Showing posts with label သ​တင်း. Show all posts
Showing posts with label သ​တင်း. Show all posts

May 4, 2013

ရှမ်းပြည်မှာ မိုးသည်းထန်၊ လေပြင်းတိုက်လို့ ၁၁ ဦးသေ

ရှမ်းပြည်နယ် ကလော၊ ဆီဆိုင်၊ ကျောက်မဲဒေသတွေမှာ မိုးသည်းပြီး လေပြင်းတိုက်လို့   ၁၁ ဦး သေဆုံး ပြီး ၇ ဦး ဒဏ်ရာရ၊ ၄ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ 

 မုံရွာမြို့မှာ လေပြင်းတိုက်လို့ သစ်ပင်တွေ ပြိုလဲပြီး ကားတစီးပေါ်သို့ ပိနေပုံ၊ ဓာတ်ပုံ- ဧရာဝတီ
မေလ ၂ ရက်နေ့ နံနက် ၁ နာရီကျော်လောက်မှာ ကလောမြို့နယ်၊ ရွှေမင်းဖုန်း ကျေးရွာအုပ်စု၊ ရွှေတောမှာ မိုးသည်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်တွေ ပြိုလဲ၊ အဆောက်အအုံတွေ ပျက်စီးပြီး ရပ်ကွက်နေ စုစုပေါင်း လူ ၈ ဦး သေဆုံးခဲ့ပါတယ်။ 

 ရွေကျင်တဲ့ ရွှေတောမှာ  ၃ ဦး သေဆုံး ပြီး ၄ ဦးပျောက်ဆုံးနေတယ်လို့ ယနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် စုစုပေါင်း သေဆုံးသူ ၁၁ ဦးရှိတယ်လို့ သတင်းစာက ဆိုပါတယ်။ 

ဆီဆိုင်နဲ့ ကျောက်မဲမြို့တွေမှာလည်း မိုးသည်းထန် လေပြင်းတိုက်တဲ့အတွက် သစ်ပင်ကြီးတွေ ပြိုလဲပြီး လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါသေးတယ်။ 

ဒီအပြင် မကွေးတိုင်း တောင်တွင်းကြီးဘက်မှာလည်း မိုးသည်းထန်လေပြင်းတိုက်လို့ သစ်ပင်တွေပြိုလဲ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနေ့ကလည်း မုံရွာမြို့၊ ကလေးမြို့တွေမှာလည်း လေပြင်းတွေ တိုက်၊ မိုးသည်းသည်း ရွာသွန်းတဲ့ အတွက် သစ်ပင်ကြီးတွေ ပြိုလဲပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ပါသေးတယ်။ 

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts