ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိဟိုတယ်စီမံကိန်းနေရာတွင်
(၂၉-၁-၂၀၁၃) ရက်နေ့ နေ့လည် (၁၁) နာရီအချိန်ခန့်တွင်
မြေသားလမ်းဖောက်လုပ်နေသော မြေထိုးစက်များအား ဆက်လက်လုပ်ကိုင်မှု မပြုလုပ်ရန်
အင်ကြင်းကုန်းကျေးရွာနေ ကိုအောင်ကျော်မျိုး ဦးဆောင်သော
ရွာသူရွာသား (၄၀) ဦးခန့်တို့နှင့် ဟဲယာရွာမကျေးရွာရှိ အနောက်ရွှေကျောင်းမှ
ကျောင်းထိုင်ဆရာတော် ဦးခေမာနန္ဒ ဦးစီးသော သံဃာတော် (၁၅) ပါးခန့်တို့သည်
မြေထိုးစက်၏ရှေ့မှ ပိတ်ဆို့တားဆီးခဲ့သဖြင့် ဟိုတယ်ဇုန်စီမံကိန်းမြေသားလုပ်ငန်းအား ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။ အဆိုပါနေရာသို့...

ဗွေ;ဗွန်သီ;သဲင်;ဟော်,
ပိုမွိုက်တွမ်းပိုလိမ္မား(၁)
ပိုမွိုက်တွမ်းပိုလိမ္မား(၂)
ပိုမွိုက်တွမ်းပိုလိမ္မား(၃)
ပိုမွိုက်တွမ်းပိုလိမ္မား(၄)
ပိုမွိုက်တွမ်းပိုလိမ္မား(၅)
ပိုမွိုက်တွမ်းပိုလိမ္မား(၆)
ပိုမွိုက်တွမ်းပိုလိမ္မား(၇)
ပိုမွိုက်တွမ်းပိုလိမ္မား(၈)
ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၇)
ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၆)
ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၅)
ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၄)
ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၃)
ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၂)
ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ(၂)
ဝွေ,သီးကေ;နပ်တောဝ်းဗွေ;ဘုရာ,(၁)
အခွေ(၁)...
ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃
တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့
ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို
အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။
အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင်
ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ တသီတတန်းကြီး ပေါ်လာပါတယ်။ အဲဒါတွေကတော့ ... 1) အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။ 2) ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။ 3) သက်ကြီးရွယ်အို မိဘဘိုးဘွားများ၊ တစ်နေ့ မိဘဘိုးဘွားဖြစ်လာမည့်သူများ...

ကဲ 3D သမားများအတွက် Autodesk 3D Max အသုံးပြုနည်း စာအုပ်ကို
တင်ပေးလိုက်ပါတယ်။ 2D 3D စိတ်ဝင်စားသူများ ဖတ်ရှု့လေ့လာ နိုင်ပါတယ်။
လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ Download လုပ်တဲ့အခါ
link တစ်ခုက မရရင် တစ်ခြားတစ်ခုကနေ Download လုပ်ပါ။ အားလုံးကို Download
လုပ်ရမှာ မဟုတ်ပါဘူး။ အဲ့ထဲကနေ ကို Download လုပ်ရတာ အဆင်အပြေဆုံး တစ်ခုကို
ရွေးပြီး Download လုပ်ပါ။
Mediafire | Minus | Sharebeast | Fileclo...

