နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နိုင်ငံရေးဖြစ်ပွားစဉ်များ၊
စီးပွားရေးဖြစ်စဉ်များ၊ လူမှုရေးဖြစ်စဉ်များနှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို
မှတ်တမ်းတင်ထားလေ့ရှိကြသည်။ ထိုဖြစ်စဉ်များအားလုံးသည်
သမိုင်းများပင် ဖြစ်သည်။ အထောက်အထားသက်သေ ခိုင်လုံမှုရှိမှသာ သမိုင်းဟုခေါ်နိုင်သည်။
သမိုင်းအတွက် အခိုင်လုံ ဆုံး အထောက်အထားများသည် ကျောက်စာ၊ ပေစာ၊ နှင့်ရှေးဟောင်းပစ္စည်းများပင် ဖြစ်သည်။ ပအိုဝ်းတိုင်း ရင်းသားများသည် တူညီသောဘာသာစကား ၊တူညီသော စာပေ၊ တူညီသော ယဉ်ကျေးမှုနှင့် တူညီသော စီးပွားရေးဘဝများ ရှိကြသည်။ ဆာဝင်တန်ချီက လူမျိုးတစ်မျိုး၏ အတိတ်သမိုင်းကိုအဝေးဆုံးသို့ပြန်
ကြည့်နိုင်သူသည် မိမိလူမျိုး၏ အနာဂါတ်ကံကြမ္မာကို အကွာဝေးဆုံးသို့
မျော်ရှူမြင်နိုင်သည်ဟု ဆိုသည်။
လူသည် ကျောက်ခေတ်လူသား အရိုင်းဘဝမှ လူသားဘဝသို့ ရောက်လာကြသည်။
လူသည်
တီထွင်တတ်သော၊စကားပြောတတ်သော ခြေနှစ်ချောင်း သတ္တဝါဖြစ်သည်။ လူမျိုးသည် ဘာသာစကား ရှိရာ ဓလေ့နွယ်များတူညီကြသော လူစုပင်ဖြစ်သည်။ ကမ္ဘာပေါ် လူဖြူမျိုး၊ လူမဲမျိုး ၊ လူနီမျိုးနှင့်၊ လူဝါမျိုးဟူ ၍ ရှိကြသည်။ အာရှတိုက်တွင် နေထိုင်ကြသောလူမျိုးများသည် လူဝါမျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင် ကြသော လူမျိုးအားလုံးသည် မွန်ဂိုအနွယ်များ ဖြစ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားများသည် တိဘက် တရုတ်မျိုး၊ ကရင်မျိုးခွဲတွင် ပါဝင်သည်။ ကရင်မျိုးခွဲ လူမျိုးများသည် သံလွင်မြစ်၊ မဲခေါင်မြစ်ကိုဖြတ်၍ ရှမ်း ကုန်းပြင်မြင့်၊ သံလွင်မြစ်ဝှမ်း၊ စစ်တောင်မြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဝှမ်း ဒေသများတွင် အခြေစိုက်နေထိုင် ကြသည်။ မြန်မာနိုင်ငံတွင် ရှေးကျဆုံးသောလူမျိုးများသည် ပျူ ၊ကမ်းယံနှင့် သက်လူမျိုးများဖြစ်သည်။ ကမ်းယံသည် ကရင်၊ ကယား၊ ပအိုဝ်းများဖြစ်သည်။ ရှေးစာချိုးများအရ လူမျိုးတစ်ရာ့ တစ်ပါးကို ရှမ်းမျိုး တိ`ံသာ၊ မြန်မာသတ္တ၊ မွန်လေးဝနှင့် ဧကစွန်းကယ်၊ ခြောက်ဆယ်ကုလား၊ ရာတစ်ပါးဟုဆိုသည်။ မြန်မာ ခုနှစ်မျိုးကို သက်နှင့်ရခိုင် နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံ ယော၊ထားဝယ်နှောက မျိုးသတ္တဟု ဆိုသည်။ တောင်သူခေါ် ပအိုဝ်းကို မြန်မာမျိုးနွယ်တွင် ထည့်သွင်းထားသည်။
တီထွင်တတ်သော၊စကားပြောတတ်သော ခြေနှစ်ချောင်း သတ္တဝါဖြစ်သည်။ လူမျိုးသည် ဘာသာစကား ရှိရာ ဓလေ့နွယ်များတူညီကြသော လူစုပင်ဖြစ်သည်။ ကမ္ဘာပေါ် လူဖြူမျိုး၊ လူမဲမျိုး ၊ လူနီမျိုးနှင့်၊ လူဝါမျိုးဟူ ၍ ရှိကြသည်။ အာရှတိုက်တွင် နေထိုင်ကြသောလူမျိုးများသည် လူဝါမျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင် ကြသော လူမျိုးအားလုံးသည် မွန်ဂိုအနွယ်များ ဖြစ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားများသည် တိဘက် တရုတ်မျိုး၊ ကရင်မျိုးခွဲတွင် ပါဝင်သည်။ ကရင်မျိုးခွဲ လူမျိုးများသည် သံလွင်မြစ်၊ မဲခေါင်မြစ်ကိုဖြတ်၍ ရှမ်း ကုန်းပြင်မြင့်၊ သံလွင်မြစ်ဝှမ်း၊ စစ်တောင်မြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဝှမ်း ဒေသများတွင် အခြေစိုက်နေထိုင် ကြသည်။ မြန်မာနိုင်ငံတွင် ရှေးကျဆုံးသောလူမျိုးများသည် ပျူ ၊ကမ်းယံနှင့် သက်လူမျိုးများဖြစ်သည်။ ကမ်းယံသည် ကရင်၊ ကယား၊ ပအိုဝ်းများဖြစ်သည်။ ရှေးစာချိုးများအရ လူမျိုးတစ်ရာ့ တစ်ပါးကို ရှမ်းမျိုး တိ`ံသာ၊ မြန်မာသတ္တ၊ မွန်လေးဝနှင့် ဧကစွန်းကယ်၊ ခြောက်ဆယ်ကုလား၊ ရာတစ်ပါးဟုဆိုသည်။ မြန်မာ ခုနှစ်မျိုးကို သက်နှင့်ရခိုင် နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံ ယော၊ထားဝယ်နှောက မျိုးသတ္တဟု ဆိုသည်။ တောင်သူခေါ် ပအိုဝ်းကို မြန်မာမျိုးနွယ်တွင် ထည့်သွင်းထားသည်။
ဗြိတိသျှနယ်ချဲ့တို့သည် ၁၈၂၄-ခုနှစ် ၊၁၈၅၂-ခုနှစ်နှင့် ၁၈၅၅-ခုနှစ်များတွင် မတရားကျူးကျော်စစ် (၃)ကြိမ်ဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို သိမ်းပိုက်၍
ကျွန်ပြုခဲ့သည် ။ကျူးကျော်စစ်(၃)ကြိမ်တွင် ရှမ်းပြည်နယ်မှ သူ့ကျွန်၏မခံအာဇာနည် မျိုးချစ်လူမျိုးပေါင်းစုတို့မှ
အရေးကြီးသွေးနီး ဆိုသည့်အတိုင်း ဝိုင်းတိုက်ခဲ့ကြသည်။ နယ်ချဲ့တို့ ရှမ်းပြည်နယ်ကို မသိမ်းပိုက်နိုင်စေရန် ရပ်စောက်၊ ညောင်ရွှေ၊
ကန္တာရဝတီ၊ ဖယ်ခုံ၊ မိုးနဲနှင့် သထုံ၊ဆီုဆိုင်စော်ဘွားများ၊လင်းပင်မင်းသားနှင့် ပူးပေါင်း၍တိုက်ပွဲဝင်ခဲ့ကြသည်။ သထုံဘီး
လင်းနယ်မှ ပအိုဝ်းအမျိုးသား ဗိုလ်ခန်းနှင့် မရမ်းချောင်း ဆရာတော်တို့က နယ်ချဲ့တို့ကို ရရာလက်နက်ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ နယ်ချဲ့တို့၏ မတရားသော
ကျူးကျော်စစ်ကို ခုခံတွန်းလှန်ရာတွင် ပအိုဝ်းအမျိုးသားများသည်လည်း ပါဝင်ခဲ့ကြသည်။
နယ်ချဲ့အုပ်စိုးစဉ်
အီတလီ၊ ဂျာမနီနှင့် ဂျပန်တို့တွင် ဖက်ဆစ်စနစ်ပေါ်လာသည်။ ဒုတိယကမ္ဘာစစ်
အတွင်း ဝင်ရောက်လာသော ဂျပန်ဖက်ဆစ်များသည် ၁၉၄၂-ခုနှစ်မှ ၁၉၄၅-ခုနှစ်အထိ(၃)နှစ်ခန့် ရက်စက် ကြမ်းကြုတ်စွာ ဖက်ဆစ်ပီပီ မင်းမဲ့စရိုက် အုပ်စိုးခဲ့ကြသည်။ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရအဖွဲ့တွင် ပအိုဝ်းခေါင်းဆောင်
ဦးလှဖေသည် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့ တော်လှန်ရေးတပ်များ
၁၉၄၅-ခုနှစ် မတ်လ(၂၇) ရက်နေ့တွင် ဖက်ဆစ်ဂျန်ပန်များအား အတိအလင်းစစ်ကြေငြာ၍ တစ်ပြည်လုံး တော်လှန်ခဲ့ကြသည်။ စစ်ရှုံး၍လွတ်လာ သော ဖက်ဆစ်ဂျပန်တပ်များကို ဦးခွန်ကြည်နှင့်
ဖြားတန်နမ်းဩ ဦးဆောင်သော ပအိုဝ်းတပ်များသည် ဟိုပုံး၊ နမ့်ခုတ်၊ နောင်မွန်၊ ဘန်းယဉ်၊ ဆီဆိုင်၊
နယ်မှ လွိုင်ကော်ထိ လိုက်လံ တိုက်ခိုက်ခဲ့ကြသည်။
သထုံသိမ်ဆိပ်
နန်းတော်ကျောင်းဆရာတော် ဦးဆောင်သော ပအိုဝ်းမျိုးချစ်များကလည်း ဂျပန် ပညာတော်သင် ရဲဘော်သုံးကျိပ်တို့
အသွားအပြန် အစစအရာရာ အကူအညီများပေးခဲ့ကြသည်။ ပအိုဝ်း တပ်များကြောင့် အထိနာကြသော ဂျပန်တပ်များသည်
ဦးလှဖေအား ၎င်းတို့နှင့်အတူ သံဖြူဇရပ်အထိ ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခဲ့ကြသည်။ ၁၉၄၅-ခုနှစ်၊ မေလတွင် ဗြိတိသျှတပ်များ မြန်မာနိုင်ငံအတွင်း ပြန် လည်ဝင်ရောက်လာခဲ့ကြသည်။
ပဒေသရာဇ်စနစ်သည်
အရင်းရှင်စနစ်မတိုင်မီ ပေါ်ပေါက်ခဲ့သော လူ့အဖွဲ့အစည်းစနစ်တစ်ခုဖြစ်
သည်။ မြန်မာနိုင်ငံတွင် ၁၈၈၅-ခုနှစ် မတိုင်မီ ပဒေသရာဇ်စနစ်များ
ရှိသော်လည်း ၁၈၈၅-ခုနှစ်မှ လွတ်လပ် ရေးရသည်အထိ
နယ်ချဲ့စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ရှမ်းပြည်နယ်တွင် ၁၈၈၅ခုနှစ်မတိုင်မီ လွတ်လပ်ရေးရ
သည့် ၁၉၄၈-ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ပဒေသရာဇ်စနစ်ဖြင့်
အုပ်ချုပ်ခဲ့သည်။ ၁၉၂၄-ခုနှစ်တွင် နယ်ချဲ့ တို့က စော်ဘွားများ၏
ဘုရားပွဲများ၊ ဆရာတော် ပျံလွန်တော်မူ သောပွဲများ၊ ခမည်းတော် မယ်တော်အသု ဘပွဲများ၊ ဟော်နန်းတက်ပွဲများ၊
စော်ဘွား သားသမီိး လက်ထပ်မင်္ဂလာပွဲများ တွင် လောင်းကစားပွဲများ ထည့်သွင်း ခွင့်ပြုခဲ့သည်။
စော်ဘွားများ လောင်းကစားခွန်ရသည့်အပြင် ဘုရင်ကန်တော့ရန် အခွန်၊ နေပြည် တော်သွားရန်အခွန်၊
ဆင်ဝယ်စီးရန်အခွန်၊ လစာခွန်စသည်ဖြင့် အခွန်အမျိုးမျိုးကို ပြည်သူထံ ကောက်ခံခဲ့
ကြသည်။ ၁၉၂၉-ခုနှစ်တွင် စော်ဘွားများ သီးနှံခိုင်(၁၀)ခိုင်(၃)ခိုင် ကောက်ခံနေရာမှ (၁၀)ခိုင်
(၇)ခိုင်အထိ တိုး၍ကောက်ခံလာသဖြင့် ၁၉၂၉-ခုနှစ်တွင် ဖြားတန် ကောင်ခယ်း ဦးဆောင်သော ပအိုဝ်းပြည်များက ရရာ လက်နက်ဖြင့် ပဒေသရာဇ်စနစ်ကို တော်လှန်ခဲ့ကြသည်။
၁၉၃၉-ခုနှစ်တွင် ဗြိတိသျှအစိုးရက မြန်မာပြည်ကို (၉၁)ဌာန အုပ်ချုပ်ရေးပေးသည်။ ၁၉၃၉-ခုနှစ်၌ သခင်အောင်ဆန်း၊
သခင်စိုး၊ သခင်ဗဟိန်းနှင့် မစ္စတာဂိုရှယ်တို့ မြေအောက်ကွန်မြူနစ်ပါတီကို ထူထောင် ကြသည်။
၁၉၄၁- ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်
စစ်ပညာသင်ရန် ဂျပန် သို့ တိတ်တဆိတ်ထွက်ခွာခဲ့ကြသည်။ ၁၉၄၃-ခုနှစ်တွင်
တောင်ကြီးမြို့၌ ဦးတင်ဧ၊ ဦးစံဖေတို့ ဦးဆောင်၍ အလင်းရောင်စာကြည့်တိုက်ကို
ဖွစ်လှစ်ခဲ့သည်။ အာရှလူငယ်အစည်းအရုံး ဖွဲ့စည်းနောက် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ ဖွဲ့စည်းသည်။
၁၉၄၄-ခုနှစ်တွင်ရ.ပ.လ ညီလာခံကျင်းပ၍ မြန်မာနှင့်ပေါင်းကာ နယ်ချဲ့ ကိုတော်လှန်ရန် ဆုံးဖြတ်ကြသည်။
၁၉၄၅-ခုနှစ်၊မေလတွင် ဗြိတိသျှတို့ စက္ကူဖြူကြေငြာစာတမ်း ထုတ်ပြန်
ခဲ့သည်။ ၁၉၄၅-ခုနှစ်၊ စက်တင်ဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
မောင့်ဘက်တန်တို့ အိန္ဒိယတွင် ဆွေးနွေးကြသည်။ ၁၉၄၆-ခုနှစ်၊ ဇွန်လတွင်
စက္ကူဖြူအုပ်ချုပ်ရေး ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်၍ ဖ.ဆ.ပ.လ အမှုဆောင်များ ဘုရင်ခံအမှုဆောင်အဖွဲ့အတွင်းသို့ ဝင်ရောက်သည်။
ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ ဥက္ကဌအဖြစ် တာဝန်ယူသည်။
၁၉၄၆-ခုနှစ်မတ်လတွင် ပထမအကြိမ် ပင်လုံညီလာခံကျင်းပသည်။ အဆိုပါညီလာခံသို့ ပအိုဝ်း
အမျိုးသားခေါင်းဆောင် ဦးခွန်ကြည်နှင့် ဦးလှဖေ ဦးဆောင်သော ပအိုဝ်းကိုယ်စားလှယ်များ
တက်ရောက် ကြသည်။ ၁၉၄၆-ခုနှစ် ဖဆပလညီလာခံတွင် ရှမ်းပြည်နယ်ကိုယ်စားလှယ်နှင့်အတူ
ဟိုပုံးမှ ပအိုဝ်းကိုယ် စားလှယ် ဦးဘတင် တက်ရောက်ခဲ့သည်။
၁၉၄ရ-ခုနှစ်တွင် လွတ်လပ်ရေး ရှေ့ပြေးအောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
၁၉၄၇-ခုနှစ်တွင် ရှမ်းပြည်နယ်စော်ဘွားများ လိုက်နာရန် စည်းကမ်းချက်များ
ထုတ်ပြန်ခဲ့သည်။ ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့ မှ (၁၂)ရက်နေ့အထိ ဒုတိယပင်လုံညီလာခံကျင်းပသည်။ ရှမ်း၊ ကချင်၊ ချင်းနှင့် ဗမာကိုယ်စားလှယ်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောအဖွဲ့ တက်ရောက်သည်။ ဦးလှဖေက ကရင်လေ့ လာရေး
အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်သည်။ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်
ဦးဖြူ၊ ဦးဟိန်း မောင်၊ ဦးနန္တဟိန်၊ ဦးဟိန်တိထွန်းစသော ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြသည်။
၁၉၄ရ-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့၊ နံနက် (၁၀)နာရီတွင် ပင်လုံညီလာခံ
သဘောတူညီချက်(၉)ချက်ကို သဘော တူလတ်မှတ်ရေးထိုးကြသည်။
သထုံဆီဆိုင် စော်ဘွားကိုယ်စား ပအိုဝ်းခေါင်းဆောင်ဦးဖြူက လတ်မှတ်ရေး ထိုးခဲ့သည်။
၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ယာယီအစိုးရအဖွဲ့ဝင်များ လုပ် ကြံခြင်းခံရသည်။ ၁၉၄၇-ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ညှိနိုင်း ရေးဆွဲပြီး အောက်တိုဘာလတွင် နုအက်တလီစာချုပ်
ချုပ်ဆိုခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ဥပဒေကြမ်းကို ၁၉၄၇-ခုနှစ်၊
ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဗြိတိသျှဘုရင်ခံက
လတ်မှတ်ရေးထိုးအတည်ပြုခဲ့သည်။ ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ(၄)နေ့တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာအပြည့် လွတ်လပ်ရေး
ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီမြန်မာနိုင်ငံတွင် နိုင်ငံရေးနိုးကြားလာကြပြီး ဝိုင်အမ်ဘီအေ၊
ဂျီစီဘီအေ၊ တို့ဗမာ အစည်းအရုံးများ ပေါ်ပေါက်လာသည်။ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးစုများလည်း
နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင် နိုးကြားလာကြသည်။ ဦးခွန်ကြည်နှင့် ဦးလှဖေသည် သထုံမှ
ဦးဖြူ၊ ဦးဘိုးနွယ်၊ ဦးဖိုးမျင်၊ ရှမ်းပြည်နယ်မှ ဦးဖြူ၊ ဦးဘိုးခင်၊ ဦးဟိန်းမောင်၊
ဦးအောင်သာ၊ ဦးနန္တာဟိန်၊ ဦးဟိန်ထွန်း၊ ဦးဟိန်ရှန်းငွေ၊ ဦးဟိန်ထွန်း၊ ဦးခမ်းခိုင်၊
ဦးပန္တကုံး၊ ဦးရွှေ၊ ဦးဆရာမိုင်း၊ ဦးထွက်အောင်၊ ဦးပစင်းဘကွန်း၊ ဦးကျောင်းသောန၊
ဦးကျောင်း စာရိတ္တလော၊ ဦးကျောင်းအိန္တိ၊ ဦးကျောင်းနန္တာ အစရှိသော ဒေသအသီးသီးမှ ပအိုဝ်းခေါင်း
ဆောင်များ ပအိုဝ်းအရေးကို ဆွေးနွေးတိုင်ပင်ကြသည်။ အမျိုးဘာသာ သာသနာ ပညာအတွက် စည်းရုံး
ဟောပြောကြသည်။
အမျိုးဘာသာသာသနာအတွက်
စည်းရုံးဟောပြောရာတွင် ကျောင်းလွယ်ဆရာတော်၊ ဒုံလီတန် ဆရာတော်၊ ဘန်းယဉ်ဆရာတော်၊ ဆီဆိုင်ဆရာတော်၊
ကျောက်တလုံးကြီးဆရာတော်၊ နောင်ကားဆရာ တော်၊ နောင်ဟိုင်းဆရာ တော်၊ ထမ်းဘုရားဆရာတော်၊
စငေါဝ်းဆရာတော် ၊ထီသိမ်ဆရာတော်၊ အင်ပေါခုံ ဆရာတော်၊ ကေဖြိန်းဆရာတော်၊
နောင်ဒေးဆရာတော်၊ နမ့်ပေါ်ဆွမ်းဆရာတော်၊ ဟွေးဟွမ်ဆရာတော်၊ ပင်မန်းဆရာတော်၊
ပင်မွန်းဆရာတော်နှင့် ပင်တွန်းဆရာတော်ကြီးများပါ ပါဝင်လာ၍ ရပ်ရွာအေးချမ်းရေး၊
ဒုစရိုက်ပပျောက်ရေး၊ ငါးပါးသီလ ခိုင်မြဲရေး၊ ဗလငါးတန်ပြည့်ဝရေးနှင့် ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးတရား
များ ပအိုဝ်းဒေသအနှံ့ လှည့်လည်စည်းရုံးကြသည်။ ပအိုဝ်းတစ်မျိုးသားလုံး နိုးကြားတက် ကြွစည်းလုံးသော အခါ ၁၉၄၆-ခုနှစ်တွင်ဥက္ကဌ ဦးဘိုးခင်၊ အတွင်းရေးမှူး
ဦးခမ်းခိုင်နှင့် အမှူးဆောင်များပါဝင်သော ပအိုဝ်း စုစည်းအဖွဲ့ (ပအိုဝ်းလွောင်းဗူးအဖွဲ့)ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ရှမ်းပြည်နယ်
တိုင်းပြည်ပြုလွတ်တော် အမတ် အဖြစ် ဦးဘိုးခင် အရွေးခံရသည်။ သထုံဆီဆိုင်
စော်ဘွားကိုယ်စား ဦးဖြူ အရွေးခံရသည်။ ဥက္ကဌ ဦးဘိုးခင် အိမ်တွင် ပအိုဝ်းလွောင်းဗူး
ဆိုင်းဘုတ်တင်၊်ရုံးခန်းဖွင့်လှစ်ခဲ့သည်။
၁၉၅၀-ပြည့်နှစ်၊ ဩဂုတ်လ(၂)ရက်နေ့တွင်
ပအိုဝ်းလွောင်းဗူးမှ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
နယကအဖြစ် ဖြားတန်နမ်းဩ၊ ဥက္ကဌအဖြစ် ဦးဟိန် မောင်၊အတွင်းရေးမှူး ဦးဖေရှင်နှင့်
အမှုဆောင်အဖွဲ့(၁၃)ဦးရွေးချယ်ကြသည်။
ပအမဖ၏ ဖွဲ့စည်းပုံ စည်းမျဉ်း ရေးဆွဲပြီး တစ်မျိုးသားလုံးဆိုင်ရာ
ညီလာခံသဘင်ကျင်းပနိုင်ရေး စီစဉ်ခဲ့သည်။
ပအမဖ၏ ဆိုင်းဘုတ်နှင့် ရုံးခန်းကို ကျောင်းကြီးစုရပ်ကွက် ယခင်ညွန့်မြန်မာ ထမင်းဆိုင်တွင်
ဖွင့်လှစ်ခဲ့သည် ၁၉၅၁-ခုနှစ်တွင် ပအမဖ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရှမ်းပြည်နယ်အစိုးရ
တာဝန်ရှိပုဂ္ဂိုလ်များ ရှမ်းပြည် နယ်စည်းလုံးရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၅၂-ခုနှစ်၊ဇွန်လ(၅)ရက်နေ့ တောင်ကြီးမြို့၊မြို့မရုပ် ရှင်ရုံတွင် ပထမအကြိမ် ပြည်ထောင်စု ပအိုဝ်းအမျိုးသားဖွဲ့ချုပ်၏
တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံသဘင် ကျင်းပခဲ့သည်။ ဗဟိုဦးစီးအဖွဲဝင် (၆)ဦး၊ ဗဟိုအလုပ်အမှုဆောင်(၁၃)ဦးနှင့် ရှေးလုပ်ငန်းစဉ်(၅)ရပ် ချမှတ်နိုင်ခဲ့သည်။ ၁၉၅၂-ခုနှစ်တွင် ကျင်းပပြုလုပ်သော
ပထမအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် ပြည်ထောက်စုပအိုဝ်းအမျိုးသားဖွဲချုပ်မှ ပါလီမန်အမတ်(၃)ဦး အနိုင်ရဲ့သည်။ ညောင်ရွှေအရှေ့ဘက်
မဲဆန္ဒ နယ်မှ ဦးအောင်သာ၊ မိုင်းပွန်တောင်မဲဆန္ဒနယ်မှ ဦးရှမ်းခင်နှင့် ရပ်စောက်မဲဆန္ဒနယ်မှ ဦးစံအောင် တို့ဖြစ်ကြသည်။ ၁၉၅၃-ခုနှစ်
၊စက်တင်ဘာလတွင် ပြည်ထောင်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)မှ ကိုယ်စာလှယ်များနှင့် ရှမ်းပြည်နယ်တောင်တန်းသား စည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်
၊ရှမ်းပြည်နယ်လွတ်လပ် ရေးအဖွဲ့ချုပ်နှင့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) တို့ပူးပေါင်း
ဆောင်ရွက်ရေး အတွက်ဆွေးနွေးခဲ့သည်။
၁၉၅၄-ခုနှစ် ဧပြီလ(၇)ရက်နေ့တွင် တောင်ကြီးမြို့၊ အမှတ်(၉၈) ကုန်သည်လမ်း၊ ဈေးပိုင်းရပ် ဦးပေါင်းစင်ဖြူ၏ အိမ်တစ်လုံးနှင့်မြေတစ်ကွက်ကို ကျပ်ငွေသိန်းရှစ်သောင်းဖြင့် ဝယ်ယူခဲ့သည်။ အဆိုပါငွေ ရှစ်သောင်းကို ပအိုဝ်းအမျိုးသားများနေထိုင်ရာ ဒေသခရိုင်(၁၂)ခရိုင်မှ ပအိုဝ်းမိဘပြည်သူများက ထည့်ဝင် လှူဒါန်းကြသည်။ ၁၉၅၄-ခုနှစ်၊ နောင်ယွေးကျေးရွာဒေသတွင်
ပအမဖ ဒုတိယအကြိမ် တစ်မျိုးသားလုံးဆိုင် ရာညီလာခံသဘင် ကျင်းပနိုင်ရေးအတွက် ညှိနှုင်းဆွေးနွေးကြသည်။ ၁၉၅၄-ခုနှစ်၊ဇွန်လအတွင်း
ပအမဖ အမှုဆောင် ဦးဖြူ ၊ ဦးကျော်စိန် နှင့် ဦထွန်းရီတို့ကို
ပုဒ်မ(၅)ဖြင်အဖမ်းခံရပြီး မန္တာလေးထောင်သို့
ရောက် သွားသည်။ ၁၉၅၅-ခုနှစ် ၊ဇန်နဝါရီလ(၆)ရက်နေ့တွင် တောင်ကြီးမြို့ ဗန္ဓုလရုပ် ရှင်ရုံ၌ ဒုတိယအကြိမ်
ပြည် ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)၏ ညီလာခံသဘင် ကျင်းပခဲ့သည်။ အဆိုပါ
ညီလာခံမှ ဥက္ကဋ္ဌ ဦးကံ၊ အတွင်းရေးမှူး ဦးကျော်စိန်နှင့်အဖွဲ့ဝင်
(၁၁)ဦး ရွေးချယ်ခဲ့သည်။
ရှေးလုပ်ငန်းရှင် (၅)ရပ်ကို လည်း ချမှတ်နိုင်ခဲ့သည်။ ၁၉၅၆-ခုနှစ် ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင်
ပ-အ-မ-ဖ မှ လွယ်လုံသား
မိုင်း ခမ်း မဲဆန္ဒနယ်မှ
ဦးထွေးလုံတစ်ဦးတည်းသာ ရွေးချယ်ခံခဲ့ရသည်။
၁၉၅၅-ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့တွင်
(ပအမဖ) အမှုဆောင်များနှင့် ရှမ်းပြည်နယ်ဥက္ကဋ္ဌ ရှမ်း ပြည်တောင်တန်းသား
စည်းလုံးညီညွတ်ရေးအဖွဲ့ကို ရှမ်းပြည်နယ်တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင် ရွက်ရေးအတွက်
ဆွေးနွေးခဲ့ကြပြန်သည်။ ၁၉၅၈-ခုနှစ်တွင် ဦးဖြူနှင့် ဦးကျော်စိန်တို့
မန္တာလေးထောင်မှ ပြန်လည်လွတ်မြောက်လာပြီး တောတွင်းပအိုဝ်းလက်နက်ကိုင် ပအလဖ
အဖွဲ့နှင့် ငြိမ်းချမ်းအတွက် ဆွေး နွေးခဲ့သည်။ ၁၉၅၈-ခုနှစ် မေလ(၅)ရက်နေ့တွင် တောင်ကြီးမြို့၌ ငြိမ်းချမ်းရေးရယူပွဲ ကျင်းပခဲ့သည်။
၁၉၅၈-ခုနှစ်၊ မေလ(၈)ရက်နေ့တွင် ပအမဖအမှုဆောင်များနှင့် ပအလဖကိုယ်စားလှယ်များ တွေ့ဆုံညှိ နှိုင်းပြီး ပအမဖ(၆)ဦး၊ ပအလဖ (၅)ဦးပါဝင်သော ပအမဖ ယာယီကော်မတီတစ်ရပ် ကိုဖွဲ့စည်းခဲ့သည်။
ထိုနှစ် အတွင်းမှာပင် ယာယီကော်မတီဖျတ်သိမ်းပြီး နာယက(၅)ဦး ပြန်လည်ဖွဲကစည်းခဲ့သည်။ ၁၉၅၈-ခုနှစ် ဩ ဂုတ်လတွင် ပအမဖ ဗဟိုအလုပ်ဆောင်မှူးများကို တိုးချဲ့ဖွဲ့စည်းသည့်အပြင် ဌာနများကိုလည်း ပြန်လည်ဖွဲ့ စည်းခဲ့သည်။ ၁၉၅၉-ခုနှစ်၊ မတ်လ(၂၀-၂၁)နှင့် (၂၂)ရက်နေ့များတွင် တောင်ကြီးမြို့ ပထမတောင် ကျောင်းကြီးကျောင်းတိုက်တွင် တတိယအကြိမ် ပြည်ထောင်စုပအိုဝ်းအမျိုးသားညီလာခံသဘင်ကြီးကို
အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ နာယက(၆)ဦး၊ ဗဟိုအလုပ်မှုဆောင်(၁၅)ဦး ရွေးချယ်တင်မြှောက်ပြီး ရှေးလုပ်ငန်းစဉ် (၁၇)ရပ်ကိုပါ ချမှတ်နိုင်ခဲ့ သည်။ ၁၉၅၉-ခုနှစ် ပ-အ-မ-ဖ အဆောက်အအုံ၏ မြောက်ဘက် (၉၈/၂)
အဆောက်အအုံတစ်လုံး ကန်ထရိုက်ဦးကျန်အား ကျပ်တစ်သိန်းဖြင့် ဆောက်လုပ်စေသည်။ ၁၉၆၀-ခုနှစ်
ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သော တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ လွယ်လုံသာမိုင်းခမ်း မဲဆန္ဒနယ်မှ ဦးကျော်စိန်၊ ညောင်ရွှေအရှေ့ ဖက် မဲဆန္ဒနယ်မှ
ဦးလှဖေ၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးဖြူတို့(၃)ဦး ရွေးချယ်ခဲ့ရသည်။
၁၉၆၁-ခုနှစ်၊ ဇွန်လ (၈)ရက်နေ့တွင် တောင်ကြီးမြို့၌
ပြည်နယ်များညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့
သည်။ ထိုအဖွဲ့တွင် ပ-အ-မ-ဖ မှ ဦးဖြူ၊ ဦးလှဖေ နှင့် ဦးကျော်စိန်တို့ပါဝင်ခဲ့သည်။
၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အဏာအရပ်ရပ်ကို တာ ဝန်ယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို
ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်မှ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ရန်
ဥပဒေများ ပြဠာန်းပေးခဲ့သည်။ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်၊ ရှမ်းနှင့် မြန်မာများ
နိုင်ငံရေးပါတီဖွဲ့၍ မှတ်ပုံတင်ကြသည်။ ၁၉၈၈-ခုနှစ်၊ အောက်တိုဘာလတွင်
ပအိုဝ်းအမျိုးသား ကိုယ်စားပြု နိုင်ငံရေးပါတီ မှတ်ပုံတင်သင့်မသင့် ဆွေးနွေးညှိနိုင်းကြရာ မှတ်ပုံတင်ရန် အများသဘောတူညီကြသဖြင့် ၁၉၈၈-ခုနှစ်၊
နိုဝင်ဘာလ(၂ရ)ရက်နေ့တွင် မှတ်ပုံတင်ရန် ကိုယ်စားလှယ်(၂)ဦး ရန်ကုန်သို့
စေလွတ်ခဲ့ သည်။ (၃၀.၁၀.၈၈)နေ့စွဲပါ စာအမှတ်၊ ၁၁၁/၁၀၆ ကော်မရှင်ဖြင့်
နာယက ဦးမောင်ငွေ၊ ဥက္ကဌ ဦးကျော် သိန်း၊ အတွင်းရေးမှူး ဦးခွန်ကျော်ဇေယျ ပါဝင်သော အမှုဆောင်(၂၁)ဦးကို ဖွဲ့စည်း၍ မှတ်ပုံတင်ခဲ့သည်။ ပါတီစုံဒီမိုကရေစီ
အထွေအထွေရွှေးကောက်ပွဲ ကျင်းပရေးကော်မရှင် ရန်ကုန်မြို့၏ (၄.၁၁.၈၈) နေ့စွဲပါ စာအမှတ်၊ ၄/ရပက/၁ကမရ-အရ၊ အမှတ်စဉ်(၈၇)ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပအမဖ)ကို ၁၉၈၈-ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ မှတ်ပုံတင်ခွင့်ပြုထားကြောင်းနှင့် ပအမဖ၏
မှတ်ပုံတင်အမှတ်မှာ (၈၅)ဖြစ်ကြောင်း၊ သတင်းစာနှင့်
ရုပ်မြင်သံကြားများတွင် ကြေငြာခဲ့သည်။ ပအမဖ၏ ဆိုင်းဘုတ်ကို ၁၉၈၈-ခုနှစ်၊နိုဝင်ဘာလ (၂၁)ရက်နေ့၊ နေ့လယ်(၁၁)နာရီ၊ (၂၂)မိနစ်၊(၄)စက္ကန့်တွင် အောင်မြင်စွာ
တင်နိုင်ခဲ့သည်။
၁၉၈၈-ခုနှစ်၊ဒီဇင်ဘာလ(၈)ရက်နေ့တွင် သဃံတော်များနှင့် မြို့မိမြို့ဖများထံ သြဝါဒခံယူခဲ့သည်။ တောင်ကြီိး
ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်၊ အောင်ပန်း၊ ပင်လောင်း၊ ကလော၊ ညောင်ရွှေ၊ ရပ်စောက်၊ ထန်းတ
ပင်၊ ဒိုက်ဦး၊ ဘီးလင်း၊ သထုံ၊ ဘားအံနှင့် ကောကရိတ်မြို့နယ်များတွင် ပအမဖများ ဖွဲ့နိုင်ခဲ့သည်။
၁၉၈၈-ခုနှစ်၊ ဖောဖော်ဝါရီလတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ
ဒီမိုကရေစီ အဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ သည်။ ၁၉၈၉-ခုနှစ်၊ နိုဝင်ဘာလတွင် အဆိုပါအဖွဲ့မှ ပြန်လည်နူတ်ထွက်ခဲ့သည်။ ပ.အ.မ.ဖ ၏ စတုတ္ထ အကြိမ် ညီလာခံသဘင်အစည်းအဝေးကို
၁၉၉၀-ပြည့်နှစ်၊ မတ်လ(၈)ရက်နှင့် (၉)ရက်နေ့များတွင် တောင်ကြီးမြို့၊
ဈေးပိုင်းရပ်၊ ပအိုဝ်းအမျိုးသားပိုင် အဆောက်အအုံတွင် ကျင်းပရာ မြို့နယ်အသီးသီးမှ ကိုယ်
စားလှယ်များ၊ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ် (၄၅၆)ဦး တက်ရောက်ခဲ့ကြသည်။ စတုတ္ထအကြိမ် ညီလာခံမှ နာယက (၆)ဦး၊ ဗဟိုကော်မတီ(၂၄)ဦး၊ ဗဟိုအလုပ်မှုဆောင်(၁၅)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စ လှယ်လောင်း(၁၅)ဦး ရွေးချယ်တင်မြှောက်ပြီး ရှေ့လုပ်ငန်းစဉ်(၁၂)ရပ်ကိုပါ ချမှတ်နိုင်ခဲ့သည်။၁၉၉၀-ပြည့် နှစ်၊ နိုဝင်ဘာလ(၂ရ)ရက်နေ့တွင်
ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပ.အ.မ.ဖ မှ ကိုယ်စား လှယ်(၁၅)နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်၊ ဟိုပုံးမြို့နယ်မဲဆန္ဒနှင့်
ပင်လောင်းမဲဆန္ဒနယ်၊ ဟိုပုံးမြို့နယ်မဲဆန္ဒနယ်နှင့် ပင်လောင်းမဲဆန္ဒနယ် အမှတ်(၁)၊ (၃)နေရာအနိုင်ရရှိခဲ့
သည်။
၁၉၉၁-ခုနှစ်တွင် နိုင်ငံတော်မှ ပ.အ.မ.ဖအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် အပစ်အခတ် ရပ်စဲရေး ကော်မရှင်အဖြစ် ဆောင်ရွက်ပေးရန် အကူအညီတောင်းခံလာသဖြင့်
ဦးမောင်ငွေ၊ ဦးကျော်သိန်း၊ ဦးခွန်ကျော်ဇေယျနှင့် ဦးခွန်မောင်တုတ်တုတို့မှ အကြိမ်ကြိမ်သွားရောက်
တွေ့ဆုံညှိနိုင်းရာ ၁၉၉၁-ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့တွင် ပအိုဝ်းအ မျိုးသားအဖွဲ့ချုပ်
(PNO) မှ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ဇွန်လ(၂၃)ရက်နေ့၊ ဇွန်လ(၃၀)ရက်နှင့် ဇူလှိုင်လ (၁၀)ရက်နေ့များတွင် ရန်ကုန်မြို့တွင် ကျင်းပသော အမျိုးသား ညီလာခံကျင်းပရေး အကြိမ်ညှိနိုင်းအစည်းအဝေးသို့ ဟိုပုံးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ပအမဖ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးစံလှတက်ရောက်ခဲ့သည်။
၁၉၉၃-ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့တွင် ကျင်းပသော အမျိုးသားညီလာခံ အစည်းအဝေးသို့ ပအမဖ ကိုယ်စားလှယ်အဖြစ်
ဦးမောင်ငွေ၊ ကိုမောင်ကြီး၊ ဦးခွန်စိန်ဝင်း၊ ဦးအောင်ခင်နှင့် ဦးခွန်မောင်တုတ်တို့
တက် ရောက်ပြီး ရွေးချယ်ခံ အစုအဖွဲ့အတွက် ဦးစံလှမှ တက်ရောက်သည်။ ၂၀၀၄-ခုနှစ်၊ မေလတွင်ပြန်လည် ကျင်းပသော အမျိုးသားညီလာခံသို့ ဦးမောင်ကြီး၊ ဦးခွန်စိန်ဝင်း၊
ဦးအောင်ခင်နှင့် ဦးခွန်မောင်တုတ်တို့ ပြန်လည်တက်ရောက်ခဲ့ကြသည်။ (ပ.အ.မ.ဖ)နာယက ဥက္ကဋ္ဌအမှုဆောင်ဖြစ်ကြသော ဦးမောင်ငွေ၊ ဦးကျော်သိန်းနှင့် ဦးစံလှတို့မှာ
အမျိုးသားတာဝန်ကို ကျေပြွန်စွာထမ်းဆောင်ရင်း ကွယ်လွန်အနိစ္စရောက် သွားကြ၍် အထူးကြေကွဲဝမ်းနည်းစွာ
မှတ်တမ်းတင်အပ်ပါသည်။
0 comments:
Post a Comment