နိုင်ငံတကာအကြမ်းဖက်အဖွဲ့နှင့်ချိတ်ဆက်မှုများ
မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ မြန်မာနိုင်ငံနှင့်အစိုးရအပေါ်တွင်
လက်နက်ကိုင်တော်လှန်မှုနှင့် နိုင်ငံခြားဘာသာရေးအဖွဲ့များ၏
အကူအညီထောက်ပံ့မှုကို ရယူမှုမှာ အရေအတွက်အားဖြင့်နည်းပါးသည်။ သို့ရာတွင်
မြန်မာနိုင်ငံရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
မတူညီသည့်အချက်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့အချို့သည်
ကမ္ဘာလုံးဆိုင်ရာအစ္စလာမ္မစ်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လှုပ်ရှားမှုများ
ရှိခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity
Organization) သည် ဘင်းဂလားဒေ့ရှ် ၊ ပါကစ္စတန်နှင့်
အာဖဂန်နစ္စတန်နိုင်ငံတို့တွင် အခြေစိုက်သော
အစွန်းရောက်မူဆလင်အကြမ်းဖက်အဖွဲ့များနှင့် သိသာစွာဆက်သွယ်မှုများရှိနေသည်ကို
ဆယ်စုနှစ်အနည်းငယ်ကပင် နိုင်ငံတကာမှ သိရှိပြီးဖြစ်သည်။
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် တည်ထောင်စဉ်အချိန်မှရည်ရွယ်ချက်မှာ ကောက်ဘဇား (Cox’s Bazar) နှင့် စစ်တကောင်း (Chittagong) နယ်များအတွင်းရှိ ဒုက္ခသည်ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ၏ အကျိုးအတွက်ဟုဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ နေထိုင်ရာဒေသများကိုစုပေါင်းကာ မူဆလင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ထူထောင်ရေးအဖြစ် ပြောင်းလဲလာသည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရာတွင် လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်ဟုသာ သိရှိရသည်။ သို့ရာတွင် ယင်းတို့အနက်မှ မည်သည့်တပ်ဖွဲ့ခွဲသည် မြန်မာနိုင်ငံတစ်ဖက်ခြမ်းတွင်အခြေစိုက်၍ နိုင်ငံတကာမူဆလင်အကြမ်းဖက်များနှင့် မည်သို့ဆက်သွယ်သည် ဆိုသည်ကိုမူ အသေးစိတ်သိရှိရန် ကြိုးပမ်းဆဲဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏တပ်သားအများစုသည် တရုတ်နိုင်ငံလုပ် အေကေ-၄၇ အော်တိုမက်တစ်ရိုင်ဖယ်များ ၊ အပေါ့စားစက်သေနတ်များ၊ အာပီဂျီ(တူး) ဗုံးဆံလောင်ချာများ၊ မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကို လက်နက်အဖြစ်ကိုင်ဆောင်ကြသည်။

0 comments:
Post a Comment