မေ ၂၁ ရက်နေ့ က မွေးနေ့ အလှူ လုပ်ဖို့ ဘာလှူရင်ကောင်းမလဲစဉ်းစားတော့  ...
ကျောင်းဖွင့် ချိန်လဲ နီးနေပြီဖြစ်တဲ့ အတွက်ကြောင့်  ကလေးတွေ အတွက် လိုအပ်မယ့် စာအုပ်တွေ..
စာရေးကိရိယာတွေ ကို တကယ် ကိုလိုအပ်တဲ့ မိဘမဲ့ ဂေဟာ တစ်ခု ကို သွားလှူဖို့ ဆုံးဖြတ်လိုက်တယ် ...
အဲ့တာနဲ့  ပဲ မိဘမဲ့ ကလေးတွေ ကို ပညာသင်ကြားပေးနေတဲ့  ဘုန်းတော်ကြီးပရဟိတပညာသင်ကျောင်း
တစ်ခု ကို ရောက်သွားပါတယ်...
ကျောင်းနာမည် က "ရွှေတောင်တန်း လူငယ်ဖွံ့ ဖြိုးရေးပရဟိတကျောင်း" ပါ....
တောင်ကြီးမြို့  နဲ့  သိပ်မဝေးတဲ့ အေးသာယာမြို့ သစ်၊ နောင်အင်ရွာ ထဲမှာ ရှိတာပါ....။
ကျောင်းကိုရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ဆွမ်းကပ်ဖို့  လာပင့် သွားလို့ ဆရာတော် ကို
စောင့် ရင်း ကျောင်းထဲ ကို လေ့ လာကြည့်မိတယ်..
၂၅ x ၄၀ ပေ အခန်းကျဉ်းလေးထဲမှာ ပြည့်သိပ်နေတဲ့  နှစ်ထပ်ကုတင်တွေ မှာ အရွယ်စုံ
ကလေးမလေးတွေ ကို တွေ့ ရပါတယ်... ရှမ်း၊ ပအို့ ဝ်၊ ဗမာ၊ ဂေါ်ရခါး၊ အင်း၊ ဓနု လူမျိုးစုံ ပါပဲ...
ကျွန်မတို့ ဝင်သွားတော့  ပတ်ဝန်းကျင်နဲ့  စိမ်းနေတဲ့  မျက်လုံးလေးတွေနဲ့  ဧည့် သည် ကို အထူးအဆန်း
လိုက်ကြည့်နေပါတယ်...
အဲ့တာနဲ့ ပါလာတဲ့ ချိုချဉ်ထုတ်ကို နဲနဲလေး ကြီး တဲ့ ကလေးမလေး တစ်ယောက်နဲ့ ဝေပေးခိုင်းတော့ 
ပျော်ရွှင်တဲ့  မျက်နှာလေးတွေ နဲ့  ၀ိုင်းလာကြတယ်...
သူတို့ လေးတွေ အတွက် ဒီလို ချိုချဉ်လေးစားရဖို့ တောင် မလွယ်ပါလားနော်...
သံချောင်းခေါက်သံကြားတော့  ကိုရင်တွေ ကို ဆွမ်းကပ်ချိန်တဲ့  ...
အဲ့တာနဲ့  ဆွမ်းစားတဲ့ အဆောင် ကို ကူးသွားတော့  အပေါက်ဝမှာ ကလေးမလေးတစ်ယောက်က
ချိုချဉ်လေးတွေ ဆက်ဝေပေးတယ်...
အလှူရှင်တွေ ကို မေတ္တာပို့ ပြီးဆွမ်းစားနေတဲ့ ကိုရင်လေးတွေ ကို သွားကြည့်တော့ ရင်ထဲမှာစို့ သွားပဲရှင်...
ကြည့်ပါဦး သူတို့  စားတဲ့ ဆွမ်းပန်းကန်ကို ... ခရမ်းချဉ်သီးချက်တစ်ဇွန်းတည်းပဲပါတာပါ....
ဒီလောက်ပဲလားမေးတော့ ဒီလောက်ပဲတဲ့ ... တစ်ခြား ဘာဟင်းမှလဲ မပါတော့ ဘူး....
အဲ့ တာ ကို မြိန်ရည်ရှက်ရည် စားနေကြတဲ့  ကိုရင်လေးတွေ ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ်....
ကိုရင်လေးတွေ ဆွမ်းစားပြီးတော့  သံချောင်းခေါက်သံ ထပ်ကြားရပါတယ်..
အဲ့ဒီအချိန်မှာ အပြေးရောက်လာကြတဲ့ ကလေးတွေ အများကြီး ကိုတွေ့ ရပါတယ်...
လက်ဆေးဇလုံနှစ်ခုမှာ လက်ဆေးပြီး....
ထမင်းစားဆောင် ကိုဝင်ဖို့  တန်းစီကြတယ်...
မိန်းကလေးတွေ က တစ်တန်း၊ ယောက်ျားလေးတွေ က တစ်တန်း...
ပြီးတော့  ထမင်းစားဆောင်မှာ ကိုရင်လေးတွေ လို ပဲ အလှူရှင်တွေ ကို မေတ္တာပို့ လို့  ...
ထမင်းစားတော့ ခုနက လို ပဲ ခရမ်းချဉ်သီးချက်တစ်ဇွန်းနဲ့  ထမင်းကိုမြိန်ရည်ရှက်ရည် စားနေကြတယ်...
စားနိုင်သောက်နိုင်တဲ့ အရွယ်လေးတွေမို့ ခရမ်းချဉ်သီးချက်တစ်ဇွန်းနဲ့ စားရပေမယ့် လဲ
သူတို့ အတွက်ကတော့ ထမင်းကိုနှစ်ပန်းကန်သုံးပန်ကန် စားနိုင်နေကြတာပါပဲ ....
သူတို့ လေးတွေ အတွက် ဒီလို စားနိုင်တာတောင် အလှူရှင်ရှိလို့ ပါတဲ့  ...
အရင်ကဆို မနက် စာ ကို ဆန်ပြုတ်ပဲကျွေးနိုင် တယ်...
အခုမှ အလှူရှင်တွေ က တောင်းဆိုလို့  ထမင်းသုံးနပ်ကျွေးနိုင်တဲ့ ကျောင်းမှာ
တစ်ရက် ကို ဆန်နှစ်အိတ်ကျော် ကုန်ပါတယ် ....
ကျောင်းမှာ ဘ၀ပေါင်းစုံ ရောက်လာကြတဲ့ ကလေးပေါင်း ၂၅၀ ကျော်ရှိပါပြီ...
သူတို့ လေးတွေရဲ့ ဘ၀အကြောင်းတွေကိုကြားရတာ အရမ်းကိုဝမ်းနဲစရာကောင်းပါတယ်..
မိဘမဲ့ မဟုတ်ပေမယ့် လည်း အကြောင်းအမျိုးမျိုးကြောင့်  ခိုကိုးရာ မဲ့ နေတဲ့ ကလေးငယ်လေးတွေ ကို
ဆရာတော် က ဂရုဏာကြီးစွာနဲ့ လက်ခံထားတာ ... လသားအရွယ် ကနေ အရွယ်စုံ ပါပဲ...
သူတို့ လေးတွေ ထဲ က တစ်ချို့ ကလည်း သာသနာ့ ဘောင်ဝင်ပြီး ကိုရင် ၀တ်နေကြတယ်...
ကိုရင်လေးတွေ အတွက်လဲ စာပေသင်ကြားနိုင်ရေးအတွက် တစ်ခြားမြို့ က သာသနာ နဲ့ ပက်သက်တဲ့ 
ပရဟိတဂေဟာတွေ နဲ့ အဆက်အသွယ် လုပ်ထားပါတယ်...
အခု ဆရာတော် ရဲ့ ပရဟိတကျောင်းမှာ မူလတန်းကနေ အလယ်တန်းထိ ဆရာတော် ဦးစီးပြီး
ပတ်ဝန်းကျင်မှလုပ်အားပေးစေတနာ ဆရာမ တွေ နဲ့  သင်ကြားပေးနေပါတယ်...
အလယ်တန်းအောင်မြင်ပြီး ထူးချွန်တဲ့  ကလေးတွေကိုတော့ အေးသာယာမြို့  အထက်တန်းကျောင်းမှာ
ပညာဆက်သင်စေပါတယ်....
ဆရာတော်ရဲ့ ကျောင်းမှာ ကျောင်းမှာရှိတဲ့ ကလေးတွေတင်မကဘဲ ...ပတ်ဝန်းကျင်က တကယ် ချို့ တဲ့ လို့ 
ကျောင်းမတက်နိုင်ရှာ ပဲ ပညာလိုချင်တဲ့ ကလေးတွေ ပါ လက်ခံပြီး အခမဲ့  ပညာသင်ကြားပေးနေပါတယ်...
စုစုပေါင်း ကျောင်းသားပေါင်း ၅၀၀ ကျော် ၆၀၀ ကျော် နှစ်စဉ်ရှိပါတယ်....
ဆရာတော် ရဲ့ လက်ထဲ ကို ဒီကျောင်းကြီးရောက်လာတော့  ကျောင်းမှာရှိနေတဲ့  ကလေးတွေအတွက်
သင်္ကန်းကိုတောင်ရောင်းပြီး ပြုစုစောင့် ရှောက်ခဲ့ တဲ့ ဂရုဏာကြီးမားတဲ့ ဆရာတော်ပါ...
ဆရာတော်ရဲ့ ဘွဲ့ တော်က ဆရာတော် ဘဒ္ဒန္တသူရိယ(သဒ္ဓမ္မဇောတိကဓဇ) ဖြစ်ပါတယ်..
ဆရာတော်နဲ့ တွေ့ ပြီး ဘာတွေလိုအပ်လဲလို့ လျှောက်ထားတော့ ဆရာတော် က
ကျောင်းမှာ မူကြိုကျောင်းအရွယ်ကလေးငယ်တွေ များပြားကြောင်းနဲ့  ... အဲ့ဒီကလေးငယ်တွေအတွက်
အခြေခံပညာသင်ကြားဖို့ နေရာမရှိသေးကြောင်းနဲ့ ... မူကြိုကျောင်းလေး တစ်ခု လောက်
ဆောက်ချင်တယ်လို့  မိန့် တော်မူပါတယ်... မူကြိုအရွယ်ကလေးငယ်လေးတွေကိုလည်း အများအပြား
တွေ့ ခဲ့ ရပါတယ်...။
မိဘထိန်းချုပ်မှုအောက်မှာ ရှိနေရမယ့် မူကြိုအရွယ် မိဘမဲ့ ကလေးငယ်လေးတွေအတွက် ..
ကျောင်းမရှိလို့  ဒီအတိုင်းအချိန်ကုန်သွားမယ့် အစား... မူကြိုကျောင်းလေးမှာ ပညာသင်ရင်း
ကျောင်းတက်ဖို့ စောင့် နေရတာ ပိုမကောင်းဘူးလားရှင်....
ကျွန်မတို့ တွေသာ သူတို့ လေးတွေနေရာမှာဆိုရင် ဆိုတဲ့ အတွေးနဲ့  စဉ်းစားကြည့်ကြပါ...
အဲ့ တာကြောင့်  ခိုကိုးရာမဲ့ မိဘမဲ့ ကလေးငယ်လေးတွေအတွက် မူကြိုကျောင်းလေးဆောက်လုပ်လှူဒါန်းရေး
မှာ နဲများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ဖို့  ပညာပါရမီဖြည့် နိုင်ဖို့  ဒီပို့ စ်လေးကိုရေးလိုက်ရတာပါရှင်...
အခု တောင်ကြီးမိသားစု က ဦးစီးပြီး အဲ့ ဒီမူကြိုကျောင်းလေးဖြစ်မြောက်ရေးအတွက်
စီစဉ်ဆောင်ရွက်နေပါပြီ.... ကုသိုလ်ပါဝင်လှူဒါန်းလိုသူများအနေနဲ့  အောက်ပါဖုန်းနံပါတ်များသို့ 
ဆက်သွယ်လှူဒါန်းနိုင်ပြီဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်....
ကိုအောင်မိန်း ၊ MTG1 ၊ ဖုန်း 081 23613
ကိုတေဇာ ၊ MTG2 ၊ ဖုန်း 081 21074
အရိုးခေါင်း ၊ email – skinhead.mm@gmail.com
မစိန်လဲ့လဲ့ဝင်း ၊ စင်ကာပူ ၊ ဖုန်း +65 91898642
0 comments:
Post a Comment