(၁) Leadership is getting people to help you. When they are not obligated to do so.
ခေါင်းဆောင်မှု ပညာဆိုတာ လူတွေကို အလုပ်သဘောအရ ၀တ္ထရားအရ မလုပ်လို့ မဖြစ်ဆိုတဲ့
သဘောမျိုးမထားပဲနဲ့ သူတို့မှာ တာဝန်မရှိတာတောင် သင့်ကိုကူညီ ဆောင်ရွက်ပေးတတ်အောင်
သူတို့ကို သင်စည်းရုံးနိုင်စွမ်းရှိမှုကိုခေါ်တာ။
(၂) Have enough confidence in yourself to let the other fellow take some risk.
(Robert J.Buckley)
သင့်လူတွေကို အလုပ်မှာ စွန်စားလုပ်ခွင့်ပေးလိုက်ဖို့ သင့်မှာ လုံလောက်တဲ့ ယုံကြည်မှုမျိုးရှိပါစေ။
(ရောဘတ်ဂျှေဘာကလေ)
(၃) Leaders get out in front and stay there by raising the standards by which
they judge themselves and by which they are willing to be judged.(Fred Smith)
ခေါင်းဆောင်တွေဟာ ရှေ့ကိုထွက်လာပြီး မိမိကိုယ်ကို ဆန်းစစ်အကဲဖြတ်တတ်သလိုမိမိကို သူတပါးက ဆန်းစစ်ဝေဖန်ခြင်းကို လိုလိုလားလားခံယူတတ်ခြင်းဖြင့်သာ သူတို့ရဲ့ အဆင့်အတန်းကို ပိုမိုမြင့်အောင်လုပ်နိုင်တာ။
(၄) If you pay peanuts,expect to get monkeys.
တစ်ကယ်လို့ ခင်ဗျားမြေပဲဘဲ ပေးရင်တော့ မျောက်တွေပဲလာလိမ့်မယ်ဗျ။ (မဖြစ်စလောက်ငွေ တစ်ပဲခြောက်ပြားပဲ ပေးရင်တော့ တန်ရာတန်ကြေးပဲ မျှော်လင့်ထားပါ)
(၅) Few things are more powerful than apositive push.
အပြုသဘောဆောင်တဲ့ တွန်းအားပေးမှုတစ်ခုထက် ပိုပြီးအားကောင်းလှတဲ့ အရာဆိုတာ လောကမှာ မဆိုစလောက်ပဲရှိပါတယ်။
(၆) Credibility is the most important possession of a Leader.
'ယုံကြည်စိတ်ချရမှု ' ဆိုတဲ့အရာဟာ ခေါင်းဆောင် တစ်ယောက်အတွက် ပိုမို အ ရေးပါလှတဲ့ ပိုင်ဆိုင်မှု တစ်ခုပဲ။
(၇) I have never seen aman who could do real work except under the
stimulus of encouragement and enthusiasm, and the approval of
the people for whom he is working. (Clarles Schwab)
တစ်ကယ်စစ်မှန်တဲ့ အလုပ်ကိုလုပ်တဲ့သူဆိုတာ စိတ်အားထက်သန်မှု၊ စိတ်အား
တက်ကြွလာအောင် လှုံ့ဆော်ပေးမှုအောက်မှာ လုပ်ပြီး သူအလုပ်လုပ်ပေးနေတဲ့
လူတွေဆီကနေ သူ့ကိုသဘောကျတဲ့ ထောက်ခံချက် ရရှိထားတဲ့ သူတွေဆီ က
နေသာ ရတာမျိုးဖြစ်တယ် ။ ဒီအချက်ကလွဲပြီး တစ်ကယ့်အလုပ်ကိုလုပ်နိုင်တဲ့ သူ
ကို ကျွန်တော် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။
(၈) The nose of the bulldog has been slanted backwards So that he can
breathe without letting go.( Winston Churchill)
ခွေးဘီလူး ရဲ့ နှာခေါင်းက နောက်ဖက်လန်ထားလို့ လေ ကို သူမလွတ်တမ်း ရှုနိုင်တာဗျ။ (ခေါင်းဆောင် မျက်စိဖွင့်နားကိုစွင့်)
(၉) My responsibility is to be asupervisor, not a superworker.(Fred Smith)
ကျွန်တော့်ရဲ့ တာဝန်က လူတွေကိုကြီးကြပ်လမ်းညွှန်ဖို့ပဲ မနားမနေလုပ်နိုင်တဲ့ မဟာ အလုပ်သမားကြီး လုပ်နေဖို့ မဟုတ်ဘူး (ခေါင်းဆောင်က ခေါင်းဆောင် နေရာနေရန်)(ဖရက်ဒ် စမစ်သ်)
(၁၀) Again and again the impossible problem is solved when we see that
the problem is only atough decision waiting to be made.
(Robert Schuller)
တစ်ကြိမ်ပြီး တစ်ကြိမ် မဖြေရှင်းနိုင်ဘူး လို့ထင်တဲ့ ပြသာနာတစ်ခုကို ဖြေရှင်း ပြီးလိုက်တိုင်း ကျွန်တော်တို့ သိမြင်လာတဲ့ အရာကတော့ ပြသာနာတစ်ခုဆိုတာ က တစ်ကယ်တော့ နင်လားငါလား ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တစ်ခုချရဖို့ စောင့်နေတဲ့ အရာတခုဆိုတာပဲ။
(၁၁) He that won't be counseled can't be helped.
(Benjamin Franklin)
အကြံဥောဏ်ကောင်းပေး ဆွေးနွေးလို့ မရတဲ့သူတွေကို ကူညီပေးဖို့ မဖြစ်နိုင်ဘူး။(ဘင်ဂျမင် ဖရန်ကလင်)
(၁၂) Leadership and followership cannot be separated. Your
followership sets the pattern for your leadership.
ခေါင်းဆောင်ခြင်းနဲ့ နောက်လိုက်ခြင်းကို ခွဲထားလို့မရဘူး ။ သင့်နောက်လိုက်မှုပုံစံက သင့်ခေါင်းဆောင်မှုရဲ့ ရှေ့ပြေးပုံစံပဲ။
(၁၃) The highest purpose for faith is not to change my circumstances
but to change me.
ယုံကြည်မှုအတွက် အမြင့်ဆုံးရည်မှန်းချက်က ကျွန်တော့် အပေါ်မှာ ကျရောက် လာတဲ့ အဖြစ်အပျက်တွေကို ပြောင်းလဲ ပစ်ဖို့ မဟုတ်ဘူး။ ကျွန်တော့် ကိုယ်သာကျွန်တော် ပြောင်းလဲပစ်လိုက်ဖို့ ဖြစ်တယ်။
(၁၄) The first rule of winning.Don't beat yourself.
(Football adage)
အောင်နိုင်မှုရဖို့ ပထမဆုံးပညတ်ချက်က 'မင်းကိုယ်မင်း မရှုံးစေနဲ့ ' (ဘောလုံးဆိုရိုး)
(၁၅) All Leaders will pay aprice to carry out their calling.
ခေါင်းဆောင် တိုင်းဟာ သူတို့ရဲ့ ခေါင်းဆောင်မှု ခေါ်သံ အတွက် ထိုက်တန်တဲ့ အဖိုးအခတော့ ပေးရလိမ့်မည်။
(၁၆) Good executives never put off until tomorrow
what they can get someone else to do today.
တော်တဲ့ စီမံခန့်ခွဲသူတွေဟာ ဒီနေ့ လုပ်နိုင်တဲ့အလုပ်ကို မနက်ဖြန်ထိ ဆိုင်းထားတတ်တဲ့ သူတွေမဟုတ်ဘူး။
(၁၇) Failure to prepare is preparing to fail.
(Mike Murdock)
ကြိုတင်ပြင်ဆင်ဖို့ ရှုံးနိမ့်ခြင်းဟာ ရှုံးနိမ့်ဖို့ ပြင်ဆင် ထားတာနဲ့ အတူတူပါပဲ။ (ကြိုတင်စီမံမှု၊ ပြင်ဆင်မှုမရှိခြင်းဟာ ရှုံးနိမ့်ဖို့ ပြင်ဆင် စီမံလိုက်သလိုပါပဲ)
(၁၈) Even eagles need a push.
(၁၉) A desk is a dangerous place from which to watch the world.
(John Le Carre)
' ခေါင်းဆောင်တစ်ယောက်အတွက် ' အလုပ်စားပွဲပေါ်ကနေသာ စီမံ
(၂၀) Lead, follow, or get out of the way.(Plaque on Ted Turner's Desk)
ခေါင်းဆောင် နိုင်ရင် ခေါင်းဆောင်ပါ၊ နောက်လိုက်ချင်ရင်လဲလုပ်ပါ၊
ဒါမှ မဟုတ်ရင်တော့ လမ်း ဖယ်ပေးပါ။
( CNN ရုပ်သံလွှင့်ဌာန ပိုင်ရှင်၏ အလုပ်စားပွဲပေါ်မှ စာသား)
(၂၁) It is one of the most beautiful compensations of this life that
no man can sincerely try to help another without helping
himself.(Emerson)
လောက ရဲ့ လှပတဲ့ လျော်ကြေးဆိုတာက ကိုယ့်ကိုကိုယ်တောင်
မကူညီချင်တဲ့ လူကို အခြားတစ်ယောက်ကလဲ ကူညီမှာ မဟုတ်ဘူး
ဆိုတာပဲ။
(၂၂) Having Confidence that if you have done a little thing well,
you can do a bigger thing well do.(Storey)
အသေးငယ်ဆုံးအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့ရင်
ဒီထက်ကြီးမားတဲ့ အလုပ်ကိုလည်း အကောင်းဆုံးလုပ်နိုင်မယ်လို့....
(၂၃) A great man is always willing to be little.
(Ralph Waldo Emerson)
ကြီးမြတ်တဲ့သူက အစဉ်နှိမ်ံချဖို့ အသင့်ရှိနေတတ်သူပဲ။
(ရပ်လ်ဖ် ဝေါလ်ဒို အီမာဆင်)
(၂၄) People tend to stay motivated when they see the importance
of the things they asked to do.
လူတွေဟာ အရေးတကြီးလုပ်ရဖို့ ဖြစ်လာတဲ့အခါမှာ လှုံ့ဆော်မှုဘက်
ရောက်လာတတ်ကြတယ်။
(၂၅) There is agreat difference between worry and concern.
A worried person sees aproblems, and A concerned
person solves a problem. (Harold Stephers)
(worry) စိတ်ပူပန်မှုနဲ့ (concern) ဂရုပြုတတ်မှုမှာ ခြားနားမှုရှိတယ်
စိတ်ပူပန်တတ်သူက ပြသာနာတစ်ခုကို ပြသာနာလို့လဲ မြင်တတ်တယ်
ဂရုပြုအလေးထားတတ်သူက အဲဒီပြသာနာကို ဖြေရှင်းတယ်။
(ဟာရိုးလ် စတီဖင်)
(၂၆) A duty dodged is like adebt unpaid; it is only deferred,
and we must come back and settle the account at last.
(Joseph F.Newton)
တာဝန်တစ်ရပ်ကို မလုပ်ဘဲ ရှောင်တိမ်းလိုက်ခြင်းဟာ မပေးရသေး တဲ့
အကြွေး လိုပဲ၊ အဲဒီတာဝန်ရဲ့ အကြွေးကို နောက်ဆုံးတော့
ပြန်စာရင်းရှင်းပေးရမှာပါပဲ။
(ဂျိုးဇက် အက်ဖ်နယူတန်)
(၂၇) Failing doesn't make you afailure.Giving up, accepting your
failure, refusing to try again, does! (Richard Exleg)
ရှုံးနှိမ့်ခြင်းက သင့်ကို ရှုံးနှီမ့်သူ ဖြစ်စေတာ မဟုတ်ပါဘူး။
လက်မြှောက်အရှုံးပေးခြင်း၊ ရှုံးနှိမ့်မှုကို လက်ခံလိုက်ခြင်း၊
နောက်တကြိမ် ပြန်ကြိုးစားဖို့ ငြင်းဆန်ခြင်းတို့ကသာ
သင့်ကို ရှုံးနှိမ့်သူ ဖြစ်စေတာပါ။
(ရစ်ချတ်ဒ် အက်ကစ်လေ)
(၂၈) Dreams are the touchstones of our character.
(Henry David Thoreau)
မျှော်လင့်ချက် အိမ်မက်တွေဟာ ငါတို့ အကျင့်အကြံ၊ အပြုအမူတွေရဲ့
မှတ်ကျောက် တွေပဲ ။ (ဟင်နရီဒေးဗစ်သော်ရိုး)
(၂၉) The most important thing about having goals is having one.
(Gooffry F.Albert)
ရည်မှန်းချက်ပန်းတိုင် များရှိခြင်းရဲ့ ပို အရေးကြီးတဲ့ အရာကတော့
တစ်ခုတည်းကို တစ်စိုက်မတ်မတ်ထားခြင်းပဲ။
(ဂျီအိုဖရီ အက်ဖ် အဲလဘတ်)
(၃၀) If, you see a snake, just kill it. Don't appoint a committee
on snakes. (H. Ross Perot)
မြွေတစ်ကောင်တွေ့ ခဲ့လို့ရှိရင် သတ်သာသတ်ပစ်လိုက် ဒီမြွေကို
ကိုင်တွယ်ဖို့ အတွက်နဲ့တော့ ကော်မတီတစ်ခု ဖွဲ့မနေပါနဲ့။
( အိတ်ခ်ျ ရောစ့် ပဲရော့တ်)
ဆက်ရန်........
0 comments:
Post a Comment