ခမ်းပေါင်,စွုမ်; ပအိုဝ်းစွိုးခွို, လိုယွဲးညီ;လာ;ခံ; ထွာနွောင်,ရေ, ပွယ်,အုံကွံ (ပြည်ထောင်စုပအိုဝ်းအမျိုးသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မရှင် အစည်းအဝေးပွဲ) ====================================== ခမ်းပေါင်,စွုမ်; ပအိုဝ်းစွိုးခွို, လိုယွဲးညီ;လာ;ခံ; ထွာနွောင်,ရေ, ပွယ်,အုံကွံ (ပြည်ထောင်စုပအိုဝ်းလူငယ်များ ညီလာခံ ကော်မရှင် အစည်းအဝေးပွဲ)
ကို ၁၃၇၄-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၂)ရက် (၂၈-၁-၂၀၁၃) တနင်္လာနေ့
နံနက်(၉)နာရီအချိန်တွင် ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်း၌...
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့လုပ်ရပ်တွေ၊ သမိုင်းလိမ်၊ သမိုင်းတုတွေဟာ
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရဲ့ အကြီးမားဆုံးသော
အဟန့်အတားတွေဖြစ်သလို နောက်ထပ်ပြဿနာတွေ ဖြစ်ပေါ်စေရေးကိုလည်း
ဦးတည်နေပြန်တယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားပါတယ်လို့ လူကြားကားအောင်
ပြောနေ ရေးနေကြပေမယ့် လက်တွေ့လုပ်ရပ်တွေဟာ တတိယအကြိမ်ပြဿနာဖြစ်ရေးကို
လှုံ့ဆော်နေတာတွေရှိတယ်။ တဘက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ
ပုံဖော်ခဲ့တဲ့ ဘာသာရေးပဋိပက္ခပုံစံမျိုး မဖြစ်ခဲ့မှုအပေါ်မှာ
သူတို့ဖြစ်ချင်တဲ့ ဘာသာရေးပဋိပက္ခမျိုးဖြစ်အောင် လှုံ့ဆော်မှုတွေ
ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြတယ်။...

(၈)ကြိမ်မြောက်ဆူရင်အပြည်ပြည်ဆိုင်ရာရိုးရာယဉ်ကျေးမူ့ ပွဲတော်တွင်ပါဝင်ဖြေဖျော်ကပြမည့်ပအိုဝ်းယဉ်ကျေးမူ့အကအဖွဲ့ ထိုင်းနိုင်ငံ အြ့ပည်ပြည်ဆိုင်ရာ SUWONNABUMI AIRPORT သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံရောက်ပအိုဝ်းအဖွဲ့မှ ကြိုဆိုစဉ်ပုံရိပ်များ
...

ခွန်ထီးခမ်း တောင်ကြီး
(တောင်ကြီးတိုင်းမ်)။ ။ ယခုနှစ် ၂၀၁၂ ခုနှစ်တွင် ကြက်သွန်ဖြူကို
အဓိကစိုက်ပျိုးတဲ့ ပအိုဝ်းတောင်သူလယ်သမားများမှာ ကြက်သွန်
ဈေးနှုန်းမရှိသည့်အတွက် ၂၀၀၇ ခုနှစ်က ကြုံတွေ့ခဲ့ရသည့်အတိုင်း
မိမိတို့ကြက်သွန်ကို သွန်ပစ်ရတော့မည့်အလားအလာသို့ ရောက်ရှိနေပါသည်။
ရှမ်းပြည်တောင်ပိုင်းတွင်
တောင်သူလယ်သမားအများစုသည် ပဲပုတ်စိုက်ပြီး ကြက်သွန်ဖြူကို အဓိက
စိုက်ပျိုးကြသည်။ လယ်စပါးစိုက်ခင်း ရိတ်သိမ်းပြီးသည့်နောက် အချိန်မှီ
မြေထွန်ပြီး...
ခွန်ထီးခမ်း တောင်ကြီး။
။ ၁၉၉၇ ခုနှစ်တွင် ဦးချစ်လယ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုမှ
တပ်စခန်းများ တည်ဆောက်ဖို့ အတွက်ဆိုပြီး ဆီဆိုင်မြို့နယ်
ဆိုက်ခေါင်စံပြကျေးရွာ အနောက်ဘက်ရှိ ခြံပိုင်ရှင် (၁၁)
ဦးပိုင်မြေကွက်များကို သိမ်းဆည်းခဲ့သည်။ မြေကွက်များကို
တပ်စခန်းမတည်ပဲ မြေယာ ၇၅ ပေပတ်လည်တစ်ကွက်ကို ၂၆၀ ကွက်ရိုက်ကာ
မြေသိမ်းသည့်သူများက ရောင်းစားရာမှ မြေပိုင်ရှင်များက လက်မခံသောကြောင့်
မြေအရှုပ်အထွေး ၄ နှစ်ခန့် ရှိပြီဟု သိရသည်။ “အမျိုးသားရေးအတွက်
တပ်စခန်းတည်ဖို့ဆိုတော့ လက်ခံခဲ့ပါတယ်။ နောက်မှ ဦးလေးတို့က သူတို့တွေ
မြေသိမ်းစ ကတည်းက မြေဦးစီး...

ခွန်စိမ်းမောင်(တောင်ကြီး)၊
ဖန်ငါခရိုင်၊ တကိုထုန်းမြို့နယ်၊ ခုတ်ကလွယ်ရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ
တစ်ရာကျော် စာသင်နေတဲ့ ဆောက်လုပ်ဆဲအခြေခံပညာမူလတန်း
ဝပ်ထာနွန်စာသင်ကျောင်းအတွက် ၀ပ်ထာနွန်ကျောင်းထိုင် ဆရာတော်မှတဆင့်
ကျောင်းအုပ်ဆရာကြီးအား စာသင်ကျောင်း တည်ဆောက်ရေး
မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းအလှူငွေ ဘတ် (၂၀၀၀၀၀) နှစ်သိန်းကို
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆောက်လုပ်ဆဲ မူလတန်းကျောင်းအတွက် ကျောင်းအုပ်ကြီးအား...

ခွန်စိမ်းမောင် (တောင်ကြီး) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏
(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ
နောင်တောင်းပရဟိတကျောင်းတိုက်၌ ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။
နောင်တောင်းပရဟိတကျောင်းထိုင် ကျောင်းသူများ ဖျော်ဖြေကပြစဉ်။(ဓာတ်ပုံ- နောင်တောင်းပရဟိတကျောင်း)ထိုအခမ်းအနားသို့
ဟိုပုံးမြို့ပအိုဝ်းတိုင်းရင်းသားများနှင့် မိဘပြည်သူများနှင့်
တိုင်းရင်းသားပေါင်းစုံ ကျောင်းသားကျောင်းသူများ...

ခွန်စိမ်းမောင် (တောင်ကြီး)
ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်၌ ၁၃၇၄ ခုနှစ်၊ နတ်တော်လ ကွယ်
(လဆုတ် ၁၄ ရက်) (၁၁၊ ၁၊ ၂၀၁၃) သောကြာနေ့တွင် စာသင်တိုက်အတွင်းရှိ
သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချအလှူပွဲတစ်ရပ်ကို
ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
သတင်းဓာတ်ပုံ ခွန်ခမ်းကူ
ကျောင်းအလှူရှင်မှာ
အောင်ပန်းမြို့က (ရွှေပြည်ညွှန့်ပွဲရုံ) ပိုင်ရှင်များဖြစ်ကြတဲ့ ပွဲစားကြီး
ဖြားစင်,ဖါညွှန့် + စင်,မွိုးလွဉ်း...

ခွန်စိမ်းမောင် (တောင်ကြီး)
ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့ရှိ မြန်မာပြည်ကလာတဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက်
ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ကွန်ပျုတာပညာရေးဆိုင်ရာ
အခမဲ့သင်တန်းကျောင်းကို ဒီနေ့ (၁၃-၁-၂၀၁၃ ) ခုနှစ် ဘန်ကောက်မြို့ ဘန်ကပိ
(ဟက်ပီးလဲန်) ရပ်ကွက်မှာ စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိပါတယ်။
“ကျနော်တို့
သင်တန်းကျောင်းလေးမှာ အထူးသဖြင့် ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ကွန်ပျုတာ
ပညာတွေကို ဘန်ကောက်မြို့အေပက်...

ခွန်ထီးခမ်း ရန်ကုန် (တောင်ကြီးတိုင်းမ်)။ ။ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၈)
ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုဖလှယ်ပွဲသို့
မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖျော်ဖြေ တင်ဆက်ကပြမည့်
ပအိုဝ်းအမျိုးသားကိုယ်စား အကအဖွဲ့က ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့၌
ရန်ကုန် ဗဟန်းမြို့နယ်ရှိ တောင်ကြီးကျောင်းတိုက်တွင် ပဏာမ
ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။
နန်းခင်ဇေယျာမှ မိမိအတွေ့အကြုံကို ဝေငှဖလှယ်နေစဉ် (ဓာတ်ပုံ၊ ခွန်ထီးခမ်း)
နိုင်ငံပေါင်း...