေမယ့် ဗြိတိသျှခေတ်မှာ မောင်တော၊ ဘူးသီးတောင်မှတဆင့် တံခါးမရှိ၊ ဓါးမရှိ ၀င်ရောက်အခြေစိုက်နေထိုင်လာခဲ့တဲ့ ဘင်္ဂါလီများကို မြန်မာနိုင်ငံအစိုးရပြဌာန်းထားတဲ့ တရားဥပဒေနဲ့အညီ စိစစ်ပြီးမှ မြန်မာနိုင်ငံသား ဖြစ်ရေး မဖြစ်ရေးကို စိစစ်ရပါလိမ့်မယ်။

နောက်တချက် - (၁) လွတ်လပ်ရေးခေတ်မှာ မသာမှု နည်းမျိုးစုံနဲ့ ခိုးဝင်လာကြတဲ့ ဘင်္ဂါလီများ၊ (၂) ဟင်္သာစီမံချက်မှာ အပိုဝင်ရောက်လာသူများနဲ့ ယင်းကာလမှ ယနေ့အချိန်ထိ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလီများအဖြစ် သတ်မှတ်ရပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက တကယ်တမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတယ်ဆိုရင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားဖြစ်ရေးမူနဲ့အတူ လိမ်ညာထားတဲ့သမိုင်းတွေကို စွန့်လွှတ်ဖို့လိုသလို အခိုင်အမာရှိနေတဲ့ မြန်မာ့သမိုင်းအုတ်နံရံကြီးကိုလည်း ခေါင်းနဲ့မတိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ဆိုသည်ကို ဟုတ်တယ်စသည်ဖြင့် သမိုင်းလိမ် သမိုင်းတုတွေနဲ့ ၀င်တိုက်လို့ကတော့ အကျိုးဆက်အနေနဲ့ မြန်မာတိုင်းရင်းသားအဖြစ် နိုင်ငံတော်ဥပဒေမှာ တရားဝင်ပြဌာန်းခြင်းမရှိသည့်အပြင် အမုန်းပွားအောင်၊ ဒေါသဖြစ်အောင်၊ ပြဿနာဖြစ်အောင် လှုံ့ဆော်နေသလိုသာ ဖြစ်ပါလိမ့်မယ်။ ။

ခိုင်လင်း(မေဃ၀တီ)
ဇန္န၀ါရီ (၂၀) ၂၀၁၃၊ နံနက် ၁၂း၅၄

December 31, 2012

ပအိုဝ်းစကားပူပူနွေးနွေးအေးအေးဆေးဆေးလေးပြောမယ်

ပအိုဝ်းစကားပူပူနွေးနွေးအေးအေးဆေးဆေးလေးပြောမယ်

ပအိုဝ်း
မြန်မာ
မင်္ဂလာဒျာ;သြ
မင်္ဂလာပါ
အုံဟောဝ်နေဟောင်း
နေကောင်းရဲ့လား
ဟောဝ်ဒျာ;သြ
နေကောင်းပါတယ်
လွဉ်မဲုင်ခါဟောင်း
ဘယ်တုန်းက လာသလဲ
လွဉ်မာဟာနီ,သြ
မနေ့က လာတယ်
လွဉ်ဟန်;နီ,သြ
ဒီနေ့ပဲ လာတယ်
လွဉ်ညလဲဉ်းသြ
လာတာကြာပြီ
သဲင်,သွူနဲ့
ပြန်တော့မလား
သဲင်,သွူသြ
ပြန်တော့မယ်
သဲင်,တဝ်းဒွုန်းသြ
မပြန်သေးဘူး
အီသဲင်,မဲုင်,ခါ
ဘယ်တော့ပြန်မလဲ
လွဉ်ဖြေ,ထာမဲုင်,
ဘာလာဝယ်သလဲ
လွဉ်စာထာမဲုင်,
ဘာလာရောင်းသလဲ
လွဉ်ဖြေ,ကာ,သြ
ကားလာဝယ်တယ်
ဖြေ,ထွူလဲဉ်းနဲ့
ဝယ်ပြီးပြီလား
ဖြေ,တဝ်းဒွုန်းသြ
မ၀ယ်သေးဘူး
ဖြေ,ထွူလဲဉ်းသြ
ဝယ်ပြီးပြီ
အဝ်;ထွုမ်;တွင်,သြ
ရှာနေဆဲပဲ
ထွုမ်;မော့တဝ်းဒွုန်းသြ
ရှာလို့မတွေ့ သေးဘူး
ထွုမ်;ကိုခွေမွိုင်သြ
ကျွန်တော်တို့ကိုကူရှာပေးပါ
နာ,သေနေဟောင်း
ခင်ဗျားသိသလား
နာ,ထျအဝ်;နေဟောင်း
ခင်ဗျားမှာရှိသလား
နာ,ထီ;နေဟောင်း
ခင်ဗျားမြင်သလား
တပေါ;ညာ,တဝ်းသြ
သိပ်မဝေးဘူး
ဗော့ဗော့လွုမ်,သြ
နီးနီးပဲ
ခကွဉ်;ဖဲ့,
အရှေ့ဖက်မှာ
ခချာ ဖဲ့,
အနောက်ဖက်မှာ
ခထင်, ဖဲ့,
မြောက်ဖက်မှာ
ခနဝ်, ဖဲ့,
တောင်ဖက်မှာ
လွဉ်ခမဲုင်,ဖြာ,
ဘယ်နှစ်ယောက် လာသလဲ
လွဉ်သွံဖြာ,
သုံးယောက် လာတယ်
မွူးရောဝ်,နီ,
မနက်ဖြန်
မဲ့နီလွဉ်
ကျွန်တော်တို့လာမယ်
နာ,အုံပွေါးယိုကိုနော်း
ခင်ဗျား ဒီမှာစောင့်နေပါနော်

အားလုံးကိုလေးစားလျှက်ခွန်အောင်မိုး(ထီအုံ)(၆မဲုင်)တောင်းကီ

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts