March 11, 2013

ပင်ခွန်မှာ ဖွင့်လှစ်မည့် (၂၉)ကြိမ်မြောက် ဗဟို;သွဉ်တန်,(ပအိုဝ်းစာပေဆရာဖြစ်သင်တန်း)


===================================

၁၃၇၅-ခုနှစ်၊ ဗဟိုသွဉ်တန်ပွဲ ဖြစ်မြောက်အောင်မြင်ဖို့အတွက်
တပို့တွဲလဆန်း(၈)ရက်နေ့တုန်းက ပင်ခွန်ကျောင်းမှာ ကြိုတင်လုပ်ငန်းဆောင်တာ လုပ်ရမယ့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ ပင်လောင်း/နောင်တရားမြို့နယ်က တာဝန်ရှိသံဃာ/လူပုဂ္ဂိုလ်တွေ တက်ရောက်ကြပြီး တိုင်ပင်ညိနှိုင်းဆွေးနွေးကြပါတယ်။

ပအိုဝ်းစာပေပြန်ပွားရေး ဗဟိုသံဃာက ဦးစီးဖွင့်လှစ်တဲ့ သည်နှစ် (၂၉)ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်း (ဗဟိုသွဉ်တန်)ကို ၁၃၇၅-ခုနှစ်၊ ကဆုန်လဆန်း(၂)ရက် (၁၁-၅-၂၀၁၃) စနေနေ့မှာ စုကြပြီး (၃)ရက်နေ့မှာ စတင်ပို့ချမယ်လို့ သိရပါတယ်။ ကဆုန်လဆန်း(၁၀)ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းသားဦးရေကို ရပ်ဝေးမြို့နယ်က (၅၀၀)၊ ပင်လောင်း/နောင်တရားမြို့နယ်က (၅၀၀) စုစုပေါင်း ဦးရေ(၁၀၀၀)ကို လက်ခံသင်ကြားစေမှာ ဖြစ်ပါတယ်။

သင်တန်းပို့ချရာဌာနကတော့ ပင်လောင်းမြို့နယ် တောင်ဘက် ဗန်းဖြာကျေးရွာအုပ်စု (၀ါးလီးရွာတောင်ဘက်- နမ်းထာရွာမြောက်ဘက်) ပင်ခွန်စံပြကျေးရွာ ပင်ခွန်ဘုန်းတော်ကြီးကျောင်း ဖြစ်ပါတယ်။ ပင်လောင်းကနေ သွားရင် (၉)မိုင်ခရီး ရှိပါတယ်။
ရွာအလယ် နောက်ဘက် ကားလမ်းဘေးမှာလည်း ပင်ခွန်ဈေးဆိုတာ ရှိပါတယ်။

သင်တန်းတက်ရောက်လိုသူများ ပင်ခွန်ကျေးရွာနဲ့ ပတ်သက်ပြီး ပြောရရင်
ပင်ခွန်ကျောင်းဒကာဟာ အိမ်ခြေ (၁၂၀၀)နီးပါးလောက် ရှိပါတယ်။ အားလုံးက ပအိုဝ်းတိုင်းရင်းသားတွေချည်းပါပဲ။ လူဦးရေ (၅၀၀၀)နီးပါးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ရွာတွေကတော့ ပင်ကာလ၊ မောက်ကြင်ကွုန်၊ ပင်ခွဉ်(ပင်ခွဉ်လ၊ ပင်ခွဉ်ရန်းကင်၊ ပင်ခွဉ်လဲုင်းလောင်း၊ ပင်ခွဉ်ဆေ.ကွုန်၊ ၀ါးရန်(၀ါးရန်ဝင်းတန်)၊ နဂါးပတ်ရွာတွေ ဖြစ်ပါတယ်။
လက်ဖက်၊ ဥယျာဉ်ခြံကို အဓိကထားပြီး စိုက်ပျိုးကြပါတယ်။

ပင်ခွန်စံပြကျေးရွာမှာ ပညာရေးနဲ့ ပတ်သက်ရင် အထက်တန်းကျောင်း(၁)ကျောင်း၊
မူလတန်းက (၄)ကျောင်း (ပင်ကာလ၊ မောက်ကြင်ကွုန်၊ ၀ါးရန်၊ နဂါးပတ်)ရှိတာမို့လို့ အဆင့်အတန်းမနိမ့်ကျပါဘူး။ ဘုန်းကြီးလူထွက်တွေ အင်မတန်များတာမို့လို့ ဘာသာရေးနဲ့ လူနေမှုစနစ် အခြေခံ ကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။ ခုနောက်ပိုင်း ဘွဲ့ရပညာတတ်တွေ တဖြည်းဖြည်း များလာတာကိုလည်း တွေ့ရပါတယ်။

ပင်ခွန်မှာ နာမည်ကြီးတဲ့ ဘုရားစေတီကတော့ ကျောင်းရဲ့အနောက်ဖက်က ဘုရားကြီးစေတီ၊ အဲဒီအနောက်ဘက် ကမ္မဋ္ဌာန်းတာင်ပေါ်မှာ သမိုင်းဝင်မူလ ပင်ခွန်ဘုရားရှိပါတယ်။ အင်မတန် ရှေးကျတယ်လို့ လူကြီးသူမတွေက ပြောကြပါတယ်။ နောက်ပြီး မြောက်ဘက် လမ်းအရှေ့ဘက်မှာ ပင်ကားဘုရား၊ ပင်ကာလနဲ့ မောက်ကြင်ကွုန်အကြား ဆောင်းဒေါဘုရားဆိုတာ ရှိပါသေးတယ်။

ထူးခြားတာကတော့ နာမည်ကြီး နဂါးပတ်ဘုရားကို ဖူးချင် သွားချင်တယ်ဆိုရင် ပင်ခွန်ရွာကနေ အနောက်တောင်ဘက်ကို ကားလမ်း(ကျောက်ခင်း)အတိုင်း သွားရပါတယ်။
ဗဟိုသွဉ်တန် သင်တန်းသား/သူများ ပင်ခွန်ကိုရောက်ရင် မသွားမဖြစ် သွားဖူးရမယ့် ဘုရားတစ်ဆူဆိုရင်လည်း မမှားပါဘူး။
ကားလမ်းဘေးမှာ လုံးနဂါးပတ်ဘုရားသို့ (၆)မိုင် ဆိုပြီး ဆိုင်းဘုတ်ငယ်လေး လမ်းညွန်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ လမ်းညွန်ဆိုင်းဘုတ်မုခ်ဦး အကြီးစား တည်နေတာကို တွေ့ရပါတယ်။ အလှူရှင်က မြိုင်ကြီးငူဆရာတော်လို့ သိရပါတယ်။ ပွဲအမီ ပြီးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

သဘာဝရှုခင်းတွေနဲ့ လည်ပတ်စရာ လေ့လာစရာတွေ များပြားတဲ့ ပင်ခွန်အရပ်ဒေသဟာ လာရောက်ကြမယ့်သူတွေအတွက် အကျိုးရှိမှာကတော့ အသေအချာပါပဲ။ ရေခံမြေခံကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။
နောက်ပြီး ပင်ခွန်ကျေးရွာသူ/သားတွေကလည်း စိတ်သဘောထားကောင်း၊ ဧည့်ဝတ်ကလည်းကျေ၊ ချစ်စရာ မျက်နှာအပြုံးချိုချိုနဲ့ ပအိုဝ်း- ခြဲုင်းအသံလို နှုတ်ခွန်းဆက်တာကို ကျေနပ်နှစ်သက်မိမှာပါ။

ဗဟိုသွဉ်တန် လာတက်ကြပါလို့ ဖိတ်ခေါ်ပါတယ်။
ဒါမှမဟုတ် လမ်းကြုံလို့ရှိရင်လည်း ၀င်လည်နိုင်ပါတယ်။
သာယာလှပတဲ့ သဘာဝ ပင်ခွန်ရှုခင်းတွေကို ခံစားရင်းနဲ့
ရောက်လိုတဲ့နေရာကို အနှံ့လိုက်ပို့ပေးမှာပါ။
လာလည်နော်- -- - -

လွဉ်လယ်သွော့နော ဖူးဝေးတင်လဲုင်သီးဖုံး
အ၀်းရပ်ကျိုးဆွုမ်းဒျား တသေးသေးန၀်သွူ။

ခွန်ခမ်းကူ (၁၀-၃-၂၀၁၃)

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts