သမိုင်းကြောင်းဆိုသည်မှာ
ရာဇာဝင်မဟုတ်၊ ပုံပြင်မဟုတ်၊ သမိုင်းကြောင်းကို မမီလိုက်သူများ သမိုင်းကြောင်းကို မလေ့လာမိသူများ၊ သမိုင်းကြောင်းကို အလေးအနက်မထားမိသူများရှိနေသရွေ့
သမိုင်း ကို ဗြောင်လိမ်ဗြောင်စား
လုပ်နေသူများအတွက်
အသက်ရှူချောင်နေမည်သာဖြစ်ကြောင်း သမိုင်းပညာရှင် တစ်ဦး၏
အဆိုအမိန့်ကို နာကြားမှတ်သားခဲ့ရဖူးလေသည်။
ယခုတင်ပြလိုသော
သမိုင်းနှင့်ပက်သက်သော ပအိုဝ်းတိုင်းရင်းသားတို့၏အခြေအနေနှင့် ပတ်သက် ၍အထက်ပါအဆိုအမိန့်အရ သမိုင်းကြောင်းကို မမီလိုက်သော
ပအိုဝ်းတိုင်းရင်းသားများ၊
သမိုင်းကြောင်းကို
အလေးအနက်မထားမိသော
ပအိုဝ်းတိုင်းရင်းသားများအများစုဖြစ်နေသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့ ၏
သမိုင်းကြောင်းနှင့်ပက်သက်၍ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်သော် လည်းကောင်း၊ ဗြောင်လိမ်ဗြောင်စားလုပ်နေသူများအတွက် အသက်ရှူချောင်နေစေမည်မှာ မလွဲပါချေ။
သမိုင်းကြောင်းနှင့်ပက်သက်၍ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်သော် လည်းကောင်း၊ ဗြောင်လိမ်ဗြောင်စားလုပ်နေသူများအတွက် အသက်ရှူချောင်နေစေမည်မှာ မလွဲပါချေ။
ထို့ကြောင့်
မိမိသမိုင်းကြောင်း၏အချက်အလက်များကိုမမီလိုက်သော်လည်း သိမီနိုင်အောင်၊ လေ့လာနိုင်အောင်၊ အနက်ထားတတ်အောင် လေ့ကျင့်ကြိုးပမ်းကြရမည့်တာဝန်မှာ မိမိတို့ဆိုင်ရာ
ပအိုဝ်း တိုင်းရင်းသားများ၏
မွေးရာပါဗီဇတာဝန်သာ ဖြစ်လေသည်။
ထိုတာဝန်ကို
ထမ်းဆောင်ရာ၌
သမိုင်းကို ဗြောင်လိမ်ဗြောင်စားလုပ်နေသူများ၏ ဖော်ပြချက်၊ တင်ပြချက်များကို သတိရှိရှိလေ့လာသုံးသပ်နိုင်ပြီး ယထာဘူတကျသော အကြောင်းအချက်များနှင့် နှိုင်းယှဉ်တင်ပြပေးနိုင်ဖို့ရာ အရေးကြီးလှပါသည်။
ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ
သည် မနေ့တစ်နေ့ကမှ တွေ့ဆုံစုစည်းခြင်းမဟုတ်၊ ရှေးပဝေသဏီ နှစ်ပေါင်းထောင်ချီကတည်းက အတူ တကွ စုစည်းနေထိုင်ရှင်သန်လာခဲ့ကြခြင်းဖြစ်သည်။ ထိုအချက်ကိုမမေ့ဘဲ
မိမိတို့ဆိုင်ရာ သမိုင်းအချက် အလက်များကို မှန်မှန်ကန်ကန်လေ့လာဖော်ထုတ် မှတ်တမ်းတင်ရန် လိုအပ်ပါသည်။
တိုင်းရင်းသားပြည်သူများသည် ဖြစ်ပျက်ပြောင်းလဲနေသော နိုင်ငံတကာရေးရာအခြေအနေနှင့်
မိမိတို့၏
ပြည်တွင်းရေးရာ၊
ပြည်သူများဘဝသာယာဝပြောရေးကိုရှေ့ရှုကာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်၊ မျိုးချစ်စိတ်ကို အမြင့်မားဆုံးရှိနေစေရန် မွေးမြူထားကြရန်လိုကြောင်း၁နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး
လုပ်ငန်းသည် လူမျိုးတိုင်းဆောင်ရွက်ကြရမည့်
လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၂၊ အမျိုးသားယဉ်ကျေးမှု ကို အစဉ်အမြဲထိန်သိန်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊
မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းမှာ တည်ငြိမ်မှုနှင့်
အေးချမ်းသာယာမှုကို
မြတ်နိုးခြင်းသည်အလွန်တန်ဖိုးရှိသည့် အရည်အသွေးတစ်ခုဖြစ်ကြောင်း၊ မြန်မာ့ လူ့အဖွဲ့အစည်းဟုဆိုသည်နှင့် ကိုယ့်ဒေသကိုမြတ်နိုးတွယ်တာခြင်း၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ခြင်း၊ လူမျိုးဂုဏ်နှင့်ဇာတိဂုဏ်ကို
အသက်ပေးကာကွယ်ခြင်းဟုအဓိပ္ပာယ်ရရှိကြောင်းကို မိမိတို့လူမျိုးများသည် ဘိုးဘွားလက်ထက်ကနေ သားစဉ်မြေးဆက် မပျက်မကွက် ထမ်းဆောင်ရွက်ခဲ့သည့်သမိုင်းများက သက် သေထူခဲ့ကြကြောင်း၊ နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်ကြီးသန်းရွှေက မိန့်ကြားထားပါသည်။
ပြည်ထောင် စုမြန်မာနိုင်ငံသားများဖြစ်သည့် ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း
မြန်မာလူမျိုးတစ်မျိုးပင်ဖြစ်သည့်အား လျော်စွာ နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်မှာချက်များကို
အစဉ်ဦးထိပ်ပန်ဆင်လိုက်နာ ဆောင် ရွက်ကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်မှုအခန်းကဏ္ဍများ တွင် ပအိုဝ်းတိုင်းရင်းသားများသည် မြန်မာပြည်သူလူထုဖြစ်သည်နှင့်အညီ အခြားသွေးချင်းညီနောင်များ
နည်းတူ မြန်မာ့သမိုင်းစဉ်တစ်လျှောက်
ပါဝင်ဆောင်ရွက်ခဲ့သည်ချည်းသာဖြစ်လေသည်။ ဤတွင်
မြန်မာ လူမျိုးတစ်မျိုးဖြစ်သည့်
ပအိုဝ်းတိုင်းရင်းသားများ၏
အမျိုးဂုဏ်၊
ဇာတိဂုဏ်နှင့်
အမည်နာမအဓိပ္ပာယ်တို့ကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။
မြန်မာဟူသော ဝေါဟာရသည် ပုဂံရာဇဝင်ကြီး၌ “မြန်မာဟူသည်ကား ပျူသား၊ပျူမြေး
တည်း“ ဟူ၍ လည်းကောင်း၊ “သရေခေတ္တရာပျက်ဆဲအခါ သန်လျင်မြန်မာသူကို
ပျူအချင်းချင်း
မြန်မာသာ
ပျူခေါ်သည်” ဟူ၍ ထူခြားစွာ ဖော်ပြထားကြောင်း၊ သမုဒ္ဒရာဇ်မင်း ပုဂံကိုတည်ထောင်သည်မှ အနော်ရထာမင်းအထိ
အေဒီ(၁၀၄၄)နှစ်ပေါင်း (၉၃၇)
ခုနှစ်အတွင်း
ပျူနှင့်မြန်မာရောစပ်ကာ
ပျူလည်းမြန်မာ၊
မြန်မာလည်းပျူခေါ် ကြောင်း၊
မွန်၊ မြန်မာ
မင်စာ၊ ကျောက်စာ များမှပင်စတင်ကာ “မြန်မာ”ဝေါဟာရကို ပီပီသသ
တွေ့ရပေ သည်။ သက္ကရာဇ်နှင့်တွက်စစ်ပါက မြန်မာသက္ကရာဇ် (၄၀၀)မှ (၆၀၀) အကြားတွင် “မြန်မာ” ဝေါဟာရကို ခေါ်ဆိုရေးသားနေကြပေပြီဖြစ်ကြောင်း
လေ့လာမှတ်သားပါသည်။
ထို့အပြင်
“ပျူစစ်လျှင်
မြန်မာ ၊မြန်မာ
စစ်လျှင် ပျူ” ဟူသောစကားလည်း အထင်အရှားရှိခဲ့ပါသည်။
‘မြန်မာ’ဟူသောအဓိပ္ပါယ်ကိုအထက်ဖော်ပြချက်ဖြင့် အကျဉ်းအားဖြင့် သိသာနိုင်ပြီဖြစ်ရာ “ပျူ”ဟူ သော ဝေါဟာရ၏ ဆိုလိုရင်းအဓိပ္ပါယ်ကိုလည်း သိမှတ်ဖို့ရာ လိုပေသေးသည်။
ပျူဟုဆိုလိုက်သည်နှင့်
ရှေးဦးမြန်မာလူမျိုးတို့၏
အမည်ကိုခေါ်ဝေါ်ကြောင်း
အကြမ်းအားဖြင့်သိနားလည်ပြီး ဖြစ်ပေလိမ့်မည်။ သို့သော်မည်သည့်အဓိပ္ပါယ်ရှိကြောင်း၊
ပျူဟူသော
ဝေါ်ဟာရ နှင့် ဆက်စပ်ရှင်းလင်းစွာ ဖော်ပြခြင်းမျိုးကား ရှားပါးလှပေသည်။
ပျူဟူသောဝေါ်ဟာရ၌ ‘ပ’ ဗျည်းနှင့် ‘အူ’ သရကိုတွဲစပ်ထားသော ‘ပအူ’ ဟူသည့်စကား ရပ်ကိုသဒ္ဒါ ဗေဒနည်းအရ ဧက၀ဏ္ဏဖွဲ့ပါက
အသံတစ်သံတည်း
ထွက်အောင်ဆိုပါက
‘ပျူ’ ဟူ၍ဖြစ်လာသည်။
“ပအူ” သည်
ပျူစကားဖြစ်သည်။
‘ပ’ဆိုသည်မှာပေါ်ပေါက်ခြင်း ‘အူ’(သို့မဟုတ်) “ဦ” ဆိုသည်မှာ
ဦးစွာဖြစ်ခြင်း သဘောကိုဆိုလိုသည်။ ထို့ကြောင့် “ပအူ”(သို့မဟုတ်)“ပဦ” မှာမြန်မာလို
ဦးစွာပေါ်ပေါက်သော
ဦးစွာ ပေါက်ဖွားသော
လူမျိုး၊
ပေါ်ဦးလူမျိုးဟု
အဓိပ္ပါယ်ရလေသည်။
ပအိုဝ်းဟူသော ဝေါဟာရနှင့် ပအူ၊ ပဦ၊ ပျူ ဝေါ်ဟာရတို့သည်
စကားအရွေ့အလျောနည်းပါးစွာဖြင့်
အဓိပ္ပါယ်တူမျှစွာဖြစ်သော
အသုံးအနှုန်း၊
အခေါ်အဝေါ်သာ
ဖြစ်ပေသည်။
မြန်မာ့သမိုင်းခေတ်ဦးတွင် ကြီး ကျယ်ထင်ရှားခဲ့သော
ပျူလူမျိုးများသည်
တိမ်မြှုပ်ပြောက်ကွယ်သွားသည်ဆိုသောအဆိုမှာ မှားယွင်းနေပါ
သည်။ မြန်မာအဖြစ်လည်းကောင်း၊ ပအိုဝ်းအဖြစ်လည်းကောင်း ဆက်လက်ရှင်သန်လာခဲ့ခြင်းသာ
ဖြစ်လေ သည်။
မြန်မာစကားဝေါ်ဟာရ အသုံးအနှုန်းများစွာတွင် ‘ပျူ’ ပအိုဝ်းတို့၏
ဝေါဟာရစကားလုံးတို့ကို ခွဲထုတ် ၍ပြသနိုင်ကြောင်း လေ့လာနိုင်ပါသည်။
ယောက်ျားဟူသောစကားကို ‘အမျိုးသား’၊ မိန်းမ ဟူသောစကားကို ‘အမျိုးသမီး’၊ အဖိုး/ဖိုးဖိုး၊
အဖွား/ဖွားဖွား၊ ဘခင်/ဖခင်(ဖေဖေ)၊ မိခင်/မေမေ သား၊သမီး စသည်တို့သည် ပျူစကားဖြစ်သည်။ ထိုသို့သော ဝေါ်ဟာရတစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကို ယနေ့မြန်မာစကားအသုံးအနှုန်း
အဖြစ် တိုက်ရိုက်အဓိပ္ပါယ်ပြန်၍ မရနိုင်ပေ။ ထို့အတူ
မြန်မာနှင့် ပျူဝေါ်ဟာရတွဲသော အသုံးအနှုန်းများကို
လည်း လေ့လာနိုင်ပါသည်။
ဥပမာ- အဖျားအနာ၊ အနာ အဆာ၊ အပိုအလို၊ စသောစကားရပ်များတွင် မြန်မာ‘အဖျား’ကို ပျူလို‘အနာ’ မြန်မာလို
‘အနာ’၊ ပျူလို‘အဆာ’၊ မြန်မာလို ‘အပို’ ကို ပျူလို‘အလို’ စသည်ဖြင့် စကားလုံးများအဓိပ္ပါယ်တူရာ
တွဲစပ် သုံးနှုန်းလာခဲ့ရာမှ နောင်တွင် ပျူစကားဟူ၍ သီးခြားအမှတ်မထားမခွဲ ခြားနိုင်တော့ဘဲ
မြန်မာ စကားလုံးများအဖြစ် လက်ခံနားလည်နိုင်ကြတော့သည်။
ရှေးမြန်မာလူမျိုးများဖြစ်သည့် ‘သကျ သာကီဝင်’ ဟူသော လူမျိုးအသုံးအနှုန်းသည်
ရှေးမြန်မာ စကားဖြစ်သည့် ပျူစကားလုံးဝေါဟာရများပင် ဖြစ်ပါသည်။ သကျ- စိတ်ဓါတ်ရဲရင့်သူ၊
သာကီဝင်- သူတကာ ထက်မြင့်မြတ်သောဟု
အနက်ရသည်။
တကောင်း၊
ဟန်လင်း၊ ပင်းယ၊
ပင်လယ်၊ ပုဂံ၊ ပိဿနိုး၊
သရေ ခေတ္တရာ (သိသိတ်) မှော်ဇာ၊ သုဝဏ္ဏသထုံ အစရှိသော ရှေးဟောင်း ပျူမြို့ကြီးများ၏ အခေါ်အဝေါ်များ
သည် ပျူဘာသာစကား အသုံးဝေါဟာရများနှင့်
ပါဠိသက် စကားလုံးများ ဖြစ်ကြလေသည်။ ‘ပါဠိ’ဆိုသော ဝေါဟာရသည်ပင်
သာကီနွယ်ဝင်
ရှေးမြန်မာ ပျူလူမျိုးများ၏
အသုံးအနှုန်းဝေါဟာရပင်ဖြစ်သည်။ ‘ပါ’ ဟူသော ဧကဝဏ္ဏစကားလုံးအား ဗျည်းသရခွဲထုတ် ကြည့်ပါက ‘ပ’ ဗျည်း နှင့် ‘အာ’ သရ ပေါင်းစပ်ထား
ကြောင်းတွေ့ရမည်။ ပေါ်ပေါက်ခြင်း အနက်ရသော
‘ပ’ နှင့်များပြားခြင်းအနက်ရသည့် ‘အာ’ သရတို့
ပေါင်းဖွဲ့ထားသဖြင့် ‘အများအတွက် ပေါ်ပေါက်လာရခြင်း’ အဓိပ္ပါယ်ရှိမည်ဖြစ်သည်။ ‘ဠိ’မှာပျူဘာသာအလို
အားဖြင့် ‘စာပေစကား’ ကိုဆိုလိုသည်ဖြစ်ရာ ‘အများတွက် ပေါ်ပေါက်သောစာ’ (သို့မဟုတ်)
‘အများသုံး စကား
၊ စာပေ ’ဟုဆိုလျှင် မမှားပေ။
ဗုဒ္ဓမြတ်စွာသည် သုံးလောက၏ အထွတ်အထိပ်ဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာ သုံးနူန်းသော စာ၊ စကား သည်အများနားလည်
အသုံးပြုသော
စာပေစကားဖြစ်ကြောင်း
ထင်ရှားသည်။
ဥပမာ- မနုဿကို အင်္ဂလိပ် ဘာသာဖြင့်ရေးပါက Manuta(လူ)ဟုဆိုလိုရာ
အနောက်တိုင်းဘာသာအင်္ဂလိပ် အသုံး၌
လူကို Man ဟု လည်းကောင်း၊ ဆိတ်ကိုပါဠိ ဘာသာအားဖြင့်ဂုတ္တ၊
၎င်းကိုအင်္ဂလိပ် ဝေါဟာရဖြင့်ရေးသားပါက
Gupta ထိုမှ အင်္ဂလိပ်အသုံး Goat ဖြစ်သည်။
မိခင်ကိုပါဠိဘာသာ အားဖြင့်
မာတာ (Mother)၊ ဖခင်ကို (Peter) ပီတာ၊ ပီတု စသည်ဖြင့် အသုံးအနူန်း ဆက်နွယ်မှုရှိကြောင်း
တွေ့ရှိရမည်ဖြစ်ပါသည်။
“သာကီမျိုးဟေ့ တို့မြန်မာ”ဟု ဟစ်ကြွေးလေ့ရှိရာ
ထိုဖော်ပြချက်များကို
ငြင်းပယ်ပါက
အဓိပ္ပာယ် ပြည့်စုံနိုင်တော့မည်
မဟုတ်ချေ။
ပျူလူမျိုးများသည်
သာကီဝင်များဖြစ်ကြပါသည်။
သကျခေတ်မြန်မာနိုင်ငံ ၏
နိုင်ငံတော်အကျယ်အဝန်းမှာ
အနောက်ဘက်တွင်
ဂင်္ဂါမြစ်၊
ဗြဟ္မပုတ္တမြစ်ဝှမ်းမှ
အရှေ့ဘက်မဲခေါင်မြစ် ဝှမ်းအထိ
ကျယ်ပြန့်သောဒေသကြီးဖြစ်ကြောင်း ပါရှစာရေးဆရာတစ်ဦး
ရေးသားခဲ့သည့်
အေဒီ(၈၀၀) လောက်က ပြုစုသည့် The Ancient Pyu စားတမ်းသည်မှတ်သားဖွယ်ကောင်းလှကြောင်းကို အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲ စာမျက်နှာ(၂၁၂) တွင်ဖော်ပြထားပါသည်။ ထိုစဉ်က ပျူနိုင်ငံ (မြန်မာနိုင်ငံ) ၏ အကျယ်အဝန်းမှာ အရှေ့ကိုလားသော် ကမ္ဘောဇ (ကမ္ဘောဒီးယား)၊ တောင်ကိုလားသော်ပင်လယ်၊
အရှေ့တောင်ကိုလားသော်
ဒွါရ၀တီ(သို့)ရှေ့ ဟောင်းယိုးဒယားပြည်၊
အနောက်ကိုလားသော် အိန္ဒိယအရှေ့ ပိုင်း၊ မြောက်သို့လားသော် နန်းစော (တရုတ်ပြည်)ဟု ဆိုထားပါသည်။
‘ပျူနိုင်ငံတွင်
လက်အောက်ခံ
ပြည်ထောင်ပေါင်း(၁၈) ပြည်ထောင်ရှိသည်’ အထူးသဖြင့် ‘ဖလမ်းပင် (Plane bang)’၊ ‘ဂျာဗား(java)’၊ ‘ရှာရာဝတ္ထိ/သာဝတ္ထိ(Sravasti)’၊ ‘ချမ်ပါ/စမ္ပာ
(Champa)’အပါအ၀င် မြန်မာပြည်တောင်ဘက်ဒေသ ပါဝင်သည်ဟု ဆိုထားပါသည်။
အာဖန်နစ္စတန် မှတ်တမ်းဖြစ်သည့် အေဒီ(၉၈၂)ခုနှစ်လောက်က ရေးသားခဲ့သည့်ပထ၀ီ စာအုပ် Hududal_ALam (ပထ၀ီကျမ်း) ၊Written in 982 AD. In the Gibb
Memorial Series of the Royal Asiatic Society, 1936, B1\P\242-243 စာအုပ်များတွင် ‘ရှေးခေတ်ပျူလူမျိုးတို့၏ နိုင်ငံတော်သည်
အိန္ဒိယအရှေ့ပိုင်း ကောသလတိုင်း၊ အင်္ဂတိုင်းတို့အထိ ကျယ်ပြန့်ကြောင်း’ရေးသား ထားလေသည်။၆ ခရစ်မပေါ်မီကာလနှင့် ခရစ်ပေါ်ပြီးနောက်
နှစ်ပေါင်းခုနှစ်ရာကျော်ခန့်တွင် ပျူတို့ဒေသသည် ကုန်းတွင်းနိုင်ငံတစ်ခုဖြစ်၏
။ယုတ်စွအဆုံး
ခရစ်ခြောက်ရာစုအချိန်တွင်
ဤသို့ဖြစ်နေသေးသည်။ ပျူတို့ သည် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ကျယ်ပြန့်သောလွင်ပြင်တွင်သာမက
ယခုရှမ်းပြည်နယ်ဟု ခေါ်တွင် သောဒေသနှင့် စစ်တောင်းမြစ်အညာပိုင်းလည်း ပျံ့နှံ့နေထိုင်ကြကြောင်း၇ သမိုင်း မှတ်တမ်းရှိ၏ ။
အရှေ့တောင်အာရှ
တစ်ခွင်လုံးနီးပါးမျှ ပိုင်းစိုးနယ်မြေကျယ်ပြန့်ခဲ့သော ပျူလူမျိုးများ၏ နောက်ဆုံး အမြုတေလက်ကျန်မြေ (စုစည်းနေထိုင်ရာ
တော်ပေါ်မြေ) သည်မည်သည့်သွေးချင်း ညီအစ်ကိုတို့
ထံမှ လုယက်တိုက်ခိုက်သိမ်းယူ ၀င်ရောက်နေထိုင်ခြင်းမျိုး မဟုတ်ပေ။ ကျောက်ခေတ်မှ
သည်ယနေ့တိုင် ဆူကြုံ နိမ့်မြင့် လောကဓံ
အလှည့်အပြောင်းကို တူသားပေသားကျစွာ အစဉ်အဆက် နေထိုင်ခဲ့သော နေရာဒေသ ဖြစ်လေသည်။
လက်ရှိဆီဆိုင်မြို့နယ်ကို ရှေးကသထုံနယ်ဟုခေါ်၏။ ရှမ်းပြည်ကုန်းပြင်မြင့်တွင်ရှိ၍ ရှမ်းသထုံဟု လည်းခေါ်၏ ။ မြေပြန့်တွင် သထုံကြီးရှိ၍ သထုံလေးဟုခေါ်ခြင်းလည်းရှိ၏
။ ရှမ်းကုန်းပြင်မြင့်တွင် ပအိုဝ်း လူမျိုးတို့ စတင်အခြေစိုက်ရာ
အချက်အချာနယ်မြေဖြစ်၏။၈ ဆိုသောအရေးအသားသည် မမှားသော်လည်း လုံးဝမှန်ကန်သင့်လျှော်သော
အသုံးအနှုန်းများမဟုတ်ပေ။ တိုင်းရင်းသားတစ်မျိုးအား ပစားပေးလျက် အရင်းခံတိုင်းရင်းသားဖြစ်သည့်
ပအိုဝ်းတိုင်းရင်းသားများအား နှိမ်ချထားသကဲ့သို့သော သိမ်မွေ့သောအသုံး အနှုန်းကိုသုံးနှုန်းထား၏။ ’ရှမ်းသထုံ’ဟုသုံးနှုန်းသောစာရေး ဆရာ၏သဘောထားကို အလွယ်သဘော ပေါက်ရန်ခက်ပါသည်။ တိုင်းရင်းသားလူမျိုးများအကြား
မည်သို့သော သဘောထား ရှိနေသနည်း။ ဂျော့စကော့ပြုစုသော အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်များ
မှတ်တမ်းတွင် သက္ကရာဇ် ၁၁၄၃ (ခရစ်နှစ်၁၇၈၂) ဗဒုံမင်းလက်ထက်တွင် သထုံကြီးမှပအိုဝ်းများ တက်ရောက်လာပြီး တောင်တန်းဒေသတွင်
သထုံဟူ၍ ထပ်မံတည်သည်ရေး၏ ။ ပအိုဝ်းအစဉ်အလာ မှတ်သား ပြောဆိုမှုတွင်
ပုဂံအနော်ရထာမင်း သထုံကိုသိမ်းသောအခါ ပအိုဝ်းများပြောင်ရွှေ့လာပြီး သထုံသစ် တည်ထောင်သည်ဆို၏
။ သထုံသစ်၏ ပထမဆုံး အကြီးအကဲမှာ ခွန်ဆန်းဦး ဟုဆို၏ ။ ခွန်ဆန်းဦးသည် သထုံကြီး၏ ဘုရင်ဒွတ်တဘောင်၏
တူတော်သည် ဆို၏ ။၉ ဆိုသောစကားရပ်သည်လည်း ပြည့်စုံသော၊ တိကျသော အဆိုမဟုတ်ပေ။
တောင် ပေါ်ဒေသသည် သွားရေးလာရေး ခက်ခဲသဖြင့် အုပ်ချုပ်ရေး၊ စစ်ရေးကိစ္စများကို အလွယ်တကူ
မဆောင် ရွက်နိုင်သောကြောင့် ဗဟိုအာဏာစက် သက်ဝင်ရာ မင်းနေပြည်တော်အဖြစ်
ကြီးကျယ်ခန်းနားစွာတည် ထောင်စိုးစံသော နေရာမဟုတ်ခဲ့ချေ။ အရန်မြို့ကြီးများ အဆင့်လောက်သာ တည်ဆောက်ကောင်းတည် ဆောက်ခဲ့ကြပေလိမ့်မည်။ ဗဟိုအာဏာစက်သက်ရောက်ရာ
မျိုးနွယ်တူတို့ပျော်စံရာမြေ၊ အန္တာရာယ်ရုတ်တ ရက်မကျရောက်နိုင်သော လုံခြုံအေးချမ်းမှုပေးသည့် သဘာဝတောတောင်ရေမြေများ ဖြစ်သည့်အတွက် ဗိဿနိုး သော်လည်းကောင်း၊ သရေခေတ္တရာ(သိသိတ်) သော်လည်းကောင်း၊ သထုံသုဝဏ္ဏဘူမိသော် လည်းကောင်း၊
ထင်ရှားသောပျူမြို့တော်ကြီးများ စစ်ဘေးနှင့်အခက်အခဲများ ကြုံလေတိုင်း ပြေးဝင်ခိုလုံရာ ကွန်ခိုရာဒေသ ဖြစ်ပေမည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်သော သမိုင်းကြောင်းဖြစ်ရပ်များကို ပအိုဝ်းတိုင်းရင်း
သားဘာသာစကားတတ်ကျွမ်းပြီး သမိုင်းသုသေသနပညာနားလည်သော
ဝါသနာရှင်များက လေ့လာဖော် ထုတ်နိုင်ပေလိမ့်မည် ဖြစ်သည်။
ပျူဖြစ်သော ပအိုဝ်းတိုင်းရင်းသားများသည်
ပျူခေတ်ကတည်းကပင် တောင်ပေါ်မြေတွင် အစဉ် အဆက် နေထိုင်ခဲ့ကြသော ဇာတိသားများ ဖြစ်ကြကြောင်း
လေးလေးနက်နက် သိနားလည်သင့်ပေသည်။ ဤသို့ဖော်ပြရခြင်းမှာ တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ဂုဏ်သတက္ခာကို အကျိုးမဲ့ ထိပါးစော်ကားခြင်းမပြု
စေလိုသောကြောင့် ဖြစ်သည်။ သမိုင်းအစဉ်အလာကြီးမားခဲ့သော ပအိုဝ်းတိုင်းရင်းသားများ၏ဂုဏ်ကိုလည်း ယထာဘူတကျစွာ ထင်ရှားစေလိုသောကြောင့်လည်းဖြစ်သည်။
ပအိုဝ်း(ခေါ်) တောင်သူ၊ ကရင်တိုင်းရင်းသားများမှာ မြန်မာနိုင်ငံတွင်
တောင်နှင့်မြောက်ဖြန့် ၍သထုံ ခရိုင်၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊
ဘားအံခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော၊ တောင်ကြီး၊ လွိုင်လင်၊
မော်တော်ကာလမ်းတစ်လျှောက်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူတို့တွင်နေထိုင် ကြသည်။ (၁၉၄၂ -ခုနှစ်၊
သန်းခေါင်းစာရင်းအရ ယာယီအားဖြင့် ပအိုဝ်းကို ရှို (ပိုး)ကရင်အုပ်စုထဲ တွင် ထည့်သွင်းခဲ့သည်။)၁၀
ဘားအံ၊ ကော့ကရိတ်ခရိုင်များတွင် ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသော
ရှို(ပိုး)ကရင်အမျိုးသား များကို တွေ့ရသည်။
ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသူအုပ်စုမှာ
ပအိုဝ်းအမျိုးသားများသာဖြစ်သည်။ ဖါပွန်နယ်တွင် ရှမ်းများနှင့် စဝှော်(စကော)ကရင် အနည်းငယ်သာပန်းပဲလုပ်ငန်းလုပ်သဖြင့်
အသက်မွေးမြူ သည်ကို တွေ့ရသည်။ ၁၁
ကရင်အမျိုးသားများအနက်
ပအိုဝ်းအမျိုးသားများသာ လက်မှုပညာတွင်
ထူးချွန်ကြသည်။ ယင်း ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများလည်း
ရှိကြသည်။ အရှေ့ရှို(ပိုး) ကရင်ကျေးရွာများတွင်
ပအိုဝ်း တို့သည် ပန်းပဲလုပ်ငန်း လက်သမား၊ လွှသမား၊ အထည်ရက်၊ ဆေးဆိုးစသော လုပ်ငန်းများကိုလုပ်ကိုင်ကြ
သည်။၁၂
ရှေးခေတ် ပျူလူမျိုးတို့သည်လည်း
ဟိနာယန ဗုဒ္ဓဘာသာနှင့် ဗြဟ္မီအက္ခရာပွား အန္ဒိယ မြောက်ပိုင်း ကဒံဗ အက္ခရာကိုခရစ်နှစ်ငါးရာစုခန့်က
စတင်အသုံးပြုခဲ့ပြီး မွန်တို့သည် ဗြဟ္မီအက္ခရာပွား အိန္ဒိယတောင် ပိုင်း ပလ္လ၀အက္ခရာကို ငါးရာစုခန့်တွင်ပင် စတင်သုံးစွဲ ခဲ့ကြလေသည်။ မြန်မာ တို့ကမူ ပျူ၊ မွန် နှစ်ဦးစလုံး ထံမှ နည်းမှီလျက် ၁၁-ရာစုတွင် ယနေ့အသုးံပြုနေသော စာရေးနည်း
ပညာကို ရခဲ့ပေသည်။ ကရင်လူမျိုးတို့ ၏ အက္ခရာသည် ဗြဟ္မီ၊ ပျူ၊ မြန်မာအက္ခရာတို့
မှဆင်းသက် လာပြီး မြန်မာအက္ခရာနှင့် အဖိုးတူ၊ အဖွားတူ အက္ခရာများဖြစ်ကြောင်း ဇစ်မြစ်ကို
ပေါ်လွင်စေလို ကြောင်း လေ့လာမှတ်သားရသည်။၁၃
အချို့အဏာပိုင်များက
ပအိုဝ်းတိုင်းရင်းသားတို့အား ပိုးကရင်တိုင်းရင်းသားနှင့် အမျိုးတူကြောင်း
သတ်မှတ်လိုကြသည်။ ဘာသာစကားချင်း ဆင်တူသဖြင့် ယင်းသို့သက်မှတ်ခြင်းဖြစ်နိုင်သည်။
အဆိုပါလူမျိုး စုနှစ်ခုသည် ရိုးရာဓလေ့များတွင် အတော်ပင် ဆင်တူကြောင်း အထောက်အထားများစွာ
တွေ့ရသည်။ ၁၄
ပအိုဝ်းစကားနှင့်
ပိုးကရင်စကားတို့မှာ တူလှသည်။ ကရင်စကားပြောမျိုးနွယ်စုတွင် ပအိုဝ်းစကား
နှင့် အတူဆုံးမှာ ပဒေါင်(ကယန်း) စကားဖြစ်သည်။
ပိုးတိုင်းရင်းသားအုပ်စုတွင် ပိုးကရင် အပြင်ပအိုဝ်းလူမျိုး များလည်းပါဝင်သည်။ ၎င်းတို့ကို
