March 29, 2013

မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

ပအိုဝ်းအမျိုးသားနေ့ အခါတော်သမယ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၆ ရက်) မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်ကျေးရွာမှာ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အခမ်းအနားတရပ်ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၀ံသ မှ ပွဲတော်ကို ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ ထိမ်းသိမ်းကြဖို့ စတဲ့ သြ၀ါဒစကားများ မိန့်ကြားတော်မူခြင်းနှင့် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို...

March 28, 2013

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက် မီးလောင်မှု

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက် သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး...

March 27, 2013

""""ဟိုပုံးမြို.ဆိုသည်မှာ..."" "

ဟိုပုန်းမြို့ သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့ နယ် ၏မြို့ ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများအား အာဏာမစွန့်လွတ်မီက ဟိုပုန်းသည်မြို့ စားနယ်တစ်နယ်ဖြစ်ခဲ့ရာ ထိုစဉ်ကဟိုပုန်းမြို့ သည် ဟိုပုန်းမြို့ စား၏ ရုံးစိုက်မြို့  ဖြစ်လေသည်။ ယင်းသည် ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမှအရှေ့စူးစူး ၁၂ မိုင်ကွာအရပ်၌တည်ရှိလေသည်။ ဟိုပုန်းဟူသော အမည်သည် မြို့ နယ်တည်ရှိရာ ရေမြေကိုအစွဲပြု၍...

March 25, 2013

စိုက်ပျိုးရေးဒေသ တောင်ကြီးအတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲ

ပိုးသတ်ဆေး ဥပဒေ နှင့် မြေသြဇာ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ဆွေးနွေးပွဲများကို စိုက်ပျိုးရေးဌာနက မြို့ကြီးအများအပြားတွင် ပြုလုပ်လျက်ရှိရာ ယနေ့ အလှည့်ကျသည့်မြို့မှာ တောင်ကြီးမြို့ ဖြစ်သည်။ တောင်ကြီးမြို့ စိုက်ပျိုးရေးရုံးတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပိုးသတ်ဆေး၊ မြေသြဇာ သုံးသည့် တောင်သူများ၊ ရောင်းချသည့် လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးဌာန အရာရှိကြီးများ တက်ရောက်ကြသည်။ စိုက်ပျိုးရေးဦးစီးဌာန ဥပဒေ ပညာရှင်က ပိုးသတ်ဆေး ဥပဒေ နှင့်...

March 23, 2013

တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့ အထိန်းအမတ်ပွဲတော် အခန်းအနားကျင်းပဖွင့်လစ်

ပအိုဝ်းမျိးသားနေ့ဖြစ်သော တပေါင်းလပြည့်နေ့သည် ခေတ်အဆက်ဆက် ရှိလာခဲ့ရာမှာ ပွဲတော်အထိန်းအမတ်ဖြင့်ကျင်းပရာမှ ၂၀၁၃ ခုနှစ်အပါအ၀င် (၆၄)ကြိမ်မြှောက်ရှိပြီး၊ ယခုနှစ် တွင်လည်းတောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် မတ်လ ၂၂ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။ ... အခမ်းအနားအစီအစဉ်တွင် ပအိုဝ်းအမျိုးသားနေ့အထိန်းအမတ်ပွဲတော်ကို ယခင် ခေတ်အဆက်ဆက် မှာလည်း ကျင်းပလာခဲ့ပြီး လာမည်နောက်နှစ်နောင်နှစ်တွေမှာလည်း ဒီထက်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရမှာ ထိန်းသိမ်းသွားရမှာဟာ ကျွန်တော်တို့ ပအိုဝ်းတမျိုးသားလုံးရဲ့...

March 20, 2013

ပအိုဝ်းလူမျိုးများသည် သူတစ်ပါးတွေရဲ့ကြားထဲမှာ အမေ့ခံထားရသည့် ဘ၀များအဖြစ်သို့မရောက်စေလို

ပအိုဝ်းလူမျိုးများသည် ရှေးပဝေသဏီမှာကတည်းက မြန်မာပြည်မှာနေရာအနံ့ ပြန့်နံ့စွာနေထိုင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းနှင့်ရှမ်းပြည်တောင်ပိုင်း၊ထိုင်းနိုင်ငံဘက်ခြမ်းစသည့်ပြည်နယ်တွေမှာ ခုထက်ထိနေထိုင်လျှက်ရှိကြပါသည်။ရှမ်းပြည်ဘက်တွေမှာဆိုရင်ရှမ်းပြည်စော်ဘွားခေတ်မတိုင်ခင်ကသော်လည်းကောင်း၊ ရှမ်းပြည်စော်ဘွားအာဏာကြီးထွားစဉ်ကာလ တုန်းကသော်လည်းကောင်း ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးပြီးရင် ထင်ရှားသည့်လူမျိုးတစ်မျိုးဖြစ်ပါသည်။ ပဒေသရာဇ်စနှစ်ဆိုးတော်လှန်ရေးကိုတက်ညီလက်ညီအတူတကွတိုက်ပွဲဝင်ခဲ့ကြပြီး၊ ထင်ရှားသည့်ခေါင်းဆောင်များမှာ ဆီဆိုင်က စ၀်ခွန်ကြည်၊...

PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ

ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုသည်။ “မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့...

March 18, 2013

လေ့လာစရာများပြည့်လျှမ်းပြီး အေးချမ်းမှုများပေစွမ်းနေသည့်ဟိုပုံးမြို့နယ်မှ ထမ်းစမ်းဂူ

၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံများ အနက်မှ ခရီး သွားဧည့်သည် များက အဆိုပြု ခံရခြင်း အများဆုံး (၁ဝ) နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ နှစ်ဆန်းပိုင်းက ဖတ်လိုက် ရသဖြင့် နိုင်ငံသား တစ်ယောက် အနေဖြင့် ဂုဏ်ယူ ခဲ့ဖူးသ...

March 16, 2013

ရှမ်းပြည်နယ် ထဲ က ရှေးဟောင်း မွေတော် ကက္ကူ ဘုရား

မွေတော် ကက္ကူ ဘုရားသမိုင်း မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊ ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။ မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ်...

တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ကို ပြည်တွင်းပြည်ပတွင် ကြီးကျယ်ခန်းနားစွာ ကျင်းပဖို့ ပြင်ဆင်

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆/၃/၂ဝ၁၃) တွင် ပြုလုပ်ကျင်းပမည့် “ပအိုဝ်းအမျိုးသားနေ့” အခမ်းအနားသည် ယခင်နှစ်များနှင့် မတူ တစ်မူထူးခြားသော ဂုဏ်ဝိသေသများဖြင့် ကြီးကျယ်ခန်းနားစွာ ကျင်းပကြမည်ဖြစ်ကြောင်း ပအိုဝ်းအင်တာနက်ကွန်ယက် စာမျက်နှာတွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ ဖိတ်စာများက ဖော်ပြထားပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်လည်း ပြီးခဲ့တဲ့ ၉ ရက် ၃ လ ၂၀၁၃ ခုနှစ်မှာ ပုံလောင်းရွာအနီး၊ ဒဲဉ်သီးဗွေကွင်းမှာ တပေါင်းပွဲတော် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအားကစား ဖွင့်ပွဲအခန်းအနားတစ်ရပ်ကိုလည်း ကျေးရွာပေါင်းစုံမှ ဘောလုံးအသင်း...

ကာမလှုံ့ဆော်ဆေးဝါးများ

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င် နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့် ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ နေရာဖြစ်သော ညဈေးတန်းနေရာတွင်...

March 15, 2013

နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက် ကျောင်းတိုက်အထိမ်းအမှတ်ပူဇာ ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၁၃၇၄-ခုနှစ်၊ တပေါင်းလဆန်း(၂)ရက် (၁၃-၃-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့ နံနက်(၈း၀၅)နာရီလောက်မှာ နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက် ကျောင်းတိုက်အထိမ်းအမှတ်ပူဇာအနေနဲ့ ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ နောင်တရားကျောင်းဆရာတော် ဦးဂန္ဓမာ၊ နမ်းပါလင်းကျောင်းဆရာတော် ဦးဝါယာမ၊ လေတဲက်ကျောင်းဆရာတော် ဦးဥာဏိဿရ အရှင်မြတ်တို့က သြ၀ါဒါစရိယအဖြစ် ကြွရောက်သြ၀ါဒပေးပါတယ်။ ပင့်ထားတဲ့ စာထောက်စာမဆရာတော်တွေအပြင် နောင်တရားကျောင်းဒကာများ၊ သံဃာဝေယျာဝစ္စအလှည့်ကျတဲ့ ဥာဏ်ပင်ရွာက ဒကာ/မတွေနဲ့၊ နောင်တရား- ကောင်နာ- နောင်ဘုရားကုန်း-...

ဖားကန့် ရတနာမြေနဲ့ မြန်မာပြည်စီမံကိန်းများ

ဖားကန့်မှာ တောင်တွေ တစ်လုံးပြီးတစ်လုံး ကုန်သွားတာ ဒေသခံတွေ မျက်ရည်ကျရကောင်းမှန်း မသိခဲ့ဘူး။ တစ်သက်လုံး ဥရုချောင်းရေကို သုံးလာ ချိုးလာကြပေမဲ့ ကျောက်စိမ်းတွင်း တွေကြောင့် ချောင်းရေတွေ သုံးမရတော့လို့ အိမ်တိုင်း မိမိငွေနဲ့ ရေတွင်းတူးကြရတဲ့အခါ ချောင်းတွေကို နှမြောလို့ဆိုပြီး ကျောက်စိမ်းကုမ္ပဏီတွေ အလိုမရှိလို့ အော်ရကောင်းမှန်း မသိခဲ့ကြဘူး။ ချောင်းတွေ တိမ်ကောကုန်လို့ နှစ်တိုင်း ချောင်းရေလျှံပြီး အိမ်တွေ ရေမြှုပ်ကုန်တာလည်း ဘယ်သူ့ကိုစွပ်စွဲရကောင်းမှန်း...

တောင်ကြီး-ဇလဲ လမ်းမပေါ် ကျူးကျော်ဆောက်လုပ်သည့် ကုန်စုံဆိုင် ပြန်လည်ဖျက်သိမ်းရန် ဆိုင်ရှင်ကိုသတိပေး

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ တောင်ကြီး-ဇလဲ လမ်းနယ်နမိတ်အတွင်း ကျူးကျော်အဆောက်အဦးဖယ်ပေးရန် မြို့နယ်အုပ်ချုပ်ရေး မှူးက အကြောင်းကြားစာပေးပို့ထားသော်လည်း ယခုဖယ်ပေးခြင်းမရှိကြောင်း မတ်လ ၁၄ ရက် နားယောင်းကျေးရွာနေ ဦးလယ်က ပြောသည်။ နားယောင်းကျေးရွာ တောင်ကြီး- ဇလဲ လမ်းမပေါ်ရှိ ဦးခွန်စိန်ဝင်း၏ ကုန်စုံဆိုင်သည် ၂၀၀၇ ခုနှစ် ၉ လ ၉ ရက်တွင် ဆောက်လုပ်ပြီး လမ်းအလယ်ဗဟိုမှ ပေ ၂၀၊ အနောက်ဦးလယ်ခြံက ၁၀ ပေ ဝန်းကျင်ပေါ်တွင် ဆောက်လုပ်ထားကြောင်း သိရသည်။ တရားဝင် ခွင့်ပြုချက်မရဘဲ လမ်းပေါ်မှာနေထိုင်ခြင်း၊ သူများပိုင်ခြံပေါ်ချဲ့ယူခြင်း၊ အဆောက်အဦးကို...

March 12, 2013

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန် ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ် ရဲစခန်းက ပြောသ...

ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့၊ ရွာသားပိုင် ခြံယာများ အဓမ္မရောင်းခိုင်း

ပြည်သူ့စစ်အဖြစ်သို့ အသွင်ပြောင်းသွားသည့် ရပခလက်အောက်ခံ ဗိုလ်မှူးခွန်လာ ဦးစီးသည့် ပအိုဝ်းအမျိုးသားတပ်မတော်PNA(သို့မဟုတ်) ပအိုဝ်းပြည်သူ့စစ်သည် ဒေသခံရွာသားများဘိုးဘောက်စဉ်ဆက် ပိုင်ဆိုင်သည့် စိုက်ပျိုးရေးခြံယာများနှင့် သစ်တောများကို အတင်းအဓမ္မ  ရောင်းခိုင်းနေကြောင်း သိရပါတယ်။ ပြည်သူ့စစ်အသွင်ပြောင်းသွားသည့် ဗိုလ်မှူးခွန်လာ ဦးစီးသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (Pa-O National Army-PNA) သည် တောင်ကြီးမြို့ တောင်ဘက်ပိုင်းရှိ နားဘောင်ဈေးခေါ်ကန်တော်ကြီးဈေး၏အနောက်မြောက်ပိုင်းရှိဖါမွိုန်းကျေးရွာအုပ်စုရှိ ကျေးရွာပြည်သူများ ပိုင်ဆိုင်သော...

March 11, 2013

ပင်ခွန်မှာ ဖွင့်လှစ်မည့် (၂၉)ကြိမ်မြောက် ဗဟို;သွဉ်တန်,(ပအိုဝ်းစာပေဆရာဖြစ်သင်တန်း)

=================================== ၁၃၇၅-ခုနှစ်၊ ဗဟိုသွဉ်တန်ပွဲ ဖြစ်မြောက်အောင်မြင်ဖို့အတွက် တပို့တွဲလဆန်း(၈)ရက်နေ့တုန်းက ပင်ခွန်ကျောင်းမှာ ကြိုတင်လုပ်ငန်းဆောင်တာ လုပ်ရမယ့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ ပင်လောင်း/နောင်တရားမြို့နယ်က တာဝန်ရှိသံဃာ/လူပုဂ္ဂိုလ်တွေ တက်ရောက်ကြပြီး တိုင်ပင်ညိနှိုင်းဆွေးနွေးကြပါတယ်။ ပအိုဝ်းစာပေပြန်ပွားရေး ဗဟိုသံဃာက ဦးစီးဖွင့်လှစ်တဲ့ သည်နှစ် (၂၉)ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်း (ဗဟိုသွဉ်တန်)ကို ၁၃၇၅-ခုနှစ်၊ ကဆုန်လဆန်း(၂)ရက် (၁၁-၅-၂၀၁၃) စနေနေ့မှာ စုကြပြီး (၃)ရက်နေ့မှာ စတင်ပို့ချမယ်လို့ သိရပါတယ်။ ကဆုန်လဆန်း(၁၀)ရက်နေ့အထိ...

March 8, 2013

ကလေးများအတွက် တရားစခန်း

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) တရားစခန်းဝင်ခြင်းမှာ လူကြီးတို့၏အလုပ်သာ ဖြစ်သည်ဟု ယူဆရဖွယ် ရှိသော်လည်း တောင်ကြီးမြို့တွင် ကလေး ၂ဝဝ အထိ ယခု ရက်ပိုင်း တရားစခန်းဝင်မည်ဖြစ်သည်။ ယခုလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကန်အောက်ရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်သည့် တရားစခန်းတွင် ကိုရင် အပါးတရာ၊ သီလရှင်အပါး တရာအထိ လက်ခံမည်ဟု သိရသည်။ ကလေးတရားစခန်းကို စတုတ္တအကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းဝေယျာဝစ္စအဖွဲ့ဝင် ဒေါ်စန္ဒာကရှင်းလင်းပြောဆိုသည်။...

တောင်ကြီးမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်အနီးတွင် တောင်ကြီးမူးယစ် အဖွဲ့နှင့် သက်သေများမှ မတ်လ(၇)ရက်နေ့တွင် တရားမ၀င်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။ တောင်ကြီးမူး ယစ်အထူးနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးစီး ရဲတပ်ဖွဲ့ဝင် များသည် မတ်လ(၇) ရက်နေ့ နေ့လည်ပိုင်းတွင် စိုင်းနန္တော (ပင်လုံမြို့နေ သူ) မောင်းနှင်လာသော ကန်ဘိုအမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ တရားမ၀င်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း...

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။...

ဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊

 အစားထိုးစိုက်ပျိုးရေးနှင့် အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း အား ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကို ကိုယ်စား ဦးခွန်မောင်သောင်း၊ ပင်လောင်း မဲဆန္ဒနယ်က က မေးမြန်းရာ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဘိန်းသည် ကိုလိုနီ နယ်ချဲ့သမား များ နဲ့ နယ်ချဲ့ရာတွင် အတူပါလာသော သီးနှံဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၏ မူရင်းသီးနှံမဟုတ်ပါကြောင်းကို အိမ်နီးချင်း အင်အားကြီးတစ်နိုင်ငံမှ ဘိန်းကြောင့် လွတ်လပ်ရေး...

March 7, 2013

ငါ တို့ နေ့

‎ လူမှာအမျိုး ကြက်မှာအရိုး ဆိုရိုးစကား အစဉ်မှတ်သားလျှက် ပအိုဝ်းမှန်ရင် ထာဝစဉ်မြဲ ရင်ထဲစွဲမှတ် မြတ်မြတ်နိုးနိုး တန်ဖိုးထားအပ် မမေ့အပ်တဲ့ ဒဲဉ်;သီ;လာ,ဗွေ တပေါင်းလပြည့် ငါတို့နေ့၊...

March 6, 2013

ဆရာ့ဘဝ ဘဝဆရာ

  ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။ အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။ ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။ ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။ လူတိုင်းပင် ကျောင်းနေရွယ် ငယ်စဉ်က လေးဘက်နံရံ ပတ်ရံထားသော စာသင်ခန်းကလေးကို ဖြတ်သန်းပြီးမှ လောကကြီးထဲ ဝင်ရောက်ကြရပါသည်။ စာသင်ခန်းကလေးကို မျက်ကွယ်ပြု၍ မရပါ ပေ။ ထိုအခန်းကလေးထဲတွင် သူ့အတွက် လိုအပ်သော ကိုယ်ခံပညာများကို တပ်ဆင်ပေးလိုက်ရ သည်။ လောကဝန်းကျင်ထဲတွင်...

စာပေဟောပြောပွဲ အခွေများစုစည်းမှု

စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂၀၀၉) (ဂျူး) http://www.mediafire.com/download.php?5xp4ca11zvxxbhp ဘ၀နှင့်စာပေ (မော်လမြိုင်) (ဂျူး) http://www.mediafire.com/download.php?z6g884ilhlaislx စာရေးဆရာတစ်ယောက်၏ မှတ်စုများ (မြင်းခြံ) (ဂျူး) http://www.mediafire.com/download.php?5xp4ca11zvxxbhp ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ (တောင်ငူ) (ဂျူး) http://www.mediafire.com/download.php?dvkap33dbbsqoaj အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ (စင်္ကာပူ) (ချစ်ဦးညို) http://www.mediafire.com/download.php?wi1dhp8mhjtxc4y သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်) (ချစ...

March 3, 2013

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts