March 15, 2013

နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက် ကျောင်းတိုက်အထိမ်းအမှတ်ပူဇာ ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


၁၃၇၄-ခုနှစ်၊ တပေါင်းလဆန်း(၂)ရက် (၁၃-၃-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့ နံနက်(၈း၀၅)နာရီလောက်မှာ
နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက်
ကျောင်းတိုက်အထိမ်းအမှတ်ပူဇာအနေနဲ့
ဒုတိယအကြိမ် ပရိယတ္တိမူလကစာမေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ နောင်တရားကျောင်းဆရာတော် ဦးဂန္ဓမာ၊ နမ်းပါလင်းကျောင်းဆရာတော် ဦးဝါယာမ၊ လေတဲက်ကျောင်းဆရာတော် ဦးဥာဏိဿရ အရှင်မြတ်တို့က သြ၀ါဒါစရိယအဖြစ် ကြွရောက်သြ၀ါဒပေးပါတယ်။

ပင့်ထားတဲ့ စာထောက်စာမဆရာတော်တွေအပြင် နောင်တရားကျောင်းဒကာများ၊ သံဃာဝေယျာဝစ္စအလှည့်ကျတဲ့ ဥာဏ်ပင်ရွာက ဒကာ/မတွေနဲ့၊ နောင်တရား- ကောင်နာ- နောင်ဘုရားကုန်း- သာယာအုံးရွာက ဓမ္မစကြာအဖွဲ့တွေလည်း လာရောက် ကြည်ညိုပူဇော်ကြပါတယ်။



စာပြန်/စာဖြေကြတဲ့ သံဃာတော်တွေကတော့ နောင်တရားကျောင်းတိုက်ထဲက စာသင်သားတွေ ဖြစ်ပါတယ်။ ဓမ္မာစရိယတန်းကနေ မူလတန်းအထိ စုစုပေါင်း(၉၆)ပါး ၀င်ရောက် ပြန်ဆိုရေးဖြေကြတာကို တွေ့ရပါတယ်။

စာမေးပွဲက တပေါင်းလဆန်း(၂)ရက်ကနေ (၁၁)ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။
နေ့စဉ်အလိုက် နောင်တရားကျောင်းတကာ ဆွမ်းအလှူရှင်များလည်း စေတနာထက်သန်စွာ လှူဒါန်းကြတာကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရပါတယ်။ ဆရာတကာ လက်တွဲညီတယ်လို့ ဆိုရမှာပါ။

ဘုရားရှင်ရဲ့ ပရိယတ္တိသာသနာ ထွန်းလင်းပြန့်ပွား အဓွန့်တည်စေဖို့ ကျင်းပပြုလုပ်တာ ဖြစ်တဲ့အကြောင်း နောင်တရားကျောင်း တိုက်အုပ်ဆရာတော် ဦးတေဇနိယရဲ့ ပြောပြချက်အရ သိရပါတယ်။

သာဓု သာဓု သာဓုပါ ဘုရား။

ခွန်ခမ်းကူ (၁၄-၃-၂၀၁၃)

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts