March 23, 2013

တောင်ကြီးတွင် ပအိုဝ်းအမျိုးသားနေ့ အထိန်းအမတ်ပွဲတော် အခန်းအနားကျင်းပဖွင့်လစ်

ပအိုဝ်းမျိးသားနေ့ဖြစ်သော တပေါင်းလပြည့်နေ့သည် ခေတ်အဆက်ဆက် ရှိလာခဲ့ရာမှာ ပွဲတော်အထိန်းအမတ်ဖြင့်ကျင်းပရာမှ ၂၀၁၃ ခုနှစ်အပါအ၀င် (၆၄)ကြိမ်မြှောက်ရှိပြီး၊ ယခုနှစ် တွင်လည်းတောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် မတ်လ ၂၂ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။
...
အခမ်းအနားအစီအစဉ်တွင် ပအိုဝ်းအမျိုးသားနေ့အထိန်းအမတ်ပွဲတော်ကို ယခင် ခေတ်အဆက်ဆက် မှာလည်း ကျင်းပလာခဲ့ပြီး လာမည်နောက်နှစ်နောင်နှစ်တွေမှာလည်း ဒီထက်တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရမှာ ထိန်းသိမ်းသွားရမှာဟာ ကျွန်တော်တို့ ပအိုဝ်းတမျိုးသားလုံးရဲ့ တာဝန်တွေဖြစ်တယ်၊ စိတ်ဓါတ်အား၊ လူအင်အား၊ ဥာဏ်အား၊ ငွေအား စသဖြင့် တတ်စွမ်းနိုင်အားဘက်မှ စည်းလုံးမှုတွေမှာ ပါဝင်ကြပါ ဟု ပွဲတော်ဖြစ်မြှောက်ရေးကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကိုက ပြောကြားသည်။

ပွဲတော်ကော်မတီ အတွင်းရေးမှူးဦးခွန်မောင်စိုးက အလုပ်လုပ်တဲ့နေရာမှာ စည်းစည်းလုံးလုံးလုပ်မှ ကောင်းတယ်၊ တစ်ယောက်ကိုတစ်ယောက် ၀ိုင်းဝန်းလုပ်ဆောင်မှ အလုပ်လုပ်ရတာ ပိုထိရောက်တယ်၊ လူတိုင်း စိတ်အားထက်ထက်သန်သန်နဲ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို လာရောက်ပါဝင်ဆင်နွဲနိုင်ပါတယ်၊ ပြောကြားသည်။

ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို မတ်လ ၂၂ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး၊ နေ့အချိန်တွင် ဘောလုံးပြိုင်ပွဲနှင့် အခြားအားကစားများဖြင့်ကျင်းပ၍ ညအစီအစဉ်များတွင် ပအိုဝ်းရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့်ပအိုဝ်းရိုးရာ င၀်းတဲက်၊င၀်းကဲး များပါဝင်သည်။ ယခင်နှစ်များ အဆိုပါပွဲအစီအစဉ်တွင် ပအိုဝ်းတိုင်းရင်းသားသာမက သွေးချင်းညီနောင်တိုင်းရင်းသားများ၏ ရိုးရာယဉ်း ကျေးမှု အဆိုအကဖြင့် ပါဝင်ဆင်နွဲကြသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts