ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ
အေးစေတီပရိယတ္တိစာသင်တိုက်တွင် ပုရိမ၀ါမှ ထတော်မူကြသော ပဓာနနာယကဆရာတော်ကြီး
အမှူးရှိသော စာချ စာသင် သံဃာတော် အပါး (၃၀၀) ကျော်နှင့် ပင့်သံဃာတော်
အရှင်သူမြတ်တို့အား ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၁၃-၁၁-၂၀၁၂
အင်္ဂါနေ့တွင် စုပေါင်း ဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို
စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသည်။
ကထိန်သင်္ကန်းနှင့်အတူ ဓမ္မမိတ်ဆွေများ လှူဖွယ်ဝတ္တုအစုစုတို့ကို
လှူဒါန်းကြပြီး အေးစေတီပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ကြီးထံမှ
ကထိန်အလှူအနုမောဒနာတရား နာယူကျင့်ပွားကာ ကုသိုလ်အစုစုကို အမျှပေးဝေ
သာဓုခေါ်ကြသည်။
အေးစေတီပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး
0 comments:
Post a Comment