ရခိုင်ကမ်းမြောင်တစ်လျှောက်မှ မြိတ်အထိ တွေ့ရှိရသည်။ ၁၅
မြန်မာများက ၎င်းတို့ကို ကရင်တိုင်းရင်းသားများဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ ၎င်းတို့၏နေရင်း ဇာတိမြေမှာ တီဟန်ချင်းနှင့် ခယင်ဒေသတို့ဖြစ်သည်။
ခယင်ကို သက္ကရာဇ် ၇၀၇ ခုနှစ်တွင် ရှမ်းများသိမ်း ပိုက်ခဲ့သည်။ ခယင်မှာ မြန်မာအသံထွက်
ကရင်ကို ခေါ်ဝေါ်ပုံနှင့် အသံတူသည်။ ၁၆
ပအိုဝ်းများသည်
၎င်းတို့၏ သားချင်းညီအစ်ကို ကရင်တိုင်းရင်းသားနှင့်ခွဲထွက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာကြလျက်
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေချနေထိုင်လိုက်ခြင်းမှာ ကရင်များနှင့် အတူနေသည် ထက်
တိမ်မြုပ်မှေးမှိန်သွားစေခဲ့သည်။ ရှေးသမိုင်းဆရာများက ပအိုဝ်းတို့သည်မုတ္တခရိုင်သထုံ၌ အဓိက ထားနေထိုင်ခဲ့ကြပြီး မြောက်ပိုင်းဒေသ၌ ကျိုးတိုးကျဲတဲသာနေထိုင်ခဲ့ကြသည်ဟု
ဆိုသည်။၁၇
ကရင်တိုင်းရင်းသားများနှင့်
ခွဲထွက်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာကြလျက် ရှမ်းပြည်နယ်တောင်ပိုင်း တွင် အခြေချနေထိုင်လိုက်ခြင်းမှာ
ကရင်များနှင့်အတူနေသည်ထက် တိမ်မြုပ်မှေးမှိန် သွားစေခဲ့သည်ဟူ သော အဆိုမှာ ထိုစာတမ်းပြုစုသူ
အမေရိကန်သာသနာပြု ဝီလီယံဒန်းဟက်ကက်၏ တစ်ဖက်သတ်အမြင် သာဖြစ်လေသည်။ ပအိုဝ်းတိုင်းရင်းသားသည်
သကျမျိုးရိုးနွယ် သာကီအဘိုးအဘေး ပျူလူမျိုးအဖြစ်ကြီး ကျုယ်ထင်ရှားခဲ့ပြီသား
ဖြစ်သည်။
လွိုင်လင်နှင့် ပင်လုံမြို့များ၏ အနောက်ဘက်တစ်ခိုတွင်
တောင်တန်းညိုညိုကို မျက်စိတစ်ဆုံးတွေ့
ရသည်။ ယင်းတောင်တန်းတောင်စွယ်သည် ကာယားနယ်စပ်မှ မိုင်းကိုင်နယ်အလွန်
အထိမိုင်နှစ်ရာခန့် သွယ်တန်းလျှက်ရှိသော တောင်ကျောကြီးဖြစ်သည်။ အရှေ့လွိုင်လင်၊ ပင်လုံ
ဘက်မှ လှမ်းမျှော်လိုက်လျှင် တောင်ညိုတစ်လျှောက်တွင် အပြောက်အပြောက်ထင်လျက်ရှိသော မြစိမ်းရောင်သနပ်ဖက်များကို
တွေ့ရ သည်။ ယင်းသနပ်ဖက်များနှင့် မလှမ်းမကမ်းတွင် ဟိုတစ်စက် သည်တစ်စက်
အရောင်တလက်လက်ထနေ သော ပအိုဝ်းရွာများကိုလည်း တွေ့ရသည်။ နေရောင်အောက်တွင်
အိမ်မိုးသွပ်များ အရောင်ထွက်နေခြင်း ဖြစ်သည်။
ထိုတောင်တစ်ကြောတွင်
မိုင်းကိုင်နယ်မှ ကယားနယ်စပ်အထိ သနပ်ဖက်ခြံကြီးများကို ပအိုဝ်း တိုင်းရင်းသားများကသာ
လုပ်ကိုင်ကြသည်။ သနပ်ဖက်စိုက်ပျိုးရေးသည် ပအိုဝ်းတို့၏မီရိုး ဖလာလုပ်ငန်း ဟုဆိုက မှားအံ့မထင်။
ဒုတိယကမ္ဘာစစ်ကြီးပြီးသည့် အချိန်အထိ ပအိုဝ်းတိုင်းရင်းသားတို့ကို တောင်သူလူ မျိုး
ဟုခေါ်သော်လည်း သန်းခေါင်စာရင်းတွင်မူ ကရင်လူမျိုးထဲတွင် ထည့်သွင်းထားသည်။ ၁၉၃၁ခုနှစ်
စာရင်းအရ ပအိုဝ်းလူဦးရေ (၁၉၂၁၀၈)ယောက်ရှိသည်။ နိုင်ငံ
ရေးအရ စည်းရုံးလူပ်ရှားမှုများ ရှမ်းပြည်နယ် တွင် ပေါ်ပေါက်လာသောအခါ ပအိုဝ်းလွောင်းဗူး
ဟူ၍ ပအိုဝ်းအမျိုးသား အစည်းအရုံး ပေါ်ပေါက်လာကာ တောင်သူများကို ပအိုဝ်း
ဟုခေါ်လာကြသည်။ ပအိုဝ်းဟုခေါ်မှ ကြိုက်သည်။
တောင်ပေါ်မှ သနပ်ဖက်များကို လွိုင်လင်၊ ပင်လုံမြို့သို့ နွား၊ လား ဝန်တင်များဖြင့် သယ်ယူလာကြ သည်။ အချို့မှာ တောင်တန်းတစ်ဘက်ရှိ မိုင်းပွန်မြို့သို့ သယ်ဆောင်သွားကြသည်။ ပင်လုံမြို့မှ (၆)မိုင်ခန့် သာဝေးသော
မြေပြန့်ရှိ
လွိုင်လင်မြို့ကလေးမှာလည်း
အရှေ့မြောက်ပိုင်းဆိုင်ရာ
ဆပ်ဒီဝီဇံဝန်ထောက်တစ် ဦး၊
အရှေ့တောင်ပိုင်းဆိုင်ရာ
ဆပ်ဒီဝီဇံ
ဝန်ထောက်တစ်ဦး၊
လမ်းအရေးပိုင်တစ်ဦး၊
အစိုးရရဲဌာန၊
ဆေးရုံကြီး၊
ကျောက်ထိုးဘက်
ကျန်းမာရေးဌာန၊
စာတိုက်နှင့် ကြေးနန်း၊
ကျောင်းဆရာရာ/မတို့ အပြင်နယ်ခြားစောင့်
တပ်ခွဲတစ်ခွဲလည်း
အမြဲတမ်းရှိသဖြင့်
အမှုထမ်း၊
အရာထမ်း၊
စာရေးစာချီ
ပျာတာများဖြင့်
စည်ကားလျက်ရှိ သည်။
ယခုအခါတွင်မူ လွိုင်လင်နှင့်ပင်လုံမှာ မြို့ချင်းဆက်လုနီးပါးမျှ စည်ကားနေပေပြီ။ ထိုစဉ်ကပင်လုံ
မြို့ကို အပိုင်စားလျက်ရှိသော လဲချားနယ်စော်ဘွားကြီးသည် သနပ်ဖက်တစ်ပင်ကို အခွန်တော်တစ်ပြား စည်းကြပ်နေရာမှ နှစ်ပင်သုံးပြားနူန်း
မြှင့်တင်လိုက်သည်။
သို့ဖြင့်လောင်မီးကြီးစပါတော့သည်။ ပတူအုံ တုတ်နှင့် ထိုးမိတော့သည်။
သနပ်ဖက်ခွန်ကို ကောက်မြဲထက်
ပို၍တောင်းသည်မှာ
မျက်နှာဖြူဝန်ထောက်အသစ်
ကင်းစလေး
(Kinsley)၏ လက်ချက်ဖြစ်သည်ဟု သနပ်ဖက်ခြံရှင်များက ယူဆသည်။
ဝန်ထောက်အသစ်မှာ
ရောက်ခါစ ဖြစ်သည်။
ကင်းစလေး (Kinsley)သည် တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများကျောင်းမှ ကျောင်းအုပ်ကြီး
လုပ်နေခိုက် အရေးပေါ်အစီအစဉ်အရ လွိုင်လင်သို့ ဝန်ထောက်အဖြစ်ပြောင်းရွှေ့လာခြင်းဖြစ်သည်။ မျက်စိ တစ်ဘက်လပ်နှင့်ဖြစ်သည်။ ဤသို့ အခွန်တိုးသည်မှာ ဝန်ထောက်ရုံးတွင် တွဲလျက်ရှိသူ စာရေးကြီး ဦးသာဒင်၏ ပယောဂဖြစ်သည်ဟုလည်း ပအိုဝ်းများက ယုံကြည်နေကြသည်။
ထို့ကြောင့်လွိုင်လင်အနောက်ဘက်တောင်တရိုးမှ သနပ်ဖက်ပအိုဝ်းများ လွိုင်လင်ဈေးနေ့တွင် အစု လိုက်အပြုံလိုက်ဆင်းလာကြသည်။ ဓားလွယ်နှင့်ဓားမြှောက်များ ဝှက်ယူလာကြသည်။
ကြိုတင်အချိန်းအ ချက် ပြုလုပ်ထားသည့်အတိုင်း လွိုင်လင်ဈေးတွင်စုရုံးမိကြသောအခါ ‘ကင်းစ လေးခေါင်းဖြတ်မယ်၊ သာဒင် ခေါင်းဖြတ်မယ်’ဟု ကြွေးကြော်ကာ
ဓားတဝင့်ဝင့်နှင့်
ဈေးအရှေ့ ဘက်လမ်းမကြီးပေါ်သို့
စုပြုံထွက်လာကြ သည်။
ဈေးရောင်းဈေးဝယ်များ
ပြေးမိပြေးရာကြောက်အားလန့်အား ဇွတ်ပြေးကြသဖြင့် ဈေးလည်းပြိုတော့
သည်။
လွိုင်လင်မြို့သူကြီး ဦးခွန်ထွန်းသည် ဈေးအရှေ့ဘက် မလှမ်းမကမ်းတွင်နေသဖြင့် အခြေအနေကို ချက်ချင်းရိပ်စားမိသည်။ ဓားလွယ်ကို ကောက်လွယ်ကာ မြင်းဒုန်းစိုင်းပြီး ဈေးအရှေ့ဘက်ရှိနွားလှည်း
စခန်းသို့ အရောက်လာခဲ့၏။ ဆူပူအော်ဟစ်နေသူများကို ဖျောင်းဖျပြောဆိုရန် လူကြားထဲသို့မြင်းနှင့်အဝင် ရုတ်တရက်အခုတ်ခံလိုက်ရသည်။ ဘယ်လက်မောင်းရင်းမှနေ၍ တိကနဲပြတ်သွားသည်။ ဦးခွန်ထွန်း ဓားပြီး သည်ဟုနာမည်ကြီနေ၍သာ ပအိုဝ်းများနောက်ဆုတ်
သွားကြသည်။ ပအိုဝ်းသုံးလေးယောက် ဒဏ်ရာရသွား သည်။
အချင်းဖြစ်ပွားရာသို့ မကြာမီ နယ်ခြားစောင့်တပ်
လက်နက်များဖြင့်
ရောက်လာသောအခါ
လွိုင်လင်
ဈေးအရှေ့ဘက်တွင်
သွေးကွက်သွေးစက်များသာ
တွေ့ရတော့သည်။ အင်္ဂလိပ်အရေး ပိုင်ကအထက်သို့
အစီရင်ခံရာတွင်
‘လက်ဖက်ရည် ပန်းကန်ထဲမှ မုန်တိုင်း‘ဟု ခပ်ပေါ့ပေါ့လုပ်လိုက်
သော်လည်း ပအိုဝ်းဦးကြီး နှစ်ဆယ်ခန့် မြင်းခြံထောင်သို့ ရောက်သွားသည်၁၈ ဟု အင်္ဂလိပ်ခေတ် ပအိုဝ်းတိုင်းရင်းသားတို့၏
လှုပ်ရှားမှု တစ်ရပ်ကို
သိရှိနိုင်ပေသည်။
ပအိုဝ်းတိုင်းရင်းသား ရှေ့မီနောက်မီ ပုဂ္ဂိုလ်များ၏ ရှင်းပြချက်နှင့်
ကွဲလွဲမှု အနည်းငယ်ရှိသော်လည်း
ထိုသို့ဖြစ်ပျက်ခဲ့ကြောင်း ထင်ရှားသည်။
ဖက်ဆစ်ဂျပန် ခေတ်တွင်လည်းနည်းပရိယာယ် အမျိုးမျိုးသုံးကာ ဖက်ဆစ်ဂျပန်များကို တိုက်ပွဲဆင် နွဲခဲ့သည်။
တရုတ်ဖြူကျူးကျော်သူများကိုလည်း
ပြည်သူ့စစ်သွင်အဖြင့်
ပါဝင်တိုက်ထုတ်
မောင်းနှင်ကြသည်။ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိပြီးဖြစ်သော်လည်း ပအိုဝ်းတိုင်းရင်းသားများမှာ ပဒေသရာဇ်စနစ် ဆိုး၏ လွှမ်းမိုးချုပ်ချယ်မှုအောက်မှ
လွတ်မြောက်ရန် ပဒေသရာဇ်စနစ်ဆိုးကို တွန်းလှန်ခဲ့ကြရပြန်လေသည်။
ခေတ်အဆက်ဆက်တွင်
ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စုမြန်မာနိုင်ငံသားပီသစွာ ကျရာကဏ္ဍတွင် နိုင်ငံတော်ကာကွယ်ရေး
တာဝန်များကို ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများနှင့် အတူ ပါဝင်ခဲ့ကြပါသည်။ ယနေ့ခေတ်ကာလတွင် နိုင်ငံတော်၏
အသက်သွေးကြောသဖွယ်ဖြစ်သော ဒို့တာ ၀န်အရေးသုံးပါးဖြစ်သည့် ‘ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး’၊ တို့ကို အသက်နှင့်လဲ၍ ရှင်သန်အောင် ကြိုးပမ်းသွားကြမည်ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားတစ်ရာကျော်ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားများ သည် သတ္တမလူဦရေအများဆုံး ဖြစ်ကြောင်း အောက်ဖော်ပြချက်အရ
သိရှိနိုင်ပါသည်။ လူဦးရေ(၁ဝဝဝဝ) အထက်ရှိ တိုင်းရင်းသား(၃၅)မျိုးမှာ-
( ၁) ဗမာ ၂၉သန်း
( ၂ ) ကရင် ၂သန်း၆သိန်း
( ၃ ) ရှမ်း ၂သန်း၃သိန်း
( ၄ ) ရခိုင် ၁သန်း၇သိန်း
( ၅ ) မွန် ၁သန်းကျော်
( ၆ ) ချင်း ၇သိန်း၈သောင်း
( ၇ ) ပအိုဝ်း ၆သိန်း၎သောင်း
( ၈ ) ကချင် ၃သိန်း၇သောင်း
( ၉ ) ပလောင် ၃သိန်း၃သောင်း
(၁၀) ဓနု ၂သိန်း၎သောင်း
(၁၁)
လားဟူ ၁သိန်း၈သောင်း
(၁၂) အင်းသား ၁သိန်း၎သောင်း
(၁၃) လီဆူး ၁သိန်း၎သောင်း
(၁၄) အခါ(ကော်၊အီကော)၁သိန်းကျော်
(၁၅) ၀ (လွယ်လ) ၁သိန်းကျော်
(၁၆) ကိုးကန့် ၈သောင်း၁ထောင်ကျော်
(၁၇) နာဂ
၇သောင်း၇ထောင်ကျော်
(၁၈) ကယန်း(ပဒေါင်) ၇သောင်း၎ထောင်ကျော်
(၁၉) ကယား ၇သောင်းခန့်
(၂၀) ရ၀မ် ၄သောင်း၎ထောင်ကျော်
(၂၁) တောင်ရိုး ၄သောင်း၃ထောင်ကျော်
(၂၂) မရို ၃သောင်း၆ထောင်ကျော်
(၂၃) ခမွီး ၂သောင်း၅ထောင်ကျော်
(၂၄) ဂဒူး(ကတူး) ၂သောင်း၃ထောင်ကျော်
(၂၅) လော်ကော်(မရူ) ၂သောင်း၁ထောင်ကျော်
(၂၆) လူရိုင်း ၁သောင်း၅ထောင်ကျော်
(၂၇) ဂုံ(ခွန်) ၁သောင်း၎ထောင်ကျော်
(၂၈) ဒိုင်းနက် ၁သောင်း၎ထောင်ကျော်
(၂၉) ကယော(ပရဲ့) ၁သောင်း၎ထောင်ကျော်
(၃၀) ဂဏန်း(ကနန်း) ၁သောင်း၂ထောင်ကျော်
(၃၁) ပိုး ၁သောင်း၁ထောင်ကျော်
(၃၂) လရှီ(လာဖစ်) ၁သောင်း၁ထောင်ကျော်
(၃၃) ကေဘား
၁သောင်း၁ထောင်ကျော်
(၃၄) ယင်းဘော ၁သောင်းကျော်
(၃၅) ယင်းနက်
၁သောင်းကျော်
စသည်တို့ဖြစ်ကြသည်။ထိုဖော်ပြချက်မှာ (၁၉၉၂)ခုနှစ်မတ်လ(၃၁) ရက်အထိရှိစာရင်း ဖြစ်ကြောင်း သိရသည်။၁၉
ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေးအခန်းကဏ္ဍတွင် မြန်မာလူမျိုး
ပအိုဝ်းတိုင်းရင်း သားများ၏ လူဦးရေအရ သတ္တမအင်အားစုဖြစ်သည်နှင့်အညီ အင်ပြည်အားပြည့်ပါဝင် တည်ဆောက်နိုင်ရေး သည် အရေးပါသော
ကဏ္ဍတစ်ရပ်အနေဖြင့် ရပ်တည်နေမည်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဖွား
တိုင်းရင်းသားမျိုးနွယ် တစ်ရာကျော်တို့သည် ဤမြန်မာမြေပေါ်တွင် နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အတူတကွဆိုး တူကောင်းဖက် လက်တွဲနေထိုင် ဆောင်ရွက်သူများဖြစ်ပါသည်။ နိုင်ငံတော်
အဓွန့်ရှည်တည်တံ့မြဲရေး ၊တိုင်းရင်းသားစည်းလုံး ညီညွတ်မှုခိုင်မာရေး စသည့် တာဝန်များကို သွေးချင်းညီနောင်များနှင့်အတူ ပအိုဝ်း
တိုင်းရင်းသားများကလည်း မြန်မာနိုင်ငံသား ပီသစွာ ဦးထိပ်ပန်ဆင် ဆောင်ရွက်ကြမည်သာ ဖြစ်လေသည်။
တိုင်းရင်းသားတို့၏
အကြောင်းအရာတို့ကို သီးခြားဖော်ပြသော စာပေမှတ်တမ်းမှတ်ရာ စာအုပ်များ မှာ ရှားပါးလှပေသည်။
ထိုမှဤမှ ဖော်ပြထားသည့် ပအိုဝ်းဆိုင်ရာ အကြောင်းအချက် များကိုဟိုတစ်တို့ဤ
တစ်တို့ နှိုက်နှုက်ချွတ်ချွတ် ဖတ်မှတ်စုစည်းယူရခြင်းဖြင့် ပအိုဝ်းသမိုင်း၏ လျှို့ဝှက်ဆန်းကြယ်မှု၊
လေးနက် ခိုင်မာမှုများကို အံ့သြဖွယ်ရာတွေ့ ရှိလာရပါသည်။
ပျူပအိုဝ်းတိုင်းရင်းသားများ
ယနေ့မြန်မာမြေပေါ်တွင် ရောက်ရှိနေထိုင်ခဲ့သည်မှာ အစောဆုံးဖြစ် သည်။ မည်သည့်တိုင်းရင်းသားများသည် မည်သည့်ခေတ်နှစ်များကမြန်မာပြည်အတွင်းသို့
အလုံးအရင်းဖြင့် ၀င်ရောက်နေထိုင်ကြပါကြောင်း တိတိကျကျ ဖေါ်ပြထားသော
မှတ်တမ်းမှတ်ရာများ မရှိသလောက်ရှားပါး လေသည်။ တစိမ့်စိမ့်ရွှေ့ပြောင်း ၀င်ရောက်နေထိုင်ခဲ့ကြပေသည်။ မြန်မာပြည်၏ရှေးအကျဆုံးလူမျိုး ပျူတို့ ၏သမိုင်းရာဇာဝင်တွင် ကာလဒေသအားဖြင့်ကွဲပြားစွာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ကြောင်း လေ့လာတွေ့ရှိနိုင် သည်။
ပျူလူမျိုးတို့သည်
မြန်မာနိုင်ငံအတွင်း၌ ဗိဿနိုးမြို့တော်ကို အေဒီ(၁)ရာစုတွင် တည်ဆောက်ခဲ့ကြ သည်။ ထိုချိန်တွင် ယဉ်ကျေးမှုအဆင့်လည်း မြင့်မားနေပြီဖြစ်သည်။ ပျူတို့သည် (၁)ရာစုတွင် မြို့ပြနိုင်ငံကို ထူထောင်နိုင်ကြသဖြင့် ထိုထက်စောသော ကာလကပင် မြန်မာမြေပေါ် သို့ရောက်ရှိနေပြီဟု
ပြောနိုင်သည်။ ပျူတို့ဝင်ရောက်လာချိန်ကို ဘီစီ(၃)ရာစုဟူ၍ ခန့်မှန်းနိုင် သည်။
ပျူလူမျိုးများသည်
အိန္ဒိယနိုင်ငံ၊ အာသံနှင့် အရှေ့မြောက်အရပ်ဒေသများမှ မြန်မာနိုင်ငံ အတွင်းသို့
အစုစုခွဲ၍ ၀င်ရောက်လာခဲ့ဟန်တူလေသည်။ ၎င်းတို့သည် ကဘော်မြေပြန့်နှင့်
တောင်ကြားအရပ်ဒေသများ သို့လည်းကောင်း၊ ရှေးဦးစွာ ၀င်ရောက်နေထိုင်ခဲ့ကြလေသည်။ ယခုခေတ် မုံရွာနှင့် ရွှေဘိုခရိုင်အရပ်များ ၊ကသာခရိုင်၊
တောင်ဘက်ဒေသများသည် ပျူလူမျိုးများ၏ ရှေးဟောင်းအခြေချနေထိုင်ခြင်းပြုရာ နေရာ ထိုင်ခင်းဟောင်းများ
ဖြစ်နိုင်စရာရှိပေသည်။ ထိုအရပ်ဒေသများကမှတစ်ဆင့် ပခုက္ကူ၊ မင်းဘူးနှင့်
ပြည် ၊မြင်းခြံ ၊မိတ္ထီလာ၊ မကွေး၊ ရမည်းသင်းနယ်များအထိ တိုးချဲ့ပျံ့နှံ့ကာ နေထိုင်ခဲ့ကြခြင်းဖြစ်သည်ဟု ယုံကြည် ရကြောင်း(
အခြေပြ မြန်မာနိုင်ငံ ရေးသမိုင်း စာမျက်နှာ ၁၅၅)ကိုလည်း မှတ်သားရပါသည်။
ပျူလူမျိုးတို့၏
ဗဟိုဌာနကြီးများမှာ မြာက်ပိုင်းတွင်ဟန်လင်းနှင့် တောင်ပိုင်းတွင်သရေခေတ္တရာတို့
ဖြစ်ကြသော်လည်း အထက်မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ပင် ပျူတို့ပျံ့နှံ့စွာ နေထိုင်ခဲ့ကြသည်။ ပုဂံမြို့သည်ပင် လျှင် မဆွ၌ပျူတို့၏မြို့တော်ဖြစ်၍ နောင်မှသာမြန်မာတို့က
ပျူတို့ကို ဆက်ခံသိမ်းပိုက်ခဲ့သည်။ ( ‘မြဝဇီ၏ ပျူစစ်သည်’
စာမျက်နှာ ၁၀)
သရခေတ္တရာပျူ၊
ဗဿနိုးပျူများထက်ရှေးကျသော ဟန်လင်းပျူများ၏ ရာဇဝင်ကဏ္ဍ၌ တစ်ခန်းရပ် တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရရှာသည်။ အမှန်အားဖြင့်ဆိုလျှင် ဟန်လင်းပျူသည် မြန်မာ
လူမျိုးတို့ဟူ၍မဖြစ် ပေါ်မီနှစ်ပေါင်း
(၅၀၀၀)ကတည်းကပင်လျှင် မြန်မာပြည်တွင်းသို့
ပထမဆုံး ဝင်ရောက်လာသော လူမျိုးစု တစ်စုဖြစ်၍ သုဝဏ္ဏဘူမိမွန်များနှင့် ဥက္ကလာပရာမညမွန်အမျိုးသားများထက်လည်း နှစ်(၄၀၀၀)
ကျော်မျှ ရှေးကျလေသည်။(မြဝဇီ၏ ပျူစစ်သည်’
စာမျက်နှာ ၄၄)။
ဟန်လင်းကှိ ဗုဒ္ဓမပွင့်မီ
နှစ်ပေါင်း ၂၀၀၀(ဘီစီ၂၅၀၀)လောက်တွင် ’ကရဘော‘
မည်သော ပျူလူမျိုး စုအကြီးအကဲက ဟန်လင်းမြို့ကိုတည်ထောင်ပြီးလျှင်‘ကရဘော‘ ပျူမင်းဆက်ကို စတင်ခဲ့ကြောင်း
ဟန်လင်း သမိုင်း၌ ဖော်ပြထားလေသည်။ ကရဘောမင်းဆက်မှာ မင်းဆက်ပေါင်း (၉၆)ဆက်၊ နှစ်ပေါင်း (၂၅၀၀)နီးပါး မျှစိုးစံပြီးမှ ဂေါတမဘုရားခေတ်တွင် မဇ္ဈိမဒေသမှ ရောက်လာသော
‘သတိုးဇမ္ဗူဒီပရာဇာမင်း’က တိုက်ခိုက် ဖြိုဖျက်ပြီး
တကောင်းမြို့ တည်ထောင်လိုက်မှ ဟန်လင်း ပျူမင်းဆက်ပြတ်သွားကာ မှော်ဇာဒေသတစ်ဝိုက် ပျူများဆင်းသက်နေထိုင်လေသည်။
တကောင်း ခေတ်ပျက်မှ မှော်ဇာအရပ်မှ ပျူများ ‘သရေခေတ္တရာမြို့’နှင့် ’ဗိဿနိုးမြို့‘ ကိုတည်ထောင်ကြကြောင်း
အဆိုရှိ၏ (မြဝဇီ၏ ပျူစစ်သည်’ စာမျက်နှာ ၄၉)
ထိုအချက်အလက်များကို
လေ့လာသုံးသပ်ကြည့်ပါက ပျူလူမျိုးများသည် ပြည်မှသည်
အထက် မြန်မာပြည် တစ်ဝှမ်း၌သာ ဖြန့်ကျက်နေထိုင်ခဲ့ကြမည်ဟု ယူဆစရာဖြစ်နေပါသည်။
ပထဝီစာအုပ်ကြီးမှ ဖော်ပြသောမြို့ပျက်မြို့ဟောင်းစသည့် စကားလုံးအရ
အောက်မြန်မာပြည် ဒေသများမှာလည်း ပျူတို့၏ အခြေချနေထိုင်ခဲ့ကြရာဒေသများပင်ဖြစ်ကြောင်း
ထင်ရှားသောသက်သေသာဓကများ ရှိလေသည်။
ရှေးကျလှသော ဟန်လင်းပျူခေတ်ကပင်
လျှင်ဟန်လင်းပျူတို့၏ နယ်ပယ်ဒေသများ၌ မြန်မာပြည် အောက် ပိုင်းဒေသများ ပါဝင်နေပေသည်။
ကရဘော်မင်းဆက်(၅၁)ဆက်မြောက် မင်းလက်ထက်တွင်
ပျူ(၁၂)ပြည်ထောင်မျှ ပေါ်ပေါက်လာပြီ ဖြစ်ကြောင်းတွေ့ရ၏
။ ‘မွန်စောကိုက်’၏သားတော် ’ကိုက်သံရှင်’ မင်းကြီးတွင်မူ
ပျူရာဇဝင် ထွန်းပြောင်စေ မည့် ’ရှင်ဆင်းမောက်‘ အမည်ရှိသမီးတော်တစ်ပါး ထွန်းကားလာ၍ ‘ရှင်ဆင်းမောက်’
ဘုရင်မနန်းတက်သော အခါတွင်မူ အကွဲကွဲအပြားပြား ဖြစ်နေသော ပျူ(၁၂)ပြည်ထောင် အမည်များတွင် မှော်ဇာနှင့် တနင်္သာရီ ဒေသေအမည်များ တွေ့ရသေး၏ ။ ပျူ(၁၂) ပြည်ထောင်အမည်များမှာ-
( ၁ ) ဟန်လင်းပြည်
( ၂ ) ငမန္တာပြည်
( ၃ ) အစီရီပြည်
( ၄ ) မှော်ဇာပြည်
( ၅ ) အေလောပြည်
( ၆ ) မောပြည်
( ၇ ) မိုးနဲပြည်
( ၈ ) ပန်းတောင်းပြည်
( ၉ ) ကျောက်ကရီးပြည်
(၁၀) တိန်မဲပြည်
(၁၁) ပိလင်းပြည်
(၁၂) တနင်္သာရီပြည်များဖြစ်ကြောင်းတွေ့ရ၏ ။( မြဝဇီ၏ ပျူစစ်သည်’ စာမျက်နှာ၄၉/၅၉)
ထိုပျူ(၁၂)ပြည်ထောင်၏ အမည်ကို
ဤသို့လည်းလေ့လာမှတ်သားရပါသည်။ မြန်မာ့ရှေ့ဟောင်း ကျမ်းများတွင်
ပျူ(၁၂) ပြည်ထောင်ဟု ပြဆိုခဲ့သည်။ ယင်းတို့မှာ-
1.
အေလိုပျူ
2.
ဟန်လင်းပျူ
3.
ကချင်ပျူ
4.
ချင်းပျူ
5.
အစီရီပျူ
6.
မြန်မာပျူ
7.
ကံဖိုးပျူ
8.
ကိုင်းရယ်ပျူ
9.
ကလောက်ဂေးပျူ
10.
တိမ်မယ်ပျူ
11.
မော်ဇာပျူ
12.
တနင်္သာရီပျူ
မြန်မာသမိုင်းသုတေသနပြုချက်အရ
ပျူလူမျိုးတို့၏ ရှေ့ဟောင်းမြို့တော်များအဖြစ် သရေ ခေတ္တရာ၊
ဟန်လင်း၊ တကောင်း၊ ဗိဿနိုး၊ ကျိုက္ကသာ၊ ဝေါ၊ ဝတီး၊ ဘမ်း စသောမြို့များတွင်
ထင်ရှား၏ ။ (ညောင်ခါးရှည် မှိုင်းဝေ တရုတ်ရှေးဟောင်းမှတ်တမ်းတွင်
ဖော်ပြသော ပျူနိုင်ငံ လင်ယန်မှ ရဟန္တာအရှင်မြတ် အမှတ်(၉၈) ဇန်န ဝါရီ ၂၀၀၄ထုတ် လပြည့်ဝန်းမဂ္ဂဇင်း
စာမျက်နှာ ၁၂၊ ၁၃၊ ၁၄)
ပျူစောထီးမင်းလက်ထက်တွင်
တရုတ်တို့ထပ်မံလာရောက်၍ ဖျက်ဆီးသော်လည်း ပျူစောထီးမင်း ၏ လုပ်ရည်ကြံရည်ကြောင့် တရုတ်တို့
ဆုတ်ခွာသွားရသည်ဟုဆို၏။ အေဒီ(၈၀၀)ရာစုတွင် ပျူလူမျိုးတို့က
တရုတ်ပြည်ကြီးသို့ သံတမန်များ စေလွှတ်ကြောင်း တွေ့ရသဖြင့် ပျူဘုရင်သည်
တရုတ်ပြည်၏ လက် အောက်ခံမဟုတ်ဘဲ
မဟာမိတ်နိုင်ငံ အနေဖြင့် ဆက်ဆံကြောင်းထင်ရှားသည်။
သာကီဝင်ပျူလူမျိုးများ
ယနေ့အိန္ဒိယနိုင်ငံ ရှေ့ကမဇ္စျိမတိုင်းဒေသကြီးတွင် အခြေချနေထိုင်ခဲ့သော အထောက်အထားများလည်း
ရှိနေပေလိမ့်မည်။ သက္ကတိုင်း၊ သကျနယ်သည် သာကီဝင်တို့၏ ပိုင်နက်နယ် မြေဖြစ်ကြောင်းထင်ရှားပြီးဖြစ်သည်။ ထိုခေတ်မြန်မာတို့၏နိုင်ငံတော် အကျယ်အဝန်းမှာ
အနောက်ဘက် တွင် ဂင်္ဂါမြစ်၊ ဗြဟ္မပုတြမြစ်ဝှမ်းမှ အရှေ့ဘက်တွင်မဲခေါင်မြစ်ဝှမ်းအထိ ကျယ်ပြန့်သော
ဒေသကြီးဖြစ်ပါ သည်။ (ဗုဒ္ဓ နှင့် မြန်မာလူမျိုး ဦးလှသိန်းထွဋ်
(ဓမ္မာစရိ ယ B.A) စာမျက်နှာ ၁၁)
တော်စိန်ခို၏ (၁၉၀၈)ခုနှစ်အစီရင်ခံစာ စာမျက်နှာ(၁၄)တွင် Mr-Fergyson (ဖာဂတ်ဆန်)
ရေးသား သော အိန္ဒိယနှင့် အရှေ့တိုင်းဗိသုကာ သမိုင်းကျမ်း စာမျက်နှာ
(၄၁၆-၄၁၇)၌ သက္ကရာဇ်အေဒီ
(၃၂၇-၄၇၃) အတွင်းနှစ်ပေါင်း
(၁၄၆)နှစ်တာမျှ အိန္ဒိယပြည် Orissa သြရိဿဒေသ၌ နေထိုင်သွားသော အမျိုးအနွယ် မသိ လူတို့၏ကျောက်စာများ၊ ကျောက်ရုပ်တုများ၊
အုတ်ခွက်ပုံများနှင့် အထိမ်းအမှတ် အဆောက်အဦးများ သည် သရေခေတ္တရာမြို့မှ
Pir (or) Pyu ရှေ့ပျူတို့နှင့် တူညီမှု ဆက်စပ်ဖော်ထုတ်နိုင်လိမ့်မည်ဟု
ယူဆ ကြောင်း ရေးသားခဲ့သည်။ (အခြေပြု မြန်မာ့နိုင်ငံရေးသမိုင်း
စာမျက်နှာ ၁၅၉)
ကမ္ဘာ့လူမျိုးအသီးသီးသည်
ရေကြည်ရာမြက်နုရာ ရှာဖွေနေထိုင်ခြင်းရှိခဲ့ကြသည်။ အတည်အကျ နေထိုင်ခြင်း မြို့ပြကျေးရွာများ
ပေါ်ပေါက်လာကာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း နယ်မြေနိုင်ငံများ ပေါ်ပေါက်လာခဲ့သည်။
အချို့ထင်ရှားကျော်ကြားပြီး ခိုင်မာသော မြို့ပြနိုင်ငံများကို စွန့်ပယ်ထားရစ်ခဲ့ပြီး တိမ်မြှုပ်ပျောက်ကွယ်သွားကြရသည့် အဖြစ်အပျက်များလည်း မနည်းလှပေ။
ဂရိ၊ တောင်အမေရိကတိုက်ရှိ ပီရူးပြည်နယ် အင်ကာမြို့ဟောင်းရာများ၏ မူလဖန်တီးတည်ဆောက်ခဲ့ကြသော
လူမျိုးတို့သည် မထင်ရှား တော့ပေ။ မြန်မာနိုင်ငံ၏ ရှေးဟောင်းပျူမြို့ပြ အဆောက်အအုံတို့၏
မူလပိုင်ရှင်တို့သည် အများယူဆချက် သည် မခိုင်လုံလှပေ။
မြေမြို၍ လူမျိုးမပျောက်
လူမြိုမှလူမျိုးပျောက်သည် ဆိုသောစကားသည် အဓိပ္ပါယ်လေးနက်ကျယ် ပြန့်လှ၏။ လွန်ခဲ့သောနှစ် (၈၀၀)ကျော် (၉၀၀)ခန့်က စာပေအရေးအသား အဆင့်အတန်းမြင့်စွာရေးထိုး စိုက်ထူခဲ့သော ဂူပြောက်ကြီးခေါ်
ရာဇကုမာရ လေးဘာသာ၊ လေးမျက်နှာ ကျောက်စာထက်မှ ပျူဘာသာ စကားပိုင်ရှင်များ ထိုပျူဘာသာစကားပြော
လူမျိုးများပျောက်ခြင်းမလှ ကွယ်ပျောက်သွားသည်ဆိုသော အချက်မှာ ပေါ့တန်သောစကားဟု မှတ်ယူနိုင်ပါသည်။
စူးစမ်းသုတေသနပြုမှု အားနည်းခြင်းနှင့်ဝန်တို မစ္ဆိရိယတရားချယ်လှယ်ခြင်းခံရကာ ပျူလူမျိုးနှင့်
ပျူအဆက်အနွယ်များအား ဥပက္ခာပြု ဖျောက်ဖျက်ထား ခြင်းကြောင့် ဖြစ်နိုင်သည်။
မွန်ဂိုလွိုက်မျိုးနွယ်များ
မောင်ဂွတ်ခေါ် မွန်ဂိုးလီးယားကုန်းပြင်မြင့်မှ ရေကြည်ရာမြက်နုရာရှုာဖွေ ပြောင်းရွှေ့ခဲ့ကြရာတွင်
ပအိုဝ်းဖြစ်လာမည့် ပျူတိုင်းရင်းသားလူမျိုးများသည် တောင်ဘက်ဒေသသို့ အစော ဆုံးထွက်ခွာကြသူ
တောင်သူဟု နောက်ကျန်ရစ်ခဲ့သော နောက်မှလိုက်လံ
ပြောင်းရွှေ့လာသောမွန်ဂို လွိုက်များက ရည်ညွန်းခေါ်ဆိုရင်း ပျူကို တောင်သူပအိုဝ်းဟု တွင်မည်လာခဲ့ခြင်း
ဖြစ်ပေသည်။ ပအိုဝ်းအမျိုးသားများသည် မွန်ဂိုလီးယား ကုန်းပြင်မြင့် အူကရိုဒေသမှ လမ်းကြောင်းသုံးခုဖြင့်
မြန်မာ့မြေပေါ်သို့ ဝင်ရောက်လာခဲ့ကြသည်။ အရှေ့ဘက်ဆုံးမှ ဆင်းသက်ရာလမ်းကြောင်းမှာ
မဲခေါင်မြစ် ကြောင်းအတိုင်း၊ အလယ်လမ်းကြောင်းမှာ သံလွင်မြစ်လမ်းကြောင်းအတိုင်းနှင့်
ဧရာဝတီမြစ်ကြောင်း အတိုင်းတို့ ဖြစ်သည်။
ထိုလမ်းကြောင်းများအတိုင်း
ဝင်ရောက်လာခဲ့ကြရာတွင် သံလွင်နှင့်ဧရာဝတီကြား လားရှိုးတောင် စဉ်(Larsho
Mountain Ring) တောင်ဘက်အဆုံးသီပေါအရှေ့တောင်ရှိ ကောင်မထွိုင်း တောင်ပေါ်တွင်
ပျူမျိုးနွယ် ပအိုဝ်းတိုင်းရင်းသားများ အစဉ်အဆက်နေထိုင်လျက်ရှိကြောင်းသိရပါသည်။
PNO ဥက္ကဌ ဖါးဖြား တန်အောင်ခမ်းထီသည် ယင်းဒေသသို့ ၁၉၇၇ နှစ်တွင်ရောက်ရှိခဲ့ဖူးကြောင်း၊
ထိုစဉ်ကယင်းဒေသရှိ အသက် (၆၀)ရှိပြီဖြစ်သော အဖိုးအိုအဖွားအိုများသည် ပအိုဝ်းစကားကို ပြောဆိုနေကြသေးကြောင်း ဆိုပါ
သည်။ သူတို့အားတွေ့ဆုံကာ ‘အဖိုးတို့က ဘယ်ကရောက်လာနေထိုင်းပါသလဲ’ဟုမေးမြန်းရာ ’ဘာသာရေး သမား တရားသမားဖြစ်ဟန်တူသော အဖိုးကြီးတစ်ဦးက
ရယ်မောကာ ဘယ်ကလာရမှာလည်းကွယ်-ကုသိုလ်ကံအကျိုးပေးလို့ အထက်နတ်ပြည်က
ဆင်းသက်လာတာပေါ့ ဗိုလ်လေးရဲ့’ဟု ပြန်ဖြေကြားကြောင်း ၊‘ဟုတ်ပါပြီအဖိုး၊ ကျွန်တော်မေးလိုတာက အဖိုးတို့ဟာ ဟိုး‘တရေပါပင်လွယ်ဟိုလန်ကနေတက် တက်လာ တာလား’
‘ကျန်းစန်းကောင်ခဲ’ကနေ ပြောင်းရွှေ့လာတာလားဟု ဆိုတာပါ‘ဟု ထပ်မေးလိုက်ရာ ’ဘယ်က လာရမှာလဲ။ တို့အဘိုးဘေးတွေ လက်ထက်ကတည်းက
တို့တတွေ ဒီမှာနေထိုင်ခဲ့ကြတာပါ‘
ဟု ဖြေကြောင်း သိရပါသည်။ (P.N.O ဥက္ကဌ ဖါဖြားဦးအောင်ခမ်းထီ၏
၂၇-၁-၂၀၀၅ရက်နေ့ ကျောင်းထိုကျောင်းတိုက်၌
မြွက်ကြားသောသြ ဝါဒစကားများမှ)
ပျူ(သို့မဟုတ်)ပအိုဝ်းတိုင်းရင်းသားများသည် မွန်ဂိုလွိုက်မျိုးနွယ်
တစ်မျိုးဖြစ်ပြီး ရေကြည်ရာမြက်နု ရာရွှေ့ပြောင်းနေထိုင်ခဲ့ရာ၌
တရုတ်ပြည် ကွေ့ချောင်နယ်တွင်လည်း အခြေချနေထိုင်ခဲ့ဖူးသည်။ တရုတ် ဘုရင်ဂေါင်ချိန်က ညှင်းပန်းနှိပ်စက်လာသဖြင့်
အုပ်စုသုံးစုဖြင့် မြန်မာပြည်တွင်းသို့ ရှေးရှုဝင်ရောက်ခဲ့ကြ သည်။ မဲခေါင်မြစ်အတိုင်း ဆင်းသက်သောအုပ်စုသည် ကမ္ဘောဒီးယား ၊ဗီင်္ယက်နမ်၊ လောနှင့်
ထိုင်းနိုင်ငံများ တွင် အခြေချနေထိုင်ရင်း နောက်မှထပ်မံ ရောက်ရှိလာသော
မွန်လွိုက်မျိုးနွယ်များကြောင့် တစ်ချို့တောင် ဘက်ဆီသို့ ထပ်မံပြောင်းရွှေ့သွားရင်း
ယနေ့မြ၀တီနှင့် သထုံဟုသိကြသော ဒေသသို့ ရောက်ရှိခဲ့ကြသည်။
တစ်ဖွဲ့မှာ ရွှေလီမြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်
ကြီးကျယ်ထင် ရှားသော တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ (မှော်ဇာ) မြို့ကြီးများကို ထူထောင်နိုင်ခဲ့ကြ သည်။ ထိုသရေခေတ္တရာမှသည် သထုံနှင့် ဆက်သွယ်မိကြသည်။
ကျန်တစ်ဖွဲ့မှာယူနန်နယ်အတွင်း အခြေချနေထိုင်လျှက်ရှိရာ တရုတ်နန်ချောင်တို့က
ဝင်ရောက်သိမ်း
ပိုက်သဖြင့်
ကြူကုတ်တောင်ကြားလမ်းမှ
ယနေ့တောင်ပေါ်မြေ
ဒေသသို့ ရွှေပြောင်းနေထိုင်ခဲ့ကြရပြန်သည်။
ထိုနန်ချောင်များအား
တရုတ်တို့က
နှိပ်စက်တိုက်ခိုက်ပြန် သဖြင့်
ပအိုဝ်းတို့နေထိုင်ရာ
တောင်ပေါ်ဒေသ ဆီသို့
နန်ချောင်ရှမ်းများ
လိုက်ပါလာခဲ့ကြပြန်ရာ ပအိုဝ်းတစ်ချို့ တောက်ဘက်သထုံဒေသဆီသို့ ဆက်လက် ရွှေ့သွားခဲ့ကြပြန်သည်။
ထို့ကြောင့်ကွေ့ချောင်နယ်မှ သုံးအုပ်စုကွဲကာဆုတ်ခွာလာခဲ့သော
ပအိုဝ်းများသည်
သံလွင်နှင့်
စစ်တောင်းမြစ် ရှမ်းဒေသအကြားရှိ သထုံမြေတွင် ပြန်လည်ပေါင်းစည်းကာ သုဝဏ္ဏဘူမိသထုံ
ပြည်ကြီးကို တိုးတက်စည်ပင် အောင်ဆောင်ရွက်နိုင်ခဲ့ကြသည်။ (တပေါင်းလက်ဆောင် အမှတ် (၂၁) ဗိုလ်ခံ (သုဝဏ္ဏတိုင်း)
ရေး စာမျက်နှာ (၈၆) ဘာသာပြန်)
`ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လော၊ ထိုင်း နိုင်ငံဘက်မှ
ရွှေ့ပြောင်းလာရာလမ်းကြောင်းတွင်လည်း ကောင်း သံလွင်နှင့်ဧရာဝတီကြား တောင်စဉ်တောင်တန်းများအကြား
လမ်းကြောင်းများတွင်လည်းကောင်း၊ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်တွင်လည်းကောင်း၊ ပျူ(သို့မဟုတ်) ပအိုဝ်းတိုင်းရင်းသားများ ကျန်ရစ် နေထိုင်ကြသည်ကို
မမေ့အပ်ပေ။ ဗိဿနိုး၊ သရေခေတတ္တရာနှင့် သုဝဏ္ဏသထုံမြို့ကြီးများ ပျက်စီးသောအခါတွင် ပျူပအိုဝ်းတို့သည်
စစ်ဘေးစစ်ဒဏ် အခိုက်အတန့်ကင်းဝေးရာ တောင်ပေါ်မြေဒေသများဆီသို့
ပြေးဝင်ခိုလှုံခဲ့ကြမည်မှာအမှန် မလွဲပါချေ။ တောင်ပေါ်မြေဒေသတွင် အခြေချနေထိုင်ခဲ့ရင်းစွဲရှိ၍သာ
မျိုးနွယ်တူများ စစ်ဘေးစစ်ဒဏ်သင့် လေတိုင်း လာရောက်ခိုအောင်းခွင့် ရရှိနိုင်ကြခြင်းဖြစ်သည်။
ဘိုးတော်ဘုရားလက်ထက်တွင် သထုံကလေး ဟု သမုတ်ခေါ်တွင်ပေးနိုင်ခြင်းမှာ သထုံကြီးခေါ်သုဝဏ္ဏဘူမိတိုင်း၏
လက်အောက်ခံနယ်မြေဖြစ်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ တစ်ခြားသောသူတို့၏ နယ်မြေဖြစ်ပါက
ပအိုဝ်းများအလွယ်တကူ အခြေချနိုင်ခဲ့ကြမည် မဟုတ်ပေ။ ခရစ်မပေါ်မီနှင့် ခရစ်ပေါ်ပြီးး အေဒီ
(၇)ရာစုအထိ ထိုဒေသများသည် ပျူတို့၏ဒေသဖြစ်ကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားမင်းတို့၏ ဗဟိုအာဏာစက်တည်ခဲ့ရာ မင်းနေပြည်တော်သည်
သုဝဏ္ဏဘူမိခေါ် သထုံဖြစ်သည်။ သထုံနှင့် တကောင်းဆက်ဆံရေး သမိုင်းသက်သေ၊ တကောင်းကို နန်ချောင်တို့ဝင်တိုက်
ခိုက်ဖျက်ဆီးသဖြင့် ပျက်စီးခဲ့ရသကဲ့သို့ သထုံကိုလည်း ဆင်းတိုက်ခဲ့သဖြင့် ထိခိုက်နစ်နာခဲ့ရသည်။
ပအိုဝ်း တို့၏ သုဝဏ္ဏဘူမိခေါ် သထုံဒေသဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားများကို ရှေ့ကတောင်သူလူမျိုးများဟု
လူသိများခဲ့သည်။ ပအူ၊ ပအို၊ ပွာအို၊ ဘအု၊ ဖအို၊ ပအု၊ ပအို့ စသည်ဖြင့် အမျိုးမျိုးရေးသားမှတ်တမ်းတင်
ခဲ့ကြသည်။ သုဝဏ္ဏဘူမိ၏ သမိုင်းဦးခေတ်သည် တောင်သူပအူလူမျိုးတို့၏ သမိုင်းဖြစ်သည်။ သုဝဏ္ဏဘူမိ၏
နှောင်းပိုင်းကာလသည် မွန်တို့ သြဇာလွှမ်းမိုးသောကာလ ဖြစ်ခဲ့သည်။
အေဒီ(၁၁)ရာစု အတွင်းတွင် လင်ဖွန်မြို့သူမြို့သားများက
ကာလဝမ်းရောဂါဆိုးကို ရှောင်တိမ်းရင်း သထုံဘက်သို့ ရောက်ခဲ့သည်ဆို၏။ ထိုအချိန်တွင် သထုံကို
ပုဂံမင်းများအုပ်စိုး နေချိန်ဖြစ်ပြီး အဆင်ပြေမှု မရှိ၍ ဟံသာဝတီ ပဲခူးဘက်သို့ ဆက်လက်သွားရာ
စကားချင်းတူညီသော လူမျိုးချင်းဖြစ်သဖြင့် ၎င်းတို့အား ပဲခူးမှမွန်များကကောင်းစွာ ကြိုဆိုဧည့်ခံ၍
နေရာပေးသည်ဆိုကြောင်း မှတ်တမ်းတစ်စောင်တွင် လောနှင့် လင်ဖွန်းစစ်ရေးဆိုရာ၌ လင်ဖွန်းမှလူများကို ရာမညတိုင်းရင်းသားဟု သုံနူန်းကြောင်းဟု
ဖော်ပြသေးသည်။
ထိုကာလတွင် သုဝဏ္ဏဘူမိတွင် အုပ်စိုးသောမင်းမှာ မွန်လူမျိုးသက်သက်မဟုတ်မူဘဲ
ပအိုဝ်းမွန် ကဒ်ပြားဖြစ်သော အရမညရာဇာမင်းနှင့် မနုဟာမင်းလက်ထက်များဖြစ်ပေလိမ့်မည်။
ဥဿပဲခူးတွင် အား သာနေပြီးသော မွန်မင်းသည် ပဒေသရာဇ်ခေတ်စံနစ်၏ အစဉ်အလာအရ ဘုန်းတန်ခိုးကြီးမားနေသော
ပုဂံပြည်ရှင်အနော်ရထာမင်းထံ မွန် မင်းသမီးတော်အငယ် ခင်ဦးခေါ် မဏိစန္ဒာကို ဆက်သကာ ပုဂံနှင့်ဥဿ ရွှေလမ်းငွေလမ်းခင်းခဲ့သည့် ကိစ္စမှာထင်ရှားပြီးဖြစ်သည်။
ထိုအခြေအနေမတိုင်မီ သထုံမနုဟာမင်းထံ ခင်ဦး၏အစ်မတော် သီရိမာအားဆက်သကာ ရွှေလမ်းငွေ လမ်းဖေါက်ထားပြီးဖြစ်သော်လည်း
မွန်ပအိုဝ်း တိုင်းရင်းသားအရေးကိစ္စ မရှင်းမလင်းဖြစ်နေသောကြောင့် လင်ဖွန်းမှရောက်လာသော
မွန်များသည် သထုံ၌ အင်နှင့်အားနှင့် ဝင်ရောက်နေထိုင်ရန် အဆင်မပြေသောကြောင့် ပုဂံအင်အားကို
ကျောထောက်နောက်ခံပြု ထားသော ဥဿပဲခူးမင်းထံ သွားရောက်ပူပေါင်းခြင်းသာ ဖြစ်လေသည်။
ဥဿပဲခူးကို င်္ဟသာဝတီဟု လူသိများသည်။ ဟံသာဝတီဟု လူသိများလာသည်မှာ
ဗညားဦးမင်း နန်းတက်သော ၁၄-ရာစုလောက်မှသာဖြစ်သည်။ ပုဂံနှင့်ခေတ်ပြိုင်ကာလကမူ
ဟံသာဝတီ တည်ခဲ့သော နေရာတွင် ဥဿပဲခူးဟုတွင်ခဲ့သော မွန်နိုင်ငံထွန်းကားခဲ့သည်။ ထိုဥဿပဲခူးမင်းသည်
မွန်ခမာနယ်များ ထက်ပို၍ ပုဂံနှင့်သွေးစည်းရန်အားသန်နေကြောင့် ယခုကမ္ဘောဒီးယားဟုခေါ်သောနယ်မှ
လာရောက်တိုက် ခိုက်သည့် ဂျွန်းစစ်သည်များကို နှိမ်နှင်းပေးပါရန် ပုဂံသို့စစ်ကူတောင်းခဲ့လေသည်။၂၁ ထိုဂျွမ်းစစ်သည်များကို သထုံသားတို့
တွန်းလှန်ပစ်နိုင်ခဲ့သောကြောင်းကြောင့်လည်း ပုဂံသို့ ချဉ်းကပ်မှု အားပိုသာသွားရခြင်းဖြစ်လေ
သည်။
အနော်ရထာမင်းမြတ် သထုံကို တိုက်ရသည့်အဓိကအကြောင်းရင်းမှာ ပိဋကတ်သုံးပုံရလိုမှုဟု
အသိများကြသည်။ ထိုတိုက်ပွဲအတွက် သရေခေတ္တရာသည် ပုဂံတပ်မတော်၏ အောက်ပြည်အောက်ရွာချီ ခရီးတွင်
အတားအဆီး အခုအခံဖြစ်နေသည်မှာ ကြာလှသည်။ ထို့ကြောင့်အနော်ရထာမင်းသည် နန်းတက် စအချိန်ကပင်
သရေခေတ္တရာသို့ ပုဂံတပ်များစေလွှတ်၍ သိမ်းသွင်းထားခဲ့သည်။ ပျူမင်းကို ထိန်းသိမ်းထား ပြီး
ပုန်ကန်တော်လှန်မည့် အခြေအနေမဖြစ်ပ်ါစေရန် အောက်ခြေမှ စ၍ဖြိုချထားခဲ့သည်။ ထို့နောက်ပုဂံ
တပ်မတော်သည် သရေခေတ္တရာ၏ အရှေ့တောင်ဘက် (ယခုခေတ်မိုင် ၁၇၀ ခန့်) တွင်ရှိသော ကြပင်း (က္လပင်း)သို့
ဆက်၍ချီသည်။ ကြပင်းဆိုသည်မှာ ယနေ့တွံတေးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ ကန်ပဲ့ ရွာအနီးမှာရှိသည်။ မြို့ရိုးမြို့တာနှင့် အခိုင်အခန့်ရှိခဲ့သော
ရှေးခေတ်ဟောင်း မြို့တစ်မြို့ဖြစ်သည်။၂၂
ကြပင်းဆိုသည်မှာ သရေခေတ္တရာပျက်စဉ် ပျူအုပ်စုသုံးစုကွဲရာ တစ်အုပ်စုခိုဝင်ခဲ့သောအရပ်ဖြစ်
သည်။ ကြပင်း(က္လပင်း)မှာ ဒလဟူသောစကားနှင့်
အဓိပ္ပါယ်တူသည့် ပျူဝေါဟာရစကားဖြစ်သည်။ အောက် အရပ်ဒေသဟု ဆိုလိုသည်။ သထုံမှ တောင်သူလူမျိုးတို့၏
အခြေခံအင်အားစုများကို ကြိုတင်ဖြိုခွင်းသော အနော်ရထာမင်း၏ တိုက်ခိုက်မှု စွမ်းရည်ပြည့်ဝသောလုပ်ရပ်ဖြစ်လေသည်။၂၃
သထုံပြက်လေပြီ။ အနော်ရထာမင်းမြတ်သည် ပိဋကတ်တော်အစုံ(၃၀)ကို ဆင်ဖြူ(၃၂)စီးတွင်တင် ၍ နေပြည်တော်ပုဂံသို့ ပင့်လေသည်။ ထို့ပြင်
ပိဋကတ်တတ်သော သူတော်စင်အရိယာတစ်ထောင်တို့ကိုပါ ပင့်ခဲ့သည်ဟုသမိုင်းကဆို၏။ ဤစစ်ပွဲတွင် မှတ်သားဖွယ်တစ်ချက်မှာ ပါဠိဘာသာကျမ်းစာများကို ယူဆောင် ၍ ကျန်မွန်ဘာသာ
ကျမ်းများကို မီးရှို့ခဲ့သည်ဟုဆိုသော အချက်ပင် ဖြစ်ပေသည်။၂၄ HTIN AUNG DR Burmese Drama (Oxford:OUP 1956)Px1
ထိုဖြစ်စဉ်များကို လေ့လာသုံးသပ်ပါက အနော်ရထာနန်းတက်စကပင် သိမ်းသွင်းခဲ့သော သရေ ခေတ္တရာမှာ အရည်းကြီးရဟန်းတို့ လည့်ဖျားသောကိစ္စကို
ဖြေရှင်းရင်းတိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။ သခွက်ပင်ကြီး၏ အခေါင်းတွင်၌“ အရည်းကြီးသာသနာကျင့်စဉ် ” ရေးသားထားသော ပေချပ်များကြိုတင်
ထည့်သွင်းကာ အနော်ရထာအား လိမ်လည်သောအမှုဖြစ်သည်။ ထိုကျမ်းများမှာ ပျူဘာသာဖြင့် ရေးသား
ထားခင်း ဖြစ်ပေလိမ့်မည်။ သထုံမှရလာသော ပိဋကတ်သုံးပုံမှာလည်း သီဟိုဠ်မှအရှင်ဗုဒ္ဓဃောသ
ရေးကူးခဲ့ သော မာဂဓဘာသာကျမ်းများ ပါဝင်ပေလိမ့်မည်။ ထိုမာဂဓကျမ်းများမှာ သထုံဒေသရှိ ပအိုဝ်းဖြစ်လာသည့် ပျူစာပေဖြင့် ရေးကူးလာခဲ့သောကျမ်းများ
ဖြစ်ပေမည်။
ဗုဒ္ဓမြတ်စွာ၏ သာသနာတော် သန့်စင်နိုင်ရေးအတွက် အရည်းကြီးကျမ်းလာ
အရေးအသားအသုံး အနှုန်းနှင့် မရောစိမ့်သောငှါ ဗုဒ္ဓကျမ်းများကို
သန့်စင်သစ်လွင်သော သီးခြားအရေးအသား
အသုံးပြုနိုင်မည့် ဘာသာသစ်တစ်ရပ်ကို အစားထိုး အသုံးပြုနိုင်ရန်
ကြံစည်ဆောင်ရွက်ခဲ့ရမည် မလွှဲပေ။ ထို့ကြောင့်ပျူစာကို မျက်နှာလွှဲတော်မူပြီးသထုံရှိ ပအူပျူတို့နှင့်အနေနီးစပ်ခဲ့သော မွန်တို့၏ ပျူဘာသာ ပိဋကတ်တော်မှ မွန်
ဘာသာသို့ ကူးယူထားသော ပိဋကတ်တော်တို့ကို အဓိကထားခဲ့ပေလိမ့်မည် ထိုကြောင့် အနော်ရထာစော လက်ထက်သည် အသွင်ကူးပြောင်းရေးကာလဖြစ်သဖြင့်
အင်နှင့်အားနှင့် ထုနှင့်ထည်နှင့် စာပေထွန်းကား သည်ဟု မဆိုသာပေ။ ကျန်စစ်သားမင်းလက်ထက်တွင်
ရာဇကုမာရ၏ လေးဘာသာကျောက်စာကြောင့် မြန်မာစတင်ထင်ရှားလာသော အထောက်အထားကို
တွေ့ရှိရသည်။
ရာဇကုမာရ၏ ဂူပြောက်ကြီး (မြဝတီ)ကျောက်စာတွင် ပျူဘာသာကို နေရာပေးဝံ့ခြင်းမှာ ရာဇကု မာရကိုယ်တိုင်
ပျူသွေးမကင်းသောကြောင့်ဖြစ်သည်။ သူ့မိခင်သမထီးတူမ သမ္ဘူလမှာ ပအိုဝ်းရင်းသားတို့ အဆိုအရ လွယ်လုံ(ပင်လောင်း)သူ ဖြစ်ကြောင်း သိရသည်။ မွန်စာကို အဓိကနေရာပေးလေ့ရှိသော
ခမည်း တော်ကျန်စစ်သားမင်းကြီး နတ်ရွာစံခါနီးအချိန်တွင် မယ်တော်သမ္ဘူလထံရရှိသော အမွေပစ္စည်းများကို ထုခွဲ ကာ ခမည်းတော်ကုသိုလ်ပွားစိမ့်သောငှါ
ရွှေဆင်းတုတော်တစ်ဆူ ရေစက်သွန်းချလှူဒါန်ပေးပြီး ဘုရား စေတီတည်ထားကိုကွယ်ခဲ့လေသည်။ ထိုစေတီ၌ ပျူစာတစ်ဘက်ပါဝင်သော လေးဘာသာ လေးမျက်နှာ ကျောက်စာတိုင်များကိုစိုက်ထူခဲ့လေသည် ။
ပျူစာအရေးအသားမှာ ထိုကျောက်စာသည် နောက်ဆုံးဖြစ်သော အရေးအသားအဖြစ်
အထောက် အထားပြုကြသည်။ သထုံသည်တောင်သူပအူမင်းတို့ စိုးစံကြောင်း သိကြသော်လည်း
ပျူလူမျိုးများဖြစ် ကြောင်း အထင်အရှားမပြဆိုခဲ့ကြပေ။ ပျူနိုင်ငံပျူတိုင်းပြည်ဖြစ်သော
သရေခေတ္တရာမှာ သုဝဏ္ဏဘူမိသထုံမှ သွားရောက် တည်ထောင်ခဲ့သောအဆိုရှိသည်။ ကျန်စစ်သားမင်း၏ ကျောက်စာအလိုရသော်လည်း သရေ ခေတ္တရာမြို့ကို ပထမတည်ထောင်သူမှာ ဗိဿနိုး ရသေ့ကြီးဖြစ်သည်။ တည်ထောင်သောနှစ်မှာ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံယူသောနှစ် သာသနာနှစ်
(၁)ဖြစ်၏ ၂၅ သာသနာနှစ် (၁၀၁)တွင် တည်သည်ဟုလည်း ယူဆချက် ကွဲလွဲမှုရှိသည်။
သရေခေတ္တရာပျက်ခြင်း၌ ပျူနှင့်ကမ်းယံ
စစ်ဖြစ်၏။ စစ်ရှုံးသောကမ်းယံတို့ပြေးပြီးသော် ပျူတို့ အချင်းချင်း စစ်ဖြစ်ကြပြန်၍ သုံးစုကွဲပြန်၏ တစ်စုကိုကြပင်း(က္လပင်း) သူတို့ယူလေသည်။ တစ်စုကို သက်တို့ ယူလေ၏။ တစ်စုကား
တောင်ညှိုဟူသော အရပ်တည်ထောင်၍ နေလေ၏။ (၃)နှစ်ရှိသောအခါ မွန်တို့က တိုက်ပြန်လေသောကြောင့်ပျက်ချေ၏။ ထိုကသည် ပန်းတောင်း သက်သာအရပ်ကို တည်ထောင်နေပြန် လေ၏ ။(၆)နှစ်ရှိလျှင် ကမ်းယံတို့က တိုက်ပြန်လေ၍ ပျက်ချေပြန်၏။
ထိုကမှ မင်းတုန်းမြို့ကိုနေပြန်လေ၏ မင်းတုန်းတွင်
ရခိုင်တို့ကတိုက်ပြန်၍ ပျက်ချေပြန်၏။ (၃)နှစ်နေမှ သက္ကရာဇ်ဆပဉ္စကိန်းဝင် (၂၉)နှစ်ဆယ့် ကိုးခုတွင် အရိမဒ္ဒနာမည်သောပြည်ကို သမုဒ္ဒရာဇ်မင်းတည်ထောင် စပြု၏။ ဦးကလား
“မဟာရာဇဝင်ကြီး” ပထမအုပ် မြန်မာသူတေသနအသင်း ၁၉၆၀
စာ ၁၃၄) ထိုမှ လျက်မြန်သန်မာသော ပျူခေါ်ရာမှ မြန်မာဖြစ် လာသည်ဆို၏။
သမုဒ္ဒရာဇ်မင်းသည်
သုပညာနာဂရဆိန္န၏ တူဖြစ်သည်။ ပျဉ်မနား၏ အနောက်မြောက်ဘက်ရှိ ရိုးမ တောင် အရှေ့ဘက်ရေလဲတွင်
တောင်ညိုမြို့ကို တည်ရာသုံးနှစ်အကြာတွင် မွန်တို့တိုက်သည့်အတွက် ပန်းတောင်းသက်သာ ရွှေ့ခဲ့၏။ ခြောက်နှစ်အကြာတွင် ကမ်းယံတို့တိုက်လာသဖြင့်
မင်းတုန်းသို့ ပြောင်းရ သည်။ တစ်ဖန်သုံးနှစ်အကြာတွင် ဓညဝတီက တိုက်သောကြောင့် ပုဂံဘက်သို့
ရောက်လာ၏။
ထိုမှ သက္ကရာဇ်
၄၁၉-ခုနှစ်တွင် နန်းတက်လာသောအနော်ရထာမင်းသည် သထုံသို့ စစ်ချီရင်းသရေ
ခေတ္တရာကို ကြိုတင်တိုက်ခိုက်ဖျက်ဆီးထားနှင့်ပြီး အထက်၌ တင်ပြခဲ့ပြီးဖြစ်သည်။ သထုံ၏
လက်အောက်ခံ အခြေခံအင်အားဖြစ်သည့် ကြပင်း( က္လပင်း)ကိုလည်း ကြိုသိမ်းခဲ့ပြီးဖြစ်ရာ သထုံအားလျှော့ပါးခဲ့ပြီးမှာ သေချာလေသည်။ ထို့ကြောင့်သထုံပြည်၏
ထာဝရသား ပအိုဝ်းတိုင်းရင်းသားတစ်ချို့သည် ခေါင်းဆောင်မဲ့ လျက် အအုပ်အစီးကိုးဖွဲ့ဖြင့် သထုံဒေသမှ တိမ်းရှောင်သွားခဲ့ကြသည်။ သထုံဘုရင်မနူဟာ(မကုဋ=မနုဟဝ်)
မိဖုရား ခေါင်ကြီးနင်ဂလာဒေဝီ (နန်းမင်္ဂလာဒေဝီ)နှင့် အနုပညာရှင်များ ရဟန်းသံဃာတော်များတို့သည် ဆင်ဖြူ(၃၂) စီးတွင် အစုံ(၃၀)သော ပိဋကတ်တော်များနှင့်အတူ ပုဂံသို့ဆောင်ယူခြင်း ခဲ့ရလေသည်။
သထုံမြေကို အမှတ်ရစိမ့်သောငှါ သထုံအောင်မြေ မြေကိုးဆုပ်နှင့်ရေကိုးမှုတ်ကို မိမိတို့အစုအဖွဲ့
လိုက်ပါအောင် ယူဆောင်ထွက်ပြေးခဲ့ကြသည် ပအိုဝ်းများမှာ အဓိကအားဖြင့်
ရှေးကပင် မျိုးနွယ်တူတို့ စံပျော်ရာ ကမ္ဘေဇ(ကမ္ဘာ
ဦးအစမြေ) တောင်ပေါ်မြေဒေသဆီသို့ (၇)အုပ်စု ခိုဝင်သွားခဲ့ကြသည်။ ကျန်အုပ်စု နှစ်စုအနက် တစ်အုပ်စုမှာ“မော်ထောဖာ” ဦးဆောင်သောအုပ်စုက ပခုက္ကူအနောက်ဘက်သို့ ပြောင်းရွှေ့
သွားကြသည်။ ယင်းတို့မှာ တောင်သားတိုင်းရင်းသားများအဖြစ် ယနေ့တိုင်ထင်ရှားနေကြသည်။
ကျန်တစ် အုပ်စုမှာ စာဟောဆရာ“မော်ထောဖာ”၏ ညွှန်ကြားချက်အရ စစ်တောင်မြစ်ဝှမ်းနှင့် ရှမ်းပြည်နယ်၊
ထိုင်း နိုင်ငံနယ်စပ်ဘက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။၂၇
ထိုသို့ပြန့်ကျဲသွားသော
အင်အားစုများသည် ပုဂံပါမင်းနှစ်ပါးအား ပြန်လည်ကယ်ထုတ်ရန် ကြံစည် ကောင်းကြံ စည်ကြမည်ဖြစ်သည်။
ထို့ကြောင့် အနော်ရထာမင်းလက်ထက်တွင် မမျှော်လင့်သော အန္တရာယ်ရောက်လာနိုင်သည်ကို
တွေးထောက်၍ နေပြည်တော်အပြင် နယ်နမိတ်နယ်ခြားများတွင် ကင်းမြို့များ၊ ကင်းစခန်းများ
တည်ထား လေသည်။ ထိုကင်းစခန်းမြို့များသည် မြန်မာနိုင်ငံ၏ အစွန်ဆုံးအပြင် နယ်ခြားစခန်းများမဟုတ်ဘဲ
နေပြည် တော်ကို လှမ်းမီကမ်းမီ ကြိုတင်ဆီးဆို့ကာကွယ်နိုင်မည့် အချက်အချာ ကင်းစခန်းမျိုးသာ
ဖြစ်လေသည်။၂၈
ထိုကင်းစခန်းမြို့ (၄၃)မြို့သည် ပုဂံမင်းနေပြည်တော်၏ ရှေ့မျက်နှာစာကို ကာကွယ်ရန်
ဖြစ်အောင် စီမံထားခြင်းဖြစ်ပြီး မင်းနေပြည်တော်၏ နောက်ကျောဧရာဝတီမြစ်တစ်ဘက်ကမ်း ဆော၊
ယောနယ်တွင် ရောက်ရှိသွားသော သထုံမှ အုပ်စုတစ်စု၏အရေးကို လုံးဝလစ်လျှူရှုခဲ့မည် မဟုတ်ပေ။
(ယနေ့တောင်သား လူမျိုးဟု ထင်ရှားလျက်ရှိသော ထိုသထုံသားတို့ကို ရှေးဟောင်းပျူအဆက်အနွယ်အဖြစ်
အာရုံစိုက်သုတေ သနပြု လေ့လာနေကြသည်ကို တွေ့ရှိရသည်။ တင်နွဲ့ရီ မန်းတက္ကသိုလ်နှင့် ဒေါက်တာသက်လွင်တို့၏
ဆောင်းပါးများကို ညွန်းပါသည်။
ထိုတောင်တိုင်းရင်းများသည်
တို့ကပျူလူမျိုးတွေပါ၊ ပုပ္ပါးကလာတာပါလို့မပြောချင်ကြဘူး။ အဲဒီလို ပြောလိုက်ရင်သူတို့
မင်းပြစ်မင်းဒဏ်နဲ့ပြေးလာကြသူတွေလို့ သိသွားကြမယ်။ သူတို့ထီးလင်းမြို့နယ်
ရောက် နေတာကို ဘုရင်ကြားသွားမှာကိုလည်း စိုးရိမ်ကြတယ်တဲ့။ ဒါကြောင့် ကျုပ်တို့ တောင်ပေါ်ကလာတာပါ
လို့သာဖြေကြတယ်တဲ့။ တောင်ပေါ်သားလို့ ခေါ်ကြရာက နောင်တော့ တောင်ပေါ်သားကနေ
ပေါ်တစ်လုံး ပျောက်ပြီး တောင်သားဖြစ်သွားတာပေါ့ဗျာ။ ၂၉
ရောင်ပြားမှာနေစဉ်
မူလကပျူစကားကိုဖျောက်ပြီး ခုကျွန်တော်တို့ပြောနေကြတဲ့စကားကို ထွင်ပြော ကြတယ်တဲ့ဗျာ။
ရောင်ပြားမှာ အတော်ကြာနေကြပြီးတဲ့နောက် ရောင်ပြားထက်နေရာကောင်းတဲ့ အိမ်ပွေ စခန်းကိုပြောင်းရွှေ့
ရွာတည်နေကြပြန်တယ်တဲ့။ ရန်သူတွေကိုသူတို့က ကြွေဥခေါင်ရည်တွေတိုက်ကြတယ်။ ရန်သူတွေခေါင်ရည်မူးနေကြတော့မှ
ရန်သူအားလုံးကို ခေါင်းဖြတ်သတ်ပစ်လိုက်ကြတယ်။ ၃၀
အဲဒီခေတ်က ကျူပင်ခုတ်ကျူငုတ်မကျန်စေရဆိုတဲ့
ခေတ်ကြီးမဟုတ်လားဗျ။ လက်ဦးအောင်သတ် တာပါ။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကိုယ့်လူမျိုး မျိုးမပြုတ်အောင်တော့
ကြံစည်ရတာပါပဲ။ ကျူပ်တို့တောင်သား တွေဆိုတာ အေးအေးဆေးဆေး ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူတွေပါ။
ဘယ်သူ့ကိုမှ ရန်မရှာပါဘူး။ အာဃာတတို့ကလဲ့စားတို့လဲ မထားပါဘူး။ ဒါပေမဲ့အမြဲတမ်း အနှိမ်ခံနေရရင်
နိုင်တဲ့သူကလည်း အမြဲတမ်း နှိက်စက်ညှင်းပန်းဖို့လုပ်နေရင် ဘယ်သူဖြစ်ဖြစ် အခွင့်သာရင်
ခံချတတ်တာ စမ္မတာပဲမဟုတ်လား။ ကိုယ်က ခံချပြီ ဆိုရင်လည်း ရက်စက်တယ်လို့ ထင်ရအောင် အထိမခံဆော်ပစ်လိုက်ကြတာ၊
စန္ဒာဒေဝီတို့ကလည်း ဒီအတိုင်းလုပ်ခဲ့ကြတာပါ။၃၁
တောင်သူတွေဟာ သုဝဏ္ဏဘုမိမှာရှိနေပြီး အခြားလူမျိုးတွေနဲ့ မပေါင်းချင်ကြဘူး။
ကင်းကင်းရှုင်း ရှင်းနေချင်ကြတယ်။ အနေနီးလို့ မလွှဲမကင်းသာဆက်ဆံရပေမဲ့ အခြားလူမျိုးတွေနဲ့
လက်ထပ်ထိမ်းမြား တာကို လုံးဝမလိုကြဘူးတဲ့။ လူမျိုးနွယ်ရောတာကို မလိုလားဘူး။၃၂
သူတို့ဟာ သုဝဏ္ဏဘုမ္မိက အညာကို ဆန်တက်လာခဲ့ကြတယ်။ နောက်ဆုံး ပုပ္ပါးတောင်ခြေကို ရောက်လာတယ်။
ပုပ္ပါးနယ်တောင်သာအရပ်မှာ နေခဲ့ကြပြန်တယ်။ အဲဒီမှာလည်း အခြားလူမျိုးနွယ် တွေရှိတယ်။
သူတို့နဲ့ သွေးနှောမှာကို စိုးရိမ်ကြပြန်တယ်။ တစ်ခါတောင်သာအရပ်က ထွက်လာခဲ့ကြပြန်သည်။
ဧရာဝတီမြစ်ကြီးကို ဖြတ်ကြတယ်။
ဒီဘက်ကိုရောက်တော့
နှစ်စုကွဲသွားပြန်သတဲ့။ တစ်စုက အနောက်ဘက်မင်းဘူးခရိုင်ကိုဝင်တယ်။ တစ်စုက ပခုက္ကူခရိုင်အတွင်း
ဝင်လာကြတယ်။ မင်းဘူးခရိုင်အတွင်း ရောက်သွားကြတဲ့ အစုဟာ စလင်းမြို့ နယ်ကို ဖြစ်ကျော်သွားပြန်တယ်။
ဒီလိုနဲ့ စေတုတ္တရာမြို့နယ်ကို ရောက်သွားကြတယ်။ အဲဒီမှာရွာတည်ပြီး နေတယ်။၃၃
ပခုက္ကူခရိုင်အတွင်း ဝင်သွားကြတဲ့ တောင်သူတွေဟာလည်း နှစ်စုကွဲသွားကြတယ်။
နှစ်စုစလုံးပုံ တောင်ပုံညာတောင်တန်းကြီးများကို ဖြတ်ကျော်ပြီး တစ်စုက ထီးလင်းမြို့နယ်ဘက်
ရောက်သွားတယ်။ တစ်စုက ဆောမြို့နယ်ဘက် ရောက်သွာတယ်။ တောင်သာအရပ်ကလာတာကြောင့် တောင်သူတိုင်းရင်း
သားမှ တောင်သားတိုင်းရင်းသား ဖြစ်လာတယ်လို့ဆိုပါတယ်။ အဲဒါဆောနယ်ကို တောင်သားတွေရောက်
တဲ့အကြောင်းပါ။ သမိုင်းအထောက်အထား ကျောက်စာပေစာရယ်လို့တော့ မတွေ့ရပါဘူး။ ပါးစပ်ရာဇဝင်
ပေါ့ဗျာ။
ထီးလင်းနယ်တောင်သားသမိုင်းနဲ့တူတာ ကတော့ တောင်သားတွေရဲ့
မူရင်းဒေသဟာ ပုပ္ပါးနယ်ဆို တာပါ။ ဝင်ရောက်လာပုံချင်းကတော့ ကွဲလွဲတယ်။၃၄
သထုံပျက်ခြင်းသည်
ပျူလုံးဝပျက်စီးသွားခြင်းနှင့် တူလေသည်။ ကျောက်စာအထောက်အထား မရှိသည့်အခါတွင် လူမျိုးတစ်မျိုး၏
ယဉ်ကျေးမှုသမိုင်းကို စူးစမ်းရှာဖွေမည်ဆိုလျှင် အနိုင်းသိပ္ပံ ဘာသာ ဗေဒနည်းဖြင့် ဆောင်ရွက်ခြင်းသည်
အထူးအောင်မြင်သည့်နည်းလမ်းဖြစ်ပါသည်။ ၃၅ ထို့ကြောင့် တောင်သူ (ပအူ)ပအိုဝ်းနှင့် တောင်သား(ရောင်တူ)
လူမျိုးတို့သည် ပျူလူမျိုး တစ်မျိုးတည်းမှ ဖြစ်ကြောင်းထင်ရှားလေ သည်။ ပျူတို့၏မြို့တော်ဟောင်းများကို လေ့လာမှတ်တမ်းပြုကြရာ၌ သထုံကိုချန်ထားလေ့ရှိကြသည်။
အကြောင်းမှာ သထုံ၏နှောင်းခေတ်ကာလများ၊ ပျက်သုဉ်းရချိန်များသည် မွန်တို့ထိုးဖောက်ဝင်ရောက်
လွှမ်းမိုးခဲ့ခြင်းကြောင့်ဖြစ်သည်။ ပျူတို့၏ မြို့တော်များမှာ
ရှေးအကျဆုံး ဟန်လင်းမှ တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပင်လယ်(မိုင်းမော)
စသောမြို့များအပြင် သထုံသည်လည်း အဓိကပါဝင်ပတ်သက်မှုရှိခဲ့ပါ သည်။
တကောင်းဆိုတာ ပျူပဲ၊ တကောင်းမှာ ပျူအထောက်အထားတွေ တွေ့ရတယ်။ အခုတကောင်းကို တူးဖော်နေတာမှာ ရွှေဖောင်းကြွ မတ်တတ်ဆင်းတုတော်ပုံရခဲ့တယ်။
ဆက်ပြီးရစရာတွေရှိသေးတယ်။ အဲဒီ ရွှေဖောင်းကြွဆင်းတုတော်က ရန်ကုန်မှာ ရောက်နေပါပြီ။ အဲဒီဖောင်းကြွမျိုး
၁၉၆၀ ပြည့်နှစ်က သုဝဏ္ဏ ဘုမ္မိမြို့၊ သထုံမြို့ကို ဆရာတပည့်ဦးစံဝင်း မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုဖို့ လေ့လာစဉ်က တွေ့ပြီးဖြစ်ပါ တယ်။ တကောင်းနဲ့ သုဝဏ္ဏဘုံမ္မိ
ဆက်သွယ်ပုံကို လေ့လာဖို့ လမ်းစပေါ်တာပဲ။ ၃၆
သထုံဟူသောဝေါဟာရမှာ ပအိုဝ်းဘာသာသဲုင်ထွုံမှ ရွှေ့လျောလာခြင်းဖြစ်ကြောင်း၊
ဘီစီ (၆၀၀) ကတည်းကပင် သထုံတွင် ပအိုဝ်းလူမျိုးတို့
ရှိခဲ့ကြောင်း၊ မဟာသက္ကရာဇ်၂- ခုအတွင်း သူရိယစန္ဒာမင်း အုပ်ချူပ်စဉ်က
ရွှေစာရံဘုရားသမိုင်းတွင် ဖော်ပြပါရှိသည်။ သထုံတွင် မင်းဆက်ပေါင်း (၁၅၈) ဆက်အုပ် ချူပ်ခဲ့ပြီး (၁၄၇)ဆက်နောက်ပိုင်းတွင် ဓမ္မမာလာမင်းမှစ၍ ပအိုဝ်းမွန်စပ်မင်းများ အုပ်ချူပ်ခဲ့ကြောင်း
နောက် ဆုံးမင်းမှာ မနုဟာမင်းဖြစ်ကြောင်း၊ သုဝဏ္ဏပကာသနီကျမ်းနှင့် ဦးကုလားရာဇဝင်ကျမ်းတွင်
တွေ့ရကြောင်း ၊၃၇ လေ့လာမှတ်သားရပါသည်။ ဘီစီ
(၆၀၀)ရာစုခန့်၌ တည်ထောင်သော တကောင်းပြည်ကို အုပ်ချူပ်သည့်
မင်းဆက်(၃၃)ဆက်မြောက် ဘိန္နကရာဇာလက်ထက်တွင်
တရုတ်များဝင်ရောက်ကျူးကျော် တိုက်ခိုက်သ ဖြင့် တကောင်းပြည်ကြီး ပျက်စီးခဲ့ရလေသည်။
(၈၃၂) ခုနှစ်တွင် နန်ချောင်မင်း၏ စစ်သည်တို့သည်
ယခု ခေတ်ရွှေဘိုအနီိးရှိ ဟန်လင်းပြည်သားပျူတို့ကို တိုက်လေသည်။ ထို့နောက် ပခူးသထုံဒေသသို့
(၈၃၅) ခုနှစ်တွင်ဆင်း၍ တိုက်ပြန်လေသည်။ နန်ချောင်စစ်သည်တို့က တိုက်ခိုက်လာရာတွင် ပျူတို့သည် အနစ် နာဆုံးဖြစ်လေသည်။
ပဲခူးဟူသော ဝေါဟာရသည် ပျုပအိုဝ်းတို့၏ ဝေါဟာရဖြစ်သည်။ အထက်အရပ်ဟု
ဆိုလိုသည်။ မော့ဒွမ်(မုဒုံ) ဓလ/တလ/ က္လ စသည်တို့သည် အောက်အရပ် အောက်စွန်းအရပ်ကိုညွန်းသော
ဝေါဟာရများ ဖြစ်သည်။ တရုတ်နန်ချောင်မင်းသည် ဟန်လင်းပျူကို တိုက်သကဲ့သို့
သထုံပျူကိုလည်း ဆင်းတိုက်ခဲ့ ကြောင်း နားလည်နိုင်ပေသည်။
မောင်းထောင်ဆရာတော်ရေး ရွှေကျင်ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တမှ သုဝဏ္ဏဘူမိပြည်ဟု
မတွင်မီ ကာလ ပြည်စောင့်နတ်မြို့စောင့်နတ်ဟု ရှိသော်လည်း
တန်းခိုးဣဒ္ဓိပါဒ် မကြီးလွန်း သာမညသာရှိကုန်၏ ထို့နောက် သုဝဏ္ဏဘူမိပြည် တည်ထောင်ဖြစ်ပွား
သာယာစည်ပင်ရှိသောအခါမှ ထိုနတ်တို့ကို ပြည်စောင့် နတ် မြို့စောင်နတ်ဟု ရှေးကထက် သာလွန်၍
မွန်တိုင်းရင်းသား ပအိုဝ်းတိုင်းရင်းသားတို့ လိုလားအားစိုက် ကြကုန်၏ ။
ညောင်ပင်ကြီးအောက်တွင် အုတ်ဂူ ၊ အုတ်နန်း၊ နတ်နန်း၊ နတ်ကွန်း၊
တည်လုပ်ကိုးကွယ်ကြ၏ ။ ထိုကိုမွန် ဘာသာဖြင့် ဂိုးသွယ်ဂထုံဟု ခေါ်ကြသည်။ ဂိုးကား(ဂူ) သွယ်ကား(ညောင်) ဂထုံကား (အရိပ်) (ညောင်ရိပ်ဂူ)
ဟု ဆိုလိုသည် နောက်တွင် (ဂိုးသွယ်) ပျောက်၍ ဂထုံမှ (သထုံ) ဖြစ်သွားသည်ဟု
လေ့လာ သိရှိ ရပါသည်။၃၉
သထုံဆိုသည်မှာ ယနေ့မြန်မာပြည်ရှိ သထုံချည်းသက်သက်ကိုမဆိုလို
။ နဂရပထမဆိုသည့် ပထမ သထုံသည် ထိုင်းအခေါ် နခုံပထုံဖြစ်ပြီး သုဝဏ္ဏဘူမိ၏မြို့တော်ဟု သတ်မှတ်၏ ။
ဓမ္မသောကနှင့် အမရဝတီခေတ် (အေဒီ ၁၂၀ မှ ၁၂၈)က အနုပညာလက်ရာများရှိနေကြ၏ ။ အေဒီ ၂၁၇ မှ ၅၅၀အတွင်း တည်ထောင်သောပူနန်ထက် ရှေးကျ၏။
နခုံပထုံကို သာသနာနှစ်သုံးရာနှင့် လေးရာ လောက်တွင် တည်၏။ အေဒီ(၉၅၇)တွင် ကမ္ဘောဒီးယားက ပြန်ပြုပြင်၏။ အေဒီ(၁၀၅၇)တွင် အနော်ရထာ ကနခုံပထုံကို
လာတိုက်၏။ နခုံပထုံပျက်စီးသွားပြီး ယူတောင်းသို့ပြောင်းသွား၏။ ယူတောင်းသည် ဒွါရဝတီ ၏ နောက်ဆုံးမြို့တော်ဖြစ်၏။
ယူတောင်း ဘုရင်မွန်ဂိုတို့မှ စစ်ရှုံး၍ နခုံပထုံသို့ ပြန်ပြောင်းသွား၏။
မြို့တော် တည်သော်လည်း မစည်ကားတော့ပေ။၄၀
ဟန်လင်းမြို့တော်မှာလည်း အေဒီ(၈၃၂)တွင် နန်ချောင်တို့ တိုက်ခိုက်သောကြောင့် ပျက်စီးရသည်။
တစ်ဖန် (၈၃၅)ခုနှစ်တွင် လယ်တွင်းဒေသ ပန်းလောင်းမြစ်အနီးရှိ
မိုင်းမောဟုခေါ်နေကြသော ပထမ ပင်လယ်မြို့ (တရုတ်အခါ် မိချဲင်=စပါးမြို့)ကိုလည်း နန်ချောင်တို့က
ဆက်လက်တိုက်ခိုက် ဖျက်ဆီးခဲ့ပြန် သည်။၄၁ ဟုလည်း လေ့လာမှတ်သား
ရပြန်ပါသည်။ (၈၃၅)ခုနှစ်တွင် နန်ချောင်တို့တိုက်သော
ပျူဒေသမှာ ပင်လယ်မြို့ဖြစ်စေ ၊သထုံဖြစ်စေ ပျူပအိုဝ်းတို့ အရေးနိမ့်ခဲ့ရသည်ချည်းသာဖြစ်ကြောင်း သိမှတ်ရမည်သာ ဖြစ်လေသည်။
သုဝဏ္ဏဘူမိ၏မြို့တော်ဖြစ်ခဲ့သော နခုံပထုံ(နခွန်ပထုံ)သည် ယနေ့ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် ၏အနောက်တောင်ဘက်မိုင်(၄၀) အကွာတွင်တည်ရှိပြီး ထိုနခုံပထုံကိုတောင်သူတိုင်းရင်းသားများတည်
ထားစိုးစံပြီး သာသနာ့အဆောက်အအုံ၊ ဘုရားစေတီများ
တည်ထားကိုးကွယ်ခဲ့ကြောင်းလည်း ၄၂ ကြားနာ မှတ်သားဖူးရပါသည်။
“သုဝဏ္ဏသထုံပအိုဝ်းဒုံ”ဟု
ဆိုထားသည်နှင့်အညီ သုဝဏ္ဏဘူမိသထုံနှင့် ပတ်သက်သော
မှတ်တမ်း များ ၊အယူအဆများ များစွာရှိနေသည်ကို သိရှိလေ့လာနိုင်ရန်
ကြိုးစားတင်ပြခြင်းဖြစ်ရာ ပြီးပြည့်စုံသည့် တင်ပြမှုမဟုတ်ဟု သတိထား မှတ်ယူစေချင်ပါသည်။ သထုံဇာတိသား၊ သထုံထာဝရသား ပအိုဝ်းတိုင်းရင်း
သားများသည် သထုံနှင့်ပတ်သက်၍ သထုံဇင်္ဂမသားတို့ထက် သုဝဏ္ဏဘူမိသထုံ
အကြောင်းကိုပိုမိုသိသင့် သည်။ ပိုမိုလေ့လာသင့်ပါသည်။
“အံ့ဩဖွယ်ရာများ စုဝေးနေသော သုဝဏ္ဏဘူမိ” “Great Wonder of suwana-Phumi ” ဟူသော စီမံကိန်း ကိုချမှတ်ကာလေ့လာသုတေသနပြုရန် ကြံရွှယ်ထားကြပါသည်။
ထာဝရသား မြန်မာနိုင်ငံဖွား၊ ပအိုဝ်းတိုင်းရင်းသား များသည်လည်း ထိုစီမံကိန်း၌ မှတ်ကျောက်အတင်ခံနိုင်ရန်
ကြိုးသင့်လှပါသည်။
သုဝဏ္ဏဘူမိသည်-
(က)မဟာဇနကဇာတ်တော်အရ အဇ္ဈမဒေသမှ
သင်္ဘောထွက်၍ ယူဇနာ (၇၀၀)တွင် သင်္ဘောပျက် သောကြောင့်ပါရှိ ၍၎င်းယူဇနာ (၇၀၀)အထက် ပို၍ဝေးလံသော
အရပ်ဒေသဖြစ်ရမည်။
(ခ)ပါရာဇိကဏ် အဌကထာအရ ကျွန်းမြေဖြစ်ခြင်း။
(ဂ)ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်၌တည်ရှိခြင်း။
(ဃ)လှေသင်္ဘောနှင့်
သွားလာ ကုန်ကူးသန်းမှုများ များပြားခြင်း။
(င) ရှေးဟောင်းသာသနာအဆောက်အအုံများထင်ရှားခြင်း။
စသောအချက်အပေါ်မူတည်၍ ကောက်ချက်ချရသော် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှ နယ်ပယ် များဖြစ်သော မလေး၊ စင်္ကာပူ၊ ဂျာဗား၊ စုမားတြား၊ထိုင်း၊ကမ္ဘောဒီးယား၊လာအိုနှင့်
ဗီယက်နမ် နိုင်ငံအားလုံး တို့ကိုပင်ခေါ်သည်။ (ဝါ)အင်ဒိုချိုင်းနားကျွန်းဆွယ် တစ်ခုလုံးနှင့် ဂျာဗား၊ စုမားတြားတို့သည်
သုဝဏ္ဏဘူမိပင် ဖြစ်သည်ဟုမှတ် သားသင့်ပါသည်။
`ဖော်ပြပါဌာနတစ်ခုလုံးကို သုဝဏ္ဏဘူမိတိုင်း ဟုခြံ၍ခေါ်ရသော်လည်း
မြို့တော်သည်ကား အခြေ အနေအားလျှော်စွာ အပြောင်းအလဲ ရှိမည်မှာမလွှဲပေ။
မဟာဇနကမင်းသားတို့ခေတ်က သုဝဏ္ဏမြို့တော် သည် မည်သည့်မြို့ဟု အတိအကျမသိရသော်လည်း သောဏထေရ်၊
ဥတ္တရထေရ်တို့ သာသနာပြု ကြွလာ သောခေတ်၌မူ စာပေအရပ်ရပ်ကို ထောက်ရှု၍ သုဓမ္မပူရ
(ကေသလာ တောင်ပတ်ဝန်းကျင် ဌာန)သည်ပင် မြို့တော်ဖြစ်နေသည်ဟု
ယူဆထားသင့်၏ ။ (နောက်သုဓမ္မမှ သုဓု=သထုံဟူသော အမည်ဖြင့် ယခုသထုံမြို့ နေရာသို့ ရွှေ့ပြောင်း၍ တစ်ခေတ်တစ်ခါ မြို့တော်ဖြစ်လာပေသည်)
နာလန္ဒပုရပိုက်ပါ စုမတြာဘုရင် သိရိပုတ္တဒေဝလက်ထက်၊ ခုနှစ်(၉၀၀)၊ သာသနာနှစ် (၁၄၄၄)ချိန်တွင်မူ သုဝဏ္ဏဘူမိတိုင်း၏ မြို့တော်သည် စုမတြာကျွန်း၌ဖြစ်နေသည်ဟု ယူဆနိုင်သည်။၄၃
အေဒီ၃-ရာစုအတွင်း တရုတ်ပြည်မှ အိန္ဒိယပြည်သို့ ကုန်းလမ်းခရီးဖြင့်
မြန်မာနိုင်ငံမှ ဖြတ်သွားစဉ် ပင်လယ် ရေပြင်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်တွင်ပျူဘုရင်၏
ရွှေမြို့တော်ရှိ၏။ ဘုရင်ကိုယ်တိုင်က စာပေကျမ်း ဂန်များကို ရေးသားပြုစုတတ်၏။ မျက်မြင်တွေ့ခဲ့ရသောကျမ်းတစ်ဆူသည် စကားလုံးအရေအတွက် သုံး ထောင်တို့နှင့်တကွဖြစ်၏။ စသည်ဖြင့်
တရုတ်ဘုန်းတော်ကြီးနှစ်ပါးက တရုတ်ဘာသာဖြင့် မှတ်တမ်းပြုခဲ့ဖူး ၏။
ထိုအခြေအနေအရပ်ရပ်ကိုထောက်ဆပြီး မဇ္ဈိမဒေသသို့သွားရောက်ကာ သက္ကတိုင်း
သကျနယ်မြေ တည်ထောင်ခဲ့သော သာကီဝင်မြန်မာလူမျိုး ပျူပအိုဝ်းတို့၏ အစဉ်အလာသည် ဂုဏ်ငယ်စရာရှိမည်
မထင် ပေ။
သကျာသမတ္ထာပဋိဗလာတိအတ္ထော ဟူသောဒီ၊ ဌ၊ ၁၊ ၂၃၄-အရ သက္ကဟူသည်မှာ လွန်စွာစွမ်း ဆောင်နိုင်သူများ၊ လွန်စွာရဲဝံ့သတ္တိကောင်းသူများဟု
ခေါ်ဆိုနိုင်ပါသည်။ ထိုသက္ကတို့သည် တောအထပ် ထပ် တောင်အသွယ်သွယ် မြစ်ပြင်ကျယ်အမျိုးမျိုးကို
ဖြတ်သန်းလာခဲ့ကြသူများ ဖြစ်ကြသဖြင့် စွမ်းရည်သတ္တိ အပြည့်ရှိသူများဖြစ်သည်။ ထို့ကြောင့်
ဗြဟ္မာလူမျိုးစုတို့က ထိုသူတို့ကို သက္ကလူမျိုးဟု ကောင်းချီးပေးကာ ချီးမွမ်းခဲ့ကြသည်။
သက္ကမှ သကျများဖြစ်လာကြသည်။ မဇ္မျိမဒေသတိုင်းသားတို့က သက္ကများကို သကျလူ မျိုးများဟု ခေါ်ခဲ့ကြသည်။
ထိုသကျတို့ကို နှောင်းခေတ်မြန်မာတို့က သာကီဝင်များဟုခေါ်ခဲ့ကြသည်။ သက္က ဝံသ သကျဝံသမှ
သာကီဝင် ဖြစ်လာသည်။ အားလုံးအဓိပ္ပါယ်အတူတူပင်ဖြစ်လေသည်။ ပျူပအိုဝ်း ဘာသာ စကား၌ ပါဠိသက်စကားလုံးဖြစ်သော
သကျနှင့် သာကီဝင်ဆိုသည်မှာ သ-စိတ်၊ ကျ-ရဲဝံ့ခြင်း
သတ္တိရှိခြင်းနှင့် သာ- ခက်ခဲခြင်းမရှိ၊ သာလွန်မြင့်မြတ်ခြင်း၊
ကီ- အထက်တန်းစား၊ ဝင်- သူတကာတို့ဟု ဖွင့်ဆိုနိုင်သဖြင့်
သကျ-စိတ်ဓာတ်ရဲရင့်သူ၊ သာကီဝင်-သူတကာထက်
သာလွန်မြင့်မြတ်သော အထက်တန်းစားလူမျိုး စသည်ဖြင့် ဝေါဟာရအနက်အဓိပ္ပါယ် ရှိလေသည်။
သရေခေတ္တရာပျက်စဉ် သုံးအုပ်စုကွဲသောပျူလူမျိုးမှတစ်အုပ်စုသည်
စစ်ဘေးစစ်ဒဏ် မကြာခဏ ပိုမိုရင်ဆိုင်ခဲ့ကြပြီး ပုဂံတွင်မြန်မာဟု တွင်လာခြင်းကို ထင်ရှားစွာသိမြင်ခဲ့ပြီး
ဖြစ်လေသည်။
ပျူချည်းသက်သက် မြန်မာဖြစ်လာသည် မဟုတ်ဘဲ ပျူနှင့်ဗမာ၊ ပျူမွန်စပ်နှင့်ဗမာ
ပေါင်းစည်းခြင်းမှ သည် မြန်မာဖြစ်လာသည်ဟု သက်သေပြစရာ အကြောင်းအချက် များစွာရှိလေသည်။
အလောင်းစည်သူ မင်း၏ ဘိုးဘေးအစဉ် အဆက်ကို လေ့လာကြည့်ပါက ထင်ရှားပေမည်။ ပျူကို မထမမြန်မာ၊
ပျူဗမာစပ်ကို ဒုတိယမြန်မာ၊ ပျူမွန်စပ်နှင့် ပျူဗမာစပ်ကို တတိယမြန်မာဟူ၍ သတ်မှတ်ကာ မြန်မာ့သမိုင်းကို
လေ့လာ မည်ဆိုပါက သမိုင်းစဉ် တစ်ခုကို ရှင်းလင်းစွာ သိမြင်ခွင့်ရလာနိုင်ကြမည်ဖြစ်ပါသည်။
ပထမမြန်မာနှင့် ဒုတိယမြန်မာတို့ တွေ့ဆုံပူးပေါင်းကာ မြန်မာဟု
တစ်စိတ်တစ်ဝမ်းတည်း စည်းလုံး ညီညွတ်စွာ ခံယူနေထိုင်ခဲ့ကြသော အစဦးကာလဖြစ်သည်။
ပျူအစဟန်လင်းမှသည် ပျူခေတ်အဆုံး သရေခေတ္တရာနှင့် ပအိုဝ်းအစသထုံကသည်
ယနေ့တိုင် အောင်သမိုင်းစဉ်ရွေ့လျောလာခဲ့သောဖြစ်ရပ်သည် ကြီးကျယ်လှ၏။ ခမ်းနားလှ၏။ သမိုင်းသင်ခန်းစာယူ
မည်ဆိုပါက များစွာသံ ဝေဂယူစရာ၊ သတိပြုစရာအချက်များ ပြည့်လျှမ်းနေပါသည်။ တောင်သူဟု ခေါ်တွင်
ခံလာရခြင်း အကြောင်းရင်းများကို လေ့လာဖော်ထုတ်ရသော် များစွာရရှိလိမ့်မည် အမှန်ဖြစ်ပါသည်။
(၁) ဇမ္ဗူဒီပါလင်္ကျာတောင်ကျွန်း
သြဘာနမိတ်ထွန်းသည့် တောင်ကျွန်းသူ တောင်ကျွန်းသား။
(၂) မွန်ဂိုလွိုက်
(၄)မျိုးတွင် တောင်ပိုင်းမျိုးနွယ်ဖြစ်ခြင်း။
(၃) ဟိမဝန္တာတောင်စဉ်တောင်တန်းနှင့်
တောင်ဘက်ဒေသများတွင် နေထိုင်ကြသူများ။
(၄) တရုတ် အိန္ဒိယပိုးလမ်းကြီး၏
တောဘက်တွင် နေကြသူများ။
(၅) တောင်ဘက်ပင်လယ်သမုဒ္ဒရာဆီသို့
စီးဝင်သောမြစ်ကြီးငါးသွယ်ကို ပိုင်ဆိုင်ကြသူများ။
(၆) မြန်မာနိုင်ငံအတွင်း
ရှေ့ဟောင်း မြို့ပြကြီးများတွင် သထုံသည်တောင်ဘက်အကျဆုံး၌ ရှိနေသဖြင့် ယင်းတွင်နေထိုင်သူတောင်သူ။
(၇) ပုဂံမြို့တောင်ဘက် မင်းကပါအရပ်တွင် စစ်သုံ့ပန်းအဖြစ် နေထိုင်ကြရသူ။
(၈) တောင်ပေါ်တွင် အနေများသော
လူမျိုးများအဖြစ် တောင်ပေါ်သူ၊ တောင်ပေါ်သား။
(၉) နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်၏
အခြေခံလူတန်းစားအများစု တောင်သူလယ်သမား။
(၁၀) သေလွန်သူများကို တောင်ရှိရာအရပ်ဘက်
ဦးခေါင်းထားသမြှုပ်နှံသည့် (သို့မဟုတ်) မြောက် အရပ်သို့ ဦးခေါင်းထားသဂြိုဟ်လေ့ရရှိသော လူမျိုး (မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံယူတော်မူသော အနေအထားနှင့် ညောင်ကန်ဒေသ ကြေးခေတ်အလောင်းများ၏
အနေအထားများမှာ ပအိုဝ်းတို့ ၏ထုံးစံဓလေ့နှင့်
ကိုက်ညီ သည်။)
ထိုအချက်အလက်များကို ထောက်သော် ပျူတောင်သူပအိုဝ်းဟူသည် ပြည်ထောင်စုမြန်မာနိုင်ငံ၌
ထာဝရသားများအဖြစ် ရှေးအတီတေကာလမှသည် မျက်မှောက်ကာလနှင့် နောက်နောင်အနာဂတ်ကာလ များဆီ
ကမ္ဘာဆုံး တိုင်အောင်လောကဓံလှိုင်းများကို ရင်ဆိုင်သွားကြမည်သာဖြစ်ပါသည်။
သုဝဏ္ဏသထုံပအိုဝ်းဒုံဟူသည် ယနေ့မြန်မာသထုံမျှမက ကျယ်ဝန်းခဲ့သည်ကို
ဂုဏ်ယူဖွယ်ရာ အောက်မေ့ဆင် ခြင်နိုင်ရန် ဖော်ထုတ်တင်ပြလိုက်ရပေသည်။
ဒုံဟူသောဝေါဟာရသည် ယနေ့ခေတ် နားလည်သည့်ရွာမည်ကာမတ္တဟု မယူစေလို။
လူ့ပြည်နတ် ရွာဆိုသကဲ့ သို့ ဒုံကိုတိုင်းနိုင်ငံကြီးအဖြစ် သိမြင်နားလည်နိုင်ပါစေ။
0 comments:
Post a Comment