March 7, 2013

ငါ တို့ နေ့



လူမှာအမျိုး ကြက်မှာအရိုး
ဆိုရိုးစကား အစဉ်မှတ်သားလျှက်
ပအိုဝ်းမှန်ရင် ထာဝစဉ်မြဲ
ရင်ထဲစွဲမှတ် မြတ်မြတ်နိုးနိုး
တန်ဖိုးထားအပ် မမေ့အပ်တဲ့
ဒဲဉ်;သီ;လာ,ဗွေ
တပေါင်းလပြည့် ငါတို့နေ့၊၊။



ငါတို့ပအိုဝ်း ငါတို့မျိုးရဲ့
အမျိုးချစ်စိတ် မြတ်နိုးစိတ်နင့်
ဓလေ့ရိုးရာ သာသနာနဲ့
ထုးံတမ်းအစဉ်အလာ ဘာသာ စာပေ ယဉ်ကျေးမွှေကို
မြန်မာမက ကမ္ဘာကသိအောင်
ထုတ်ဆောင်ပြမယ့်
ဒဲဉ်;သီ;လာ,ဗွေ
တပေါင်းလပြည့် ငါတို့နေ့။။

ခေတ်တစ်ခေတ်ရဲ့ ဆိုးမွှေညှစ်ကြောင့်
အရာရာမှာ သူတကာထက်
နောက်ကျရစ်တဲ့ ငါတို့ရဲ့စာပေ
ဘာသာ စကား အသိဥာဏ်များကို
ပြန်လည်ဆန်းသစ် တိုးတက်မြင့်ကာ
မျိုးချစ်ခွန်အား စိတ်ဓာတ်များဖြင့်
ပဒေသရာဇ် အမှောင်ခေတ်ကို
အမြှစ်မကျန် တွန်လှန်တိုက်ပြီး
အနာဂတ်လူငယ် တို့မျိုးနွယ်ဆီ
အလင်းရောင်သစ် လက်ကမ်းဆင့်တဲ့
ဒဲဉ်;သီ;လာ,ဗွေ
တပေါင်းလပြည့် ငါတို့နေ့၊

သက်ကြီးစကား သက်ငယ်ကြားဖို့
လက်ကမ်းတာဝန် ထမ်းရွက်ပွန်ဖို့
ရိုးရာအဝတ်အစား တန်ဖိုးထားလို့
ထုးံတမ်းအစဉ်လာ ထိန်းသိမ်းပါလို့
တူစုံယှဉ်တွဲ ဝတ်စုံမည်းနှင့်
ပျော်ပျော်ရွင်ရွင် ဆင်နွှဲကြစို့
ဒဲဉ်;သီ;လာ,ဗွေ
တေါင်းလပြည့် ငါတို့နေ့။

ဝဇ္ဇာပိုလီ; နဂါ;သွီ;ထီ,
သွေးချင်းပီပီ ချစ်ရင်းကြည်စွာ
အဖြူ အနီ ညီညီလကိတွဲ
ခိုင်ခိုင်မြဲဖြစ် ရှေ့သို့တက်ချီ
ကမ္ဘာတည်သရွေ့ ဆင်နွှဲစို့ဟေ့
ဒဲဉ်;သီ;လာ,ဗွေ
တပေါင်းလပြည့် ငါတို့နေ့။
ခွန်သာဒိုး(သုဝဏ္ဏခမ်း)

 26-3-2013 တွင်ကျရောက်မည့်(35)ကြိမ်မြောက် ပအိုဝ်း အမျိုးသာနေ့ အားဂုဏ်ပြုလျှက်

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts